Khin Madi Pharmacy - ခင်မဒီ ဆေးဆိုင်

  • Home
  • Myanmar
  • Lewe
  • Khin Madi Pharmacy - ခင်မဒီ ဆေးဆိုင်

Khin Madi Pharmacy - ခင်မဒီ ဆေးဆိုင် Pharmacy

ဗူးထဲမှာ ကြပ်ထုပ်လေးပါတဲ့ ရှုဆေးလေး အနံ့ကြာရှည်လည်းခံ ထိပ်ကပ်နာသမားတွေအတွက်လည်း အဆင်ပြေတဲ့ 9 ရှုဆေး မှာလို့ရပါပြီနော် 1 ...
25/04/2025

ဗူးထဲမှာ ကြပ်ထုပ်လေးပါတဲ့ ရှုဆေးလေး
အနံ့ကြာရှည်လည်းခံ ထိပ်ကပ်နာသမားတွေအတွက်လည်း အဆင်ပြေတဲ့ 9 ရှုဆေး မှာလို့ရပါပြီနော်
1 ဗူး 3300 ကျပ်

09977146145

04/06/2024

" Dicotil (ဒိုင်ကိုတေးလ်) အကြောင်း "
=========================

Dicotil တွင် Loperamide Hydrochloride 2 mg ပါဝင် ပါသည်။

အသုံးပြုပုံနှင့်ရောဂါ
------------------

1. Acute Diarrhea

2. Chronic diarrhea

3. Traveler's Diarrhea

4. Ileostomy

၁။ ၀မ်းလျှောခြင်း။

၂။ ရေဓာတ် ခန်းခြောက်ခြင်း။

၃။လူကြီးများတွင် ဖြစ်လေ့ရှိသော ၀မ်းလျှောခြင်း (နောက်ဆက်တွဲဲ ပြဿနာများ မရှိသော) သို့မဟုတ်

၄။အူမကြီး (သို ့) အူသိမ်တို့ကို ခွဲစိတ်မှု ပြုပြီးသောအခါ ၀မ်းပမာဏ ကိုလျော့ချရန် အသုံးပြုကြပါသည်။


ဆေးသုံးရန် အညွှန်း။
------------------

အရွယ်ရောက်သူတွေအတွက် Dicotil (ဒိုင်ကိုတေးလ်) အသုံးပြုရမယ့် ပမာဏမှာ

၁။ ရိုးရိုးဝမ်းလျှောခြင်း - ဦးစွာ 4mg သောက်သုံး ရမည်။

ထို့နောက် 2mg ကို ၅ ရက်အထိသောက်ရမည်။

ပုံမှန် ပမာဏမှာ တစ်ရက်လျှင် 6-8mg ဖြစ်ပါသည်။

အများဆုံး တစ်ရက်လျှင် 16mg ထိ သောက်သုံးနိုင်ပါသည်။

၂။ နာတာရှည် ၀မ်းလျှောခြင်း – ဦးစွာ 4mg သောက်သုံးရမည်။

ထို့နောက် 2mg ကို ရောဂါ သက်သာလာသည်အထိ သောက်သုံးရမည်။

နောက်ပိုင်းတွင် တစ်ရက်လျှင် 4-8mg ကို ၂ ကြိမ်ခွဲပြီးသောက်သုံးနိုင်ပါသည်။

အများဆုံး သောက်နိုင်သော ပမာဏမှာ တစ်ရက်လျှင် 16mg ဖြစ်ပါသည်။


ကလေးတွေ အတွက် အသုံးပြုရမယ့် ပမာဏ။
----------------------------------------

၁။ အသက် ၆ နှစ်အောက် ကလေးများ – ၀မ်းပိတ်ဆေး ပေးလေ့ မရှိပါ။

၂။ အသက် ၆-၁၂ အထိ တစ်နေ့လျှင် 0.08-0.24mg/kg ကို ၂ ကြိမ် သုံးကြိမ်ခွဲပြီး သောက်သုံးနိုင်ပါသည်။

၃။ အသက် ၆-၈ နှစ် အထိ 2mg ကို ၂ ကြိမ်သောက်သုံးနိုင်ပါသည်။

၄။ အသက် ၈နှစ်မှ ၁၂နှစ်အထိ 2mg ကို တစ်နေ ့၃ ကြိမ် သောက်သုံးနိုင်ပါသည်။

နောက်ပိုင်းတွင် ကလေး၏ ကိုယ်အလေးချိန်ကို လိုက်၍ 1mg / 10 kg ဖြင့် ပထမ ၀မ်းတစ်ကြိမ် သွားပြီးမှစသောက်ပါ။

မှတ်ချက် ။ ။ ရိုးရိုးဝမ်းလျှောခြင်းများ အတွက် ၀မ်းပိတ်ဆေးကို အသုံးပြုရန်မသင့်ပါ။


ကြိုတင် သတိပြုရန်များနှင့် အသိပေးချက်များ။
-----------------------------------------

ဆေး၊ အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံ ပစ္စည်းများ တိရစ္ဆာန် နှင့် ဓာတ်မတည့်ခြင်းများ ရှိပါက ကြိုတင် အသိပေးရန်။

ကလေးများ၊

သက်ကြီးရွယ်အိုများ၊

ဆေးနှင့် ဓာတ်ပြုနု်ိင်သော အခြားသော ရောဂါအခံများရှိနေလျှင် ကြိုတင် အသိပေးရမည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ

ဆေးကို ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်များတွင်

ဘေးကင်း စိတ်ချစွာ သုံးစွဲသင့် မသင့် သေချာစွာ ဖော်ပြထားခြင်း မရှိပါ။

ဆေး အသုံးမပြုမီ ဆရာဝန်နှင် ့အမြဲ တိုင်ပင်သင့်ပါသည်။


ဘေးထွက်ဆိုးကျိုးများ။
---------------------

အခြားသော ဆေးတစ်မျိုးမျိုး သောက်သုံးနေစဉ်

ဆေး သောက်သုံးပါက ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါသည်။

အများစုမှာ ဖြစ်တာ ရှား၍ ဆေးကုသမှု ခံယူဖို ့အထိ မလိုအပ်ပါ ။

သို့သော် ဆေးသောက်သုံးနေစဉ် အချိန်အတွင်း ပြဿနာ တစ်စုံတစ်ခု ပေါ်ပေါက်လာပါက ဆရာဝန်နှင့် တိုင်ပင်ရမည်။


ဘေးထွက်ဆိုးကျိုး များမှာ

1. Bloating

2. Constipation

3. Loss Of Appetite

4. Severe Stomach Ache

5. paralytic Ileus

6. Allergic Skin Reaction

7. Dizziness

8. Dry Mouth

၁။ ၀မ်းချုပ်၊ ဗိုက်အောင့်၊ မအီမသာဖြစ်၊ အော့အန်ခြင်း။

၂။ နုံးခြင်း၊ မူးခြင်း၊ ခေါင်းကိုက်ခြင်း။

၃။ ပြည့်အင့်၊ နှုတ်ခမ်းခြောက်၊ အော့အန်ခြင်း။

၄။ အူပိတ်ခြင်း။

၅။ ျဆးမတည့်ခြင်းများ ဖြစ်တတ်ပါသည်။

အချို့လူများမှာ ဖော်ပြထားသော ဘေးထွက်ဆိုးကျိုးများ မခံစားရပါ။

အထက်တွင် မဖော်ပြထားခဲ့သော ဘေးထွက်ဆိုးကျိုးများလည်း ကြုံတွေ့ရနိုင်ပါသည်။

ထိုသို့ ကြုံတွေ့ရပါက ဆရာဝန်(သို့) ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများထံ တိုင်ပင်နိုင်ပါသည်။


ဆေးဓာတ်ပြုမှုများ။
-----------------

ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိ သောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံး ပါ၀င်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။

ဆေးဝါးတွေကို ဆရာဝန် ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။


အောက်ပါ ဆေးမျာ အတူတွဲ မသောက်ရပါ။
--------------------------------------

၁။ Clarithromycin

၂။ Ketoconazole

၃။ Ranitidine

၄။ Quinidine

၅။ Ritonavir

နဂို ကျန်းမာရေးအခြေအနေများနဲ့ သက်ရောက် ဓာတ်ပြုမှုတွေ ရှိနိုင်ပါတယ်။

သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှု ပုံစံပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေ အကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

ဥပမာ –

ပြင်းထန်သော အူရောင်နာ၊ အူအမြှေးပါးရောင်နာများ (အူမကြီးမှ အဆိပ်အတောက်များဖြစ်နိုင်သည်။)

၀မ်းကိုက်ရောဂါ

၀မ်းဗိုက် ဖောင်းတင်းလာခြင်း

အသည်းရောဂါနှင့် အူမကြီးတွင်အနာဖြစ်ခြင်း စသည်တို့ ဖြစ်ပါသည်။


ဆေး ရရှိနိုင်ပုံ။
-------------

2mg ဆေးတောင့် ဆေးပြားများ

1 mg / 5 ml (60 ml, 90 ml, 120 ml) သောက်သုံးရန် အရည်ပုံစံများ စသည်တို့ဖြင့် ရနိုင်ပါသည်။




ွန်း_ဆေးမျိုးစုံရောင်းဝယ်ရေး။


်သွယ်ရန်

ဖုန်း- ၀၉ ၄၄၃၀၄၃၄၁၄၊ ၀၉ ၉၅၃၀၄၃၄၁၄၊ ၀၉ ရ၃၀၄၃၄၁၄၊ ၀၉ ၅၁၈၉၂၁၄၊

Viber: ၀၉၇၃၀၄၃၄၁၄

၀၁-၂၀၆၂၀၆(လိုင်ခွဲ-၂၁၉၈၊ ၂၁၉၉၊ ၂၂၀၀၊ ၂၂၀၁)

ိပ်စာ

- ဆိုင်အမှတ် (B-198,199,200,201)၊ ဒုတိယထပ်၊ ရွှေပြည့်စုံစျေး၊ မင်္ဂလာစျေးဝင်းအတွင်း။


Credit To Original Uploader.


" Dicotil (ဒိုင်ကိုတေးလ်) အကြောင်း "
=========================

Dicotil တွင် Loperamide Hydrochloride 2 mg ပါဝင် ပါသည်။

အသုံးပြုပုံနှင့်ရောဂါ
------------------

1. Acute Diarrhea

2. Chronic diarrhea

3. Traveler's Diarrhea

4. Ileostomy

၁။ ၀မ်းလျှောခြင်း။

၂။ ရေဓာတ် ခန်းခြောက်ခြင်း။

၃။လူကြီးများတွင် ဖြစ်လေ့ရှိသော ၀မ်းလျှောခြင်း (နောက်ဆက်တွဲ ပြဿနာများ မရှိသော) သို့မဟုတ်

၄။အူမကြီး (သို့) အူသိမ်တို့ကို ခွဲစိတ်မှု ပြုပြီးသောအခါ ၀မ်းပမာဏ ကိုလျော့ချရန် အသုံးပြုကြပါသည်။


ဆေးသုံးရန် အညွှန်း။
------------------

အရွယ်ရောက်သူတွေအတွက် Dicotil (ဒိုင်ကိုတေးလ်) အသုံးပြုရမယ့် ပမာဏမှာ

၁။ ရိုးရိုး၀မ်းလျှောခြင်း - ဦးစွာ 4mg သောက်သုံး ရမည်။

ထို့နောက် 2mg ကို ၅ ရက်အထိသောက်ရမည်။

ပုံမှန် ပမာဏမှာ တစ်ရက်လျှင် 6-8mg ဖြစ်ပါသည်။

အများဆုံး တစ်ရက်လျှင် 16mg ထိ သောက်သုံးနိုင်ပါသည်။

၂။ နာတာရှည် ၀မ်းလျှောခြင်း – ဦးစွာ 4mg သောက်သုံးရမည်။

ထို့နောက် 2mg ကို ရောဂါ သက်သာလာသည်အထိ သောက်သုံးရမည်။

နောက်ပိုင်းတွင် တစ်ရက်လျှင် 4-8mg ကို ၂ ကြိမ်ခွဲပြီးသောက်သုံးနိုင်ပါသည်။

အများဆုံး သောက်နိုင်သော ပမာဏမှာ တစ်ရက်လျှင် 16mg ဖြစ်ပါသည်။


ကလေးတွေ အတွက် အသုံးပြုရမယ့် ပမာဏ။
----------------------------------------

၁။ အသက် ၆ နှစ်အောက် ကလေးများ – ၀မ်းပိတ်ဆေး ပေးလေ့ မရှိပါ။

၂။ အသက် ၆-၁၂ အထိ တစ်နေ့လျှင် 0.08-0.24mg/kg ကို ၂ ကြိမ် သုံးကြိမ်ခွဲပြီး သောက်သုံးနိုင်ပါသည်။

၃။ အသက် ၆-၈ နှစ် အထိ 2mg ကို ၂ ကြိမ်သောက်သုံးနိုင်ပါသည်။

၄။ အသက် ၈နှစ်မှ ၁၂နှစ်အထိ 2mg ကို တစ်နေ့၃ ကြိမ် သောက်သုံးနိုင်ပါသည်။

နောက်ပိုင်းတွင် ကလေး၏ ကိုယ်အလေးချိန်ကို လိုက်၍ 1mg / 10 kg ဖြင့် ပထမ ၀မ်းတစ်ကြိမ် သွားပြီးမှစသောက်ပါ။

မှတ်ချက် ။ ။ ရိုးရိုး၀မ်းလျှောခြင်းများ အတွက် ၀မ်းပိတ်ဆေးကို အသုံးပြုရန်မသင့်ပါ။


ကြိုတင် သတိပြုရန်များနှင့် အသိပေးချက်များ။
-----------------------------------------

ဆေး၊ အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံ ပစ္စည်းများ တိရစ္ဆာန် နှင့် ဓာတ်မတည့်ခြင်းများ ရှိပါက ကြိုတင် အသိပေးရန်။

ကလေးများ၊

သက်ကြီးရွယ်အိုများ၊

ဆေးနှင့် ဓာတ်ပြုနုိင်သော အခြားသော ရောဂါအခံများရှိနေလျှင် ကြိုတင် အသိပေးရမည်။

ကိုယ်၀န်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ

ဆေးကို ကိုယ်၀န်ဆောင်ချိန်နှင့် နို့တိုက်ချိန်များတွင်

ဘေးကင်း စိတ်ချစွာ သုံးစွဲသင့် မသင့် သေချာစွာ ဖော်ပြထားခြင်း မရှိပါ။

ဆေး အသုံးမပြုမီ ဆရာ၀န်နှင့်အမြဲ တိုင်ပင်သင့်ပါသည်။


ဘေးထွက်ဆိုးကျိုးများ။
---------------------

အခြားသော ဆေးတစ်မျိုးမျိုး သောက်သုံးနေစဉ်

ဆေး သောက်သုံးပါက ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါသည်။

အများစုမှာ ဖြစ်တာ ရှား၍ ဆေးကုသမှု ခံယူဖို့အထိ မလိုအပ်ပါ ။

သို့သော် ဆေးသောက်သုံးနေစဉ် အချိန်အတွင်း ပြဿနာ တစ်စုံတစ်ခု ပေါ်ပေါက်လာပါက ဆရာ၀န်နှင့် တိုင်ပင်ရမည်။


ဘေးထွက်ဆိုးကျိုး များမှာ

1. Bloating

2. Constipation

3. Loss Of Appetite

4. Severe Stomach Ache

5. paralytic Ileus

6. Allergic Skin Reaction

7. Dizziness

8. Dry Mouth

၁။ ၀မ်းချုပ်၊ ဗိုက်အောင့်၊ မအီမသာဖြစ်၊ အော့အန်ခြင်း။

၂။ နုံးခြင်း၊ မူးခြင်း၊ ခေါင်းကိုက်ခြင်း။

၃။ ပြည့်အင့်၊ နှုတ်ခမ်းခြောက်၊ အော့အန်ခြင်း။

၄။ အူပိတ်ခြင်း။

၅။ ျဆးမတည့်ခြင်းများ ဖြစ်တတ်ပါသည်။

အချို့လူများမှာ ဖော်ပြထားသော ဘေးထွက်ဆိုးကျိုးများ မခံစားရပါ။

အထက်တွင် မဖော်ပြထားခဲ့သော ဘေးထွက်ဆိုးကျိုးများလည်း ကြုံတွေ့ရနိုင်ပါသည်။

ထိုသို့ ကြုံတွေ့ရပါက ဆရာ၀န်(သို့) ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများထံ တိုင်ပင်နိုင်ပါသည်။


ဆေးဓာတ်ပြုမှုများ။
-----------------

ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိ သောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာ၀န်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်၀င်ပစ္စည်းတွေ အားလုံး ပါ၀င်ပါတယ်) ဆရာ၀န် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။

ဆေးဝါးတွေကို ဆရာ၀န် ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။


အောက်ပါ ဆေးမျာ အတူတွဲ မသောက်ရပါ။
--------------------------------------

၁။ Clarithromycin

၂။ Ketoconazole

၃။ Ranitidine

၄။ Quinidine

၅။ Ritonavir

နဂို ကျန်းမာရေးအခြေအနေများနဲ့ သက်ရောက် ဓာတ်ပြုမှုတွေ ရှိနိုင်ပါတယ်။

သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှု ပုံစံပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေ အကုန်လုံးကို သင့်ရဲ့ဆရာ၀န် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

ဥပမာ –

ပြင်းထန်သော အူရောင်နာ၊ အူအမြှေးပါးရောင်နာများ (အူမကြီးမှ အဆိပ်အတောက်များဖြစ်နိုင်သည်။)

၀မ်းကိုက်ရောဂါ

၀မ်းဗိုက် ဖောင်းတင်းလာခြင်း

အသည်းရောဂါနှင့် အူမကြီးတွင်အနာဖြစ်ခြင်း စသည်တို့ ဖြစ်ပါသည်။


ဆေး ရရှိနိုင်ပုံ။
-------------

2mg ဆေးတောင့် ဆေးပြားများ

1 mg / 5 ml (60 ml, 90 ml, 120 ml) သောက်သုံးရန် အရည်ပုံစံများ စသည်တို့ဖြင့် ရနိုင်ပါသည်။

Credit To Original Uploader.

စားမဝင်၊ အိပ်မပျော်ဖြစ်နေသူများအတွက် Cyproheptadine ပါဝင်တဲ့ အားဆေးရည်တွေ ဖြစ်ပါတယ်။ စားကောင်း၊ အိပ်ပျော်စေပြီး ပိန်လှီန...
15/07/2023

စားမဝင်၊ အိပ်မပျော်ဖြစ်နေသူများအတွက် Cyproheptadine ပါဝင်တဲ့ အားဆေးရည်တွေ ဖြစ်ပါတယ်။

စားကောင်း၊ အိပ်ပျော်စေပြီး ပိန်လှီနေသူများကို ဝဖြိုးကျန်းမာလာစေနိုင်ပါတယ်။

ဆေးနာမည်တွေကတော့
1. CYPRO Tone Syrup
2. Hepto Pep Syrup
3. Cyprocal Syrup
4. Cyprocal Capsule
5. Cypro 2 Tablets
6. Cypridin Caplets တို့ပဲဖြစ်ပါတယ်။

ဖိုးဖိုး၊ဖွားဖွားတွေ ခံတွင်းမလိုက်လို့ စိုးရိမ်နေလားအိမ်မှာ ဖိုးဖိုး၊ဖွားဖွားတွေ ခံတွင်းမလိုက်လို့ အစားအသောက်ပျက်ပြီး အာ...
15/07/2023

ဖိုးဖိုး၊ဖွားဖွားတွေ ခံတွင်းမလိုက်လို့ စိုးရိမ်နေလား

အိမ်မှာ ဖိုးဖိုး၊ဖွားဖွားတွေ ခံတွင်းမလိုက်လို့ အစားအသောက်ပျက်ပြီး အာဟာရတွေမလုံလောက်မှာကို စိုးရိမ်နေရင် Becoactin ကကူညီပေးနိုင်ပါတယ်နော်။ Becoactin က B - Vitamins တွေရယ် Zinc နဲ့ သံဓာတ်တွေရဲ့ အစွမ်းတွေနဲ့ ဖိုးဖိုး၊ဖွားဖွားတွေကို အိပ်ပျော်စားဝင်စေမယ့်အပြင် ဆေးပြားဆိုသောက်ရခက်တဲ့ ဖိုးဖိုးနဲ့ဖွားဖွား ဆေးသောက်ရလွယ်စေဖို့ Becoactin Syrup ဆိုပြီးလည်း ထုတ်လုပ်ပေးထားလို့ ချစ်တဲ့ ဖိုးဖိုး၊ဖွားဖွားတွေ သက်ဆုံးတိုင်ကျန်းမာစွာနေထိုင်သွားနိုင်ဖို့ အတွက်ဆို Becoactin Tablets နဲ့ Syrup ကိုသတိရလိုက်နော်။
#မိသားစုတိုင်းပြုံးပျော်ရွှင်_Becoactin

☑️ကျန်းမာလန်းဆန်း အာဟာရဓာတ်တွေကို မိုရီယာမင်းဖိုဒ့် နဲ့အတူ နေ့တိုင်း အရယူလိုက်ပါ။☑️လူကြီး/လူငယ် ၊ ကျား/မ မရွေး All Gener...
15/07/2023

☑️ကျန်းမာလန်းဆန်း အာဟာရဓာတ်တွေကို မိုရီယာမင်းဖိုဒ့် နဲ့အတူ နေ့တိုင်း အရယူလိုက်ပါ။

☑️လူကြီး/လူငယ် ၊ ကျား/မ မရွေး All Generation Moriamin

☑️ မိုရီယားမင်းဖိုဒ့် ကို နေ့စဉ်သုံးစွဲသင့်သူများ

-နာတာရှည်အသည်းနှင့် ကျောက်ကပ်ရောဂါ‌‌ဝေဒနာရှင်များ

-ကင်ဆာ‌ရောဂါဝေဒနာရှင်များ

-သုတ်ကောင်အရည်အသွေးနှင့် အရေအတွက် ကျဆင်းနေသော
အမျိုးသား‌ဝေဒနာရှင်များ

-အသားဓာတ်နှင့်ဗိုက်တာမင်ချိုတဲ့နေသူများ

-သက်သတ်လွတ်စားသူများ

-သက်ကြီးရွယ်အိုများနှင့် နာလန်ထစ လူမမာများ

-ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ

-ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးစ ကလေးသူငယ်များ

-လူငယ်လူရွယ်များနှင့်အားကစားသမားများ

-‌နေ့စဉ်ပုံမှန် သွားလာလှုပ်ရှားနေသူများ

🤗♫ ♫ အားလုံးကျန်းမာဖို့ ♪ ♪ မိုရီယာမင်းဖို့ဒ် 💪

☑️မှန်ကန်သောရွေးချယ်မှု ◾️ မိုရီယာမင်းဖို့ ᠌᠌💊💪

-

အမျိုးသမီးတို့အတွက် GynomixGynomix သည် မိန်းမကိုယ်ထဲကိုထည့်ရတဲ့ဆေးတစ်မျိုးပါ။ Gynomix က ပိုးသတ်ဆေး antibiotics တစ်မျိုးဖ...
17/06/2023

အမျိုးသမီးတို့အတွက် Gynomix

Gynomix သည် မိန်းမကိုယ်ထဲကိုထည့်ရတဲ့ဆေးတစ်မျိုးပါ။

Gynomix က ပိုးသတ်ဆေး antibiotics တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်ပဲသုံးစွဲလျှင်သော်လည်းကောင်း၊ ခဏခဏသုံးစွဲလျင်သော်လည်းကောင်း ပိုးသတ်ဆေး ယဥ်ပါးခြင်း ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေ မိန်းမကိုယ်ယားယံခြင်း၊အဖြူဆင်းခြင်းတွေမှာ လိုအပ်မှသာ OG တွေကပေးလေ့ရှိပါတယ်။
Gynomix မှာ က ပိုးသတ်ဆေး၃မျိုးကို ပေါင်းပြီးထုတ်လုပ်ထားတာပါ။

1.Metronidazole (မက်ထရိုနိုင်ဒဇော)
သူ့ကြောင့် ဘက်တီးရီးယား တွေနဲ့ ကပ်ပါးကောင်တွေကို သေစေနိုင်တဲ့အာနိသင်ရှိပါတယ်။

2.Nystatin (နိုင်စတက်တင်)
သူ့မှာက မိန်းမကိုယ်အတွင်းမှာ ယားယံခြင်း၊အဖြူဆင်းခြင်းတို့ကိုဖြစ်စေတဲ့ မှို (fungus)တွေကို သေစေပါတယ်။

3.Neomycin(နီရိုမိုင်ဆင်)
သူ့မှာပါတဲ့aminoglycoside(အမိုင်နိုဂလိုက်ကိုစိုက်)တွေကြောင့်လည်း မိန်းမကိုယ်မှာဖြစ်ပွားစေတတ်တဲ့bacteria အတော်များများ ကို နှိမ်နင်းနိုင်ပါတယ်။

ဆိုတော့က ဒီလိုမျိုး ၃မျိုးပေါင်းထားတဲ့ ပိုးသတ်ဆေးတွေက မမတို့ညီမလေးတို့ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ သုံးဖို့ရာမသင့်တော်ပါဘူး။

ကိုယ်ကဘာကြောင့် မိန်းမကိုယ်ယားယံရတယ်၊အဖြူဆင်းတယ် ၊အရောင်ပြောင်းတယ်ဆိုတာတွေကို သိဖို့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသပါ။

ကိုယ့်ဆုံးဖြတ်ချက်နဲ့ ပိုးသတ်ဆေးတွေကိုသုံးမယ်ဆိုရင် ဖြစ်လာနိုင်တာက ကိုယ်တကယ် ပိုးသတ်ဆေးသုံးရတော့မယ့်အခြေအနေမှာ ဆေးမတိုးတော့တာ ဖြစ်နိုင်ချေအများကြီးရှိနေပါတယ်။

Gynomixက မိန်းမကိုယ်အတွင်းကိုထည့်ရပေမဲ့ မိန်းမကိုယ် သန့်ဆေး သားအိမ်သန့်ဆေး မဟုတ်ပါဘူး။

ဘက်တီးရီးယား၊မှို၊ကပ်ပါးကောင်တို့ မိန်းမကိုယ်မှာပေါက်ဖွားလာလို့သာသုံးရတာပါ။

Gynomixကို ကိုယ်ဝန်ယူဖို့ကြိုးစားနေချိန်မှာလဲ မသုံးသင့်ပါဘူး။

Gynomixမှာ ပါတဲ့ Metronidazole က ကိုယ်ဝန်လနုစဥ် အခါမှာသုံးမိမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျ နိုင်ချေတွေ အများကြီးရှိနေပါတယ်။

အရေပြားယားယံခြင်း၊အလာဂျီ(allergy)ဖြစ်ခြင်းတွေတော့ ဆေးသုံးကာစမှာ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဖြစ်ကြပါတယ်။ ဖြစ်တဲ့သူကတော့ တော်တော်နဲပါတယ်။

ကဲ ဒါဆိုရင် Gynomix လို ပိုးသတ်ဆေးတွေကို OGမပေးပဲ မသုံးကြပါနဲ့နော်။

Credit 🙏

ဂေါက်ရောဂါ အတွက်ဆေးများသက်ဆိုင်ရာဆောင်းပါးများအား သက်ဆိုင်ရာပညာရှင်များထံမှ ကူးယူစုဆောင်းဖော်ပြထားပါသည်။မူရင်းပညာရှင်မျာ...
11/06/2023

ဂေါက်ရောဂါ အတွက်ဆေးများ

သက်ဆိုင်ရာဆောင်းပါးများအား သက်ဆိုင်ရာပညာရှင်များထံမှ ကူးယူစုဆောင်းဖော်ပြထားပါသည်။
မူရင်းပညာရှင်များအားလုံးအားလေးစားစွာ credit ပေးပါသည်။

ကျွန်မ ဆေးအကြောင်းလေးတွေတင်ပေးတယ်ဆိုတာ
ဘာဆေးလေးတွေက ဘာရောဂါ အတွက်ဆိုတာသိရုံသက်သက်ပါနော်။
ကျွန်မသိသလောက်လေးပဲပြောပြတာပါ။
ဆေးတွေရဲ့အသုံးကအများကြီးကျယ်ပြန့်ပါတယ်။
မည်သည့်ဆေးမဆို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်တာ သုံးစွဲတာသာအကောင်းဆုံးပါ။
ချစ်ခြင်းအားဖြင့်
Daw Swe Swe Zin(dssz)

Gout (1) ဂေါက် ရောဂါ (၁)

၁။ ဆရာရှင့် ဂေါက်ရောဂါ အကြောင်း သိချင်လို့ပါ။ အထူးသဖြင့် ရှောင်ရမည့် အစားအစာ တွေကို ပြောပြပေးစေချင်ပါတယ်။

၂။ လေးဘက်နာနဲ့ အဆစ်နာအကြောင်းတွေကို ရှာတွေ့ပေမဲ့ ဂေါက်အကြောင်းသပ်သပ်ရေးထားတာ မတွေ့မိလို့ သိချင်ပါတယ်။

“ဂေါက်” ဆိုတာအဆစ်မှာနာ-ရောင်-နီ-ပူဆိုတာ ဖြစ်လိုက်၊ ပျောက်လိုက်နေတဲ့ နာတာရှည် ရောဂါတခုပါ။ ခြေမမှာအများဆုံး (တဝက်လောက်) ဖြစ်တတ်တယ်။ ဒူး၊ ဖနောင့်၊ လက်ကောက်ဝတ်၊ လက်ချောင်းတွေမှာလဲ ဖြစ်တာဘဲ။ အနောက်နိုင်ငံတွေမျာလူဦးရေရဲ့ ၁-၂% လောက်ဖြစ်နေကြတယ်။ ဖြစ်တဲ့သူလဲတိုးလာနေသေးတယ်။

ဂေါက်ရောဂါကို “ရှင်ဘုရင်ရောဂါ” လို့လဲပြောစမှတ် ရှိတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလန်ဘုရင် လူဝကြီး Henry VIII ဟင်နရီ၊ Charlemagne ရှာလ်မိန်း၊ ရိုမန်-အင်ပါယာ Charles V ပဥ္စမြောက် ချားလ်တို့မှာ ဖြစ်ခဲ့လို့ပါ။ နောက်ပြီး နာမည်ကြီးတွေ ရှိပါသေးတယ်။ Leonardo da Vinci လီယိုနာဒို-ဒါဗင်ချီ၊ Voltaire ဗော်လ်တဲယား၊ Sir Isaac Newton နယူတန်၊ Charles Darwin ချားလ်စ်-ဒါဝင်၊ အမေရိကန် ဒေါ်လာ ၁ဝဝ တန်ငွေစက္ကူပေါ်က Benjamin Franklin ဘင်ဂျမင်-ဖရင့်ကလင် တို့မှာလဲဂေါက်ရောဂါ ရှိခဲ့ကြတယ်။

အဆစ်နာတာအပြင် အားယုတ်တာ၊ ဖျားတာနဲ့ တွဲဖြစ်တတ်တယ်။ ကျောက်ကပ်နာ၊ ဆီးကျောက်တွေလဲ ဖြစ်နိုင်တယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး-သွေးကြောရောဂါ၊ ဝတာ၊ အဆီများတာတွေနဲ့ ဆက်စပ် နေတတ်တယ်။ ဆေးတွေထဲက Diuretics, Niacin, Aspirin, Cyclosporine, Ciclosporin, Tacrolimusဆေးတွေကနေလဲ ဖြစ်စေနိုင်တယ်။

မျိုးရိုးကနေ ၆ဝ% မှာသက်ရောက် စေတယ်။ ထိခိုက်မိတာကြောင့် ပြန်ဖြစ်တတ်တယ်။ စားတဲ့ အစားအသောက်ကလဲ ၁၂% ဖြစ်စေဘို့ အားပေးတယ်။ ဂေါက်ကို Rich Man's Disease “လူချမ်းသာ-ရောဂါ” လို့ပါ ပြောတယ်။ ရောဂါရစေနိုင်တဲ့ အစားတွေဟာစျေးကြီးလို့ပါ။ အသား၊ ပင်လယ်စာ၊ ငါး၊ နဲ့ အသဲ၊ ကျောက်ကပ်၊ ဦးနှောက်၊ ကလီစာတွေ ဖြစ်တယ်။ အရက်၊ Fructose အချိုရည်သောက်တာဒီရောဂါအတွက် မကောင်းပါ။ ကော်ဖီ၊ ဗီတာမင်-စီ၊ နို့သောက်တာနဲ့ ကိုယ်ကာယသန်စွမ်းနေတာတွေကအဖြစ်နည်းစေပါတယ်။

Gout ရောဂါရဲ့ အကြောင်းတရားခံကသွေးထဲမှာ (ယူရစ်-အက်စစ်) တွေ များနေလို့ ဖြစ်ရတာပါ။ Uric acid ဆိုတာ အစားထဲမှာပါတဲ့ Purines ကနေဖြစ်တယ်။ Purine metabolism ချက်လုပ်တဲ့ ဖြစ်စဉ် ပျက်ယွင်းလို့ ဖြစ်တာပါ။ အဲဒီကနေလာတဲ့ Crystal အမှုံတွေကအဆစ်တွေ၊ အရွတ်တွေမှာလာစုပုံနေကြတယ်။ သွေးစစ်ရင် Uric acid levels မြင့်နေမယ်။ တဝက်လောက်မှာတော့ မများပြန်ဘူး။ ယောက်ျားတွေမှာ 420 μmol/L (7.0 mg/dL) အမျိုးသမီးတွေမှာ 360 μmol/L (6.0 mg/dL) ဆိုရင် များတယ်။ သွေးဖြူဥလဲများနေမယ်။ Septic arthritis ပိုးဝင်တဲ့ အဆစ်ရောင်ရောဂါ၊ Rhumatoid arthritis (ရူမတွိုက်) တွေနဲ့ ခွဲခြားရမယ်။

ကုတဲ့အခါ ဆေးသောက်တာနဲ့ အစားရွေးစားတာ ၂ မျိုးလုပ်ရတယ်။ (NSAIDs) ဆိုတဲ့ လူအများသုံးကြတဲ့ အနာ-အကိုက် ပျောက်ဆေးကိုပဌမဆေးအနေနဲ့ သုံးရတယ်။ ဆေးအမျိုးမျိုးရှိပေမဲ့ ဘယ်ဆေးကပိုကောင်းတယ်လို့တော့ မပြောနိုင်ဘူး။ Indomethacin ကိုအများဆုံးသုံးပြီး၊ Ibuprofen ကိုလဲသုံးတယ်။ ဆေးသောက်ပြီး၊ ၄ နာရီကြာရင် သက်သာလာမယ်။ ၁-၂ ပါတ်ကြာအောင် ဆက်သောက်ပါ။ သတိထားဘို့ကအစာလမ်းလေနာသွေးယိုမှာစိုးရသူ၊ နှလုံးမကောင်းတော့ သူတွေကို မပေးသင့်ဘူး။ ဆေးတွေရဲ့ ဘေးထွက် ဆိုကျိုးစိုးရိမ်ရသူတွေကို Proton pump inhibitor လေနာဆေးနဲ့ တွဲပေးမယ်။

Colchicine ဆေးကိုလဲသုံးတယ်။ အစာလမ်းကိုထိခိုက်တတ်လို့ သတိထားရမယ်။ Atorvastatin တို့ Erythromycin တို့နဲ့ တွဲမပေးသင့်ဘူး။ Steroids (စတီရွိုက်) ဆေးကိုစားဆေးသာမကထိုးဆေးအနေနဲ့လဲသုံးတယ်။ နောက်ပြီး Allopurinol နဲ့ Probenicid, Febuxostat ဆေးတွေကို ရေရှည်အတွက်နဲ့ ဖြစ်မလာအောင် ကာကွယ်ဘို့ အတွက် သုံးရတယ်။ ရုတ်တရက် ရောဂါထတာသက်သာပြီး၊ ၁-၂ ပါတ်နေမှ ပေးတယ်။ NSAID or Colchicine နဲ့တွဲပြီး ၃-၆ လ ကြာပေးရတယ်။ Allopurinol ဆေးက Uric acid ထုတ်တာကိုတားပေးတယ်။ ရေရှည် သုံးနိုင်တယ်။ ကျောက်ကပ် သိပ် မကောင်းသူတွေကိုလဲ ပေးနိုင်တယ်။ Probenecidထက် ပိုကောင်းတယ်။ Febuxostat ကိုအစားထိုးသုံးလာနေပြီ။ Pegloticase (Krystexxa) ဆေးကို ၂ဝ၁ဝ ကြမှ စသုံးလာတယ်။ တခြားသုံးနေကြဆေးတွေနဲ့ မတည့်သူ၊ ဆေးမှန်မှန် မကုသူတွေကိုပေးတယ်။ သွေးပြန်ကြောထဲ ၂ ပါတ်တခါ ထိုးရတာပါ။

နာတာရှည်သမားတွေမှာ ဖြစ်တဲ့အဆစ်က Joint deformity ပုံသဏ္ဌာန် ပြောင်းသွားတာမျိုး ဖြစ်လာတယ်။ ၅ နှစ် နောက်ပိုင်း Tophi ဆိုတဲ့ မနာတဲ့ အဖုမျိုးနားရွက်၊ ဖနောင့် စတဲ့နေရာတွေမှာ ဖြစ်လာတယ်။ ကျောက်ကပ်မှာ ကျောက်တည်ကဆီးအက်စစ်ဓါတ် များသူမှာပိုဖြစ်တယ်။ ဂေါက်ရှိသူတွေမှာလည်ပင်ကြီး-ဟော်မုန်းနဲနေတာလဲ တွေ့ရတယ်။

Arthrocentesis ရောင်နေတဲ့ အဆစ်ထဲကအရည်ကိုစုပ်ယူပြီးစမ်းသပ်တာကအသေခြာဆုံးပါ။ Uric acid crystals ဒါမှမဟုတ် ပိုးဝင်နေတာကို သိရမယ်။ X-ray ဓါတ်မှန်ရိုက်ရင် Tophi-crystal deposits နဲ့ အရိုးပျက်စီးမှုကိုသိရမယ်။

ဂေါက်ရောဂါ သမိုင်းမှာဂရိ-ဆေးပညာဖခင်ကြီး Hippocrates ကနေသွေးမဆုံးမီအမျိုးသမီးတွေ နဲ့ Eu**ch သင်းကွပ် ထားသူတွေမှာဒီရောဂါ မဖြစ်ဘူးလို့ ဘီစီ ၄ဝဝ လောက်ကရေးမှတ်ခဲ့တယ်။ (မကွပ်ခြင်နဲ့နော်။) “ဂေါက်ရှိတယ် ဆိုတာဂုဏ်ယူစရာ” Gout - A badge of Honor and proud station in life လို့ ပြောစမှတ် ရှိလာခဲ့တယ်။ ဘာလို့လဲဆိုတော့ ခရစ် မတိုင်ခင် နှစ် ၉ဝဝ က ဂျေရုဆလင် ဘုရင် Asa (အာဆား) ဟာဂေါက်နဲ့ နတ်ရွာစံတာမို့ပါ။ ဒါ့ကြောင့်လာမသိ၊ ဗမာတွေကသေတာကို “ဂေါက်တယ်” လို့ ဘန်းစကားအဖြစ် ပြောကြတာထင်တယ်။

Mg Mandalay ရေးတဲ့ တိုင်းရင်းဆေးနည်း
ဂေါက်အဆစ်ရောင်နာခံစားနေရသူများစားသင့်သောအစားအသောက်
၁။ တိရစ္ဆာန်အသားကို အများကြီးမစားပါနဲ့ ဂေါက်ရောဂါရှင်တွေဟာ အသည်းအမြစ်လို တိရစ္ဆာန်ကလီစာတွေကိုတော့ ရှောင်သင့်ပါတယ်။ အနီရောင်အသားနဲ့ ပင်လယ်စာတွေဟာလည်း ဂေါက်ရောဂါ အန္တရာယ်နဲ့ ဆက်စပ်နေတဲ့အတွက် လျှော့စားသင့်ပါတယ်။
၂။ အပင်ထွက်ပရိုတင်းဓာတ် များများစားပါ။ ပဲအမျိုးမျိုးလို ဟင်းရွက်ထွက် ပရိုတင်းကိုများများစားပါ။
၃။ အယ်လ်ကိုဟော (အရက်) ကို တတ်နိုင်သမျှ ရှောင်ပါ။ အယ်လ်ကိုဟောဓာတ်ဟာ ခန္ဓာကိုယ်ထဲကနေ ယူရစ်အက်စစ် စွန့်ထုတ်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အထူးသဖြင့် ဘီယာသောက်ရင် ဂေါက်ရောဂါထခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်ကိုရှောင်တာက အကောင်းဆုံးပါ။ အရက်မသောက်ဘဲမနေနိုင်ရင် ဝိုင်တစ်နေ့ တစ်ခွက် သောက်နိုင်ပါတယ်။
၄။ ရေနှင့် ဖျော်ရည်များများသောက်ပါ။ ရေနဲ့ဖျော်ရည်တွေဟာ ခန္ဓာကိုယ်ထဲက ယူရစ်အက်ဆစ်ကို ဖယ်ရှားပေးပါတယ်။ တစ်နေ့မှာ အနည်းဆုံး ရေနှစ်လီတာခွဲ သောက်ပါ။
၅။ အဆီမပါနို့နှင့် နို့်ထွက်ပစ္စည်းရွေးပါ။ အဆီနည်းဒါမှမဟုတ် အဆီမပါနို့သောက်တာနဲ့ ဒိန်ချဉ်သောက်တာတွေဟာ ဂေါက်ရောဂါ အန္တရာယ်ကိုလျော့ကျစေကြောင်းလေ့လာမှု တချို့ကဆိုပါတယ်။ နေ့စဉ် နို့နဲ့ နို့ထွက် ပစ္စည်းတစ်ခွက်ခန့် သောက်သင့်ပါတယ်။
၆။ အခွံချွတ်မထားသော ကောက်ပဲသီးနှံစားပါ။ အခွံချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညိုနဲ့ အသီးအနှံတွေကို များများစားပေးရင် ဂေါက်ရောဂါ အန္တရာယ်ကိုလျော့ကျစေပါတယ်။ ဂေါက်ရောဂါရှင်တွေ အနေနဲ့ နေ့တိုင်း ခပ်သွက်သွက် လမ်းလျှောက်ခြင်းလိုအသင့်အတင့် အားကစားလုပ်ရင် ဂေါက်ရောဂါကြောင့် နာကျင်မှုဝေဒနာ သက်သာစေတဲ့ အပြင် ကိုယ်အလေးချိန်ကိုပါ ထိန်းသိမ်းရာရောက်ပါတယ်။

Dr. တင့်ဆွေ

ဂေါက်ရောဂါ(၂)
နာတာရှည်ကျောက်ကပ်လူနာများနှင့်gout(ဂေါက်) အဆစ်အမြစ်ရောင်ရောဂါ
=========================
Gouty arthritis in patients with chronic kidney disease

(၁) အဆစ်ရောင်ရောဂါ ဘာကြောင့်ဖြစ်ရလဲ

- Gout အဆစ်ရောင်ရောဂါဟာ နာတာရှည် ကျောက်ကပ်ရောဂါသည်တွေမှာ အင်မတန်အဖြစ်များပါတယ်။ ကျောက်ကပ်ရောဂါရှိသူသုံးယောက်မှာ တစ်ယောက်ဖြစ်နိုင်ခြေရှိပါတယ်။

- အဓိကဖြစ်စေတဲ့အကြောင်းကတော့ ကျောက်ကပ်တွေ အလုပ်လုပ်နိုင်မှု ကျလာတဲ့အခါ ဆီးထဲကတစ်ဆင့် စွန့်ပြစ်ရမဲ့ Uric acid ယူရစ်အက်စစ်တွေ သွေးထဲမှာတစ်ဖြည်းဖြည်းစုပုံလာပါတယ်။ဒီယူရစ်အက်စစ်တွေဟာ အချွန်အတက်တွေအပြည့်နဲ့ ကျောက်စိုင်ခဲလေးတွေ (crystals) ကိုဖြစ်ပေါ်စေပြီး အဆစ်အမြစ်တွေထဲမှာ အနည်ထိုင်စုပုံစေပြီး ဒုက္ခပေးတော့တာပါပဲ။

- ဒီရောဂါဟာ အထူးသဖြင့် သွေးတိုး၊ ဆီးချိုသွေးချို၊ အဝလွန်တဲ့သူတွေနဲ့ ယူရစ်အက်ဆစ်ကို ဖြစ်စေတဲ့ ပြူယင်း(purine) ဓာတ်ပါဝင်မှုများတဲ့ အစားအသောက် အစားများတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။

- ဒါ့အပြင် သွေးတွင်းယူရစ်အက်စစ်ကိုများစေတဲ့ တစ်ချို ့သောဆေးတွေ ဥပမာ thiazides/furosemide လိုဆီးဆေး၊ Asprin လိုသွေးကျဲဆေး၊ ကျောက်ကပ်လဲထားတဲ့သူတွေမှာ ပုံမှန်သောက်ရတဲ့ cyclosporin လို ဆေးမျိုးတွေ ကြောင့်လဲ ဖြစ်စေပါတယ်။

- မိသားစုမျိုးရိုးရှိသူတွေမှာလည်း ပိုအဖြစ်များတာ တွေ့ရပါတယ်။

(၂) ဖြစ်လာခဲ့လျှင် ဘယ်လိုဝေဒနာ ရောဂါလက္ခဏာ ဆိုးကျိုးတွေ ခံစားရမလဲ

- Gout ရောဂါဟာ တစ်ခါဖြစ်ဖူးရင် တစ်သက်မမေ့နိုင်တဲ့ ရောဂါမျိုးပါ။ အဆစ်အမြစ်တွေဟာ အသဲခိုက်လောက်အောင် နာနာကျင်ကျင်ခံစားရတတ်ပါတယ်။ အထူးသဖြင့် ခြေမအဆစ်၊ ခြေကျင်းဝတ်၊ဒူး၊လက်ကောက်ဝတ်၊လက်ဖျံအဆစ်၊လက်ချောင်းငယ်လေးတွေမှာ အဖြစ်များပါတယ်။ နာတာကျင်တာအပြင် အဆစ်တွေဟာ နီရဲရောင်ကိုင်းနေတတ်ပါတယ်။

- ဒါတင်မက မကြာခဏ နှစ်ရှည်လများဖြစ်လာတဲ့အခါ အဆစ်တွေကို ပျက်ဆီးစေပြီး ပုံမှန်လုပ်ငန်းတစ်နေ့တာ အလုပ်တွေပါ မလုပ်နိုင်တော့တဲ့အထိဖြစ်စေပါတယ်။

- ပြီးတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ရဲ့ နေရာတော်တ်ာများမှာ ယူရစ်အက်စစ်တွေစုနေတဲ့ အသားလုံးအဖုအထစ်တွေပေါ်လာစေပြီး အလှပျက်တတ်ပါတယ်။

- နောက်ဆက်တွဲဆိုးကျိုးကတော့ ယူရစ်အက်ဆစ်ကနေဖြစ်လာတဲ့ ကျောက်တွေဟာ ဆီးလမ်းကြောင်းတစ်လျှောက်မှာပါကျောက်တည်ခြင်းကိုဖြစ်စေပါတယ်။

(၃) အဆစ်အမြစ်ရောင်ရောဂါကို ဘယ်လို
ကာကွယ်ကုသကြမလဲ

- ကုသဖို့ဆိုရင်တော့ အလွယ်ကူဆုံး ရောင်ရမ်းနေတဲ့ အဆစ်ကို အနားပေးပြီး အရောင်ကျအောင် ရေခဲအုံပေးနိုင်ပါတယ်။

- သောက်ဆေးအနေနဲ့ကတော့ အိမ်တွေမှာအသုံးများတဲ့ NSAIDS လို့ခေါ်တဲ့ Diclofenac/Ibuprofen/Naproxen တို့လိုဆေးတွေဟာ ကျောက်ကပ်ရောဂါသည်တွေနဲ့ လုံးဝမတဲ့ပါဘူး။ ကိုချီစင်း Colchicine ဆေးကတော့ သင့်တော်ပါတယ်။ ဖြစ်ဖြစ်ချင်း ၂၄နာရီအတွင်းသောက်နိုင်ရင် ပိုအစွမ်းထက်ပါတယ်။ ၀.၆ mg တစ်နေ့ တစ်လုံးကနေ နှစ်လုံးသောက်ပေးနိုင်ပါတယ်။ သတိထားရမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ပျို ့တာအန်တာ ဗိုက်အောင့် ဝမ်းပျက်တာတွေ ဖြစ်နိုင်ပါတယ်။ နောက်သောက်နိုင်တဲ့ ဆေးကတော့ ပရက်နီဆိုလုန်း prednisone လို့ခေါ်တဲ့ စတီးရိုက်သောက်ဆေးပါ၊ ဒီဆေးမျိုးကိုတော့ ဆရာဝန်ညွန်ကြားမှုနဲ့ပဲသောက်သင့်ပါတယ်။ ဒီထက်ပိုဆိုးရင်တော့ အဆစ်ထဲကို စတီးရိုက်ဆေးထိုးထဲ့ပြီးကုရတာရှိပါတယ်။

- ထပ်မဖြစ်အောင်ကာကွယ်ဖို့ဆိုရင်တော့ ယူရစ်အက်ဆစ်များတဲ့ အစားအသောက်တွေ ဖြစ်တဲ့ red meat လို့ခေါ်တဲ့ အနီရောင်ရှိသော အသား (အမဲ၊ဝက်၊ဆိတ်)၊ ပင်လယ်စာ၊ ကိုယ်တွင်းကလီစာ၊ အချိုရေ၊ အရက်ဘီယာ စတာတွေ လျှော့စားသောက်ရပါမယ်။ ကိုယ်အလေးချိန်ချရပါမယ်။ သွေးတိုးဆီးချိုမှန်အောင်ထိန်းရပါမယ်။

- ဒါ့အပြင် ပိုအရေးကြီးတာက သွေးထဲကယူရစ်
အက်စစ်ကို ကျစေဖို့ Allopurinol
အေလိုပျုရီနောလို (100mg ကစလို့ အများဆုံး 400mg)၊ Febuxostat(40-80mg) ဖက်ဗျုဆိုစတက်လိုဆေးများကို ရေရှည်စွဲသောက်ပြီး သွေးထဲကယူရစ်အက်စစ်ပမာဏ 6 mg/dl အောက်လျှော့ချထားနိုင်ရင်တော့ gout ရောဂါဒုက္ခဘေးကနေ ကင်းဝေးနိုင်ပါလိမ့်မယ်ဆိုတာအသိပေးလိုက်ရပါတယ်။

လေးစားစွာဖြင့်,
ဒေါက်တာဇေထက်
ပထမလက်ထောက် ကျောက်ကပ်အထူးပြု
ကျောက်ကပ်ဆေးပညာဌာန (ယူကေ)

ဂေါက်ရောဂါ(၃)

"Gout ဆိုတာဘာလဲ?" (Uric acid)

Gout ဆိုတာ အဆစ်ရောင် ရောဂါတစ်မျိူးဖြစ်ပါတယ်။ သွေးထဲမှာ Uric acid ယူရစ် အက်ဆစ်တွေ သာမန်ရှိသင့်တာထက် များလာတဲ့အခါ အဆစ်တွေမှာ စုပုံလာပါတယ်။ ယူရစ် အက်ဆစ်တွေဟာ crystal အချွန်အတတ်တွေ အဖြစ် စုပုံ လာတဲ့အခါ အဆစ်နေရာတွေမှာ ရောင်ရမ်းလာခြင်း ဖြစ်ပေါ်လာပါတယ်။ ဖြစ်ခါစမှာ ခြေမကနေတစ်ဆင့် စတင် ရောင်ရမ်းလာပြီး ခြေကျင်းဝတ်၊ ဒူးဆစ် ၊ လက်ဆစ်တွေမှာပါ တစ်ဆင့်ခြင်း ရောင်လာတတ်ပါတယ်။ နောက်ပိုင်းတွင် အဆစ်ခိုင်လာခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

✏ဘယ်လိုလူတွေမှာ အဖြစ်များလည်း ?
- အမျိူးသားတွေဟာ အမျိူးသမီးတွေထက် အဖြစ်များပါတယ်။
- မျိူးရိုး ဗီဇမှာ ဖြစ်ဖူးသူ
- အရက်အလွန်အကျွံ သောက်သုံးသူ။
- Purine ပမဏ များစွာ ပါဝင်သော အစားအစာများကို စားသုံးသူ
- Lead ခဲနှင့် ထိတွေ့မှူ့ များသောသူ။
- အဝလွန်သောသူ

✏ဘယ်လို လက္ခဏာ တွေရှိလဲ ?
Gout ရောဂါဟာ အခြားသော အဆစ်ရောင်ရောဂါ တွေနဲ့ ကွဲပြားပါတယ်။ ခြေမနေရာမှာ ရောင်လာခြင်း ၊ နီလာခြင်း ၊ မခံမရပ်နိုင်အောင် နာကျင်ခြင်းနှင့် စတင်ဖြစ်ပေါ်ပါတယ်။ ထို့နောက် ခြေကျင်းဝတ်၊ ဒူးဆစ်၊ လက်ဆစ်တို့မှာပါ နာကျင်မှု့ ပိုဆိုးလာတတ်ပါတယ်။ ရုပ်တရက် ချက်ချင်းကြီး နာကျင်တတ်ပြီး နာကျင်မှု့ဟာ မခံမရပ်နိုင်အောင် ဖြစ်တတ်ပါတယ်။

✏Gout ရောဂါကြောင့် ရုတ်တရက် အဆစ်များ နာကျင်လာခဲ့ရင် -
- Rest အိပ်ယာမှာ နားပါ။
- ခြေဆစ်၊ လက်ဆစ်တို့ကို ကူရှင်ပေါ် တင်၍သော်လည်းကောင်း ၊ အဝတ်ထူထူပေါ်တင်၍ လည်းကောင်း မြှင့်ထားပေးပါ။
- နာကျင်သော နေရာများတွင် ရေခဲကို ငါးမိနစ် စီခန့် ကပ်ပေးပါ။ ရေခဲလောင်ခြင်း မရှိစေရန် ရေခဲနှင့် အရေးပြားကြားတွင် အဝတ်တစ်ထပ်ခံပေးပါ။

✏Gout ရောဂါ ဖြစ်ပြီဆိုရင် ဘယ်လိုပြုမူ နေထိုင် စားသောက်ရမလဲ ?
Gout ရောဂါဟာ မိမိတို့ရဲ့ နေထိုင်စားသောက် မှု့ ပုံစံနှင့် အများကြီး သက်ဆိုင်ပါတယ်။ မိမိကိုယ်ကိုယ် Gout ရောဂါရှိတယ်လို့ သံသရ ရှိရင် နီးစပ်ရာ ဆေးခန်းများတွင် ကျွမ်းကျင် ပညာရှင်များနှင့် ပြသပြီး တိုင်ပင်ဆွေးနွေးပါ။
Gout ရောဂါ ရှိသူများ အနေဖြင့်
- အရက်သောက်ခြင်း ရှောင်ပါ။
- ရေကို တစ်နေ့လျင် 1-4 litre အထိသောက်သုံးပေးပါ။ ဒါမှသာ Uric acid များဟာ ဆီးနှင့် အတူပါသွားပြီး ခန္ဓာကိုယ်ထဲမှ စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
- Purine ပါဝင်သော အစားအစာများကို ရှောင်ပေးပါ။ ဥပမာ - ငါးသေတ္တာ ၊ အမဲသား၊ ဝက်သား ၊ဆိတ်သား၊ ရက်လွန်အသားများ၊ မှို၊ ကညွတ်၊ ဟင်းနုနွယ်၊ မြှစ်၊ အူကလီစာ၊ အသဲ၊ အမြစ်၊ ခရမ်းချဉ်သီးအစေ့၊ အကြေးခွန်ပါသောငါးများ၊ တဆေး၊ ကျောက်ပုဇွန်၊ ပုဇွန်.....
စားသုံးသင့်သော အစာများ
- Vitamin C ပါသော အသီးများ
- သံပုရာရည် ၊ မန်ကျည်းသီး ဖျော်ရည်
- Fibre အမျှင်ဓာတ်ပါသော အသီးအရွက်များ။
- ကိုယ်လက်လှုပ်ရှား မှု့ ပုံမှန် ပြုလုပ်ပေးပါ။

🙏အကြောအဆစ်ရောဂါများ ကင်းဝေးကြပါစေ🙏

Original Writer

credit: Mr.Clinic

ဂေါက်ရောဂါ (၄)
Gout ရောဂါ

1..ဂေါက်(Gout)ရောဂါ ဆိုတာ ဘာပါလဲ?
အဆစ်အမြစ်ရောင်ရောဂါတစ်မျိုးပါ။

2..ဘာကြောင့် ဖြစ်ရတာလဲ?
ခန္ဓာကိုယ်ထဲမှာ Uric acid တွေများလာလို့ပါ။
ခန္ဓာကိုယ်ထဲမှာ uric acid ထုတ်တာများလို့ သော်လည်းကောင်း၊uric acidကို မစွန့်ထုတ်နိုင်လို့သော်လည်းကောင်း ဖြစ်တာပါ။

3..Uric acidဆိုတာ ဘာပါလဲ?
Purineဆိုတဲ့ ဓာတ်တစ်မျိုး ပြိုကွဲရာက ထွက်လာတာပါ။

4..Goutရောဂါမှာ ဘယ်လို လက္ခဏာတွေ ခံစားရမှာလဲ?
အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းကို ခံစားရမှာပါ။
အထူးသဖြင့် ခြေမအဆစ်၊ခြေကျင်းဝတ်၊ဒူးခေါင်းတို့မှာ ဖြစ်တတ်ပါတယ်။

5..ဘယ်လို လူမျိုးတွေမှာဖြစ်တတ်လဲ?
Purine များ‌ေစသော အစားအစာ၊‌ေဆးဝါးများကို အများကြီး၊အကြာကြီး စားသုံးသူ
နာတာရှည် ကျောက်ကပ်ရောဂါသည်
ဆီးချိုရှိသူ
လည်ပင်းသိုင်းရွိုက်ဟော်မုန်းအထွက်နည်းသူ
ကင်ဆာ ဆေးဖြင့် ကုသမှုခံယူထားသူ
Psoriasis အရေပြားရောဂါရှိသူ

6..Uric acid မများ အောင် ဘာတွေဆောင်သင့်၊ရှောင်သင့်လဲ?
Purine များသောအစားအစာများ ရှောင်ရန်
သကြားရှောင်ရန်
အရက်၊ဘီယာရှောင်ရန်
ကိုယ်အလေးချိန်လျော့ရန်
အသီးအရွက်များများစားရန်
ရေများများသောက်ရန်
စိတ်ဖိစီးမှု လျော့ရန်
ဆီးချိုသမားတွေမှာ ဆီးချို သေချာထိန်းရန်
Uric acidများစေသောဆေးများ ရှောင်ရန်

7..purineများသော ရှောင်ရမဲ့ အစားအစာများ
အသား--ကလီစာများ၊ဝက်သား၊အမဲသား။
ငါး--ဆာဒင်းငါး၊shellfishများ၊ငါးနီတူ၊ဂဏန်း။
အသီးအရွက်--ပန်းဂေါ်ဖီ၊ကညွှတ်၊ဟင်းနုနွယ်ရွက်၊ပဲအမျိုးမျိုး၊မှို။

8..စားသင့်သော အစားအစာများ။
အသီးအရွက် --ခရမ်းချဉ်သီး၊brocoli၊သခွားသီး၊
အသီးအနှံ --ငှက်‌ေပျာသီးပန်းသီး၊ချယ်ရီသီး၊ချဉ်သော အသီးများ၊ဘလူးဘယ်ရီ၊စပျစ်သီး။
Coffee,Green tea.

Dr K

Vitamin B1 , B6 , B12Vitamin B1,B6,B12တို့သည် ဦးနှောက်နှင့်အာရုံကြောအဖွဲ့အစည်းအတွက်အလွန်အရေးကြီးသောVitaminများဖြစ်ပါတယ်...
11/05/2023

Vitamin B1 , B6 , B12

Vitamin B1,B6,B12တို့သည် ဦးနှောက်နှင့်အာရုံကြောအဖွဲ့အစည်းအတွက်အလွန်အရေးကြီးသောVitaminများဖြစ်ပါတယ်။

Uses-Nerve ကြောများရောင်ခြင်း၊
-Nerve ကြောများနာကျင်ခြင်း၊
-လည်ပင်းကျီးပေါင်းတက်ခြင်း၊
-ခါးနာခြင်း၊
-ပခုံးဆစ်ရောင်ရမ်းကိုက်ခဲခြင်း တို့တွင်အသုံးပြုပါတယ်။
-အရက်နှင့်သွေးချိုဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါများတွင်အသုံးပြုပါတယ်။
-ရေယုန်ရောဂါဖြစ်ပြီး nerveရောင်ရမ်းနာကျင်ခြင်းအတွက်လည်းအသုံးပြုပါတယ်။
-မျက်နှာတစ်ခြမ်း နာကျင်ကိုက်ခဲသည့် အာရုံကြောရောင်ရောဂါတွင်လည်းအသုံးပြုပါတယ်။

မှတ်ချက်-ဆေးဝါးများအသုံးပြုမည်ဆိုလျှင် ဆရာဝန်(သို့မဟုတ်)ဆေးဝါးပညာရှင်များနှင့်တိုင်ပင်ပြီးမှသာအသုံးပြုရန်။
to orginal uploader

💊ဆေးဝါးအခြေ ခံပညာရပ် လေ့လာနေသူများအတွက်.====================================Types Of Dosage Forms (ဆေးဝါးအသုံးပြုသောပုံစ...
08/05/2023

💊ဆေးဝါးအခြေ ခံပညာရပ် လေ့လာနေသူများအတွက်.
====================================
Types Of Dosage Forms (ဆေးဝါးအသုံးပြုသောပုံစံအမျ်ိုးမျိုး)
💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊

✅ကျွန်တော်ထပ်မံ၍လည်းနေ.စဥ်ဆေးပညာဗဟုသုတများ
ဆေးဝါးဗဟုသုတများ ဖော်ပြပေးပါဦးမည်...✅
✅အများသိရှိစေရန်လည်း
Like & Sharing ပြုလုပ်နိုင်ပါတယ်ခင်မျာ...✅

♥စေတနာများစွာဖြင်. ဆေးပညာသဘောတရား/ဆေးဝါးများစွာတတ်သိနားလည်ပြီး
ကျန်းမာသော ဘဝများပိုင်ဆိုင်နိုင်ကြပါစေ🙏


စေတနာများစွာဖြင်.🙏
to orginal uploader

🥺ရေကျောက်ပေါက်ခြင်း။➖အခုတစ်လော Social media မှာကော အပြင်မှာပါ ရေကျောက်တွေ ပေါက်လို့ဆိုပြီး တွေ့နေရတယ်။ ❓ရေကျောက်ဆိုတာ ဘာ...
02/05/2023

🥺ရေကျောက်ပေါက်ခြင်း။
➖အခုတစ်လော Social media မှာကော အပြင်မှာပါ ရေကျောက်တွေ ပေါက်လို့ဆိုပြီး တွေ့နေရတယ်။
❓ရေကျောက်ဆိုတာ ဘာလဲ။
❓ဘာကြောင့်ပေါက်ရသလဲ။
❓ပေါက်ရင် ဘာလက္ခဏာတွေ ဖြစ်လဲ။
❓ဖြစ်သွားရင် ဘယ်လို ထိန်းသိမ်းပေးရလဲ။
❓အမာရွတ်တွေ မကျန်ဖို့ ဘယ်လို ဂရုစိုက်ရသလဲ။
❓ဘယ်လို အလှအပရေးရာကုသမှုတွေလုပ်လို့ရလဲ။
➖ရေကျောက်ကို Chicken pox လို့ခေါ်ပြီးတော့ Varicella-zoster virus ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်တဲ့ ကူးစက်မှုလို့ ပြောလို့ရပါတယ်။
➖သူက ကူးစက်လွယ် ရောဂါတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ကလေးတွေမှာ / ငယ်သေးတဲ့ ကျောင်းနေ အရွယ်တွေမှာ အဖြစ်အများဆုံးပါပဲ။ လူတစ်ယောက်ကနေ တစ်ယောက် ကူးစက်လွယ်ပြီးတော့ တစ်ခါပေါက်ပြီးသွားရင်လည်း immune ရပြီး antibody ပေါ်သွားပြီမို့ နောက်တစ်ခါ မဖြစ်တော့ပါဘူး။
➖နိုင်ငံခြားမှာတွေကတော့ ငယ်ကတည်းက ဒီဗိုင်းရပ်စ် အတွက် Vaccine ကို ငယ်ကတည်းက ကာကွယ်ဆေးအနေနဲ့ ထည့်ပြီး ထိုးကြတယ်လို့ ဆိုပါတယ်။ မြန်မာမှာကတော့ ခု program တွေထိမပါသေးဘူးထင်ပါတယ်။ ကိုယ်ကလည်း ဆေးရုံတွေ၊ ဆေးကုတဲ့ဘက်နဲ့ အဆက်အသွယ်နည်းနည်း ပြတ်ပြီဆိုတော့ အခုခေတ်မှာလည်း ထည့်ထိုးပေးလား မပေးဘူးလား မပြောတတ်ဘူးပေါ့နော်။ (နီးစပ်ရာ ဆေးခန်းမှာ ဆရာဝန်နဲ့ပြပြီးမေးကြည့်နော်)ဒါပေမယ့် မတ်လလိုလမျိုး နွေရာသီ အစမျိုးမှာ ရေကျောက်က အဖြစ်ဆုံး အချိန်လို့ ပြောလို့ရပါတယ်။ ဒီလိုအချိန်ဆို ဖြစ်ကြပြီပေါ့နော်။
➖ကိုယ်တိုင်လည်း ဆေးကျောင်း Final Part 1 မှာ ရေကျောက်ကို ကလေးဆေးရုံသွားရင်း ကလေးနားက ကူးလာတာပဲ။ အသက်ကြီးမှ ပေါက်တာပိုခံရတယ်ဆိုတာ တစ်ကယ်ပဲ။ ကျောက်ပေါက်ပြီး အမာရွတ် ကျန်ခဲ့တာက ကလေးတွေမှာဆို ဆဲလ်လဲတာမြန်တော့ သက်သာတာ မြန်သေးတယ်လေ။ အသက်ကြီးမှ ဆို ပိုကြာတတ်တယ်။ မပျောက်ပဲ အမဲတွေဖြစ် ချိုင့်ခွက်တွေ ဖြစ်ကျန်နေခဲ့ရောပဲ။
➖အဲ့တော့ ဘာကြောင့်ပေါက်ရလည်း ဆိုရင် ကိုယ့်နားမှာ ပေါက်တဲ့သူရှိလို့ ကလေးဖြစ်ဖြစ် လူကြီး ဖြစ်ဖြစ်ပေါ့နော်။ ကူးစက်လွယ်လွန်းတဲ့ ရောဂါထဲပါတာကြောင့် ခဏတစ်ဖြုတ် ဖြတ်လျှောက်ရင်း၊ ကိုင်မိ ပြုမိရင်းကနေလည်း ကိုယ်က ကိုယ်ခံအား နည်း ပြန်တိုက်နိုင်စွမ်း မရှိချိန် ဆိုရင် ကူးလွယ်ပါတယ်။ တစ်အိမ်ထဲအတူနေတဲ့သူတွေဆိုလည်း မပေါက်ဖူးသေးတဲ့သူဖြစ်ရင် ကူးပါတယ်။ ပထမဆုံး လက္ခဏာတွေပြပြီး ၁ရက် ၂ရက်က ကူးစက်ဖို့အလွယ်ဆုံး အချိန်ပါပဲ။
➖လက္ခဏာအနေနဲ့ ဘာတွေပြလဲ။ အဖျားငွေ့ငွေ့လေး ရှိတတ်တယ်။ ပင်ပန်းပြီးနုံးနေတာ၊ ခေါင်းကိုက်တာ၊ အစားအသောက်ပျက်တာမျိုး ပုံမှန်အဖျားဖျားသလိုမျိုးနဲ့တူပါတယ်။ ပြီးရင်တော့ ရေကျောက် အဖုတစ်ဖု နှစ်ဖု ခန္ဓာကိုယ်အနှံ့မှာ စဖြစ်လာတတ်ပါတယ်။ ပုံလေးတွေကိုလည်း တင်ပေးထားပါမယ်။ တစ်ချို့အဖုတွေက ပြည်တွေတည်ပြီး ရောင်နေမယ်၊ တစ်ချို့အဖုတွေက ပြားနေမယ်၊ တစ်ချို့အဖုတွေက ယားမယ်၊ တစ်ချို့ကျတော့ ချပ်ကုန်မယ် တစ်ပြိုင်နက်တည်းမှာ ပုံစံမျိုးစုံ ရှိနိုင်ပါတယ်။ အဓိကကတော့ အဖုတွေ တစ်ကိုယ်လုံး နေရာအနှံ့ ပေါက်မှာဖြစ်တဲ့အပြင် မျက်နှာတွေမှာပါ ပေါက်တာကြောင့်မို့ ချိုင့်ခွက်တွေကျန်တာ အမဲစက်တွေကျန်တာ အလှ ပျက်စေနိုင်တာပဲဖြစ်ပါတယ်။
➖မပေါက်ခင် ဘာလုပ်လို့ ရလည်းဆိုရင်တော့ ကလေးဆိုရင် ကာကွယ်ဆေး ကြို ထိုးရင်ထိုးပေးထားပါ။ ပေါက်ပြီဆိုရင်တော့ တစ်ချို့တွေက ဖျားတာ နာတာ သက်သာအောင် အများကြီးမပေါက်အောင် ဆိုရင် ကာကွယ်ဆေး ပြေးထိုးတာမျိုးလည်း ရှိပါတယ်။ ဒါလည်း ရတယ်လို့ ဆိုထားပါတယ်။ တစ်ချို့ကလည်း ဆရာဝန်နဲ့ ပြပြီး Anti-virus သတ်ဆေးတွေ သောက်ရင်း လက္ခဏာ မပြင်းထန်အောင် ထိန်းကြပါတယ်။ ဒါပေမယ့်လည်း ပေါက်ပြီးပြီဆိုရင် တန်းပျောက်အောင် တစ်ခါတည်း လုပ်မရပါဘူး။ virus ဖြစ်နေတာကြောင့်မို့ ကိုယ့် ခန္ဓာကိုယ်က ကိုယ်ခံအား ကောင်းမှ ၊ ကျန်းမာမှ ပြန်ပြီးတိုက်နိုင်စွမ်းရှိမှာပါ။
❓အမာရွတ် မကျန်ဖို့ ဘယ်လိုဂရုစိုက်ကြမလဲ။
➖အများကြီး ပြုံပြီး ထွက်မလာဖို့ဆိုရင် ကိုယ်ခန္ဓာက ပြန်တိုက်နိုင်စွမ်းရှိဖို့ အစားသေချာစား၊ အိပ်ရေး၀၀အိပ် ၊ ရေများများသောက်တာတွေ လုပ်ရပါမယ်။
➖ယားတဲ့နေရာတွေကို တအား မကုတ်ပစ်ပါနဲ့။ အဝတ်အစားကို သက်သာချောင်ချိတာလေးတွေဝတ်ပါ အိမ်မှာပဲနေတယ်ဆိုရင် အတွင်းခံတွေ ချွတ်ထားတာ ပိုပြေပါတယ်။
➖အဖုတွေထွက်လာရင် ဆိတ်ပစ်တာ ၊ လက်သည်းနဲ့ကုတ်ပစ်တာ၊ လျှောက်ညှစ်တာ ဖောက်တာတွေ လုံး၀မလုပ်ပါနဲ့။ ဘတ်တီးရီးယား ပိုးတွေပါ ဝင်သွားနိုင်လို့ ဖြစ်ပါတယ်။
➖cetrizine လို အယားသက်သာတာလေး ညဘက် တစ်လုံးလောက် သောက်ပေးပါ။ အဖျား ရှိနေရင် ပါရာစီတမော ထည့်သောက်ပါ။ အဖျား အရမ်းဆိုးတာမျိုးဆိုရင်တော့ နီးစပ်ရာဆေးခန်းပြပါ။
➖အဲ့တော့ ယားတဲ့နေရာလေးတွေကို Calamine/ caladryl lotion ပန်းရောင် ဆေးအရည်လေး တို့ထားပါ။ မကုတ်မိဖို့ပဲအတတ်နိုင်ဆုံး သတိထားပါ။ အဖုနေရာလေးတွေကို သန့်သန့်ရှင်းရှင်း ထားပါ။ အိပ်ယာခင်းတွေခေါင်းအုံးတွေ ဖုံတက်နေတာမျိုး ဆိုရင် တန်းလဲပေးပါ။
➖အဖုတွေလည်းပျောက်ပြီ အမဲစက်နဲ့ ချိုင့်ခွက်ဖြစ်ချင်တဲ့ ပုံစံတွေ ကျန်ခဲ့တယ်ဆိုရင် အမဲစက်သက်သာစေမယ့် ingredients ပါတာလေးတွေ လိမ်းပေးပါ
🌅အရေးကြီးဆုံးက နေလောင်ကာ သေချာလိမ်းပါတော့။
➖တစ်ရက် နှစ်ကြိမ်လောက်အနည်းဆုံးလိမ်းပါ။
➖ဗီတာမင်အီး
➖ဗီတာမင်စီ
➖Oatmeal
➖Shea butter
➖Bio-oil
➖Arbutin
➖Licorice
➖Aloe Vera
➖Jojoba oil
➖Argan oil
ဒါမျိုးလေးတွေ ပါတာတွေ ရှာလိမ်းလို့ရပါတယ်။
➖အဖုလက်ရှိ ရှိနေတုန်းဆိုရင်
💢Calamine/ caladryl lotion
အဖုတွေ ပျောက်ပြီး ချပ်သွားပြီဆိုရင်
💢Bioderma Cicabio repair cream
💢Bio-Oil
💢Hiruscar gel ဒါလေးတွေထဲက တစ်မျိုးမျိုး လိမ်းကြည့်ပါ။
✅ဒါကိုမှ အမဲစက်တွေ မပျောက်သေးဘူးဆိုရင်တော့ အမြန်ဆုံးနည်းလမ်းကတော့အလှအပရေးရာဆေးခန်းမှာ ကုသမှု ယူတာပါပဲ။
✅ဆရာဝန်တွေ ပေးတဲ့ ဆေးတွေလိမ်းတာ
✅Chemical Peeling Treatment
✅Hydrafacial Treatment ( Luxury Peel at my clinic)
✅IPL Treatment
✅Microneedling with PRP Treatment
✅Microneedling with Fractional RF Treatment
✅Small threads insertion treatment
အများကြီး ရှိပါတယ်။
➖အဲ့တော့ ကိုယ်က အမဲစက်ပဲကျန်သလား၊ ချိုင့်ခွက်တွေပါ ဖြစ်ကုန်လား မျက်နှာမှာ နေရာအနှံ့ ဖြစ်နေသလားဆိုတာပေါ်မှာ မူတည်ပြီးတော့ ကုသမှု ပုံစံတွေကလည်း ပြောင်းသွားမှာဖြစ်ပါတယ်။
❌ရေကျောက်တွေပေါက်တာက ကလေးငယ်လေးတွေမှာဖြစ်ရင်၊ immune မကောင်းတဲ့ HIV/ AIDS လူနာမျိုး၊ ကင်ဆာ ရောဂါသည်လိုမျိုးတို့မှာဆိုရင်တော့ စိုးရိမ်ရတာမို့ ဆရာဝန်နဲ့ သေချာပြသကုသမှုခံယူသင့်ပါတယ်။
✅ကိုယ်ခံအား ကောင်းတဲ့သူတွေမှာကတော့ အဖုတွေ ပေါက်တာပဲဖြစ်ပြီး သက်သာ ပျောက်ကင်းသွားတတ်ပါတယ်။
💛ဒီလောက်ဆိုရင် ရေကျောက်အကြောင်းကို သိသွားပြီးတော့ ထိန်းသိမ်းနိုင်ကြမယ် သက်သာအောင် ဂရုစိုက်တတ်သွားမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ကျန်းမာ လှပ ပျော်ရွှင်ကြပါစေရှင့်။
to original uploader

Address

Nay Pyi Daw
Lewe

Telephone

+959772749151

Website

Alerts

Be the first to know and let us send you an email when Khin Madi Pharmacy - ခင်မဒီ ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram