Zaw Meik Pharmacy ,Kyaukse

Zaw Meik Pharmacy ,Kyaukse Pharmacy လပြည့်၊ လကွယ်နေ့တိုင်းဆိုင်ပိတ်သည်။

“စျေးဝယ်သူများသို့ အသိပေးချက်”ဇော်မိတ် ဆေးဆိုင်နာမည် အားအသံုးပြု၍လိမ်လည်မှုများရှိနေပါသဖြင့် စျေးဝယ်သူများသိရှိနိုင်ရန် ...
14/08/2025

“စျေးဝယ်သူများသို့ အသိပေးချက်”
ဇော်မိတ် ဆေးဆိုင်နာမည် အားအသံုးပြု၍လိမ်လည်မှုများရှိနေပါသဖြင့် စျေးဝယ်သူများသိရှိနိုင်ရန် အကြောင်းြကားအပ်ပါသည်ရှင့်

ကျွန်မတို့ ဇော်မိတ်ဆေးဆိုင်တွင် Viber Group ထောင်၍ ပစ္စည်းများရောင်းချခြင်း ၊ပစ္စည်းမှာပြီး ကားဂိတ်သို့ တင်ပေးခြင်းများ လံုးဝ လုပ်ဆောင်ခြင်းမရှိပါရှင့်

ဆေးပစ္စည်းအား မှာယူ၍ လူကြံုရှိမှသာ စျေးဝယ်သူနှင့်သေချာမေးမြန်း၍ လာယူမည့်သူ အမည်၊ ဝယ်ယူသူအမည်တို့အား မေးမြန်းပြီးမှ ပေးပါသည်ရှင့်

Profile Picture တွင် ဖော်ပြပါ Logo ပါသည့် page တစ်ခုတည်းကိုသာ အသံုးပြုလျက်ရှိပါသည်

ဖုန်းနံပါတ်ကိုလည်း
09785154383
09426525296 ကိုသာ Viber အသံုးပြုပါသည်ရှင့်

စျေးဝယ်သူများ အမှားအယွင်းမရှိ သတိထားနိုင်ရန်အတွက် အသိပေးခြင်းဖြစ်ပါသည်ရှင့်

အားပေးမှုအား အစဉ်အမြဲကျေးဇူးတင်လျက် 🙏🏻🙏🏻🙏🏻
ဇော်မိတ် ဆေးဆိုင် မိသားစု

PLAID Somaderm THIN SPOT (Acne Care) ဝက်ခြံကပ် Hydrocolloid Dressing😱အရေးကြီးတဲ့ appointment ရှိတဲ့အချိန်မှ မျက်နှာမှာ ဝ...
07/08/2025

PLAID Somaderm THIN SPOT (Acne Care) ဝက်ခြံကပ် Hydrocolloid Dressing

😱အရေးကြီးတဲ့ appointment ရှိတဲ့အချိန်မှ မျက်နှာမှာ ဝက်ခြံထွက်လာပါသလား?

😱ကိုယ့်အတွက်အရေးကြီးတဲ့ Event တစ်ခုနီးခါမှ မျက်နှာမှာ ဝက်ခြံထွက်လာပါသလား?

😱ကိုယ်ချစ်တဲ့သူနဲ့ Date လုပ်ထားပြီးခါမှ မျက်နှာမှာ ဝက်ခြံထွက်လာပါသလား?

ဒီလိုမျိုးစိတ်အနှောင့်အယှက်ဖြစ်စရာတွေအတွက် အဖြေကရှိနေပါပြီ။

အရင်ဆုံး Acne ခေါ် ဝက်ခြံ ပေါက်ရတဲ့ Underlying Cause လေးကို ဆေးပညာဘက်မှနေ၍ စာဖတ်သူအများ သိအောင်အကျဥ်းချုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်။

🔴ဝက်ခြံဖြစ်ရခြင်းအခြေခံအကြောင်းအရင်း🔴

➡️ဝက်ခြံအများစု ဖြစ်ရတဲ့အကြောင်းအရင်းကတော့ မျက်နှာအရည်ပြားမှာရှိတဲ့ ချွေးထွက်ပေါက်ကလေးများ (Sweat Gland) တွင် ပိတ်နေသောအဆီများ၊ ဖုန်များ အစရှိတဲ့ အညစ်အကြေးများပိတ်ဆို့မှုကြောင့်၎င်းအရည်ပြားအတွင်းရှိ Sweat Gland ကလေးများ၏ ပြွန်ကလေးများတွင် ပိတ်ဆို့မှုဖြစ်ခါ အရည်ပြားမှာ အပြင်ကို ဆူထွက် ဖောင်းထွက်လာခဲ့ခြင်းဖြစ်ပါတယ်။

➡️ဝက်ခြံဟာ ကိုယ်တွင်းဟော်မုန်းဓာတ်များအပြောင်းအလဲဖြစ်ချိန်များ (ဥပမာ အမျိုးသမီးများလစဥ် ဓမ္မာတာမလာမှီ နှင့် လာပြီးရက်အပိုင်းအခြား၊ လူပျို အပျိုဖော်ဝင်စအချိန်များ၊ Physical Stress (or) Mental Stress များခံစားရချိန်များ (ဥပမာ စာမေးပွဲဖြေဆိုချိန်ကာလများ) အတွင်းမှာ အများဆုံး ဖြစ်ပေါ်တက်ပါတယ်။

➡️ဝက်ခြံပျောက်ကင်းရန် Antibiotic (or) အခြား chemical ပါပစ္စည်း များအသုံးပြုခြင်း၊ ကျွန်တော်တို့တွေအများဆုံးပြုလုပ်မိတဲ့ ဝက်ခြံအားလက်ဖြင့်ညှစ်ထုတ်များအား အတတ်နိုင်ဆုံးရှောင်ချဥ်ရမှာဖြစ်ပါတယ်။

အထူးသဖြင့် လက်ဖြင့်ညှစ်ခြင်းသည် အရေပြားများ ပျက်စီး ယောင်ရမ်းခြင်း၊ သေရာပါ အနာရွတ်များဖြစ်ပေါ်ြခင်း၊ ပိုးဝင်၍ infected acne (အရည်ပြားပိုးဝင်ခြင်း) သို့ကူးပြောင်း၍ ကုသပျောက်ကင်းရန်ခက်ခဲခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုကြဆင်းခြင်း အစရှိတဲ့ မကောင်းသော side effects များကိုဖြစ်ပေါ်လာစေသော အကြောင်းအရင်းလည်းဖြစ်ပါတယ်။

ထို့ကြောင့် ဝက်ခြံအားလက်ဖြင့်ညှစ်ထုတ်များ အား အတတ်နိုင်ဆုံးအထူးရှောင် ကြဥ်ရမှာဖြစ်ပါတယ်။

🟢ဝက်ခြံပျောက်ကင်းရန်အရိုးရှင်းဆုံးနည်းလမ်း🟢

✅တစ်နေ့လျင်မနက်တစ်ခါ၊ နေ့လည်တစ်ခါ (၂း၀၀-၄း၀၀ ကြား)၊ ညအိပ်ခါနီးတစ်ခါ မျက်နှာသစ်ဆပ်ပြာြဖင့် ညင်သာစွာ ဆေးကြောသန့်စင်ပါ။ တတ်နိုင်လျင် ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပါ။ အကြိမ်ဖန်များစွာမျက်နှာသစ်ခြင်းအား ရှောင်ကျဥ်ပါ။

အကြိမ်ဖန်များစွာမျက်နှာသစ်ခြင်းသည်မျက်နှာအရည်ပြားအားထိခိုက်ပျက်စီးစေပါသည်။

❎မျက်နှာအား လက်ဖြင့် ခဏ ခဏ ကိုင်ခြင်း၊ ပွတ်ခြင်းများအား ရှောင်ကျဥ်ပါ။

✅သန့်ရှင်းသော မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံးများအားအသုံးပြုပါ။

✅မည်သည့်ဝက်ခြံမဆို၊ မည်သည့်ဝက်ခြံပျောက်ဆေးရည်များ၊ အလှကုန်ပစ္စည်းများမဆို ၁-၂ ရက်အတွင်း မပျောက်ကင်း မသက်သာပါ။ မည်သည့်ပစ္စည်းများမသုံးလည်း အချိန်အတိုင်းအတာ တစ်ခုရောက်လျင် ဝက်ခြံသည် အလိုလို ပျောက်ကင်းသက်သာပါသည်။

✅ဖော်ပြပါ အကြောင်းအရာများကို လိုက်နာခြင်းဖြင့် ပိုမိုလျင်မြန်စွာ ပျောက်ကင်း၍ မျက်နှာအရည်ပြားကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

🍏What is PLAID Somaderm THIN SPOT?🍏

😊PLAID Somaderm THIN SPOT ဟာ Hydrocolloid Dressing ဖြင့်ပြုလုပ်ထားသော Acne Special Care Product တစ်ခုဖြစ်ပါတယ်။ Hydrocolloid ဝက်ခြံအရေပြားရှိ ပိတ်နေသောအဆီများ၊ ဖုန်များ အစရှိတဲ့ Exudates အညစ်အကြေးများကို အရေပြားအတွင်းမှ အမြန်ဆုံးစုပ်ထုတ်ပေးခါ ဝက်ခြံအားအမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။

😊PLAID Somaderm THIN SPOT ရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့ မပျောက်သေးတဲ့ ဝက်ခြံအား ချက်ချင်းအောက်ခံအသားရောင်ကဲ့သို့ကူးပြောင်းဖုံးအုပ်ပေးထားနိုင်တဲ့အတွက် လူအများနှင့် တွေ့ဆုံချိန်တွင် မိမိကိုယ် မိမိ Self-Confidence အပြည့်ရရှိစေနိုင်ပါတယ်။

✅PLAID Somaderm THIN SPOT ရဲ့အားသာချက်များကတော့✅

🥰Chemical ၊ ဓာတုဗေဒဆေးများ လုံးဝမပါရှိခြင်း။ Hydrocolloid သည် mechanical osmosis နည်းပညာဖြင့်သာဝက်ခြံပျောက်ကင်းအောင် ပြုလုပ်ခြင်း။

🥰Optimal Skin moisture environment ဖြစ်စေရန်ဖန်တီးပေး၍ ဝက်ခြံအားအကောင်းဆုံး နှင့် အမြန်ဆုံးပျောက်ကင်းစေခြင်း။ (Creates the moist environment for fast healing and minimizing scars by absorbing the exudates)

😉ဝက်ခြံကြောင့်ပျက်စီးသွားသော အရေပြားနေရာတွင် regeneration of new skin process အားအကောင်းဆုံးထောက်ပံ့ပေးခြင်း။

🙂Clear Fast Acne & Minimal Scarring (ဝက်ခြံကြောင့်ကျန်ခဲ့သော အမာရွတ်များအား အနည်းဆုံးဖြစ်စေရန် ကာကွယ်ပေးခြင်း)။ရေ၊ ဖုန်မှုန့်များ၊ ပိုးမွှားများမဝင်စေရန်ကာကွယ်ပေးခြင်း။ Protects from water, dust & bacteria.

👍ထိခိုက်ရှနာအသေးစားလေးများနှင့် ခြင်ကိုက်ယားနာ များတွင်ပါအသုံးပြုနိုင်ခြင်း။

အသုံးပြုပုံ- မျက်နှာအားဦးစွာသန့်စင်ဆေးကြောပါ။ ခြောက်သွေ့အောင်သုတ်ပါ။
- ဝက်ခြံပေါ်တွင် PLAID Somaderm THIN SPOT အဝိုင်းပြားလေးတစ်ခုအား
သေချာစွာကပ်ပါ။
- လိုအပ်လျှင် တစ်နေ့လျှင် ၂-၃ ခါ အသစ်လဲလှယ်အသုံးပြုပေးနိုင်ပါသည်။
- ဝက်ခြံစဖြစ်သည့်အချိန်၊ ဝက်ခြံပေါက်သွားချိန်များတွင်အသုံးပြုလျင်
အကောင်းမွန်ဆုံးဖြစ်ပါသည်။

🇰🇷Made in Korea🇰🇷
Crd

15/06/2025

ဇော်မိတ် ဆေးဆိုင် မူလဆိုင်နေရာ ပြန်လည် ပြင်ဆင်ပြီးဖြစ်ပါ၍ ဆိုင်ပြန်လည်ပြောင်းရွှေ့ရန်အတွက်
17.6.2025 နှင့် 18.6.2025 ဆိုင် ၂ ရက်ပိတ်မည်ဖြစ်ပါကြောင်းကြိုတင် အသိပေးအပ်ပါသည်ရှင့်

19.6.2025 တွင်နဂိုနေရာတွင်ပံုမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်ရှင့်
အားပေးမှုအား အစဉ်အမြဲကျေးဇူးတင်လျက်🙏🏻🙏🏻🙏🏻
ဇော်မိတ် ဆေးဆိုင်မိသားစု

12/04/2025

18.4.2025 (နှစ်ဆန်း ၂ ရက်နေ့)မှစ၍ ဇော်မိတ်ရွှေဆိုင်၏ တောင်ဘက်ကပ်လျက်တွင် ဇော်မိတ် ဆေးဆိုင်အားပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အားပေးမှုအား အစဉ်အမြဲကျေးဇူးတင်လျက် 🙏🏻🙏🏻🙏🏻
ဇော်မိတ် ဆေးဆိုင်မိသားစု

ဆိုင်ဖွင့်ချိန် မနက် ၇ နာရီခွဲမှ ညနေ ၄ နာရီအထိ

02/04/2025

စျေးဝယ်သူများရှင့်
ဆေးနှင့်ဆေးပစ္စည်းများကို အေးမြကြည်လင်စျေး အနားရှိ ဇော်မိတ် (II) နှင့် ရဲစုတံတားအနီးရှိ ဇော်မိတ် (III) တို့တွင် ဝယ်ယူနိုင်ပါသည်

ဇော်မိတ် (၁) ဖွင့်မည့်ရက်နှင့် အချိန်၊နေရာအား ပြန်လည်ပြောကြားပေးပါမည်ရှင့်
ဖွင့်နိုင်ရန် ကြိုးစားနေပါသည်။

31/03/2025

ဇော်မိတ် ဆေးဆိုင် (I,II,III) ဆိုင်များအားလုံးသဘာဝဘေးအန္တရာယ်ကြောင့် ဆိုင်အတွင်းပိုင်းများပျက်စီးသွားပါသဖြင့် ရောင်းသူဝယ်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆိုင်များအားပြင်ဆင်ရန် အချိန်လိုအပ်ပါသည်။
ပြင်ဆင်ပြီးချိန်နှင့် ဆိုင်ဖွင့်မည့် အချိန်နှင့် နေရာတို့အား ပြန်လည်အသိပေး အကြောင်းကြားပေးပါမည်ရှင့်
ပြည်သူပြည်သားအားလုံး ကပ်ကြီးဘေးမှ ကင်းလွတ်နိုင်ကြပါစေ

အားပေးမှုကို ကျေးဇူးတင်လျက်
ဇော်မိတ်ဆေးဆိုင်မိသားစု🙏🏻🙏🏻🙏🏻

Fame productsNeem Mouthwash Clove Mouthwash ပြန်လည်ဝယ်ယူနိုင်ပါပြီ
21/11/2024

Fame products
Neem Mouthwash
Clove Mouthwash ပြန်လည်ဝယ်ယူနိုင်ပါပြီ

🤦🏼‍♀️ သွားကိုက်ခြင်း သွားနာခြင်း သွားဖုံးရောင်ခြင်း
🤦🏼‍♀️ အာသီးရောင်ခြင်း ပါးစပ်အနာပေါက်ခြင်း နှင့်
🤦🏼‍♀️ ခံတွင်း အနံ့ဆိုးများ ကင်းဝေးစေရန်
💢𝐂𝐥𝐨𝐯𝐞 𝐌𝐨𝐮𝐭𝐡 𝐖𝐚𝐬𝐡 (လေးညှင်းသွားကိုက်ပျောက်ဆေးရည်)💢
တစ်ဘူး (𝟐𝟒𝟎 𝐦𝐥) - 𝟒,𝟎𝟎𝟎 𝐤𝐬

🌬 ခံတွင်းအနံ့ဆိုးတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ တွယ်ကပ်နေခြင်းမှ ဟန့်တားပေးနိုင်ပေးတဲ့အတွက် ခံတွင်းအနံ့ကို သန့်ရှင်းမွှေးပျံ့စေတဲ့အပြင် ❌ သွားပိုးမစားအောင် ❌ သွားချေးမတက်အောင် ❌ အာသီးရောင်တာ ❌ ပါးစပ်ထဲအနာပေါက်တာ ❌ သွားဖုံးနာတာတွေအပြင် ❌ ခံတွင်းကင်ဆာ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်တဲ့
👄 𝐍𝐞𝐞𝐦 𝐌𝐨𝐮𝐭𝐡 𝐖𝐚𝐬𝐡 (တမာခံတွင်းသန့်ဆေးရည်) 👄
တစ်ဘူး (𝟐𝟒𝟎 𝐦𝐥) - 𝟒,𝟎𝟎𝟎 𝐤𝐬

သွားနဲ့ခံတွင်းကျန်းမာရေးကို သေချာဂရုမစိုက်ရင်
🦷️ သွားပိုးစားမယ်၊ ခံတွင်းနံ့နံမယ်၊ သွားတွေကျိုးလွယ်ပဲ့လွယ်မယ်
ဒါကို အားလုံးသိပြီးကြပြီးဖြစ်မှာပါ...

သွားနဲ့ခံတွင်းကျန်းမာရေးက သွားတွေ၊ ခံတွင်းတွေ သီးသန့်အတွက်တင်မဟုတ်ပဲ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက်ပါ အရေးပါတယ်ဆိုတာကိုကော သိပြီးကြပြီလား❓❓❓
🦠️ သွားနဲ့ခံတွင်းကျန်းမာရေးကို သေချာဂရုမစိုက်သူတွေရဲ့ သွားတစ်ချောင်းစီပေါ်မှာ ရောဂါပိုး ဘက်တီးရီးယား အရေအတွက် သန်း ၁၀၀ ကနေ သန်း ၁၀၀၀ (တစ်ဘီလီယံ) အထိတွေ့ရလေ့ရှိပါတယ်..
🦠️ဒီရောဂါပိုးတွေ သွားနဲ့ ခံတွင်းကနေတဆင့် ခန္ဓာကိုယ်အနှံ့အပြားကို ပျံ့နှံ့ဝင်ရောက်သွားရင် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ တွေဖြစ်ပွားနိုင်ပြီး ဦးနှောက်နှင့် အာရုံကြောကိုရောက်ရှိတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ (dementia) နဲ့ အော်ဇိုင်းမားရောဂါ တွေဖြစ်ပွားနိုင်တာကြောင့် သက်တမ်းတိုတိုသာနေရနိုင်ကြောင်း ကြောက်စရာ တွေ့ရှိရပါတယ်..

ဒါကြောင့် သွားနဲ့ခံတွင်း ကျန်းမာရေးကို ကလေးနေစပြီး လူကြီးတွေအထိ ဂရုတစိုက်နဲ့
✅ တစ်နေ့ကို ၂ကြိမ် သွားကို နည်းစနစ်မှန်ကန်စွာတိုက်ပေးပါ။ သွားတိုက်တဲ့အခါ (၂)မိနစ် - (၃) မိနစ်ခန့်ကြာအောင်တိုက်ပါ။
✅ သွားပွတ်ကြိုး (Dental Floss) နဲ့ သွားကြားတွေတိုင်းကို တစ်နေ့ တစ်ကြိမ်သန့်ရှင်းပါ။
✅ (၆)လ တစ်ကြိမ် သွားနှင့်ခံတွင်းဆရာဝန်ထံမှာ သွားကျန်းမာရေးစစ်ဆေးမှုခံယူပါ။
✅ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။

ပလုတ်ကျင်းဖို့ အတွက် ဘာတွေကောင်းလဲရှာနေရင်တော့ 𝐅𝐀𝐌𝐄 ရဲ့ ဈေးချိုသာပြီး ထိရောက်တဲ့
💢𝐂𝐥𝐨𝐯𝐞 𝐌𝐨𝐮𝐭𝐡 𝐖𝐚𝐬𝐡 (လေးညှင်းသွားကိုက်ပျောက်ဆေးရည်)💢နဲ့
👄 𝐍𝐞𝐞𝐦 𝐌𝐨𝐮𝐭𝐡 𝐖𝐚𝐬𝐡 (တမာခံတွင်းသန့်ဆေးရည်) 👄 ကို သတိရလိုက်ပါ....😘

အသုံးပြုပုံ
======
တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ်၊ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးနိုင်ပါတယ်ရှင်..
===============
𝐅𝐀𝐌𝐄 ဆေးဝါးများကို
အေးရိပ်မွန်ဆေးဆိုင် (မင်္ဂလာဈေးနှင့် ရွှေပြည့်စုံဈေး)၊ ရွှေအိုးဆေးဆိုင်များ၊ 𝐂𝐢𝐭𝐲 𝐌𝐚𝐫𝐭 , 𝐎𝐜𝐞𝐚𝐧, 𝐌𝐚𝐫𝐤𝐞𝐭𝐩𝐥𝐚𝐜𝐞 ရှိ 𝐂𝐢𝐭𝐲 𝐂𝐚𝐫𝐞ဆေးကောင်တာများ၊ 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 ဆေးဆိုင်များ၊ 𝐋𝐢𝐟𝐞 𝐏𝐥𝐮𝐬 ဆေးဆိုင်များ၊
ဘေးမခဆေးဆိုင်များ၊ မေတ္တာထူးဆေးဆိုင်များ၊ ပိတောက်ဦးဆေးဆိုင်များ၊
𝐊𝐘 & 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐞𝐬 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 (မန္တလေး)၊ 𝐖𝐢𝐧 𝐌𝐞𝐝 ဆေးဆိုင်များ (မန္တလေး)၊ ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင်များ နှင့် နွေမိုးဆောင်းဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်။

🚚𝐅𝐀𝐌𝐄 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 မှမှာယူချင်တယ်ဆိုရင်တော့
☎️𝟎𝟗 𝟗𝟓 𝟓𝟎𝟎 𝟓𝟎𝟎𝟎
☎️𝟎𝟗 𝟕𝟓 𝟐𝟕𝟑 𝟏𝟗𝟎𝟖
☎️𝟎𝟗 𝟕𝟓 𝟐𝟖𝟒 𝟏𝟗𝟎𝟖
☎️𝟎𝟗 𝟗𝟓 𝟔𝟏𝟔 𝟏𝟗𝟎𝟖
☎️𝟎𝟗 𝟗𝟔 𝟓𝟏𝟐 𝟏𝟗𝟎𝟖
☎️𝟎𝟗 𝟗𝟖 𝟓𝟐𝟏 𝟏𝟗𝟎𝟖 နံပါတ်များသို့
တနင်္လာမှ သောကြာ (မနက် 𝟕:𝟒𝟓 နာရီမှ ညနေ 𝟒:𝟎𝟎 နာရီအတွင်း) ဆက်သွယ်နိုင်ပါတယ်ရှင်။

⚠️ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များပိတ်ပါသည်။⚠️



15/10/2024

16.10.2024
17.10.2024 သီတင်းကျွတ်ဆိုင်(၂ ) ရက်ပိတ်ပါသည်ရှင်

ဈေးသင့်ပြီး နှစ်လုံးတွဲသောက်ရတဲ့ ထူးခြားတဲ့ ကိုယ်ဝန်ဆောင်ဆေး Fertina 🤰🏻ဆေးတွေ ၂ မျိုး ၃ မျိုး မ၀ယ်ချင်ဘူး၊  လုံလောက်တဲ့ ...
08/10/2024

ဈေးသင့်ပြီး နှစ်လုံးတွဲသောက်ရတဲ့ ထူးခြားတဲ့ ကိုယ်ဝန်ဆောင်ဆေး Fertina 🤰🏻

ဆေးတွေ ၂ မျိုး ၃ မျိုး မ၀ယ်ချင်ဘူး၊ လုံလောက်တဲ့ အာဟာရတွေ မပါ၀င်မှာလည်း စိုးတယ်၊ Quality ကောင်းတာလေး ဈေးသင့်တာလေး လိုချင်တာဆိုတဲ့ မိခင်များအတွက် Fertina က အထူးသင့်လျော်ပါတယ်။ Fertina ကို Germany 🇩🇪 နိုင်ငံမှ ထုတ်လုပ်ထားပြီး
💊 အဖြူရောင် (Vital Complex Capsule) လေးမှာ Vitamin နဲ့ Mineral ၁၈ မျိုးပါဝင်ပြီး သန္ဓေသားအတွက် အရေးကြီးတဲ့ Folic Acid 600 mcg ပါဝင်တာကြောင့် ကျောရိုးနှင့် အာရုံကြောအဖွဲ့အစည်းအတွက် အားဖြည့်ပေးပြီး ကိုယ်လက်အဂါ ပြည့်စုံတဲ့ ပေါင်ပြည့် လစေ့ကလေး မွေးဖွားပေးနိုင်ပါတယ်။
💊 အဝါရောင် (Omega 3 Capsule) လေးမှာ DHA 225 mg ပါဝင်တာကြောင့် ကလေးဥာဏ်ရည်ထက်မြက်မှုကို များစွာအထောက်အကူပြုပါတယ်။
တစ်ခါသောက် ၂လုံးတွဲသောက်ရတဲ့ (အလုံး ၃၀+၃၀) ပါတဲ့ (၁) လသောက်စာ တစ်ဘူးကိုမှ 48,000 MMK ကျသင့်မှာဖြစ်ပါတယ်။

#မေမေ့ရဲ့ပထမဆုံးလက်ဆောင်မွန် #ကိုယ်ဝန်ဆောင်အားဆေး

14/08/2024

ဆေးပစ္စည်းလက်ကျန်(Stock)စစ်ဆေးနေပါသဖြင့်ဆိုင် (၁ )ရက်ပိတ်ပါသည်
ရှင့်

ဇော်မိတ် ဆေးဆိုင်မှာ ဝယ်ယူအားပေးနေကြတဲ့ ကျေးဇူးရှင်အပေါင်းတို့အား အသိပေး အကြောင်းကြားအပ်ပါတယ်ရှင့်ယခုတွင် ကျွန်မတို့မှာလ...
08/08/2024

ဇော်မိတ် ဆေးဆိုင်မှာ ဝယ်ယူအားပေးနေကြတဲ့ ကျေးဇူးရှင်အပေါင်းတို့အား အသိပေး အကြောင်းကြားအပ်ပါတယ်ရှင့်
ယခုတွင် ကျွန်မတို့မှာလည်း ဆေးပစ္စည်းများအား လိုအပ်သလောက် ဝယ်ယူလို့ မရပါဘူး။
စားသံုးသူလူတိုင်းကို မျှတစွာရစေချင်သောစိတ်ဖြင့်
ကျွန်မတို့မှလည်း လူကြီးမင်းတို့အား လူကြီးမင်းတို့လိုအပ်သော အရေအတွက်အတိုင်းရောင်းချမပေးနိုင်တာကို မေတ္တာရှေ့ထားပြီး နားလည် ပေးစေချင်ပါတယ်ရှင့်။လူကြီးမင်းတို့က ပိုက်ဆံပေးဝယ်တာ လို့ပြောတာမှန်ပေမယ့်လည်း ကျွန်မတို့မှာလည်း အခက်အခဲများစွာကြားထဲမှ ရောင်းချပေးနေရတာဖြစ်ပါတယ်။
ထိုသို့သော အကြောင်းအရာများကြောင့် လိုသလောက်မရောင်းပေးနိုင်တာကို နားလည်စေချင်ပါတယ်ရှင့်
ဝယ်ယူအားပေးမှုကိုလညး်အမြဲတမ်း ကျေးဇူးတင်ပါတယ်ရှင့်

Address

Kyaukse

Opening Hours

Monday 07:30 - 18:00
Tuesday 07:30 - 18:00
Wednesday 07:30 - 18:00
Thursday 07:30 - 18:00
Friday 07:30 - 18:00
Saturday 07:30 - 18:00
Sunday 07:30 - 18:00

Telephone

+959785154383

Website

Alerts

Be the first to know and let us send you an email when Zaw Meik Pharmacy ,Kyaukse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram