13/08/2025
ကျောက်ကပ်ကျန်းမာရေးဂရုပြုမိစေဖို့....
ကျောက်ကပ်ဟာ လူခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေကို ဆီးမှတစ်ဆင့်စွန့်ထုတ်ရာ နေရာဖြစ်ပါတယ်။
အသက်ရှည်ကျန်းမာလိုပါလျှင် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုပါတယ်။
နေ့စဉ်စားသောက်နေတဲ့ စားသောက်မှုပုံစံ၊နေထိုင်မှုပုံစံ တွေဟာ ကျောက်ကပ်ကျန်ားမာရေး အခြေနေကို ဆိုးရွားစွာထိခိုက်စေသလို ကျောက်ကပ်ကျန်းမာရေးကောင်းဖို့လည်း အထောက်အကူပြုစေပါတယ်။
ဒီတစ်ခါမှာတော့ ကျောက်ကပ်ကျန်းမာဖို့ရာ နေ့စဉ်လိုက်နာလို့ရမယ့် အချက်တွေကို ဝေမျှလိုက်ပါတယ်။
✅ဆားအငန်၊အဆီလျှော့စားပါ။
✅အသားကို ကြော်စား၊ကင်စားတာထက် ချက်စား၊ပြုတ်စားပါ။
✅အဆီနဲ့မလိုင်ပါဝင်မှုများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို လျှော့စားပါ။
✅အသီးအရွက်နဲ့အသီးအနှံကို များများစားပါ။
✅နေ့စဉ်လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ထိန်းသိမ်းပါ။
✅ဆေးလိပ် သောက်ခြင်းကို ရှောင်ပါ။
✅အရက်လျှော့ သောက်ပါ။
✅တာရှည်ခံ အသင့်အစားအသောက် တွေကိုရှောင်ပါ။
✅အဆီနဲ့ အချိုစားခြင်းကို လျှော့ပါ။
✅အိိပ်ရေးဝဝအိပ်ပါ။စိတ်ဖိစီးမှုကို လျှော့ချပါ။
ဒီအချက် လေးတွေကို ပုံမှန်လုပ်ရင်း ကျောက်ကပ်ကျန်းမာ ရေးကို ထိန်းသိမ်းကြပါစို့။
ကျားငါးကောင်တိုင်းရင်းဆေး
📍လိပ်စာ- လားရှိုး-မန္တလေးလမ်း၊ကျောက်မဲမြို့
☎️ ဖုန်းနံပါတ်- ၀၉-၂၀၃၄၁၂၆
#တိုင်းရင်းဆေး #မဟာဖြေဆေး
#အားတိုးဆေး #ချောင်းဆိုးပျောက်ဆေး #မီးယပ် #သွေးဆေး