ချမ်းမြေ့မေတ္တာ ဆေးခန်းနှင့်ဆေးဆိုင် - Chan Myae Myittar Clinic & Pharmacy

  • Home
  • Myanmar
  • Magway
  • ချမ်းမြေ့မေတ္တာ ဆေးခန်းနှင့်ဆေးဆိုင် - Chan Myae Myittar Clinic & Pharmacy

ချမ်းမြေ့မေတ္တာ ဆေးခန်းနှင့်ဆေးဆိုင် - Chan Myae Myittar Clinic & Pharmacy � အကောင်းဆုံး အရည်အသွေး

� အမှန်ကန်ဆ? သင့်တင့်သောစျေးနှုန်း
ပြည့်၀သောအရည်အသွေးဖြင့်
၀န်ဆောင်မှုပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း

💉 ရာသီတုပ်ကွေးကာကွယ်ဆေးကိုထိုးနှံနိုင်ပါပြီ💉 Influenza Tetra vaccine (ရာသီ‌တုပ်ကွေးကာကွယ်ဆေး) ✅ရာသီတုပ်ကွေးကာကွယ်ဆေးဟာ အ...
16/05/2025

💉 ရာသီတုပ်ကွေးကာကွယ်ဆေးကိုထိုးနှံနိုင်ပါပြီ💉 Influenza Tetra vaccine (ရာသီ‌တုပ်ကွေးကာကွယ်ဆေး)

✅ရာသီတုပ်ကွေးကာကွယ်ဆေးဟာ အနည်းဆုံးတစ်နှစ်တစ်ကြိမ် ထိုးရန်လိုအပ်သောဆေးဖြစ်ပါသည်။
✅ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးဖြစ်ခြင်း၊ ရာသီတုပ်ကွေး၏ပြင်းထန်သော နောက်ဆက်တွဲရောဂါများဖြစ်ခြင်းကို ကာကွယ်နိုင်ပါသည်။
✅လူတိုင်း၊ လူတိုင်း တုပ်ကွေးကာကွယ်ဆေးထိုးဖို့လိုအပ်ပါသည်။ အထူးသဖြင့်
- ကလေးသူငယ်များ
- သက်ကြီးရွယ်အိုများ
- နာတာရှည်ရောဂါ ခံစားနေရသူများနှင့်
- အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားလျော့နည်းနေသောသူများတွင်ပို၍လိုအပ်ပါသည်။

✅ကျွန်မတို့ရဲ့ ချမ်းမြေ့မေတ္တာဆေးခန်းတွင် Myanmar FDAအသိအမှတ်ပြု တုပ်ကွေးကာကွယ်ဆေး Influvac Tetra ကိုထိုးနှံနိုင်ပါသည်။

✅ Influvac Tetra သည်
Influenza A virus - H1N1 နှင့် H3N2 အပြင် Influenza B virus - Austria နှင့် Phuket strain တို့ကိုကာကွယ်ပေးနိုင်သည့် Abbott Company မှဖြန့်ချီသည့် (4)မျိုးစပ်တုပ်ကွေးကာကွယ်ဆေးဖြစ်ပါသည်။

#လူသားအားလုံးကျန်းမာဖို့_တုပ်ကွေးကာကွယ်ဆေးထိုးနှံကြပါစို့✊

ဆက်သွယ်စုံစမ်းရန်....
ချမ်းမြေ့မေတ္တာဆေးခန်း
သုခလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်
သိင်္ဂါဂီရိရပ်ကွက်
မကွေးမြို့
☎️0943009267
09264786815
Page messenger တွင်လည်း စုံစမ်းနိုင်ပါသည်။

ဆေးခန်းမှာ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးလို့ရပါပြီရှင့် ♥️♥️♥️
10/05/2025

ဆေးခန်းမှာ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးလို့ရပါပြီရှင့် ♥️♥️♥️

10/05/2025

ရာသီတုပ်ကွေးကာကွယ်ဆေး (ကျန်းမာရေးအသိပညာပေးဆောင်းပါး)

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၁၆ ရက်)

မိဘဖြစ်လာကြတဲ့အခါ မိဘအဖြစ်ပခုံးလွှဲယူလိုက်ကြတဲ့အခါ သားသမီးအ‌ပေါ်မှာ မေတ္တာတရားယိုဖိတ် စိတ်နဲ့ ကလေးကိုကျန်းကျန်းမာမာရှိစေဖို့ ကြံဆောင်ပြုမူကြတာ ဓမ္မတာပါပဲ။

အခုလို ဆောင်းအကုန် နွေအကူး တပို့တွဲ တပေါင်းအချိန်မှာကတည်းက မိဘတွေ အမေးများကြတာ ကလေးများအတွက် တုပ်ကွေးကာကွယ်ဆေး အကြောင်းပဲ ဖြစ်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေး မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဆယ်စုနှစ်တစ်စု ကာလသာ ရှိပါ သေးတယ်။ တစ်နှစ်တစ်ခါ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးရမယ်ဆိုတဲ့ အသိပညာကို ကလေးမိဘ တွေထံမှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်နေကြတာမို့ သည်အရာသည်ပင် ပညာနှင့်ယှဉ်သော မေတ္တာပင် မဟုတ်ပါလား။

#ရာသီတုပ်ကွေးကာကွယ်ဆေး (Influenza vaccines)

ရာသီတုပ်ကွေးဗိုင်းရပ်စ်ကြောင့် မုတ်သုံရာသီအကူးအပြောင်းမှာ ဖျားနာတတ်ကြပါတယ်။ တုပ်ကွေး ဗိုင်းရပ်စ်များက ရာသီအလိုက် မျိုးကွဲပြောင်းလဲခြင်း အလွယ်တကူဖြစ်နိုင်တာမို့ တစ်နှစ်လျှင် တစ်ကြိမ် နှစ်ကြိမ် ရာသီတုပ်ကွေးကာကွယ်ဆေး အသစ် အသစ်တွေ ပေါ်လာရတာပဲဖြစ်ပါတယ်။

ယခုသုံးနေသည့်ကာကွယ်ဆေးက လက်ရှိရာသီမှာ ဖြစ်နေတဲ့ တုပ်ကွေး ဗိုင်းရပ်စ်များကို ကာကွယ် နိုင်မှာဖြစ်ပေမယ့် နောက်ရာသီမှာ ဖြစ်လာမယ့် တုပ်ကွေး ဗိုင်းရပ်စ်များကို ထိရောက်စွာ ကာကွယ် ပေးနိုင်မှာလား ဆိုတာကတော့ မကျိန်းသေပါ။ နောက်နှစ်အတွက် ကာကွယ်ဆေးကို ထပ်ပြီးထိုးနှံနေမှ စိတ်ချရမှာ ဖြစ်ပါတယ်။

ဒါကြောင့် နောက်ဆုံးထွက်ထားတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကသာ အမြင့်မားဆုံးကာကွယ်မှုကို ပေးနိုင်မှာဖြစ်ပါတယ်။

#ဘယ်သူတွေထိုးနှံထားသင့်သလဲ

တုပ်ကွေးရောဂါကူးစက်လွယ်သော အသက် ခြောက်လအထက်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေ မဖြစ်မနေထိုးနှံ ထားသင့်တဲ့ ဆေးဖြစ်ပါတယ်။

တုပ်ကွေးရောဂါကာကွယ်ဆေးမှာ ဓာတ်မတည့်ခြင်းကြုံရတယ်ဆိုတာ အလွန်ပဲ ရှားလှသလို အန္တရာယ်လည်း နည်းပါးပါတယ်။ အပ်ထိုးစိုက်ရာ ကာကွယ်ဆေးထိုးနှံတဲ့ နေရာတစ်ဝိုက်မှာတော့ နီရဲရောင်ရမ်းခြင်းကို ကြုံရလေ့ရှိပါတယ်။ ဆေးထိုးအပြီးမှာ ဖျားချင်သလိုလို ကြွက်သားများ နာကျင်ကိုက်ခဲသလိုလို ပင်ပန်းနုံးချိနေသလိုလိုကိုလည်း ကြုံတွေ့ခံစားရနိုင်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံထားသူတွေမှာ တုပ်ကွေးရောဂါကူးစက်ခံရခြင်း မရှိသလောက် နည်းပါးပါတယ်။ အကယ်၍ တုပ်ကွေးကူးစက်ခဲ့သော်လည်း နာဖျားချိန် တိုပြီး တုပ်ကွေးရောဂါ နောက်ဆက်တွဲဆိုးကျိုးများ ‌ဖြစ်နိုင်ချေ လျော့နည်းပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (World Health Organization -WHO) က အသက် ၅၀ နှင့် အထက် လူကြီးတွေ၊ ပန်းနာရင်ကြပ်နှင့် နာတာရှည်အဆုတ်ရောဂါရှိသူတွေ ၊ နာတာရှည် နှလုံးရောဂါရှိသူတွေ၊ အသည်းရောဂါခံစားနေရသူတွေ၊ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နေသူတွေ၊ ဘေလုံးခွဲစိတ် ဖယ်ထုတ်ထားရသူတွေနဲ့ ဘေလုံးအလုပ်မလုပ်သူတွေ၊ ကိုယ်ခံအားကျဆင်းအားနည်းနေသူတွေ၊ သက်ကြီးစောင့်ရှောက်ရေးဂေဟာတွင်နေထိုင်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ အသက်ခြောက်လအရွယ်မှ ၁၈ နှစ် အရွယ်ရှိ ကလေးသူငယ်တွေနဲ့ မြီးကောင်ပေါက် လူငယ်တွေ၊ သွေးကျဲ‌ဆေးသောက်သုံးမှီဝဲနေရသူတွေ၊ ခန္ဓာကိုယ်အညွှန်းကိန်း BMI 40 နှင့် အထက် များနေတဲ့ အဝလွန်နေသူတွေဟာ တုပ်ကွေးကာကွယ်ဆေးထိုးထားသင့်တယ်လို့ အကြံပြုထားပါတယ်။

ကမန်တော်ကတော့ မိမိတို့ရဲ့ရင်သွေးငယ်တွေကို ကျန်းမာ‌စေချင်တဲ့ စေတနာနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးဖို့ ကြိုးစားအားထုတ်ကြတဲ့ မိဘတွေရဲ့ ကျန်းမာရေးဗဟုသုတရှိမှုအပေါ် တလေးတစား အသိအမှတ် ပြုပါတယ်။

အသက်‌ခြောက်လကနေ အသက်ရှစ်နှစ်အတွင်း ကလေးငယ်များကို တုပ်ကွေးကာကွယ် ဆေးထိုးနှံ မည်ဆိုပါက နှစ်ကြိမ်တိတိထိုးနှံရပါမယ်။ ပထမအကြိမ်ဆေးထိုးပြီး လေးပတ်အကြာမှာတော့ တူညီတဲ့ ဆေးအမျိုးအစားကို ဒုတိယအကြိမ်ထပ်မံထိုးရပါမယ်။

အဲ့ဒီလို ထိုးထားပြီး ရှေ့လာမယ့် နှစ်တွေမှာ တုပ်ကွေးကာကွယ်‌ဆေးကို ထပ်မံ ထိုးနှံမည်ဆိုပါက တစ်နှစ်တစ်ကြိမ်သာ ထိုးဖို့လိုအပ်ပါတယ်။

အသက်ကိုးနှစ်ကျော်ပြီးသူတွေကတော့ တစ်နှစ်တစ်ကြိမ်သာ တုပ်ကွေးကာကွယ်‌ဆေးထိုးဖို့ လိုအပ် တာမို့ မိမိတို့ရဲ့ ကလေးငယ်တိုင်းကို တုပ်ကွေးကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံခြားကနေ တင်သွင်းတဲ့ တုပ်ကွေးကာကွယ်ဆေးတွေ ဆေးဝါး ဈေးကွက်ထဲမှာ ရှိပါတယ်။ အဲ့ဒီဆေးတွေကို အပူချိန်ထိန်းချုပ်ပြီး အအေးခန်းအတွင်း ဆေးဝါးအာနိသင် မပျက်စီး ရအောင် သိုလှောင်ထိန်းသိမ်းရပါမယ်။

မကြာခင် တပေါင်း တန်ခူးကို ရောက်ရှိတော့မှာဖြစ်ပြီး ကလေးငယ်တွေနဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးသင့်ကြောင်း ဖော်ပြထားခံရသူများလည်း မိုးဦးမကျခင် ရာသီအကူးအပြောင်း အတွင်း ပြင်ဆင် ထိုးနှံထားသင့်ကြောင်း တိုက်တွန်းပါရစေ။

နောက်တစ်ပတ်မှာတော့ အစာအိမ်ကင်ဆာ အကြောင်းအရာများကို စုံစုံလင်လင် ဖော်ပြတင်ဆက် ပေးသွားမှာဖြစ်ပြီး ဧရာဝတီတိုင်းမ် မီဒီယာရဲ့ စာဖတ်ပရိသတ်များအားလုံး နာဖျားခြင်းမှကင်းဝေးပြီး ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာရေးဆောင်းပါး #ရာသီတုပ်ကွေးကာကွယ်ဆေး

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)

15/03/2025

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးအကျိုးဆက်များ မဖြစ်ပေါ်ရေးအတွက် အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

12.3.202513.3.2025ဆေးခန်း (၂)ရက်ပိတ်ပါတယ်ရှင့် ❤️
11/03/2025

12.3.2025
13.3.2025
ဆေးခန်း (၂)ရက်
ပိတ်ပါတယ်ရှင့် ❤️

✔️ဂျောက်ဂျက်ရှိလားလို့ အမေးခံရတဲ့ ဂြိုလ်သားလေး 😁ချမ်းမြေ့မေတ္တာဆေးခန်းဗိုလ်ချုပ်လမ်းနှင့်သုခလမ်းထောင့် သိင်္ဂါရပ် မကွေးမ...
02/03/2025

✔️ဂျောက်ဂျက်ရှိလားလို့
အမေးခံရတဲ့ ဂြိုလ်သားလေး 😁

ချမ်းမြေ့မေတ္တာဆေးခန်း
ဗိုလ်ချုပ်လမ်းနှင့်သုခလမ်းထောင့်
သိင်္ဂါရပ်
မကွေးမြို့

ဆေးခန်းက အနောက်လှည့်ဆိုတော့ နေပူတဲ့အချိန်ဆို စောင့်နေရတဲ့ လူနာနဲ့ လူနာစောင့်တွေကို အရမ်းအားနာရပါတယ် 🙏🙏🙏အပူသက်သာ‌‌ စေဖို့...
02/03/2025

ဆေးခန်းက အနောက်လှည့်ဆိုတော့
နေပူတဲ့အချိန်ဆို စောင့်နေရတဲ့ လူနာနဲ့ လူနာစောင့်တွေကို
အရမ်းအားနာရပါတယ် 🙏🙏🙏

အပူသက်သာ‌‌ စေဖို့
ဝါးယင်းလိပ်လေးတွေဆင်လိုက်ပြန်တော့
ဆေးခန်းပိတ်တယ် ထင်ကြပြန်ရော 💓

ပုံမှန်ချိန်အတိုင်း
မနက် 8နာရီ မှ 12နာရီ
ညနေ 5နာရီမှ 8နာရီ
ဖွင့်ပါတယ်ရှင့် ❤️❤️❤️❤️

ကျန်းမာပျော်ရွှင်ကြပါစေနော်

ချမ်းမြေ့မေတ္တာဆေးခန်း
သုခလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်
သိင်္ဂါရပ်ကွက်
မကွေးမြို့ ။

28/12/2024

္တရာယ် 🚨
~~~~~~~~~~~~~~~~
*အခုရက်ပိုင်း ဗိုင်းရပ်စ်အသစ်တွေ ပြန်နှံ့ပြီး
အလွန်ကူးစက်လွယ်တဲ့ ရောဂါအကြောင်း သတိပြုရှောင်ရှားနိုင်အောင်
ဒီနေ့ ဝေမျှပေးလိုက်ရပါတယ်ရှင်။

*ဗိုင်းရပ်စ်အမျိုးအစားဖြစ်တာကြောင့်
ရာသီအကူးအပြောင်းတုပ်ကွေးရောဂါလိုဘဲ
#ဆင်တူလက္ခဏာတွေ ပြတတ်ပါတယ်။
◇◇◇◇◇◆◇◇◇◇◇
-ခေါင်းကိုက်ခြင်း
-နှာချေခြင်း၊ နှာစေးခြင်း
-လည်ချောင်းနာခြင်း
-အဖျားကြီးခြင်း
-ချမ်းတုန်ခြင်း
-ကိုယ်လက်မသယ်ချင်နှုန်းခြင်း
-ကြွက်သားများ နာကျဥ်ကိုက်ခဲခြင်းတို့အပြင်
-ပျို့အန်ခြင်း
-ဝမ်းဗိုက်အောင့်ခြင်းနှင့်
-ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
ထူးထူးခြားခြားတွဲဖြစ်တယ်ဆိုရင်
Norovirus ကူးစက်ခံနေရနိုင်ပါတယ်။

-*ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး #၂ရက်အတွင်း အထက်ပါလက္ခဏာတွေ စပြလာပြီး
* #၃ရက်ကနေ တစ်ပတ်လောက်ထိ ခံစားရနိုင်ပါတယ်။
*ရောဂါပိုးကူးစက်ခံရသူ မိမိတို့ အိမ်သားထဲမှာရှိတယ်ဆို နောက် #၂ပတ်အထိ လူနာမှတဆင့်
အနီးအနားကလူများကို ထပ်မံကူးစက်နိုင်ပါတယ်။

#ဘယ်လိုကူးစက်နိုင်လဲ ❓
~~~~~~~~~~~~~~~~~
-လေထဲကတဆင့် နှာချေ၊ ချောင်းဆိုးရင်းလည်း
ကူးစက်နိုင်သလို

-လက်ကနေတဆင့် ပါးစပ်နှင့် နှာခေါင်းကို
ကိုင်မိရင်းလည်း ကူးစက်နိုင်ပါတယ်။

-မသန့်ရှင်းသော အစားအစားများစားမိခြင်း

-အပေါ့အလေးသွားပြီးတိုင်း လက်မဆေးမိခြင်း

-ယင်နားစာ၊ အပြင်စာများစားမိခြင်း

-အသားစိမ်း၊ ငါးစိမ်းနှင့် ပင်လယ်စာများ စားမိခြင်း အစရှိသဖြင့်

-အစာမသန့်၊ ရေမသန့်၊ လက်မသန့်၊ အိမ်သာမသန့် အားလုံးမှတဆင့် ကူးစက်ပြန့်ပွားလွယ်ပါတယ်။

#ဘယ်လိုကုသလို့ရနိုင်လဲ ❓
~~~~~~~~~~~~~~~~~~
-ဗိုင်းရပ်စ်ပိုးကြောင့်ဘဲ ဖြစ်တာကြောင့် ပိုးသတ်ဆေးတိတိကျကျ သောက်လို့ ကုလို့ ရတာမျိုးမရှိပါဘူး။

-အဖျားကျဆေးသောက်ခြင်း

-ရေဓာတ်ပြည့်ဝအောင် ဓာတ်ဆားရည်သောက်ခြင်း

-အစာပျော့ပျော့စားပေးခြင်း

-အိပ်ရေးဝအောင်အိပ်ခြင်း

-ကိုယ်ခံအားကောင်းအောင်ပြုမူနေထိုင်ခြင်း

-ဇင့်နှင့် ဗိုက်တာမင်စီ၊ folic acid များ
ပြန်သောက်ပေးခြင်း

-လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးကြောခြင်း

-လူထူထပ်သည့်နေရာများနှင့် ခရီးသွားခြင်းများခေတ္တခဏ ​ရှောင်ထားခြင်း

-အစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်တဲ့အခါ အထူးသန့်ရှင်းအောင်ဂရုစိုက်ခြင်း

-အသားစိမ်း၊ ငါးစိမ်းများနှင့် မကျက်တကျက်
အစား​အသောက်များ ရှောင်ထားခြင်း

-အဝတ်အစား အိပ်ရာခင်းများ သေချာလျှော်ဖွတ်
နေပူလှန်းခြင်း

-ရေအိမ်များကို ပိုးသတ်ဆေးရည်ဆပ်ပြာများနှင့် သေချာဆေးကြောခြင်း

-အစာသန့်၊ ရေသန့်၊ လက်သန့်၊ အိမ်သာသန့် ဖြစ်ဖို့ ဂရုစိုက်လုပ်​ပေးဖို့ လိုအပ်ပါတယ်။

#ဘယ်သူတွေပိုဂရုစိုက်သင့်လဲ ❓
~~~~~~~~~~~~~~~~~~~~~~
-ကိုယ်ခံအားကျဆင်းနေသည့် ရောဂါအခံတစ်ခုခု
ရှိသူများ

-ကင်ဆာရောဂါရှင်များ

-အင်္ဂါအစားထိုးကုသမှုခံယူနေရသူများ

-ကျောက်ကပ်ဆေးနေရသူများ

-ကလေးငယ်နှင့် အသက်ကြီးသော လူကြီးများ
ရှိသည့်အိမ်များက အထူးဂရုစိုက်သင့်ပါတယ်။

*ဝမ်းပျက်ဝမ်းလျှောဖြစ်တာအရမ်းပြင်းထန်တယ်၊ သွေးဝမ်းသွားတာမျိုးပါ ဖြစ်တယ်ဆိုရင်တော့
*ရေဓာတ်ခမ်းခြောက်တာ အခြေအနေဆိုးလျှင် *အသက်အန္တရာယ်ဆိုးရိမ်ရတာကြောင့်
*ဓာတ်ဆားရည်ချိတ်တာ သွင်းတာတွေပါ
လိုအပ်လာနိုင်လို့
*ဆေးရုံဆေးခန်းသေချာသွားပြဖို့ ဝန်မလေးသင့်ပါဘူး။

*ဒီလောက်ဆိုရင် Norovirus ကူးစက်ခံရခြင်းမှ သတိပြုရှောင်ရှားနိုင်ပြီး စာဖတ်သူများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ်ရှင်။




17.12.2024

Lydia လေဒီယာ မိသားစုစီမံကိန်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးပေးသည့်အစီအစဉ် ကျင်းပခြင်း #ချမ်းမြေ့မေတ္တာဆေးခန်း
22/11/2024

Lydia လေဒီယာ မိသားစုစီမံကိန်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးပေးသည့်အစီအစဉ် ကျင်းပခြင်း
#ချမ်းမြေ့မေတ္တာဆေးခန်း


ဆီးချို သွေးချို ရောဂါရှင်များအတွက် အစားအစာလမ်းညွှန်လေးများကို ထပ်ဆင့်မျှဝေလိုက်ပါတယ်ရှင် ❤️ကျန်းမာခြင်းသုခနှင့် ပြည့်စု...
14/11/2024

ဆီးချို သွေးချို ရောဂါရှင်များအတွက်
အစားအစာလမ်းညွှန်လေးများကို
ထပ်ဆင့်မျှဝေလိုက်ပါတယ်ရှင် ❤️
ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေ ❤️

ချမ်းမြေ့မေတ္တာဆေးခန်းတွင် အထွေထွေရောဂါများအား ကူညီစောင့်ရှောက်မှုပေးလျက်ရှိပါတယ်ရှင်

ချမ်းမြေ့မေတ္တာ ဆေးခန်းနှင့်ဆေးဆိုင် - Chan Myae Myittar Clinic & Pharmacy
0943009267
ဗိုလ်ချုပ်လမ်းနှင့် သုခလမ်းထောင့်
သိင်္ဂါဂီရိရပ်
မကွေးမြို့။


ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day)ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ ...
14/11/2024

ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day)

ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day) ကို နှစ်စဉ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကမ္ဘာတဝှမ်း ကျင်းပကြပါသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့သည် အင်ဆူလင်ကို စတင်ရှာဖွေတွေ့ရှိသူ Sir Frederick Grant Banting ၏ မွေးနေ့ဖြစ်ပါသည်။

ယခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “ Diabetes and Well-being " “ အားလုံးသက်ရှည် ကျန်းမာဖို့၊ ဆီးချိုရောဂါ ကာကွယ်ထိန်းသိမ်းလို့၊ ပူးပေါင်းလက်တွဲ ဆောင်ရွက်စို့ " ဟူ၍ဖြစ်သည်။

ဆီးချိုသွေးချိုရောဂါရှိသူ ၆၃% ခန့်သည် ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်မှာကို စိုးရိမ်ပူပန်နေတတ်ပြီး ၂၈% ခန့်သည်လည်း ရောဂါအခြေအနေကို အကောင်းမြင်နိုင်ဖို့ ခက်ခဲနေတတ်ပါသည်။ ထို့ကြောင့် ဆီးချိုသွေးချိုရောဂါရှိသူ အများစုသည် ခန္ဓာကိုယ်သာမက စိတ်ဖိစီးမှုကိုပါ ခံစားနေရပါသည်။ သို့ပါ၍ မိသားစုဝင်များ၊ ဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် စောင့်ရှောက်ကုသမှုပေးသော ကျန်းမာရေးအဖွဲ့အစည်းများက ပူးပေါင်း၍ ဝိုင်းဝန်းကူညီဖေးမပေးရန် လိုပါသည်။

ဆီးချိုသွေးချိုရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်များနေသော နာတာရှည်ရောဂါ ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ၏ သန်း ၄၂၀ ခန့်သည် ဆီးချိုသွေးချိုရောဂါကို ခံစားနေကြရပြီး ၁.၅ သန်းခန့်သည် ဆီးချိုသွေးချိုရောဂါကြောင့် နှစ်စဉ် သေဆုံးလျက်ရှိနေပါသည်။

ဆီးချိုသွေးချိုရောဂါသည် မျက်စိအမြင်‌ဝေဝါးခြင်း၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အနာကျက်နှေးခြင်း အစရှိသည့် ဆိုးရွားသော နောက်ဆက်တွဲဆိုးကျိုးများကိုပါ ဖြစ်ပေါ်စေနိုင်ပါသည်။ ဆီးချိုသွေးချိုရောဂါ ရှိနေသူများသည် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြသခြင်းဖြင့် နောက်ဆက်တွဲ ရောဂါဆိုးကျိုးများမှ လျော့ချပေးနိုင်မည်ဖြစ်သည်။

ဆီးချိုသွေးချိုရောဂါ ကုသရာတွင်လည်း ဆေးဝါးတခုတည်းဖြင့် သာမက ကျန်းမာစေသော ဘဝနေထိုင်မှု ပုံစံများကိုပါ လိုက်နာနေထိုင်ရပါမည်။ သွေးတွင်းသကြားဓါတ် ပုံမှန်ထိန်းနိုင်/ မနိုင်ခြင်းကို အိမ်တွင် သွေးတွင်းသကြားဓါတ် ပုံမှန်စစ်ခြင်းဖြင့် သိရှိနိုင်ပါသည်။

ယခုခေတ်တွင် သွေးချိုဓာတ်ကို တကိုယ်ရေသုံး သွေးချိုတိုင်းကိရိယာဖြင့် အိမ်၌ပင် အလွယ်တကူ တိုင်းယူနိုင်ပြီ ဖြစ်ပါသည်။ သွေးချိုတိုင်းကိရိယာ Caresens-N ကို Korea နိုင်ငံ i-Sens ကုမ္ပဏီကြီးမှ အဆင့်မြင့် နည်းပညာများဖြင့် ထုတ်လုပ်ထားပါသည်။

Credit

🌟🌟🌟မကွေးမြို့မှ မိဘပြည်သူများအတွက် အထူးအခွင့်အရေး 🌟🌟🌟"ချမ်းမြေ့မေတ္တာ “ ဆေးခန်းနှင့် Lydia company တို့ ပူးပေါင်း၍ဒုတိယအ...
14/11/2024

🌟🌟🌟မကွေးမြို့မှ မိဘပြည်သူများအတွက် အထူးအခွင့်အရေး 🌟🌟🌟

"ချမ်းမြေ့မေတ္တာ “ ဆေးခန်းနှင့် Lydia company တို့ ပူးပေါင်း၍
ဒုတိယအကြိမ်မြောက်

✅ ( ၄ ) နှစ်ခံ လက်မောင်းထည့် သားဆက်ခြားပစ္စည်း ( lydia implanex ll ) ကို ( ၅ ) ယောက် အခမဲ့ ထည့်ပေးသွားပါမည်။

✅၃လခံသန္ဓေတားဆေးထိုးဆေးကိုလည်း (၂၀)ယောက် အခမဲ့ ထိုးပေးမည်ဖြစ်ပါသည်။

လူဦးရေ ကန့်သတ်ထားပါသဖြင့်အမှန်တကယ်လိုအပ်ပါက အမြန်ဆုံး စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်။

စာရင်းပေးသွင်းရန် ဖုန်း - 0943009267/09264786815 or page messenger cb

ချမ်းမြေ့မေတ္တာ ဆေးခန်းနှင့်ဆေးဆိုင် - Chan Myae Myittar Clinic & Pharmacy
👉 သုခလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်
သိင်္ဂါဂီရိရပ် မကွေးမြို့။

Address

Magway Township, Magway Division
Magway

Opening Hours

Monday 08:00 - 12:00
16:00 - 20:00
Tuesday 08:00 - 12:00
16:00 - 20:00
Wednesday 08:00 - 12:00
16:00 - 20:00
Thursday 08:00 - 12:00
16:00 - 20:00
Friday 08:00 - 12:00
16:00 - 20:00
Saturday 08:00 - 12:00
16:00 - 20:00
Sunday 08:00 - 12:00
16:00 - 20:00

Telephone

+95943009267

Website

Alerts

Be the first to know and let us send you an email when ချမ်းမြေ့မေတ္တာ ဆေးခန်းနှင့်ဆေးဆိုင် - Chan Myae Myittar Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram