04/06/2022
#ဟူး
- နိုင်ငံ့ဝန်ထမ်းဥပဒေမှာ ဝန်ထမ်းတစ်ယောက်ဟာ လုပ်သက်ဘယ်မျှကြာအောင် လုပ်ရမယ် ဆိုတဲ့ ပြဌာန်းချက် လုံးဝ (လုံးဝ) မပါပါဘူး။ သတ်မှတ်ထားတဲ့ လုပ်သက်မပြည့်ခင်မှာ ထွက်ရင် ဥပဒေက သတ်မှတ်ပေးထားတဲ့ ရပိုင်ခွင့် (ပင်စင်၊ လုပ်သက်ဆုကြေး) တွေ မရတော့တာပဲ ရှိပါတယ်။ ဒါကြောင့် အလုပ်က ထွက်တယ်ဆိုတာ ဥပဒေနဲ့ လုံးဝ ငြိစွန်းခြင်းမရှိပါဘူး။
- နိုင်ငံ့ဝန်ထမ်းဥပဒေက ရာထူး/တာဝန်မှ နှုတ်ထွက်ခြင်းကို မတားဆီးထားသလို နှုတ်ထွက်မယ်ဆိုရင် ဘယ်လို procedure တွေအရ နှုတ်ထွက်ရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်လည်း မပါရှိပါဘူး။ ဒါကြောင့် အလုပ်ကနေ ထွက်တဲ့သူတွေဟာ အဆင်ပြေသလို စာတင်ပြီး ထွက်နေကြရတာပါ။ တကယ်လို့ စနစ်တကျထွက်စေချင်ရင် မထွက်ခင် ဘယ်နှစ်ရက် ကြိုတင်အကြောင်းကြားရမယ် ဆိုတဲ့ ပြဌာန်းချက်မျိုး ရှိသင့်ပါတယ်။ မဟုတ်ရင်တော့ ဘယ်တော့မှ ထွက်ခွင့်ပေးမယ်မှန်း မသိရတဲ့ အလုပ်ကို ဘယ်သူကမှ စောင့်နေမှာ မဟုတ်ပါဘူး။ အဖေ၊ အမေ နေမကောင်းလို့ ပြုစုဖို့ အလုပ်ထွက်ရသူက ထွက်ခွင့်စောင့်နေရင်း အသက်မမီတော့ရင် ဘယ်သူက တာဝန်ယူမှာလဲ စဥင်္းစားစရာပါ။
- အလုပ်မှာ မလုပ်ချင်တော့လို့ ထွက်သွားတဲ့ ဝန်ထမ်းတစ်ယောက်ကို မဖြစ်မနေ လုပ်ကို လုပ်ရမယ်လို့ ဖိအားပေးခြင်းကို နိုင်ငံ့ဝန်ထမ်းဥပဒေက မတားဆီးထားပေမယ့် အဲဒီအချက်ဟာ အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း၊ လူအချင်းချင်း ကျွန်ပြုခြင်း စတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ငြိစွန်းသလို မြန်မာပြည်က အလုပ်သမားဥပဒေတွေနဲ့လည်း ငြိစွန်းပါတယ်။ ပိုက်ဆံပေးခိုင်းတာပေမယ့် မလုပ်ချင်တာကို ငွေပေးခိုင်းတာပဲဆိုပြီး အတင်းခိုင်းရင်း ဥပဒေနဲ့ မညီပါဘူး။ အရေးယူခြင်း ခံရနိုင်ပါတယ်။ ငါက ဘာအခွင့်အရေးပေးထားလို့ ဘယ်လောက်ပြန်လုပ်ပေးရမယ်ဆိုတဲ့ တံဆိပ်ခေါင်းမကပ်ထားသော စာချုပ်များ၊ တံဆိပ်ခေါင်းကပ်ထားသော စာချုပ်များဟာလည်း လူအချင်းချင်း ကျွန်ပြုခြင်း မည်ပါတယ်။
- အလုပ်က နှုတ်ထွက်တယ်ဆိုတာကို စဉ်းစားရာမှာ ဘာကြောင့် နှုတ်ထွက်သလဲ ဆိုတာလဲ စဉ်းစားသင့်ပါတယ်။ တချို့က မိသားစုကိစ္စကြောင့်၊ တချို့က စားဝတ်နေရေးအတွက် မလုံလောက်လို့၊ တချို့က ပိုကောင်းတဲ့ အလုပ်ရှိလို့၊ စသည်ဖြင့် ဝန်ထမ်းဘက်အခြမ်းက အချက်တွေကြောင့်လည်း ဝန်ထမ်းတွေ ထွက်လေ့ရှိပေမယ့် အတော်ရှားပါတယ်။
- တကယ်လို့ ပိုကောင်းတဲ့ အလုပ်တွေစီ ပြောင်းသွားတာ များတယ်ဆိုရင်လည်း အဲဒီအလုပ်နဲ့ ဝန်ထမ်းကို ရန်သူအဖြစ်မြင်မယ့်အစား ကိုယ့်ရဲ့ competitor အဖြစ် သဘောထားပြီး ဝန်ထမ်းတွေ ကိုယ့်ဘက်မှာ ပိုနေချင်လာအောင် ဆောင်ရွက်ဖို့ လိုပါတယ်။
- နောက်တစ်ချက်က ဌာနဝန်ထမ်းတစ်ယောက် လစာ ၂ သိန်းလောက်ရနေရာကနေ ထွက်သွားပြီး အခြားနိုင်ငံခြားကုမ္ပဏိတစ်ခုကနေ ၁၀ သိန်း ၁၅ သိန်းတန် အလုပ်တစ်ခု ရသွားရင် တိုင်းပြည်အတွက် ဝမ်းသာလိုက်ပါ။ နိုင်ငံခြားငွေတွေ အဲဒီဝန်ထမ်းကြောင့် စီးဝင်လာတော့မှာမို့ပါ။ အဲဒီလို ဝန်ထမ်းမျိုးကို မွေးထုတ်ပေးနိုင်တဲ့ ကိုယ့်ဌာနအတွက် ဂုဏ်ယူလိုက်ပါ။ တကယ်လို့ ဝန်ထမ်းဟာ စွမ်းဆောင်ရည်မြင့်တယ်ဆိုရင် မြင့်သလောက် ထောက်ခံပေးလိုက်ပါ။ သူက နိုင်ငံခြားငွေ ရှာနိုင်လေလေ မြန်မာပြည်အတွက် အကျိုး ရှိလေလေပါပဲ။
- အလုပ်ထွက်သူ များလာတဲ့ အပေါ် ဝန်ထမ်းဘက်အခြမ်းက ကြည့်သလို ဌာနရဲ့ စီမံခန့်ခွဲမှုကိုလည်း ပြန်လည်ဆန်းစစ်သင့်ပါတယ်။ ဘယ်သူ့ဘယ်သူကြောင့်လို့ အပြစ်ပြောနေမယ့် အစား ဘာလိုအပ်ချက်ရှိနေသလဲ သုံးသပ်သင့်ပါတယ်။ အလားအလာအများကြီး ရှိတဲ့ ညွှန်ကြားရေးမှူး အဆင့်တွေကတောင် ထွက်ဖို့ ကြိုးစားကြ၊ လျော့ပေါ့ပင်စင်ခံစားနေကြတဲ့ ဌာနတစ်ခုမှာ အောက်ခြေဝန်ထမ်းတွေ ထွက်ဖို့ ကြိုးစားတာ အဲဒီဝန်ထမ်းတွေရဲ့ အပြစ်ဖြစ်ဖို့ ရာခိုင်နှုန်းအတော် နည်းသွားပါပြီ ဆိုတာ အသေအခြာပါပဲ။
ဒါကြောင့် ဝန်ထမ်းတွေ အလုပ်က ထွက်ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲက အဖြစ်အများဆုံး အချက် (၁၀) ချက်ကို တင်ပြပါရစေ။
၁) Relationship with the boss (ဌာနအကြီးအကဲနဲ့ ဆက်ဆံရေး မပြေပြစ်ခြင်း)
၂) Bored and unchallenged by the work itself (အလုပ်က ငြီးငွေ့ဖွယ်ကောင်းပြီး စိန်ခေါ်မှု မရှိခြင်း)
၃) Relationship with coworkers (လုပ်ဖော်ကိုင်ဖက်များနဲ့ ဆက်ဆံရေး မပြေပြစ်ခြင်း)
၎) Opportunities to use their skills and abilities (စွမ်းဆောင်ရည်ကို ပြသခွင့် မရရှိခြင်း)
၅) Contribution of their work to the organization's business goals (ဌာနရဲ့ ရည်မှန်းချက်နဲ့ သူတို့လုပ်နေရတဲ့အလုပ် တခြားစီပါလားလို့ ခံစားရခြင်း၊ သိမြင်နေခြင်း)
၆) Autonomy and Independence on the job (ချုပ်ကိုင်မှု များလွန်းခြင်း၊ မှန်ကန်သည့် ဆုံးဖြတ်ချက်များကို လွတ်လပ်စွာ မချမှတ်နိုင်ခြင်း၊ မှားယွင်းသည့် ဆုံးဖြတ်ချက်များကို လိုက်နာ အကောင်အထည်ဖော်ရခြင်း)
၇) Meaningfulness of the employee's job (အလုပ်လုပ်နေရသော်လည်း အဓိပ္ပာယ်မရှိသလို ခံစားရခြင်း၊ မဆိုင်တာတွေ လုပ်နေရခြင်း၊ ကျိုးကြောင်းမဆီလျော်သည့် အလုပ်များကို လုပ်ကိုင်နေရခြင်း)
၈) Knowledge about your organization's financial stability (အလုပ်လုပ်သည့် အဖွဲ့အစည်း၏ ဘဏ္ဍာရေး အခြေအနေတည်ငြိမ်မှု မရှိခြင်း)
၉) Overall corporate culture (ပူးပေါင်းဆောင်ရွက်ခြင်းဟူသည့် အလေ့အထ၊ ယဉ်ကျေးမှု၊ စနစ် မရှိသော အဖွဲ့အစည်း ဖြစ်နေခြင်း)
၁၀) Management's recognition of employee job performance (စီမံခန့်ခွဲသူများက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို အသိအမှတ်မပြုခြင်း)
- ဒီအချက် (၁၀) ချက်အောက်မှာ အသေးစိတ် ဆွေးနွေးရာမှာတွေက အများကြီးပါ။ ပုဂ္ဂိုလ်ရေးဆန်တဲ့ ဆွေးနွေးမှုမျိုးကို ရှောင်ရှားလိုတာကြောင့် အဓိက အချက်တွေကိုပဲ ဖော်ပြလိုက်ပါတယ်။ ခြေခြေမြစ်မြစ် ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲနိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
အထူးသဖြင့် စကားကို လက်လွတ်စပယ် မပြောပဲ အဖြေမှန်ကိုရောက်အောင် ချဉ်းကပ်ရှာဖွေကြဖို့ ဆန္ဒပြုလိုက်ရပါတယ်။
crd:ဆရာကြည်မင်း