ထွန်း ဆေးဆိုင် - ကျောက်ဆည်မြို့

  • Home
  • Myanmar
  • Kyaukse
  • ထွန်း ဆေးဆိုင် - ကျောက်ဆည်မြို့

ထွန်း ဆေးဆိုင် - ကျောက်ဆည်မြို့ This pharmacy provides quality health products and advice.

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့မှုကို ခိုင်ခံ့အောင် ပြန်လည်ပြင်ဆင်ပြီး ဖြစ်ပါသဖြင့်ထွန်း ဆေးခန်းကို ယခင် နေရာ (ကံဦးရပ်၊ ရန်...
18/07/2025

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့မှုကို ခိုင်ခံ့အောင်
ပြန်လည်ပြင်ဆင်ပြီး ဖြစ်ပါသဖြင့်
ထွန်း ဆေးခန်းကို
ယခင် နေရာ (ကံဦးရပ်၊ ရန်ကုန် မန်းလေး လမ်းမ‌ဘေး)
တွင် ပြန်လည်ဖွင့်လှစ် လိုက်ပါပြီ

၄မျိုးစပ် ရာသီတုပ်ကွေး ကာကွယ်ဆေး ရောက်ပါပြီ။ စာရင်းပေးထားသူများ လာရောက်ထိုးလို့ ရပါပြီ။
23/04/2025

၄မျိုးစပ် ရာသီတုပ်ကွေး ကာကွယ်ဆေး ရောက်ပါပြီ။ စာရင်းပေးထားသူများ လာရောက်ထိုးလို့ ရပါပြီ။

တိတ်တခိုး ကြိတ်ပိုးတာလဲ ‌မကောင်းဘူး။မျိုသိပ်ပြီးအုံ့ပုန်းချစ်နေဆိုတာလဲ မကောင်းဘူး။လူမမြင်အောင် တိတ်တိတ်လေး silent တွဲနေတ...
26/03/2025

တိတ်တခိုး ကြိတ်ပိုးတာလဲ ‌မကောင်းဘူး။
မျိုသိပ်ပြီး
အုံ့ပုန်းချစ်နေဆိုတာလဲ မကောင်းဘူး။
လူမမြင်အောင် တိတ်တိတ်လေး silent တွဲနေတာလဲ မကောင်းဘူး။
မမြင်ရဘဲ အထဲမှာ အောင်းပြီး ညှောင့်ကျန်နေခဲ့တာ ကတော့ အဆိုးဆုံးပဲ။

ပထမ ထုံးဆေးပေးပြီး ထုတ်ကြည့်တာ မရဘူး။
နောက်တနေ့ မှည့်လာမှ ထုတ်လို့ရတော့တယ်

မြန်မာ မှတ်ပုံတင်ရှိသောVaxigrip ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံ နိုင်ပါပြီကလေးငယ်များ၊ ဆီးချို သွေးတိုး နှလုံးရောဂါ ပန်းန...
21/06/2024

မြန်မာ မှတ်ပုံတင်ရှိသော
Vaxigrip ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံ နိုင်ပါပြီ

ကလေးငယ်များ၊ ဆီးချို သွေးတိုး နှလုံးရောဂါ ပန်းနာ​
ရောဂါ၊ အဆုပ်ရောဂါ
ရှိသူများ ဦးစားပေး ထိုးသင့်ပါသည်။

ဝက်ခြံပျောက်ဆေးကို စနစ်တကျ ဘယ်လိုလိမ်းမလဲဝက်ခြံဆိုတာ ဆယ်ကျော်သက်အရွယ်တွေမှာ အဖြစ်များပေမယ့် အသက် ၅၀ကျော်အထိ ဖြစ်နိုင်ပါတ...
04/10/2023

ဝက်ခြံပျောက်ဆေးကို စနစ်တကျ ဘယ်လိုလိမ်းမလဲ
ဝက်ခြံဆိုတာ ဆယ်ကျော်သက်အရွယ်တွေမှာ အဖြစ်များပေမယ့် အသက် ၅၀ကျော်အထိ ဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် ယောက်ျားလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံ ပေါက်တာများပေမယ့် အမျိုးသမီးတွေကတော့ အသက်၃၀နဲ့ အထက်မှာ ပိုဖြစ်လေ့ရှိပါတယ်။ မျက်နှာပေါ်မှာ ဝက်ခြံအများဆုံး ပေါက်လေ့ရှိပေမယ့် ရင်ဘတ်အပေါ်ပိုင်း၊ နောက်ကြောနဲ့ လက်မောင်း တွေမှာလဲ ပေါက်တတ်ပါတယ်။ ဝက်ခြံဖြစ်တဲ့အဆင့်ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အနည်းနဲ့အများဆိုသလို ရှိနိုင်ပြီး မျက်နှာ ပေါ်မှာ အမာရွတ်ကျန်ခဲ့တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံ ဖြစ်ရင် စောစောကုလေ ကောင်းလေပါပဲ။
Deriva မှာ ဝက်ခြံအဆင့်တိုင်း သုံးစွဲလို့ရတဲ့ adapalene ပါဝင်ပါတယ်။ ဝက်ခြံအဆင့်၁မှာ adapalene သို့မဟုက် benzyl peroxide တမျိုးတည်းကိုပဲ သုံးစွဲဖို့လိုပါတယ်။ ပိုဆိုးတဲ့ ဝက်ခြံတွေမှာတော့ adapalen နဲ့ benzyl peroxide ကို နှစ်မျိုးပေါင်းပြီး သုံးစွဲနိုင်သလို ပိုးသတ်ဆေး၊ လိမ်းဆေး၊ သောက်ဆေးနဲ့ အခြားလိုအပ်တဲ့ဆေးတွေကို ပေါင်းစပ်သုံးစွဲရမှာ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ လိမ်းရမလဲ
Deriva ကို တရက်တကြိမ် ညအိပ်ယာဝင်ချိန်မှာ လိမ်းရမှာပါ။ မလိမ်းခင်မှာ မျက်နှာကို သန့်စင်အောင် ညင်ညင်သာသာဆေးကြောပြီး ရေခြောက်အောင် သုတ်ရပါမယ်။ ဆေးဆပ်ပြာတွေ ဆပ်ပြာ အပြင်းစားတွေ မသုံးသင့်ပါဘူး။ ဆေးလိမ်းရင် ပါးပါးပဲလိမ်းရပါမယ်။
ဘာတွေဖြစ်တတ်လဲ
လိမ်းခါစ ၁၅ရက်လောက်ကနေ ၁လအတွင်းမှာ ဝက်ခြံတွေ အရင်ရှိ တာထက် ပိုပြီးထွက်လာတာ၊ ယားယံတာ၊ လိမ်းတဲ့နေရာတွေမှာ နေလောင်ပြီးနီရဲလာတာ၊ အသားအရေခြောက်သွေ့လာတာ တွေဖြစ် တတ်ပါတယ်။ ဒါပေမယ့် လိမ်းရင်းနဲ့ တဖြည်းဖြည်း သက်သာလာ ပါမယ်။
ဘယ်လိုလိမ်းရမလဲ
အထက်ပါ ဘေးထွက်ဆိုးကျိုးတွေ လျော့နည်းအောင် စလိမ်းခါစညမှာ လိမ်းပြီး နာရီဝက်ကြာရင် မျက်နှာ ပြန်သစ်လိုက်ပါ။ နောက်ညတွေ မှာလဲ လိမ်းပြီး ၁နာရီ၊ ၁နာရီခွဲ၊ ၂နာရီအကြာမှာ မျက်နှာ ပြန်သစ်ပေး ရမှာ ဖြစ်ပါတယ်။ ဆေးဒဏ်ခံနိုင်ရည်ရှိအောင် နာရီဝက်ဆီ တိုးပြီး လိမ်းတာဖြစ်ပါတယ်။ နောက်ပိုင်း ခံနိုင်ရည်ရှိသွားရင်တော့ မျက်နှာ ပြန်မသစ်တော့ပဲ တညလုံးလိမ်းထားလို့ရပါပြီ။
ခံနိုင်ရည်သိပ်မရှိသေးပဲ ယားယံတာ၊ နီရဲတာဖြစ်သေးရင်တော့ ၁ရက်ခြား သို့မဟုက် ၂ရက်ခြား ခွာပြီး လိမ်းပေးသင့်ပါတယ်။ ညဘက်ဆေးလ်ိမ်းထားတဲ့နေရာတွေ နေ့ဘက်မှာ နေရောင်ဒဏ် ခံနိုင်အောင် SPF 30 အနည်းဆုံးပါတဲ့ ရေဓာတ်ဖြည့်လိမ်းဆေး moisturizer ကို မနက်ခင်းမှာ လိမ်းပေးဖို့ လိုပါတယ်။ အသားအရည် ခြောက်သွေ့တယ်လို့ ခံစားရသေးရင် နေ့လည် သို့မဟုက် ညနေဘက်မှာ ထပ်လိမ်းပေးရပါမယ်။ Deriva လိမ်းပြီး နောက်နေ့မှာတင် moisturizer စလိမ်းဖို့လိုပါမယ်။
.
ဘယ်တော့ပျောက်မှာလဲ
ဆေးလိမ်းတာ ၁လကြာရင်တော့ သိသိသာသာ သက်သာလာမှာ ဖြစ်ပါတယ်။ ၂လ ကနေ ၃လအတွင်းမှာ ပျောက်ကင်းမှာဖြစ်လို့ ဆေးဒဏ်ခံနိုင်ပြီဆိုရင် ပျောက်တဲ့အထိ နေ့စဉ်လိမ်းပေးဖို့ လိုပါမယ်။
အစားအသောက်နဲ့ ဝက်ခြံ
အပူ၊အစပ်၊အငန် အစားများတာ၊ ဆီကြော်တွေ၊ အာလူးချောင်းကြော်နဲ့ အချိုရည်တွေ စားသောက်တာ က ဝက်ခြံပေါက်တာနဲ့ ဆက်စပ်မှု ရှိတယ်လို့ ဆိုပါတယ်။ လူတယောက်ချင်းစီမှာတော့ ကွာခြားမှု ရှိနိုင်ပါတယ်။ အသားများများစားပြီး ထမင်း သို့မဟုက် ပေါင်မုန့်၊ ခေါက်ဆွဲ စတာတွေကိုလျှော့စားရင် ဝက်ခြံပေါက်တာကို သက်သာစေ တယ်လို့လဲ ဆိုပါတယ်။
စာဖတ်သူတွေမှာ ဝက်ခြံနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေရှိရင် ဝေမျှလို့ရပါတယ်။ သိချင်တာများရှိရင်လဲ comment box မှဖြစ်စေ messenger မှဖြစ်စေ မေးမြန်းဆွေးနွေးနိုင်ပါတယ်။
ကိုးကား။ ။ www.drpwderm.com
www.medscape.com
www.aad.org
ထွန်း ဆေးဆိုင်
ရန်ကုန်-မန်းတလေး လမ်း
ကံဦးရပ်၊ ကျောက်ဆည်မြို့
၀၉- ၇၇၀ ၇၈ ၁၃ ၂၃
ဆိုင်ဖွင့်ချိန် မနက် ၈နာရီ - ညနေ ၆နာရီ

တခါသုံးရင် ၃နှစ် ကနေ ၄နှစ်ထိ ခံနိုင်တဲ့ ကိုယ်ဝန်တားနည်းများကလေးမွေးဖို့ဆိုတာ သားအိမ်ပါတဲ့ အမျိုးသမီးတွေအတွက် သဘာဝတရားက ပ...
07/09/2023

တခါသုံးရင် ၃နှစ် ကနေ ၄နှစ်ထိ ခံနိုင်တဲ့ ကိုယ်ဝန်တားနည်းများ
ကလေးမွေးဖို့ဆိုတာ သားအိမ်ပါတဲ့ အမျိုးသမီးတွေအတွက် သဘာဝတရားက ပေးလိုက်တဲ့တာဝန်တရပ်ပါ။ ဒါပေမယ့် ကလေးမလိုချင်သေးတဲ့ သို့မဟုက် ထပ်မလိုချင်တော့တဲ့ အခါ ကိုယ်ဝန်တားဖို့ အမျိုးသမီးမှာပဲ အဓိကတာဝန်ရှိသလိုဖြစ်နေတာကတော့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားလို့ပါ။
နှစ်ယောက်တာဝန်ကို တယောက်တည်းထမ်းနေရတဲ့ အမျိုးသမီးတွေမှာ သားဆက်ခြားနည်းရဲ့ဘေးထွက်ဆိုးကျိုးအချို့ကို ကျန်းမာရေး ထိခိုက်လောက်အောင်မဟုက်ပေမယ့် အနည်းနဲ့အများတော့ ခံစားကြရပါတယ်။
ဒါ့ကြောင့် သုံးစွဲရတာလဲ လွယ်ကူ၊ ထိရောက်မှုလဲရှိပြီး ဆိုးကျိုးအနည်းဆုံးဖြစ်မယ့်နည်းလမ်းတွေကို တီထွင်စမ်းသပ်ခဲ့ကြပါတယ်။ အခုဆိုရင် လက်မောင်းအရေပြားအောက်ကို တလက်မခွဲလောက်ရှိတဲ့ ဆီလီကွန်အချောင်းလေး ၁ချောင်းထည့်ထားယုံနဲ့ ၃နှစ် ကိုယ်ဝန်တားပေးနိုင်မယ့် အင်ပလန်နွန် Implanon တံဆိပ် Implant (အင်းပလန့်) နဲ့ ၂ ချောင်းထည့်ထားရင် ၄နှစ် ကိုယ်ဝန်တားပေးနိုင်မယ့် Lydia လေဒီယာ တံဆိပ် Implant (အင်းပလန့်) တို့ကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ အသုံးပြုနိုင်ပါပြီ။
စာဖတ်သူ အိမ်ထောင်သည်အမျိုးသမီးများ အနေနဲ့ အင်းပလန့်နဲ့ ပတ်သတ်ပဲဖြစ်ဖြစ် ကိုယ်လက်ရှိ သုံးနေတဲ့ ကိုယ်ဝန်တားနည်းနဲ့ ပတ်သတ်လို့ ပဲဖြစ်ဖြစ် သိချင်တာများရှိရင် ကွန်မန့်မှ ဖြစ်စေ မတ်ဆေ့ပို့လို့ ဖြစ်စေ မေးမြန်းဆွေးနွေးနိုင်ပါတယ်။
ကုန်ကျစရိတ်
၃နှစ်ခံ - ၄၅၀၀၀ ကျပ်
၄နှစ်ခံ - ၆၅၀၀၀ ကျပ်

ထွန်း ဆေးဆိုင်
ရန်ကုန်-မန်းတလေး လမ်း
ကံဦးရပ်၊ ကျောက်ဆည်မြို့
၀၉- ၇၇၀ ၇၈ ၁၃ ၂၃
ဆိုင်ဖွင့်ချိန် မနက် ၈နာရီ - ညနေ ၆နာရီ

အခုဘဝရော နောင်ဘဝအတွက်ပါ ကောင်းမယ့် အရာတခုရာသီမရွေး ဗောက်ထတဲ့သူတွေ ရှိကြပါတယ်။ ဗောက်ထတာ အတွက်ကောင်းတယ်လို့ ကြော်ငြာထားတဲ့...
24/08/2023

အခုဘဝရော နောင်ဘဝအတွက်ပါ ကောင်းမယ့် အရာတခု

ရာသီမရွေး ဗောက်ထတဲ့သူတွေ ရှိကြပါတယ်။ ဗောက်ထတာ အတွက်ကောင်းတယ်လို့ ကြော်ငြာထားတဲ့ ခေါင်းလျှော်ရည်တွေ သုံးပေမယ့် အရှင်းမပျောက်နိုင်ပဲ ဖြစ်တတ်ပါတယ်။

တကယ်တော့ ဗောက်ထတယ်ဆိုတာ အဆီကျိတ်တွေ အများဆုံးရှိတဲ့ ဦးရေပြား၊ မျက်နှာ၊ ရင်ဘတ် နဲ့ နားရွက်နောက်က အရေပြားတွေ ယောင်ယမ်းခြင်း (seboherric dermatitis) ရဲ့ အနိမ့်ဆုံး ဖြစ်စဉ်တခုပါ။ ဒါ့ကြောင့် တခြားခေါင်းလျှော်ရည်တွေသုံးလို့ မထူးခြားဘူးဆိုရင် မှိုသတ်ဆေး (ketoconazole) ပါဝင်တဲ့ ခေါင်းလျှော်ရည်ကို သုံးစွဲသင့်ပါတယ်။

အသုံးပြုပုံ
၂ရက် ခြားတခါ လျှော်ပေးရပါမယ်။ ပထမအနေနဲ့ ခေါင်းကိုရေလောင်းပြီး ခေါင်းလျှော်ရည်ကို ဦးရေပြားထဲ စိမ့်ဝင်သွားအောင် လိမ်းရပါမယ်။ ချက်ချင်း ရေမလောင်းပဲ ၅မိနစ်ခန့် ထားရပါမယ်။ အအေးမိမှာ စိုးရိမ်ရင်တော့ အဝတ်အစားမချွတ်ပဲ ခေါင်းကိုရေလောင်းတာ၊ ခေါင်းလျှော်ရည်နဲ့ လိမ်းတာမျိုး ကို အရင်လုပ်နိုင်ပါတယ်။ ၅မိနစ် ပြည့်ရင်တော့ ဦးရေပြားနဲ့ ဆံပင်မှာ တွယ်ကပ်နေတဲ့ ဗောက်တွေပြောင်သွားအောင် ကုတ်၊ခြစ်ပြီး ရေလောင်းချရမှာ ဖြစ်ပါတယ်။

နောက်ထပ်အသုံးဝင်ပုံ
မှိုသတ်ဆေးပါတဲ့ ခေါင်းလျှော်ရည်ကို ခေါင်းမှာ ပွေးပေါက်ရင်လဲ အသုံးပြုနိုင်ပါတယ်။ ပွေးဟာ ပေါင်ခြံ၊ တင်ပါး၊ ဂျိုင်းကြားတွေမှာ အဖြစ်များပေမယ့် ခေါင်းမှာလဲပေါက်တတ်ပါတယ်။ အထူးသဖြင့် ကိုရင်လေးတွေခေါင်းမှာ ပေါက်ကြတာ တွေ့ဖူးကြမှာပါ။ ကိုရင်လေးတွေ သပိတ်ပြောင်အောင် မဆေးလို့ ဒက်ပေါက်တာလို့ ပြောလေ့ရှိပါတယ်။ တကယ်ကတော့ တကိုယ်ရည်သန့်ရှင်းမှုကို ကိုယ်တိုင်လဲဂရုမစိုက်တတ်သလို ကလေးအရေအတွက်ကများပြီး သေချာစောင့်ကြပ်ပေးနိုင်မယ့် သူနည်းနေလို့ပါ။ မိဘမဲ့ကလေးဂေဟာတွေ၊ တိုင်းရင်းသားကိုရင်ငယ်လေးတွေများတဲ့ ဘုန်းကြီးကျောင်းတွေမှာ အတွေ့ရများပါတယ်။

ဒါ့ကြောင့် ငွေကြေး တတ်နိုင်တဲ့သူများအနေနဲ့ အလှူအတန်းလုပ်တဲ့အခါ မှိုသတ်ဆေးပါတဲ့ ခေါင်းလျှော်ရည်ကို ထည့်သွင်းလှူဒါန်းသင့်ပါတယ်။ ဥပမာအားဖြင့် မွေးနေ့အမှတ်တရအနေနဲ့ ဒီခေါင်းလျှော်ရည်ကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းလိုက်ရင် သန့်ရှင်းစင်ကြယ်သွားတဲ့ ဦးရေပြားတွေကို လက်ငင်းအကျိုးကျေးဇူး အဖြစ်မြင်ရမှာ ဖြစ်သလို နောင်ဘဝမှာလဲ ကုသိုလ်အကျိုးကိုရရှိခံစားရမှာ ဖြစ်ပါတယ်။

Ref : : https://emedicine.medscape.com/article/1108312-overview

Keto Plus တစ်ဘူး ၁၂၆၀၀ ကျပ်
၅ဘူး ဈေး တစ်ဘူး ၁၂၀၀၀ ကျပ်

ထွန်း - ဆေးဆိုင် (ကျောက်ဆည်)
ရန်ကုန်-မန်းလေး ကားလမ်းမဘေး
ကံဦးရပ်၊ ကျောက်ဆည်မြို့
၀၉ ၇၇ ၀၇၈ ၁၃ ၂၃

#ဗောက်
#ပွေး

01/08/2023
အစာအိမ်ရောဂါ ရှိသူများ ရွေးချယ်ကြည့်ပါအစာအိမ်ရောဂါ (စားချဉ်ပြန်ရောဂါ) ရှိသူတွေဟာ ရင်ခေါင်း (အရှိုက်ထဲမှာ)    အောင့်တာ၊ ပ...
31/07/2023

အစာအိမ်ရောဂါ ရှိသူများ ရွေးချယ်ကြည့်ပါ

အစာအိမ်ရောဂါ (စားချဉ်ပြန်ရောဂါ) ရှိသူတွေဟာ ရင်ခေါင်း (အရှိုက်ထဲမှာ) အောင့်တာ၊ ပူတာ ဖြစ်တတ်ပါတယ်။ စားလိုက်တာနဲ့ ပျို့တာ အန်တာလဲ ဖြစ်တတ်ပါတယ်။ အစာ စားပြီးရင် ဒါမှမဟုက် စားပြီးလို့ လှဲအိပ်နေရင် ပိုဆိုးတတ်ပါတယ်။

အစာမကြေတာကြောင့် နည်းနည်းစားတာနဲ့ ဗိုက်ပြည့်သလိုဖြစ်နေပြီး အစာတွေအထက်ကိုပြန်လှန်တာကြောင့် လည်ပင်းထဲမှာ တခုခုရှိသလို ချောင်းဆိုးချင်သလိုလို အသက်ရှူရခက်သလိုလို ဖြစ်တတ်ပါတယ်။
ည၁၀နာရီ နောက်ပိုင်းရောက်မှ ရင်ခေါင်းတွေပူ အောင့်လာတာမျိုးလဲ ဖြစ်တတ်ပါတယ်။

အစာအိမ်ရောဂါ သက်သာပျောက်ကင်းဖို့အတွက် လိုအပ်တဲ့ဆေးဝါး တွေကို ရက်ပြည့်အောင် သောက်ရပါမယ်။ ဒါ့အပြင် သင့်တော်တဲ့ အစားအသောက်ကိုလဲ ရွေးချယ်စားတတ်ဖို့လိုပါတယ်။ အောက်မှာ ယှဉ်တွဲဖော်ပြထားတဲ့ အစားအ သောက်တွေထဲက အစာအိမ်ရောဂါနဲ့ တည့်မယ်ထင်တာတွေကို ရွေးချယ်ကြည့်ပေးပါ။

၁။ ဂျုံခေါက်ဆွဲပြုတ် နဲ့ ဆန်ပြုတ်
၂။ နွားနို့ နဲ့ ဒိန်ချဉ်
၃။ ကြက်ဥ နဲ့ ကြက်သား
၄။ ငှက်ပျောသီး နဲ့ စပျစ်သီး
၅။ ရေ နဲ့ ရေနွေးကြမ်း

၁။ ဂျုံပါတဲ့အစားအစာကို စားပြီးရင် အစာမကြေတာကြောင့် အစာအိမ်ရောဂါရှိသူတွေအနေနဲ့ ခေါက်ဆွဲပြုတ် အစား ဆန်ပြုတ်ကို သောက်သုံးသင့့်ပါတယ်။ ဂျုံပါတဲ့ ပေါက်စီ၊ ထပ်တရာ၊ ပလာတာ၊ အီကြာကွေး၊ ပေါင်မုန့် နဲ့ ကိတ်မုန့်တွေကိုလဲ ရှောင်ကြဉ်သင့်ပါတယ်။

၂။နွားနို့မှာ အဆီများတာကြောင့် အဝင်လွယ်ပေမယ့် အစာအိမ်ထဲမှာ ချေဖျက်ဖို့ခက်ပါတယ်။ နို့သောက်ပြီးရင် ရင်ခေါင်းထဲမှာ ပူအောင့်တာတွေ ပိုဖြစ်တတ်ပါတယ်။ဒါ့ကြောင့် နွားနို့အပြင် နို့ထမင်း နဲ့ တခြားနို့ပါတဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါမယ်။ ဒိန်ချဉ်ကတော့ အဆီပါဝင်မှုနည်းတဲ့အပြင် အစာအိမ်နဲ့အူလမ်းကြောင်း အတွက် အကျိုးပြုဘတ်တီးရီးယားတွေ ပါဝင်တာကြောင့် သောက်သုံး ဖို့ သင့်တော်ပါတယ်။ တချို့ဒိန်ချဉ်ဗူးထဲမှာ ကလေးတွေကြိုက်အောင် ထည့်ထားတဲ့ မလိုင်ဖတ်တွေကိုတော့ ရှောင်ရပါမယ်။

၃။ကြက်ဥ အကာမှာ အဆီပါဝင်မှုနည်းပြီး အသားဓာတ်များတာ ကြောင့် ကြက်ဥပြုတ်ရဲ့ အကာကို စားလို့ရပါတယ်။ကြက်ဥအနှစ်မှာ တော့ အဆီများ တာကြောင့် မစားသင့်ပါဘူး။ ကြက်သားကတော့ အဆီများတဲ့ အရေခွံကို ဖယ်ပြီးရင် စိတ်ချလက်ချစားနိုင်ပါပြီ။

၄။ အချဉ်ဓာတ်ပါတဲ့ စပျစ်သီးစားတာများရင် အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်ကို ပိုများစေမှာဖြစ်ပါတယ်။ တခြားအစာမရှိပဲ စားမိရင်ပိုဆိုးစေတတ်ပါတယ်။ ငှက်ပျောသီးကတော့ အစာအိမ်ထဲက အက်ဆစ်ဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ သတိထားဖို့ကတော့ ငှက်ပျောသီး အခွံနွာလို့ ကျန်ခဲ့တဲ့အမျှင်လေးတွေကိုစားမိတဲ့ တချို့လူတွေမှာတော့ ဗိုက်နာတတ်ပါတယ်။ အဲဒိအမျှင်လေးတွေက ဝမ်းမှန်စေတဲ့အာနိသင်ရှိတာမို့ တည့်ရင်ဒီအတိုင်းပဲ စားသင့်ပြီး ဗိုက်နာတတ်ရင်တော့ ငှက်ပျောသီးကို ပြုတ်ပြီးမှ စားသင့်ပါတယ်။

၅။ ရေများများသောက်ရင် ဝမ်းမှန်စေသလို အစာအိမ်ထဲက အက်ဆစ်ဓာတ်ကို လျော့ကျစေပါတယ်။ လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း) မှာတော့ ကဖင်းဓာတ်ပါတဲ့အတွက် အစာအိမ်တွင်းမှာ အက်ဆစ်ဓာတ်ကို ပိုမိုမြင့်တက်စေပါတယ်။ ဒါ့ကြောင့် ရိုးရိုးရေ၊ ရေကျက်အေး၊ ခပ်နွေးနွေးဖြစ်နေတဲ့ ရေနွေးအဖြူ နှစ်သက်ရာကို များများသောက်သုံးနိုင်ပါတယ်။ ရေနွေးကြမ်းကိုတော့ တတ်နိုင်သလောက် လျှော့သောက်သင့်ပါတယ်။

ထွန်း ဆေးဆိုင် - Kyaukse
ရန်ကုန် - မန်တလေး ကားလမ်း
ကံဦးရပ်၊ ကျောက်ဆည်မြို့
၀၉ ၇၇၀ ၇၈ ၁၃ ၂၃

သင့်မေမေ အသက် ၆၀ ကျော်ရင် ဒါလေး မေးကြည့်ပေးပါ။ညဘက်တွေမှာ ခြေဖဝါးတွေ ဘယ်လိုနေလဲ မေမေ။အသက် ၆၀ကျော် အမေအရွယ် အဒေါ်အရွယ် ၅ယေ...
16/07/2023

သင့်မေမေ အသက် ၆၀ ကျော်ရင် ဒါလေး မေးကြည့်ပေးပါ။

ညဘက်တွေမှာ ခြေဖဝါးတွေ ဘယ်လိုနေလဲ မေမေ။

အသက် ၆၀ကျော် အမေအရွယ် အဒေါ်အရွယ် ၅ယောက်မှာ ၁ယောက်လောက်ကတော့ ညဘက်ဆို ခြေဖဝါးတွေပူလို့ စောင်လှပ်ထားရတယ်။ ဆောင်းတွင်းမှာတောင် စောင်မခြုံနိုင်ဘူး။ မနက်ကျတော့ မပူတော့ဘူး လို့ ပြန်ဖြေကြပါလိမ့်မယ်။

ဒီလိုဖြစ်ရတာဟာ ဗိုက်တာမင် ဘီ ၁၂ (Vitamin B 12) လိုအပ်နေလို့ပါ။

အရက်မသောက်၊ ဆီးချိုမရှိ၊ ဆီးချိုဆေး တမျိုးဖြစ်တဲ့ မတ်ဖော်မင်(metformin) သောက်နေတာမျိုးမရှိပဲနဲ့လဲ ဖြစ်နိုင်တာမို့ ဗိုက်တာမင် ဘီ၁၂ (Vitamin B 12) ကို တနေ့တာလိုအပ်ချက်ဖြစ်တဲ့ ၁၅၀၀မိုက်ခရိုဂရမ် (1500mcg) ပြည့်မှီအောင် ဖြည့်ဖို့လိုပါတယ်။

Era-DN ဆေးမှာ ဗိုက်တာမင် ဘီ ၁၂ (Vitamin B 12) ၁၅၀၀မိုက်ခရိုဂရမ် (1500mcg) ပါတဲ့အပြင် အာရုံကြော ပြန်လည်အားကောင်းဖို့ အထောက်အကူပြုတဲ့ Evening Primrose oil, folic acid နဲ့ Vitamin B6 တို့လဲ ပါဝင်ပါတယ်။ ဒါ့ကြောင့် Era-DN ကိုအစာစားပြီးတဲ့အခါတိုင်း နေ့စဉ် တရက်တလုံး သောက်သုံးရင် ညဖက် ခြေဖဝါးပူတာ သက်သာပျောက်ကင်းနိုင်ပါတယ်။ ၂လမှ ၃လ အထိ သောက်သုံးဖို့ လိုပါမယ်။

ဝေဒနာအရမ်းဆိုးတဲ့သူတွေ နဲ့ ဆီးချိုရှိတဲ့သူတွေမှာတော့ Pregabalin, Duloxetine စတဲ့ သောက်ဆေးတွေနဲ့ Lidocaine cream လိုလိမ်းဆေး တွေကို ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးစွဲဖို့လိုပါတယ်။

မှတ်ချက်။ ။ Burplex (Vitamin B complex) နဲ့ မတည့်သောသူများ Era-DN ကို မသောက်သုံးသင့်ပါ။

ဈေးနှုံး - တကဒ် ၃၅၀၀ကျပ်
ကဒ်ပါ၆ တဗူး ၂၁၀၀၀ကျပ်

ထွန်း ဆေးဆိုင် - Kyaukse
ရန်ကုန် - မန်တလေး ကားလမ်း
ကံဦးရပ်၊ ကျောက်ဆည်မြို့
၀၉ ၇၇၀ ၇၈ ၁၃ ၂၃

Credit www.medscape.org
www.starhealth.in/blog/burning-

13/07/2023

အိမ်မှာသွေးပေါင်ချိန်ကို မှန်ကန်အောင် ဘယ်လို ချိန်မလဲ

Address

Kyaukse

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00

Telephone

+959770781323

Website

Alerts

Be the first to know and let us send you an email when ထွန်း ဆေးဆိုင် - ကျောက်ဆည်မြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share