
23/11/2022
အိပ်စက်ခြင်းအတွက်သဘာ၀ဓါတ်စာ ဆိုမီနို
Melatoninဆိုတာ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း
ထုတ်ပေးတဲ့ အိပ်စက်ခြင်းဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။
နေဝင်သွားပြီး အိပ်ရာမဝင်ခင် နှစ်နာရီလောက်အလိုမှာ
ခန္ဓာကိုယ်ရဲ့ Melatonin က မြှင့်တက်လာတဲ့အတွက် အိပ်ငိုက်လာတတ်ပါတယ်။
မနက်ခင်း နေအလင်းရောင်ထွက်လာချိန်မှာ
ဦးနှောက်ကိုMelatonin ထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့အချက်ပြလိုက်တာမို့
လန်းဆန်းစွာနဲ့ အိပ်ရာကနေ နိုးထလာ နိုင်ပါတယ်။
Melatoninက အိပ်စက်မှုကို ထိန်းချုပ်တဲ့ ဟော်မုန်းဖြစ်တာမို့
သူ့ကိုမှန်ကန်တဲ့ပမာဏ၊ မှန်ကန်တဲ့အချိန်မှာသာ အသုံးပြုမယ်ဆိုရင်
အချိန်မတူညီတဲ့ နိုင်ငံတွေကိုခရီးသွားနေရသူတွေ၊
နေ့ဂျူတီ ညဂျူတီ ပြောင်းလဲလုပ်ကိုင်ရသူတွေအတွက်
အိပ်ချိန်ကမောက်ကမ ဖြစ်နေသူတွေ၊
အိပ်မရဖြစ်နေသူတွေအတွက် အလွန်အသုံးဝင်ပါတယ်။
ဂိမ်းဆော့များပြီး အိပ်ရာဝင်နောက်ကျသူတွေအတွက်
အိပ်ချိန်အိပ်ရာထချိန်တွေ ပုံမှန်ပြန်ဖြစ်ချင်ရင်တော့
Melatonin ကို အနည်းငယ်အသုံးပြုပေးပါက
ပုံမှန်အိပ်ချိန် ပြန်ရသွားနိုင်ပါတယ်။
အိပ်မပျော်သူတွေအတွက် လိုအပ်တဲ့ပမာဏအကန့်အသတ်နဲ့သာ
သုံးသင့်တာမို့ မလိုအပ်ဘဲ မသုံးစွဲသင့်ပါဘူး။
Melatonin က သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာမို့
ဆီးချိုရောဂါရှိသူတွေ အသုံးမပြုသင့်ပါဘူး။
အသုံးပြုသူတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ ပမာဏကိုသာ အသုံးပြုသင့်ပါတယ်။
#အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာSOMINO
Pharmacy
Madaya
09402509141