La Won Pharmacy

La Won Pharmacy contact to

1.8.2023ဓမ္မစကြာအခါတော်နေ့🙏🙏🙏
01/08/2023

1.8.2023
ဓမ္မစကြာအခါတော်နေ့🙏🙏🙏

𝟏𝟗 𝐉𝐮𝐥𝐲 မမေ့နိူင် အာဇာနည်နေ့ တို့မမေ့🇲🇲🇲🇲76 နှစ်မြှောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  🇲🇲19.7.2023🇲🇲{ ❶❾❹❼ }ခု...
19/07/2023

𝟏𝟗 𝐉𝐮𝐥𝐲 မမေ့နိူင်

အာဇာနည်နေ့ တို့မမေ့🇲🇲🇲🇲

76 နှစ်မြှောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်

🇲🇲19.7.2023🇲🇲

{ ❶❾❹❼ }ခုနှစ် ဇူလိုင်လ{ ❶❾ } ရက်နေ့ နံနက်{ ❶⓿ }နာရီ {❸❼ }မိနစ် တွင်မသမာသူလူတစု၏လုပ်ကြံမှု‌ကြောင့် ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးအား ရိုသေလေးစားစွာဂါရဝပြုပါသည်။

#အာဇာနည်နေ့
#၁၉ဇူလိုင်မမေ့နိုင်

 #Crd ခါးနာခြင်း ကို သက်သာစေမည့် အိပ်စက်နည်းပုံစံများ 💥ကမ္ဘာ့လူဦးရေရဲ့ 80 ရာခိုင်နှုန်းက တစ်သက်မှာ အနည်းဆုံး တစ်ခါတော့ ခ...
28/11/2022

#
Crd ခါးနာခြင်း ကို သက်သာစေမည့် အိပ်စက်နည်းပုံစံများ 💥

ကမ္ဘာ့လူဦးရေရဲ့ 80 ရာခိုင်နှုန်းက တစ်သက်မှာ အနည်းဆုံး တစ်ခါတော့ ခါးနာ ဝေဒနာကို ခံစားရပါတယ် ။

ခါးနာဝေဒနာ မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ် ။
အိပ်စက်တဲ့ ပုံစံကို ပြောင်းလိုက်ရင် ခါးနာဝေဒနာက သက်သာသွားမှာပါ ။

၁။ လည်ပင်းနှင့် ကျောအပေါ်ဘက် နာကျင်ခြင်းအတွက်
ခါးနာခြင်းကို သက်သာစေမည့် အိပ်စက်နည်းပုံစံများ ..

ပက်လက်လှန် အိပ်ခြင်းက လည်ပင်းနဲ့ ကျောအပေါ်က ဖိအားတွေကို နည်းသွားစေပါတယ် ။ ကျောရိုးကိုလည်း ဖြောင့်တန်းသွားစေပါတယ် ။
လည်ပင်းအောက်နဲ့ ဒူးခေါင်းအောက်မှာ ခေါင်းအုံးတစ်လုံး ထားပြီး အိပ်ခြင်းက လည်ပင်းနဲ့ ကျောအပေါ်ဘက်က နာကျင်မှုကို သက်သာစေပါတယ် ။

၂။ ကျောရိုးမကြီးတစ်လျှောက်
နာကျင်ခြင်းအတွက်
ခါးနာခြင်းကို သက်သာစေမည့် အိပ်စက်နည်းပုံစံများ ..

မှောက်အိပ်ခြင်းက ကျောရိုးတစ်လျှောက်လုံး နာကျင်နေတဲ့ သူတွေအတွက် သင့်တော်ပါတယ် ။

ခေါင်းအုံး တစ်အုံးကိုလည်း ဗိုက်အောက်မှာ ထားလိုက်ပါ ။ ခေါင်းအုံးက 3 လက်မ ထက် မထူတဲ့ ခေါင်းအုံး အပါးလေးဖြစ်ဖို့ လိုပါတယ် ။

ဗိုက်အောက်မှာ ခေါင်းအုံးထားအိပ်ခြင်းက ကျောပေါ်က ဖိအားတွေကို နည်းသွားစေပါတယ် ။ ဗိုက်အောက်မှာ ခေါင်းအုံးထားအိပ်လို့ မသက်သာရင် ခေါင်းအောက်က ခေါင်းအုံးကို ဖယ်ပြီး အိပ်ကြည့်ပါ ။

၃။ ကျောအောက်ပိုင်း နာကျင်ခြင်းအတွက်

ခန္ဓာကိုယ်ကို တစ်ဖက်စောင်းပြီး အိပ်တဲ့အခါ ကျောရိုးမကြီးကို သဘာဝ မကျတဲ့ပုံစံ ဖြစ်စေပါတယ် ။

ကျောအောက်ပိုင်းကိုလည်း ကိုယ်အလေးချိန် ပိုသွားစေပါတယ် ။

ဒူးကို အနည်းငယ်ကွေးပြီး ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးတစ်လုံးထားအိပ်ပါ ။ အဲဒီအခါ ကျောအောက်ပိုင်း နာကျင်ခြင်းတွေ သက်သာလာမှာဖြစ်ပြီး အိပ်ယာထတဲ့ အခါလည်း မနာတော့ပါဘူး ။

၄။ ခါးနာခြင်းအတွက်

ခါးနာခြင်းကို သက်သာစေမည့် အိပ်စက်နည်းပုံစံများ ..

ကျောအောက်ပိုင်း ခါးနာရင် နောက်ကိုမှီပြီး အိပ်တာက ထိရောက်ပါတယ် ။

ခေါင်းအုံးတွေကို ကျောနဲ့ လည်ပင်းနောက်မှာ ထားပြီး အိပ်ခြင်းက ခါးနာတဲ့ သူတွေအတွက် အဆင်ပြေပါတယ် ။

ပိုပြီး သက်တောင့်သက်သာ ရှိဖို့ဆိုရင် ခေါင်းအုံးတွေကို ဒူးနဲ့ ခြေထောက်အောက်မှာ ထားအိပ်လို့ ရပါတယ် ။

၅။ အာရုံကြောများ တောင့်တင်းခြင်း
ခါးနာခြင်းကို သက်သာစေမည့် အိပ်စက်နည်းပုံစံများ ..

ကျောရိုးဆစ်တွေ ကြားက အရိုးနု လွှာလေးတွေ ပုံမှန် အနေအထားကနေ အနည်းငယ်ရွေ့သွားရင် နာကျင်မှုတွေ ခံစားရပါတယ် ။

ကျောရိုး အဆစ်တွေ ပုံမှန် အနေအထားအတိုင်းပြန်ဖြစ်ဖို့ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကွေးပြီး အိပ်ပါ ။
အဲဒီအခါ ကျောရိုး အဆစ်တွေနဲ့ အာရုံကြောပေါ် သက်ရောက်နေတဲ့ ဖိအားတွေ လျော့သွားပါတယ် ။

နှစ်ပေါင်းများစွာ အိပ်စက်လာတဲ့ ပုံစံကို ပြောင်းအိပ်ဖို့ဆိုတာ မလွယ်ပါဘူး ။

ခါးနာတာ မသက်သာရင် နောက်ထပ် အိပ်စက်နည်း ပုံစံတွေ ရှိပါတယ် ။

ပုံ ၄ ပုံထဲက ကိုယ်နဲ့အဆင်ပြေမယ့် အိပ်စက်နည်းပုံစံ နှစ်မျိုးကို ရွေးပြီး အိပ်ရင် ခါးနာ သက်သာ လာနိုင်ပါတယ် ။

🔻🔻
.

29/07/2022

Copy...

ဆေးသက်တမ်း Expiry date နှင့် အာနိသင်

ကျွန်မက ဗဟုသုတတွေ ဝေမျှပေးနေခြင်းသာ ဖြစ်ပါတယ် ၊၊ သိသွားပြီဆိုရင် မိမိသဘောအတိုင်း အဆင်ပြေသလို လုပ်နိုင်ပါတယ် ၊၊
ဆေးတွေ ထုတ်တဲ့အခါ ဆေးသက်တမ်းထည့်ရမယ်ဆိုပြီး ၁၉၇၉ ခုနစ် က ပြဌာန်းလိုက်ပါတယ် ၊၊ သက်တမ်းကို ပြထားခြင်းအားဖြင့် ဆေးအာနိသင် အပြည့်အဝဟာ ဒီသက်တမ်းအတွင်းမှာ ရှိတယ်ဆိုတဲ့ အာမခံချက်တစ်ရပ်သာ ဖြစ်ပါတယ် ၊၊ သက်တမ်းကျော်သွားရင် အာနိသင် နည်းနည်းလျော့နိုင်တယ် ၊ ဥပဒ်တော့ မရှိဘူးဆိုတာ သိစေချင်လိုပါ ၊၊ အထူးသဖြင့် အေးတဲ့နေရာမှာ ( ရေခံသေတ္တာ ) အဖုံးလုံလုံနဲ့ သိမ်းထားမယ်ဆိုရင် ပိုပြီးအာနိသင်ကျန်တယ်ဆိုတာ နားလည်ရပါမယ် ၊၊ အထူးသဖြင့် အဆီပါတဲ့ ဆေးတွေဆိုရင် ရေခဲသေတ္တာထဲမှာ ထားပါ ၊၊ Oxidized ဖြစ်သွားတတ်လို့ပါ ၊၊
ဆေးဘူးပေါ်မှာ ထုနှိပ်ထားတဲ့ ဆေးရဲ့သက်တမ်း Expiry date ရဲ့ အဓိပ္ပါယ်ကို သိထားသင့်ပါတယ် ၊၊ ဒီရက်အတွင်းမှာသောက်ရင် ဆေးရဲ့အာနိသင် အပြည့်အဝရနိုင်တယ် ဆိုတာ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အာမခံချက်သာဖြစ်ပါတယ် ၊၊ ရက်စွဲကျော်လွန်သွားတဲ့ဆေးတွေသောက်ရင် ဥပဒ်ရှိတယ် ဆိုတဲ့ အဓီပ္ပါယ် မသက်ရောက်ပါ ၊ ဟုတ်လည်းမဟုတ်ပါ ၊၊
သုတေသန အရဆိုရင် ဆေးတွေဟာ ဆေးသက်တမ်းကုန်ပြီး ၁၅ နှစ် ကြာသွားတာတောင် ဥပဒ် မရှိဘဲ သုံးနိုင်ပါတယ်တဲ့ ၊ အာနိသင်တာ အနည်းငယ် လျော့သွားချင် လျော့သွားနိုင်ပါတယ်တဲ့ ၊ အာနိသင်လုံးဝ မရှိတော့တာမဟုတ်ပါ ၊၊ ဆေးပညာရှင်တွေ ပြောပုံအရ သက်တမ်းလွန်ဆေးတွေ သောက်ရင် ဥပဒ်မရှိနိုင်ပါ
ဒါဆိုရင် ဆေးထုတ်တဲ့ ကုမ္ပဏီတွေရဲ့ လှည့်စားချက်တစ်မျိုးလို့ ယူဆချင်ရင်လည်း ယူဆနိုင်ပါတယ်လို့ ပြောပါတယ် ၊၊ ( ကျွန်မ ပြောတာ မဟုတ်ပါ ) ဘာသာပြန်ပေးနေခြင်းသာ ဖြစ်ပါတယ် ၊၊
နောက်အမြင်တစ်မျိုးနဲ့ ကြည့်နိုင်တာကတော့ ဆေးရဲ့အာနိသင်အပြည့်အဝကို အာမခံထားတဲ့ ရက်စွဲ အနေနဲ့ကြည့်လို့ရပါတယ် ၊၊ နားလည်စေချင်တာက ဆေးဘူးကိုကြည့်ပြီး သက်တမ်းကုန်လွန်သွားပြီ ဆိုပြိး လွှင့်မပစ်လိုက်ပါနဲ့ ၊ ဆေးဘူးတွေက ဝယ်ရတာလည်း စျေးအလွန်ကြီးလာနေပါတယ် ၊၊ ဥပဒ် မဖြစ်ဘူးဆိုတဲ့အချက်ကို နားလည်စေချင်ပါတယ် ၊၊ ဥပဒ်မဖြစ်ဘူးဆိုတဲ့ အချက်ကို နားလည်စေချင်ပါတယ် ၊၊
တလောက Facebook မှာ သက်တမ်းကုန်တဲ့ ဆေးတွေ လှူလို့ဆိုပြိး ဝိုင်းပြီး အပြစ်ပြောတာကို ဖတ်မိလိုက်လို့ပါ ၊၊ လုံးဝ သောက်စရာမရှိတာထက် စာရင် အများကြီး အထောက်ကူ ပြုပါတယ်ရှင် ၊၊
ဖေါ်ပြပါ အချက်ကို နားလည်သွားပြီဆိုရင် သက်တမ်းကုန်ဆေးဝါးလှူတဲ့လူကို ဝိုင်းပြီး အပြစ်တင် ဆဲဆိုခြင်း မလုပ်ကြစေချင်ပါ ၊၊
ပြန်လည်ဝေမျှခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ ၊၊

Dr Daw. Khin New Win
To A Better Health

"အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း"ဒီရက်ပိုင်းမှာ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတွေ ကလေးတွေမှာအဖြစ်များန...
18/07/2022

"အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း"

ဒီရက်ပိုင်းမှာ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတွေ ကလေးတွေမှာအဖြစ်များနေကြပါတယ်။ ကလေးတွေဖျားရင် တင်ပါးကိုဆေးမထိုးရဘူးဆိုတာ အချို့မိဘတွေသိကြတယ်၊ အချို့မသိဘူး၊ အဲ အချို့ကကျတော့သိပေမယ့် ပညာရပ်နဲ့မကိုက်ညီစွာဆေးထိုးနေတဲ့သူကိုပြန်မပြောရဲလို့မပြောလိုက်ကြရတာတွေရှိပါတယ်။

လွန်ခဲ့တဲ့ရက်က ဆရာညောင်တုန်းပြန်တော့ မိတ်ဆွေဆရာဝန်တွေက ဆရာ့ကို အခုနယ်မှာ ဒီနှစ်သွေးလွန်တုပ်ကွေး တအားပေါလာတဲ့အကြောင်း၊ ဆေးရုံပေါ်မှာလည်း သွေးလွန်တုပ်ကွေးကလေးလူနာ အတော်များများရောက်လာတဲ့အကြောင်း သွေးလွန်တုပ်ကွေးနဲ့ သွေးဥမွှားကျနေတဲ့ကလေး ( သွေးယိုစီးမှုဖြစ်နိုင်ခြေများနေတဲ့ကလေး) ကို တင်ပါးဆေးထိုးလွှတ်သူတွေကြောင့် သွေးလုံးတည်မှာစိုးရိမ်နေရတဲ့အကြောင်းပြောပြရင်း ကလေးတွေတင်ပါးကိုဆေးထိုးခြင်းရဲ့ နောက်ဆက်တွဲအန္တရာယ်တွေအကြောင်းကို ပြန်ရေးဖို့တိုက်တွန်းတဲ့အတွက် ဒီအကြောင်းကိုပြန်ဝေမျှပါတယ်။ ပြန်ရေးဖြစ်အောင်ကူညီတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

"ဘာကြောင့်မထိုးစေချင်တာလဲ"

ကလေးငယ်များဟာ လူကြီးများထက်ကိုယ်ခံအားနည်းကြတဲ့အတွက် ရာသီအကူးအပြောင်းကာလတွေမှာ ဖျားနာခြင်းဖြစ်လွယ်ပါတယ်။ ဒီအခါမှာ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသပြီးကုသတဲ့အခါ ရေပတ်တိုက်ခြင်း၊ သောက်ဆေး၊ ဂြိုလ်တုတောင့် အစရှိသည်တို့နဲ့သက်သာအောင်ကုသပြီးပျောက်ကင်းသွားတဲ့ ကလေးငယ်တွေရှိသလိုပဲ အချို့သော ကျန်းမာရေးကုသသူတွေဟာ ကလေးငယ်ကိုဆေးထိုးပြီးကုသတတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တစ်ဘဝစာအတွက် အလွန်အန္တရာယ်များတဲ့ကုသနည်းဖြစ်ပါတယ်။

အသက် ၁၃နှစ်အောက်အရွယ်များကို ကလေးဘဝလို့သတ်မှတ်ပြီး ၁၃နှစ်ကျော်ရင်တော့ ဆယ်ကျော်သက်ထဲကို ကူးပြောင်းဝင်လာပြီလို့အကြမ်းဖျင်းသတ်မှတ်ပါတယ်။ ကလေးငယ်များဟာ ဖျားနာပြီဆိုရင် လူကြီးများကိုတိုက်တဲ့ ဒိုင်ကလိုဖင်းနက် (Diclofenac)၊ မီဖန်းနမစ်အက်စစ်(Mefenamic Acid)၊ အက်စပရင်(Aspirin)တို့လို အကိုက်အခဲနဲ့ဖျားပျောက်ဆေးများကိုပေးလို့မရပါဘူး။ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန် ( Paracetamol, Ibuprofen)လိုမျိုး အဖျားကျဆေးများကိုသာ စိတ်ချလက်ချပေးလို့ရပါတယ်။ ဒီအတွက် တင်ပါးထိုးဆေးများဖြစ်တဲ့ ဒိုင်ကလိုဖင်းနက်ပါဝင်တဲ့ အဖျားကျဆေးကိုထိုးတာဟာ စနစ်မကျတဲ့အပြင် အန္တရာယ်ရှိစေသော ကုထုံးတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့တင်ပါးဟာသေးငယ်ပြီး လူကြီးတင်ပါးလို အသွေးအသား၊ အာရုံကြောများရဲ့နေရာကို အတိအကျမှန်းဆရခက်ခဲပါတယ်။ ဒါ့ကြောင့် တင်ပါးကိုအသားဆေးထိုးတဲ့အခါ အခန့်မသင့်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းအာရုံကြောမကြီးအပေါ်ကိုထိုးမိတဲ့အခါ ခြေထောက်ထုံကျင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်း ဒီ့ထက်ဆိုးလာတဲ့အခါ ခြေထောက်တစ်ဖက်သိမ်သွားခြင်း၊ နာကျင်ခြင်းကိုတစ်သက်တာခံစားရခြင်း၊ ခြေတစ်ဖက်မသန်မစွမ်းဖြစ်သွားခြင်းတို့ကို ခံစားရပြီး တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အသက်ရှင်သွားရနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ကလေးများကိုတတ်နိုင်သမျှ တင်ပါးဆေးမထိုးဖို့တားမြစ်ထားပြီး ကလေးများကို တင်ပါးဆေး လုံးဝ(လုံးဝ) မထိုးရန် ပြဌာန်းထားပါတယ်။

ရေပတ်တိုက်ခြင်း၊ ဆေးတိုက်ခြင်းနှင့် ဂြိုလ်တုတောင့်ထည့်ခြင်းတို့ဟာ အချိုးအစားမှန်ကန်မယ်ဆိုရင် ကလေးငယ်အတွက် စိတ်ချရပြီးအဖျားလည်းသက်သာစေပါတယ်။

ကလေးအထူးကုနဲ့ပြဖူးတဲ့မိဘတိုင်း သတိထားမိမယ်ထင်ပါတယ်။ ဘယ်ကလေးအထူးကု ကမှ တင်ပါးကိုဆေးမထိုးတာကို သတိထားမိကြမှာပါ။

တစ်ခုပြောလိုတာကတော့ ပေါင် နဲ့ လက်မောင်းကို ထိုးရတဲ့ ကာကွယ်ဆေးတွေကိုတော့ စိတ်ချလက်ချထိုးနှံနိုင်သလို ထိုးကိုထိုးသင့်ပါတယ်။ ဒါကို တင်ပါးဆေးထိုးခြင်းနဲ့ မရောစေချင်ပါဘူး။ တင်ပါးဆေးထိုးခြင်းကတော့ ကလေးဆရာဝန်များပင် ဆေးထိုးဖို့တားမြစ်ထားပြီး အန္တရာယ်အလွန်ကြီးတဲ့အတွက် ကလေးငယ်ကိုဆေးထိုးဖို့ပြောလာရင်တောင် မိဘများအနေနဲ့ ကလေးရဲ့ရှေ့ရေးကို စဉ်းစားပြီး လုံးဝငြင်းဆန်ပစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီအကြောင်းအရာကိုလည်း အခြားအခြားသော ကလေးမိဘများသိရှိအောင် ဝေမျှပေးခြင်းအားဖြင့် ကူညီပေးကြပါလို့ စာဖတ်သူများကို တိုက်တွန်းအပ်ပါတယ်
မေတ္တာဖြင့်
စိုင်းမြတ်သူ

14/07/2022

ထိုင်းနိုင်ငံ ချူလာလောင်ကောင်
ဆေးရုံမှ ထုတ်ပြန်သည့် နောက်ဆုံးပေါ်

အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ
+++++++++++++++++++++++++++++++

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက် မြိုချရာတွင်
အခက်အခဲရှိသည် ခေါင်းအနည်းငယ်ကိုက်မည်။
၄။ Light Belly အစာအိမ်လေထမည်
အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည် ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

( ၅ ရက်မြောက်တွင် ပြန်ကောင်းသွားနိုင် )

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့်ချောင်းခြောက် ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း
လည်ချောင်း နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီးမောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှုရန်အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး
သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး
ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိ
ရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့်
ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်း
တစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက်
အပြင်းအထန်ကြိုးစား လာရမည်။
ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး
ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

Credit

အဖျားအမြန်ကျစေမယ့် နည်းလမ်းကောင်းများဖျားတဲ့အခါ နေလို့မကောင်းတာကြောင့် လူတိုင်းက အဖျားအမြန်ကျချင်ကြပါတယ်၊ အနည်းဆုံးတော့ ...
24/05/2022

အဖျားအမြန်ကျစေမယ့် နည်းလမ်းကောင်းများ

ဖျားတဲ့အခါ နေလို့မကောင်းတာကြောင့် လူတိုင်းက အဖျားအမြန်ကျချင်ကြပါတယ်၊ အနည်းဆုံးတော့ ပူနေတာ သက်သာသွားရင် လူက နေလို့ကောင်းပြီး လန်းလာပါတယ်၊၊
အန္တရာယ်လည်း ကင်းပြီး အဖျားအမြန်ကျစေမယ့် နည်းလမ်းတွေကတော့
• · အဖျားကျဆေးသောက်ပါ၊၊
ပါရာစီတမောပါဝင်တဲ့ အဖျားပျောက်ဆေးတွေဟာ လူတော်တော်များများအတွက် အဆင်ပြေပါတယ်၊၊ ၆-၈နာရီခြား ဆေးပတ်လည်အောင် သောက်ပါ၊၊
• · ရေများများသောက်ပါ၊၊
ဖျားနေတဲ့အချိန်ဆို သာမန်ထက် ရေဓာတ်ဆုံးရှုံးတာကြောင့် အရင်ထက် ပိုသောက်ဖို့ လိုပါတယ်၊၊ ရိုးရိုးရေ၊ ဓာတ်ဆားရည်၊ ကြက်ပေါင်းရည်၊ အုန်းရည် စတာာတွေ သောက်နိုင်ပါတယ်၊၊
• · ရေချိုးပါ၊၊
အေးလွန်း၊ ပူလွန်းတဲ့ရေကို ရှောင်ပြီး ကိုယ်ခံနိုင်တဲ့ အပူချိန်ရှိတဲ့ ရေနဲ့ ချိုးနိုင်ပါတယ်၊၊ ဖျားနေတဲ့အချိန်ရေချိုးတာက အဖျားကျပြီး လူကို လန်းစေပါတယ်၊၊
• · ရေပတ်ဝတ်တင်ပါ၊၊
ဖျားနေရင် နဖူးမှာ ရေပတ်ဝတ်ကပ်တာက အပူချိန်ကို ထိထိရောက်ရောက် မချနိုင်ပါဘူး၊၊ အဲ့ဒီအစား သွေးကြောကြီးတွေရှိတဲ့ ချိုင်းကြားနဲ့ ပေါင်ကြားမှာ ရေပတ်ဝတ်ကပ်ဖို့ သင့်ပါတယ်၊၊



မိခင်များအတွက် သိကောင်းစရာ (၂)"မွေးပြီးမိခင် နှင့် ဟင်းခါးရည်"✅ မိခင်များမှာ မိရိုးဖလာအရ နို့ရည်ထွက်ကောင်းစေရန်အတွက် ဟင်...
20/05/2022

မိခင်များအတွက် သိကောင်းစရာ (၂)

"မွေးပြီးမိခင် နှင့် ဟင်းခါးရည်"

✅ မိခင်များမှာ မိရိုးဖလာအရ နို့ရည်ထွက်ကောင်းစေရန်အတွက် ဟင်းခါးရည်ကို မွေးဖွားပြီးချိန်တွင်များစွာသောက်လေ့ရှိကြသည်။

✅ နို့ရည်ထွက်ကောင်းစေရန် အဓိကလိုအပ်သောပစ္စည်းမှာ ရေဓါတ်ဖြစ်ပါတယ်။ (မိခင်နို့ရည်တွင် ရေဓါတ် ၉၀% ကျော်ပါဝင်ပါတယ်)

✅ ဟင်းခါးရည်သောက်ခြင်းမှာ သွယ်ဝှိုက်သောနည်းဖြင့် ရေများများသောက်စေချင်၍ ဖြစ်ပါတယ်။ (ဟင်းခါးရည်မှာ ပူသော၊ စပ်သော၊ ငံသောကြောင့် ရေများများသောက်ဖြစ်သောကြောင့် ဖြစ်ပါတယ်)

✅ သို့သော် ထိုဟင်းခါးရည်၏ဆိုးကျိုးမှာ သွေးတိုးစေသဖြင့် မွေးပြီး သွေးတိုးခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။

✅ ထို့ကြောင့် နို့ရည်ထွက်များစေရန် ဟင်းခါးရည်သောက်သုံးခြင်းမှရနိုင်သည် မဟုတ်ပါ။ ရေဓါတ်ကြွယ်ဝပြီး အန္တရာယ်ကင်းသော စွပ်ပြုတ်ရည်၊ နို့ထွက်ပစ္စည်းအရည်များ၊ အသီးဖျော်ရည်များ၊ အဟာရဖြည့်စွက်အရည်များနှင့် ရိုးရိုးရေတို့ကို များများသောက်သုံးခြင်းဖြင့် နို့ရည်ထွက်များစေပါမည်။

🔆 ဒေါက်တာ ရွှေကျော်
(သားဖွားမီးယပ်အထူးကုဆရာဝန်)

ကိုယ်ဝန်ဆောင်မိခင်နှင့် Baby လေးတို့ရဲ့ အားထားရာ ရင်သွေးကျန်းမာရေး Call Center

တားဆေးသုံးပါများရင် ကလေးရဖို့ ခက်နိုင်သလား?အမျိုးသမီးတွေကို တားဆေး မသုံးနဲ့၊၊ တားဆေး ကြာကြာသုံးရင် ကလေးမရဘဲ နေလိမ့်မယ်ဆိ...
09/05/2022

တားဆေးသုံးပါများရင် ကလေးရဖို့ ခက်နိုင်သလား?

အမျိုးသမီးတွေကို တားဆေး မသုံးနဲ့၊၊ တားဆေး ကြာကြာသုံးရင် ကလေးမရဘဲ နေလိမ့်မယ်ဆိုပြီး ပတ်ဝန်းကျင်က ပြောလေ့ရှိပါတယ်၊၊ ဒီလိုစကားတွေ ဖြစ်လာရတာ သုံးလခံဆေးတွေ ထိုးပြီး ကလေးရဖို့ ကြာတာကြောင့်ပါ၊၊

၃လခံဆေးက ဆေးရပ်လိုက်ရင် ကလေးရဖို့ အချိန်ယူရပါတယ်၊၊ တချို့ဆို ၁-၂နှစ်လောက် ကြာတတ်ပါတယ်၊၊ ဒါကြောင့် တားဆေးတွေက ကလေးရဖို့ ခက်တယ်လို့ ထင်ကြတာပါ၊၊

တားဆေး အမျိုးအစားတွေ အားလုံးက ကိုယ်ဝန်ကိုပဲ တားပေးပြီး ကလေးရနိုင်စွမ်းကို မထိခိုက်စေပါဘူး၊၊ ကြာကြာသုံးလည်း ဒီတိုင်းပဲ ဖြစ်ပါတယ်၊၊

တားဆေး သုံးပေမယ့် ရပ်လိုက်ရင် ပုံမှန်အတိုင်းပဲ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးလို့ရပါတယ်၊၊ တားဆေးတွေက ကြာကြာသုံးလည်း ကလေးရနိုင်ခြေကို မထိခိုက်စေပါဘူး၊၊

ဒါပေမယ့် တားဆေးရပ်ပြီး ၁နှစ်လောက် စောင့်တယ်၊၊ ပုံမှန်လည်း အတူနေပါလျက်နဲ့ ကိုယ်ဝန်မရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ၊၊ တခြားအကြောင်းရင်းတစ်ခုခု ရှိနေနိုင်ပါတယ်၊၊

Crd..healtppy

မေး- ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ နာနတ်သီး စားရင် သားလျှောတယ်ဆိုတာ ဟုတ်ပါသလား။ဖြေ- မဟုတ်ပါ။ နာနတ်သီးမှာ ပါတဲ့ bromelain လ...
29/04/2022

မေး- ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ နာနတ်သီး စားရင် သားလျှောတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ- မဟုတ်ပါ။ နာနတ်သီးမှာ ပါတဲ့ bromelain လို့ခေါ်တဲ့ enzyme ကြောင့် လို့ ဆိုကြပေမယ့် ဒီ enzyme က တခြားသော ရောဂါတွေ ကုသတဲ့ နေရာမှာ အသုံးဝင်ပြန်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်အတွင်း bromelain enzyme ပါတဲ့ ဆေး သောက်လို့ မရပေမယ့် နာနတ်သီး မှာ ပါတဲ့ bromelain ပမာဏ ကတော့ တနေ့ ၅-၆ လုံး လောက်စားမှသာ အန္တရာယ် ဖြစ်စေလို့ ပုံမှန် ကိုယ်ဝန်ဆောင် ချိန်အတွင်း နာနတ်သီးစားတာ ပြဿနာ မရှိပါဘူး။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

🤔🤰အချင်းရှေ့ရောက်နေရင် ဘာဖြစ်နိုင်သလဲ❓===================================➡️ အချင်းရှေ့ရောက်နေရင် အချင်းကသားအိမ်ခေါင်းအပေ...
28/04/2022

🤔🤰အချင်းရှေ့ရောက်နေရင် ဘာဖြစ်နိုင်သလဲ❓
===================================
➡️ အချင်းရှေ့ရောက်နေရင် အချင်းကသားအိမ်ခေါင်းအပေါက်ကို ကွယ်ထားတာမျိုးဖြစ်နိုင်ပါတယ် ။ အချင်းရှေ့ရောက်ခြင်း အမျိုးအစား 3 မျိုး ရှိပါတယ်။ ဒါတွေကတော့ -

1️⃣ အပြည့်အဝ အချင်းရှေ့ရောက်ခြင်း
သားအိမ်အတွင်းပိုင်းအဝဟာ အချင်းဖြင့် လုံးဝပိတ်နေတာ ဖြစ်ပါတယ်။

2️⃣ တစ်စိတ်တစ်ဒေသ အချင်းရှေ့ရောက်ခြင်း
သားအိမ်အတွင်းပိုင်းအဝဟာ အချင်းဖြင့် တစ်စိတ်တစ်ပိုင်းမျှသာပိတ်နေတာဖြစ်ပါတယ်။

3️⃣ အနားသတ် အချင်းရှေ့ရောက်ခြင်း
အချင်းဟာသားအိမ်အတွင်းပိုင်းအဝရဲ့ အနားသတ်ပိုင်းနားသို့ ရောက်နေခြင်း ဖြစ်ပါတယ်။

➡️ အချင်းရှေ့ရောက်တာဟာ အောက်ပါမိခင်တွေမှာအဖြစ်များပါတယ်။
● အရင်က ကလေး ၄ ယောက်နှင့်အထက် မွေးဖူးခြင်း
● အရင်ကိုယ်ဝန်တုန်းကလည်း အချင်းရှေ့ရောက်တာ၊ ခွဲမွေးတာ၊ သားအိမ်ခွဲစိတ်တာမျိုးရှိခြင်း
● အမြွှာကိုယ်ဝန်လွယ်ထားခြင်း
● မိခင်အသက် ၃၅ နှစ်နှင့်အထက်ဖြစ်ခြင်း
● သားအိမ်အသားလုံးရှိခြင်း
● ဆေးလိပ်သောက်သူမိခင်ဖြစ်ခြင်း

➡️ အချင်းရှေ့ရောက်နေရင် ကိုယ်ဝန်ဆောင်ကာလ ပထမ 3 လပတ်နှင့် ဒုတိယ 3 လပတ်များတွင် ရံဖန်ရံခါ သွေးဆင်းခြင်းများကို ကြုံတွေ့ရနိုင်ပါတယ်။ သွေးအရောင်ကတော့ အနီရောင်တောက်တောက်ဖြစ်ပြီး ချက်ချင်းဆိုသလို ပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာတော့ တစ်ဖန် ပြန်ပြီးသွေးဆင်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ တတိယသုံးလပတ် ရောက်တဲ့အချိန်မှာတော့ ရုတ်တရက် သွေးအများကြီး ဆင်းလာနိုင်ပါတယ်။

➡️ တခြားဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -
● သွေးထောက်ပံ့မှု မလုံလောက်တာကြောင့် သန္ဓေသားကြီးထွားနှုန်း နှေးကွေးခြင်း
● သန္ဓေသားလောင်း၌ သွေးအားနည်းခြင်း
● အောက်စီဂျင်ရောက်တာ နည်းတာကြောင့် အသက်ရှူမဝခြင်း
● သွေးထွက်လွန်ပါက မိခင်တွင် အသက်အန္တရာယ်စိုးရိမ်ရခြင်း
● သွေးခဲဖြစ်ပေါ်ခြင်းနှင့် ရောဂါပိုးဝင်ခြင်း
● သွေးသွင်းရန် လိုအပ်ခြင်း တို့ဖြစ်ပါတယ် ။

Credit - Dr.Myanmar

 #နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ် #အာတွေလျာတွေ_လေးလာတယ် #ကိုယ်တွေအရမ်းပူတယ် #သွေးပေါင်လည်း_အရမ်းတက်နေတယ် #အပူရှပ်တယ်_ဆို...
27/04/2022

#နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ်
#အာတွေလျာတွေ_လေးလာတယ်
#ကိုယ်တွေအရမ်းပူတယ်
#သွေးပေါင်လည်း_အရမ်းတက်နေတယ်

#အပူရှပ်တယ်_ဆိုတာ

☀️ ပြင်းထန်တဲ့ အပူရှပ်ခြင်း (Heatstroke) ဆိုတာ ဘာလဲ❓

✅ အပူရှပ်တယ်ဆိုတာ ပူလွန်းတဲ့ ပါတ်ဝန်းကျင်မှာ ကြာရှည် ထိတွေ့လိုက်မိလို့ ကိုယ်ခန္ဓာ အပူချိန်ပါ အလွန်အကျွံ လိုက်တက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။

🔥 ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်ရင်တော့ Heatstroke ခေါ်တဲ့ အပူရှပ်တာ ဖြစ်ပါပြီ။

‼️ အပူရှပ်တာ အသက်အန္တရာယ်ရှိတာမို့ အရေးပေါ် ကုသမှု ပေးဖို့လိုပါတယ်။

⚠️ အရေးပေါ် ကုသမှု မပေးနိုင်ရင်တော့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ ကြွက်သား တွေကို လျှင်လျှင် မြန်မြန် ရောင်ရမ်း ပျက်စီး စေပါလိမ့်မယ်။

💢 ထိရောက်တဲ့ ကုသမှု ယူဖို့ ကြာလေလေ ထိခိုက်ပျက်စီးတာ ဆိုးလေလေပါပဲ။ သေဆုံးခြင်း အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံနိုင်ခြေ များလာပါတယ်။
x x x x x x x

☀️ အပူရှပ် တာရဲ့ လက္ခဏာတွေက ဘာတွေလဲ❓

💥 အဓိက ကတော့ 💥
👉 ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်တာပါပဲ။ 💥 💥

📣နောက်ထပ် လက္ခဏာတွေ ကတော့ 📣
☑️ စိတ်မူမမှန်ရင် (စိတ်နောက်ခြင်း၊ ကနာမငြိမ်ခြင်း၊ စကားသံလေးလာခြင်း၊ ဂျီကျခြင်း၊ စိတ်ကရောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း)
☑️ ပျို့ တာ၊ အန်တာ ဖြစ်ရင်
☑️ အရေပြား ရှိန်းတိန်းဖိန်းတိန်း ဖြစ်ရင်
☑️ အသက်ရှူ နှုန်း သိသိသာသာ မြန်လာရင်
☑️ နှလုံးခုန်နှုန်း သိသိသာသာ မြန်လာလို့ ရင်တုန်သလို ခံစားလာရရင်
☑️ ခေါင်းထိုးပြီး ကိုက်လာရင် အပူရှပ်တာ ဖြစ်နိုင်ပါတယ်။
x x x x x x x

☀️ အပူရှပ်တာရဲ့ အကြောင်းရင်းခံက ဘာလဲ❓

🔥 ပူပြင်းတဲ့ အခြေအနေမှာ 🔥🔥
👉 ပြင်းထန်တဲ့ အလုပ်၊ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာ၊
👉 အရက်သောက်တာ
👉 ရာသီနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားတွေ ဝတ်တာ
👉 ရေ လုံလောက်အောင် မသောက်တာ တွေက အပူရှပ်တာ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။
x x x x x x x

#အပူဒါဏ်ကို_ဘယ်လို_ကာကွယ်နိုင်မလဲ 👇👇👇
https://www.facebook.com/102135465699139/posts/130737149505637/
x x x x x x x

အပူရှပ်တဲ့သူကို ဘယ်လို ရှေးဦးပြုစုပေးရမလဲ❓

‼️ အပူရှပ်တာ အရေးပေါ် အခြေအနေ ဖြစ်ပါတယ်။ ဆိုလိုတာ "အချိန်မှီ" "စနစ်တကျ" မကုသရင် သေနိုင်ပါတယ်။ ‼️

💥 အဲ့ဒီတော့ ကုသမှု မရခင် စပ်ကြား ရှေးဦးပြုစုပေးနိုင်ဖို့ အရေးကြီးပါတယ်။

(၁) လူနာကို အေးပြီး အရိပ်ရတဲ့ တနေရာရာကို ရွေ့ပါ
(၂) ခြေထောက်ကို အနည်းငယ် မြှင့်ပေးပြီး လဲလျောင်းတဲ့ အနေအထားမှာ ထားပေးပါ
(၃) ရေအေးစိမ်၊ ရေဖျန်း၊ ရေခဲဝတ် တိုက်ပေး၊ ကပ်ပေးတာ တွေ လုပ်ပေးပါ၊ အထူးသဖြင့် လည်ပင်း၊ ချိုင်းကြား နဲ့ ပေါင်ခြံ လို နေရာတွေ မှာ ကပ်ပေး တိုက်ပေးပါ။
(၄) အဲကွန်းခန်းထဲ ရွေ့တာ၊ ပန်ကာ နဲ့ မှုတ်ပေးတာလည်း လုပ်ပေးနိုင်ပါတယ်
(၅) ပါးစပ်ကဝင်မယ် သတိလစ်မနေဘူး ဆိုရင် ရေအေးလေး တိုက်ပေးနိုင်ပါတယ်
(၆) ဒါတွေ လုပ်လို့မှ လူနာ အခြေအနေ မကောင်းဘူး (ကိုယ်ပူမကျ၊ သတိလစ်၊ တက်တာ တွေ ဖြစ်လာမယ်) ဆိုရင်တော့ အရေးပေါ်ကုသမှု ဋ္ဌာနရှိတဲ့ ဆေးရုံကို နောက်မကျစေဘဲ အမြန်ဆုံးသွားဖို့သာ တိုက်တွန်း လိုက်ပါတယ်။

x x x x x

ဒေါက်တာလင်း
M.B., B.S. | D.T.M.&H. | M.C.T.M. (Thailand)
(Specialization in tropical medicine and infectious diseases)

#အပူရှပ် #ရှေးဦးပြုစု

Address

Nay Pyi Taw
Lewe

Website

Alerts

Be the first to know and let us send you an email when La Won Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram