သုခပြည့်စုံဆေးရုံ

သုခပြည့်စုံဆေးရုံ ကျန်းမာဖို့ယုံ သုခပြည့်​စုံ။

ကိုချားစ်မိုက်ကယ် နှင့် သူငယ်ချင်းတစ်စုမှ စစ်ကိုင်းမြို့သဘာဝဘေးအန္တရာယ် ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေ ဆယ်သိန်းကျပ်...
02/04/2025

ကိုချားစ်မိုက်ကယ် နှင့် သူငယ်ချင်းတစ်စုမှ စစ်ကိုင်းမြို့
သဘာဝဘေးအန္တရာယ် ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေ ဆယ်သိန်းကျပ်တိတိ ကို သုခပြည့်စုံဆေးရုံမိသားစုမှ လက်ခံရရှိပါသည်…

လှုဒါန်းမှူ့အတွက်ကျေးဇူးအထူးတင်ပါတယ်ဗျ…

ကိုကြီးဘုန်းနေလင်းခိုင်(Project K) ရေနွေးအိုးကြီး မိသားစုမှ စစ်ကိုင်းမြို့ သဘာဝဘေးအန္တရာယ် ငလျင်ဘေးသင့်ပြည်သူများ ကူညီရေ...
02/04/2025

ကိုကြီးဘုန်းနေလင်းခိုင်(Project K) ရေနွေးအိုးကြီး မိသားစုမှ
စစ်ကိုင်းမြို့ သဘာဝဘေးအန္တရာယ် ငလျင်ဘေးသင့်ပြည်သူများ ကူညီရေးအတွက်အလှူငွေ ကျပ်သိန်းသုံးဆယ်တိတိကို သုခပြည့်စုံဆေးရုံမိသားစုမှလက်ခံရ ရှိပါသည်…

ထမင်းချက်တဦးအမြန်လိုအပ်ပါသည်။မနက်လာ ညနေပြန်ရမည်။လူ(၁၅)ယောက်အတွက် နေ့လည်စာတနပ်သာချက်ရသည်။တလ (၄)ရက်နားနိုင်သည်။လစာ (၂)သိန်...
02/03/2025

ထမင်းချက်တဦး
အမြန်လိုအပ်ပါသည်။
မနက်လာ ညနေပြန်ရမည်။
လူ(၁၅)ယောက်အတွက် နေ့လည်စာတနပ်သာချက်ရသည်။
တလ (၄)ရက်နားနိုင်သည်။
လစာ (၂)သိန်းမှ စပေးမည်။
ဟင်းချက်လက်ရာကောင်း၊စေတနာကောင်း၊ရိုးသားကြိုးစားလျှင် လစာတိုးပေးမည်။
ဆက်သွယ်ရန်ဖုံး # ၀၉၈၈၁၉၉၁၈၈၁

02/03/2025

သုခပြည့်စုံဆေးရုံတွင်
ဆေးရုံစာရင်းကိုင်အဖွဲ့အတွက်
တာ၀န်ထမ်းဆောင်ရန် စာရင်းကိုင်(၂)ဦး အလိုရှိပါသည်...

Microsoft office World and Excel အသုံးပြုနိုင်သူဖြစ်ရမည် ...
လစာ - ညှိနှိုင်း
နယ်ဝေးမှလာလျှင် အဆောင်စီစဥ်ပေးမည်..
ဆက်သွယ်ရန် 09420010600

သုခပြည့်စုံဆေးရုံ(၃)ထပ်အဆောက်အဦးအတွက် လူနာတင်ဓါတ်လှေကား တပ်ဆင်ရန်ဓါတ်လှေကားကုမ္ပဏီများ (ကျေးဇူးပြု၍)၀၉ ၈၈၁ ၉၉၁ ၈၈၁ သို့ ...
15/12/2024

သုခပြည့်စုံဆေးရုံ(၃)ထပ်အဆောက်အဦးအတွက် လူနာတင်ဓါတ်လှေကား တပ်ဆင်ရန်
ဓါတ်လှေကားကုမ္ပဏီများ (ကျေးဇူးပြု၍)
၀၉ ၈၈၁ ၉၉၁ ၈၈၁ သို့ ဆက်သွယ်ပေးကြပါ။
(သို့မဟုတ်) ကုမ္ပဏီအမည်နှင့် ဖုံးနံပါတ် ပို့ပေးပါ။ပြန်လည်ဆက်သွယ်ပါမည်။

ကျောက်ပန်းတောင်း သုခပြည့်စုံဆေးရုံအတွက်Medical Officerတဦးအလိုရှိပါသည်။ဆက်သွယ်ရန်>>>၀၉၈၈၁၉၉၁၈၈၁
29/09/2024

ကျောက်ပန်းတောင်း သုခပြည့်စုံဆေးရုံအတွက်
Medical Officerတဦး
အလိုရှိပါသည်။
ဆက်သွယ်ရန်>>>၀၉၈၈၁၉၉၁၈၈၁

သုခပြည့်စုံဆေးရုံမှ ဖွင့်လှစ်ထားသော ရွှေသုခ စားဖွယ်စုံလေးပါ ခင်ဗျ…💛
25/04/2024

သုခပြည့်စုံဆေးရုံမှ ဖွင့်လှစ်ထားသော
ရွှေသုခ စားဖွယ်စုံလေးပါ ခင်ဗျ…💛

သုခပြည့်စုံဆေးရုံ ရဲ့ သင်္ကြန် Day 2 ….
14/04/2024

သုခပြည့်စုံဆေးရုံ ရဲ့ သင်္ကြန် Day 2 ….

ကျေးဇူးတင်လွှာ****************💜အရည်အသွေးပြည့်မီ၍ ကူးစက်ပိုးကင်းစင်သော သွေးသန့်ဖြစ်ရန်၊သင်၏သွေးလှုရှင်သည် 💜အနေအထိုင် အသွာ...
16/01/2024

ကျေးဇူးတင်လွှာ
****************

💜အရည်အသွေးပြည့်မီ၍
ကူးစက်ပိုးကင်းစင်သော သွေးသန့်ဖြစ်ရန်၊

သင်၏သွေးလှုရှင်သည်
💜အနေအထိုင် အသွားအလာ အစားအသောက်(အထူး) ဆင်ခြင်လိုက်နာရပါသည်။

💜သွေးသစ်တလုံး(၅၀၀စီစီ)ဖြစ်ပေါ်ရန်၊
အချိန်(၄)လခန့် စောင့်ဆိုင်းရပါသည်။

💜မိမိ၏အသွေးအသားကို စွန့်လွှတ်လှုဒါန်းသည့် (ဒါနဥပပါရမီ)ထိုက်သော၊ ဤသွေးသန့်တပုလင်းအတွက်၊ စေတနာမွန်မြတ်သူသွေးလှုရှင်အား
လူနာနှင့် လူနာရှင်များကလည်း
ကျေးဇူးအထူးတင်သင့်သလို၊
သုခပြည့်စုံဆေးရုံကလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။🙏🏻🙏🏻🙏🏻

❤️‍🩹ကျန်းမာဖို့ယုံ…….သုခပြည့်စုံ။❤️‍🩹

အရည်အသွေးကောင်းမွန်တဲ့ ဆေးရုံ(Good quality hospital )ဖြစ်ဖို့၊ အဓိကစွမ်းဆောင်ရည်(Main performance) နှစ်မျိုးလိုအပ်ပါတယ်။...
08/01/2024

အရည်အသွေးကောင်းမွန်တဲ့ ဆေးရုံ(Good quality hospital )ဖြစ်ဖို့၊ အဓိကစွမ်းဆောင်ရည်(Main performance) နှစ်မျိုးလိုအပ်ပါတယ်။
✅(၁)ကုသရေး(medical treatment )
✅(၂)ဝန်ဆောင်မှု(medical services)
နှစ်မျိုးစလုံး သူ့နေရာနဲ့သူ အရေးပါကြတယ်။
(ဥပမာ)အနေနဲ့ နှိုင်းယှဉ်ပြောရရင်၊
လက်နှိပ်ဓါတ်မီးတလက်နဲ့ တူပါတယ်။
လက်နှိပ်ဓါတ်မီးရဲ့အလင်းရောင်ပေးတဲ့၊
မီးသီးလေးနဲ့ မီးသီးလေးကို ဝန်းရံထားတဲ့ ငွေရောင်(ရောင်ပြန်ခွက်)တို့ကြောင့်၊ ပစ်မှတ်ဆီ
အလင်းရောင် တည့်တည့်ရောက်စေပါတယ်။
ကုသရေး(medical treatment)ဟာ၊ လက်နှိပ်ဓါတ်မီးရဲ့ မီးသီးလေးနဲ့တူပြီး၊
ဝန်ဆောင်မှု(medical services)ကတော့၊
မီးသီးအနောက်နားက (ရောင်ပြန်ခွက်)နဲ့ တူတယ်။ မီးသီးက အလင်းဓါတ်ကိုထုတ်ပေးတယ်။ ရောင်ပြန်ခွက်က မီးသီးရဲ့အလင်းဓါတ်ကို၊ ပိုတောက်ပစေတယ်။ ဝေးဝေးရောက်
စေတယ်။ ပစ်မှတ်တည့်စေတယ်။
ဒါကြောင့် ကျနော်တို့ #သုခပြည့်စုံဆေးရုံ
မှာ၊ ကုသမှုရော ဝန်ဆောင်မှုပါ အားကောင်းဖို့၊
ဟန်ချက်ညီညီ အထူးဂရုစိုက်ဆောင်ရွက်ပေးပါတယ်။ ကိုယ်တွေကိုယ်တိုင်က ဦးဆောင်ပြီး၊ သုခပြည့်စုံ ဆေးရုံဝန်ထမ်းများအားလုံး သဘောပေါက်၊ လက်ခံ၊ ကျင့်သုံးဖို့လည်း အရေးကြီးလှပါတယ်။
ဒါကြောင့်လည်း၊ သက်သာပျောက်ကင်းလို့ ဆေးရုံဆင်းရသူတွေ၊ မသက်သာလို့ အခြားအဆင့်မြင့်ဆေးရုံများသို့ လွှဲရသူတွေ၊ ရောဂါပြင်းထန်လို့ ကိုယ့်ဆေးရုံပေါ်မှာပဲ လက်လွှတ်
လိုက်ရသူတွေဆိုပြီး အမျိုးမျိုး ရှိနေပါစေ၊
ကိုယ့်ဆေးရုံရဲဲ့ စွမ်းဆောင်မှုကို ကျေနပ်စေဖို့
အစဉ်အမြဲကြိုးစားနေပါသည်။

ဒေါက်တာဦးယုဝေ(ဆေးရုံအုပ်ကြီး) နှင့်ဆရာမကြီးဒေါ်မြင့်မြင့်မော်(သူနာပြုဆရာမကြီး-ငြိမ်း)တို့ ဦးစီးသော၊    #ကျန်းမာဖို့ယုံသု...
07/01/2024

ဒေါက်တာဦးယုဝေ(ဆေးရုံအုပ်ကြီး) နှင့်
ဆရာမကြီးဒေါ်မြင့်မြင့်မော်(သူနာပြုဆရာမကြီး-ငြိမ်း)တို့ ဦးစီးသော၊
#ကျန်းမာဖို့ယုံသုခပြည့်စုံဆေးရုံ တွင်၊
အောက်ပါဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပါပြီ။
💜ပိတ်ချိန်၊ ပိတ်ရက်မရှိ(၂၄)နာရီဝန်ဆောင်မှုများ💜
(၁)အရေးပေါ်နှင့် အထွေထွေပြင်ပလူနာဌာန
(Emergency & General OPD)
✅ဝါရင့်ဆရာဝန်များနှင့် ကျွမ်းကျင်သူနာပြုဆရာမများက စိတ်တိုင်းကျအောင် ဆောင်ရွက်ပေးပါသည်။

(၂) ဒီဂျီတယ် ရောင်ခြည်ဓါတ်မှန်
(Digital X-rays)
✅လူနာအခုရောက် အခုချက်ချင်းရိုက်နိုင်ပါသည်။

(၃)အဆင်မြင့်ကွန်ပြူတာဓါတ်ခွဲခန်း၊
(Computerized Laboratory)
✅နေ့ညအချိန်မရွေး ကျွမ်းကျင်သော ဓါတ်ခွဲဆရာမများက မှန်ကန်တိကျသောအဖြေများကို
ထုတ်ပေးနေပါသည်။

(၄)FDAအသိအမှတ်ပြု(၂၄)နာရီဆေးအရောင်းဆိုင်။
✅မှန်ကန်သောဆေး(Right drug)
✅မှန်ကန်သော လူနာ(Right person)
✅မှန်ကန်သော ဆေးအချိန်အဆ(Right dose)
✅မှန်ကန်သော ဆေးသောက်ချိန်(Right Time)
✅မှန်ကန်သော ဆေးနှင့်ဆက်နွှယ်သောဗဟုသုတ( Right knowledge) များကို နားလည်အောင် ရှင်းပြပေးပါသည်။

(၅)၂၄နာရီ လုံခြုံရေး
✅နေ့ဆိုင်းညဆိုင်း လုံခြုံရေးဝန်ထမ်းများက
ကြည့်ကြပ်ဆောင်ရွက်ပေးပါသည်။
(၆)၂၄နာရီ လျှပ်စစ်မီး
✅မီးပျက်လျှင် မီးစက်၂လုံးကို အလှည့်ကျ
မောင်းပေးပါသည်။
(၇) ၂၄နာရီ ခွဲစိတ်ခန်း၊
✅နာရီဝက်အတွင်း အရေးပေါ်ခွဲစိတ်မှုစနိုင်စေရန် စီစဉ်ထားပါသည်။
# # # # # # # # # # # # # # # # # # # # # # # # # # # # #


❤️‍🩹❤️‍🩹❤️‍🩹မနက်၈နာရီမှ ည၈နာရီအထိ ဝန်ဆောင်မှုများ❤️‍🩹❤️‍🩹❤️‍🩹
(၁)အထူးကုပြင်ပလူနာဌာန(Specialist OPD)
✅အထွေထွေသမားတော်များ၊
✅အထွေထွေခွဲစိတ်အထူးကုဆရာဝန်ကြီး၊
(အစာအိမ်နှင့် အူလမ်းကြောင်း အထူးပြု)
✅သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်များ၊
(ရိုးရိုးမွေး၊ ဗိုက်ခွဲမွေး အချိန်မရွေး ဆောင်ရွက်ပေးပါသည်။)
✅ကလေးအထူးကုဆရာဝန်၊
✅အရိုးအကြောအဆစ် အထူးကုဆရာဝန်အဖွဲ့။
( အရေးပေါ်ထိခိုက်ဒဏ်ရာလူနာများကို ချက်ချင်းဆောင်ရွက်ပေးပါသည်။)
✅ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး၊
(အပါတ်စဉ် တနင်္ဂနွေ နေ့တိုင်း နေ့လည်(၁၁)နာရီမှာ ပြသနိုင်ပြီး၊ ဆီးကျောက် ဆီးကျိတ်ရောဂါများအတွက် မခွဲစိတ်ပဲ၊ မှန်ပြောင်းနည်းပညာအသုံးပြု၍ ကုသနိုင်ပါသည်။)
✅ဓါတ်မှန်အထူးကုဆရာဝန်ကြီး၊
( တီဗွီ ဓါတ်မှန် Ultrasound ကို အရေးပေါ်
ဆောင်ရွက်ပေးပါသည်။)
✅မေ့ဆေးအထူးကုဆရာဝန်အဖွဲ့၊
(စိတ်ချရသော မေ့ဆေး၊ ခါးရိုးထုံဆေးများကို အသုံးပြု၍ မနာကျင်ရအောင်ဆောင်ရွက်ပေ
ပါသည်။)
✅ဆေးရုံတက် အတွင်းလူနာများ(Inpatients)
ကို၊ အထူးကုဆရာဝန်ကြီးများ နေ့စဉ် စမ်းသပ်
ကြည့်ရှု ပေးသည့်အပြင်၊ ဆေးရုံအုပ်ကြီးဦးဆောင်သော ဆရာဝန်/သူနာပြုဆရာမ/သူနာ
ပြုအကူတို့က မနက်(၇)နာရီတွင်တကြိမ်၊ ည(၇)
နာရီတကြိမ် လိုက်လံစစ်ဆေးမေးမြန်း ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
✅ဆရာမကြီးဒေါ်မြင့်မြင့်မော် ကိုယ်တိုင်လည်း အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်အောင်
အနီးကပ်ကြည့်ကြပ်ဆောင်ရွက်ပေးနေပါသည်။

😊ကျန်းမာဖို့ယုံ သုခပြည့်စုံသို့ လာခဲ့ပါ။😊

Address

Marlar Street
Kyaukpadaung

Telephone

06152099

Website

Alerts

Be the first to know and let us send you an email when သုချပည့္စံုေဆးရံု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram