Min Makha Traditional Clinic

Min Makha Traditional Clinic Traditional Medicine & Herbal therapeutics. Acupuncture & Physical therapeutics.

Abienyinနှလုံးအားတိုး​ဆေး60 capsulesPrice - 6000 MMK
13/08/2020

Abienyin
နှလုံးအားတိုး​ဆေး

60 capsules

Price - 6000 MMK

မင်းမခ အ​ထွေ​ထွေ​ရောဂါကု တိုင်းရင်း​ဆေးခန်းအား မိုင်းခတ်​လမ်း၊ ကန်​နားလုံအနီး၊ ကန်​နားရပ်​၊ ရပ်​ကွက်​ ( ၅ ) ၊ ကျို...
16/06/2020

မင်းမခ အ​ထွေ​ထွေ​ရောဂါကု တိုင်းရင်း​ဆေးခန်းအား မိုင်းခတ်​လမ်း၊ ကန်​နားလုံအနီး၊
ကန်​နားရပ်​၊ ရပ်​ကွက်​ ( ၅ ) ၊ ကျိုင်းတုံမြို့ တွင်
ပြောင်း​ရွှေ့ဖွင့်​လှစ်​ထားပါသည်​။

• • • ကျောရိုးဆစ်​ကုထုံး • • •        လူ့ခန္ဓာကိုယ်​၏ အဓိက အစိတ်​အပိုင်းတစ်​ခုဖြစ်​​သော ​ကျောရိုးတန်းမကြီးသည်​ ခန္ဓာ၏တည်...
31/05/2020

• • • ကျောရိုးဆစ်​ကုထုံး • • •

လူ့ခန္ဓာကိုယ်​၏ အဓိက အစိတ်​အပိုင်းတစ်​ခုဖြစ်​​သော ​ကျောရိုးတန်းမကြီးသည်​ ခန္ဓာ၏တည်​တံ့​မှုရှိစေရန်​ အမာခံဖြစ်​သကဲ့သို့ အ​ရေးကြီး​သော အာရုံ​ကြောမကြီး အား ပြင်​ပထိခိုက်​မှုများ မရှိ​စေရန်​ ကာကွယ်​​ပေးထားသည်။ ​ကျောရိုးတန်းမကြီးနှင့်​ အာရုံ​ကြောမကြီးအား အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ထိခိုက်​လာပါက ​ရောဂါအမျိုးမျိုး ဖြစ်​လာနိုင်​ပါသည်​။
ထိုသို့ မဖြစ်​လာ​စေရန်​ ​ကျောရိုးဆစ်​ကုထုံးဖြစ်​သည့်​ ​ကျောရိုးဆစ်​ ပိုမိုသန်​မာလာရန်​၊ ​ကျောရိုးဆစ်​ ပြန်​လည်​သန်​မာလာရန်​ အပ်​စိုက်​ကုထုံးနှင့်​ ​ရောင်​ခြည်​ကုထုံးတို့ဖြင့်​ ကာကွယ်​ကုသ​ပေးနိုင်​ပါသည်​။
ကျောရိုးတန်းတစ်​​လျှောက်​ အ​နေအထားမှန်​ကန်​ သန်​မာ​နေပါက • • • • •
• အရိုးပါး အရိုးပွ​ရောဂါ
• ​ လေငန်း​ရောဂါ
• အာရုံ​ကြောအားနည်း​ရောဂါ
• ထုံကျဉ်​​ရောဂါ
• အဆစ်​​ရောင်​​ရောဂါ
• နာတာရှည်​​ရောဂါများ
• နှလုံး​သွေး​ကြောကျဉ်း​ရောဂါ
• ​ သွေးတိုး​ရောဂါ
 • သွေးချို၊ ဆီးချို​ရောဂါ စသည့်
ရောဂါအမျိုးမျိုးမှ လက္ခဏာများအား သက်​သာ​စေပြီး ခန္ဓာကိုယ်​၏ လည်​ပတ်​မှုစနစ်​အား မှန်​ကန်​​စေ၍ ကျန်းမာ​စေပါသည်​။

မင်းမခ
အ​ထွေ​ထွေ​ရောဂါကု တိုင်းရင်း​ဆေးခန်း
ဖုန်း ၀၉ ၇၉၈၇၄၅၂၂၈

ဆေးခန်းဖွင့်​ချိန်​ - ည​နေ ၄း ၃၀နာရီမှ
ည​နေ ၈း ၀၀နာရီအထိ။

နေရာ - မိုင်းခတ်​လမ်း၊ ကန်​နားလုံအနီး၊
ကျိုင်းတုံမြို့။

Do & Don't! for prevention of COVID-19  with Kamma! Citta! Utu! Ahara in Desana concepts. Kamma means actions like as li...
22/04/2020

Do & Don't!
for prevention of COVID-19
with Kamma! Citta! Utu! Ahara in Desana concepts.

Kamma means actions like as life styles! behaviours! habits ! accidents.

Citta is mental & spirutual factors.

Utu is Tejo Dhatu ( thermal / heat & cold) involve seasonal factors & body's thermal regulating factors.

Ahara is diet ( foods & drinks )

Ref; University of Traditional Medicine

18/03/2020

To register the patients & to distribute herbal drugs.

ဆေးရနံ့ဆီ        • ရောဂါ​ကြောင့်​​ခေါင်းမူး/​ခေါင်းကိုက်​လို့ဖြစ်​ဖြစ်​၊        • ပတ်​ဝန်းကျင်​ ရာသီဥတု ​အေးလွန်းခြင...
26/01/2020

ဆေးရနံ့ဆီ
• ရောဂါ​ကြောင့်​​ခေါင်းမူး/​ခေါင်းကိုက်​လို့ဖြစ်​ဖြစ်​၊

• ပတ်​ဝန်းကျင်​ ရာသီဥတု ​အေးလွန်းခြင်း/
ပူလွန်းခြင်း​ကြောင့်​ အပူချိန်​ မမျှတလို့ နှာ​စေး /
နှာပိတ်​ရင်​ ဖြစ်​ဖြစ်​၊

• ကားမူးလို့ပဲ ဖြစ်​ဖြစ်​၊

• အစားမှား ပျို့အန်​ပြီး မူး​ဝေ​နေရင်​ ဖြစ်​ဖြစ်​၊

အသုံးပြုနိုင်​မယ့်​ ​အမြဲဆောင်​ထားသင့်​​သော ​ဆေးတစ်​မျိုး။


ဆေးရနံ့ဆီ အကျိုးအားဖြင့်

• မူး​ဝေခြင်း

• ခေါင်းအုံ/​ခေါင်းကိုက်​ခြင်း

• ပန်းနာရင်​ကြပ်

• ​လေရှူပြွန်​​ရောင်​ရမ်းခြင်း

• နှာရည်​ယို/နှာပိတ်​ခြင်း

• နှာ​ချေခြင်းတို့အား သက်​သာ​စေပြီး စိတ်​ကြည်​လင်​လန်းဆန်း​စေပါသည်​။


Herbal Oil

Indications:
• Dizziness
• Headache
• Asthma
• Bronchitis
• Sinusitis
• Snezzing
• Anxiety


ပင်​ရင်း - မင်းမခ အ​ထွေ​ထွေ​ရောဂါကု တိုင်းရင်း​ဆေးခန်း

အာရုံ​ကြောအား​ဆေး ( သမားကိုင်​​ဆေး )           တိုင်းရင်း​ဆေးရုံ/​ဆေးခန်းတို့တွင်​ လက်​​တွေ့အသုံးပြု​နေ​သော ​ဆေးပုလဲက...
04/01/2020

အာရုံ​ကြောအား​ဆေး ( သမားကိုင်​​ဆေး )

တိုင်းရင်း​ဆေးရုံ/​ဆေးခန်းတို့တွင်​ လက်​​တွေ့အသုံးပြု​နေ​သော ​ဆေးပုလဲကလာပ်​​ဆေးနှင့်​ ပြည်​လုံးချမ်းသာ​ဆေးတို့အား အချိုးကျ​ပေါင်းစပ်​ပြီး မြင်းခွာရွက်​အဆီအနှစ်​ဖြင့်​ ​ပြုပြင်​ဖော်​စပ်​ထားပါသည်​။


ပါဝင်​​သော ​ဆေးပစ္စည်းများ
ဆေးအမှတ်​ ၂၃ ၊ ​ဆေးအမှတ်​ ၂၇ နှင့်​ မြင်းခွာရွက်​အဆီအနှစ်​။

သောက်​သုံး​ပေးနိုင်​​သော ​ရောဂါ/လက္ခဏာများ
- စိတ်​ဖိစီးမှုများခြင်း
- စိတ်​ကျခြင်း
- ကိုယ်​လက်​ ထုံကျဉ်​ခြင်း
- မျက်​စိ​ဝေဝါးခြင်း
- ကြွက်​သားတုန်​လှုပ်​ခြင်း
- သတိလစ်​​မေ့​မြောတတ်​ခြင်း

သုံးစွဲရန်​ ​ဆေးပမာဏ
လူကြီး - တစ်​​နေ့ ၂ကြိမ်​၊ တစ်​ကြိမ်​လျှင်​ ​ဆေး ၂​တောင့်

က​လေး- တစ်​​နေ့ ၂ကြိမ်​၊ တစ်​ကြိမ်​လျှင်​ ​ဆေး ၁​တောင့်
နေ့စဉ်​ အစာမစားမီ ​သောက်​နိုင်​ပါသည်​။

ဘေးထွက်​ဆိုးကျိုးများ
နေ့စဉ်​ စိတ်​ချစွာ ​သောက်​နိုင်​ပါသည်​။


Each capsule contains:
Modify TMF 23 & TMF 27 with extract of Centella asiatica.

Indications:
• Stress
• Depression
• Numbness
• Blurry vision
• Tremors
• Seizures

Dosage:
Adults - two capsule twice daily
Children- one capsule twice daily before meal.

Contraindications:
( - )

Adawvata      အစာအိမ်​​ဆေး ​ဆေးလုံးတွင်​ပါဝင်​​သော ​ဆေးပစ္စည်းများ         •  နွယ်​ချို         •  ပျားရည်​         •ြ...
23/10/2019

Adawvata
အစာအိမ်​​ဆေး

ဆေးလုံးတွင်​ပါဝင်​​သော ​ဆေးပစ္စည်းများ
• နွယ်​ချို
• ပျားရည်
• ကြက်​သွန်​ဖြူ
• ဆားပုတ်
• သိ​န္ဓော
• စရို
• ကြစု

သုံးစွဲနိုင်​​သော​ ​ရောဂါ/ လက္ခဏာများ
• အစာအိမ်​ အချဉ်​​ပေါက်​ခြင်း
• အစာအိမ်​​ရောင်​ရမ်းခြင်း
• ပျို့အန်​ခြင်း
• ကြို့ထိုးခြင်း
• ဝမ်းဗိုက်​တင်းနာခြင်း
• ရင်​ပူခြင်း
• ဝမ်းပျက်​ဝမ်း​လျှောခြင်းတို့တွင်
သောက်​နိုင်​ပါသည်​။

သုံးစွဲရန်​​ဆေးပမာဏ
• အသက်​ ၅နှစ်​မှ ၁၂နှစ်​ - တစ်​ခါ​သောက်​ ​ဆေးနှစ်​လုံး၊ တစ်​​နေ့လျှင်​ နှစ်​ကြိမ်​။
• အသက်​ ၁၃နှစ်​နှင့်​ အထက်​ - တစ်​ခါ​သောက်​ ​ဆေးသုံးလုံး၊ တစ်​​နေ့လျှင်​ သုံးကြိမ်​။

အသုံးမပြုသင့်​​သော အ​ခြေအ​နေများ
 • သွေးတိုး​ရောဂါ ရှိသူများ

သတိပြုရန်
• သမားကိုင်​​ဆေး ဖြစ်​သည့်​အတွက်​ လူနာ၏​ဘေးကင်းစိတ်​ချရမှုနှင့်​ ​ရောဂါ/လက္ခဏာအ​လျောက်
သင့်​တင့်​​ကောင်းမွန်​​သော ​ဆေးဝါးကုသမှုဖြစ်​​စေရန်​ သက်​ဆိုင်​ရာ တိုင်းရင်း​ဆေးဆရာဝန်​/သမား​တော်​ ( တိုင်းရင်း​ဆေးပညာရှင်​ ) တို့၏ ညွှန်​ကြားမှုကို ရယူပါ။

Curcumo               အ​ရောင်​ကျ​ဆေး  •ဆေး​တောင့်​ တစ်​​တောင့်​တွင်​ပါဝင်​​သော ​ဆေးပစ္စည်းများ            - နနွင်းအနှစ်...
21/10/2019

Curcumo
အ​ရောင်​ကျ​ဆေး

•ဆေး​တောင့်​ တစ်​​တောင့်​တွင်​ပါဝင်​​သော ​ဆေးပစ္စည်းများ

- နနွင်းအနှစ်
- ငရုတ်​​ကောင်းအနှစ်
- ချင်း​ခြောက်​အမှုန့်​ တို့ပါဝင်​ပါသည်​။

• ရရှိနိုင်​​သော အကျိုး​ကျေးဇူးများ

အရိုးအဆစ်​နှင့်​ ကြွက်​သား ​ရောင်​ရမ်းခြင်း
သွေးတွင်း အဆီများခြင်း
သွေးတွင်း သကြားဓာတ်​ လွန်​ကဲခြင်း
သွေးတိုးခြင်း တို့အား သက်​သာ​စေသဖြင့်​ ​သောက်​သုံးနိုင်​ပါသည်​။

• သုံးစွဲရန်​ ​ဆေးပမာဏ
အသက်​ ၅နှစ်​မှ ၁၄နှစ်​အထိ - တစ်​ခါ​သောက်​ ​ဆေးတစ်​​တောင့်​၊ တစ်​​နေ့လျှင်​ နှစ်​ကြိမ်

အသက်​ ၁၄နှစ်​နှင့်​ အထက်​ - တစ်​ခါ​သောက်​ ​ဆေးနှစ်​​တောင့်​၊ တစ်​​နေ့လျှင်​ နှစ်​ကြိမ်​ အစာစားပြီး​သောက်​နိုင်​ပါသည်​။

• အသုံးမပြုသင့်​​သော အ​ခြေအ​နေများ
သွေးကျဲ​စေ​သော အာနိသင်​ရှိခြင်း၊ ခန္ဓာကိုယ်​တွင်း အဆီနှင့်​ သကြားဓာတ်​ကို ​ချေဖျက်​​လောင်​ကျွမ်းမှု မြင့်​တက်​​စေ​သော အာနိသင်​ရှိခြင်း​တို့​ကြောင့်​ ​သွေးအားနည်းသူများ၊ ​သွေးယိုစိမ့်​တတ်​​သော လူနာများ၊ ​သွေးတွင်း သကြားဓာတ်​နည်းသူများ ​သောက်​သုံးရန်​ မသင့်​ပါ။

• ထားသိုရန်
အေး၍ ​ခြောက်​​သွေ့​သော ​နေရာတွင်​ ဘူးအဖုံးအား လုံစွာပိတ်​ထားပါ။

• သတိပြုရန်
သမားကိုင်​​ဆေး ဖြစ်​သည့်​အတွက်​ လူနာ​ဘေးကင်း၍ ​ရောဂါအတွက်​ မှန်​ကန်​​သောကုထုံး ရရှိ​စေရန်
သက်​ဆိုင်​ရာ တိုင်းရင်း​ဆေးဆရာဝန်​/ သမား​တော်​တို့၏ ညွှန်​ကြားမှုဖြင့်​သာ လိုက်​နာ​သောက်​သုံးရန်​။

ပင်​ရင်း - မင်းမခ အ​ထွေ​ထွေ​ရောဂါကု တိုင်းရင်း​ဆေးခန်း၊
အမှတ်​ (၁၈)၊ စွမ်​ဆပ်​ရပ်​၊ ရပ်​ကွက်​(၅)၊
ကျိုင်းတုံမြို့၊ ရှမ်းပြည်​နယ်​ အ​ရှေ့ပိုင်း။

ရောင်​ခြည်​ကုထုံး    ​ရောင်​ခြည်​ကုထုံးသည်​ လတ်​တ​လောနာကျင်​မှုနှင့်​ နာတာရှည်​နာကျင်​မှုတို့တွင်​ အသုံးပြု​သော နာကျင်​မှုသ...
02/10/2019

ရောင်​ခြည်​ကုထုံး

ရောင်​ခြည်​ကုထုံးသည်​ လတ်​တ​လောနာကျင်​မှုနှင့်​ နာတာရှည်​နာကျင်​မှုတို့တွင်​ အသုံးပြု​သော နာကျင်​မှုသက်​သာ​စေသည့်​ အပူ​ပေးကုသမှုတစ်​ခုဖြစ်​သည်​။ ​ရောင်​ခြည်​ကုထုံးတွင်​ အနီ​အောက်​​ရောင်​ခြည်​ကို အသုံးပြုသည်​။ အနီ​အောက်​​ရောင်​ခြည်​သည်​ လူ့ခန္ဓာအ​ရေပြား​အောက်​ ကြွက်​သား၊ ​သွေး​ကြော၊ အာရုံ​ကြောနှင့်​တကွ အရိုးထိ​အောင်​ အလင်းအား​ဖောက်​ထွင်းနိုင်​ပြီး လူ့ခန္ဓာအင်္ဂါအစိတ်​အပိုင်းများအား ဇီဝကမ္မ​ကောင်းမွန်​​စေခြင်း၊ ခန္ဓာကိုယ်​အပူချိန်​ သင့်​တင့်​စွာ ရှိ​စေခြင်းနှင့်​တကွ ​သွေးလှည့်​ပတ်​မှုအား ​ကောင်းမွန်​မျှတ​စေသည်​။ အနီ​အောက်​​ရောင်​ခြည်​အား သဘာဝအားဖြင့်​ ​နေမှ တိုက်​ရိုက်​ရရှိ​နေကြပြီး နံနက်​အ​စောပိုင်းကာလတွင်​ အ​ကောင်းဆုံး ရရှိနိုင်​​သည်​။ 

ရောင်​ခြည်​ကုထုံးအား
၁။ ဒူးနာ၊ ခါးနာ၊ ဇက်​​ကြောတင်းနာခြင်း
၂။ အရိုး အဆစ်​ ကြွက်​သား ​ရောင်​ရမ်းခြင်း
၃။ အာရုံ​ကြော​ ညပ်​ခြင်း၊ ထုံကျဉ်​ခြင်း
၎။ ကိုယ်​လက်​​လေးလံထိုင်းမှိုင်းခြင်း၊
၅။ ​သွေး​ကြောကျဉ်းခြင်း၊ ​သွေး​ခဲပိတ်​ဆို့​၍ ကိုက်​ခဲခြင်း
စသည့်​ ​ရောဂါလက္ခဏာများတွင်​ သက်​သာ​ပျောက်​ကင်း​စေရန်​ အသုံးပြုနိုင်​သည်​။

မင်းမခ
အ​ထွေ​ထွေ​ရောဂါကု တိုင်းရင်း​ဆေးခန်း
အမှတ်​ ( ၁၈ )၊ စွမ်​ဆပ်​ရပ်​၊ ရပ်​ကွက်​ ၅
ကြေးနန်းရုံးအ​ရှေ့၊ ကျိုင်းတုံမြို့ ။

အပ်​စိုက်​ကုထုံး         ခန္ဓာကိုယ်​တွင်​ အပ်​​ချောင်း​လေးများ ထိုးသွင်း စိုက်​ထားခြင်းဖြင့်​ ကုသ​သောနည်းလမ်းဖြစ်​သည...
21/07/2019

အပ်​စိုက်​ကုထုံး

ခန္ဓာကိုယ်​တွင်​ အပ်​​ချောင်း​လေးများ ထိုးသွင်း စိုက်​ထားခြင်းဖြင့်​ ကုသ​သောနည်းလမ်းဖြစ်​သည်​။
တိုင်းရင်း​ဆေးပညာရပ်​တွင်​ ကုထုံးတစ်​ရပ်​အဖြစ်​ လက်​ခံသုံးစွဲလာခဲ့သည်​မှာ ရာစုနှစ်​ချီပြီဖြစ်​သည်​။ ခန္ဓာကိုယ်​၏အသီးသီး​သောအစိတ်​အပိုင်းများမှ အမှတ်​​နေရာများအား သင့်​​လျော်​မှန်​ကန်​စွာ စိုက်​သွင်း လှုံ့​ဆော်​​ပေးခြင်းအားဖြင့်​ သက်​ဆိုင်​ရာ​ရောဂါများ/လက္ခဏာများ
သက်​သာ​ကောင်းမွန်​လာ​စေ​သော ကုထုံးဖြစ်​သည်​။
အပ်​စိုက်​ကုထုံးအား ​နိုင်​ငံအသီးသီးတွင်​ ​ရှေးသမား​တော်​ကြီးများက လက်​ခံအသုံးပြုကြရင်း ​ခေတ်​နဲ့​လျော်​ညီစွာ
လူသိများတွင်​ကျယ်​လာသည်​နှင့်​အမျှ ​ခေတ်​သစ်​တိုင်းရင်း​ဆေးဆရာဝန်​များမှ စနစ်​တကျ​လေ့လာသင်​ယူကြရင်း
သု​တေသနပြုချက်​အ​မြောက်​အများဖြင့်​ အာနိသင်​အမျိုးမျိုးအား ဆန်းစစ်​သုံးသပ်​ကြလျက်​ ဆက်​လက်​အသုံးပြု​နေကြဆဲဖြစ်​သည်​။

လေ့လာ​တွေ့ရှိချက်​များအရ အပ်​စိုက်​ကုထုံးသည်

- ခန္ဓာကိုယ်​၏ နာကျင်​ကိုက်​ခဲခြင်း လက္ခဏာကို သက်​သာ​စေ​သော အာနိသင်​ရှိခြင်း

- ဦး​နှောက်​နှင့်​အာရုံ​ကြောစနစ်​အား လှုံ့​ဆော်​​ပေးနိုင်​စွမ်းရှိသဖြင့်​ ​သွေး​ကြော၊အာရုံ​ကြော တက်​ကြွ​ကောင်းမွန်​​စေ​သော အာနိသင်​ရှိခြင်း

- ခန္ဓာကိုယ်​တွင်း ဇီဝကမ္မဖြစ်​စဉ်​များအားအ​ပေါ် သက်​​ရောက်​နိုင်​စွမ်းရှိသဖြင့်​ ​ခန္ဓာကိုယ်​မှ ​ဟော်​မုန်းပမာဏမှန်​ကန်​စွာ ထွက်​ရှိ​စေရန်​ အ​ထောက်​အပံ့ဖြစ်​​သော အာနိသင်​ရှိခြင်း

- ခန္ဓာကိုယ်​၏ စွမ်းအင်​လည်​ပတ်​အသုံးချမှု သင့်​တင့်​မှန်​ကန်​​စေ​သော အာနိသင်​ရှိခြင်း။

ဤသို့​သော ​လေ့လာ​တွေ့ရှိချက်​များအ​ပေါ် အ​ခြေခံ၍ အပ်​စိုက်​ကုထုံးဖြင့်​ သက်​သာ​စေနိုင်​​သော ​ရောဂါနှင့်​ လက္ခဏာများမှာ....

- ကြွက်​သားနာကျင်​ကိုက်​ခဲခြင်း

- အရိုးအဆစ်​အဆက်​များ ထိခိုက်​​ရောင်​ရမ်းနာကျင်​ခြင်း ( ခါးနာခြင်း၊ ဒူးနာခြင်း၊ လည်​ဆစ်​တင်း​ရောင်​နာခြင်း စသည်​...... )

- အာရုံ​ကြောညပ်​၍ဖြစ်​​သော ထုံကျင်​ခြင်း

- ​သွေး​ကြောကျဉ်း၊ ​သွေး​ကြောပိတ်​၍ဖြစ်​​သော ထုံကျဉ်​ခြင်း

- ကိုယ်​လက်​အင်္ဂါများ​လေးလံခြင်း၊ ​ကောင်းစွာ မလှုပ်​ရှားနိုင်​ခြင်း

- စိတ်​ဖိစီးမှုများ၍ အိပ်​မ​ပျော်​ခြင်း၊ ရင်​တုန်​ခြင်း

မင်းမခ
အ​ထွေ​ထွေ​ရောဂါကု တိုင်းရင်း​ဆေးခန်း
အမှတ်​(၁၈)၊ စွမ်​ဆပ်​ရပ်​၊ရပ်​ကွက်​(၅)
ကျိုင်းတုံမြို့၊ ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း

Address

Kengtung
1221

Opening Hours

Monday 16:30 - 19:30
Tuesday 16:30 - 19:30
Wednesday 16:30 - 19:30
Thursday 16:30 - 19:30
Friday 16:30 - 19:30
Saturday 16:30 - 19:30
Sunday 16:30 - 19:30

Telephone

09798745228

Website

Alerts

Be the first to know and let us send you an email when Min Makha Traditional Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Min Makha Traditional Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram