Golden Lion Health Care

Golden Lion Health Care ကျန်းမာပြီးအသက်ရှည်စေမယ့်နည်းလမ်းလေးတွေ သိချင်ရင် Page ကို Like & Follow လုပ်ထားနော်..

🔴 အိမ်တိုင်းမရှိမဖြစ် ဆောင်ထားသင့်ပါသည် 🔴ခုချိန် ရပ်ကွက်အလိုက် လမ်းအလိုက် အိမ်အလိုက်အရေးပေါ်ဆေးပစ္စည်းတွေ ဆောင်ထားသင့်ပါ...
15/03/2021

🔴 အိမ်တိုင်းမရှိမဖြစ် ဆောင်ထားသင့်ပါသည် 🔴

ခုချိန် ရပ်ကွက်အလိုက် လမ်းအလိုက် အိမ်အလိုက်

အရေးပေါ်ဆေးပစ္စည်းတွေ ဆောင်ထားသင့်ပါပြီ...

ဒဏ်ရာရလူနာ ကိုယ့်အနီးအနားရှိခဲ့ရင် ကူညီပေးလို့ရအောင်ပါ...

တချို့လူနာတွေ အပြင်မထွက်ရဲတော့လို့ အိမ်ထဲပဲ ပုန်းနေရသေးရင်လဲ အသုံးဝင်ပါတယ်...
ကျည်ဒဏ်ရာကို ဘယ်လို အရေးပေါ်ပြုစုလို့ ရတာကိုလည်း အကြမ်းဖျဉ်း ရေးထားပါတယ်...

လိုတာရှိ ထပ်ဖြည့်ပေးကြပါ..

ဝယ်ထား/ဆောင်ထားသင့်တာတွေက

▪️ Sterile Gauze (ပိုးသန့်ပတ်တီးစအဖတ်)
(အခု၁၀၀/၅၀၀ပါတာတွေ လာတယ်) ၂ထုပ်

▪️ 4” bandage (ပတ်တီး) ၂ထုပ်

▪️ 2” bandage ၂ထုပ်

▪️ 1” Paper tape ၁ဗူး

▪️ Septidine 1 box

▪️ Hansaplast ၁ထုပ်

▪️ E-glove (လက်အိတ်)medium size ၁ဗူး

▪️ Permanent pen 1ချောင်း
(ဒဏ်ရာ/tourniquet time မှတ်ဖို့)

▪️ ကတ်ကြေး (အဝတ်အစား ညှပ်ထုတ်ပစ်ရန်)

▪️ ဓာတ်မီး

▪️ ရေခဲသေတ္တာတွေမှာ ရေခဲ လုပ်ထားသင့်
ရေသန့်ဗူးတွေ (အနာဆေးရန်)

သောက်ဆေးတွေက

▫️ Ampiclox (ပိုးသတ်ဆေး) ၁ဗူး

▫️ Aciclofenac/Ibuprofen (အကိုက်အခဲပျောက်ဆေး) ၁ဗူး

▫️ Omeprazole ၁ဗူး

▫️ ဓာတ်ဆားထုပ်

ဆေးထိုးတတ်တဲ့သူ ဖြစ်ရင်/ရှိရင်တော့

◼️ ATT မေးခိုင်ကာကွယ် ဆေး ထိုးဆေး
N/S 10လုံး +Drip set 10ခု

◼️ Cannula size စုံ လေးခုစီ

ဒဏ်ရာရတဲ့သူ တွေ့ရင်

1️⃣ သွေးတိတ်အောင် လုပ်ပါ..
အနာပေါ်ကနေ အဝတ်သန့်/sterile gauge နဲ့ အုပ်ပြီး
အပေါ်ကနေ လက်ဖနောင့်အားနဲ့ ဖိပါ..
ဖိတာကို မညှာပါနဲ့..
လိုအပ်ရင် ကျတော်တို့ဆို ဒူးနဲ့ပါ တက်ခွဖိ ပါတယ်.. သွေးတိတ်ရပ်ဖို့ အရေးကြီးပါတယ်...
၁၅မိနစ်ဆက်တိုက်လောက်ထိ နာနာဖိထားဖို့ လိုပါတယ်..
သွေးမထိန်းနိုင်သေးရင် tourniquet စည်းလို့ ရပါသေးတယ်..
အနာအထက် ၂လက်မ အကွာကနေ တင်းတင်းစည်းပေးရတာပါ..
စည်းမယ့် tourniquetက ၃လက်မလောက် အကျယ်ရှိမယ့် အဝတ်ဖြစ်ဖို့ လိုပါတယ်..
အရေးပေါ်ဆို အင်္ကျီနဲ့ စည်းတာ အကောင်းဆုံးပါ..
အဲဒါကိုမှ သွေးထပ်ထွက်နေသေးရင် ပထမစည်းထားတာရဲ့ အပေါ်ကနေမှ နောက်တစ်ခု ထပ်စည်းပါ..
Tourniquet စည်းရင် သတိထားဖို့က
-အရေပြားပေါ် တိုက်ရိုက်စည်းပါ.. (နာရီပေါ် ပစ္စည်းတခုခုပေါ်ကနေ ခံစည်းလို့ မရပါ)
-Joint အဆစ်ပေါ် စည်းလို့မရပါ..
-စစည်းတဲ့ အချိန်ကို လူနာအသားပေါ် ရေးမှတ်ထားပါ..
-ဆေးရုံမသွားနိုင်သေးရင် ၂နာရီ တစ်ခါ စစ်ပေးပါ..
ယောင်ကိုင်းလာတယ် ကြွက်သားတွေ နာပြီးတင်းလာရင် နည်းနည်းပြန်လျှော့ပေးပါ...
သွေးထပ်ထွက်လာရင် တင်းတင်းပြန်စည်းပါ
သွေးထွက်နည်းသွား/တိတ်သွားရင်
ရေနဲ့ အနာကို လောင်းချ ဆေးပြီး
sterile gauge ခံပြီး ပတ်တီးတင်းတင်းစည်းထားပေးပါ..
ခြေထောက် နဲ့ လက်ကို ထိရင်တော့ ခြေ/လက်ကို မြှောက်ပေးထားပါ..
ရင်ဘတ်နဲ့ ဝမ်းဗိုက်ထိရင်တော့ ခြေရင်းကို မြှောက်မပေးရပါ.. ***ပက်လက်အနေအထားပဲ လူနာကို ထားပါ

2️⃣ အသက်မရှူ/အသက်ရှူနှုန်းတအားနည်းရင် CPR ထုပါ...
လူနာကို ပက်လက်အနေအထား မေးမော့ထားပြီး
နို့သီးခေါင်းနှစ်ခု ဖြတ်မျဉ်းပေါ် ရင်ဘတ်အလယ်မှာ
လက်ထားပြီး ထုရတာပါ..
လက်ကို မကွေးရ တံတောင်ဆစ် တဖြောင့်ထဲ ထားပြီး ဖိရတာပါ..
လူနာပါးစပ်ထဲ လေမှုတ်သွင်းပေးတာ (mouth-to-mouth)ကတော့ လုပ်မနေပါနဲ့တော့..
တယောက်တလှည့်စီသာ ထုနေပေးပါ..

ဒီလောက်ကိုပဲ အရေးပေါ် ကုပေးထားရင် ရပါပြီ..
နောက်ပိုင်း တွေ့လာရတာက လူနာတွေက
အပြင်ထွက် မပြရဲဘဲ တညလုံး ပုန်းနေတာမျိုးတွေပါ ရှိလာတတ်လို့ပါ..
လူနာအခြေအနေကောင်းတယ် shockမရ သတိကောင်းတယ်ဆိုရင်တော့ အနာကို first aid လုပ်ထားပေးတာမျိုးလောက် လုပ်ပေးထားပြီး
ပိုးသတ်ဆေး+အကိုက်အခဲပျောက်ဆေး+အစာအိမ်ဆေး တွဲတိုက်ထားပေးပါ..
ဓာတ်ဆားရည် တိုက်ထားပေးပါ..
ရေခဲဝတ် အုပ်ပေးထားပေးပါ..
အနာကိုတော့ မစိုစေပါနဲ့....
နောက်ရက် ထွက်လို့ရတာနဲ့ နီးရာ ဆေးခန်းတခုခုမှာ ပြပေးပါ..

🙏🏻🙏🏻🙏🏻

Credit:

💁‍♀️ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, RE**RD, XL စသဖြင့် ရှိတာကို သတိထားမိပါသလား ?✅✅✅==============...
27/01/2021

💁‍♀️ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, RE**RD, XL စသဖြင့် ရှိတာကို သတိထားမိပါသလား ?✅✅✅
====================================

✔️လူအများစု ဆေးတွေကို ခြမ်းပြီး ချိုးပြီး သောက်တာမျိုး ရှိဖူးမှာပါ။ ကိုယ်က ၁၀၀မီလီဂရမ် သောက်နေကျ ပေမယ့် ဆေးက မရှိတဲ့အတွက် ၅၀ မီလီဂရမ် ၂ လုံး သောက်လိုက်တာမျိုး ၂၀၀ မီလီဂရမ်ကို တဝက်ခြမ်း သောက်လိုက်တာမျိုး လုပ်ဖူးကြမှာပါ။

✔️အဲ့ဒီအခါမှာ ယေဘုယျအားဖြင့်တော့ မှန်ကောင်းမှန်နိုင်ပေမယ့် အပေါ်မှာ ဆိုခဲ့တဲ့ MR, SR, OD, CR, Re**rd, XL စသည်တို့နဲ့ အဆုံးသတ်ထားတဲ့ ဆေးနာမည်တွေမှာ ပြဿနာရှိနိုင်ပါတယ်။ ဒီလိုအတိုကောက် MR, SR တွေကိုဆေးနာမည်မှာ ဘာလို့ ထည့်ထားရတာလဲဆိုတော့ တစ်ချို့ ဆေးတွေမှာ သောက်သောက်ပြီးချင်း အာနိသင်ပြပြီး ချက်ချင်း အာနိသင် ကုန်မသွားအောင် ဆေးရဲ့ အာနိသင် တစ်နေကုန်ရနေအောင် ဖေါ်စပ် ဖန်တီးထားပါတယ်။ သွေးကျဆေး ဆီးချိုဆေး စတာတွေမှာပေါ့။

👉MR SR စတာတွေရဲ့ အရှည်ကောက်ကတော့ Modified release, Slow release, substained release ပါတဲ့ ။ ဆိုလိုတာကတော့ ဆေးကို ချက်ချင်း အာနိသင် အကုန်မပြဘဲ တနေကုန် ဖြည်းဖြည်းချင်း ထွက်နေအောင် လုပ်ထားတာပါ။ တစ်နေကုန် အာနိသင် ပြနေအောင် ဒါမှမဟုတ် တရက် ၂ ကြိမ် ၃ ကြိမ် သောက်နေစရာမလိုပဲ တစ်ကြိမ်ထဲနဲ့ အဆင်ပြေအောင် ဆေးကို စတင် ထုတ်လုပ်ကတည်းက တစ်ချို့ဆေးတွေကို ဓာတုဗေဒပစ္စည်း ပေါင်းထည့်ထားတာမျိုး coat လုပ်ထားပြီး အလွှာအုပ်ထားတာမျိုး ဖန်တီးထားလေ့ ရှိပါတယ်တဲ့။

👉ဆေးကိုချိုးပြီး သောက်လိုက်တာမျိုး ၁၀၀ အား မရှိလို့ ၅၀ အား ၂ လုံး သောက်လိုက်တာမျိုးမှာ ဖြေးဖြေး စိမ့်ထွက်လာရမယ့် အာနိသင်တွေဟာ အချိုးအစား မှန်မှန်ကန်ကန် မရပဲ ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်။

👉ဒါကြောင့်မို့ မိမိသောက်နေကျ ဆေးတွေရဲ့ အနောက်မှာ MR, SR, OD, Re**rd, XL စသဖြင့်ပါ မပါ ကြည့်ပီး ပါနေခဲ့ရင် ခါတိုင်း သောက်နေကျ ပုံစံ အတိုင်းသာ သောက်ပြီး တစ်ဝက်ခြမ်းသောက်တာမျိုး ၂ လုံးသောက်တာမျိုး မလုပ်ဘဲနဲ့ ကိုယ်သောက်တဲ့အား ပမာဏ အတိကျကိုသာ ရှာဝယ်သောက်သင့်ကြောင်း အကြံပြုလိုပါတယ်။

💁‍♀️အစာနဲ့ဆေးတွဲသောက်သင့်သလား✅✅✅
====================================

✔️ ဘယ်ဆေးတွေကိုအစာနဲ့ဝေးဝေးသောက်ရမလဲ
✔️ အချိန်ဘယ်လောက်ခွာရမလဲ
✔️ ဘယ်ဆေးတွေကို အစားအစာနဲ့တွဲသောက်ရမလဲ

👉အစာအိမ်ထဲအစာမရှိချိန်သောက်သင့်တဲ့ဆေး
👉 အစာအိမ်တွင်းအစာလုံးဝမရှိချိန်သောက်ရတဲ့ဆေး
👉အစာနဲ့တွဲသောက်သင့်တဲ့ဆေး ဆိုပြီးခွဲမှတ်လို့ရပါတယ်

🔺အစာအိမ်တွင်းအစာမရှိချိန်

(မစားခင် အနည်းဆုံး ၁ နာရီ၊ စားပြီး ၂ နာရီ၀န်းကျင်)သောက်ထားသင့်တဲ့ ဆေးတွေကတော့ဆီးချိုသောက်ဆေးအများစုပါပါလိမ့်မယ်။အစားမစားခင် နာရီ၀က်လောက် ကြိုသောက်ရပါတယ်

➡️ပန်းနာရင်ကျပ်မှာသောက်လေ့ရှိတဲ့ (Aminophylline၊ Salbutamol)

➡️ပိုးသေဆေးအများစု (Ampicillin၊ Azithromycin၊ Cloxacillin၊ Erythromycin၊ Flucloxacillin၊

➡️တီဘီဆေးများ Isoniazid + Rifampicin + Pyrazinamide၊ Levofloxacin၊ Norfloxacin၊ Ofloxacin၊ Penicillamine၊ Penicillin G၊ Penicillin V၊ Tetracycline)

➡️ပျို့အန်ပျောက်ဆေး (Domperidone၊ Metoclopramide)

➡️သွေးကျဆေး (Captopril၊ Propranolol)

➡️အစာအိမ်အက်ဆစ်ဓာတ်လျှော့တဲ့ အစာအိမ်နာဆေး (Esomeprazole၊ Lansoprazole၊ Omeprazole၊ Pantoprazole)

➡️သံဓာတ်အားအေး (Ferrous sulfate) နဲ့ (Zinc supplements) ဆေးတွေဖြစ်ပါတယ်

Empty Stomach* အစာအိမ်တွင်းအစာမရှိချိန် (မစားမီ ၁ နာရီခွာ နဲ့ စားပြီး ၂ နာရီခွာ) သောက်ရပါတယ်

🔺အစာနဲ့တွဲသောက်ရတဲ့ဆေးအများစုကတော့

➡️အကိုက်အခဲပျောက်ဆေးတွေပါ (Aspirin အုပ်စု၊ Diclofenac၊ Indomethacin)
သူ့ချည်းပဲ ဆေးပမာဏများများ ခဏခဏနဲ့ အချိန်ကြာသောက်ရင်
အစာအိမ်နံရံရဲ့ ကာကွယ်တဲ့အလွှာပါးစေပါတယ် အနာဖြစ်စေနိုင်ပါတယ်

➡️အဆစ်အမြစ်ရောင်ဂေါက်ရောဂါဆေး (Allopurinol)

➡️တချို့သောပိုးသေဆေးများ (Augmentin၊ Cefpodoxime၊ Doxycycline၊

➡️ငှက်ဖျားဆေး Chloroquine၊ Metronidazole)
သံကျဆေး (Mebendazole) (မှတ်ချက် သံအကောင်လိုက်ကျသည့်အန္တရာယ်မရှိပါ အူအတွင်းခြေဖျက်ပေးသည်)

➡️မှိုရောဂါဆေး (Griseofulvin၊ Itraconazole)

➡️အတက်ကျဆေး (Carbamazepine၊ Valporate)

➡️အစာအိမ်ဆေး (Cimetidine)

➡️အကိုက်ခဲပျောက် ရင်ကျပ် နှင့်
တခြားရောဂါများတွင်သုံးသည့် (Prednisolone)

စတဲ့ဆေးတွေကိုတော့ အစာနဲ့တွဲသောက်သင့်ပါတယ်။တွဲသောက်တယ်ဆိုရာမှာ အစားတစ်လုတ် ဆေးတစ်လုံးသောက်ရမယ် မဆိုလိုပါ။စားပြီး ၅ မိနစ်လောက်မှာ သောက်ရင်ရပါတယ်။

Credit to original uploader

🙏🙏🙏🙏
မိသားစုတိုင်း သက်ရှည်ကျန်းမာပီး ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။

2021 မှာ ... ပိုပြီး ကျန်းမာအောင် နေကြမယ် .. ပိုပြီး ပျော်ရွှင်အောင် နေကြမယ် .. အလုပ်ကြိုးစားကြမယ် .. အလှူတန်းတွေလုပ်ကြမ...
31/12/2020

2021 မှာ ...
ပိုပြီး ကျန်းမာအောင် နေကြမယ် ..
ပိုပြီး ပျော်ရွှင်အောင် နေကြမယ် ..
အလုပ်ကြိုးစားကြမယ် ..
အလှူတန်းတွေလုပ်ကြမယ် ..

ကျမတို့ ရွှေခြင်္သေ့ ဆေးဆိုင်မှလည်း ...
ပိုပြီး ကျန်းမာ ပျော်ရွှင်စေဖို့ တစ်ထောင့်တစ်နေရာကနေ caring လုပ်ပေးပါမယ် ..

ရေများများသောက်ပါ / ကျန်းမာစွာ အသက်ရှင်နေထိုင်ပါ 😍😍

Golden Lion Logo လေးနဲ့ mug လေးတွေကို နှစ်သစ်ကူးလက်ဆောင်လေးတွေ ပေးနေပါတယ်ရှင့် .. 🥳🥳

နှစ်သစ်လက်ဆောင်လေးတွေမကုန်ခင် မြန်မြန်လေး လာယူပါနော် .. 🥰🥰

Care With Love ❤️
Golden Lion Healthcare
By
ရွှေခြင်္သေ့ ဆေးဆိုင်

ပျော်ရွှင်ကျန်းမာသော သီတင်းကျွတ် အခါသမယလေးကို ပိုင်ဆိုင်နိုင်ပါစေ ... 🙏🙏🙏 Golden Lion Healthcare By ရွှေခြင်္သေ့ဆေးဆိုင်...
31/10/2020

ပျော်ရွှင်ကျန်းမာသော သီတင်းကျွတ် အခါသမယလေးကို ပိုင်ဆိုင်နိုင်ပါစေ ... 🙏🙏🙏

Golden Lion Healthcare
By
ရွှေခြင်္သေ့ဆေးဆိုင် မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင် 🙏🙏🙏

06/09/2020

ကျွတ်ကျွတ်အိတ်အမဲနှင့်မိန်းကလေးများ

(သမီးမိန်းကလေးတိုင်းသိထားသင့်သော S*x Education Part 4)

"အစ်မ ကျွတ်ကျွတ်အိတ်အမဲလေး မရှိဘူးလားဟင်"

"ကျွတ်ကျွတ်အိတ် အမဲလေးနဲ့ထည့်ပေးပါလား"

"အိတ်အမဲမရှိရင် မယူတော့ဘူးနော်"

"ဟဲ့ ဟိုဟာ သွားဝယ်မှာမလား အိတ်အမဲယူသွားလေ"

ဒါတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမြဲလိုလို
ကြားနေရတဲ့ မိန်ကလေးတွေဆီက အသံတွေပါ
Padဝယ်ယူဖို့ကို ကျွတ်ကျွတ်အိတ်အမဲမရှိရင်
အဆင်မပြေဖြစ်နေတာ ခိုးကြောင်ခိုးဝှက်နဲ့
ဆိုင်တွေမှာ တိုးတိုးတိတ်တိတ် မူးယစ်ဆေးဝယ်သလို
ဝယ်ကြတာ အမျိုးသားဆိုင်ရှင်ဆို မဝယ်ပဲလှည့်ပြန်ကြတာ ဒါမျိုးတွေက ဒီနေ့ခေတ်အရဆို မဖြစ်သင့်ဆုံးပါ

ဥပမာ ဓားရှလို့ အနာကပ်ပလာစတာသွားဝယ်သလိုမျိုးပဲ ဒါပစ္စည်းဟာလည်း ကျန်းမားရေးသုံး
ပစ္စည်းတစ်ခုပဲ ပေါ်ပေါ်ထင်ထင်ဝယ်လို့ရတယ်
ပွင့်ပွင့်လင်းလင်းပြောဝယ်လို့ရတယ် ကျွတ်ကျွတ်အိတ်
အမဲမရှိရင် လက်ကကိုင်လာလို့ရတယ်
City martက စျေးဝယ်ခြင်းတွေထဲမှာလည်း
စားစရာတွေတခြားအသုံးအဆောင်တွေနဲ့အတူ
ရောထည့်ပြီး ဝယ်လို့ရတယ် ကျန်းမားသုံးပစ္စည်းတစ်ခုထက် ဘာမှမပိုဘူး အဲ့တာကို ဒီတိုင်းကိုင်လာလို့
ရာဇဝတ်မှုလည်းမမြောက်ပါဘူး ဘုန်းကံလည်းမနိမ့်ဘူး တချို့အရမ်းဂရုစိုက်တတ်တဲ့ အမျိုးသားတွေဆို
သူတို့ အမျိုးသမီးတွေအတွက် သူတို့ကိုယ်တိုင်
Padကို ဝယ်ပေးကြတာ တွေ့ဖူးပါတယ်
ကျွန်တော်ကိုယ်တိုင်လည်း ကြုံရင်ကြုံသလို
ကျွန်တော့်ညီမတွေအတွက် ဝယ်ပေးလေ့ရှိပါတယ်

အမျိုးသားတစ်ယောက်က ဒီPadကို
လာဝယ်လို့ ပြုံးစိစိ ရိသဲ့သဲ့လာလုပ်နေတဲ့
အရောင်ဝန်ထမ်း သို့မဟုတ် ဆိုင်ရှင်ဆို
ဘာလို့လဲလို့ ဒီပစ္စည်း ကျွန်တော်ဝယ်လို့မရဘူးလားလို့
ကိုယ့် Customerဒီလိုမျိုး လုပ်ရမယ်လို့
ညီမတို့အထက်က လူကြီးတွေက သင်ပေးထားတာလားလို့
ဒဲ့မေးချပစ်ပါတယ် အဲ့လိုဆိုဘယ်လိုဘာညာနဲ့
လျောချသွားရော
တစ်ခါတစ်လေကျရင် ဒီလိုကိစ္စတွေက
မသိချင်ယောင်ဆောင်လိုက်တာထက်
သိအောင်မြင်အောင် အမြင်ပိုကျယ်သွားအောင်
ထောက်ပြလိုက်တာက ပိုကောင်းပါတယ်

သမီးမိန်းကလေးရှိတဲ့ အမေတွေ အဒေါ်တွေ အဖွားတွေအနေနဲ့လည်း ဒီပစ္စည်းကို ရွံစရာပစ္စည်းကြီးလိုဖြစ်အောင် ကိုယ့်ကလေးရဲ့ Mindsetထဲကို
ရိုက်သွင်းမထားပါနဲ့ တစ်ယောက်တည်းလည်း
ဝယ်တတ်အောင် ဝယ်ရဲအောင် ပြောပြပေးပါ
ဒီကလည်းအရေးပါတဲ့sex educationနဲ့
Parentingတစ်မျိုးပါပဲ
'ဟမ် နင်မရှက်ဘူးလား'
'ယောကျာ်းတွေရှိတဲ့ဆိုင်မှာ ဒါကြီးကိုသွားဝယ်ရလား'
'နင်ဟယ် မိန်းကလေးတန်မဲ့ မျက်နှာမပူဘူးလား'
မျက်နှာပူရအောင် ဒါကို အကြွေးသွားဝယ်တာလည်း
မဟုတ်ဘူး သွားခိုးတာလည်းမဟုတ်ဘူး
နေမကောင်းရင် ဆေးသောက်ဖို့ဆေးဝယ်ရသလို
ဒါဖြစ်လို့ ဒါသွားဝယ်တယ် ပေါ့ပေါ့ပါးပါးပဲ
တွေးတတ်အောင် သင်ပေးကြပါ Just relaxပေါ့
ဘုန်းကံတွေ မိန်းကလေးတန်မဲ့တွေ
မဆိုင်တဲ့အကြောင်းအရာတွေနဲ့ ထည့်မဆုံမပါနဲ့

သွားဝယ်တတ်ဖို့ သင်ရသလို သုံးပြီးရင်လည်း
စွန့်ပစ်တတ်ဖို့သင်ပေးပါ ဝယ်တုန်းက ကျွတ်ကျွတ်အိတ်အမဲ မရှိရင်ပဲ ဒါကိုကိုင်လာရင်
အရှက်ကွဲသေမလိုလိုနဲ့ သုံးလို့ပြီး စွန့်ပစ်တဲ့အခါကျတော့ အိမ်သာထဲထိုးထည့် နောက်ဖေးပေါက်ပစ်ချ
ကုတင်အောက်ထဲ ပစ်ထား အခန်းထောင့်တွေမှာ
ထိုးထည့်ထား သွေးတွေပေသွားလို့ အဲ့underwearကြီးကို မကိုင်ချင်လို့ချောင်ထိုးတာ ဒါမျိုးမိန်းကလေးတွေရှိပါတယ်နော် ဒါက အတွေ့အကြုံရှိတဲ့ အမေတွေအဒေါ်တွေက မသင်ပေးလို့ ဖြစ်ရတာပါ
စွန့်ပစ်တာအခါမှတော့ ကျွတ်ကျွတ်အိတ်အမဲလိုပါတယ် စနစ်တကျ စွန့်ပစ်တတ်ဖို့လိုပါတယ်
underwearတွေ သေ ချာပြန်လျှော်ပြန်လှန်းတတ်ဖို့လိုပါတယ် တံခါးအနောက်ထဲထည့်လှန်းတာ ထမီအောက်ထဲထည့်လှန်းတာ နေရောင်မရတဲ့ နေရာတွေမှာ
ခိုးကြောင် ခိုးဝှက် လျှောက်လှန်းတာ ဒါတွေက
မိန်းမကိုယ်မှာBacteriaတွေပေါက်စေပြီး
အနံ့အသက်ဆိုးတာတွေ ယားယံတာတွေ
အဖြူဆင်းတာတွေ အများကြီးဖြစ်နိုင်ပါတယ်

Padသုံးနည်းဝယ်နည်းလည်းသင်ပေးဖို့လိုသလို
သုံပြီးသားPadကို စွန့်ပစ်နည်း စွန့်ပစ်တဲ့အခါ
အိတ်အမဲကို မဖြစ်မနေသုံးရမယ့်ဆိုတဲ့ဟာ
Underwearလျှော်နည်းလှန်းနည်း ဒါမျိုးတွေကို
သင်ပေးရမှာပါ မိန်းကလေးတစ်ယောက်ရဲ့
S*x educationဆိုတာ ဗိုက်မကြီးရုံသင်ပေးလို့ပဲ
မရပါဘူး အမျိုးသမီးကျန်းမားရေး ဆိုင်ရာတွေလည်း
သင်ပေးရပါမယ်

သားရော သမီးရောမွေးထားတယ်ဆိုရင်တော့
သားတွေကိုလည်း အမျိုးသမီးတွေpadသုံးရတဲ့
အကြောင်းကို ရှင်းပြပေးပါ ဒါက
ရယ်စရာမဟုတ်ကြောင်း နှိမ် ချစရာမဟုတ်ကြောင်း
သင်ပေးပါ ဒါမှ ကိုယ့်သားက
အမျိုးသမီးတွေဆို နှိမ်ချစရာမဟုတ်ကြောင်း
Gender shamingလုပ်စရာမဟုတ်ကြောင်းကို
နားလည်မယ့် Appreciateလုပ်ရမယ့်
ယောကျာ်းကောင်းဖြစ်လာမယ်

S*x Educationကို သားတွေကိုလည်းသင်ပေးပါ
သမီးတွေကိုလည်း သင်ပေးပါ
ကျွတ်ကျွတ်အမဲကို လိုအပ်တဲ့နေရာမှာသာ
သုံးသင့်ကြောင့် သမီးတွေကို သင်ပေးပါ

Part 1 to 3ရဲ့ Linkတွေ အောက်မှာ
ပြန်ထည့်ပေးထားပါတယ်နော်

Part 3

https://www.facebook.com/1661090587524063/posts/2423135811319533/

ကျွန်တော့်ရေးတဲ့ အိမ်ထောင်ရေးဆောင်းပါးတွေ
Relationshipတွေအတွက် ဆောင်ရန် ရှောင်ရန်တွေParentingပြုစုပျိုးထောင်နည်းတွေ S*x educationတွေကို
ဖတ်ချင်ရင်တော့ အခုPageလေးကို
Follow&See Firstလုပ်ထားနိုင်ပါတယ်
Relationship ပြဿနာတွေ Emotionalဆိုင်ရာ
ပြဿနာတွေS*x educationတွေကို ကျွန်တော်နဲ့တိုင်ပင်ကြည့်ချင်တယ်
ဆွေးနွေးချင်တယ်ဆိုရင်တော့ message box
သို့မဟုတ် 09420075150မှာ အသေးစိတ်နဲ့
Paymentကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်

ဒီနေ့တော့ ဒီလောက်ပါပဲ

ချစ်တဲ့

(Min's Beauty Book)🖤




*x_Education

ကျွန်တော် တို့ဒီနေ့ ‌ပြောပြပေးချင်တာကတော့ ဈေးကွက် ထဲမှာ ခေတ်စားတဲ့ အအိပ် အစားကောင်းတဲ့ အားဆေး အကြောင်းပါ လုံးဝ မသောက်ရဘူ...
28/08/2020

ကျွန်တော် တို့ဒီနေ့ ‌ပြောပြပေးချင်တာကတော့ ဈေးကွက် ထဲမှာ ခေတ်စားတဲ့ အအိပ် အစားကောင်းတဲ့ အားဆေး အကြောင်းပါ လုံးဝ မသောက်ရဘူးလား ‌ဆိုတော့ မဟုတ်ပေမယ့် သူ့ရဲ့ အကျိုးအပြစ်ကို သိပြီး ချင့်ချိန် သုံးစွဲ နိုင်ရန်အတွက်ပါ။ မိမိ ကလေးကို အစာစားစေချင်ရင် သရေစာ သိပ်မကျွေးပါနဲ့။ ကစီဓာတ် အသားဓာတ် အရွက် အဟာရစုံလင်အောင် လုပ်ပြီး အချိန် နှင့် စနစ်တကျကျွေးပါ။ အိပ်စေချင်ရင် အိပ်ရာဝင်ခါနီး phone, TV မပြပါနဲ့။ ည10နာရီဆို အိပ်ယာဝင်စေပြီး ပုံပြင် စာအုပ် ဖတ်ပြပါ။

***********************************************
စားကောင်း၊အိပ်ပျော်စေတဲ့ ဆေးမျိုးပေးပါဆိုရင် ပေးလေ့ရှိတဲ့ အားဆေးတွေရဲ့အညွှန်းမှာ Cyproheptadine ပါရင်သတိထားပြီးသောက်သုံးရပါမယ်။

လက်ရှိစျေးကွက်ထဲမှာတော့ Cyprotone,Heptopep,Cyprocal,Becoactin,Simpro စတဲ့နာမည်အမျိုးမျိုးရှိပါတယ်။ပုံစံအရ အရည်၊အခဲဆိုပြီးပုံစံ(၂)မျိုးလာပါတယ်။

တစ်ကယ်တမ်းတော့ ဒီ Cyproheptadine ဆိုတာ ဟစ်စ်တမင်းတုံ့ပြန်ဆေး ( antihistamine ) ဖြစ်ပြီး ဓါတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့အဖုအပိမ့်၊အင်ပျဉ်ထွက်၊ယားယံခြင်းတွေမှာသုံးပြီး ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကုသဖို့အတွက်လည်းအသုံးပြုလေ့ရှိပါတယ်။

တစ်ခုရှိတာက ဆေးဗူးတွေရဲ့အတွင်းက Indication မှာရေးထားတာက anti-allergic နဲ့သက်ဆိုင်တဲ့ဖော်ပြချက်တွေဖြစ်ပေမယ့် ဆေးဗူးအပြင်မှာတော့ ဗမာလို ခံတွင်းကောင်းစေပြီး စားဝင်အိပ်ပျော်ခြင်းစတဲ့ အားဆေးသဖွယ်ပဲ ပေါ်ပေါ်တင်တင်ကိုကြော်ငြာနေကြတာတွေ့တော့ သာမန်လူတွေအဖို့ ဒါဟာမသုံးသင့်ဘူးဆိုတာလက်ခံနိုင်ဖို့ခက်ခဲပါတယ်။

တစ်ကယ်လည်းဟုတ်ပါတယ်။
ဒီဆေးရဲ့ထူးခြားတဲ့ဘေးထွက်ဆိုးကျိုးက ခံတွင်းလိုက်တာပါပဲ။ဒါကို အခြားဗီတာမင်ဓါတ်တွေနဲ့ရောစပ်ပြီး အစားစားချင်စိတ်ပေါ်အောင်လှုံ့ဆော်တဲ့ဆေးအဖြစ်အသုံးပြုကြပေမယ့် ဒီလိုသုံးတာကိုတတ်ကျွမ်းနားလည်တဲ့သူတွေက ထောက်ခံခြင်းမရှိပါဘူး။

နောက်ထပ်ဘေးထွက်ဆိုးကျိုးကတော့ ငိုက်မြည်းခြင်း၊ထုံထိုင်းစေတတ်တဲ့သဘောရှိလို့ စက်ယန္တရားကိုင်တွယ်သူ၊ယာဉ်အမျိုးမျိုးမောင်းနှင်သူတွေအတွက်အလွန်သတိထားရပါမယ်။ကျောင်းသား၊ကျောင်းသူတွေအတွက်လည်း စာသင်နေချိန်စိတ်ပါဝင်စားမှုကို အဟန့်အတားဖြစ်စေနိုင်လို့ ရေရှည်အသုံးမပြုသင့်ပါဘူး။

လက်ရှိစျေးကွက်ထဲမှာ Cyproheptadine တစ်မျိုးတည်းသီးသန့်လာတာကတော့ အလွန်ရှားပြီး အခြား ဗီတာမင်ဓါတ်တွေနဲ့ပေါင်းစပ်ပြီး အားဆေးအနေနဲ့ရောင်းချနေကြတာမို့သတိပြုနိုင်ကြစေရန်ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

အကျိုးနဲ့အပြစ် ချိန်ဆကာသုံးစွဲနိုင်ကြပါစေနော်



Share with love 😍

Champs အမာခံစားသုံးသူ ပိစိကွေးလေးတွေတော့ အပြေးအလွှားဝယ်သွားကြပြီ 😍😍😍 Magic box ထဲ ဘာတွေထွက်လာဦးမလဲ ရင်တွေခုန်နေပြီ 😍😍 ဆု...
16/08/2020

Champs အမာခံစားသုံးသူ ပိစိကွေးလေးတွေတော့ အပြေးအလွှားဝယ်သွားကြပြီ 😍😍😍
Magic box ထဲ ဘာတွေထွက်လာဦးမလဲ ရင်တွေခုန်နေပြီ 😍😍
ဆုမဲကောင်းကောင်းလေးတွေလည်း များကြီးကျန်သေးလို့ မကုန်ခင် အပြေးသာလာလိုက်တော့နော် 😇

Golden Lion Healthcare
By
ရွှေခြင်္သေ့ဆေးဆိုင်

Champs အားဆေးလေးတွေ ဝယ်ပြီး ... လက်ဆောင်လေးတွေ ရယူလိုက်တော့နော် 😍 ကိုယ်တိုင်မဲလိပ်လေးတွေနှိက်ပြီး ကံစမ်းလို့ရတော့ ဂွတ်ရှ...
14/08/2020

Champs အားဆေးလေးတွေ ဝယ်ပြီး ...
လက်ဆောင်လေးတွေ ရယူလိုက်တော့နော် 😍
ကိုယ်တိုင်မဲလိပ်လေးတွေနှိက်ပြီး ကံစမ်းလို့ရတော့ ဂွတ်ရှယ်ပဲ 😇
ပစ္စည်းလေးတွေလည်း အစုံပဲဆိုတော့ ပစ္စည်းကောင်းလေးတွေ မကုန်ခင် မြန်မြန်လာပြီး ကံစမ်းလိုက်တော့နော် 🥰🥰🥰

Care With Love 😘
Golden Lion Healthcare
By
ရွှေခြင်္သေ့ ဆေးဆိုင် (လွိုင်ကော်)

Take care Please !!! Share With Love 💓
15/07/2020

Take care Please !!!

Share With Love 💓

အလွယ်ဆုံးသော ကျန်းမာရေး သတိပြုစရာ 😇
05/07/2020

အလွယ်ဆုံးသော ကျန်းမာရေး သတိပြုစရာ 😇

Address

သီတာလမ်း စျေးပိုင်းရပ်ကွက် , (နှစ်ထပ်စျေးဝင်ပေါက် ဘေးချင်းကပ်)
Loikaw
09011

Telephone

+958321196

Website

Alerts

Be the first to know and let us send you an email when Golden Lion Health Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share