Massage, Aromatherapy, Bodycare Treatment
Massage, Aromatherapy, Bodycare Treatment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Massage, Aromatherapy, Bodycare Treatment, Mudita Health Spa, အခန်း ၁၃, အားကစားကွင်းဆိုင်တန်း၊ ပြည်ထောင်စုလမ်းမကြီး။, Lashiogyi.
31/10/2020
100% Pure Rose Water
🌹 Rosa Damascena နှင်းဆီပွင့်ဖက်တွေကို ရေနွေးငွေ့ပေါင်းခံပြီးထုတ်ယူထားတာဖြစ်ပါတယ်။ Rose Oil ထုတ်တဲ့ အခါမှာ ဘေးထွက်ပစ္စည်းအဖြစ်ထွက်ရှိလာတဲ့ရေဖြစ်ပြီး Rose Water တွေမှာ Rose Oil ရာခိုင်နှုန်းပမာဏတခုပါရှိပါတယ်။ အများအားဖြင့်တော့ 0.01% ခန့်ပါဝင်လေ့ရှိပါတယ်။ Rose Oil ကို Rose damascene ရဲ့ပွင့်ဖတ်တွေကနေ ထုတ်ယူရရှိတာပါ။ အဲ့ဒီပွင့်ဖက်မှာ အဆီပါဝင်မှုကအရမ်းကိုနည်းပါးလွန်းတာကြောင့် အဆီ Essential Oil ရရှိဖို့ မြောက်များစွာသော ပွင့်ဖက်တွေကို ပေါင်းခံရပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး Essential oil တွေထဲက တခု ဖြစ်နေတာပါ။ Rose ဟာ မူရင်းအားဖြင့်တော့ အီရန်နိုင်ငံကဖြစ်ပေမဲ့ အခုအခါမှာ အိန္ဒိယ၊ တူရကီ၊ ဘူလ်ဂေးရီးယားနဲ့ ဥရောပနိုင်ငံတွေမှာ အများအပြားစိုက်ပျိုးထုတ်လုပ်နေကြပါတယ်။ Rose Essential Oil လိုချင်လို့ မေးတဲ့သူများ ပါတယ်။ လက်ရှိပေါက်ဈေးက 10 ml ကို 100000-120000 ကျပ်ဝန်းကျင်လောက်ရှိပါတယ်။ ဒါကြောင့်လည်း မရောင်းနိုင်တာပါ။ မြန်မာပြည်မှာမှမဟုတ်ပါဘူး တခြားနိုင်ငံတွေမှာလည်း Rose Essential oil ကို ဈေးသိပ်မကြီးပဲနဲ့ရောင်းနေတာ၊ ဈေးအရမ်းပေါပီးရောင်းနေတာတွေရှိပါတယ်။ အားလုံးနီးနီး အဆီအတုတွေပါ။ အစစ်ကို နာမည်ကြီး Essential oil Brand တွေတောင် 5 ml ဘူးလေးတွေပဲ ရောင်းကြပါတယ်။ ဒါမှမဟုတ် Jojoba Oil 90% နဲ့ Rose Essential oil 10% ရောပီးရောင်းတာတွေလဲရှိပါတယ်။ ဒါကတော့ သိစေချင်လို့ သိသင့်တယ်ထင်လို့ ပြောပြတာပါ။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုစိတ်မရှိပါဘူး။
🌹 Rose Water မှာ အရေပြားအတွက် အကျိုးကျေးဇူးအများအပြားပါရှိပါတယ်။ အရေပြားအမျိုးအစားအားလုံးနဲ့လည်း သင့်တော်ပါတယ်။ အရေပြားရဲ့ pH မျှခြေကိုဖြစ်စေပါတယ်။ အရေပြားအဆီပြန်လွန်းခြင်းကို ထိန်းချုပ်ပေးပါတယ်။ Rose Water ဟာ ချွေးပေါက်ကျယ်ပြီးဖြစ်တက်တဲ့ အရေပြားပေါ်ကအနီကွက်တွေကို သက်သာစေပါတယ်။ Rose Essential oil ပါဝင်တဲ့အတွက် မိုက်ခရုဘ်တွေကနေကာကွယ်နိုင်တာမို့ အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်ပါတယ်။ ပိတ်နေတဲ့ချွေးပေါက်တွေထဲက အဆီနဲ့ဖုန်အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ အမာရွတ်တွေ၊ အနာတွေ၊ ထိခိုက်ပြတ်ရှဒဏ်ရာတွေကိုလည်း သက်သာပျောက်ကင်းလျော့ပါးစေပါတယ်။ Rose Water မှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေကြောင့် အရေပြားဆဲလ်တွေကို သန်စွမ်းစေပါတယ်။ ပျက်စီးမှုမဖြစ်အောင်လဲ ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားတစ်သျှူးသစ်ဖြစ်ပေါ်မှုကို အထောက်အကူဖြစ်စေပါတယ်။
🌹 အဓိကအကျိုးကျေးဇူးကတော့ skin inflammation တွေကို သက်သာစေသလို မဖြစ်အောင်လည်း ကာကွယ်ပေး ပါတယ်။ Rose Water ကို Cold creams, Toner, Lotion, Face wash စတဲ့ အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်း ထုတ်လုပ်ကြပါတယ်။ မျက်နှာနဲ့အခြားအရေပြားနေရာတွေပေါ်ကိုလည်း တိုက်ရိုက်ဆွတ်ဖြန်းပေးနိုင်ပါတယ် (စပရေးဘူးဖြင့်)။ ဒီလိုသုံးမယ်ဆိုရင် moisturizer အဖြစ်သာမကပဲ ရေမွှေးအဖြစ်ပါ အသုံးဝင်စေပါတယ်။
🌹 အရေပြား pH level ကို ညီမျှစေနိုင်
လူ့အရေပြားရဲ့ pH က 4.1-5.8 ကြားရှိပါတယ်။ Rose Water ရဲ့ pH ကလဲ အများအားဖြင့် 4.0-4.5 ရှိပါတယ်။ ဒါကြောင့် အရေပြားယားယံမှုကိုမဖြစ်စေနိုင်ပဲ အရေပြားရဲ့ သဘာဝ pH ပမာဏကို ထိန်းပေးထားနိုင်စေပါတယ်။ ရေချိုးပီးပီးချင်း မျက်နှာနဲ့တခြားလိုအပ်တဲ့နေရာတွေကို Rose Water ဖြန်းပေးမယ်ဆိုရင် အရေပြား pH ကို လျော့ကျစေမှာဖြစ်ပါတယ်။ Rose Water ဟာ အရေပြားကိုလန်းဆန်းစေပါတယ်။ အရေပြားကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ အရေပြားအိုမင်းရင့်ရော်မှုဖြစ်စဉ်ကိုနှေးကွေးစေပါတယ်။ Toner အဖြစ်သုံးလေ့ရှိကြပါတယ်။ မျက်အိတ်ဖေါင်းတာကို လျော့ကျစေပါတယ်။ နေလောင်ဒဏ်ကိုသက်သာစေပါတယ်။ အရေပြားရေဓါတ်ကိုထိန်းပေးထားနိုင်ပါတယ်။ Rose Oil မှာ ယောင်ရမ်းမှုကကာကွယ်နိုင်စွမ်း၊ ဘတ်တီးရီးယားပိုးမွှားတွေကနေ ကာကွယ်နိုင်စွမ်း တွေပါရှိသလို Rose Water မှာလဲ ဒီဂုဏ်သတ္တိတွေပါရှိတာကြောင့် အနာတွေကိုလည်း သက်သာစေပါတယ်။
1. Rose Water ကို Toner အဖြစ်သုံးခြင်း
🌷 Dry skin သမားတွေအတွက် Glycerin 5ml နဲ့ Rose Water 30ml
🌷 Combination skin သမားတွေအတွက် Glycerin 5ml, Apple cider vinegar 5ml နဲ့ Rose Water 30ml
🌷 Oily skin သမားတွေအတွက် Apple cider vinegar 5 ml နဲ့ Rose Water 50ml
2. နေလောင်ဒဏ်အတွက်
🌷 Holy basil 10-15 ရွက်လောက်ကို ကြေအောင်ခြေပါ။ Rose Water 200ml နဲ့ရောပါ။ စပရေးဘူးထဲထည့်ပီး ရေခဲ သေတ္တာထဲမှာ နာရီအနည်းငယ်ထားပါ။ ပီးရင်တော့ နေလောင်ဒဏ်ဖြစ်နေတဲ့နေရာတွေကို ဖြန်းပေးပါ။ နေလောင် ဒဏ်တွေအပြင် အရေပြားပေါ်ကအနီပြင်၊ အနီကွက်တွေကိုပါ သက်သာစေနိုင်ပါတယ်။
3. သင့်နှုတ်ခမ်းအတွက် Rose Water
🌷 Beetroot ကို အစလေးတြွဖေစ်သွားအောင်ခုတ်တုံးပါ။ Oven ထဲမှာ 60ံC နဲ့ 8-10 နာရီလောက် ရေဓါတ်အကုန်ထွက်သွားတဲ့အထိဖုတ်ပါ။ အမှုန့်ဖြစ်အောင်ထောင်းပါ။ Rose Water တဇွန်းလောက်နဲ့ပေါင်ဒါကိုရောပီး Paste လုပ်ပါ။ နှုတ်ခမ်းမှာလိမ်းပီး 15 မိနစ်လောက်ထားပီးတော့မှ ပြန်ခွာပါ။ နှုတ်ခမ်းသားလေးတွေ ပန်းရောင်သမ်းလာပီး နူးညံ့ပျော့ပြောင်းလာပါမယ်။
4. အစိုဓါတ်ထိန်းဖို့ Rose Water
🌷 Cold-pressed အုန်းဆီနဲ့ Rose Water ၃ ဇွန်းကိုရောပီး အရေပြားကိုလိမ်းနှိပ်ပေးပါ။ ခြောက်တဲ့အသားအရေသမားတွေအတွက်ဆို ဒီနည်းကချက်ခြင်းသိသာစေပါတယ်။ အဆီပြန်တက်တဲ့အသားအရေဆိုရင်တော့ အုန်းဆီအစား တခြားဆီသားပါးတဲ့အဆီတွေကိုသုံးပါ။
5. Rose Water As A Cleanser
🌷 သဘာဝ cleanser လုပ်မယ်ဆိုရင်တော့ Rose Water 250 ml, Castile liquid soap 2 ဇွန်း၊ ဗီတာမင် E အတောင့်လေးတခုလောက်ဖေါက်ထည့်ပီး face wash/cleanser အဖြစ်သုံးနိုင်ပါတယ်။
6. Rose Water For Acne
🌷 ရေရောပီးပြင်းအားပျော့ထားတဲ့ သံပုရာရည်တစ်ဇွန်းနဲ့ Rose water တစ်ဇွန်းကိုရောပီး ၀က်ခြံနေရာတွေကိုလိမ်းပေးပါ။ 15 မိနစ်လောက်ထားပီး ပြန်ဆေးပေးပါ။
7. ရေဓါတ်ပိုမိုထိန်းဖို့ ပျားရည်နဲ့ Rose Water
🌷 Rose water 3 ဇွန်းနဲ့ ပျားရည် 2 ဇွန်းကိုရောပါ။ Face mask ကပ်သလိုမျိုး မျက်နှာပြင်ကိုလိမ်းပါ။ ၁၅ မိနစ်လောက်ထားပီး ရေအေးနဲ့မျက်နှာသစ်ပါ။
8.သခွားသီးနဲ့ Rose Water face mask
🌷 Sensitive skin သမားတွေအတွက် အထူးကောင်းမွန်ပါတယ်။ သခွားသီးတလုံးရဲ့တ၀က်လောက်ကို ခြစ်ညစ်ပီး အရည်ယူပါ။ ပျားရည် ၂ ဇွန်း၊ Rose water ၁ ဇွန်း တို့နဲ့ရောပါ။ မျက်နှာပြင်ကိုလိမ်းပေးပီး ၁၅ မိနစ်လောက်ထားပါ။ ပီးရင် မျက်နှာသစ်ပေးပါ။
9.Inflammation (ရောင်ရမ်းမှုကိုသက်သာစေဖို့) ရှားစောင်းလက်ပတ်နဲ့ Rose Water
🌷 ရှားစောင်းလက်ပတ်အနှစ် ၁ ဇွန်း၊ Rose water ၁ ဇွန်းကိုရောပါ။ မျက်နှာကိုလိမ်းပေးပါ။ မိနစ်နှစ်ဆယ်ခန့်ထားပီး ရေဆေးပေးပါ။ Antibacterial ဂုဏ်သတ္တိပါရှိလို့ ၀က်ခြံအတွက်အထူးကောင်းမွန်ပါတယ်။
10.ကျန်းမာသန်စွမ်းတဲ့အသားအရေဖြစ်ဖို့ နံ့သာဖြူအမှုန့်နဲ့ Rose Water
🌷 နံ့သာဖြူမှုန့် ၂ ဇွန်း၊ Rose water ၃-၄ ဇွန်းကိုရောပါ။ သနပ်ခါးလိမ်းသလို ကိုယ်လိမ်းချင်တဲ့နေရာတွေကို လိမ်းထားပေးပါ။ လုံးဝခြောက်သွားတဲ့အချိန်မှာ ရေနဲ့ပြန်ဆေးကြောပေးပါ။
100% Pure Rose Water
2. 🌷 Dry skin သမားတွေအတွက် Glycerin 5ml နဲ့ Rose Water 30ml
3. 🌷 Combination skin သမားတွေအတွက် Glycerin 5ml, Apple cider vinegar 5ml နဲ့ Rose Water 30ml
4. 🌷 Oily skin သမားတွေအတွက် Apple cider vinegar 5 ml နဲ့ Rose Water 50ml
2. နေလောင်ဒဏ်အတွက်
6. 🌷 သဘာဝ cleanser လုပ်မယ်ဆိုရင်တော့ Rose Water 250 ml, Castile liquid soap 2 ဇွန်း၊ ဗီတာမင် E အတောင့်လေးတခုလောက်ဖေါက်ထည့်ပီး face wash/cleanser အဖြစ်သုံးနိုင်ပါတယ်။
6. Rose Water For Acne
21/03/2019
02/10/2017
09/06/2017
08/06/2017
100% Pure "LAVENDER" Essential Oil
Product Details
Botanical Name: Lavandula angustifolia
Country of Origin: UK
Extraction Method: Steam Distilled
Plant Part: Flower
Strength of Aroma: Strong
Aromatic Scent: ပန်းနှင့်ဆေးမြစ်ရနံ့ရောစပ်ကာ သန့်စင်မှုရှိ
သောရနံ့
Blend Well With:
Black Pepper, Bergamot, Cedarwood Virginian, Clary Sage, Geranium, Helichrysum, Lemon, Neroli, Patchouli, Rose absolute, Rosemary, Sandalwood, Vetiver
ကလေးများပါသုံးနိုင်သောအဆီဖြစ်သည်။ ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးအဆီဖြစ်သည်။ အရေပြားပေါ်တွင်ဖြစ်သော ဒဏ်ရာများ၊ အနာများအားလုံးနီးနီးအသုံးပြုနိုင်သည်။ အိပ်ပျော်လွယ်စေသည့်အတွက် မအိပ်မီ နာရီဝက် တနာရီအလိုတွင် ထွန်းညှိ၍ ရနံ့ရှုပေးပါက အိပ်ပျော်စေသည်။ အသုံးပြုနေသည့် မည်သည့် Lotion, Oil, shampoo, cream များတွင် ရောစပ်သုံးစွဲနိုင်သည်။ နှိပ်နယ်လိမ်းကျံရန်အတွက် ရောစပ်ရန်အချိုးမှာ 2-5%ဖြစ်သည်။ ဥပမာ- 100 ml တွင် အဆီ ၄၀-၁၀၀ စက်ရောစပ်သုံးစွဲနိုင်သည်။
အ​သေးစိတ်​ဖတ်​ရှုလိုပါက ​အောက်​ပါ link တွင်​ ကြည့်​ရှုနိုင်​ပါတယ်
https://m.facebook.com/story.php?story_fbid=581411748718769&substory_index=0&id=424511317742147
28/05/2017
Grape Seed Oil
ရုက္ခဗေဒအမည်- Vitis Vinifera Seed Oil
Sunburn repair lotion, hand cream, lip balm, massage oil, hair products, Bath product, Body Product တွေထုတ်တဲ့အခါမှာ ထည့်သွင်းကြပါတယ်။ အရောင်၊ အနံ့မရှိလို့ Natural Handmade ဆပ်ပြာတွေထုတ်တဲ့အခါမှာထည့်သွင်းကြပါတယ်။ ဒါကြောင့် ကိုယ်ပိုင် natural products ထုတ်ဖို့ပြင်ဆင်တဲ့သူတွေလိုအပ်မယ့်အဆီဖြစ်ပါတယ်။
အရောင်အနံ့မရှိ၊ ဆီသားပါးပီး အသားထဲစိမ့်ဝင်မှုမြန်လို့ Aromatherapy Treatment တွေမှာအသုံးများတဲ့အဆီဖြစ်ပါတယ်။ Spa ပိုင်ရှင်တွေ လိုအပ်ပါလိမ့်မယ်။
တကိုယ်ရေသုံးမယ့်သူတွေအတွက်လည်း ဘူးကြီးမဟုတ်တောင် ဘူးလေးဆောင်ထားသင့်တဲ့အဆီပါ။ ကိုယ်နှစ်သက်ရာ Essential Oils လေး တွေနဲ့ရောစပ်သုံးစွဲနိုင်သလို၊ ဒီတိုင်းအဆီချည်းသပ်သပ်လဲ အရမ်းအသုံးဝင်ပါတယ်။ နှုတ်ခမ်းခြောက်ရင်လိမ်းနိုင်တဲ့သဘာဝအဆီပါ။ အသား ခြောက်၊ အသားအဆီပြန်လွန်းသူ နှစ်ဦးစလုံး ပုံမှန်လိမ်းပေးရင် ပြောင်းလဲမှုသိသိသာသာတွေ့ရပါလိမ့်မယ်။ ဆောင်းတွင်းအသားခြောက်ရင်လဲ တကိုယ်လုံးအနှံ့လိမ်းပေးထားရင် အသားကိုနူးညံ့စိုပြေစေပါတယ်။ ခရီးသွားလို့၊ အပြင်ထွက်များလို့ နေလောင်ဒဏ်ခံရရင်လဲ သုံးနိုင်ပါတယ်။
ဘူးသေး 100 ml လိုသူတွေ CB ကနေမှာယူနိုင်ပါတယ်။
Address
Mudita Health Spa, အခန်း ၁၃, အားကစားကွင်းဆိုင်တန်း၊ ပြည်ထောင်စုလမ်းမကြီး။
Lashiogyi
Telephone
09420026883
Website
Alerts
Be the first to know and let us send you an email when Massage, Aromatherapy, Bodycare Treatment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram