Hanuman by Ying Ying

Hanuman by Ying Ying Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hanuman by Ying Ying, Medical and health, Lashio.

 #ညဘက်အိပ်မပျော်တာတွက် ‼️ ********************************************************************************ညဘက်အိပ်မပျော်...
17/12/2023

#ညဘက်အိပ်မပျော်တာတွက် ‼️

********************************************************************************

ညဘက်အိပ်မပျော်ခြင်းဖြစ်စေတတ်သောအကြောင်းရင်းများ
▪️ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုစနစ်နှေးကွေးခြင်း
▪️ခန္ဓာကိုယ် ဇီဝဖြစ်စဉ် မူမမှန်ခြင်း
▪️စိတ်ဖိစီးမှုများခြင်း နဲ့
▪️တစ်ခြားသောဆေးဝါး၊ရောဂါအခံများကြောင့်လည်းဖြစ်တတ်ပါတယ်

ဒီလိုအခြေနေမှာ ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာကို ကပ်ပေးခြင်းအားဖြင့် ဆေးထဲတွင်ပါဝင်ထားတဲ့ #ပူစီနံရွက် ဟာ စိတ်ဖိစီးမှုတွေလျှော့ချပေးပြီး #ကြက်သွန်နီ နဲ့ ဝါးမီးသွေးများက ခန္ဓာကိုယ်ရဲ့ ငွေးလည်ပတ်မှုစနစ်နဲ့ ဇီဝဖြစ်စဉ်ကို ပြန်လည်ထိန်းညှိပေးတဲ့အတွက် ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

ဘယ်နေရာမှာ ကပ်အိပ်ရမလဲဆိုရင်‼️
ခန္ဓာကိုယ်ရဲ့ ဒုတိယနှလုံးသားဟာ ခြေဖဝါးတစ်စုံဖြစ်ပါတယ် ခြေဖဝါးမှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အာရုံကြောတွေ စုစည်းတည်ရှိနေပါတယ်

အိပ်မပျော်ခြင်းအတွက် ခြေဖနောင့်နေရာတွင် အိပ်မပျော်မှတ် နပတ် (၁၅) နေရာကို အုပ်ပြီး ကပ်အိပ်ရမှာဖြစ်ပါတယ်။နဖက်စလုံးကပ်အိပ်ရမှာဖြစ်ပါတယ်ရှင်။

‼️မှတ်ချက်။ ။ညဘက် ကဖိန်းဓာတ်ပါဝင်သောအစားစာများဖြစ်တဲ့ လက်ဖက်ရည် ကော်ဖီသောက်ခြင်းများရှောင်ကြဉ်ပါ။မနက်ပိုင်းမှာ သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။‼️





ဒါလေး ပြီးရင် acc မှာ ပြန်ပေးမယ်နော်
27/11/2023

ဒါလေး ပြီးရင် acc မှာ ပြန်ပေးမယ်နော်

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

မန့်တာလေး မရရင် ဒါလေး ယူနော်😬
27/11/2023

မန့်တာလေး မရရင် ဒါလေး ယူနော်😬

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

နောက်ဆုံး 3လုံးမှန်သူ #ဟာနုမာန်ခြေစိမ်5ထုပ် လက်ဆောင်ယူပါရှင်း💕Edit=မှန် 062ပါရှင်း
27/11/2023

နောက်ဆုံး 3လုံးမှန်သူ
#ဟာနုမာန်ခြေစိမ်5ထုပ် လက်ဆောင်ယူပါရှင်း💕

Edit=မှန် 062ပါရှင်း

လက်ကျန်ငွေ မှန်သူ Bill 3000ယူ 3လုံးပါနော် ဂဏန်းကEdit မှန် 247
27/11/2023

လက်ကျန်ငွေ မှန်သူ
Bill 3000ယူ
3လုံးပါနော် ဂဏန်းက
Edit မှန် 247

အသီး မမှန်သေးရင် ဒါလေး အရင်ယူနော်💕🥺
27/11/2023

အသီး မမှန်သေးရင် ဒါလေး အရင်ယူနော်💕🥺

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

ပံ့သကူ အလှူ လေး #ဟာနုမာန်ရဲ့နှာစေးကပ်ခွာတစ်ထုပ်ယူအကြိုက်ဆုံး အသီးမန့်ပေးပါရှင်းEdit မှန်သွားပါပြီရေငန်းသီးပါရှင်း😬😁
27/11/2023

ပံ့သကူ အလှူ လေး
#ဟာနုမာန်ရဲ့နှာစေးကပ်ခွာတစ်ထုပ်ယူ

အကြိုက်ဆုံး အသီးမန့်ပေးပါရှင်း
Edit မှန်သွားပါပြီ
ရေငန်းသီးပါရှင်း😬😁

 #ဒူးနာခြင်းဝေဒနာ ‼️ ဒူးနာခြင်းက ဘာ‌တွေကြောင့်ဖြစ်နိုင်သလဲ ⁉️(၁) ဒူးအရွတ်ထိခိုက်ဒဏ်ရာရခြင်း(၂) ဒူးအရွတ်ဖုံးအရည်အိတ်ရောင်...
15/10/2023

#ဒူးနာခြင်းဝေဒနာ ‼️

ဒူးနာခြင်းက ဘာ‌တွေကြောင့်ဖြစ်နိုင်သလဲ ⁉️

(၁) ဒူးအရွတ်ထိခိုက်ဒဏ်ရာရခြင်း

(၂) ဒူးအရွတ်ဖုံးအရည်အိတ်ရောင်ခြင်း (Knee Bursitis)

(၃) သွေးလေးဘက်နာ (Rheumatoid Arthritis)

(၄) ဂေါက်ရောဂါ

(၅) ရောဂါပိုးကူးစက်ခံရခြင်း

(၆) ကျီးပေါင်း‌

ဘယ်လိုလူတွေအဖြစ်များတတ်လဲ ⁉️
(၁) ဝလွန်းသူတွေ
(၂) ဒူးဆစ်ရိုးလှုပ်ရှားမှုများသူတွေ
(၃) အလေးအပင် မ ရသူတွေ
(၄) တနေကုန်မတ်တပ်ရပ်ရတဲ့သူတွေ
(၅) သက်ကြီးသူတွေ
(၆) ကျိးပေါင်း နဲ့အရိုးအဆစ်ရောဂါမျိုးရိုးရှိသူတွေ မှာအဖြစ်များတာ တွေ့ရပါတယ်

ဒူးနာခြင်းဝေဒနာခံစားရလာရင် သက်သာမှုရယူဖို့ RICE method ကိုအသုံးပြုပေးနိုင်ပါတယ်။

✅ R-Rest (အနားယူပါ)

✅ I - Ice (ရေခဲဝတ်ကပ်ပါ)

✅ C-Compress (ဒူးစွတ်ဝတ်ပါ)

✅ E-Elevate (ဒူးဆစ်ကိုခန္ဓာကိုယ်ထက်အနည်းငယ်မြင့်ပါ)

ဒါ့အပြင်

💥 Do & Don't အချက်တွေနဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းဟာလည်း ဒူးနာဝေဒနာကို သက်သာမှုပိုရစေပါတယ်💥

‼️ Do & Don't ‼️
📌 လှေကားအတက်အဆင်းလုပ်ခြင်းရှောင်ပါ
📌 လမ်းများများလျှောက်ခြင်းရှောင်ပါ
📌 ဆောင့်ကြောင့်ထိုင်ခြင်းရှောင်ပါ
📌 ဒူးကိုအားပြုလုပ်ရသောအနေထားကိုရှောင်ပါ
📌 လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
📌 အရိုးအဆစ်သန်မာ‌စေမည့်ဖြည့်စွက်အားဆေးမှီဝဲပါ
📌 အကိုင်ခဲပျောက်ဆေးသောက်ပါ

ဆေးသောက်ဆေးထိုးတာတွေကို ရေရှည်မလုပ်ချင်ဘူး
ဓာတုဆေးတွေဆိုကြောက်တယ်ဆိုရင်တော့

အခုချိန်မှာ သက်ကြီးပိုင်းတွေရဲ့ လက်စွဲသမားတော်လေးလို့တင်စားခံနေရတဲ့ ဟန်နုမာန်သဘာဝတိုင်းရင်းဆေး ကပ်ခွာနဲ့လိမ်းဆေး‌ကို အကူယူလို့လည်းရပါတယ်ရှင် 🍀

ပြင်ပကနေပဲ ဝေဒနာသက်သာကို သက်သာမှုပေးတာမို့ side effect ကင်းစွာနဲ့ သက်သာမှုယူနိုင်သလို နာကျင်ကိုက်ခဲယောင်ရမ်းမှုတွက် ထိရောက်စေတဲ့ ခေါ် ကက်စမူနာဂျင်းနဲ့ လို့ခေါ်တဲ့သစ်ကြံပိုးခေါက်နဲ့ အဓိကထည့်သွင်းထုတ်လုပ်ထားတာမို့ သုံးစွဲသူတိုင်းသက်သာမှုရပြီးကြိုက်နှစ်သက်နေစေတဲ့ တိုင်းရင်းဆေးဖြစ်ပါတယ်။



" ဈေးကွက်မှာ တခြားသော ကပ်ခွာ အမြောက်အမြားရှိနေပါလျက် ဘာကြောင့် Hanuman Brand ကိုမှ ရွေးသုံးကြပြီး ခုလို (၆) နှစ်တာကာလမှာ...
08/10/2023

" ဈေးကွက်မှာ တခြားသော ကပ်ခွာ အမြောက်အမြားရှိနေပါလျက် ဘာကြောင့် Hanuman Brand ကိုမှ ရွေးသုံးကြပြီး ခုလို (၆) နှစ်တာကာလမှာ ဝယ်လိုအားပိုပိုများလာသလဲ!?

အဖြေက ရှင်းပါတယ်ရှင်...

ထုတ်လုပ်သူ CEO ကိုယ်တိုင်က Product ကို အပြုသဘောထုတ်လုပ်နေခြင်းမဟုတ်ဘဲ Quality ကို ဦးစားပေးထုတ်လုပ်ထားပါတယ်

ထည့်သွင်းထုတ်လုပ်ထားတဲ့ ပါဝင်ပစ္စည်း ကုန်ကြမ်း တစ်ခုစီတိုင်းကို သေချာ အသေးစိတ်လေ့လာ ချိန်ဆပြီး ရှေးခေတ်ဘုရင်အဆင့်သာ အသုံးပြုခွင့်ရှိတဲ့ King Nara နည်းနဲ့ထုတ်လုပ်ထားပါတယ်

အသုံးပြုသူများတွက်
▶️ လွယ်ကူမှု
▶️ မြန်ဆန်မှု
▶️ ထိရောက်မှု ကို အဓိကထားထုတ်လုပ်ထားပါတယ်

ဒါကြောင့်ပဲ တစ်ခါသုံးဖူးသူတိုင်းက ထပ်ခါထပ်ခါ မှာယူပြီး အိမ်ဆောင်ထားကြတဲ့ထိဖြစ်လာပါတယ်

Hanuman Brand မှ Hanuman Brand ဖြစ်တဲ့ ဝယ်သူများအားလုံးကိုလည်း အစဉ်အမြဲ ကျေးဇူးတင်လျက်ပါရှင့် ✨




Company

🔰 #လေးဖက်နာရောဂါဆောင်ရန်ရှောင်ရန်🔰========================== #လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖ...
18/01/2023

🔰 #လေးဖက်နာရောဂါဆောင်ရန်ရှောင်ရန်🔰
==========================

#လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ အဆစ်ရောင်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးထုကြား အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လေးဖက်နာရောဂါဟာ လူရဲ့ အသက်ကို ချက်ချင်းမသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှုမလုပ်ရင် နာတာရှည်ရောဂါသည်ဘ၀နဲ့အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။

✴အဲလိုမတိုင်ခင်မှာတော့ ဝေဒနာ ခံစားရသူအနေနဲ့ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး အဆစ်ကလေးများ နာကျင်ကိုက်ခဲ့ရမှုကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကစပြီး ချိနဲ့သွားကာ အလုပ်ခွင်မ၀င်နိုင်တာအထိ ဆိုးရွားတတ်ပါတယ်။

✴ဒါကြောင့်လည်း မြန်မာလို လေးဖက်နာ လို့ခေါ်ကြတယ် ထင်ပါတယ်။ အင်္ဂလိပ်လို့တော့ Rheumatiod Arthritis (RA ) ခေါ်ပါတယ်။ မြန်မာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ရောဂါမို သိသလောက် ရေးတာပါ။

✴ရောဂါ ဖြစ်နိုင်သူများ

၁။ မိသားစု၀င် ( ညီအစ်ကိုမောင်နှမများ ) များတွင်လေးဖက်နာရောဂါ ခံစားရသူရှိခြင်း၊

၂။ ဆေးလိပ်သောက်သူများ

၃။ ကလေးမီးဖွားပြီးစနှင့် နို့တိုက် မိခင်များ

၄။ အသက်လေးဆယ်ကျော် အမျိုးသမီးများ

✴ရောဂါ လက္ခဏာများ
********************
ဒီရောဂါရဲ့ ထူးခြားချက်ကတော့ ခြေဆစ် လက်ဆစ်ကလေးတွေဟာ ရောင်ရမ်းနာကျင်လာရင် ဘယ်ရော ညာပါ တစ်ပြိုင်တည်း ဖြစ်တတ်တာပါ။ လက်အဆစ်ကလေး တစ်ခုတည်းနာတာမျိုးမဟုတ်ဘဲ နှစ်ဖက်စုံနာရင် သတိထားစရာပါ။

✴နာကျင်တတ်တဲ့အဆစ်ကလေးတွေကတော့ လက်ချောင်း အဆစ်ကလေးများ၊ ခြေချောင်းအဆစ်ကလေးများ၊ ခြေကျင်း၀တ်အဆစ်နဲံ လက်ကောက်၀တ် အဆစ်တွေကတော့ အဖြစ်များပါတယ်။

✴နောက်တစ်ချက်ကတော့ နံနက်စောစော အိပ်ယာထချိန်မှာ ခြေဆစ် လက်ဆေစ်ကလေးများ နာကျင်ပြီး တောင့်တင်နေတတ်တာပါ။ ရောဂါကို မကုသဘဲထားရင်တော့ အဆစ်ကလေးတွေရဲ့မူလ ဖွဲ့စည်းပုံ ပျက်ပြီး ပုံပျက်တတ်ပါတယ်။

✴အခြားရောဂါ လက္ခဏာများ
*************************
လေးဖက်နာ ရောဂါဟာ ခန္ဓာကိုယ်မှ ခုခံအားစနစ်က ကိုယ့်ကိုယ်ကိုပြန်တိုက်လို့ ဖြစ်ရတာပါ။ ဒါကြောင့် bodyမှာရှိတဲ့ အဂါင်္ အစိတ်အပိုင်းတွေကိုပါ တိုက်ခိုက်ပါတယ်။

✴ဒါကြောင့် ဖျားခြင်း၊ အလွယ်တကူမောပန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အရိုးပျောဲ့ခင်း၊ သွေးအားနည်းခြင်း၊ သွေးယိုခြင်း၊ နှလုံးကြွက်သားများရောင်ခြင်း၊ ခြေလက်များ ထုံကျင်ခြင်း၊ သွေးကြောများရောင်ရမ်းပြီး ခြေလက်များ ပုပ်ခြင်း၊ အဆုတ်အတွင်း ရေစုခြင်းများ ဖြစ်တတ်ပါတယ်။

✴ဘယ်အချိန်မှာ ရောဂါရှိပြီပြောမလဲ ?
********************************
အခုဖော်ပြတဲ့ အချက်တွေထဲက အနည်းဆုံး (၄ ) ချက်ရှိရင် ရောဂါရှိနေပြီလို့ပြောနိုင်ပါတယ်။

၁။ အိပ်ယာထချိန်တွင် ၁ နာရီထက်ပိုအောင် ခြေဆစ်လက်ဆစ်ကလေးများ တောင့်တင်းနေခြင်း

၂။ ခန္ဓာကိုယ်ရှိ အဆစ် ၃ ဆစ်ထက်ပို ရောင်ခြင်း

၃။ လက်ဆစ်ကလေးများရောင်ရမ်း နာကျင်ခြင်း

၄။ အဆစ်များ ဘယ်ညာစုံရောင်ခြင်း

၅။ rheumatiod nodules ခေါ် အရေးပြားပေါ်တွင် ဖုလုံးလေးများ ထွက်လာခြင်း

၆။ သွေးထဲတွင် rheumatoid factor ရှိနေခြင်း

၇။ X- RAYS တွင် လေးဖက်နာရောဂါ လက္ခနာများတွေ့ရခြင်း

၈။ အထက်ပါ လက္ခဏာများ ၆ ပတ်ထိ ဆက်လက်ရှိနေခြင်း

✴ဘယ်အချိန်မှာဆေးခန်းပြသင့်လဲ?

✴အထက်မှာ ဖော်ပြခဲ့တဲ့ရောဂါလက္ခဏာတွေ ကိုယ့်မှာရှိနေပြီထင်ရင် နီးစပ်ရာ ဆရာ၀န်နဲ့ တွေ့ပြီးပြသင့်ပါတယ် စောစော ကုသမှု ခံယူခြင်းဟာ အဆစ်ပုံပျက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

✴နားလည်တတ်ကျွမ်းတဲ့ ဆရာ၀န်နဲ့ ကုသခြင်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့ ကုသခြင်းကို မလုပ်သင့်ပါဘူး။

ဘယ်လိုကုသမလဲ?
******************
အဓိက ကုနည်းကတော့ ခန်ဓာကိုယိကို အနားပေးဖို့ပါပဲ။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်သင့်ပါဘူး။

ပေါ့ပါးတဲ့လေ့ကျင့်ခန်းများသာ လုပ်ဆောင်သင့်ပါတယ်။

လိုအပ်မှသာ ဆေးရုံတတ်ရတာပါ။ များသောအားဖြင့် အိမ်မှာ အနားယူ ကုလို့ ၇တဲ့ရောဂါပါ။

prednisalone နဲ့ စတီးရွိက်မဟုတ်သော အရောင်ကျဆေးများကို ဆရာ၀န် ညွှန်ကြားသည့် အတိုင်းသောက် ရပါမယ်။

မိမိသဘောအတိုင်း မသောက်သင့်ပါဘူး။ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို သတိထားရပါတယ်။

လေးဖက်နာအတွက်သုံးသောဆေးဝါးများ
*************************************
DMARD (disease modifying antirheumatic drugs).....တွေဟာလေးဖက်နာမှာ သုံးတဲ့နောက်ဆုံးပေါ် ဆေးတွေဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကို ချက်ချင်းမကျစေပေမယ့်

ေ၇ာဂါတိုးဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

1. methotrexate 5-25 mg/week

2. sulfasalazine 2-3 g/day ကို အသုံးများပါတယ်။

ဒီဆေးတွင်အပြင်prednisalone ဆေးကိုပါ တွဲသုံးရင်ပိုကောင်းတယ်ဆိုပါတယ်။
ဒီဆေးတွေန ဲ့မသက်သာရင် တခြား DMARD ဆေးတွေကိုသုံးလို့ရပါတယ်။

✴သတိထားရမှာက ဒီဆေးတွေဟာ အစာအိမ်နဲ့ အူလပ်းကြောင်းမှာ ဆိုးကျိုးတွေ ပိုပေးတတ်လို့ ဆေးကို ဆရာ၀န် ညွှန်ကြားသည့် အတိုင်းသာ သောက်သင့်ပါတယ်။ ဒါ့အပြင် ရောဂါ တိုးတက်မှု ကိုလည်း ဆရာ၀န်နဲ့ ပြပြီး ပုံမှန် စစ်ဆေးသင့်ပါတယ်။

✴လိုအပ်တဲ့ကုသမှုတွေကိုလည်း တိတိကျကျ လိုက်နာဖို့ လိုပါတယ်။

#ဒီလိုချိန်မှာသောက်ဆေးတွေရေရှည်မသောက်ချင်သူများအတွက်ဟန်နုမာန်ရဲ့လိမ်းဆေးနဲ့ဆေးကပ်ခွာလေးနဲ့ သက်သာမှု့ရအောင် အကူလေးယူလို့ရပါတယ်ရှင်း

Credit Original Uploader
#လေးဖက်နာရောဂါအကြောင်းသိကောင်းစရာ
#ဟန်နုမာန်တိုင်း‌ရင်းဆေးကပ်ခွာ

5️⃣ဗူးယူ1️⃣ဗူးလက်‌‌ဆောင်နော်ချစ်တို့ရေ
09265250606

ခေါင်းတခြမ်းကိုက်တဲ့ ဒဏ်ကလည်း အရမ်းဆိုးတာနော်😣အကိုက်ခဲပျောက်ဆေးတေသောက်ပြီး အဲ့ဆေးတေက ကျောက်ကပ်နဲ့ အသည်းတေက်ု ထိတာကိုကောသ...
03/09/2022

ခေါင်းတခြမ်းကိုက်တဲ့ ဒဏ်ကလည်း အရမ်းဆိုးတာနော်😣

အကိုက်ခဲပျောက်ဆေးတေသောက်ပြီး အဲ့ဆေးတေက ကျောက်ကပ်နဲ့ အသည်းတေက်ု ထိတာကိုကောသိကြလား🥺

ဒါဆို အဲ့ဆေးတေကိုမသောက်ပဲ အပြင်ကနေကုကြရအောင် ❤️

လေးကိုသာ အိမ်မှာ တစ်ထုပ်ဆောင်ထား ပြီး ခြေချောင်းလေးတေကို ကပ်ပေးခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေတယ်နော်❤️

တစ်ထုပ် =13500
ဈေးမတက်ခင်လေးအမြန်ဥထားတော့နော်🥰

09265250606
လားရှိုးကိုယ်စာလှယ်❤️

ထုံကျင်ခြင်းက သင့်ကိုဘာတွေပြောပြနိုင်ပါသလဲ ?=================================ခန္ဓာကိုယ်တွင် ထုံခြင်းလက်က္ခဏ ဖြစ်ပေါ်ပါက ...
26/08/2022

ထုံကျင်ခြင်းက သင့်ကိုဘာတွေပြောပြနိုင်ပါသလဲ ?
=================================

ခန္ဓာကိုယ်တွင် ထုံခြင်းလက်က္ခဏ ဖြစ်ပေါ်ပါက
ဘယ်လိုရောဂါမျိုးညွှန်ပြနိုင်ပါသလဲ ?

လက်မ လက်ညှိုး၊ လက်ခလယ် နှင့် လက်သန်းကြွယ် (လက်ခလယ်နဲ့ ကပ်လျက်ဖက်တခြမ်း) ထုံခြင်း
တခြားနေရာတွင် ထုံခြင်းမရှိဘဲ လက်မ လက်ညှိုး၊ လက်ခလယ် နှင့် လက်သန်းကြွယ် (လက်ခလယ်နဲ့ ကပ်လျက်ဖက်တခြမ်း) တွင် ထုံနေလျှင် ဖြစ်နိုင်ချေမှာ အာရုံကြောဖိခံရခြင်း၊ အရိုးအောက်တွင်ရှိသောအမြှေးပါးအရွှတ်ရောင်ရမ်း ခြင်း၊ အရိုးကြီးထွားလာပြီး လမ်းကြောင်းများ ကျဉ်းသွားခြင်းကြောင့်သွေးလည်ပတ်မူမကောင်းခြင်းသို့မဟုတ် အရိုးနုကိုဖုန်းထားသော
တစ်သျှူးအမြှေးပါးများပျက်ဆီး ခြင်း၊ အရွှတ် များ ပျက်ဆီးခြင်းခြင်း ပို၍ထူသွားခြင်း ကြောင့်ဖြစ်နိုင်ပါသည်။

#လက်မလက်ညိုးလက်ခလယ်ထုံခြင်း

ညောင်းညာကိုက်ခဲပြီး လက်တလျှောက်ကိုက်ခဲမူရှိပါက ဖြစ်နိုင်သည်မှာ လက်ဖဝါးကအာရုံကြောဖိထားခြင်းရသောကြောင့် ဖြစ်နိုင်သလို ဖြစ်ရခြင်းအကြောင်းရင်းမှာ လက်ကိုတနေရာပုံစံအနေအထားတမျိုးထဲ တောင့်ထားခြင်း၊ ဓား၊ ကတ်ကြေး၊ ဆံပင်လေမုတ်စက် နှင့် အချိန်ကြာများစွာ ကွန်ပျူတာ သုံးခြင်း ကြောင့် အိပ်ရာဝင်ချိန်သို့မဟုတ်နံနက်ယံ၌နှိုးသောအခါညောင်းညာ ကိုက်ခဲ လက္ခဏာများရှိတတ်သည်။

#လက်သန်းထုံရခြင်း

လက်သန်းထုံရခြင်းသည် လက်ကိုအချိန်ကြာမြင့်စွာကွေးထားခြင်၊း ဖုန်းအကြာကြီးစကားပြောခြင်းကြောင့် ချိုင်းကြားမှ လက်သန်းအထိရှည်သော အာရုံကြော
ဖိခြင်းခံရသောကြောင့်ဖြစ်သည်။

#ခြေချောင်းနှင့်လက်ချောင်းထိပ်များထုံခြင်း

ခြေချောင်းနှင့်လက်ချောင်းထိပ်များ၌ထုံပါကဖြစ်နိုင်ချေများ မှာ ဗီတာမင် B1, B6 ,B12 ချို့တဲ့ခြင်းလက္ခဏာတစ်ခုဖြစ်ခြင်း သို့မဟုတ် ကျောက်ကပ်၊ကင်ဆာရောဂါသို့မဟုတ် ဓာတုပစ္စည်းတခုခုထိတွေ့မူရှိခြင်း တို့ဖြစ်နိုင်ပါသည်။

#အိပ်ရာမဝင်ခင်သို့မဟုတ်ညသန်းခေါင်ယံတွင်လက်ချောင်းထိပ်ဖျားထုံခြင်း

အိပ်ရာမဝင်ခင် သို့မဟုတ် ညသန်းခေါင်ယံတွင်လက်ချောင်းထိပ်ဖျား ထုံခြင်းရှိပါက ၎င်းသည် လက်ကိုအချိန်ကြာမြင့်စွာအသုံးပြုခြင်း ( ဉပမာ- ဖုန်းကို အချိန်ကြာမြင့်စွာခဏခဏ သုံးခြင်း မော်တော်ဆိုက်ကယ်ကိုအချိန်ကြာမြင့်စွာစီးခြင်း )ကြောင့် လက်ကောက်ဝတ်ကအရွှတ်များ အာရုံကြော ကိုဖိထားသောကြောင့်ဖြစ်သည်။

#လက်သူကြွယ်လက်သန်းနှင့်လက်ဖဝါးအပြင်ဖက်တစ်ခြမ်းထုံခြင်း

လက်သူကြွယ်၊လက်သန်းနှင့်လက်ဖဝါးအပြင်ဖက်တစ်ခြမ်း ထုံပါက ၎င်းသည် တံတောင်ဆစ်ကအာရုံကြော ဖိထား၍သွေးလှည့်ပတ်မူ မကောင်းသောကြောင့် ဖြစ်သည်။ ထုံခြင်းမှရှောင်ရှားရန် ထိုင်နေသောသို့မဟုတ်အိပ်နေသည့်ကိုယ်ဟန်အနေအထားကိုချက်ချင်း ပြောင်းလဲသင့်ပါသည်။

#လက်မနှင့်လက်ညှိးကြားထုံကျင်ခြင်း

လက်မနှင့်လက်ညှိးကြားထုံကြင်ခြင်းသည် လက်မောင်းတွင်အာရုံကြောများထပ်နေခြင်းကြောင့် ဖြစ်သည်။ထို့ကြောင့်မိမိထိုင်နေသောထိုင်ခုံတွင်ထိုင်သည့်အနေအထား မကြာခဏ ပြောင်းပေးရမည်။ ထို့နောက်ထိုင်ခုံပေါ်တွင်ထိုင်နေရာကလက်ကို နောက်ပစ်ထား၍
မထိုင်ရပါ။

#လက်မောင်းကနေလက်ဖျားထိထုံကျင်ခြင်း

လက်မောင်းကနေလက်ဖျားထိထုံကြင်ခြင်းသည် လည်ပင်းက အရိုးက အာရုံကြောကို သွား၍ဖိထားသောကြောင့် ဖြစ်နေခြင်းဖြစ်သည်။ထို့ကြောင့်စိုးရိမ် စရာဖြစ်သဖြင့်ဆရာဝန်နှင့်အမြန်ဆုံးပြသ၍ကုသင့် ပါသည်။

#ခြေဖမိုးမှဒူးခေါင်းအောက်ဖက်အရှေ့ခြမ်းတွင်ထုံခြင်း

ခြေဖမိုးမှ ဒူးခေါင်းအောက် ဖက် အရှေ့ခြမ်းတွင်ထုံခြင်းရှိပြီး သို့သော်လက်ဖျားထုံကြင်ခြင်း မရှိပါကအချိန်ကြာကြာတရားအားထုတ်ထိုင်ခြင်း၊ထိုင်ခွေပုံစံကြာကြာထိုင်းခြင်းကြောင့်ဒူးခေါင်းရှိအာရုံကြောများဖိအားများ၍သွေးကြောမလည်ပတ်နိုင်သောကြောင့်ဖြစ်သည်။

#ခြေဖျားမှတင်ပါးထိထုံကျင်ခြင်း

ခြေဖျားမှတင်ပါးထိထုံကျင်ခြင်းသည်အထူးသတိပြုရမည်။ အကြောင်းရင်းမှာကြောရိုးက အရိုးဆစ် များရွေ့လျား၍အာရုံကြောကိုဖိအားပေးညှပ်နေခြင်းဖြစ်သည်။

#ခြေဖျားခြေဖဝါးလက်ဖျားကနေတဆင့်ခန္ဓာကိုယ်ထဲထိထုံကျင်ခြင်း

ခြေဖျား ခြေဖဝါး လက်ဖျားကနေတဆင့်ခန္ဓာကိုယ် ထဲထိထုံကျင်ခြင်း၏အကြောင်းရင်းသည်အရက် သောက်သောသူများ၌သာတွေ့လေ့ရှိပါသည်။အဘယ်ကြောင့်ဆိုသော်အယ်ဂိုလ်ဟောသည်ခန္ဓာကိုယ်အတွင်းရှိအာရုံကြောများကိုပျက်စီးစေသည်။

အထက်ပါ ဝေဒနာများကိုသက်သာစေရန် ကျန်းမာသောနေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် ကုသနိုင်ပါသည်။ သို့သော် ၁ပါတ်တိတိကြာသည်အထိ မသက်သာခဲ့လျှင် ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ဖြင့်
ပြသရန် လိုအပ်ပါမည်။

#မူရင်းရေးသားသောတက်ကျွမ်းပညာရှင်များအားလေးစားစွာဖြင့်CRD..🙏

Address

Lashio

Telephone

+959265250606

Website

Alerts

Be the first to know and let us send you an email when Hanuman by Ying Ying posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram