M-Pharma ဆေးနှင့်ဆေးပစ္စည်းမျိုးစုံရောင်းဝယ်ရေး

  • Home
  • Myanmar
  • Madaya
  • M-Pharma ဆေးနှင့်ဆေးပစ္စည်းမျိုးစုံရောင်းဝယ်ရေး

M-Pharma ဆေးနှင့်ဆေးပစ္စည်းမျိုးစုံရောင်းဝယ်ရေး ဆေးဝါးနှင့်ပတ်သတ်သော အကြောင်းအရာများကိုလည်း ဆွေးနွေးမေးမြန်းနိုင်ပါသည်။ M-Pharma ကြိုဆိုပါတယ်ရှင့်။ဆေးဝါးနဲ့ပတ်သက်တာ ဆွေးနွှေးနိုင်ပါတယ်ရှင့်။

💛ဆေးဆိုင် ပိတ်ထားပေမယ့်လည်းမင်မင်ရဲ့ ပညာနဲ့ စေတနာလေးကိုယုံကြည်ပြီး အခုထိတိုင် ဆေးဝါးနဲ့ ပတ်သက်၍ အမြဲတမ်း ဆွေးနွေး/တိုင်ပ...
31/12/2021

💛ဆေးဆိုင် ပိတ်ထားပေမယ့်လည်း
မင်မင်ရဲ့ ပညာနဲ့ စေတနာလေးကို
ယုံကြည်ပြီး အခုထိတိုင် ဆေးဝါးနဲ့ ပတ်သက်၍ အမြဲတမ်း ဆွေးနွေး/တိုင်ပင်သော Customer များအတွက် Page လေးကို ပြန်ဖွင့်ထားပေးပါတယ်နော်။😍😍😍

💛ဆေးဝါးနဲ့ ပတ်သက်၍သိလိုများကို messenger မှာဖြစ်စေ Ph ဖြင့်တိုက်ရိုက်ဖြစ်စေ အချိန်မရွေး မေးမြန်းနိုင်ပါတယ်နော်😘😘😘

Happy New Year 🥳 2022
💛💛💛နှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာဖြစ်ကြပါစေ🙏🙏🙏

09970700892

"နာချင်ရာနာစမ်း …. တိုက်ဂါးဘမ်း"😊☘️ကြွက်သားနာကျင်ကိုက်ခဲခြင်း ၊ ဒဏ်ဖြစ်ခြင်း ၊ ထိခိုက်မှုကြောင့်ဖြစ်သော နာကျင်မှုအမျိုးမ...
30/10/2021

"နာချင်ရာနာစမ်း …. တိုက်ဂါးဘမ်း"😊

☘️ကြွက်သားနာကျင်ကိုက်ခဲခြင်း ၊ ဒဏ်ဖြစ်ခြင်း ၊ ထိခိုက်မှုကြောင့်ဖြစ်သော နာကျင်မှုအမျိုးမျိုးတို့ကို တိုက်ဂါးဘမ်းပရုတ်ဆီအနီ (Tiger Balm)က သက်သာစေပါတယ်။

☘️ခေါင်းမှုးခြင်း ၊ ခေါင်းကိုက်ခြင်း ၊ လေထိုးလေအောင့်ဖြစ်ခြင်း၊ နှာစေးနှာပိတ်ခြင်း၊ အင်းဆက်ပိုးမွှားများ ကိုက်ခံရခြင်းတို့ကို တိုက်ဂါးဘမ်းပရုတ်ဆီ အဖြူ ( Tiger Balm) က သက်သာစေပါတယ်။


Crd

❇️မနေ့က Nuflam လေးတင်လိုက်တာအရမ်းလာမေးကြလို့🤩🤩🤩❇️ဒူးနာ ခါးနာ ဝေဒနာ ခံစားနေရသူများအတွက် အရိုး/အဆစ် ရောင်ရမ်းခြင်းနဲ့ နာကျ...
28/10/2021

❇️မနေ့က Nuflam လေးတင်လိုက်တာ
အရမ်းလာမေးကြလို့🤩🤩🤩

❇️ဒူးနာ ခါးနာ ဝေဒနာ ခံစားနေရသူများအတွက် အရိုး/အဆစ် ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေနိုင်တဲ့ အခြားဆေးလေးတေလဲ ရှိပါတယ်။

❇️ဆိုင်မှာလာဝယ်လို့ရပါတယ်။ Online ကမှာယူရင်လဲ မတ္တရာမြို့အတွင်းဆို အိမ်အရောက် ပို့ပေးပါတယ်ရှင့်။😊

🏩ဆိုင်လိပ်စာလေးက- 🏩
ဘုရင့်နောင်လမ်းမကြီး အနောက်ဘက်ခြမ်းတိုက်ခန်း၊
🏡🏘️ ၁၇လမ်း ၁၈လမ်းကြား
အမှတ်(၂) ဒင်္ဂါးရက်ကွက်၊ မတ္တရာမြို့ ( ချစ်ဦးမွန် ဆေးခန်း မြောက်ဘက်နား)



#𝐌𝐚𝐝𝐚𝐲𝐚
𝟎𝟗𝟗𝟕𝟎𝟕𝟎𝟎𝟖𝟗𝟐

🌴ဒူးနာတာကို အကိုက်အခဲပျောက်ဆေးတွေ စွဲ‌သောက်နေတုန်းလား??😳🌴အကိုက်ခဲပျောက်ဆေးများဟာ နာကျင်မှုကိုခေတ္တသာ သက်သာစေပြီး ရေရှည်စ...
27/10/2021

🌴ဒူးနာတာကို အကိုက်အခဲပျောက်ဆေးတွေ စွဲ‌သောက်နေတုန်းလား??😳

🌴အကိုက်ခဲပျောက်ဆေးများဟာ နာကျင်မှုကိုခေတ္တသာ သက်သာစေပြီး ရေရှည်စွဲသောက်ရင် ကျောက်ကပ်၊အသည်းပျက်စီးစေတတ်ပါတယ်။

🌴Nuflamမှာ အရိုး၊အဆစ်အမြစ်တွေရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းဝေဒနာများကိုသက်သာစေတဲ့ Glucosamine and Chondroitin ပါဝင်ပါတယ်။

🌴အထူးသဖြင့် အရိုးကျီးပေါင်းတက်ခြင်း၊ ခါးရိုးဆစ်ခိုင်၍နာကျင်ခြင်း၊ ခါးနာခြင်း၊ ထိခိုက်ဒဏ်ရာရ၍ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းကို လျော့စေပါတယ်။

🌴Nuflamကို တခါသောက်ဆေးတလုံးမှ၂လုံး-တနေ့၂ကြိမ် ပုံမှန်သောက်သုံးနိုင်ပါတယ်။

❌ပင်လယ်စာ၊ပင်လယ်ငါးနှင့် ဓာတ်မတည့်သူများသောက်သုံးရန် မသင့်ပါ❌



Credit

🥀အစာအိမ်ရောင်နာကို ဖြစ်စေတဲ့ H.Pylori ပိုးကို သေစေနိုင် တဲ့ ဆေးဖြစ်ပါတယ်။🥀ဒီဆေးက ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်ရတဲ့ဆေး...
26/10/2021

🥀အစာအိမ်ရောင်နာကို ဖြစ်စေတဲ့ H.Pylori ပိုးကို သေစေနိုင် တဲ့ ဆေးဖြစ်ပါတယ်။

🥀ဒီဆေးက ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်ရတဲ့ဆေးဖြစ်ပါတယ်။

🥀H.Pylori ကတော်တော်ပြင်းပြီး ဆေးကုသမှုကောင်းကောင်းမခံယူရင် Cancer ကို အချိန်မရွေးပြောင်းသွားနိုင်ပါတယ်။

🥀Pylokit နဲ့ပါဝင်တာလေး အတူတူပါပဲရှင့်။ ရှာဝယ်ရခက် နေသူများ M-Pharma မှာ မှာလို့ရပါတယ်နော်🤗






09970700892

ပိန်းကြာရွက် နာမည်ကြီးတာလဲ မပြောနဲ့  ရောင်းမလောက် ဝယ်မလောက်ပါပဲရှင်😁 💛ကလေး အဖျားပျောက်ဆေးရည်💛☘️Paracetamol 125 mg ပါဝင်ပ...
25/10/2021

ပိန်းကြာရွက် နာမည်ကြီးတာလဲ မပြောနဲ့ ရောင်းမလောက် ဝယ်မလောက်ပါပဲရှင်😁

💛ကလေး အဖျားပျောက်ဆေးရည်💛

☘️Paracetamol 125 mg ပါဝင်ပါတယ်။

☘️ဈေးလေးကလဲ သင့်တင့်တယ်။😇

☘️မြန်မာလိုအညွှန်းလေးလဲ ပါတော့ ခေးမေမေအတွက်လဲ အဆင်ပြေတယ်။



09970700892

Gynomix (မိန်းမကိုယ်အတွင်းထည့်တဲ့ဆေး) ပြပြီး လာဝယ်လို့ အမျိုးသမီးတို့အတွက် သိသင့်တာလေး ပြောပြမယ်နော်။🤗မေး- ဆေးလုံးကြီးက ...
24/10/2021

Gynomix (မိန်းမကိုယ်အတွင်းထည့်တဲ့ဆေး) ပြပြီး လာဝယ်လို့ အမျိုးသမီးတို့အတွက် သိသင့်တာလေး ပြောပြမယ်နော်။🤗

မေး- ဆေးလုံးကြီးက ကြီးလို့ မသောက်နိုင်ဘူး😳 ဘယ်လိုသောက်ရတာလဲ။
ဖြေ- သောက်ရတာ မဟုတ်ပါဘူး။🥴မိန်းမကိုယ်အတွင်း ထည့်ရတဲ့ဆေးပါရှင့်။😬

မေး- ဘာအတွက် ထည့်ရတာလဲရှင့်
ဖြေ-
☀️အမျိုးသမီးတွေ မိန်းမကိုယ်ယားယံခြင်း၊အဖြူဆင်းခြင်းတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့ ပေးတဲ့ဆေးဖြစ်ပါတယ်။
☀️Gynomix က ပိုးသတ်ဆေး(၃) မျိုး ပေါင်းထားတဲ့ ဆေးဖြစ်ပါတယ်။
☀️တစ်ညကို တစ်လုံးနဲ့ (၆) ရက် ဆက်တိုက် ထည့်ပေးရမှာ ဖြစ်ပါတယ်။
☀️မိန်းမကိုယ်အတွင်းထည့်မယ်ဆိုရင် လက်ကို စင်ကြယ်အောင် ဆေးကြောပါ။ ပြန်ထွက်မကျအောင် ၁၅ မိနစ်လောက် လဲလျောင်းနေပေးရပါမယ်။
☀️ခဏခဏ သုံးမယ်ဆိုရင်တော့ ဆေးမတိုးပဲ ဆေးယဉ်ပါးတာတေ ဖြစ်နိုင်ပါတယ်။ဒါကြောင့် မလိုအပ်ပဲ မသုံးပါနဲ့နော်။

မေး- အမက မိန်းမကိုယ် ခဏ ခဏ ယားတတ်တယ် အဲဒါဆိုရင် ဘာလုပ်ရမလဲ။
ဖြေ-
၁/ မိန်းမကိုယ် ကို သန့်ရှင်းတဲ့ ရေနဲ့သာလျှင် ဆေးကြောပေးပါ။(❌ဆပ်ပြာ လုံးဝ မသုံးပါနဲ့)

၂/ ခြောက်သွေ့သော အဝတ်နဲ့ သုပ်ပေးပါ။ မိန်းမကိုယ်ကို ခြောက်သွေ့အောင် ထားပေးပါနော်။

၃/ အိမ်မှာနေရင်းဆို Underwear(အတွင်းခံ) ကို ချွတ်ထားပေးပါ။ အပြင်သွားလို့ မဖြစ်မနေဝတ်ရမယ် ဆိုရင်လဲ Cotton( ချည်သားစစ်စစ်) ကို ရွေးချယ်ဝတ်သင့်ပါတယ်။

၄/ကိုယ်ခံအားကို ကောင်းစေဖို့အတွက် Vitamin C (ဗီတာ-စီ)ကို တစ်နေ့ တလုံး သောက်ပေးသင့်ပါတယ်။( ဘယ်လောက်မီလီဂရမ်နဲ့ အစာအိမ်ရှိသူ ဆို ဘယ်ဆေးရွေးသောက်ရမလဲ က မင်မင်နဲ့ တိုင်ပင်လို့ရပါတယ်)

⚠️LosarDenk သောက်နေသောသူများ သတိပြုရန်⚠️ဆေးကို ချက်ချင်းတော့မရပ်ပါနဲ့နော်မိမိပြနေသော ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ရပ်ပါနော်
24/10/2021

⚠️LosarDenk သောက်နေသောသူများ သတိပြုရန်⚠️
ဆေးကို ချက်ချင်းတော့မရပ်ပါနဲ့နော်
မိမိပြနေသော ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ရပ်ပါနော်

ဒီရက်ပိုင်း ပြန်ဖျားနေကြတယ်နော်ဂရုစိုက်ကြပါ🤗Pic crd
21/10/2021

ဒီရက်ပိုင်း ပြန်ဖျားနေကြတယ်နော်
ဂရုစိုက်ကြပါ🤗

Pic crd

🏮🌟🌟သီတင်းကျွတ်ဆုတောင်း🏮🌟 🌟ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယမှစ၍ ချစ်ရတဲ့ Customerများအားလုံး 😊စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး  စ...
19/10/2021

🏮🌟🌟သီတင်းကျွတ်ဆုတောင်း🏮🌟 🌟

ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယမှစ၍ ချစ်ရတဲ့ Customerများအားလုံး 😊စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ လို့ M-Pharma မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့်🙏🙏🙏

pic crd

🌟ခွေးကိုက်ခံရရင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍  ၅မိနစ်ခန့် ဆေးကြောပါ။🌟ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွ...
19/10/2021

🌟ခွေးကိုက်ခံရရင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ၅မိနစ်ခန့် ဆေးကြောပါ။

🌟ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ်ဆေး ထိုးပါ။(၀,၃,၇,၁၄,၂၈)

၁။ ခွေးကိုက်ခံရတဲ့ နေ့မှာ ဆေး တလုံးထိုးပါ။(တကြိမ်)

၂။ ကိုက်ခံရတဲ့နေ့မှ ၃ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၂.၁၂.၂၀၁၈ရက်နေ့ ကိုက်ခံရရင် အဲနေ့ တလုံးထိုး (၃)ရက်ကြာ၁၅ရက်နေ့ တလုံးထိုးပါ)(၂ကြိမ်)

၃။ ကိုက်ခံရတဲ့နေ့ ပထမ တလုံးထိုးပြီး(၇)ရက်ကြာရင် တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၁၉ရက်နေ့
တလုံးထပ်ထိုးပါ) (၃ကြိမ်)

၄။ ပထမတလုံးထိုးပြီး (၁၄)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၂၆ရက်နေ့ တလုံးထပ်ထိုးပါ) (၄ကြိမ်)

၅။ ပထမတလုံးထိုးပြီး (၂၈)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေက စတွက် . .၉ရက်နေ့ နောက်ဆုံး( ၅ကြိမ်) မြောက်ထိုးရပါမယ်။)

၅ကြိမ် ထိုးရသော စနစ်ဖြစ်ပါသည်။
***ကာကွယ်ဆေးထိုးရမည့် နေ့ရက်ထ
က် (၂ရက်)ကျော်
သွားပါက အစမှ ပြန်လည်ထိုးရမည်။

'ခွေးရူး'
======

ခွေးရူး ၂မျိုး ရှိပါသည်။✌🏿✌🏿

၁။ ကြမ်းတမ်းသော ခွေးရူး
•••••••••••••••••••••••••••••••
လက္ခဏာများမှာ...

- ခွေး၏အနေအထိုင်ပြောင်းလာခြင်း
- အကြောင်းမဲ့ပြေးလွှားနေခြင်း
- တစ်နေကုန် ဟောင်နေတတ်ခြင်း
- တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း
- အစာသိပ်မစားတော့ခြင်း
- ရန်လိုနေခြင်း
- ပြောစကားနားမထောင်ခြင်း
- ခွေးကောင်းများကခွေးရူးနောက်မှလိုက်ဟောင်တတ်ခြင်း
- ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည်တမြားမြားဖြစ်နေတတ်ခြင်း

၂။ လေဖြတ် / အကြောခွေးရူး
••••••••••••••••••••••••••••••••••
လက္ခဏာများမှာ.....

- ကြွက်သားများလေဖြတ်ခြင်းကြောင့် ယိုင်တိယိုင်တိုင် သွားနေခြင်း
- အောက်မေးရိုး ပိတ်မရပဲ သွားရေတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း
- တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်း

စသည်တို့သည်ခွေးရူးလက္ခဏာများဖြစ်ပါသည်။

မေး- ခွေးကိုက်ပြီးဘယ်နှစ်ရက်အကြာမှာ ခွေးရူးပြန်တတ်သလဲ ?

ဖြေ- သတ်သတ်မှတ်မှတ်ပြော၍ မရပါ။ ခွေးကိုက်သည့်နေရာနှင့် ဦးနှောက် အကွာအဝေးပေါ် မူတည်၍မျက်နှာ၊လည်ပင်းတို့တွင် အကိုက်ခံရပါက ရောဂါပေါ်ချိန် မြန်ပြီး ခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါပေါ်ချိန်ကြတတ်ပါသည်။ ရောဂါဖြစ်ရန် အစောဆုံး ၅ရက်မှ ၃လအတွင်း အဖြစ်များပါသည်။ အကြာဆုံး ၆နှစ်အထိ ကြာတတ်ပါသည်။

မေး- ခွေးကိုက်ပြိးဘယ်အချိန်အတွင်း ဆေးထိုးသင့်သလဲ ?

ဖြေ- ခွေးကိုက်ခံရတိုင်းခွေးရူးကာကွယ်ဆေးချက်ချင်းထိုးသင့်ပါ
သည်။ စောနိုင်သမျှ စောထိုးပါက စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်လျှင်လည်း ထိုးနိုင်ချိန်တွင်အမြန်ဆုံးထိုးသင့်သည် ။တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။ ကုသရန် ဆေးမရှိသည့်အတွက် လက္ခဏာပေါ်မှ ဆေးထိုးပါက ဧကန်မုချ သေဆုံးနိုင်ပါသည်။

မေး- ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း ?

ဖြေ- ခွေးရူးပြန်ရောဂါကာကွယ်ဆေး
နှင့်ရောဂါပိုးအဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးကာကွယ်ဆေးကို ထိုးသင့်သူများမှာ...
တိရိစ္ဆာန် အကိုက်ခံရသူများ၊တိရိစ္ဆာန် မွေးမြူသူများ၊တိရိစ္ဆာန်မွေးမြူရေးခြံများတွင် တိရိစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ၊တောရိုင်းတိရိစ္ဆာန်များနှင့် ထိတွေ့နေရသူများတိမွေးကုဆရာ၀န်များ ခွေးရူးရောဂါ ဖြစ်ပွားနေသူကို အနီးကပ်စောင့်ရှောက်နေသူများ စသည်တို့ဖြစ်ကြပါသည်။
ရောဂါကာကွယ်ဆေး ကြိုတင် ထိုးလိုသူများသည် ဆေးစထိုးသည့် နေ့တွင် ၁ လုံး၊ ၇ ရက်အကြာတွင် ၁လုံး၊ ၂၁ရက်အကြာတွင် ၁လုံး၊ စုစုပေါင်း ၃လုံးထိုးရန် လိုအပ်ပါသည်။

ခွေးကိုက်ခံရပါက စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အရင် ကာကွယ်ဆေး မထိုးသူများသည် ၀၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။

ကာကွယ်ဆေးထိုးဖူးသူဖြစ်ပါက အကိုက်ခံရသည့်နေ့တွင် ၁ကြိမ်၊ ၃ ရက်အကြာတွင် ၁ကြိမ်၊ စုစုပေါင်း ၂လုံး ထပ်မံဖြည့်ထိုးရပါမည်။

တိရိစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်သည့် တိရစ္ဆာန်ပေါ် မူတည်၍ကာကွယ်ဆေးထိုးရုံမကဘဲအဆိပ်ဖြေဆေးကိုလည်းထိုးရနိုင်ပါသည်။
ထို့အပြင်မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။

ခွေးရူးပြန်ရောဂါလက္ခဏာများ ပြပါကပျောက်ကင်းအောင် ကုသရန် ခဲယဉ်းပါသည်။

လူနာသက်သာစေရန်နာကျင်မှု
များသက်သာစေရန်ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့်ခွေးရူးပြန်ရောဂါသည် ကုသရန်ထက်ကာကွယ်ခြင်းသည်သာအဓိကဖြစ်ပါသည်။

အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်းခွေးရူးပြန်ရောဂါဖြစ်နေသော ၊ သံသယဖြစ်ဖွယ်ရှိသော တိရိစ္ဆာန်ဆေးများကိုထိန်းသိမ်းထားခြင်း အခြားနေရာမှသွင်းလာသော
တိရစ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း အကိုက်မခံရအောင်ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ် နိုင်ပါသည်။

ထို့ပြင်တိရိစ္ဆာန်အကိုက်ခံရပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင်ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။

Coffee က အစာအိမ်ရောဂါရှိတဲ့သူတေ အတွက် မသင့်တော်ပါဘူးနော်😊အစာအိမ်ရောင်၊အစာအိမ်နာလူတွေစားသင့်၊ရှောင်ကြဉ်သင့်တဲ့အစားအစာများ...
14/10/2021

Coffee က အစာအိမ်ရောဂါရှိတဲ့သူတေ အတွက် မသင့်တော်ပါဘူးနော်😊

အစာအိမ်ရောင်၊အစာအိမ်နာလူတွေစားသင့်၊ရှောင်ကြဉ်သင့်တဲ့အစားအစာများ🥦🍎🍉🍌

✅အစာအိမ်နံရံမှာ ဖုံးအုပ်ထားတဲ့ အလွှာပါးလေးရောင်ခြင်းနဲ့ ပတ်သက်တဲ့အခြေအနေကို gastritis(အစာအိမ် ရောင်ရမ်းနာ)လို့ ခေါ်ဆိုကြပါတယ်။လူနာတွေ ပြောလေ့ရှိတဲ့စကားကတော့ အစာအိမ်ရောဂါရှိတယ်လို့ ပြောတတ်ကြပါတယ်။

✅တချို့အစားအစာတွေကို စားတာ၊တချို့အစားအစာတွေကို ရှောင်တာက အစာအိမ် ရောင်ရမ်းနာရဲ့ ဝေဒနာလက္ခဏာတွေ သက်သာဖို့ကူညီနိုင်ပါတယ်။

✅အစာအိမ် ရောင်ရမ်းနာက ရုတ်တရက် နာလာတာဖြစ်နိုင်သလို နာတာရှည်အနေနဲ့လည်း စွဲကပ်တတ်ပါတယ်။ရုတ်တရက် ဖြစ်တဲ့ အစာအိမ်နာက လက္ခဏာပိုမိုပြင်းထန်ကာပေါ်လာတတ်ပြီး နာတာရှည် အစာအိမ်နာက နာတဲ့အချိန် ပိုကြာတတ်ပါတယ်။ကွဲပြားခြားနားတဲ့ အစာအိမ်နာအမျိုးအစားတွေက မတူ ကွဲပြားခြားနားတဲ့ အရာတွေကြောင့်ဖြစ်ပေါ်လာရတာပါ။

✅အစာအိမ်နာဘာကြောင့် ဖြစ်ရလဲဆိုရင် အများအားဖြင့် ၉၀ရာခိုင်နှုန်းက H. pylori(အိပ်ချ်ပိုင်လိုရီ) ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးကြောင့်ပါ

✅အစာအိမ်နံရံကို ပျက်စီးစေတဲ့ တချို့အချက်တွေကတော့ အရက်သေစာ၊ဆေးလိပ်သောက်စားခြင်းနဲ့ တချို့ဆေးဝါးများသောက်နေရခြင်း၊အကိုက်အခဲပျောက်ဆေးများစွဲသောက်နေခြင်း၊လောင်စားစေတဲ့ ပစ္စည်းများ မျိုချမိခြင်း၊ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း၊အထက်ဝမ်းဗိုက်နဲ့ ရင်ဘက်အောက်ပိုင်းတွင် ရေဒီယိုသတ္တိကြွကုသမှုခံယူရခြင်း၊အစာအိမ် အစိတ်အပိုင်ဖယ်ရှားခွဲစိတ်ထားခြင်း တို့ပဲ ဖြစ်ပါတယ်။

✅ကြီးကြီးမားမား နာဖျားမှု၊ထိခိုက်ဒဏ်ရာရမှုတွေ၊စိတ်ဖိစီးမှုတွေကြောင့်လည်း stress gastritis ကိုဖြစ်စေနိုင်ပါတယ်။ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာ ရတဲ့အခါ အစာအိမ်ဆီ သွေးစီးဆင်းမှုနည်းကာ အက်စစ်ဓာတ်တွေ ပိုထွက်ကာ အစာအိမ်နံရံကို ရောင်စေပါတယ်။

✅Autoimmune ရောဂါသမားတွေမှာလည်း gastritis တွေ့ရတတ်ပါတယ်။ကိုယ်ခံစွမ်းအားစနစ်ကအစာအိမ်နံရံကတစ်ရှူးကို ပြန်တိုက်ခိုက်နိုင်လို့ပါ။ အစာနဲ့ ဓာတ်မတည့်ခြင်​းကြောင့်လည်း အစာအိမ်နာဖြစ်တတ်ပါတယ်။

✅ရောဂါလက္ခဏာများ
- အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း။
- ဗိုက်နာ၊ဗိုက်အောင့်ခြင်း။
- ပျို့အန်ခြင်း၊ဗိုက်ပြည့်နေခြင်း။
- အစာစားပြီးတဲ့ အခါ ဝမ်းဗိုက် အပေါ်ပိုင်း က ပြည့်တင်းနေခြင်း
- ရင်ပူခြင်း။
- လည်ပင်းတစ်ဆို့ဆို့ဖြစ်ခြင်း။
- လေချဉ်တက်ခြင်း။
- အစားအသောက်ပျက်ခြင်း။
- ဝမ်းအမည်းတွေသွားခြင်း။

တချို့လူတွေမှာ အစာအိမ်နာရောဂါလက္ခဏာတွေက မပြင်းထန်ပါဘူး။ ကုသမှုခံယူပြီးတာနဲ့ သက်သာသွားတတ်ပါတယ်။တချို့လူတွေကျတော့ အစာအိမ်ရောင်တာကနေ အစာအိမ်အနာဖြစ်ကာ ကင်ဆာ ဖြစ်နိုင်ချေတောင်ရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာက အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။

✅အစာအိမ်နာ လူနာများ ရှောင်သင့်တဲ့ အစားအစာများ

၁။ကြော်လှော်ထားတဲ့ အမွှေးအကြိုင်ကဲ အနံ့ အရသာစူးကာ ပူစပ်တဲ့ အစားအစာများ။
၂။အဆီပါဝင်မှုများတဲ့ အစားအစာတွေကအစာအိမ် နံရံရောင်ရမ်းခြင်းကိုပိုမိုဆိုးဝါးစေနိုင်ပါတယ်။
၃။အရက်၊ဆေးလိပ်
၄။ကော်ဖီ
၅။ခရမ်းချဉ်သီး၊သံပုရာသီး၊လီမွန်၊ စပျစ်သီး၊နာနတ်သီး၊ရှောက်သီး ၊ချဉ်သောသစ်သီးများ
၆။ဆီကြော်မုန့်များ၊အစားအစာများ
၇။အသင့်သောက် အချိုရည်များ
၈။အပူအစပ်များ
၉။ချောကလက်
၁၀။ကဖင်းဓာတ်ပါတဲ့အချိုရည်များ

✅အစာအိမ်နာသမားများအတွက် စားသင့်တဲ့ အစားအစာများ

၁။ဖိုင်ဘာ(အမျင်ဓာတ်)ပါဝင်မှုမြင့်မားတဲ့အစားအစာများ
အစေ့များ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ
၂။အဆီပါဝင်မှုနည်းတဲ့ အစားအစာများ ငါး၊ဟင်းသီးဟင်းရွက်များ၊ပဲအမျိုးမျိုး
၃။ကဖင်းဓာတ် မပါတဲ့ အချိုရည်များ
၄။ non-carbonated drinks များ
၅။နွားနို့၊ဒိန်ချဉ်ဟင်းသီးဟင်းရွက်ဆီ၊ပန်းသီး၊ဖရဲသီး၊ငှက်ပျောသီး၊မုန်လာဥနီ၊ဟင်းနုနွယ်၊အဆီပါဝင်မှုနည်းတဲ့အသားများ၊သဘာဝသစ်သီးဖျော်ရည်များ။

✅တချို့လေ့လာမှုတွေအရ ပရိုဘိုင်အိုတစ်တွေက Helicobacter pylori.ပိုးကြောင့် ဖြစ်တဲ့ အစာအိမ်နာရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။Probiotics ဆိုတာ သက်ရှိ microorganism လေးတွေဖြစ်ပြီး ခန္ဓာကိုယ်ရဲ့အစာခြေစနစ်ကိုပိုကောင်းစေပြီး ကိုယ်ခံအားလည်းမြင့်တက်စေတဲ့ အကျိုးပြုbacteria လေးတွေဖြစ်ပါတယ်။ ချဉ်ဖတ်၊ကီဖာ၊ဒိန်ချဉ်တွေမှာ ပရိုဘိုင်အိုတစ်ပေါကြွယ်ဝစွာပါဝင်ပါတယ်။

✅ရောဂါရှာဖွေခြင်း

အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း
သွေးစစ်ခြင်း
H Pylori ပိုးစစ်ခြင်း
တို့မှတဆင့် အစာအိမ် ရောင်မရောင် အတည်ပြုနိုင်ပါတယ်။

✅ကုသခြင်း

အစာအိမ်ရောင်နာတာရဲ့ ၉၀% က
H. pyloriဆိုတဲ့ ပိုးကြောင့်မို့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်ပြကာ စမ်းသပ်စစ်ဆေးပြီး လိုအပ်ရင် ပိုးသတ်ဆေး သောက်ရပါမယ်။ အစာအိမ်ဆေးတွေသောက်ရပါမယ်။ ဆရာဝန်ညွှန်ကြားသလို နေထိုင်ရပါမယ်။


Crd to ဟမ်စိုင်း(ဆေး-မန်း)

Address

Madaya

Website

Alerts

Be the first to know and let us send you an email when M-Pharma ဆေးနှင့်ဆေးပစ္စည်းမျိုးစုံရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram