29/05/2024
ကိုယ်ဝန်ဆောင်တွေမှာ ပါရာစီတမော သောက်လို့ရလား❓
𝗦𝗮𝗳𝗲 ရောဖြစ်ရဲ့လား❓
ဒါတွေကတော့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သိချင်နေတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
👉 ဒီမေးခွန်းအတွက် ဖြေကြားရမယ်ဆိုရင် ကိုယ်ဝန်ဆောင်စဉ်အတွင်း ခေါင်းကိုက်၊ ကိုယ်လက်နာကျင် ကိုက်ခဲ၊ ဖျားနာတဲ့အခါ သက်သာပျောက်ကင်းစေဖို့အတွက် ပါရာစီတမော သောက်ဆေးကို စိတ်ချစွာနဲ့ သောက်သုံးလို့ရပါတယ်။
👉 သောက်ရင်လဲ 𝗦𝗮𝗳𝗲 ဖြစ်ပါတယ်။
ဘာကြောင့်လဲ❓
၁၉၇၉ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဌာနရဲ့ ပြဌာန်းချက် 𝗙𝗗𝗔 𝗣𝗿𝗲𝗴𝗻𝗮𝗻𝗰𝘆 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 မှာ ပါရာစီတမော သောက်ဆေးက အသုံးပြုလို့ရကြောင်း ဖော်ပြပေးထားတာကြောင့်ပဲ ဖြစ်ပါတယ်။
𝗣𝗿𝗲𝗴𝗻𝗮𝗻𝗰𝘆 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 ဆိုတာ ကိုယ်ဝန်ဆောင်တွေမှာ ဆေးဝါးတွေကြောင့် သန္ဓေသားကို ထိခိုက်နိုင်တဲ့ ဆိုးကျိုးရှိ/မရှိ၊ အန္တရာယ်ရှိ/မရှိတို့ကို အကဲဖြတ်တဲ့အုပ်စုတွေဖြစ်ပြီး 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗔, 𝗕, 𝗖, 𝗗, 𝗫 ဆိုပြီး အုပ်စု ၅ ခု ခွဲခြားထားပါတယ်။
🔹 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗔: လုံးဝ Safe ဖြစ်တယ်
🔹 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗕: Safe ဖြစ်တယ်
🔸 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗖: ဆိုးကျိုးရှိတဲ့အတွက် လူအချို့မှာပဲ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သုံးနိုင်တယ်
🚫 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗗: အန္တရာယ်ရှိတယ်။၊ မသုံးရပါ။
🚫 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗫: လုံးဝအသုံးမပြုရပါ။
ပါရာစီတမော သောက်ဆေးဟာ 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗕 အုပ်စုမှာပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေမှာ သောက်သုံးလို့ရပါကြောင်း ဖြေကြားလိုက်ရပါတယ်။
ကိုယ်ဝန်ဆောင်တွေမှာ ဖျားနာ၊ ခေါင်းကိုက်၊ ကိုက်လက်နာကျင်ကိုက်ခဲ စတဲ့ဝေဒနာတွေ ခံစားလာရရင် သက်သာပျောက်ကင်းစေဖို့အတွက် 🔹ပါရာရှင်း-အော်ရီဂျင်နယ်🔹 ကိုဆောင်ထားပေးနိုင်ပါတယ်။
🔹 𝗣𝗮𝗿𝗮𝘀𝗵𝗶𝗻 𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹 🔹 မှာ အရည်အသွေးမြင့် ပါရာစီတမော ၅၀၀ မီလီဂရမ် ပါဝင်တဲ့အတွက် ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ⚡️ အလျင်မြန်ဆုံးနဲ့ အထိရောက်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။
⚠️ သတိပြုရန် ⚠️
ကိုယ်ဝန်စရှိပြီဆိုကတည်းက ဘယ်ဆေးကိုပဲဖြစ်ဖြစ် မသောက်သုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပေးပါ။
ဆရာဝန်က စိတ်ချစွာနဲ့ သောက်သုံးနိုင်တယ်လို့ လမ်းညွှန်ပေးထားတဲ့ဆေးတွေကို စာရင်းပြုလုပ်ထားပေးပါ။
ဆရာဝန်ရဲ့ လမ်းညွှန်ချက်မှာ မပါတဲ့ဆေးတွေဆိုရင်တော့ အသုံးမပြုမီ ဆရာဝန်နဲ့ ပြန်ပြီးတိုင်ပင်ပြသပေးဖို့ လိုအပ်ပါတယ်။
𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲
1. FDA Pregnancy Drug Risk Categories : Mnemonic. Epomedicine; 2021 Mar 27.
2. Effects of Consuming Paracetamol During Pregnancy. EMC Healthcare; 2022 Mar 19.
#ပါရာစီတမော
#ပွင့်ပွင့်ဆေးနှင့်ဆေးပစ္စည်းဆိုင်
#အရှေ့မြို့ရှောင်လမ်း
#ကျောက်ပန်းတောင်းမြို့
#ဆက်သွယ်မှာယူရန်ph09798867664