DR. WIN WIN CHO

DR. WIN WIN CHO Honesty is the best dignity. Survive in the hands of someone who truly loves, values & is loyal to you in any kind of situation.

မိန်းကလေးတွေအနေနဲ့ သူတို့ကိုယ်သူတို့ ဘယ်လောက် လှမှန်း၊ ဘယ်လောက် တော်မှန်း သူတို့တန်ဖိုးကို သူတို့ မသိသရွေ့ ဖိုဝါဒီသမားတွ...
01/05/2026

မိန်းကလေးတွေအနေနဲ့ သူတို့ကိုယ်သူတို့ ဘယ်လောက် လှမှန်း၊ ဘယ်လောက် တော်မှန်း သူတို့တန်ဖိုးကို သူတို့ မသိသရွေ့ ဖိုဝါဒီသမားတွေအတွက် benefit တစ်ခုလို ဖြစ်နေမှာပဲ။

Insecured ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ သူမအနားက ဖိုဝါဒီ ကိုးကွယ်နေတဲ့ အဒေါ်ကြီးတွေ၊ ယောက်ျားတွေအတွက်တော့ ပုံသွင်းလို့ သိပ်ကောင်းပေါ့။

အဲဒီမိန်းကလေး ဝတ်ပုံစားပုံကအစ နေပုံထိုင်ပုံအထိ လိုက်ပြီး ပုံသွင်းချင်ကြတယ်။ သူမကို မိန်းကလေးဆိုတာ အပျိုစစ်ရမယ်၊ နူးနူးညံ့ညံ့ နေရမယ်၊ နှုတ်ချိုပြီး အမိန့်နာခံရမယ်၊ ခိုင်းတာ အကုန် လုပ်ရမယ်၊ ယောက်ျားယူရင်လည်း သူစိတ်ပါပါ မပါပါ ယောက်ျားက နေချင်တယ်ဆိုရင် လိုက်နေပေးရမယ်၊ ပြုစုရမယ်၊ ဘာမှ ရွေးချယ်ပိုင်ခွင့် မရှိရဘူး၊ ယောက်ျား ရှိမှ ဘဝက safe ဖြစ်မယ်၊ စတဲ့ အစေခံဆန်ဆန်၊ submissive ဆန်ဆန် ပုံသွင်းချင်ကြတယ်။

ဘာဖြစ်လို့များ အဲဒီလိုဘဝမျိုးမှာ နေထိုင်ခဲ့တဲ့ အဒေါ်ကြီးတွေကိုယ်တိုင်ကလည်း မိန်းကလေးတွေကို သူတို့တုန်းကလို ပုံသွင်းချင်ကြတာလဲ သိလား။

သူတို့ ငယ်ငယ်တုန်းက မရခဲ့တဲ့ လွတ်လပ်မှု၊ ပျော်ရွှင်မှုကို ငယ်ရွယ်တဲ့ မိန်းကလေးတွေ ရသွားတာကို မနာလိုလို့ပါ။ အဲတော့ ဘာလုပ်လဲ သိလား။ “မိန်းကလေးဖြစ်ပြီး” ဆိုတဲ့ စကားလုံးနဲ့ လိုက်ဝေဖန်တော့တာပဲ။

“မိန်းကလေးဖြစ်ပြီး အတိုအပြတ်တွေ ဝတ်တယ်”
“မိန်းကလေးဖြစ်ပြီး ဘားသွားတယ်”
“မိန်းကလေးဖြစ်ပြီး ကောင်လေးနဲ့ မယူဘဲ ခရီးသွားတယ်” ဆိုတာတွေပဲ ကြားနေရတယ်နော်။

သူတို့ဆီကနေ
“မိန်းကလေးဖြစ်ပြီး သူ့ပိုက်ဆံသူ ရှာတယ်၊ တော်လိုက်တာ”
“မိန်းကလေးဖြစ်ပြီး ဘယ်သူ ချုပ်ချယ်တာကိုမှ မခံဘူး၊ ရဲရင့်လိုက်တာ” လို့ သိပ်မကြားဖူးဘူး။

အဲဒီလို ဖိုဝါဒီရှိနေတဲ့သူတွေ စိတ်ချမ်းသာအောင်၊ အကောင်းပြောအောင် လိုက်နေထိုင်ပေးနေလို့ကတော့ အသက်သာ ကြီးသွားမယ်၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လိုက်ရမှာ မဟုတ်ဘူး။ မတန်ဘူး babes တို့ရေ။

အဲတော့ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သိအောင် လုပ်ပါ။ Confidence ရှိအောင်၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် နေပါ။ စာကို ပိုကြိုးစားပါ။ အလုပ်တွေ လုပ်ပါ။ ပိုက်ဆံတွေ ရှာပါ။ ခရီးတွေ ထွက်ပါ။ ဝတ်ချင်တာတွေ ဝတ်ပစ်ပါ။

You deserve to be happy and free.🌹🩷💃

Credit to original writer

22/04/2026

ခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် အသက် ၂၀ လောက်ပဲ ထင်နေတာ ငါတစ်ယောက်တည်းများလား။ သားသမီးတာဝန်တွေလည်း အထိုက်အလျောက် ပေါ့လာပြီမို့ တဖန် ပြန်လွတ်လပ်သလို ခံစားရတယ်။ ငယ်တုန်းရွယ်တုန်း ဒုက္ခမျိုးစုံ ခံစားခဲ့ရတာ တကယ်တော့ အမြတ်ပဲ။ ခု အသက် ၄ဝ ကျော်ဘဝမှာ စိတ်ကို အေးချမ်းအောင် ထားတတ်လာသလို အိုမင်းရွတ်တွ ဗိုက်ပူဖင်ပြား မဖြစ်ဘဲ ဖလန်း ဖလန်းထနိုင်သေးတာဟာလည်း ကံကောင်းတယ်လို့ ဆိုရမယ်။ တစ်ရက်ခြား တစ်ခါ မိနစ် ၃၀ စာ မောပန်းခြင်း မရှိဘဲ workout လုပ်နိုင်တာလည်း ကံကောင်းခြင်း တစ်မျိုးပဲ။ ဘဝကို ကိုယ်ထိုက်တာနဲ့ ကျေနပ်ပြီး တင်းတိမ်ရောင့်ရဲတတ်ခြင်းဟာလည်း စိတ်ရဲ့ အေးချမ်းမှု တစ်ခုပဲ။ စိတ်ရော ကိုယ်ပါ ကျန်းမာဖို့၊ အာဟာရပြည့်ဝဖို့၊ စိတ်ချမ်းမြေ့သာယာဖို့၊ အကောင်းမြင်စိတ် မွေးဖို့၊ ပေးကမ်းလှူဒါန်းဖို့၊ စသဖြင့် ဒီလို practice တွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ရှင်သန်နေပါတယ်။😘🥰😍

18/04/2026

ကိုယ်ရှင်သန်နေရတဲ့ နေ့ရက်တွေမှာ အရာရာကို "စုံထောက်" လုပ်နေဖို့ မလိုပါဘူး။ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ “သူ ဘယ်လောက်အထိ လွှတ်ချနိုင်သလဲ" ဆိုတဲ့အပေါ်မှာပဲ မူတည်တာပါ။ ဘယ်သူက ကိုယ့်ကွယ်ရာမှာ ဘာပြောသလဲ၊ ဘယ်သူက ကိုယ့်ကို ဟန်ဆောင်နေသလဲ ဆိုတာတွေကို သိအောင် လုပ်တာဟာ ကိုယ့်နှလုံးသားထဲကို အဆိပ်ရည်တွေ ကိုယ်တိုင် လောင်းထည့်နေသလိုပါပဲ။ တချို့အမှန်တရားတွေက ကိုယ့်ကို မတိုးတက်စေတဲ့အပြင် စိတ်ဓာတ်ပဲ ကျစေတာပါ။ အကယ်၍များ ဒီလို အကြောင်းအရာတွေကို သင် သိနေခဲ့ရင်တောင် "မသိချင်ယောင်ဆောင်" ပြီး အေးအေးဆေးဆေး ကျော်သွားလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ကာကွယ်လိုက်တာပါပဲ။ မသိလို့ ပြုံးနေတာ မဟုတ်ပါဘူး။ အကုန် သိနေပေမယ့် ကိုယ့်ရဲ့ အေးချမ်းမှုကို အပျက်စီးမခံချင်လို့ မသိချင်ယောင်ဆောင်ပြီး ပြုံးနေတာပါ။ အဲဒီအပြုံးကမှ တကယ့်ကို အနှစ်သာရရှိတာပါ။ "လူတွေက မသိဘူးလို့ ထင်ပြီး လှည့်စားနေတာကို သင် အေးအေးဆေးဆေး ပြုံးကြည့်နေနိုင်တဲ့တစ်နေ့ဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းတစ်ခုကို ရောက်ရှိသွားတဲ့နေ့ပါပဲ။" 🕊️ ဒီစာကို ဖတ််နေတဲ့သူကရော လွှတ်ချတတ်နေပြီလား။ ရင်ထဲက ခံစားချက်လေးတွေေကို ရေးပေးခဲ့ပါအုံးနော်။
#𝗧𝗵𝗶𝗻𝘇𝗮𝗿

13/04/2026

မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယလေး ဖြစ်ပါစေရှင့်။🙏💗🌹

10/04/2026

ချင်းမိုင်ချည်ဝမ်းဆက် နက်ပြာ တစ်ထည်ပဲ ကျန်ပါတော့တယ်နော်။ လျှော့ဈေး 19,000 နဲ့ ပေးပါမယ်။

09/04/2026

ဇီဝိတဒါနကုသိုလ်ကိုတော့ အမြဲ လုပ်ပါတယ်နော်။ တကူးတကကြီးတော့ Page မှာရော Account မှာပါ မတင်ဖြစ်ပါဘူး။ ဒီလထဲမှာတော့ သုံးရက်ဆက်တိုက် လုပ်ဖြစ်လို့ မှတ်မှတ်ရရ တင်လိုက်တာပါ။ အားလုံး အေးချမ်းသာယာကြပါစေ။🙏🙏🙏

09/04/2026

ချင်းမိုင်ချည် ဝမ်းဆက် နှစ်စုံပဲ ကျန်ပါတော့တယ်။
Free Size ပါ။

05/04/2026

Free Size လက်စက/ စတိုင်ပန် ဝမ်းဆက်
23,500 kyats

05/04/2026

Free Size လက်စက/ စတိုင်ပန် ဝမ်းဆက်
24,000 kyats

31/03/2026

စပန့် အကောင်းလိုင်း လက်တို/ဘီရှည် ဝမ်းဆက် Large Size 18000 kyats
လက်ကားဈေး သီးသန့် ရှိပါတယ်နော်

Address

Lanmadaw Road
Letpadan

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Website

Alerts

Be the first to know and let us send you an email when DR. WIN WIN CHO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category