Yu Ya Myitta Clinic ယုယမေတ္တာဆေးခန်း 優亚美達診所

  • Home
  • Myanmar
  • Lashio
  • Yu Ya Myitta Clinic ယုယမေတ္တာဆေးခန်း 優亚美達診所

Yu Ya Myitta Clinic ယုယမေတ္တာဆေးခန်း 優亚美達診所 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yu Ya Myitta Clinic ယုယမေတ္တာဆေးခန်း 優亚美達診所, အမှတ် ၂/၇ မန္တလေးလမ်း ရပ်ကွက် ၄ လားရှိုးမြို့, Lashio.

16/09/2024

လားရှိုးယုယမေတတ္တာအားမကြာမီတန့်ယန်းမြို့တွင်ဖွင့်လစ်ပေးပါမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်

15/08/2021
Owgel Oxygen concentractor 10L ဆေးခန်းတွင်ပစ္စည်းအသင့်ရှိပါသည် မိတ်ဆွေများလိုအပ်လျှင်ဆေးခန်းသို့မဟုတ်CB တွင်စုံစမ်းမေးမြ...
14/08/2021

Owgel Oxygen concentractor 10L ဆေးခန်းတွင်ပစ္စည်းအသင့်ရှိပါသည် မိတ်ဆွေများလိုအပ်လျှင်ဆေးခန်းသို့မဟုတ်CB တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။ မိတ်ဆွေများကျန်းမာပျော်ရှွင် ကြပါစေ။

22/04/2018
15/08/2016

လည်ချောင်းတွင်း တစ်ခုခုဝင်နေသောကလေးငယ်အား ၃မိနစ်အတွင်းအသက်ကယ်နည်း

21/07/2016
13/06/2016

နှလုံးသွေးကြောရုတ်တရက်ပိတ်သူများကို အမြန်ဆုံးနည်းဖြင့် အသက်ကယ်တင်ပေးမည့် မြန်မာနိုင်ငံ၏ ပထမဆုံး ကွန်ရက်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
၁၇-၆-၂၀၁၆ ရက်နေ့ထုတ် Life ဂျာနယ် အမှတ် (၃၅) တွင် ပါရှိမည့် အထူးဆောင်းပါး

ကမ္ဘာပေါ်မှာ နှစ်စဉ် လူဦးရေ ၁၇ သန်းခန့် သွေးကြောပိတ်ဝေဒနာ ခံစားနေရပြီး အဲဒီအထဲက ၄၀ ရာခိုင်နှုန်းမှာ နှစ်စဉ်သေဆုံးနေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ခန့်မှန်းချက် အရ ၂၀၂၀ မှာ နှစ်စဉ် လူဦးရေ သန်း ၂၀ သွေး ကြောပိတ်ရောဂါခံစားရမှာဖြစ်တယ်လို့
သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း နှလုံးသွေးကြော ရုတ်တရက်ပိတ်တဲ့ရောဂါဖြစ်ပွားနှုန်း
က နှစ်စဉ်တိုးတက်လျက်ရှိပြီး မန္တလေး ဆေးရုံကြီးမှာ နှစ်စဉ် ၄၀၀-၅၀၀ဦးခန့် တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။

နှလုံးသွေးကြောပိတ်ရောဂါမှာ အရင်က ဖွံ့ဖြိုး ပြီးနိုင်ငံတွေမှာပဲ အဖြစ်များတဲ့ ရောဂါဖြစ်ခဲ့ပြီး အခုအခါ ပြောင်းလဲလာတဲ့ စီးပွားရေးစနစ်၊ နေထိုင် စားသောက်မှုပုံစံတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ ဖြစ်ပွားနှုန်း နှစ်စဉ် မြင့်တက်လာနေပါတယ်။

ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါဆိုတာ နှလုံးသွေးလွှတ်ကြောကို
သွေးခဲ ဒါမှမဟုတ် အဆီခဲတွေနဲ့ ရုတ်တရက်ပိတ်ပြီး နှလုံးကြွက်သားတွေ ပျက်စီးသွားတာ ဖြစ်ပါတယ်။ အဲဒီလိုရုတ်တရက် နှလုံးသွေးကြောပိတ်တာက မူလနှလုံးသွေးကြောကျဉ်းရောဂါ အခံရှိသူတွေမှာသာမက
နှလုံးသွေးကြောကျဉ်းရောဂါ မရှိသူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။

နှလုံးသွေးကြောရုတ်တရက်ပိတ်ပါက ရောဂါ ဖြစ်သူအားလုံးရဲ့ ထက်ဝက်ခန့်သာအသက်ရှင်ရန် အခွင့်အလမ်း ရှိပါတယ်။

ဒါကြောင့် နှလုံးသွေးကြော ရုတ်တရက်ပိတ်ပြီဆိုရင် အဲဒီသွေးကြော အမြန်ဆုံး ပြန်ပွင့်ရေးက လူနာအသက်ရှင်ရေးအတွက်သာမက
ကျန်ရှိတဲ့ ဘ၀တသက်တာအတွက် အလွန်အရေး ကြီးပါတယ်။
နှလုံးသွေးကြောအမြန်ဆုံးဖွင့်နိုင်လေ အသက်ရှင်ဖို့ အခွင့်အလမ်း ပိုများလေ၊ နှလုံးကြွက်သားပျက်စီးမှုလျော့နည်းလေဖြစ်တာကြောင့်
နှလုံး သွေးကြော ရုတ်တရက်ပိတ်ရင် သက်ဆိုင်ရာ ဆရာဝန်ကတစ်ဆင့် ဖုန်း Viber နဲ့ အီးစီဂျီအဖြေပို့ပေးပြီး သွေးကြောအမြန်ဆုံး ဖွင့်နိုင်ရေး အတွက် စီစဉ်ပြင်ဆင်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကွန်ရက် အကြောင်းကို နှလုံးအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးကျော်စိုးဝင်းနဲ့
ဆွေးနွေးပြီး အထူးဆောင်းပါးအဖြစ် ပြည့်ပြည့်စုံစုံ ဖော်ပြပေးလိုက်ပါတယ်။

“နှလုံးသွေးကြော ရုတ်တရက် ပိတ်တဲ့ လူနာအတွက်
မိနစ်တိုင်း၊ မိနစ်တိုင်း အရေးကြီးပါတယ်။
လူနာကို နှလုံးသွေးကြောဖွင့်ဖို့ တစ်မိနစ် နောက်ကျရင် ၁၀ ရက် ပိုပြီး အသက်တိုပါတယ်၊ တစ်နာရီ နောက်ကျရင် ရက် ၆၀၀ (နှစ်နှစ် နီးပါး) အသက်တိုသွားပါတယ်။
ဒါကြောင့် ဆရာတို့က အချိန်မြန်စေချင်တဲ့ ရည်ရွယ်ချက်နဲ့
ကွန်ရက် (STEMI Network)ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်”

♦ ပါမောက္ခဦးကျော်စိုးဝင်း၏ ဖြေကြားမှု ကောက်နှုတ်ချက်

15/05/2016

Specialist's Advice!

တစ်နေ့ ၃၀ မိနစ် အချိန်ပေးပြီး လုပ်သင့်သော ကျန်းမာရေးအကျင့်ကောင်း

ပါမောက္ခဦးခင်မောင်ဝင်း
အသည်းအထူးကု ဆရာဝန်ကြီး

လူတွေ အချိန်မရဘူးဆိုရင် ကျန်းမာဖို့ တစ်နေ့ နာရီဝက်လောက် အချိန်ပေးပြီး လုပ်သင့်တာက လမ်းလျှောက်တာပါပဲ။
လေ့ကျင့်တဲ့ စက်တွေ ၀ယ်ပြီး ဒီစက်ကြီးနဲ့ ဒီလိုလုပ်မယ်၊ ဟိုလိုလုပ်မယ်ဆိုတာ တကယ်တမ်းမှာ မလုပ်ဖြစ်ကြတာ များတယ်။

နောက်တစ်ခုက မနက်စောစော ကန်ဘောင်မှာ လမ်းလျှောက်ပြီး ဆီပူထဲ နှစ်ထားတဲ့ ဘူးသီးကြော်တွေ စားပြီး ပြန်လာတယ်ဆိုရင်လည်း တကယ်တမ်း မထိရောက်ပါဘူး။

အဆင်ပြေတယ်ဆိုရင် အိမ်မှာ လမ်းလျှောက်စက်နဲ့ တစ်နေ့ နာရီဝက်လောက် ပြေးတာကလည်း ကောင်းပါတယ်။

လူအများအတွက် အဆင်ပြေမယ့် နည်းကို ပြောရမယ်ဆိုရင်တော့
Brisk Walking လို့ ခေါ်တဲ့ နှလုံးခုန်နှုန်း မြန်လာအောင် ခပ်သွက်သွက် လမ်းလျှောက်ပေးရမယ်။


Healthy Life ဂျာနယ် အမှတ် (၂၅) တွင် ပါရှိသည့် အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်း၏
ကျန်းမာရေးအကြံပြုချက်ကို အများပြည်သူအကျိုးရှိစေရန်အတွက်
ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

ဆေးပညာဆောင်းပါး
26/04/2016

ဆေးပညာဆောင်းပါး

01/04/2016

从 4 月 11 号 至 18 号 関几天 19 号 正常营业 谢谢大家

31/03/2016

သင်္ကြန်ရက်အတွင်း ဧပရယ် ၁၁ ရ က် မှ ၁၈ ရက် နေ့ထိ ဆေးခန်းပိတ်ပါသည်။ ဧပရယ် ၁၉ ရက် မှပြန်ဖွင့်မည်ဖြစ်ကြောင်းမိတ်ဟောင်းမိတ်သစ်များအားအသိပေးကြေညှာအပ်ပါသည်။

Address

အမှတ် ၂/၇ မန္တလေးလမ်း ရပ်ကွက် ၄ လားရှိုးမြို့
Lashio

Telephone

+959250815552

Website

Alerts

Be the first to know and let us send you an email when Yu Ya Myitta Clinic ယုယမေတ္တာဆေးခန်း 優亚美達診所 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram