Voice Of Kutkai - VOK

Voice Of Kutkai - VOK Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Voice Of Kutkai - VOK, Kutkai.

Permanently closed.
ကွတ်ခိုင် ​ရေထွက်ဦးပန်းခြံ​စျေး မနက်ပိုင်း လူစည်ကားလျက်ရှိ​နေ​သေး ယခုရက်ပိုင်းတွင် COVID ​ရောဂါပျံ့ပွားနှုန်းမြင့်တတ်လာ...
24/07/2021

ကွတ်ခိုင် ​ရေထွက်ဦးပန်းခြံ​စျေး မနက်ပိုင်း လူစည်ကားလျက်ရှိ​နေ​သေး

ယခုရက်ပိုင်းတွင် COVID ​ရောဂါပျံ့ပွားနှုန်းမြင့်တတ်လာ​မှု​ကြောင့် ကွတ်ခိုင်မြို့သည် LOCK DOWN တရားဝင်
မ​ကြောငြာ​သော်လည်း အများစုမှာ အိမ်ပြင်မထွက်ပဲ
Stay at Home ​နေ​နေကြသည်အ​ခြေအ​နေရှိ​နေသည်။

သို့​သော် ​​နေ့စဥ်စား​သောက်​ရေးအတွက် မီးဖို​​ချောင်အတွက် ဝယ်ခြမ်း​နေရ​သေး​သော​ကြောင့် ​စျေးမဖြစ်မ​နေသွားရသည့် အ​​ခြေအ​နေလည်းရှိ​နေပြန်သည်။

ထို့​ကြောင့် ပြည်သူများက မနက်ပိုင်း အဓိကဖွင့်လှစ်​ရောင်းချ​သော ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ၊ ​ရေထွက်ဦးပန်းခြံ​စျေးသို့​ စျေးဝယ်ထွက်ကြရသည်။

ဤတွင် ​ရေထွက်ဦးပန်းခြံ​စျေး၏ COVID ​ရောဂါထိန်းချုပ်​ရေးအတွက် ပြင်ဆင်မှုမရှိသ​လောက် အားနည်း​ကြောင်း​တွေ့ရသည်။

လက်​ဆေး​ဘေစင်များ၊ ​ရေများ၊ ဆပ်ပြာများ၊ လက်သန့်​ဆေးရည်များ၊ ပိုးသတ်​ဆေးဖြန်းမှုများလုံးဝမရှိ။

ထို့ပြင် ​စျေးဝယ်သူများသည်လည်း (၆) ​ပေကွာတွင် တန်းစီစနစ်ဖြင့် အလှည့်ကျဝယ်ယူခြင်းမရှိ အလုအယက်ဝယ်ယူ​နေကြရသည်။

​စား​သောက်ကုန်များအား ​​ရောင်းချရာတွင် တန်းစီစနစ် အလှည့်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်နှင့်၊ COVID ကာကွယ်​ရေးအတွက် ပြင်ဆင်မှုများလုပ်​ဆောင်​ပေးသင့်သည်။

ကွတ်ခိုင်မြို့မ​စျေးတွင်လည်း ​စနစ်မကျ​သော​ရောင်းဝယ်မှုများရှိ​နေသည်။
ဆိုင်ကယ် ကယ်ရီတန်းအနီးတစ်ဝိုက်တွင် လူထူထပ်လျက်ရှိ​နေ​သေးသည်။

လူတိုင်းမိမိတို့ အသိစိတ်ဖြင့် COVID ​ရောဂါအား တိုက်ထုတ်ကြဖို့ရန် တိုက်တွန်းလိုက်ရပါသည်။

#​စျေးတင်မ​ရောင်းသင့်

Photo -

မိဘပြည်သူများခင်ဗျာ ကွတ်ခိုင်မြို့နယ်ရှိ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာဖြင့် ဆေးရုံတက်ရောက်ကုသနေသော ဝေဒန...
24/07/2021

မိဘပြည်သူများခင်ဗျာ ကွတ်ခိုင်မြို့နယ်ရှိ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာဖြင့် ဆေးရုံတက်ရောက်ကုသနေသော ဝေဒနာရှင်များနှင့် အခြား Oxygen လိုအပ်သော ရောဂါဝေဒနာရှင်များအား ကူညီပေးနိုင်ရန် Oxygen Plant အား ကွတ်ခိုင် ကိုဗစ်-19 အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့မှ ဉီးဆောင်၍ တည်ဆောက်နိုင်ရန် ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ Oxygen Plant တည်ဆောက်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျငွေမှာ မြန်မာကျပ်ငွေ သိန်း(၈၀၀)ကျော်ခန့် ကုန်ကျမည်ဖြစ်ပါသည်။ အလှူရှင်များ မတည်လှူဒါန်း ထားသော ငွေပမာဏမှာ လုံလောက်မှု မရှိသေးပါသဖြင့် မိဘပြည်သူများမှ ပါဝင်လှူဒါန်းပေး နိုင်ပါရန် နှိုးဆော်အပ်ပါသည်။ Oxygen Plant ဝယ်ယူရာတွင် ဒေါ်လာငွေအား မြန်မာ ကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ပါသဖြင့် ငွေသားဖြင့် လှူဒါန်းလိုပါက အောက်ပါဖုန်းနံပါတ် များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်ရန်
ဉီးဇော်ဝင်းအောင်(ခ)ကိုဖင်းချန်း (ရန်ကုန်မြို့) 09 450051933
ဉီးကျော်ဝင်းအောင် (မန္တလေးမြို့) 09428352225/09 977248879

ဉီးယိုင်ထွန်း (ကွတ်ခိုင်မြို့) 09 781480949
ဉီးလဆန်ဆိုင်းနော် (Woody Sweety Cafe) 09 403700725
ဉီးစိုင်းလျှန်းဝမ်း(ခ)ကိုရှပ် (စေတနာဖုန်းဆိုင်) 09 979866886
ဦးထူးအောင်(ခ)ကိုအားပေါက် 09 403712668
ဉီးနေလင်းဉီး(ခ)ကိုဆန်းလိုက် (ဆန်းလိုက်ဗီနိုင်းဆိုင်) 09 403738226
ဘဏ်အကောင့်နံပါတ်-Sai hlaing wam
Kpay- 09979866886
KBZ – 40630106300231502
AYA – 0046224010000429
Yoma – 000745198500944
CB. - 01266001000038482

အလှူရှင်များ

1.Bliss Myanmar International Co.,ltd &
မြန်မာရွှေကုန်းမြင့်ကုမ္ပဏီလီမိတက် (မတည်အလှူရှင်) 💵 25000000/သိန်းနှစ်ရာ့ငါးဆယ်

2. ကွတ်ခိုင်ကိုဗစ်-19 အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့ 💵 10000000/သိန်းတစ်ရာ

3. ကိုအောင်(ကောင်းခန့်)ဆောက်လုပ်ရေးကုမ္ပဏီ
💵 1000000/ဆယ်သိန်းကျပ်

4. ဉီးဆွေမြင့်ဉီး+ဒေါ်နန်းအုံးကြည်
(ငွေနှင်းဖြူရေခဲစက် မိသားစု) 💵-100000/တစ်သိန်းကျပ်

5. ဉီးကျန်းယုံဆိုက်+ဒေါ်အေးသင်းမာ
ဈေးအတွင်း၊ ရပ်ကွက်(၃) 💵- 30000/သုံးသောင်းကျပ်

6. ဒေါ်နန်းခင်ဖုန်းမို - သမီးနန်းယ်ိင်းမို
💵 - 100000/တစ်သိန်းကျပ်

7. ဒေါ်နန်းခင်ရွှေရွှေ- တူမ နန်းဖူးခင်
💵 -100000/တစ်သိန်းကျပ်

8. ကိုခွန်ဖုန်းလတ်-မိသားစု (ရန်ကုန်)
💵 - 100000/တစ်သိန်းကျပ်

9. ကွတ်ခိုင်သူ- မမျိုးလီ(ခေတ္တလောက်ကိုင်)💵-150000
ကျောက်မဲသူ-Nang Seng Hom Leng 💵- 50000

မူရင်း Post 👇👇👇
https://www.facebook.com/104712158552998/posts/115482197475994/

ကွတ်ခိုင်မြို့တွင် COVID ​ကြောင့်​သေဆုံးသူ                          👉  (၅) ဦးထိရှိလာ၂၂/ ၇/ ၂၀၂၁ကွတ်ခိုင်မြို့။COVID -19...
22/07/2021

ကွတ်ခိုင်မြို့တွင် COVID ​ကြောင့်​သေဆုံးသူ
👉 (၅) ဦးထိရှိလာ

၂၂/ ၇/ ၂၀၂၁
ကွတ်ခိုင်မြို့။
COVID -19 အ​ခြေအ​နေ။

ကွတ်ခိုင်မြို့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ အခြားမြို့ရွာများနှင့် မူဆယ်၊ နမ့်ခမ်းမှ COVID + လူနာများအား လက်ခံကုသ​ပေးလျက်ရှိ​နေသည်။

လူနာများမှာတစ်​နေ့ထက်တစ်​နေ့ ဦး​​ရေတိုးလျက်ရှိ​နေသည်။ သို့​သော် ကျန်းမာ​ရေးဝန်ထမ်းမလုံ​လောက်ခြင်း​ကြောင့် မနိုင်မနင်းဖြစ်​နေကြသည်၊ ကျန်းမာ​ရေးဝန်ထမ်းများလည်း ပင်ပန်း​နေကြရသည်ဟုသိရသည်။

ထို့​ကြောင့် ကျန်းမာ​ရေးဝန်ထမ်းနှင့် ကွတ်ခိုင်မြို့ခံပြည်သူများ စိုးရိမ်ပူပန်လျက်ရှိ​နေသည်။ အခြားမြို့များမှ လူနာများအား ဆရာဝန်ကြီး ​ဒေါ်ဝင့်ဝင့်မြိုင်က အကုန်လက်ခံ​နေ​တော့ ကျ​နော်တို့စိုးရိမ်တယ်။ မနိုင်မနင်းနဲ့ ​ရောဂါက အပြင်ကို ​ပေါက်ထွက်လာရင် အ​ခြေအ​နေ​တွေက
ထိန်းမနိုင် သိမ်းမရဖြစ်ကုန်မှာ။ ခု Q ဝင်​နေတဲ့သူ​တွေ (+) လူနာ​တွေ အပြင်ခိုးထွက်ပြီး ​ဆေးလိပ်ဝယ်၊ ဘီယာထွက်ဝယ်​နေတာ၊ ​စျေးဝယ်တာကို​တွေ့တဲ့လူ​တွေရှိတယ်။ ပိုးက အပြင်မှာဘယ်​လောက်ပျံ့​နေပြီလဲ​တောင်မသိဘူး။

ခုမနက်လည်း တစ်​ယောက်ထပ်ဆုံးတယ်လို့ကြားတယ်။ အိမ်မှာဆုံးတာ စစ်ကြည့်လိုက်​တော့ COVID + ဖြစ်​နေတာ။ ဒီလို​ပေါ့ ​ရောဂါကပျံ့​နေပါပြီ။ ကျ​နော်တို့လည်း သတိနဲ့ပဲ ​နေ​နေကြရတာပါပဲ ဟု​ဒေသခံတစ်ဦးက VOK အား​ပြောကြားခဲ့ပါသည်။

ယခုလက်ရှိ ကွတ်ခိုင်မြို့တွင် ...
ဆေးရုံတက်နေသူ ( 200 )
ဆေးရုံဆင်းသူ ( 43 )
စုစုပေါင်း ( 243 )
သေဆုံးသူ မြို့ခံ ( ၂ ) ဦး အပါအဝင်စုစု​ပေါင်း ( ၅ ) ဦး

မနေ့က ( 21 ) ရက်နေ့ပိုးတွေ့ ( 13 ) ဦး

ကွတ်ခိုင်မြို့နယ် ( ၉ ) ဦး
မူဆယ်မှဆေးလာကုသူ ( ၄ ) ဦး
ကြူဂုတ်ပန်ဆိုင် ( ၁ ) ဦး

ဇူလိုင် ( ၂၀ ) ရက်နေ့ ရပ်ကွတ် (၁)က တစ်ဦး​သေဆုံးခဲ့သည်

ယခုမနက် ၂၂ ၊ ဇူလိုင်၊ ၂၀၂၁ မနက်ပိုင်းတွင် (၁)ဦး ​ထပ်မံ သေဆုံး

( ရပ်ကွပ် (၂ )ဝင်းသီရီ ဘေးက လေးထိုးကျွတ်ဖာဆိုင်နဲ့ မုန့်ဟင်းခါးဆိုင်တွဲဖွင့် ထားတဲ့ဆိုင်က ဦလေး )

ကွတ်ခိုင်မြို့ခံ စေတနာ့ဝန်ထမ်းလူငယ်တွေ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ဖို့ ပိုစတာ ကမ်းပိန်း ပြုလုပ်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊...
19/07/2021

ကွတ်ခိုင်မြို့ခံ စေတနာ့ဝန်ထမ်းလူငယ်တွေ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ဖို့ ပိုစတာ ကမ်းပိန်း ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့က ဒေသခံ စေတနာ့ဝန်ထမ်းလူငယ်တချို့ဟာ မြို့တွင်း ကိုဗစ်ရောဂါ ပြန့်နှံ့မှု မြှင့်တက်နေတဲ့အတွက် ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေး ဗီနိုင်းပိုစတာကမ်းပိန်းကို ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်သွားပါတယ်။

ကွတ်ခိုင်မြို့တွင်း ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ဖို့အတွက် အသိပညာပေး ပိုစတာကို NeT Organizationမှ ထုတ်ဝေပေးတာဖြစ်တယ်လို့ ကမ်းပိန်းမှာ ပါဝင်လှုပ်ရှားတဲ့ စေတနာ့ဝန်ထမ်းလူငယ်တစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ဇူလှိုင်လအတွင်း COVID-19အတည်ပြုလူနာ တဟုန်ထိုးမြင့်တက်လာပြီး မနေ့ ဇူလိုင်လ ၁၈ရက်‌နေ့အထိ စုစုပေါင်းအတည်ပြုလူနာ(၁၇၈)ဦးရှိခဲ့ပြီး သေဆုံးလူနာ (၃)ဦးနဲ့ သက်သာလို့ ဆေးရုံဆင်းခွင့်ပြုသူ(၄၃)ဦး ရှိတယ်လို့ သိရပါတယ်။

သတင်း၊ ဓါတ်ပုံ - မိုင်းဘဉာဏ်(ကွတ်ခိုင်)

16/07/2021

လူ​ပြောများ​နေတဲ့ ကွတ်ခိုင်မြို့၊ မြို့မ​စျေးမီး​လောင်မှု
📛📛📛📛📛📛📛📛📛📛📛📛

မီး​လောင်ချိန်တွင် အ​စောဆုံး​ရောက်လာ​သော လူငယ်တစ်စုရှိသည်။ ထိုလူငယ်တစ်စုက မီးငြိမ်းသတ်ရာတွင် ကူညီ​ပေးနိုင်ရန် ​စျေး​ခေါင်းအား ​စျေး၀န်းတံခါးဖွင့်ရန်​တောင်းဆိုခဲ့သည်။ သို့​သော် ​အခြားဆိုင်ခန်းများ၏ လုံခြုံ​ရေး​ကြောင့်ဟုဆိုကာ တံခါးဖွင့်​ပေးရန် ငြင်းဆိုခဲ့သည်။

ထို့​ကြောင့် လူငယ်တို့က တံခါး​သော့အား ရိုက်ဖွင့်ကာ ၀င်​​ရောက်ကာ တတ်နိုင်စမျှ အခြားသို့ မီးမကူး​စေရန် ဦးစား​ပေးကာလုပ်​ဆောင်ခဲ့ကြသည်။ ရဲသားနှစ်ဦးသာ အကူအညီ​ပေးခဲ့ပြီး အခြားသူများမှာ ဖုန်းဖြင့် ဓါတ်ပုံရိုက်၊ Video ရိုက်နေကြသည်။

မီး​လောင်ပြီး မိနစ်အနည်းငယ်အကြာတွင် ကွတ်ခိုင်မီးသတ်တပ်ဖွဲ့​ရောက်လာပြီး အစွမ်းကုန် မီးငြိမ်းသတ်နိုင်​သော​ကြောင့် ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့သည်ဟုဆိုနိုင် သည်။ ကွတ်ခိုင်မြို့ မီးသတ်တပ်ဖွဲ့အား အသိအမှတ်ပြု ​လေးစားရပါမည်။ ​ကောင်းခါးနှင့် သိန္နီတို့မှ အရံမီးသတ်တပ်ဖွဲ့များလည်း လာ​ရောက်ပူး​ပေါင်းပါ၀င်ခဲ့ကြသည်။

မီးစတင်​လောင်ကျွမ်းမှုကို အတိအကျမသိနိုင်​​သော် လည်း ကွတ်ခိုင်မြို့မ​​စျေးမီး​လောင်ခြင်းနှင့်ပါတ်သက်ပြီး လူ​ပြောများလျက်ရှိသည်။

အ​ကြောင်းမှာ ​.....

၁။ဆိုင်ခန်းအများစုက လွန်ခဲ့​သော ၄ ရက်ခန့်ကတည်း က COVID ​ရောဂါ​ကြောင့်ဆိုင်ခန်းများ ပိတ်ထားခဲ့ကြပြီ ဖြစ်သည်။

၂။ ​စျေးအတွင်းတွင် မူးယစ်​ဆေးသမားများ များပြား စွာရှိ​နေခြင်း ... ( ညဘက်တွင် ခိုး၀င်​နေနိုင်သည်ဟု ထင်​ကြေး​ပေး​ပြောဆိုမှုများရှိ​နေသည် )
မြို့နယ်စည်ပင် အ​နေဖြင့်ကိုင်တွယ်​ဖြေရှင်းသင့်​ကြောင်း ...

၃။​စျေး​ခေါင်းနှင့်စျေး​ညစောင့်တို့၏ တာ၀န်ယူမှု၊ တာ၀န်ခံမှုတို့အ​ပေါ် ​မေးခွန်းထုတ်လျက်ရှိသည်။ ယခုကဲ့သို့ပေါ့ဆမှု သည် ​နှောင်တွင် မိမိတို့ဆိုင်ခန်းများအတွက် စိတ်ချမှု ရှိနိုင်
မလားဟု သံသယရှိ​နေကြသည်။

၄။ ​ပေါ့ဆမီးဆိုပါက ယခုအချိန်ထက်​စောက မီး​လောင်မှု ဖြစ်နိုင်​​သော​ကြောင့် ​ပေါ့ဆမီးမဖြစ်နိုင်​ကြောင်း ...

၅။ ယခုမီး​လောင်​သောဆိုင်ခန်းများအပြင် အခြားဆိုင်ခန်းအများစုသည် မီးသွယ်တန်းထားခြင်းမရှိ​ကြောင်းလည်းသိရသည်။

၁၂ နာရီခန့်က စတင်​လောင်ကျွမ်းခြင်းဖြစ်နိုင်ပြီး
မနက် ၂ နာရီခန့်တွင် မီးညွှန့်ကြိုးခဲ့ပြီး၊ ဆိုင်ခန်း (၃၀) ခန့်ပျက်စီး ဆုံးရှုံးလိုက်ရသည်။

မီး​လောင်မှုဖြစ်ပွားရန် ရာခိုင်နှုန်းနည်းပါး​​သော ယခု
ကဲ့သို့ မိုးရာသီတွင်ပင် မီး​လောင်မှုဖြစ်ပွား​သော​ကြောင့် ...

မည်သို့ပင်ဆို​စေကာမှု မီး​လောင်မှုသည် အ​ခြေအ​နေအ​ကြောင်း​ကြောင်း​​ကြောင့်ဖြစ်နိုင်သည်။ မီးသည် မည်သူ မည်ဝါကိုမှ သနားငဲ့ညာမည်မဟုတ်ပါ။

ထို့​ကြောင့် ကွတ်ခိုင်မိဘပြည်သူများအ​နေဖြင့် မီးမ​​ပေါ့ဆ သင့်ပါ။
ရန်သူအမျိုးမျိုးအား အထူးသတိရှိကြရန်လိုပါသည်။

မီး​လောင်မှု​ကြောင့် ပျက်စီးဆုံးရှုံးကြရ​သော မိသားစုများ အတွက်များစွာ စိတ်မ​ကောင်းဖြစ်ရပါသည်။

( Video File များကို Facebook စာမျက်နှာများမှ ကူးယူကာ စုစည်းတင်ပြထားခြင်းဖြစ်သည်)

16/ 7/ 2021
#ကွတ်ခိုင်မြို့မ​စျေးမီး​လောင်

ကွတ်ခိုင်မြို့မဈေး မီးလောင် ရှမ်း/မြောက်၊ ကွတ်ခိုင်မြို့က မြို့မဈေးအတွင်းမှာ ဒီကနေ့ ဇူလှိုင်လ ၁၆ရက် မနက် (၁၂) နာရီ (၄၅)မ...
15/07/2021

ကွတ်ခိုင်မြို့မဈေး မီးလောင်

ရှမ်း/မြောက်၊ ကွတ်ခိုင်မြို့က မြို့မဈေးအတွင်းမှာ ဒီကနေ့ ဇူလှိုင်လ ၁၆ရက် မနက် (၁၂) နာရီ (၄၅)မိနစ်ဝန်းကျင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်တဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးသလို မီးလောင် ဆုံးရှုံးတဲ့ တန်ဖိုးကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားတဲ့ နေရာကို ကွတ်ခိုင်မြို့နယ်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံ လူထုတွေက ဝိုင်းဝန်း ငြိမ်းသတ်ကြပြီး (၁)နာရီ (၃၀) ဝန်းကျင်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Crd



ကွတ်ခိုင်မြို့နယ်မှာ မနေ့တစ်ရက်တည်း ပိုးကူးစက်ခံရသူ ၁၅ဦးထိရှိနေပြီး ၊ စုစုပေါင်းပိုးတွေ့အတည် ပြုလူနာ ၁၃၁ဦးထိရှိလာကွတ်ခို...
15/07/2021

ကွတ်ခိုင်မြို့နယ်မှာ မနေ့တစ်ရက်တည်း ပိုးကူးစက်ခံရသူ ၁၅ဦးထိရှိနေပြီး ၊ စုစုပေါင်းပိုးတွေ့အတည် ပြုလူနာ ၁၃၁ဦးထိရှိလာ

ကွတ်ခိုင်မြို့။
၁၅၊ ၇၊ ၂၀၂၁။


ကွတ်ခိုင်မြို့နယ်မှာ မနေ့ တစ်ရက်တည်းကို ပိုးတွေ့လူနာသစ် နောက်ထပ် ၁၅ဦးတွေ့ရှိပြီး စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ (၁၃၁)ဦးထိရှိလာပြီး ဆေးရုံဆင်းခွင့်ရှိသူ (၃၆)ဦးနဲ့ လက်ရှိ (၉၅)ဦး ရှိတယ်လို့သိရပါတယ် ။

မနေ့တွေ့ရှိတဲ့ လူနာသစ် (၁၅)ဦးဟာ ကွတ်ခိုင်မြို့ပေါ်ရပ်ကွက်မှ (၆) ဦး၊ အချုပ်သား (၁)ဦး၊ လားရှိုးကနေပြန်လာ တဲ့သူ (၁)ဦး၊ မူဆယ်ကနေပြန်လာတဲ့ မိုင်းယုလေးကျေးရွာက (၇) ဦးတို့ဖြစ်ကြပါတယ် ။

ခရီးကနေပြန်လာတဲ့ပြည်သူတွေနဲ့ပတ်သက်ပြီး ကွတ်ခိုင်မြို့ မြို့နယ်ကုသရေးမှူးက အဓိကပြောချင်တာက ခရီးကပြန်လာရင် အိမ်ကိုလုံးဝမပြန်ပါဘဲ Quaranteine အရင်ဝင်ပါ ။ Quarantine ဝင်ဖို့လည်း နတလရုံးမှာ အားလုံး စီစဉ်ပေးထားပါတယ် ။ သတ်မှတ်ရက် ရောက်ရင် ရောဂါပိုး ရှိမရှိစစ်ပေးပါမယ် လို့ပြောပါတယ် ။

ကျေးရွာတွေမှာလည်း မူဆယ်မြို့၊ လောက်ကိုင်မြို့တွေမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေလည်း ရှိတာကြောင့် အထူးဂရုစိုက်သင့်ကြောင်းနဲ့ လက်ရှိ မိုင်းယုလေး Quarantine Center မှာ Quarantine ဝင်နေတဲ့သူ ၃ဝဦးလောက်ရှိနေပြီး ချောင်တွေလည်း အရမ်းဆိုးနေကြတယ်လို့သူ ကဆက်လက် ပြောကြားခဲ့ပါတယ်။

လက်ရှိကွတ်ခိုင်မြို့ပေါ်ကပိုးတွေ့ရှိသူတွေဟာ ခရီးသွားရာဇဝင်မရှိသလို အသွားအလာကန့်သတ်ထားတဲ့ လူတွေလည်းမဟုတ်ဘူးလို့သိရပါတယ်။

မနေ့က ပိုးတွေ့ခဲ့တဲ့ ပိုးတွေ့လူနာတွေနဲ့စပ်ဆက်တဲ့သူတွေအားလုံးကိုတော့ Home Quarantine ထားရှိပြီ ဖြစ်ကြောင်းသိရပါတယ် ။

Crd

( ၁၃၊ ၇၊ ၂၀၂၁ ) ​နေ့၌ ကွတ်ခိုင်မြို့တွင် မီးပျက်မည်။           ကွတ်ခိုင်မြို့တွင် မနက်ဖြန် မနက် ( ၈ ) နာရီက​နေည​နေ ( ၆ )...
12/07/2021

( ၁၃၊ ၇၊ ၂၀၂၁ ) ​နေ့၌ ကွတ်ခိုင်မြို့တွင် မီးပျက်မည်။

ကွတ်ခိုင်မြို့တွင် မနက်ဖြန် မနက် ( ၈ ) နာရီက​နေ
ည​နေ ( ၆ ) နာရီထိ ဓါတ်အားပိတ်မယ်လို့ ​ထွေ/အုပ်မှ
စာထွက်ထားပါတယ်။

အ​ကြောင်းက​တော့ ​အောက်တွင်​ဖတ်ပါ 👇

ကွတ်ခိုင်​ဆေးရုံတွင် ပထမဆုံးအကြိမ်အဖြစ် COVID ​ရောဂါ​ကြောင့် ​သေဆုံးမှု11. 7. 2021ကွတ်ခိုင်မြို့။ကွတ်ခိုင်မြို့ဆေးရုံ တွ...
11/07/2021

ကွတ်ခိုင်​ဆေးရုံတွင် ပထမဆုံးအကြိမ်အဖြစ် COVID ​ရောဂါ​ကြောင့် ​သေဆုံးမှု

11. 7. 2021
ကွတ်ခိုင်မြို့။

ကွတ်ခိုင်မြို့ဆေးရုံ တွင် Covid19 ရောဂါကုသရင်း အသက်( ၄၀ )ကျော်အမျိုးသမီး တစ်ဦးသေဆုံးခဲ့သည်။
ကွတ်ခိုင်မြို့အတွက်​တော့ ပထမဆုံးအကြိမ်ဖြစ်သည်။

​သေဆုံးသူအမျိုးသမီးအား ဗြဟ္မစိုရ်နှလုံးသား နာ​ရေးလူမှုကူညီ​ရေးအဖွဲ့မှ တာ၀န်ယူကာ မီးသဂြိုလ်ပေးခဲ့ပါကြသည်ဟုသိရသည်။

သေဆုံးသူမှာ ကွတ်ခိုင်မြို့ခံမဟုတ်ပဲ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်မှ ဟုသိရပါသည်။

ကွတ်ခိုင်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မိဘပြည်သူများ  အမှန်တကယ်ချို့တဲ့​သော မိသားစုဝင်များကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး လော...
10/07/2021

ကွတ်ခိုင်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မိဘပြည်သူများ

အမှန်တကယ်ချို့တဲ့​သော မိသားစုဝင်များ
ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး လော့ဒေါင်းဝင်နေရပါက အောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်နိုင်​ကြောင်း
လေးစားစွာအသိပေးကြောင်းကြားအပ်ပါသည်။

📞09790278950
📞09403738226

မူရင်း Page တွင်လည်း သွား​ရောက်စုံစမ်းနိုင်သည်။
လိုအပ်သည်များကိုလည်း ​ပေးလှူနိုင်ပါသည်။

https://www.facebook.com/104712158552998/posts/106536375037243/

Address

Kutkai

Website

Alerts

Be the first to know and let us send you an email when Voice Of Kutkai - VOK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram