Tarot Aung Kyaw Zaw -lashio

Tarot Aung Kyaw Zaw -lashio လူကြီးမင်းတို့၏ ကံဇာတာများစစ်ဆေးမေးမြန်းနိုင်ပါသည်

မနက်ဖြန်ည8နာရီliveလေးရှိပါမည် ပညာဒါနဟောကြား‌မှာဖြစ်သည့်အတွက်ကိုယ်ချစ်ရတဲ့သူ‌ေတွကိုပါ‌ မေးလို့ရအောင်ယခုpostလေးကိုlike&sha...
27/01/2024

မနက်ဖြန်ည8နာရီliveလေးရှိပါမည် ပညာဒါနဟောကြား‌မှာဖြစ်သည့်အတွက်ကိုယ်ချစ်ရတဲ့သူ‌ေတွကိုပါ‌ မေးလို့ရအောင်ယခုpostလေးကိုlike&shareလေးလုပ်ပေးကြပါအုံးနော် ပထမဦးဆုံးshareပေးတဲ့၅ဦးအားအထူးအသေးစိတ်ဟောကြားပေးမည့်အပြင်ထို5ဦးအားlucky money5000ksပေးမည်ဖြစ်ပါတယ်ကိုယ်ချစ်ရတဲ့သူတွေပါသိအောင်မျှဝေ‌လိုက်ကြပါနော်
Tarot Aung Kyaw Zaw -lashio

နှစ်သစ်မှစ၍ ‌ရွှေလာဘ်တံခါး ငွေလာဘ်တံခါးကြီးတွေပွင့်လန်းကြပါစေ ဏဘရံဘေးမရှိ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်ကြပါစေလိုနှစ်သစ...
30/12/2023

နှစ်သစ်မှစ၍ ‌ရွှေလာဘ်တံခါး ငွေလာဘ်တံခါးကြီးတွေပွင့်လန်းကြပါစေ ဏဘရံဘေးမရှိ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်ကြပါစေလိုနှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏

 လူသိနည်းပြီး သတိမမူမိကြတဲ့ မိမိ အိမ်မှာ အမြဲသန့်ရှင်းရေးလုပ်နေတဲ့ တံမြက်စည်းနိမိတ်၁။ အပျိုတွေ တံမြက်စည်းကျော်မိရင် အိမ်...
25/12/2023



လူသိနည်းပြီး သတိမမူမိကြတဲ့ မိမိ အိမ်မှာ အမြဲသန့်ရှင်းရေးလုပ်နေတဲ့ တံမြက်စည်းနိမိတ်

၁။ အပျိုတွေ တံမြက်စည်းကျော်မိရင် အိမ်ထောင်မကျခင် ဗိုက်ကြီးတတ်ပါတယ်။

၂။ အပျို၊ လူပျိုတွေ ခြေဖျားပေါ်ကျော်ပီး တံမြက်စည်း ခတ်မိရင် အဲ့ကလေးတွေ အိမ်ထောင်မကျတော့ပါဘူး။ တံမြက်စည်းကို တံတွေးနဲ့ ပြန်ထွေးခိုင်းပါ။

၃။ အိမ်နီးနားချင်းတွေ ကိုယ့်အိမ်/ဝကစပီး တံမြက်စည်းလာလှဲသွားရင် ဝင်မယ့်လာဘ် မဝင်တော့ပါဘူး။ သူ့အိမ်ဝက ပြန်လိုက်လှဲယူပါ။

၄။ တံမြက်စည်းသစ်နဲ့ အိမ်ထဲက အိမ်ပြင် စ မလှဲရပါဘူး။ ပစ္စည်းတစ်ခုခု အိမ်ဝချပြီး အိမ်ထဲ အရင်လှဲထည့်ရပါတယ်။

၅။ ကိုယ့်မိသားစုတွေအကုန် ကံဆိုးနေတယ်ထင်ရင် ရှေ့၊ နောက် အိမ်တံခါးတွေဖွင့်ထားပီးအိမ်ရှိလူကုန် အိမ်လယ်ကစ ရှေ့နောက်အပေါက်ဘက်ကို တံမြက်စည်း လှဲခိုင်းပါ။

၆။ အိမ်ဝင်တံခါးမှာ တံမြက်စည်း ကန့်လန့်ဖြတ်ချထားရင် မကောင်းတဲ့ဝိဉာဉ် ဝင်မရပါဘူး၊၊ ပညာသည်တွေ ကြံစည်မရပါဘူး။

၇။ တံမြက်စည်းဟာ မမြင်ရတဲ့ နာမ်လောက သားတွေနဲ့ဆက်နွယ်နေတာမို့ အိမ်မှုကိစ္စကလွဲပြီး တံမြက်စည်းနဲ့ ကစားခြင်း၊ ရိုက်ခြင်း လုံးဝမပြုရပါ။ လူကို အငြိုးထားတတ်ပါတယ်။

၈။ တံမြက်စည်းလှဲရင်း ယောက်ျားလေးတွေ ထိမိရင် ဘုန်းကံနိမ့်ပါတယ်။ မတော်တဆ ထိမိလျှင် အဲတံမြက်စည်းကို နံရံနဲ့ ၃ ချက် ရိုက်ပြီး အပြစ်ပေးပါ။

၉။ ဘုန်းကြီးကျောင်း၊ ဘုရားတွေက တံမြက်စည်းကို မသန့်သောလက်နဲ့ မကိုင်ပါနဲ့။

၁၀။ တံမြက်စည်းလှဲရင် အိမ်ဝက အိမ်ထဲပဲ လှဲယူပါ။ အိမ်ထဲက အိမ်ဝလှဲလျှင် စီးပွားယုတ်လျော့ပါတယ်။

၁၁။ နှစ်ဆန်း ၁ ရက်နေ့ တံမြက်စည်း မလှဲပါနဲ့။ လှဲရင် အဲ့နှစ် လာဘ်ပိတ်ပါတယ်။

၁၂။ ညအိပ် ညနေ (ဧည့်ကောင်း) ပြန်ရင် ချက်ချင်း တံမြက်စည်း ထ မလှဲပါနဲ့။ လှဲရင် အဲ့ ဧည့်သည် နောက်တစ်ခါ မလာတော့ပါ။ ဧည့်ဆိုးပြန်ရင် နောက်မလာအောင် ချက်ချင်းသာ ထလှဲပါ။

၁၃။ ညအချိန် တံမြက်စည်းမလှည်းပါနဲ့။ မဖြစ်မနေလှည်းရရင် အိမ်ထဲက အိမ်ပြင်ကို လှည်းထုတ်ပါ။

၁၄။ နာရေးရှိရင် ပထမသုံးရက် တံမြက်စည်း မလှည်းရပါဘူး။ သေသူ ဝိဉာဥ်ကို အိမ်စောင့်နတ်တွေ နှင်ထုတ်ပါတယ်။

၁၅။ တံမြက်စည်း ပြောင်းပြန်ထောင်ထားရင် သူများ မကောင်းကြံလို့ မရပါဘူး။ လာဘ်လာဘလည်း ရပါတယ်။

၁၆။ ညအိပ်ချိန် တံခါးအတွင်းဘက်မှာ တံမြက်စည်းပြောင်းပြန်ထောင်ထားလျှင် သူခိုး ကပ်မရပါဘူး။ အိပ်မွေ့ချမရ။

၁၇။ တံမြက်စည်းအဟောင်းကို အိမ်သစ် သယ်မသွားပါနဲ့။ မမြင်ရတာတွေ လိုက်သွားပါတယ်။အိမ်သစ်မတက်ခင် တံမြက်စည်းအသစ် အရင်ဝယ်ပြီး သွားပို့ထားပါ။

မိမိမေးမြန်းလိုသောအကြောင်းအရာမေးခွန်း၃ခုအားဆရာ့ရဲ့chat boxသို့ နေ့နံ‌လေးတွေပို့ပြီးမေးမြန်းနိုင်ပါသည်ပညာဒါနဟောကြားပေးပါမ...
21/12/2023

မိမိမေးမြန်းလိုသောအကြောင်းအရာမေးခွန်း၃ခုအားဆရာ့ရဲ့chat boxသို့ နေ့နံ‌လေးတွေပို့ပြီးမေးမြန်းနိုင်ပါသည်ပညာဒါနဟောကြားပေးပါမည်
တစ်ခြားသူတွေလဲမေးမြန်းလို့ရအောင် Like &shareလေးလုပ်ပေးခြင်းဖြင့်ဆရာ့ကိုကူညီနိုင်ပါတယ် မေးခွန်းလေးတွေဖြေကြားပေးဖို့အချိန်တော့စောင့်ပေးရပါမယ်ခင်ဗျာ
#ဗေဒင် #ယတြာ #အစီအရင်

19/12/2023

နွားသား"ကို "အမဲသား"လို့
ဘာကြောင့်ခေါ်ကြသလဲ...?
(အများစုက မသိကြဘူး)

အသားစားသတ္တဝါထဲတွင်
သရဲ၊ သဘက်၊ ဘီလူး၊
ကျား၊ ခြင်္သေ့ နှင့် တခြားသော
မကောင်းဆိုးဝါးမိစ္ဆာများမှာ
အသားထဲ၌ နွားသားကိုသာ အကြိုက်ဆုံးဖြစ်သည်။

နွားသား၏အနံ့မှာလည်း အညှီဆုံးဖြစ်သလို
နွားသားစားခြင်းကြောင့်လည်း သွေးသားအားကောင်းခြင်းကို
ဖြစ်စေသည်။ ဟု ပြောကြ၏...

ယင်းအသားစားမှ သွေးသားအားကောင်း
တယ်ဆိုတာလည်း
တစ်ကယ်ဟုတ်မဟုတ် အမှန်မပြောနိုင်ချေ...

ကြက်သေတော့ ကြက်သား
ဝက်သေတော့ ဝက်သားလို့ ခေါ်ကြသည်မှာ...
အမှန်တိုင်းပင်ဖြစ်သော်လည်း

နွားသေတဲ့အသားကျတော့
အမဲသားဟူ၍ ခေါ်ဝေါ်ခြင်းမှာ
ထူးဆန်းလှသည့်အပြင်
ဘာကြောင့် အဲဒီလိုခေါ်ဝေါ်ခြင်းကို
မသိသူကများပါသည်။

အမဲသားဟု ခေါ်ဝေါ်ခြင်းမှာ..
မကောင်းသော အမှောင်လောကသားတို့သာ
ကြိုက်နှစ်သက်ကြသည် စားကြသည်
မက်မောကြသည်ဖြစ်၍

သာမှန်လူသားတို့အတွက် ဖြူစင်သန့်ရှင်းသော
အသားမဟုတ်ကြောင်းကို ဆိုလိုသည်။

မသန့်ရှင်းဟု ဆိုသည်မှာ...
ရွံစရာကောင်းအောင် ညစ်ပတ်နေသည်ဟု
ပြောသည်မဟုတ်ပါ။

အကုသိုလ်တွေ ဖုံးလွှမ်းပေကျံနေသောကြောင့် မကောင်းဆိုးဝါးများသာ နှစ်သက်သောကြောင့်
မသန့်ရှင်း၊ မဖြူစင်ဘူးဟု ဆိုပါသည်။

အမှောင်လောကသားတို့၊ ပရလောကသားတို့
ကုသိုလ်နှင့်
အကုသိုလ်ကို မသိနားမလည် မခွဲခြားတတ်သော
မလုပ်နိုင်သောသူတို့သာ စားမက်ဖွယ်ရာဟု
သတ်မှတ်ထားသော
အသားဖြစ်၍ အမဲသားဟု ခေါ်ဝေါ်ကြသည်။

ထိုသို့ အမဲသားကို ကြိုက်နှစ်သက်သော
စာသောက် ကြသော
သာမန်လူသားတို့တွင် ထိုသူတို့၏ ခန္ဓာတွင်လည်း
အင်မတန်ညစ်နွမ်းခြင်း အနံ့အသက်
ညှီနံ့များ စွဲနေလေ၏။

မိမိကိုယ်မိမိ မသိသော်လည်း
အထက်မှာဖော်ပြထားသည့်
အမဲသားကို မက်မောနှစ်သက်စွာ ကြိုက်နှစ်သက်သည့်
ပရေလောကသားများ၊ ကျားရဲတိရိစ္ဆာန်များ၊
အစိမ်းသေ၊ သရဲ၊ သဘက်၊ ဘီလူးများမှာ
ထိုအသား၏အနံ့ကို ယဉ်ပါးနေပြီဖြစ်၍

ထိုအသားကို စားသောက်ထားသည့်
သာမန်လူသားများကို
အလွယ်တကူသိရှိကြ၏ အလွယ်တကူ အနံ့ရ၏။

ထိုအနံ့ရရှိသော လူသားတို့ကိုလည်း
ထိုမိစ္ဆာတို့က
အမဲသားကို ကြိုက်နှစ်သက်မက်မောသလို
ထိုအသားစားထားသော လူသားတို့ကိုလည်း
မက်မောကြ၏...
ကြိုက်နှစ်သက်ကြ၏။

သူတို့၏အကြိုက်ဆုံးအနံ့၊ အစားအသောက်သည်
မည့်သည့်လူ၊ မည့်သည့်နေရာ၌ရှိသည်ကို
အလွယ်တကူ သိကြ၏။

ထိုအသားကိုစားသုံးသော လူသားတို့၌လည်း
ထိုမိစ္ဆာအပေါင်းက
မစားတဲ့သူများထက် လွယ်ကူစွာနှောက်ယှက်နိုင်၏။
လွယ်စွာတိုက်ခိုက်ဖြတ်စီးနိုင်၏

ထိုအသားကို စားသုံးသောသူတို့မှာလဲ
ကံနိမ့်၏...ဥာဏ်နိမ့်၏။

ထိုကြောင့်ပင် ဤနွားသားခေါ် အမဲသားကို သူတော်ကောင်းတို့
လောကီပညာရှင်တို့ တရားအားထုတ်သော
အရိယာသူတော်စင် ပုဂ္ဂိုလ်တို့က
ရှောင်ကျဉ်၍ မစားကြပေ။

အာဆိပ် လျှာဆိပ် ညံ့သည်။
ဩဇာအာဏာစက် ညံ့သည်။
ပြောဆိုသမျှ၊ ကြံစည်သမျှ၊
ပျက်စီးစေတတ်သည်။
လာဒ်ပိတ်တတ်သည်။

ထိုကြောင့်ဖြစ်ပါ၍ သူတော်ကောင်းများအနေဖြင့်
မစားကြပါနဲ့လို့ ပြောဆိုအမိန့်ပေးခွင့်၊
ပိတ်ပင်တားဆီးခွင့် မရှိပါသောကြောင့်

မိမိတို့၏ ကိုယ်ပိုင်အသိဥာဏ်လေးဖြင့်
ဆင်ခြင်သုံးသပ်၍
သတိတရားများရှိကြပါစေ...

မူရင်းရေးသားသူအား crdပေးပါတယ်။
#ယတြာ #တားရော့ #အမဲသား #ပရလောက

အသက်ဘေးနှင့်ကြုံနေရသူကျန်းမာရေးအရမ်းညံ့သူကံဇာတာအရမ်းညံ့သူကပ်သုံးပါးကြုံနေရသူသူတစ်ပါးမကောင်းကြံခြင်းခံနေရသူသူတစ်ပါးပြုစား...
19/12/2023

အသက်ဘေးနှင့်ကြုံနေရသူ
ကျန်းမာရေးအရမ်းညံ့သူ
ကံဇာတာအရမ်းညံ့သူ
ကပ်သုံးပါးကြုံနေရသူ
သူတစ်ပါးမကောင်းကြံခြင်းခံနေရသူ
သူတစ်ပါးပြုစားနှောင့်ယှက်ခံနေသူ

ယခုသာသနာသည်သိကြားသာသနာဖြစ်သောကြောင့်2500သောသာသနာအားစောင့်ရှောက်သည့်သိကြားမင်းအမှူးထား၍သာသနာစောင့်ကြပ်သာသနာစောင့်နတ် နတ်မင်းကြီး4ပါးအမှူထားပြီး ကန်တော့ပွဲ့လှူရန်ဖြစ်သည်

ကန်တော့ပွဲသည်
1 ငှက်ပျော၂၅ဖီး
2 အုန်းသီးတစ်လုံး
3လက်ဖက်၂၅ကျပ်သားတစ်ထုပ်
4ကွမ်း၂၅ယာ
5ဆေးလိပ်၂၅လိပ်
6သပြေ၂၅ခက်ထည့်၍မိနှစ်သက်ရာမိမိနံပန်းနှစ်သက်ရာပွဲထဲထိုး၍လှူနိုင်သည်ထို့နောက်ပုံပါအတိုင်းဓါတ်လေးပါးဖြစ်သည့် ရေ လေ‌ မြေ မီးဟုဆိုသည့်
ရေ၂၅ခွက် (သို့မဟုတ်)၂၅ဗူး
မီး ဖယောင်းတိုင်၂၅တိုင်
ယပ် ၂၅ခု
မြေကြီး (သို့)သဲ ၂၅ဆုပ်
စသည်တို့ကိုပုံပါအတိုင်းစီရင်၍ မိမိအတွက်ပြုလုပ်သည်ဖြစ်စေသူတစ်ပါးအတွက်ပြုလုပ်ပေးသည်ဖြစ်စေ မွေးနေ့မနက် ၉း၄၅မိနစ်တွင်ပြုလုပ်ရမည်
ဤယတြာကိုလုပ်ခြင်းအားဖြင့် ကျန်းမာရေးလူမှုရေးစီးပွားရေးများသိသာစွာကောင်းမွန်လာမည် ကပ်သုံးပါးဘေးလွတ်ကင်းမည် ဘေးဒုတ်ခကြုံနေလျှင်ကျော်လွှားနိုင်မည်
ဂတိသစွာပြု၍တိုင်တည်ပြီးဆုတောင်းလျှင်ပို၍ထိရောက်မည်
စေတနာဖြင့်ကပ်သုံးပါးဘေးလွတ်ကင်းကြပါစေ
ဆရာအောင်ကျော်ဇော
09881976842
နောက်ထပ်ယတြာကောင်း‌ေတွသိရှိဖို့နှင့်မိမိတို့ဘ၀အခက်အခဲတွေဖြေရှင်းနိုင်ဖို့ယခုpostလေးအားlike&shareလေးလုပ်ပေးပါခင်ဗျာ

သူပြန်လာစေချင်ဒါလေးဆောင်ရွှေလက်တွဲမြဲကြပါစေ😊😊🌻🌻🌻
19/10/2023

သူပြန်လာစေချင်ဒါလေးဆောင်ရွှေလက်တွဲမြဲကြပါစေ😊😊🌻🌻🌻

🪔🪔ဆီမီးခွက်မငွေလှိုင်🪔🪔ငွေတွေလှိုင်လှိုင်ကြွယ်၀အောင်‌ ဓါတ်ပန်းချီကားဆောင်Save&Share&like
11/10/2023

🪔🪔ဆီမီးခွက်မငွေလှိုင်🪔🪔
ငွေတွေလှိုင်လှိုင်ကြွယ်၀အောင်‌ ဓါတ်ပန်းချီကားဆောင်
Save&Share&like

09/09/2023

လက်ဖက် သို့ နတ်သစ်ရွက် အစွမ်းထက်နတ်သစ်ရွက်နဲ့ယတြာချေကြမယ်

👩‍❤️‍👨👨‍❤️‍👨💏👨‍❤️‍💋‍👨Single Faအပေါင်းတို့အတွက်ကော လက်တွဲဖော်ကောင်း အစစ်အမှန်လိုချင်သူများအတွက်ကော 👩‍❤️‍💋‍👩👨‍❤️‍💋‍👨👩‍❤️‍👩...
07/09/2023

👩‍❤️‍👨👨‍❤️‍👨💏👨‍❤️‍💋‍👨Single Faအပေါင်းတို့အတွက်ကော
လက်တွဲဖော်ကောင်း အစစ်အမှန်လိုချင်သူများအတွက်ကော 👩‍❤️‍💋‍👩👨‍❤️‍💋‍👨👩‍❤️‍👩👨‍❤️‍👨
အကြင်လင်မယားနှစ်ဦး(မိဘကပေးစားသောသူမဟုတ်ပါ)ထိုအကြင်လင်မယားထံမှ
ပန်းကန်ပြားတစ်ချပ်လက်ဆောင်တောင်းယူပါ
ထိုပန်းကန်ပြားပေါ်တွင်
လက်စွပ်တစ်ကွင်း (မိမိကြိုက်နှစ်သက်ရာ)နှင့် ဆန်၉စေ့တို့အား အ၀တ်စအနီရောင်တစ်ခုဖြင့်ပတ်ပြီး တင်ပါ မိမိအိပ်ယာခေါင်းရင်းညာဘက်စားပွဲတစ်ခုပေါ်တင်ပြီး၉ရက်တိတိထားအိပ်ပါ
၉ရက်ပြည့်လျှင် လက်စွပ်အားမိမိညာဘက်လက်သန်းကြွယ်တွင်၀တ်ပါ
ထိုလက်စွပ်၀တ်ပြီးသည်နှင့်မိမိရဲ့အချစ်ရေး အိမ်ထောင်ရေး ဆန်းဇာတာတွေ လင်းလက်လာပါလိမ့်မယ် မိမိအတွက် အဖော်မွန်ကောင်း လက်တွဲဖော်ကောင်း ပါရမီဖြည့်ဘက် ပေါ်ပေါက်လာပါလိမ့်မယ် ပီယဓါတ်တွေလဲ မြူးထူးပြီး အချစ်ရေးကံဇာတာတက်လာပါလိမ့်မယ်
ထူးခြားဆန်းပြားပြီးလွယ်ကူထိရောက်မဲ့ယတြာလေးတွေကိုသဘောကျတယ် Tarotမေးချင်သူများ Pageလေးကိုlike&shareထားပေးကြပါနော်💖💖💖💖

Address

Lashio Koe Myo Shin Nat Nan
Lashio

Telephone

+959881976842

Website

Alerts

Be the first to know and let us send you an email when Tarot Aung Kyaw Zaw -lashio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram