25/09/2022
သွားဓာတ်မှန်က ဘာအတွက်လိုတာလဲ?
ဘာလို့ ဒစ်ဂျစ်တယ်ဓာတ်မှန်တွေကို အသုံးပြုလာကြသလဲ??
သေးငယ်တဲ့သွားပိုးပေါက်များနဲ့ မမြင်ကွယ်ရာတွင်ဖြစ်နေသောပိုးပေါက်များ အထူးသဖြင့်သွားနှစ်ချောင်းကြားရှိ ပိုးပေါက်ငယ်များကို သာမာန် မျက်စိဖြင့် မြင်နိုင်ရန်ခဲယဉ်းပါတယ်
ကြီးမားသောသွားပိုးပေါက်များအတွက်လည်း မှန်ကန်စွာကုသမှုပေးနိုင်ဖို့ ဘယ်အတိုင်းအတာထိ နက်နေပြီဆိုတာအသေအချာသိဖို့ လိုအပ်ပါတယ်
အံဆုံးခွဲစိတ်မှုများ ၊သွားအကြောသတ်ခြင်းနှင့် သွားအစွပ်စွပ်ခြင်းတွင် သာမက အမြစ်တုစိုက်ကုသခြင်း(implant)၊ သွားညှိကုသခြင်း အစရှိသည့် သွားရောဂါကုသမှုနည်းလမ်းတိုင်းအတွက် သွားဓါတ်မှန်သည် မပါမဖြစ်အလွန်အရေးကြီးပါတယ်
သမရိုးကျ ဖလင်ဓာတ်မှန် ထက် ဓာတ်ရောင်ခြည်သင့်မှုကို 80% လျော့ချပေးခြင်းကြောင့် ယခုအခါ ဒီဂျစ်တယ်စနစ်သုံးဓာတ်မှန်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်
သွားပိုးစားခြင်းနှင့်သွားဖုံးရောဂါများကို ကွန်ပြူတာစနစ်ဖြင့် ပိုမိုမြန်ဆန် တိကျသေချာစွာ စစ်ဆေးနိုင်သည့်အတွက် ကုသရေးနည်းလမ်းများကို လွန်စွာအထောက်အကူပြုပါတယ်
ကောင်းစံသွားနှင့်ခံတွင်းဆေးခန်း_ ဆေးရုံလမ်း၊ဖက္ကလိပ်၊ အောင်သုခဆန်စက်ဝန်း၊ ကျိုက်ထိုမြို့
၀၉၈၈၅၄၂၄၉၉၉