ကျောက်ဆည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့

  • Home
  • Myanmar
  • Kyaukse
  • ကျောက်ဆည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့

ကျောက်ဆည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့သိ? ရှေးဦးပြုစုခြင်း သင်တန်းပေးခြင်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ( ) ​​​​တိုက်ခတ်ပြီးနောက် ရေလွှမ်းမိုးမှုဖြင့် ကြုံတွေပါက ဖော်ပြပါအချက်များ သတိပြုဆောင်ရွက်န...
15/05/2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ( ) ​​​​တိုက်ခတ်ပြီးနောက် ရေလွှမ်းမိုးမှုဖြင့် ကြုံတွေပါက ဖော်ပြပါအချက်များ သတိပြုဆောင်ရွက်နိုင်ပါသည်။

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ ( ) ​​​​ဖြစ်ပေါ်နေစဥ် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည့် မြေပြိုခြင်း ​အန္တရ...
15/05/2023

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ ( ) ​​​​ဖြစ်ပေါ်နေစဥ် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည့် မြေပြိုခြင်း ​အန္တရာယ်အားသတိပြု နိုင်ပါရန် ဖော်ပြအပ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၃၃/၂၀၂၃)========================================(၂၀၂၃ ခုနှစ်၊ မေလ (၁၅)ရက်နေ့၊ မြ...
15/05/2023

ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၃၃/၂၀၂၃)
========================================
(၂၀၂၃ ခုနှစ်၊ မေလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
===========================================

(က) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အခြေအနေ
---------------------------------------------------------

(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်း ပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သော အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) မိုခါ (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) မိုခါ (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့ ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။

(၂) မုန်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီး ရောက်ရှိ နေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့ကို အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းဖြတ်ကျော်ပြီး ဖြစ်သည့်အတွက် အစိမ်းရောင် အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) နောက်(၁၂)နာရီအတွင်း ခန့်မှန်းချက်
--------------------------------------------
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း မိုခါ သည် နောက်(၆)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး(မြောက်ပိုင်း)၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် ကချင်ပြည်နယ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွား နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) သတိပေးနှိုးဆော်ချက်
------------------------------
(၁) ဆိုင်ကလုန်းမုန်တိုင်း မိုခါ ၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒေသအလိုက် နှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်ခန့် တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
(၃) စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)ခန့်နှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ် နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ ရွေ့လျားရာတစ်လျှောက်ရှိ ဒေသ များအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင် ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုအပ်ပါသည်။

credit

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ ( ) ​​​​ဖြစ်ပေါ်နေစဥ် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ရှိ​သော အခြ...
14/05/2023

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ ( ) ​​​​ဖြစ်ပေါ်နေစဥ် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ရှိ​သော အခြေအနေအားသတိပြု နိုင်ပါရန် ဖော်ပြအပ်ပါသည်။

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၂၅/၂၀၂၃)-------------------------------------------------...
14/05/2023

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၂၅/၂၀၂၃)
-----------------------------------------------------------------------------------
(၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
--------------------------------------------------------------------------------
(က) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)အခြေအနေ
-------------------------------------------------------------------
(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) မိုခါ(MOCHA)သည် မြောက်-အရှေ့မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၁၃၅)မိုင်ခန့်၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်-အနောက်တောင် ဘက် ရေမိုင်(၁၄၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင်(၂၃၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Coxs Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၈၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်း၏ လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
-----------------------------------------------------------------------------------
အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မြန်မာ စံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၈.၅)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၉၁.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၃၈)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၂၅)မိုင်မှ (၁၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက်(၃၆)နာရီအတွင်း ခန့်မှန်းချက်

အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မုန်တိုင်း၏ အပြင်ဘက်ဆုံး အဝန်းအဝိုင်းသည် ရခိုင်ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော်လျက်ရှိကာ၊ မုန်တိုင်း၏ဗဟိုချက်သည် နေ့လယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဆီသို့ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ အနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်

(၁) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ၏အရှိန်ကြောင့် ယနေ့နံနက်မှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(၂) သို့ဖြစ်ပါ၍ နောက်(၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက် ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၁၁၀)မှ မိုင်(၁၂၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်း အမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၆)ပေမှ ပေ(၂၀)ခန့် ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက် ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)ခန့်အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။
(၃) ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၁၀)မှ မိုင် (၁၂၀)ခန့်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၇၀)မှ မိုင်(၉၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူ ခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆)ပေမှ ပေ(၂၀)ခန့်အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းရပါသည်။
(၅) အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ ၏အရှိန် ကြောင့် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် မုန်တိုင်းဒီရေ အန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြု နေထိုင်ကြပါရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံးဝ (လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန် ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် သွားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

Credit

ဆိုင်ကလုန်း Mocha သည် ယခုသီတင်းပတ်ကုန်တွင် ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။ ဘေးအန္...
13/05/2023

ဆိုင်ကလုန်း Mocha သည် ယခုသီတင်းပတ်ကုန်တွင် ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။ ဘေးအန္တရာယ်၏ သက်ရောက်မှုများကို လျှော့ချရန် သင့်အနေဖြင့် အောက်ဖော်ပြပါအချက်အလက်များကို ပြင်ဆင်ထားနိုင်ပါသည်။

ဤသတင်းစကားအား သင်၏ ရပ်ရွာအသိုင်းအဝိုင်းများ၊ ချစ်ခင်ရသူများနှင့် မျှဝေပါ။

ကြိုတင်ပြင်ဆင်ခြင်း။

ကြိုတင်ပြင်ဆင်မှုရှိထားခြင်းသည် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် သဘာဝ ဘေးအန္တရာယ်၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချရန်အတွက် အဓိကကျသည့် လုပ်ငန်းဖြစ်သောကြောင့်ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ထားရန် အရေးကြီးပြီး ယခုပင်ပြင်ဆင်ထားပါ။

စွန့်ခွာခြင်း

• အစီအစဥ်ချမှတ်ထားပြီး လေ့ကျင့်ထားပါ။ စွန့်ခွာမည် (သို့) ဆက်လက်နေမည်ကို စောစီးစွာ ဆုံးဖြတ်ထားပါ။
• စွန့်ခွာမည့်လမ်းကြောင်းအား လုံခြုံစိတ်ချမှုရှိစေရန် ကြိုတင်ပြင်ဆင်ပါ။
• စွန့််ခွာလျှင် မည်သည့်နေရာကိုသွားရမည်ကို သိထားပါ။ မည်သည့်ယာဥ်အမျိုးအစားကို အသုံးပြုရမည်ကိုသိထားပါ။

အထုပ်အပိုးများထုပ်ပိုးခြင်း

• သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်မီ ရေလုံသည့်အိတ် တစ်ခုအား ပြင်ဆင်ထားပါ။
• ယင်းအိတ်အား သယ်ပိုးရလွယ်ကူစေရန် ဆောင်ရွက်ထားပါ။
• ယင်းအိတ်တွင်ပါဝင်သင့်သည့်ပစ္စည်းများ - ဆေးဝါးများ၊ အဝတ်အစားနှင့် ဖိနပ်အပို၊ ဓာတ်ခဲများ၊ လက်နှိပ်ဓာတ်မီးနှင့် မီးခြစ်များ၊ အခြေခံအစားအစာများ၊ နိုင်ငံသားမှတ်ပုံတင်နှင့် အရေးကြီး စာရွက်စာတမ်းများ၊ လုံလောက်သည့်သောက်သုံးရေ

ဆက်သွယ်ရေး

• စွန့်ခွာလျှင် မည်သည့်နေရာကို မည်ကဲ့သို့ သွားမည်ကို သိထားပါ။
• မူလနေရာကို စွန့်ခွာ၍ သွားရောက်မည့်နေရာကို မိသားစု ဆွေမျိုးများအား အသိပေးထားပါ။
• ဘေးအန္တရာယ်ပြီးဆုံးသည့်နောက် မိသားစုဆွေမျိုးများကို မည်သို့ဆက်သွယ်ရမည်ကို သိရှိထားပါ။
• ဘေးအန္တရာယ်ပြီးဆုံးသည့်နောက် သင့်အခြေအနေကို မည်သူအား မည်သို့အကြောင်းကြားရမည်ကို သိရှိထားပါ။
• ပျောက်ဆုံးနေသူများ၏ သတင်းအချက်အလက်ကို မည်သည့်နေရာတွင် ရှာဖွေရမည်ကို သိရှိထားပါ။

Credit to ICRC

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၁၇/၂၀၂၃)===========================================(၂၀၂၃ ...
13/05/2023

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၁၇/၂၀၂၃)
===========================================

(၂၀၂၃ ခုနှစ်၊ မေလ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
================================================

(က) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)အခြေအနေ
-----------------------------------------------------------------------------

(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာ နိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက် တောင်ဘက် ရေမိုင်(၃၀၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင် ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ မြောက်- အနောက်မြောက်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၈၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အနီရောင်အဆင့်သည် မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ (၁၂)နာရီအလိုအချိန်ဟု သတ်မှတ်ထားသော်လည်း ယခုဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော် နိုင်သည့်အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
-------------------------------------------------------------------------

အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၅.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟို ချက်လေဖိအား (၉၆၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၁၀၅)မှ (၁၁၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်
--------------------------------------------
အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)တို့ကြား စစ်တွေမြို့(Sittwe)အနီးမှ (၁၄.၅.၂၀၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ”(MOCHA)အနေဖြင့် ဆက်လက်ရွေ့ လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်
----------------------------------
(၁) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”(MOCHA)၏အရှိန်ကြောင့် ယနေ့နံနက်မှ (၁၅.၅.၂၀၂၃) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(၂) သို့ဖြစ်ပါ၍ ယနေ့နံနက်မှ (၁၄.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၉၀)မှ မိုင်(၁၁၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၄)ပေမှ (၁၈)ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမ ကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
(၃) ယနေ့နံနက်မှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)မှ မိုင်(၁၁၀)ခန့်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၄)ပေမှ (၁၈)ပေခန့်အထိ နှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။
(၅) အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)၏အရှိန်ကြောင့် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီး ခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် မုန်တိုင်းဒီရေအန္တရာယ်ကို ကြိုတင် သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘော များအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် သို့ လုံးဝ (လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင် ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

credit

အခက်အခဲရှိတဲ့သူတွေအတွက် ရှေးဦးပြုစုခြင်းနှင့် အရေးပေါ် လူနာတင်ယာဉ်လုပ်ငန်းတွေကို  မြန်မာနိုင်ငံကြက်ခြေနီအသင်းက နိုင်ငံတစ်...
13/02/2023

အခက်အခဲရှိတဲ့သူတွေအတွက် ရှေးဦးပြုစုခြင်းနှင့် အရေးပေါ် လူနာတင်ယာဉ်လုပ်ငန်းတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက နိုင်ငံတစ်ဝန်းမှာ အကူအညီပေးနေပါတယ်။

ကြက်ခြေနီအနေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ လူနာ၊ မွေးလူနာ၊ နာမကျန်းဖြစ်တဲ့ လူနာတွေကို အချိန်၊ နေရာမရွေး ဆင်းရဲချမ်းသာမရွေး ကူညီပို့ဆောင်ပေးလျက်ရှိရာ COVID-19 ကာလဖြစ်တဲ့ ၂၀၂၀ ခုနှစ် မှ ၂၀၂၂ ခုနှစ်အတွင်း မှာဆိုရင်လည်း အများဆုံး အကူအညီပေးခဲ့ကြ ပါတယ်။

ယခုလို ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ဆိုရင် ကြက်ခြေနီလူနာတင်ယာဉ် အတွက် လိုအပ်ချက်တွေ ရှိနေပါတယ်။

ဒီလိုအပ်ချက်တွေအတွက် မော်တော်ယာဉ်ကြံ့ခိုင်မှု၊ စက်သုံးဆီနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာများ ဝယ်ယူဖြည့်တင်းနိုင်ဖို့ အလှူရှင်များ လိုအပ်လျက်ရှိပါတယ်။

အချို့သော လူနာရှင်များ၊ အလှူရှင်များက ကြက်ခြေနီလူနာတင်ယာဉ် ဝန်ဆောင်မှုအတွက် သဒ္ဒါတရား ထက်သန်စွာလှူဒါန်းပေးကြတာတွေ ရှိပါသော်လည်း လိုအပ်ချက်က ရှိနေဆဲပါ။

ယခုလို ကြက်ခြေနီလူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် လှူဒါန်းပေးကြဖို့ အလှူရှင်များကို
ဖိတ်ခေါ်ပါရစေနော်။

ကျောက်ဆည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့
ဆက်သွယ်လှူဒါန်း / အကူအညီတောင်းခံလိုပါက
09 - 666669601
09 - 402526768

#လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ
#

👉ကြက်ခြေနီအမှတ်အသားကို လွဲမှားစွာအသုံးပြုခြင်းသည် လက်နက်ကိုင်ပဋိပက္ခကာလများတွင် အမှတ်အသား၏အကာအကွယ်ပေးနိုင်စွမ်းကို လျော့က...
11/01/2023

👉ကြက်ခြေနီအမှတ်အသားကို လွဲမှားစွာအသုံးပြုခြင်းသည် လက်နက်ကိုင်ပဋိပက္ခကာလများတွင် အမှတ်အသား၏အကာအကွယ်ပေးနိုင်စွမ်းကို လျော့ကျစေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေသူများ၏ လုံခြုံဘေးကင်းစွာသွားရောက်နိုင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

#ကြင်နာစိတ်ထားကြက်ခြေနီများလူတိုင်းအပေါ်ကူညီသွား

10-3-2022သံရွာတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသောကျောက်ဆည်မြို့နယ် သံရွာအုပ်စု ညွန့်ပင်ရွာ‌မွေးလူနာ မသင်းမာ အသက်(၃၉)နှ...
10/03/2022

10-3-2022
သံရွာတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော
ကျောက်ဆည်မြို့နယ် သံရွာအုပ်စု ညွန့်ပင်ရွာ
‌မွေးလူနာ မသင်းမာ အသက်(၃၉)နှစ်မှ
အရေးပေါ် "AB"သွေးလိုအပ်၍
သံရွာတိုက်နယ် ကြက်ခြေနီအသင်းခွဲငယ်အား အကူညီတောင်းခံလာသဖြင့်
လိုအပ်‌နေ သော "AB" သွေးအား
သံရွာတိုက်နယ် ကြက်ခြေနီအသင်းခွဲငယ်
စေတနာ့လုပ်အားရှင် ဒေါ်အေးအေးခိုင် မှ လိုအပ်သောသွေးအား လှူဒါန်းပေးခဲ့ပါသည်။

🏥
#ကျောက်ဆည်မြို့နယ်_ကြက်ခြေနီသူနာပြုတပ်ဖွဲ့
#ကျောက်ဆည်မြို့နယ်_ကြက်ခြေနီအသင်းခွဲ

😷
်ပါ
#လက်ဆေးပါ
#ခပ်ခွာခွာနေပါ

🚑⛑️
#အကူညီလိုအပ်ပါက_

သို့မဟုတ်_‌

💵
လူမှု့ဂရုဏာလုပ်ငန်းများပိုမိုလုပ်ဆောင်နိုင်ရန်ပါဝင်လှူဒါန်းလိုပါက

📱
09-666669601(တပ်ခွဲမှူးလှိုင်မင်းထက်)

09-402526768(တပ်ခွဲမှူး ပြည်စိုး)

09-402592639(မြို့နယ်တပ်ဖွဲ့မှူးသက်နိုင်ဦး)

@@@@@@@@@@@@@@@@@@@

သံရွာကြက်ခြေနီအသင်းခွဲငယ် သို့ အကူညီတောင်းခံလိုပါက(သို့) လှူဒါန်းလိုပါက
---------------------------------------------
09402491098 ဒေါက်တာနေဇာထွန်း ( ဥက္ကဋ္ဌ- သံရွာ ကြက်ခြေနီအသင်းခွဲငယ်)

09785510093 (‌‌ဒုတပ်ခွဲမှူး နွယ်နွယ်ဝင်း)

09770239608(တပ်ကြပ်ကြီး ထွန်းထွန်းဝင်း)

10-3-2022သံရွာတိုက်နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေသောကျောက်ဆည်မြို့နယ် ပဒုမ္မာပြည်တော်သာရွာ မှ လူနာ မ***** အသက်(၂၁)နှစ် အ...
10/03/2022

10-3-2022
သံရွာတိုက်နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေသော
ကျောက်ဆည်မြို့နယ် ပဒုမ္မာပြည်တော်သာရွာ မှ လူနာ မ***** အသက်(၂၁)နှစ် အတွက် အရေးပေါ် "A"သွေးလိုအပ်နေပါသဖြင့် သံရွာတိုက်နယ်ကြက်ခြေနီ အသင်းခွဲငယ်အား အကူညီတောင်းခံလာသဖြင့်လိုအပ် နေသော "A" သွေးအား သံရွာတိုက်နယ် ကြက်ခြေနီ အသင်းခွဲငယ် မှ တပ်ဖွဲ့ဝင်အသင်းဝင် တစ်ဦးဖြစ်သော တသခင်စန်းဝင်း မှလှူဒါန်းပေးခဲ့ပါသည်။

🏥
#ကျောက်ဆည်မြို့နယ်_ကြက်ခြေနီသူနာပြုတပ်ဖွဲ့
#ကျောက်ဆည်မြို့နယ်_ကြက်ခြေနီအသင်းခွဲ

😷
်ပါ
#လက်ဆေးပါ
#ခပ်ခွာခွာနေပါ

🚑⛑️
#အကူညီလိုအပ်ပါက_

သို့မဟုတ်_‌

💵
လူမှု့ဂရုဏာလုပ်ငန်းများပိုမိုလုပ်ဆောင်နိုင်ရန်ပါဝင်လှူဒါန်းလိုပါက

📱
09-666669601(တပ်ခွဲမှူးလှိုင်မင်းထက်)

09-402526768(တပ်ခွဲမှူး ပြည်စိုး)

09-402592639(မြို့နယ်တပ်ဖွဲ့မှူးသက်နိုင်ဦး)

@@@@@@@@@@@@@@@@@@@

သံရွာအနီးတစ်ဝိုက် အကူညီလိုအပ်ပါက-

သံရွာကြက်ခြေနီအသင်းခွဲငယ် သို့ အကူညီတောင်းခံလိုပါက(သို့) လှူဒါန်းလိုပါက
---------------------------------------------
09402491098 ဒေါက်တာနေဇာထွန်း ( ဥက္ကဋ္ဌ- သံရွာ ကြက်ခြေနီအသင်းခွဲငယ်)

09785510093 (‌‌ဒုတပ်ခွဲမှူး နွယ်နွယ်ဝင်း)

09770239608(တပ်ကြပ်ကြီး ထွန်းထွန်းဝင်း)

သွေးလှူဒါန်းခြင်းဖြင့် အသက်များစွာ ကယ်တင်နိုင်ပါတယ်။ 🩸🩸🩸   Crd.  MRCSကျောက်ဆည်မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့https://t....
09/03/2022

သွေးလှူဒါန်းခြင်းဖြင့် အသက်များစွာ ကယ်တင်နိုင်ပါတယ်။ 🩸🩸🩸



Crd. MRCS

ကျောက်ဆည်မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့
https://t.me/kyaukseredcross

Address

Kyaukse

Alerts

Be the first to know and let us send you an email when ကျောက်ဆည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share