
24/01/2025
~သွေးတိုးကျဆေး Amlosun 5 / Amlosun 10ဆေးအကြောင်း✅✅✅
========================================
🔴 ဗဟုသုတ ရရှိရန်အတွက်သာ အကျဉ်းမျှ တင်ပြခြင်းသာ ဖြစ်ပါသည်။ မိမိသဘောဖြင့် ဆေးစသောက်ခြင်း မပြုရပါ။ ဆရာဝန် ညွှန်ကြားမှသာ ဆေးကိုအသုံးပြုရပါမည်။
Generic name - Amlodipine
Brand name - Amlosun 5 mg / Amlosun 10mg
✅ Amlosun သည် L-type calcium channel blocker အမျိုးအစားဖြစ်ပြီး သွေးကြောများကို ကျယ်စေခြင်းဖြင့် သွေးများကို ပိုမိုစီးဆင်းစေကာ သွေးဖိအားကို ကျစေသည်။
✅ သွေးဖိအားကျသွားခြင်းက လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများကို တားဆီးပေးသည်။
✅ နှလုံးသွေးကြောကျဉ်း၍ နှလုံးသို့ သွေးစီးမှု လျော့ကျမှုကြောင့် ရင်ခေါင်းအောင့်ခြင်း chest pain (angina) ၊ သွေးတိုးရောဂါ (high blood pressure)၊ နှလုံးသွေးလွှတ်ကြော ယိုယွင်း၍ ဖြစ်သောရောဂါ (coronary heart disease) တို့ကို ကုသရာတွင် Amlosun ကို အသုံးပြုသည်။
✅ သောက်ရသောဆေးပြားအမျိုးအစားဖြစ်ပြီး ဆေး၏ အာနိသင်သည် အနည်းဆုံး (၂၄) နာရီ ခံနိုင်ပါသည်။
✅ Amlosun ဆေးတစ်မျိုးတည်းကိုဖြစ်စေ၊ အခြားဆေးများနှင့် တွဲ၍ဖြစ်စေ အသုံးပြုပါသည်။
🔺ဆေးသောက်ခြင်း🔺
✔️ Amlosun ကို အစာမစားမီ သို့မဟုတ် အစာစားပြီး သောက်နိုင်သည်။ အကယ်၍ အစာအိမ် မကောင်းပါက အစာနှင့်အတူ သောက်နိုင်သည်။
💠 Amlosun သည် နေ့စဉ် တူညီသော အချိန်တွင် သောက်ရမည်။
🔺ဘေးထွက်ဆိုးကျိုးများ (Side effects)🔺
- ခြေချင်းဝတ်နှင့် ခြေထောက်များ ရောင်ရမ်းခြင်း (Swelling of ankles or feet)
- မျက်နှာ၊ လည်ပင်း၊ လက်မောင်းများနှင့် ရင်ပတ်တို့ နီရဲခြင်း (Redness of face, neck, arms and chest)
- မူးဝေခြင်း (Dizziness)
- နှလုံးခုန်မြန်ခြင်း (Increased heartbeat)
- အသက်ရှူခက်ခဲခြင်း (Difficulty in breathing)
- ကြွက်သားများ နာကျင်ခြင်း(Muscle pain)
- ရင်ပူခြင်း (Heartburn)
- ဝမ်းဗိုက်နာကျင်ခြင်း (Stomach pain)
- အစာအိမ် အချဉ်ပေါက်ခြင်း (Acid or sour stomach)
- စိုးရိမ်ကြောင့်ကြခြင်း (Anxiety)
- ဝမ်းသွားခြင်း (Diarrhea)
- ဝမ်းချုပ်ခြင်း (Constipation)
- ချွေးထွက်ခြင်း (Sweating)
သောက်ရမည့်ဆေးညွှန်း💊💊💊
သွေးတိုးရောဂါအတွက်ဆေးညွှန်း💊
အရွယ်ရောက်သူများအတွက်
■■■■■■■■■■■■
တစ်နေ့လျှင် တစ်ကြိမ် 5 mg နေ့စဉ်သောက်ရမည်။ အများဆုံး သောက်နိုင်သော အမြင့်ဆုံး ဆေးညွှန်းမှာ တစ်နေ့လျင် 10 mg ဖြစ်သည်။
ကလေးများ (အသက် ၆ - ၁၇ နှစ်)
■■■■■■■■■■■■■■■
တစ်နေ့လျှင် တစ်ကြိမ် 2.5 - 5 mg နေ့စဉ်သောက်ရမည်။
💊 ငယ်ရွယ်နုနယ်သော သို့မဟုတ် အသက်ကြီးသူများ၊ အသည်းမကောင်းသူများသည် တစ်နေ့လျှင် တစ်ကြိမ် 2.5 mg သာ နေ့စဉ်သောက်ရမည်။ အများဆုံး သောက်နိုင်သော အမြင့်ဆုံး ဆေးညွှန်းမှာ တစ်နေ့လျင် 10 mg ဖြစ်သည်။ ဆေးညွှန်းပမာဏကို ရလဒ်ပေါ်မူတည်၍ အတိုးအလျော့ ချိန်ဆရမည်။
💊 အသက် ၆၀အထက်လူကြီးများနှင့် အသည်း မကောင်းသူများတွင် တစ်နေ့တစ်ကြိမ် 2.5mg သာ သောက်သုံး သင့်သည်။
နှလုံးသွေးကြောကျဉ်း၍ နှလုံးသို့ သွေးစီးမှု လျော့ကျမှုကြောင့် ရင်ခေါင်းအောင့်ခြင်း chest pain (angina) အတွက်ဆေးညွှန်း💊💊💊
အရွယ်ရောက်သူများအတွက်
■■■■■■■■■■■■
တစ်နေ့လျှင် တစ်ကြိမ် 5 - 10 mg နေ့စဉ်သောက်ရမည်။ အများဆုံး သောက်နိုင်သော အမြင့်ဆုံး ဆေးညွှန်းမှာ တစ်နေ့လျင် 10 mg ဖြစ်သည်။
✔️ အသက်ကြီးသူများနှင့် အသည်းမကောင်းသူများသည် ပိုနည်းသော ဆေးပမဏကိုသာ သောက်သင့်ပါသည်။
Coronary Artery Disease အတွက် ဆေးညွှန်း💊💊💊
တစ်နေ့လျှင် တစ်ကြိမ် 5 - 10 mg နေ့စဉ်သောက်ရမည်။
💊 ဆေးသောက်ရန် မေ့သွားလျှင် သောက်ရမည့်ဆေးကို တတ်နိုင်သမျှ အမြန်ဆုံး သောက်ပါ။ အကယ်၍ (၁၂) နာရီကျော်သွားပါက မေ့သွားသောဆေးကို သောက်ရန် မလိုတော့ပါ။ နောက်သောက်ရမည့်ဆေးကို ပုံမှန်အချိန်တွင် သောက်ရန်ဖြစ်သည်။ တစ်နေ့တည်းတွင် ဆေး နှစ်ကြိမ် မသောက်ရ။
⛔️Amlosun နှင့် ဓာတ်တုံ့ပြန်နိုင်သောဆေးဝါးများ⛔️
- အတက်သက်သာဆေး၊ စိတ်ရောဂါဆေး (Carbamazepine)
- Dexamethasone
- အဆုတ်ရောဂါဆေး (Rifampicin)
- အဆီချဆေး (simvastatin)
- ကြွက်သားဖြေလျော့ဆေး (dantrolene)
- မှိုဆေး (ketoconazole, itraconazole)
- ကင်ဆာ ဆေးများ (temsirolimus, everolimus, sirolimus)
- ကိုယ်ခံအားစနစ်က ပုံမှန်ဆဲလ်တွေကို မှားယွင်းပြီး ပြန်တိုက်ခိုက်မှုကြောင့် ဖြစ်လာသည့် ကိုယ်ခံအားထကြွ ရောဂါ Autoimmune Disease ကုသသည့်ဆေး (tacrolimus, Cyclosporin)
🛑သတိပြုရမည့်အချက်များ🛑
❌ ဆေးနှင့်မတည့်သူများ မသောက်ရ။
❌ ကိုယ်ဝန်ဆောင်နေစဉ်၊ ကလေးနို့တိုက်နေစဉ် Amlosun ကို မသောက်သင့်ပါ။
✅ အသက်ကြီးသူများ၊ နှလုံးနှင့် အသည်း ရောဂါရှိသူများ ဆရာဝန်ညွှန်ကြားမှသာ ဤဆေးကို သောက်ရမည်။
❌ အသက် (၆) နှစ်နှင့် အောက် ကလေးငယ်များကို ဆေးမပေးပါ။
✅ အရက်သောက်စဉ်တွင် Amlosun ကို သောက်လျင် အန္တရာယ် မရှိဟု သိရပါသည်။
❌Calcium channel blockers ဆေးအုပ်စုဝင် amlodipine ဆေးများဖြစ်ကြသည့် Amlong, Stamlo, Swamlo, Amlosun အစရှိသည့် သွေးတိုးကျဆေးများကို ဂရိတ်ဖရု ဖျော်ရည် (Grape Fruit juice) နှင့် မသောက်သင့်ပါ။ ဆေး၏ အာနိသင်ကို ပိုပြင်းသွားစေပြီး ဘေးထွက်ဆိုးကျိုးများ ပိုခံစားရနိုင်ပါသည်။ ဆေးကို ရေများများနှင့်သာ သောက်ပါ။
✅သိမ်းဆည်းခြင်း✅
- အခန်းအပူချိန် (15°C - 30°C)တွင် အလုံပိတ် ဆေးဘူးများတွင် သိမ်းဆည်းပါ။
- ရေချိုးခန်းကဲ့သို့သော စိုထိုင်းဆများသောနေရာတွင် မသိမ်းဆည်းရ။
- အလင်းရောင်နှင့် မထိတွေ့အောင် သိမ်းဆည်းပါ။
- ကလေးနှင့် အိမ်မွေးတိရစ္ဆာန်တို့နှင့် ဝေးရာမှာ သိမ်းဆည်းပါ။
Credit- Khin Maung Latt (Chemistry)
🛑ဗဟုသုတ ရရှိရန်အတွက်သာ အကျဉ်းမျှ တင်ပြခြင်းသာ ဖြစ်ပါသည်။ မိမိသဘောဖြင့် ဆေးစသောက်ခြင်း မပြုရပါ။ ဆရာဝန် ညွှန်ကြားမှသာ ဆေးကိုအသုံးပြုရန်
U La Sengဆေးဆိုင်တွင် ဝယ်ယူရရှိနိုင်သည်
ကွတ်ခိုင်မြို့
09961725687,096990556639
09961725687