Dr.ZAW

Dr.ZAW ကျန်းမာ ပျော်ရွှင် ရောဂါစင်

 #ကလေးနှာပိတ်ခြင်းNormal saline nasal drop/ ဆားရည် နှာခေါင်းစက်ချခြင်း👉 Normal saline (ဆားရည်အစက်ချဆေး) ဆိုတာဘာလဲ။Normal...
14/09/2023

#ကလေးနှာပိတ်ခြင်း

Normal saline nasal drop/ ဆားရည် နှာခေါင်းစက်ချခြင်း

👉 Normal saline (ဆားရည်အစက်ချဆေး) ဆိုတာဘာလဲ။

Normal saline ဆိုတာရေနဲ့ဆားကိုသတ်မှတ်ထားတဲ့အချိုးအစားအတိုင်း စနစ်တကျ ဖျော်ထားတဲ့အရည်ဖြစ်ပါတယ်။ တခြားဆေးလုံးဝ မပါပါဘူး။ ဒီအရည်ကိုနှာခေါင်းပိတ် နေတဲ့ကလေးငယ် တွေကိုထည့်ပေးရင် အများစုမှာ နှာခေါင်းပိတ်တာကိုချက်ချင်းသက်သာစေပါတယ်။
ဒါဟာ အန္တရာယ်ကင်းပြီးထိရောက်တဲ့ကုသမှုတစ်ခုဖြစ်ပါတယ်။ မွေးကင်းစအရွယ်မှစပြီး ကလေးအရွယ်မရွေး သုံးနိုင်ပါတယ်။

👉 ဆားရည် ဘယ်လိုထည့်ပေးမလဲ ?

၁၊ ဆေးထည့်ပေးမယ့်သူရဲ့လက်ကိုဆပ်ပြာ၊ရေတို့ နှင့်သန့်ရှင်းစွာဆေးကြောပါ။

၂၊ ကလေးပက်လက်လှန်အနေအထား ဒါမှမဟုတ် ချီထားပြီးခေါင်းကိုနောက်ဘက်နည်းနည်းစောင်းထားပေးပါ။ဆေးဘူးကိုလက်တစ်ဖက်နဲ့ကိုင်ပြီး ကျန်တဲ့လက်တစ်ဖက်ကကလေးရဲ့ဦးခေါင်းကိုထိန်းပေးထားပါ။ လိုအပ်ရင် နောက်တစ်ယောက် အကူအညီခေါ်ပါ။

၃၊ နှာခေါင်းအဝသိသိသာသာပိတ်နေရင်တော့ ပိတ် နေတာတွေကိုအရင်သန့်ရှင်းဖယ်ရှားပေးပါ။

၄၊ ဆေးထည့်တဲ့ပြွန်ထိပ်ကို နှာခေါင်းထဲအထိမထည့်ပဲ နှာခေါင်းအဝမှာတေ့ပြီးတော့ ဆေးထည့်ပေးပါ။

၅၊ နှာခေါင်းတစ်ဖက်ကိုနှစ်စက် မှ ငါးစက်ခန့် ထည့်နိုင်ပါတယ်။ ဆေးစိမ့်ဝင်ဖို့ အချိန် ၁၀-၁၅ စက္ကန့်ခန့် စောင့်ပါ။ ပြီးရင် ဆေးထည့်ထားတဲ့နှာခေါင်းကိုစုပ်ပြွန်လေးနဲ့ စုပ်ပေးသင့်ပါတယ်။

၆၊ ပြီးရင် နောက်နှာခေါင်းတစ်ဖက်ကို အခုလိုပဲ ဆေးထည့်၊ ပြန်စုပ် လုပ်ပေးသင့်ပါတယ်။

ပြန်စုပ်ပေးတာက ပိတ်နေတဲ့ နှာရည်အပျစ်တွေ ပျော်သွားတဲ့ အချိန်မှာ စုပ်တာပါ။ ဆေးကို ပြန်စုပ်တာမဟုတ်ပါ။ ဆေးက မျိုချလည်းအန္တရာယ်မရှိပါ။
ပြန်မစုပ်ဘဲ နှာခေါင်းပွင့်သွားလည်းရပါတယ်။

👉 ဆေးဘယ်အချိန် ထည့်မလဲ?

ကလေးနို့မစို့ခင်၊ အစာမစားခင်၊ မအိပ်ခင် အချိန်တွေမှာထည့်ပေးနိုင်ပါတယ်။ တစ်နေ့ ၃-၄ ကြိမ်ထက် မပိုသင့်ပါ။

👉 ဘေးထွက်ဆိုးကျိုးရှိပါသလား?

မရှိသလောက်ပါ။

လက်၊ ဆေးဘူး မသန့်ရှင်းရင် ပိုးဝင်နိုင်ပါတယ်။

ထည့်တာများရင် နှာခေါင်းဝ နီရဲနိုင်တယ်။

ထည့်တဲ့ဆေးဟာ တစ်ခါတစ်ရံ နှာခေါင်းမှတစ်ဆင့် လည်ချောင်းထဲရောက်သွားပြီးကလေးချောင်းဆိုးတတ်ပါတယ်။အဲဒီလိုချောင်းဆိုးရင်တော့ကလေးကို မတ်မတ်ကလေးထားပေးပါ။

ေးကျန်းမာသိကောင်းစရာ

25/02/2023

Fish oil with EE form harmful for your health! While consuming fish oil can be good for your health, but it can be harmful to consume fish oil with added Eth...

လက်မောင်းကပ်ရောဂါအကြောင်းသိကောင်းစရာ လက်မောင်းကပ်ရောဂါသည် နေ့စဉ်အသုံးပြုနေသောလက်မောင်းဆုံအတွင်းမှ ရုတ်တရက်မြှောက်လိုက်လျ...
18/02/2023

လက်မောင်းကပ်ရောဂါအကြောင်းသိကောင်းစရာ


လက်မောင်းကပ်ရောဂါသည် နေ့စဉ်အသုံးပြုနေသောလက်မောင်းဆုံအတွင်းမှ ရုတ်တရက်မြှောက်လိုက်လျှင် နာကျင်ပြီး အဆုံးအထိမြှောက်မ
ရ သောဝေဒနာမျိုးခံစားရသည့် ရောဂါဖြစ်သည်။
(frozen shoulder) ပခုံးခဲရောဂါဟုခေါ်ပါသည်။

လက်အနေအထားမှားယွင်းစွာအသုံးပြုမိရာမှ ပခုံးအတွင်းမှ အရွတ်၊အမြှေးရောင်သွားသောဝေဒနာဖြစ်သည်။ ပခုံးကို ထိခိုက်မိခြင်း၊ချော်လဲခြင်း၊ စက်ဘီး ဆိုင်ကယ်လဲခြင်းကြောင့်လည်းဖြစ်နိုင်သည်။

လက်မောင်းကပ်ခြင်းသည်တဖြည်းဖြည်းဖြစ်လာသည်ကများသည်။လက်ကိုဆန့်တန်းမြှောက်လျှင်နာသည်။ နောက်ကျောပြင်ကုပ်လျှင်အပေါ်အထိမရ။ အမျိုးသမီးများ ဆံပင်ထုံးမရ။
ဇက်ကျီးပေါင်းရှိလျှင်လည်းဖြစ်တတ်သည်။တစ်ဘက်သပ် ဖိအိပ်လေ့ရှိသူများတွင်လည်းဖြစ်တတ်သည်။

#လေ့ကျင့်ခန်းလုပ်ပါ

လက်မောင်းကပ်လျှင် လေ့ကျင့်ခန်းလုပ်ပါ။ အနာခံ၍ပြုလုပ်ပါ။ လက်ကို ရသမျှ အပေါ်မြှောက် ၊ နောက်ကွေး ၊ရှေ့ဆန့် အကြိမ်(၂၀) ခန့်ရအောင်ပြုလုပ်ပေးပါ။ တစ်နေ့ (၃) ကြိမ်ပြုလုပ်ပါ။

-လက်ညာဘက်ဖြစ်လျှင်ပျောက်လွယ်သည်။ဘယ်ဖက်ဖြစ်လျှင်ပိုကြာတတ်ပါသည်။
-အနှိပ်မခံရပါ။
-ရေနွေးအိတ်ကပ်ပေးပါ။
-နာကျင်မှုပိုဆိုးလာလျှင်ဆေးခန်းပြပါ။
(အကိုက်ခဲ၊အရောင်ကျဆေးများသောက်ခြင်း၊ လက်မောင်းဆစ်အတွင်းသို့ဆေးထိုးခြင်းများဖြင့်ကုသနိုင်ပါသည်။)

စေတနာမွန်ဖြင့်
မြတ်တော်ဝင်ဆေးကုခန်း
ကြံခင်းမြို့

 လူနာ - သမီး သွေးဆင်းတာ(၃)ရက်ရှိပြီဆရာ။ကိုယ်ဝန်က (၃)လာပါဆရာ။လူနာအမျိုးသမီးကတော့ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာ။ဆရာ့ခေါင်းထ...
13/12/2022



လူနာ - သမီး သွေးဆင်းတာ(၃)ရက်ရှိပြီဆရာ။ကိုယ်ဝန်က (၃)လာပါဆရာ။

လူနာအမျိုးသမီးကတော့ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာ။ဆရာ့ခေါင်းထဲမှာတော့ ဒိန်းကနဲဖြစ်သွားပါတယ်။
ကိုယ်ဝန်ပျက်ကျတာ ဖြစ်ဖို့များသွားပြီလေ။ သေချာဖို့က အာထရာဆောင်း ချက်ချင်းသွားရိုက်ခိုင်းလိုက်ရတာပေါ့။

အဖြေလာပြပါပြီ။ ကြည့်လိုက်တော့ သေချာသွားပြီ။ဓါတ်မှန်ဆရာဝန်ရဲ့ မှတ်ချက်က ပါတဲ့။
ကိုယ်ဝန်ပျက်ကျကြောင်းရှင်းပြလိုက်တော့ လူနာမိန်းကလေးခမျာ အတော်ဝမ်းနည်းသွားရှာတယ်။ သမီးကအရမ်းကလေးလိုချင်တာတဲ့။ အရင်ကိုယ်ဝန်လည်းပျက်ကျခဲ့တာတဲ့။
အဲဒါကြောင့် ဆရာက သူ့ကို နှစ်သိမ့်ဆွေးနွေးပေးပြီး ဆက်လက်ကုသမှုခံယူရန်ညွှန်ကြားပေးပါသည်။

ထို့နောက်ကိုယ်ဝန်ပျက်ကျဖူးတဲ့သူဟာ နောက်ထပ်ကိုယ်ဝန်မဆောင်မီနှင့်ကိုယ်ဝန်စရှိချိန်မှစ၍ သားဖွား၊မီးယပ်ဆရာဝန်နှင့် ပြသရန်လိုအပ်သည်မှာ အရေးကြီးကြောင်းရှင်းပြပေးလိုက်ရပါသည်။
Dr.ZAW

 #အနာ👉အမှတ်တမဲ့ကနေ အမှတ်တရ နာကြင်ခံစားကြရမယ့် ထိရှမှုတေကို ဂရုစိုက်ကြပါ။👉ခလုတ်တိုက်၊ဆူးစူး၊တံခါးညှပ်၊ဆိုင်ကယ်ဒေါက်ခိုက်မ...
26/11/2022

#အနာ

👉အမှတ်တမဲ့ကနေ အမှတ်တရ နာကြင်ခံစားကြရမယ့် ထိရှမှုတေကို ဂရုစိုက်ကြပါ။

👉ခလုတ်တိုက်၊ဆူးစူး၊တံခါးညှပ်၊ဆိုင်ကယ်ဒေါက်ခိုက်မိ စတဲ့ ဒဏ်ရာသေးသေးလေးတွေကို မပေါ့ဆကြပါနဲ့။

👉စနစ်တကျ ကုသမှုမခံယူပဲ အရွက်များအုံကပ်၊အပူဆေးများလိမ်းရင်း အနာရင်းသွားပြီး အနာပိုးဝင်ပြည်တည်၊ခွဲစိတ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။

👉သွေးချိုဆီးချိုသမားများ ပိုမိုဂရုစိုက်ကြပါ။
ပေါ့ဆမှုကြောင့် ပိုနာကြင်ခံစားကြရမယ်၊ကုသစရိတ်ပိုများပါလိမ့်မယ်။

#ထိရှနာကြင်မှုများကင်းဝေးကြပါစေ✅

  👉၆လ အရွယ်ကလေးတစ်ယောက်ဟာ အထိုင်သင်ရင်း ထိုင်တတ်နေပါပြီ။👉အသံလေး‌တွေကို နားစွင့်တတ်ရင်း ကြားရာနေရာကို လိုက်ကြည့်တတ်လာ‌နေပ...
13/11/2022



👉၆လ အရွယ်ကလေးတစ်ယောက်ဟာ အထိုင်သင်ရင်း ထိုင်တတ်နေပါပြီ။

👉အသံလေး‌တွေကို နားစွင့်တတ်ရင်း ကြားရာနေရာကို လိုက်ကြည့်တတ်လာ‌နေပါပြီ။

👉အရောင်လေးတွေကို ကြည့်တတ်လာပြီး အရောင်တောက်တောက်အရာတွေကို စိတ်ဝင်တစားကြည့်တတ်လာနေပါပြီ။

👉လှုပ်ရှားမှုအရာဝတ္တုတွေကို စူးစူးစိုက်စိုက် လိုက်ကြည့်တတ်နေပါပြီ။

✅အဲဒါကြောင့် အရောင်စုံပါပြီး အသံထွက်တဲ့ အရုပ်လေးတွေ၊လှုပ်ရှား‌ နေသောအရုပ်လေးတွေနဲ့ ထိုင်ပြီးဆော့ကစားနေပါစေ။ အကြားအာရုံတိုးတက်စေပြီး အမြင်အာရုံကောင်းစေပါတယ်။ လည်ပင်း၊မျက်စိ၊တင်ပါးဆုံ ကြွက်သားတွေကို သန်မာစေပါတယ်။ မိမိကိုယ်ကို ထိန်းညှိတတ်လာပြီး အာရုံစူးစိုက်မှုကိုအားကောင်းစေပါတယ်။

 #ကလေးဖြည့်စွက်စာကျွေးခြင်း #မေမေများသတိပြုသင့်သည့်အချက်များ👉ကလေးဖြည့်စွက်စာကို အသက်(၆)လပြည့်မှ စတင်ကျွေးသင့်ပါသည်။👉စောက...
09/11/2022

#ကလေးဖြည့်စွက်စာကျွေးခြင်း
#မေမေများသတိပြုသင့်သည့်အချက်များ

👉ကလေးဖြည့်စွက်စာကို အသက်(၆)လပြည့်မှ စတင်ကျွေးသင့်ပါသည်။

👉စောကျွေး‌လျှင် ကလေးအဝလွန်ရောဂါဖြစ်နိုင်သလို နောက်ကျကျွေးပြန်လျှင်လည်း ကြီးထွားဖွံ့ဖြိုးခြင်းချို့တဲ့မှု များဖြစ်နိုင်သည်ဟု လေ့လာတွေ့ရှိထားကြပါသည်။

👉ဖြည့်စွက်စာများကို မေမေများစနစ်တကျ စိတ်ရှည်စွာ အချိန်မှန်မှန် ကျွေးသွားရန်လိုအပ်ပါသည်။

👉ဖြည့်စွက်စာအမျိုးအစားများကို စိတ်ကြိုက်ဝယ်ယူ၊ပြုလုပ်၍ ကျွေးနိုင်သော်လည်း တစ်မျိုးကို အနည်းဆုံး ၅ရက်လောက်စမ်းကျွေးပြီး တည့်မတည့်စောင့်ကြည့်သင့်ပါသည်။

👉အာဟာရဆိုင်ရာ ပညာရှင်များ၏ ညွှန်ကြားချက်အရဆိုလျှင် ကြက်ဥကို အသက်(၇)လပြည့်မှ စတင်ကျွေးသင့်ပြီး နီသောအသား(အမဲသား၊ဆိတ်သား စသဖြင့်)များကို အသက်(၉)လပြည့်မှ စတင်ကျွေးသင့်ပါသည်။

👉ကလေးအသက် (၁)နှစ်မတိုင်ခင်အထိ အသင့် ဆန်မှုန့်များ၊ home made ဆန်ပြုတ်များ ကိုသာ စနစ်တကျ ပြုလုပ်ကျွေးသင့်ပြီး အသက်(၁)နှစ်ပြည့်ပြီးမှသာ မိဘများစားသကဲ့သို့ လူကြီးစာများကို စတင်ကျွေးသင့်ပါသည်။

👉ကျွေးသောအစာများသည် သန့်ရှင်းလတ်ဆတ်ရမည်ဖြစ်ပြီး ကျွေးမည့် ဇွန်း၊ပန်းကန်၊ခွက်များကို မကျွေးမီနှင့်ကျွေးပြီး စင်ကြည်စွာဆေးကြောသန့်စင်ရမည့်အပြင် လိုအပ်ပါက ရေနွေးဖြင့် ပြုတ်၍ဆေးရန်လိုအပ်ပါသည်။

👉ကလေး၏ ဖြည့်စွက်စာကျွေးမည့် အသုံးအဆောင်များကို အေး၍ခြောက်သွေ့သောနေရာတွင် စနစ်တကျ သီးသန့် ဖုံးအုပ်၍ထားရှိရပါမည်။

👉ဖြည့်စွက်စာကျွေးနေပြီဖြစ်သော်လည်း မိခင်နို့ (သို့) formula နို့မှုန့်များကို ကလေးအသက်၂နှစ်အထိ ဆက်လက်တိုက်ကျွေးနိုင်ပါသည်။

✅ထိုကဲ့သို့ ဖြစ်စွက်စာများကို စနစ်တကျ ပြည့်စုံစွာ ကျွေးမွေးခြင်းဖြင့် အာဟာရပြည့်ဝပြီး ကျန်းမာသော၊ ဖွံ့ဖြိုးသော၊ ဉာဏ်ရည်ထက်မြတ်သော ရင်သွေးရတနာ သားသား၊မီးမီးလေးများ၏ မေမေများ ဖြစ်နိုင်ကြပါစေ...။

စေတနာမွန်ဖြင့်
ဒေါက်တာသီဟဇော်
မြတ်တော်ဝင် ဆေးကုခန်း
ကြံခင်းမြို့

Address

Kyangin

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+95943025808

Website

Alerts

Be the first to know and let us send you an email when Dr.ZAW posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram