Nway Htway Clinic

Nway Htway Clinic အထူးကုဆေးခန်း၊ ရောဂါရှာဖွေရေး အဆင့်မြင့်ဓာတ်ခွဲခန်း၊ ဒစ်ဂျစ်တယ်ဓာတ်မှန်

ကွမ်းခြံကုန်းမြို့ နွေးထွေး အထူးကုဆေးခန်းမှာ ကိုရီးယားနိုင်ငံထုတ် Digital X-ray စက်သစ်ကြီးဖြင့် ဓာတ်မှန်များရိုက်ကူးနိုင...
03/12/2025

ကွမ်းခြံကုန်းမြို့ နွေးထွေး အထူးကုဆေးခန်းမှာ ကိုရီးယားနိုင်ငံထုတ် Digital X-ray စက်သစ်ကြီးဖြင့် ဓာတ်မှန်များရိုက်ကူးနိုင်ပါတယ်ခင်ဗျာ။

အရည်အသွေးမြင့်မားပြီး ကြည်လင်ပြတ်သားတဲ့ ဓာတ်မှန်တွေဟာ ရောဂါရှာဖွေရေးမှာ အရေးကြီးလှပါတယ်။ နွေးထွေးမှာ အရည်အသွေးအကောင်းဆုံးဓာတ်မှန်တွေကို နေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၅ နာရီ အတွင်း ရိုက်နိုင်ပြီး ဓာတ်မှန်အဖြေများကို အမြန်ဆုံး ထုတ်ပေးနေပါတယ်ခင်ဗျာ။

ဆိုလာဓာတ်အားပေးစနစ်ကို အသုံးပြုထားတာမို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာမလိုဘဲ ချက်ချင်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

နွေးထွေး အထူးကုဆေးခန်း၊ ဓာတ်မှန်၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း

မြို့လယ်မီးပွိုင့် ဗိုလ်ချုပ်လမ်း ပန်းခြံအနီး
ကွမ်းခြံကုန်းမြို့

09761230500

နွေးထွေးရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ သွေးစစ်ခြင်းအမျိုးမျိုး၊ ဆီးစစ်ခြင်း၊ ဝမ်းစစ်ခြင်း အပါအဝင် ဆရာဝန်ကြီးမှာ ညွှန်ကြား...
30/11/2025

နွေးထွေးရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ သွေးစစ်ခြင်းအမျိုးမျိုး၊ ဆီးစစ်ခြင်း၊ ဝမ်းစစ်ခြင်း အပါအဝင် ဆရာဝန်ကြီးမှာ ညွှန်ကြားသော ရောဂါရှာဖွေစစ်ဆေးခြင်းများကို မှန်ကန်လျင်မြန်စွာဖြင့် ဆောင်ရွက်ပေးနေပါပြီ။

09443915293

နွေးထွေးအထူးကုဆေးခန်းမှာ အောက်ပါနေရာများအတွက် ဝန်ထမ်းများ ထပ်မံခန့်ထားမှာ ဖြစ်ပါတယ်။(၁) ဆေးခန်းအကူ - ၂ ဦး (မ)(၂) ဆေးကောင...
26/11/2025

နွေးထွေးအထူးကုဆေးခန်းမှာ အောက်ပါနေရာများအတွက် ဝန်ထမ်းများ ထပ်မံခန့်ထားမှာ ဖြစ်ပါတယ်။

(၁) ဆေးခန်းအကူ - ၂ ဦး (မ)
(၂) ဆေးကောင်တာအကူ - ၁ ဦး (မ)

အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားလိုသူများသည် CV Form ကို ပြည့်စုံစွာ ဖြည့်စွက်ပြီး ထွန်းဝေဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း၊ မကျီးတန်း သို့ လာရောက်လျှောက်ထားနိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်းအကြောင်း သိကောင်းစရာဆံပင်ကျွတ်ခြင်းဆိုတာ အမျိုးသား၊ အမျိုးသမီးမရွေး ကြုံတွေ့ရနိုင်တဲ့ အဖြစ်များတဲ့ ပြဿနာတ...
06/11/2025

ဆံပင်ကျွတ်ခြင်းအကြောင်း သိကောင်းစရာ

ဆံပင်ကျွတ်ခြင်းဆိုတာ အမျိုးသား၊ အမျိုးသမီးမရွေး ကြုံတွေ့ရနိုင်တဲ့ အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ပုံမှန်ဆံပင်ကျွတ်နှုန်းဟာ တစ်နေ့ကို ဆံပင်အချောင်း ၅၀ ကနေ ၁၀၀ ကြားရှိနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန်ထက်ပိုပြီး အများအပြား ကျွတ်လာတာ၊ ဆံပင်ပါးလာတာ စတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ဂရုစိုက်သင့်ပါပြီ။

#ဘာကြောင့်ဆံပင်ကျွတ်တာလဲ?

ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။

၁။ မျိုးရိုးလိုက်ခြင်း (Genetics)

မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်တာဟာ အဖြစ်အများဆုံးအမျိုးအစား ဖြစ်ပါတယ်။ အမျိုးသားတွေမှာဆိုရင် နဖူးထိပ်နဲ့ ဆံပင်အရှေ့ပိုင်းတွေကနေ စပြီး ပါးလာတတ်ပြီး၊ အမျိုးသမီးတွေမှာတော့ ဆံပင်အလယ်ခေါင်းကနေ ပါးလာတတ်ပါတယ်။

၂။ ဟော်မုန်းအပြောင်းအလဲများ (Hormonal Changes)

ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားပြီးချိန်၊ သိုင်းရွိုက်ဟော်မုန်း မညီမျှတာနဲ့ သွေးဆုံးချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။

၃။ ဆေးဝါးနှင့် ကျန်းမာရေးအခြေအနေများ (Medication and Medical Conditions)

ကင်ဆာဆေးသွင်းကုသမှု (Chemotherapy)၊ သွေးတိုးကျဆေး၊ စိတ်ကျရောဂါပျောက်ဆေးနဲ့ အဆစ်ရောင်ရောဂါပျောက်ဆေးတွေလိုမျိုး ဆေးဝါးအချို့ကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ရောဂါ၊ သံဓာတ်ချို့တဲ့ခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းတို့ကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။

၄။ စိတ်ဖိစီးမှု (Stress)

ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ (ဥပမာ- ရုတ်တရက်ဖျားနာခြင်း၊ ခွဲစိတ်မှုခံယူရခြင်း၊ စိတ်ဒဏ်ရာရခြင်း) ဟာ ခန္ဓာကိုယ်ရဲ့ ဆံပင်ဖြစ်စဉ်ကို ထိခိုက်စေပြီး ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် ဆံပင်ကျွတ်တာကို ဖြစ်စေပါတယ်။

၅။ ဆံပင်ထိန်းသိမ်းမှု ပုံစံများ (Hair Care Practices)

ဆံပင်ကို တင်းတင်းစည်းနှောင်တာ၊ အပူပေးကိရိယာတွေ မကြာခဏ အသုံးပြုတာ၊ ဓာတုပစ္စည်းပါဝင်တဲ့ ဆံပင်ဆေးဆိုးတာတွေဟာ ဆံပင်အမြစ်ကို အားနည်းစေပြီး ကျိုးပြတ်လွယ်စေပါတယ်။

#ဆံပင်ကျွတ်ခြင်းကိုဘယ်လိုကာကွယ်မလဲ?

* မျှတတဲ့ အစားအသောက်စားပါ။ ပရိုတင်း၊ သံဓာတ်၊ ဗီတာမင်နဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ- အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်အရွက်၊ သစ်သီးဝလံ) ကို ပုံမှန်စားသုံးပေးပါ။

* စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့က စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

* ဆံပင်ကို ညင်သာစွာ ထိန်းသိမ်းပါ။ ဆံပင်စိုနေချိန်မှာ ဘီးပြင်းပြင်းနဲ့ မဖြီးပါနဲ့။ ဓာတုပစ္စည်းပါဝင်တဲ့ ဆံပင်လိမ်းဆေးနဲ့ အပူပေးကိရိယာတွေ အသုံးပြုတာကို လျှော့ချပါ။

ဆံပင်ကျွတ်တာဟာ ယာယီဖြစ်တတ်သလို ရေရှည်လည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အကြောင်းရင်းကို သိရှိဖို့နဲ့ မှန်ကန်တဲ့ ကုသမှုခံယူနိုင်ဖို့အတွက် ဆရာဝန် (အရေပြားအထူးကုဆရာဝန်) နဲ့ သွားရောက်ဆွေးနွေးတိုင်ပင်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

နွေးထွေးအထူးကုဆေးခန်း

ဗိုလ်ချုပ်လမ်း ကွမ်းခြံကုန်းမြို့

09761230500

နွေးထွေးအထူးကုဆေးခန်းမှာ အပတ်စဉ် စနေနေ့တိုင်း နှလုံးအထူးကု ဆရာဝန်ကြီး နှင့် မနက် ၉ နာရီ မှ နေ့လယ် ၁၂ နာရီအထိ လာရောက်ပြသန...
03/10/2025

နွေးထွေးအထူးကုဆေးခန်းမှာ အပတ်စဉ် စနေနေ့တိုင်း နှလုံးအထူးကု ဆရာဝန်ကြီး နှင့် မနက် ၉ နာရီ မှ နေ့လယ် ၁၂ နာရီအထိ လာရောက်ပြသနိုင်ပါတယ်ခင်ဗျာ

နွေးထွေးအထူးကုဆေးခန်းမှာ နှစ်ပတ် တစ်ကြိမ် ဗုဒ္ဓဟူးနေ့တိုင်း အရေပြားအထူးကု ဆရာဝန်ကြီး နှင့် မနက် ၉ နာရီ မှ နေ့လယ် ၁၂ နာရီ...
11/09/2025

နွေးထွေးအထူးကုဆေးခန်းမှာ နှစ်ပတ် တစ်ကြိမ် ဗုဒ္ဓဟူးနေ့တိုင်း အရေပြားအထူးကု ဆရာဝန်ကြီး နှင့် မနက် ၉ နာရီ မှ နေ့လယ် ၁၂ နာရီအထိ လာရောက်ပြသနိုင်ပါတယ်ခင်ဗျာ

နွေးထွေးဆေးကုခန်း တွင် နံနက် ၈ နာရီိ မှ နေ့လယ် ၁၂ နာရီ၊ နေ့လယ် ၃ နာရီ မှ ညနေ ၅ နာရီ အထိ ဒေါက်တာကေခိုင်စိုး နှင့် ဆွေးနွေ...
26/07/2025

နွေးထွေးဆေးကုခန်း တွင် နံနက် ၈ နာရီိ မှ နေ့လယ် ၁၂ နာရီ၊ နေ့လယ် ၃ နာရီ မှ ညနေ ၅ နာရီ အထိ ဒေါက်တာကေခိုင်စိုး နှင့် ဆွေးနွေးကုသမှုခံယူနိုင်ပါသည်။

နွေးထွေးအထူးကုဆေးခန်းတွင် အပတ်စဉ် စနေနေ့တိုင်း နံနက် ၉ နာရီ မှ နေ့လယ် ၁၂ နာရီ အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးက...
23/07/2025

နွေးထွေးအထူးကုဆေးခန်းတွင် အပတ်စဉ် စနေနေ့တိုင်း နံနက် ၉ နာရီ မှ နေ့လယ် ၁၂ နာရီ အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုဆရာဝန်ကြီးနှင့် ပြသနိုင်ပါသည်။

နွေးထွေးအထူးကုဆေးခန်း
အမှတ် ၂၁ ဗိုလ်ချုပ်လမ်း ပန်းခြံအနီး
ကွမ်းခြံကုန်းမြို့

09761230500

နွေးထွေးအထူးကုဆေးခန်းမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မနက် ၉ နာရီ မှ ၁၂ နာရီအထိ အရိုးအထူးကုဆရာဝန်ကြီး နှင့် ပြသနိုင်ပါတယ်။...
04/07/2025

နွေးထွေးအထူးကုဆေးခန်းမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မနက် ၉ နာရီ မှ ၁၂ နာရီအထိ အရိုးအထူးကုဆရာဝန်ကြီး နှင့် ပြသနိုင်ပါတယ်။

စုံစမ်းရန် နှင့် တိုကင်ယူရန်အတွက် 09761230500 သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ဂရုပြုကာကွယ် သွေးလွန်တုပ်ကွေးအန္တရာယ်...............................................................မိုးရာသီမှာ ဂရုစိုက်...
18/06/2025

ဂရုပြုကာကွယ် သွေးလွန်တုပ်ကွေးအန္တရာယ်...............................................................
မိုးရာသီမှာ ဂရုစိုက်ရမယ့် ကျန်းမာရေးပြသနာများစွာရှိပါတယ်။ အဲဒီထဲကမှ သွေးလွန်တုပ်ကွေးရောဂါ ကတော့ အားလုံးသတိထားရမယ့် ရောဂါ တစ်ခုပါ။ အသက် ၁၅ နှစ်အောက် ကလေးတွေမှာ အများဆုံးဖြစ်ပြီး လူကြီးတွေမှာလဲ ဖြစ်ပွားနိုင်ပါတယ်။

သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို နေ့လယ်နေ့ခင်းမှာကိုက်တဲ့ ခြင်ကျားက သယ်ဆောင်ပါတယ်။ ဒါကြောင့် ခြင်ကိုက်မခံရအောင် နေထိုင်ရပါမယ်။ ခြင်ကျားဟာ ရေကြည်ရေသန့်မှာ ပေါက်ပွားတာဖြစ်လို့ မိမိနေအိမ်ခြံဝိုင်းအတွင်းက ရေဝပ်တဲ့နေရာတွေကိုလဲ ဖုံးအုပ်တာမျိုး၊ သွန်ပစ်တာမျိုး လုပ်ပေးရမှာပါ။

သွေးလွန်တုပ်ကွေး ဖြစ်ပွားပြီဆိုရင်တော့
📌၂ ရက်ကနေ ၇ ရက်အထိ အပြင်းဖျားမယ်
📌ပျို့အန်တာ ၊ ဗိုက်နာတာ တွေ ဖြစ်နိုင်ပါတယ်
📌ကိုယ်ခန္ဓာမှာ အနီစက်တွေပေါ်လာနိုင်ပါတယ်
📌ဖျားပြီး ၃ ရက်ကနေ ၅ ရက်အတွင်း အဖျားကျပြီး အေးစက်သွားတာ၊ မှိန်းတာ၊ အညိုရောင် အဖတ်အမျှင်တွေအန်တာ၊ နှာခေါင်းသွေးယိုတာနဲ့ ကတ္တရာစေးလိုဝမ်းမဲမဲတွေ သွားတာမျိုး ဖြစ်လာရင်တော့ သွေးလန့်တာဖြစ်နိုင်ပြီး ဆေးရုံကို အမြန်ဆုံးပို့ဆောင်သင့်ပါတယ်

ဖျားရင် အရည်များများတိုက်ပေးသင့်ပါတယ်။ အဖျားကြီးရင် ရေပတ်တိုက်ပေးပါ။ ပါရာစီတမော ကို ညွှန်ကြားချက်အတိုင်း သောက်နိုင်ပါတယ်။ အခြားအကိုက်အခဲပျောက်ဆေးတွေမသောက်သင့်ပါဘူး။ မက်ကလောင်ဖောက်တာ လုံးဝ မပြုလုပ်သင့်ပါ။

မိုးရာသီမှာ ကလေးတွေဖျားနာရင် သွေးလွန်တုပ်ကွေးဖြစ်နိုင်လို့ ဂရုပြုသတိထား စောင့်ကြည့်ပေးပါ။ ခြင်ကိုက်မခံရအောင်လဲ အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ခန္ဓာကိုယ်တွင် အလုံးအကျိတ်များဖြစ်ပေါ်လာခြင်း၊ လိပ်ခေါင်းရောဂါ၊ အူကျခြင်း၊ ခြေထောက်သွေးကြောပိတ်ခြင်း၊ အနာအမျိုးမျိုး၊ဗို...
04/11/2024

ခန္ဓာကိုယ်တွင် အလုံးအကျိတ်များဖြစ်ပေါ်လာခြင်း၊ လိပ်ခေါင်းရောဂါ၊ အူကျခြင်း၊ ခြေထောက်သွေးကြောပိတ်ခြင်း၊ အနာအမျိုးမျိုး၊ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း စသော ဝေဒနာများအတွက် ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် အပတ်စဉ် အင်္ဂါနေ့တိုင်း နွေးထွေးအထူးကုဆေးခန်းတွင် မနက် ၉ နာရီ မှ နေ့လယ် ၁၂ နာရီအတွင်း လာရောက်ပြသနိုင်ပါတယ်ခင်ဗျာ။

ကြိုတင်စာရင်းပေးရန်အတွက် 09761230500 သို့ ဆက်သွယ်နိုင်ပါတယ်။

နွေးထွေးအထူးကုဆေးခန်း၊ ရောဂါရှာဖွေရေး အဆင့်မြင့်ဓာတ်ခွဲခန်းနှင့် ဒစ်ဂျစ်တယ်ဓာတ်မှန်

မြို့လယ်မီးပွိုင့်၊ ပန်းခြံအနီး၊ ကွမ်းခြံကုန်းမြို့

Address

ဗိုလ်ချုပ်လမ်း၊ မြို့လယ်မီးပွိုင့်၊ ပန်းခြံအနီး၊ ကွမ်းခြံကုန်းမြို့
Kungyangon

Opening Hours

09:00 - 17:00

Telephone

+959761230500

Website

Alerts

Be the first to know and let us send you an email when Nway Htway Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram