Kaung Mon medical shop

Kaung Mon medical shop Aung San Road,block 2,kyaukme

16/02/2024
Luggage အိတ်များလဲ ရရှိနိုင်ပါပီနော်
10/02/2024

Luggage အိတ်များလဲ ရရှိနိုင်ပါပီနော်

12/10/2023

ဘာသုံးသုံးမတည့်ခဲ့တာ Acnes နဲ့မှ မျက်နှာလေးချောမွေ့ကြည်လင်သွားပြီတဲ့နော် 🥰🥰
Acnes ရဲ့တတယ့် Fan Boy လေးက လာပြီး Sharing လုပ်ပေးတာအရမ်းချစ်စရာလေးနော်
Acnes Myanmar မှ Acnes ကိုချစ်ခင်အားပေးကြတဲ့အချစ်လေးတွေရဲ့ Review ကောင်းလေးတွေကို ကြိုဆိုလျက်ပါနော် သုံးကြည့်ဖူးတဲ့အချစ်တို့ရဲ့ Feedback လေးသေချာလေးပြောပေးကြပါဦးနော်👌👌
Acnes Myanmar ရဲ့ Official Tik Tok Account လေးဖွင့်လိုက်ပြီနော် 😁😁
Follow လုပ်ထားဖို့လည်းမမေ့နဲ့နော် နောက်ပိုင်းမှာ Tik Tok မှာပဲပျော်စရာတွေအများကြီးရှိမှာမို့ မလုပ်ရသေးရင် Follow လုပ်ထားလိုက်တော့နော်👇👇
Acnes Myanmar Official Tik Tok Account >>https://www.tiktok.com/
Rohto HomePage လေးမှာလည်း အမြဲ Update တင်ပေးနေတာမို့ Linkလေးထဲ၀င်ကြည့်နိုင်ပြီနော် 😘😘
https://rohto.com.mm/mm
Rohto Viber Community Channel ဖွင့်ထားလိုက်ပြီမို့ Join ထားဖို့မမေ့နဲ့နော်😍
Rohto Viber Community Channel Join ထားရန် >> Viber >> https://shorturl.at/bDGKP

12/10/2023

သည်းခြေကျောက်တည်ရောဂါ ဆိုသည်မှာ

သည်းခြေရည်တွင် အဆီဓာတ်များ၊ ဘီလီရူဘင် (Bilirubin) ဟုခေါ်သည့် ရောင်ခြယ်ပစ္စည်းများ၊ ကယ်လ်စီယမ်ဓာတ် (Calcium)၊ သံဓာတ် (Iron) နှင့် ကြေးနီဓာတ် (Copper) စသည့် သတ္တုဓာတ်များ ပျော်ဝင်လျက်ရှိသည်။ ပုံမှန်အားဖြင့် ယင်းဓာတ်ပစ္စည်းများသည် သည်းခြေရည်ထဲတွင်သာ ပျော်ဝင်နေရမည်ဖြစ်ပြီး သည်းခြေရည်သည်လည်း အရည်ဘဝတွင်သာ အမြဲရှိနေရမည်ဖြစ်သည်။ သို့ရာတွင် သည်းခြေရည်၌ ပါဝင်သော ဓာတ်ပစ္စည်းများသည် ပျော်ဝင်နိုင်မှု ပမာဏထက် ပို၍များခဲ့လျှင် ပိုလျှံနေသော ဓာတ်ပစ္စည်းများမှာ အနည်အဖြစ် ကျလာပါသည်။ ပထမအဆင့်တွင် အမှုန့်လေးများ၊ အဖတ်လေးများအဖြစ် အနည်ကျပါသည်။ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အရွယ်အစားကြီးလာကာ ကျစ်လျစ်သိပ်သည်းလာပြီး ကျောက်ကဲ့သို့ မာကျောခဲ့လျှင် ယင်းကို သည်းခြေကျောက် (Gallstone) ဟု ခေါ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက်- "သည်းခြေကျောက်တည်ရောဂါ"စာအုပ် မှ ထုတ်နုတ်ဖော်ပြသည်။

12/10/2023
12/10/2023

တက်ကြွလန်းဆန်းတဲ့ ၅၀ ကျော်ဘဝအတွက် 🌟DMAE, ဂျင်ဆင်းနဲ့ မာတီဗီတာမင်နှင့် သတ္တုဓါတ်များပါဝင်ပြီး ✅အားသာချက်ကောင်းတွေရှိတဲ့ Spektrum 50+ အားဆေးကို တစ်နေ့တစ်လုံးနေ့စဉ်သောက်သုံးဖို့လိုပါမယ်နော်

+
#တက်ကြွလန်းဆန်းသော၅၀ကျော်ဘဝအတွက်ဗီတာမင်နှင့်သတ္တုဓါတ်များပါဝင်သောအားဆေး

04/08/2023

ကျွန်တော်တို့ရဲ့ဆရာမတွေ အမြဲစနောက်နေကျ စကားတစ်ခုရှိပါတယ်။

"နင်တို့ဆရာဝန်ဖြစ်ရင် သွေးတိုးနဲ့ဆီးချို အထူးကုသာလုပ်လိုက်၊ ထမင်းမငတ်တော့ဘူး" တဲ့။

ဒီလိုပြောရလောက်အောင်လည်း တကယ်ပဲမြန်မာနိုင်ငံမှာ ဒီရောဂါတွေက အဖြစ်များတာကိုး။ အသက်ကလေးရလာတာနဲ့ သွေးတိုး (ဒါမှမဟုတ်) ဆီးချိုက ဖြစ်ဖို့စောင့်နေသလိုပါပဲ......

ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ နေထိုင်စားသောက်မှုပုံစံတွေ၊ တစ်ဦးချင်းစီရဲ့ Lifestyle တွေ၊ မျိုးဗီဇတွေပေါ်လည်းမူတည်ပါတယ်။ ☝️

သွေးတိုးရောဂါဖြစ်တယ်ဆိုတာ တခြားသောရောဂါတွေရဲ့ နောက်ဆက်တွဲကြောင့်လည်း ဖြစ်နိုင်သလို သူ့ဟာသူကို ဖြစ်ချင်လို့ကို ဖြစ်နေတာလည်းရှိပါတယ်။

ဆန်းကြယ်စွာနဲ့ပဲ 95%သော လူနာတွေရဲ့ သွေးတိုးရောဂါဟာ တခြားရောဂါအရင်းခံ၊ ဖြစ်ရတဲ့အကြောင်းရင်း တိတိကျကျမရှိပါဘဲ ဖြစ်ချင်လို့ကိုဖြစ်တာပါတဲ့။

ဒီလိုဆိုလို့ အသက်ကြီးလာတာနဲ့ သွေးတိုးက ဖြစ်ကိုဖြစ်တော့မှာလား၊ အကြောင်းရင်းလည်းမသိရပဲ ဖြစ်ချင်လို့ဖြစ်တာဆိုတော့ ကုဖို့လည်းခက် ကြောက်စရာလည်း ကောင်းမယ်လို့ ထင်စရာရှိပါတယ်။

ရောဂါလို့ နာမည်တပ်ထားတယ်ဆိုကတည်းက ပျော်စရာတော့ ကောင်းမနေသလို သွေးတိုးရောဂါကို မကုပဲထားရင်တော့ နောက်ဆက်တွဲတွေက အင်မတန်ကြောက်စရာကောင်းပါတယ်။

ဒါပေမဲ့လည်း အသက်ကြီးတိုင်း သွေးတိုးဖြစ်လာမှာတော့မဟုတ်သလို ဒါဟာလည်း သင့်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ မျိုးရိုးဗီဇ စတာတွေပေါ် အများကြီးမူတည်ပါတယ်။

ဖြစ်လာတယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး ကုသလို့ရပါတယ်။

တစ်ခုရှိတာက သွေးတိုးရောဂါက တကယ်ကောရှိရဲ့လားဆိုတာပါပဲ ❓

ဘာလို့ဒီလိုပြောရတာလဲဆိုရင် Blood Pressure တိုင်းလို့ 120/80 အထက်ဆိုတာနဲ့ သွေးတိုးလို့ သတ်မှတ်လို့မရလို့ပါပဲ။

လူအများစုရဲ့ ခေါင်းထဲမှာ အပေါ်သွေး 120၊ အောက်သွေး 80 ကိုပဲ ပုံမှန်လို့ သိကြပြီး ဒီထက်ကျော်တာနဲ့ သွေးတိုးရောဂါလို့ ထင်မှတ်တတ်ကြလို့ပါ။

ကျွန်တော်တို့ Clinically အရ လူနားလည်အောင် ပြောရမယ်ဆိုရင် တိုင်းလိုက်တဲ့အခေါက်တိုင်း အပေါ်သွေး 140၊ အောက်သွေး 90 အထက်ဖြစ်နေတယ်ဆိုမှ သွေးတိုးအပျော့စားရှိနေပြီလို့ စသတ်မှတ်ပါတယ်။👈

ဒီနေရာမှာ ဘာလို့ တိုင်းလိုက်တိုင်းတက်မှလို့ ပြောရတာလဲဆိုရင် တစ်ခေါက်တိုင်းလို့ Blood pressure တက်တိုင်း သွေးတိုးလို့ သတ်မှတ်လို့မရလို့ပါပဲ။

ဘာကြောင့်လဲဆိုတော့ အရှင်းဆုံးဥပမာပေးရမယ်ဆိုရင် သင်ကအခုအငန်တွေစားထားပြီး Pressure တိုင်းလိုက်မယ်ဆိုရင် တက်နေမှာပဲလေ။ ဒါဟာ သွေးတိုးရောဂါဖြစ်နေတာမှမဟုတ်ပဲ။

တချို့ဆို အိမ်မှာအကောင်း၊ ဆရာဝန်တိုင်းလိုက်မှ သွေးတွေတိုးလာဝာာတွေရှိပါတယ်။ ဒါကို ကျွန် တော်တို့က White Coat Hypertension လို့တောင် နာမည်ပေးထားပါသေးတယ်။

သွေးတိုးရောဂါလည်းမရှိဘဲ ဂျူတီကုတ်အဖြူရောင်မြင်လို့ ကြောက်ပြီး သွေးတက်လာတာမျိုးပေါ့။

ကျွန်တော်ဆို မှတ်မှတ်ရရ Covid ဖြစ်တုန်းက Oximeter တိုင်းလိုက်တာ oxygen 80လောက်ထိကျသွားတာမြင်ပြီး ခုထိ ကိုယ့်ကိုကိုယ်တိုင်းမယ်လို့ စဉ်းစားလိုက်တိုင်း နှလုံးခုန်မြန်လာတော့တာပါပဲ။
ဒီသဘောပါပဲ။✨

ဒါကြောင့်မို့ ဆရာဝန်က ဆေးခန်းလာတဲ့သူတိုင်းကို သွေးပေါင်ချိန်တစ်ခါတည်းတိုင်းရုံနဲ့ ခင်ဗျား သွေးတိုးရှိ‌နေပါပြီလို့ ဘယ်တော့မှမပြောပါဘူး။

အကယ်၍ ဆရာဝန်က သွေးတိုးရောဂါတကယ်ဖြစ်နိုင်တယ်လို့ သံသယရှိမှ နောက်ဆက်တွဲ စမ်းသပ်မှုတွေ ထပ်လုပ်ပြီး သေချာပြီဆိုမှ Confirm ပေးမှာပါ။

ခုခေတ်မှာက Blood Pressure တိုင်းလို့ရတဲ့ Digital စက်ပစ္စည်းလေးတွေ အိမ်တိုင်းလိုလိုရှိနေပါပြီ။ သုံးရတာလည်း လွယ်ကူသလို Result လည်း မြန်ဆန်တိကျပါတယ်။

ဒါပေမဲ့ တိုင်းတဲ့အခါမှာ နည်းစနစ်မှန်ဖို့၊ တိုင်းသင့်တဲ့အချိန်မှာတိုင်းတတ်ဖို့လည်း လိုပါတယ်။ ဒါမှလည်း မှန်ကန်တဲ့ Result ရမှာပေါ့။

ဒီလိုမဟုတ်ပဲ စိတ်လှုပ်ရှားတဲ့အချိန်၊ အငန်တွေစားပြီးတဲ့အချိန်၊ ဆေးလိပ်နဲ့ ကဖိန်းဓာတ်ပါဝင်တာတွေ သောက်ထားပြီးချိန်မျိုးတွေမှာ သွားတိုင်းရင်တော့ သွေးတိုးရောဂါမရှိပေမဲ့ သွေးကတော့တိုးနေမှာပါပဲ။

ဒီလိုဖြစ်တာကို ငါတော့သွေးတိုးရောဂါဖြစ်နေပြီဆိုပြီး တကယ်သွေးတိုးရောဂါရှိတဲ့သူသောက်နေတဲ့ ဆေးတွေလိုက်သောက်တာတွေ၊ ဝယ်သောက်တာတွေလုပ်မယ်ဆိုရင် ကုန်ကျစရိတ်သာများလာပြီး မလိုလားအပ်တဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရရုံပဲရှိမှာပါ။💔

ဒါကြောင့် ကိုယ့်ကိုကိုယ် သွေးတိုးရောဂါရှိတယ်လို့ သံသယရှိလာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီမှာ ပြသပြီး ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်တာသာ အကောင်းဆုံးပါပဲ။

သွေးတိုးဆိုတာကဖြစ်ပြီဆိုရင် အရှင်းပျောက်သွားဖို့ကတော့ခဲယဉ်းပါတယ်။ ဒါပေမဲ့လည်း ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေပုံမှန်သောက်မယ်၊ ဆေးသောက်ရုံနဲ့မပြီးပဲ ကိုယ့်ရဲ့စားသောက်နေထိုင်မှုပုံစံတွေကိုပါ ဆင်ခြင်သွားမယ်ဆိုရင် သက်တမ်းစေ့ ပျော်ပျော်ရွှင်ရွှင်နေလို့ရပါတယ်လို့ အကြုံပြုလိုက်ပါရစေ။👈

✅သင့်အတွက် ကျန်းမာရေးအသိနဲ့ ဗဟုသုတရရှိဖို့
✅ဒီလို ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ စဉ်ဆက်မပြတ်ဖတ်ရှုလေ့လာဖို့
ကျွန်တော်တို့ Shwe Su Myat Medical and Diagnostic Center မှ အခမဲ့မျှဝေတင်ဆက်ပေးနေပါတယ်။💯

19/07/2023

Address

Block 2, Aung San Road , Kyaukme
Kyaukme

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959793227802

Website

Alerts

Be the first to know and let us send you an email when Kaung Mon medical shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram