ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာ By MTA

  • Home
  • Myanmar
  • Magway
  • ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာ By MTA

ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာ By MTA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာ By MTA, Medical supply store, Magway.

ခါးနာလို့ခါးနာလို့ ဆိုပြီးငြိမ်ငြိမ်လေးနေရင် မကောင်းဘူးနော်😵😵ခန္ဓာကိုယ်ကိုသက်သက်သာသာနဲ့လုပ်လို့ရမဲ့လေ့ကျင့်ခန်းလေးတွေတင်...
14/01/2023

ခါးနာလို့ခါးနာလို့ ဆိုပြီးငြိမ်ငြိမ်လေးနေရင် မကောင်းဘူးနော်😵😵

ခန္ဓာကိုယ်ကိုသက်သက်သာသာနဲ့လုပ်လို့ရမဲ့လေ့ကျင့်ခန်းလေးတွေတင်ပေးလိုက်ပါတယ်😘

ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်ကိုယ့်လူကြီးမိဘတွေ
အထောက်အပံ့လေးမှရရ လိုက်လုပ်ကြည့်ပါ😍

crd

 #မလိုအပ်ဘဲဓာတုအဆိပ်အတောက်တွေခန္ဓာကိုယ်ထဲထည့်နေတာတွေရပ်ချိန်တန်ပြီ  ❗❗ကိုက်ခဲညောင်းညာ နာကျင်လာတိုင်း  #အကိုက်ခဲပျောက်ဆေး...
14/01/2023

#မလိုအပ်ဘဲဓာတုအဆိပ်အတောက်တွေခန္ဓာကိုယ်ထဲထည့်နေတာတွေရပ်ချိန်တန်ပြီ ❗❗

ကိုက်ခဲညောင်းညာ နာကျင်လာတိုင်း #အကိုက်ခဲပျောက်ဆေး တွေပဲ အားကိုးလွန်မိမယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲဝေဒနာဆိုးကြီးတွေကို ဖိတ်ခေါ်ရာကျသွားပါမယ် ။ အကိုက်ခဲပျောက်ဆေးကို လိုတာထက်ပိုသောက်မိလာတဲ့ခါ ‌အစာအိမ်သွေးကြောပေါက်ခြင်း ၊ အသည်းပျက်စီးခြင်း ၊ ကျောက်ကပ်ထိခိုက်ခြင်း စတဲ့ နောက်ဆက်တွဲတွေခံစားလာနိုင်ပါတယ် ။

တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ ဆေးထိုး ၊ဆေးသောက်လို side effects မရှိတဲ့အပြင် လွယ်ကူရိုးရှင်းပြီး ခံစားရဝေဒနာတွေကို အိမ်တွင်းထဲပဲ သက်သာမှုရယူနိုင်နေပါပြီဆိုတာ သိပါသလား ❓

✅ ဖွင့် ၊ ဖောက် ၊ ကပ်ရုံနဲ့ ဝေဒနာကို သက်သာမှုပေးမဲ့ #ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ နဲ့

✅ ဖွင့် ၊ ဖောက် ၊လိမ်းရုံနဲ့ ခံစားရဝေဒနာကို မိနစ်ပိုင်းတွင်းသိသာမှုပေးတဲ့ #ဟန်နုမာန်တိုင်းရင်းလိမ်းဆေး တွေဖြစ်ပါတယ်

မသုံးဖူးသေးဘူးဆိုရင်တော့ အမြန်သုံးကြည့်ဖို့လိုအပ်နေပါပြီနော် မဟုတ်ရင်တော့ ကိုယ်ချစ်ရသူတွေနဲ့ သက်ရှည်စွာ မနေရဘဲ နေလိမ့်မယ်နော် 🥰

ကိုယ်ချစ်သောသူတွေနဲ့ သက်ရှည်ကျန်းမာစွာနေထိုင်သွားဖို့ရာ ဓာတုအဆိပ်အတောက်ကင်းတဲ့ #ဟန်နုမာန်တိုင်းရင်းဆေးကို အစားထိုးမှီဝဲနိုင်ပါပြီရှင်



🙏ချစ်ရတဲ့     အတွက်အထူးကျေးဇူးတုန့်ပြန်တဲ့   လာပီ😍Buy 5 Get 1 Box FreeBuy 10 Get 2 Boxes FreeBuy 50 Get 10 Boxes FreeBuy...
14/01/2023

🙏ချစ်ရတဲ့ အတွက်
အထူးကျေးဇူးတုန့်ပြန်တဲ့ လာပီ😍

Buy 5 Get 1 Box Free
Buy 10 Get 2 Boxes Free
Buy 50 Get 10 Boxes Free
Buy 100 Get 20 Boxes Free
Buy 300 Get 60 Boxes Free
Buy 500 Get 100 Boxes Free
Buy 1000 Get 200 Boxes Free
Buy 3000 Get 600 Boxes Free
Buy 5000 Get 1000 Boxes Free
Buy 10000 Get 2000 Boxes Free 🔥🔥🔥

စိတ်ကြိုက်မှာယူပီး Free အကြိုက်ယူလိုက်တော့နော်😘
2023နှစ်သစ် 1လပိုင်းလကုန်တဲ့ထိပဲအခွင့်အရေးရမယ်နော်

တစ်ခါမှမရှိဖူးတဲ့ 🎁နှင့်နှစ်သစ်မှာ ကျန်းမာချမ်းသာကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်🙏




"အကျိုးများလှတဲ့ ဆန်ဆေးရည်''********************************ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတ...
19/10/2022

"အကျိုးများလှတဲ့ ဆန်ဆေးရည်''
*******************************

*ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ တရက်ကပဲ တနင်္ဂနွေကျန်းမာရေးအမေးအဖြေ အစီအစဉ်တခုမှာ ဆန်ဆေးရေနဲ့ပက်သတ်ပြီး မေးထားတာရ်ှလို့ ရေးဖို့ဖြစ်လာတယ်။ ဆန်ဆေးရေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒဆေးကျမ်း၊တရုတ်ဆေးကျမ်းတွေမှာလည်း ဆန်ဆေးရေရဲ့ အာနိသင်တွေရေးထားတာရှိပါတယ်။ အသားအရေလှတာ၊ ဝက်ခြံပျောက်ကင်းတာ၊ ဆံသားကို နက်မှောင်သန်စွမ်းစေတာ စသည်ဖြင့် အမျိုးမျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်။

*ဆံသားနဲ့ပက်သတ်ပြောရရင် Huangluo ရွာ တရုတ်မျိုးနွယ်စု တစုဖြစ်တဲ့ Yao လူမျိုးစုတွေကို ချန်ထားလို့မရပါ။ အဆိုပါ မျိုးနွယိစုဝင်တွေရဲ့ ပျမ်းမျှဆံပင်အရှည်ဟာ ၆ပေ နီးပါးရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတောင် ထည့်သွင်းဖော်ပြခံရပါတယ်။ ထူးခြားချက်က အသက် ၈၀ကျော်တဲ့ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး။အဲလိုဆံသားတွေ နက်မှောင်သန်စွမ်းခြင်းရဲ့ နောက်ကွယ်အကြောင်းရာကို လေ့လာကြည့်တော့ ဆန်ဆေးရေကြောင့် ဖြစ်ပါသတဲ့။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေနဲ့လျှော်တဲ့အတွက် ဆံသားတွေ သန်စွမ်းနေရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

*ဆန်ဆေးရေမှာ ပါဝင်တာတွေ လေ့လာကြည့်တဲ့အခါ အာဟာရဓာတ်စုံတယ်။ vitamin C, vitamin A, vitamin E စတဲ့ သဘာဝအင်တီအောက်စီးဒင့်တွေပါသလို vitamin B1, B3, B5, B6 နဲ့folic acid စတာတွေ ပါလို့ အာဟာရဓာတ်စုံတယ်။ ဆန်ဆေးရေမှာပါတဲ့ phenolic နဲ့ flavonoid ဓာတ်တွေက အရေပြားအတွက်ကောင်းမွန်တယ်။ နောက်ပြီး အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ magnesium, selenium, iron, phosphorous, manganese စတာ တွေကြွယ်ဝစွာ ပါဝင်ပြန်တယ်။

လေ့လာမှုတွေအရ ဆန်ဆေးရေမှာပါတဲ့ inositol ဓာတ်က ဆံသားကို ပြန်လည်နက်မှောင်သန်စွမ်းစေတယ်။ inositolက ခေါင်းလျှော်ပြီးနောက်ပိုင်း ဆံသားထဲထိ ဝင်ရောက်ပြုပြင်နိုင်တယ်။ နောက်ပြီး ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးတယ်။ ဆံသားကို ထူထပ်စေတယ်။

*ဆန်ဆေးရေကို အာယုဗေဒဆေးနည်းအရ အရေပြား ရောင်ရမ်းနာတွေမှာ အသုံးပြုတယ်။ အစိုဓာတ်ထိန်းပေးတယ်။ အနာကျက်စေတယ်။ သွေးလည်ပတ်မှုအားကောင်းလို့ အမဲစက်တွေကို လျှော့ပါးသက်သာစေတယ်။ အရေပြားခြောက်သွေ့ရဟယားယံတဲ့အခါ သုံးနိုင်တယ်။ နှင်းခူနာနဲ့ ဝက်ခြံတွေမှာလည်း သုံးတယ်။ တချို့က နေလောင်တဲ့အခါ ဆန်ဆေးရေကို ခပ်ပါးပါးလိမ်းပေးခိုင်းတယ်။ မျက်နှာမှာလိမ်းရင် အရေးအကြောင်းကင်းစင်ပြီး အသားတင်းစေတယ်။ အသားဖြူစေတယ်။ အဝတ်တွေမှာလည်း ဒီတိုင်းပဲ။ ဆန်ဆေးရေနဲ့လျှော် မီးပူတိုက်ထားရင် တွန့်ခေါက်တာ သိပ်မရှိတော့ဘူး။

ဆန်ဆေးရည်ကို အချဉ်ဖောက်နိုင်ရင် ပိုကောင်းသေးတယ်။ အချဉ်ဖောက်တယ်ဆိုတာ အခန်းအပူချိန်မှာ နညိးနည်းချဉ်လာသည်ထိ ခပ်ကြာကြာထားလိုက်တာကို ဆိုလိုတာ။ အဲလိုထားလိုက်ခြင်းအားဖြင့် vitamin B, vitamin E, allantonin, ferullic acids, pitera ဓာတ်တွေပိုထွက်လာတယ်။ ဒီနောက်ပိုင်း အသားအရေတင်းရင်းတဲ့ ဆေးတွေမှာ piteraဓာတ်ကို အဓိကထားလာကြတယ်။ အာနိသင်က ဆဲလ်တွေကို ပြန်လည်နုပျိုစေတာ သိထားလို့ပါ။

*ဆန်ဆေးရေနဲ့ ပက်သတ်ပြီး အမျိုးမျိုးသုံးတယ်။ တချို့က မျက်နှာသစ်ကြတယ်။ ရေချိုးကြတယ်။ ခေါင်းလျှော်ကြတယ်။ ဆန်ဆေးရေက အသားအရည်ကို ကြည်လင်ဝင်းပစေတာ အမှန်ပဲ။ အသားလည်း ဖြူစေတယ်။ အရေးအကြောင်းကင်းစင်စေတာမို့ ငယ်ရုပ်ဆင်တယ်ဆိုရင် မမှားပါ။

ဝက်ခြံအဆီထွက်များသူတွေမှာ သုံးရင် မွှေးညှင်းပေါက်ကို ကျဉ်းမြောင်းစေတာမို့ ဝက်ခြံတွေ ပျောက်ကင်းနိုင်တယ်။ ဆန်ဆေးရည်ကို တချို့က ခေါင်းလျှော်ကြတယ်။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်က အကောင်းဆုံးဖြစ်တယ်။ ကစော်ဖောက်ခြင်းက အချဉ်ဓာတ်ကဲစေတယ်။ pH level ကျဆင်းလာတာမို့ ဆံပင်ရဲ့ ပုံမှန် pHနဲ့ သွားတူတယ်။ ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးလို့ ဆံပင်ထူစေပြီး ဆံသားတွေကို နက်မှောင်သန်စွမ်းစေတယ်။

ဆန်ဆေးရည်ပြုလုပ်ပုံ
*****************

(၁)ဆန်ကြမ်းကို ခွက်တဝက်စာယူပြီး ဇလုံတခုထဲထည့်ပါ။

(၂)ပြီးရင် ရေတစ်ခွက်ယူပြီး လောင်းထည့်ပါ။တစ်မိနစ်ထားပြီး မကောငိးတဲ့အညစ်အကြေးတွေပါတဲ့ အဆိုပါ ဆန်ဆေးရည် တွေကို သွန်ပစ်လိုက်ပါ။

(၃)အဆိုပါ ဆန်ထဲကို ဒုတိယအကြိမ် ရေနှစ်ခွက်စာလောင်းထည့်ပါ။(ဆန်နဲ့ရေ အချိုးအဆ ၁:၄ ဖြစ်သင့်တယ်)

(၄)အဆိုပါ ဆန်ဆေးရည်ကို အနည်ထိုင်အောင် ထားပါ။ ၁၀မိနစ်ခန့်ကြာရင် အောက်ခြေမမြင်ရအောင် နောက်လာလိမ့်မယ်။

(၅)ပြီးရင် ရေစစ်နဲ့စစ်ပြီး သန့်စင်တဲ့ ဆန်ဆေးရေကို စစ်ထုတ်ယူပါ။ ရလာတဲ့ဆန်ဆေးရည်ကို စတင်သုံးစွဲနိုင်ပြီဖြစိပါတယ်။

*ကစော်ဖောက်ချင်သေးတယ်ဆိုရင် အဆိုပါဆန်ဆေးရည်ကို အခန်းအပူချိန်မှာ ၂၄-၄၈နာရီ ထားရမှာ ဖြစ်ပါတယ်။ အပူချိန်မြင့်လေလေ ကစော်ဖောက်တဲ့အချိန် မြန်လေလေဖြစ်တယ်။ ပြီးရင် ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်ကို နည်းနည်း အပူပေးလိုက်ပါ။သုံးမိနစ်ခန့်အပူပေးပြီး အအေးခံလိုက်ရင် အသင့်သုံးစွဲနိုင်တဲ့ ဆန်ဆေးရည်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစော်ဖောက်ထားတဲ့ဆန်ဆေးရည်တွေက နည်းနည်းပြင်းတယ်။ အနံ့နံတယ်။ ဒါကြောင့် မသုံးခင် ရေတခွက်စာနဲ့ ရောပြီးမှ သုံးသင့်တယ်။

#မှတ်ချက်- ဆန်ဆေးရည်နေရာမှာ ထမင်းရည်ကိုလည်း အစားထိုးသုံးနိုင်တယ်။ ပွက်ခါစ ထမင်းရည်(သို့) ပွက်ပြီးသား ထမင်းရည် ကြိုက်နှစ်သက်ရာအသုံးပြုနိုင်တယ်။ သတိပြုရမှာက ထမင်းရည်ကို ရေနဲ့အရင်ရောပြီးမှ သုံးပါ။ ရေခဲသေတ္တာထဲမှာ ထားရင် တပတ်ထိ အထားခံတယ်။

သုံးစွဲပုံ
~~~~~

သန့်စင်တဲ့ ပိတ်ပါးစတခုကို ဆန်ဆေးရည်ထဲစိမ်ပါ။ အဆိုပါအဝတ်နဲ့ မျက်နှာကို အသာဖိသုတ်ပါ။အရေပြားထဲစိမ့်ဝင်သည်ထိ နှိပ်နယ်ပြီး ခြောက်သွေ့အောင်ထားပါ။ ၃-၅မိနစ်လောက် ထားသင့်တယ်။ မျက်နှာမှာ တင်းရင်းတဲ့ ခံစားမှုမျိုးရတဲ့အခါ မျက်နှာစသစ်လို့ ရပါပြီ။ ခေါင်းလျှော်တဲ့နေရာမှာသုံးရင် ဆံသားကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်တယ်လို့ဆိုတယ်။ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေက ဆံသားအတွက် အကောင်းဆုံးဖြစ်တယ်။

#ဆန်ဆေးရေကို
~~~~~~~~~~~

>>>မျက်နှာမှာ သုံးတဲ့အခါ မနက်(သို့)ညနေ နေ့စဉ်သုံးသင့်တယ်။

>>>ဆံသားအတွက် တပတ် ၁-၂ကြိမ် ခေါင်းလျှော်ပေးနိုင်တယ်။ တခါလျှော်ရင် ၅မိနစ်ခန့်ထားပါ။

*body scrub အနေနဲ့လည်း သုံးလို့ရတယ်။အရင်ဆုံး ဆန်လုံးကို အမှုန့်ဖြစ်အောင် ကြိတ်ပါ။ ပြီးရင် ရှောက်ရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ သံလွင်ဆီ နှစ်ဇွန်းကို ကြိတ်ထားတဲ့ ဆန်မှုန့်နဲ့ရောပြီး အရေပြားမှာ လိမ်းပါ။ ဒီနည်းအတိုင်း တပတ်တခါ(သို့)နှစ်ပတ် တခါ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမဲစက်ကင်းစင်ပြီး နူးညံ့စိုပြေတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

#သောက်တဲ့ကိစ္စ
~~~~~~~~~~

*အမေးများတဲ့ မေးခွန်းနောက်တခုက ဝိတ်ကျတယ်ဆိုတဲ့ ကိစ္စပါ။ ဝိတ်ကျဖို့ သောက်လို့ရတယ်ဆိုတာမျိုးကြားရပါတယ်။ အဲဒီအကြောင်းကလည်း ဂျာနယ်တခုမှာ ဆရာဝန်တယောက်က ဖြေထားတာကြောင့်ဖြစ်ပါတယ်။ တကယ်တော့ ဆရာဝန်ပြောတဲ့ အမေးအဖြေကို သေချာဖတ်ကြည့်ရင် သိသိသာသာဝိတ်ကျတယ်လို့ ပြောမထားပါ။ သူတကယ်ဝိတ်ကျခဲ့တာ အားကစားပြင်းပြင်းထန်ထန်လုပ်လို့ ဖြစ်ပါတယ်။

အစားအသောက်ထိန်းတာနဲ့ အားကစားကသာ အဓိကကျတယ်။ ဆန်ဆေးရေနဲ့မဆိုင်ပါ။ ဆန်ဆေးရေက တွန့်သွားတဲ့ အသားအရေကို ပြန်လည်တင်းရင်းစေပြီး နောက်ပိုင်း တက်လာမယ့် ဝိတ်ကို ထိန်းသွားနိုင်တယ်။ တက်လိုက်ကျလိုက် မဖြစ်တော့ဘူး၊ အဲဒါကို သူက အဓိက ပြောချင်တာပါ။ ဒါပေမယ့် မီဒီယာတွေက ခေါင်းစဉ်တပ်တော့ ဝိတ်ကျတယ်ဆိုပြီး ဖြစ်သွားတယ်။

*ဆန်ဆေးရေနဲ့ပက်သတ်ပြီး အသားရေအတွက်ကလွဲရင် ဝိတ်ကျဖို့သုံးတယိဆိုတာမျိုးမဖတ်ရပါ။

ဒါပေမယ့် ထမင်းရည် မနက်စောစောသောက်ရင် ဝိတ်ကျနိုင်တယ် ဆိုတာမျိုး တွေ့ရတယ်။ ထမင်းရည်တစ်ပန်းကန်က ကယ်လိုရီ(၁၀၀)လောက်သာပါဝင်လို့ကောင်းတယ်။ ရင်ပြည့်စေတယ်။ ဝမ်းမှန်စေတယ်။ ပုံမှန်စားသုံးမှုရဲ့ သုံးပုံတပုံသာရှိလို့ ဝိတ်ကျနိုင်တယ်။ ဒီလောက်ပဲ ဖတ်ရတယ်။ ဆန်ဆေးရေက ဝိတ်ကျတယ်လို့ မဖတ်ရပါ။

*နောက်တချက်က ဆန်ဆေးရေ သောက်တဲ့အခါ အများစိုးရိမ်သလို ပိုးသတ်ဆေး၊ဓာတုကင်းစင်မှုကိုလည်း သတိပြုသင့်တယ်။ ဒီဖက်ခေတ်ဆန်တွေကို ယုံရင် အမှားကြီး မှားလိမ့်မယ်။ ဆန်ကို တကြိမ်ဆေးကြောရုံနဲ့ ရောဂါပိုးမွှား၊ ဓာတုဆေးပစ္စည်းတွေ ကင်းစင်မယ် မဟုတ်သေးပါ။ ဒါကိုတော့ ဂရုစိုက်စေချင်တယ်။ ဆန်ဆေးရေကို ခန္ဓာကိုယ် ပြင်ပ အသားအရေအတွက် သုံးစွဲလို့ရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဝိတ်ကျဖို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် သောက်သုံးမယ်ဆိုရင် အထူးဂရုစိုက်သင့်တယ်။

Credit: ဒေါက်တာအေးမင်းထူး
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်

``ကျီးပေါင်းတက်ခြင်းအတွက်အကောင်းဆုံး မိဿလင်  ကြပ်ထုပ်´´ကျီးပေါင်းတက်ခြင်း အတွက် ကြပ်ထုပ်ထိုးလျှင် မိဿလင်ကြပ်ထုပ် သည် အသင...
14/08/2022

``ကျီးပေါင်းတက်ခြင်းအတွက်အကောင်းဆုံး မိဿလင် ကြပ်ထုပ်´´

ကျီးပေါင်းတက်ခြင်း အတွက် ကြပ်ထုပ်ထိုးလျှင် မိဿလင်ကြပ်ထုပ် သည် အသင့်တော်ဆုံးနှင့် အလွယ်ကူဆုံးဖြစ်ပြီး မိဿလင်ဟာ ကျီးပေါင်းနှင့် အလွန်သင့်တော်ပါတယ်။

ဆေးနည်း

၁။ မိဿလင်ဥ အခြောက်ကို ကျိတ်လိုက်လျှင် အဝါရောင် အမှုန့်များ ရသည်။

၂။ ၄င်းအမှုန့် ငါးကျပ်သားခန့်ကို အဝတ်နှစ်ထပ်ဖြင့် ကြပ်ထုပ် ပြုလုပ်ပါ။

၃။ ရေနွေးငွေ့ခံပြီး ခံနိုင်ရုံ အပူဖြင့် ကျီးပေါင်း ရှိရာသို့ ဖိထိုးပေးရမည်။ တစ်ကြိမ်ထိုးလျှင် ၁၅ မိနစ်ခန့် ထိုးပေးလျှင် လုံလောက်သည်။

၄။ တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ် ထိုးပေးလျှင် ပိုကောင်းသည်။

၅။ ကြပ်ထုပ်နှင့် ကျီးပေါင်းရောဂါကို ကုသလျှင် ရက်ရှည်ပြုလုပ် ရမည်။ တစ်လလျှင် ၁၄ ရက်ခန့်ထိ ကြပ်ထုပ်ထိုးပေး သင့်သည်။ တစ်လမှ သုံးလထိ စိတ်ရှည်ရှည် ထိုးပေးလျှင် ကျီးပေါင်းတက်ရောဂါ ပျောက်ကင်း သက်သာနိုင်သည်။

၆။ ခြေခေါက်လဲ ကျခြင်း၊ လက်ထောက် လဲကျခြင်းကြောင့် အဆစ်များ ရောင်ပြီး ခုံးတက်လာလျှင် မိဿလင်ဥ အစိုကို ထုထောင်းပြီး အုံစည်းပေးလျှင် ချက်ချင်းသက်သာ နိုင်ပါတယ်။

၇။ ထိခိုက် ဒဏ်ရာ နှင့် အကိုက်အခဲ အကြော ထုံးနာ တို့အတွက် မိဿလင်ဥ ကို ကြိတ်၍ ကြပ်စည်းလျှင် သက်သာစေနိုင်ပါတယ်။

၈။ အသက်ကြီးသောသူ များတွင် ဖြစ်ပေါ်တတ်သည့် ဒူးခေါင်းရောင်ခြင်း၊ အဆစ်အမျက် ရောင်ခြင်း၊ ခြေမျက်စိရောင်ခြင်း များအတွက် မိဿလင်မြစ်ဥ ကို ထုထောင်း၍ ကြပ်စည်း ပေးလျှင် ပျောက်ကင်းစေနိုင်ပါတယ်။

🔺လူအများသောက်တဲ့ {Betex} အကြောင်း================================✅Betex ဆိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထာ...
14/08/2022

🔺လူအများသောက်တဲ့ {Betex} အကြောင်း
================================

✅Betex ဆိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး တစ်မျိုးပါ

✅အာရုံခံဆဲလ်၊ နာ့ဖ်ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုပေါ် အကျိုးသက်ရောက်တယ်။

✅နာတာရှည် ထုံကျင်၊ ညောင်းညာကိုက်ခဲ၊

✅အကြောတင်းနေသူ၊ ထိတွေ့မှုအာရုံ နည်းပါးသူ၊

✅အသက်အရွယ်ကြီးသူတွေမှာ လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊ စစ်၊ တွဲကို အချိုးကျပေါင်းစပ်ထားတယ်

✅Neurobion အပြာကဒ်၊ Neurorubin, Neurovit ဆိုတဲ့ကဒ်တွေနဲ့ ပါဝင်တာ အတူတူပါပဲ

🚩ကွာခြားတာက စျေးနှုန်းနဲ့ ကဒ်ပျော့ဖြစ်နေတာလောက်ပါပဲ။

🚩မြန်မာနိုင်ငံက ဆရာဝန်အများစုက အသက်ကြီးသူအတွက် အာရုံကြောအားဆေးထည့်တဲ့အခါ

🚩Neurobion အပြာကဒ်(သို့) Betex ကို အသုံးပြုကြတယ်

🚩Betex က Neurobion ထက် သုံးဆမက စျေးပိုကြီးတယ်

🇹🇭 ထိုင်းနိုင်ငံ Favorexက ထုတ်လုပ်ထားတယ်


Betex ထဲမှာ ပါဝင်တာတွေက
————————————

Vitamin B1 (Thiamine Mononitrate) 100mg

Vitamin B6 (Pyridoxine) 200mg

Vitamin B12 (Cyanocobalamine) 200mcg
စတာတွေ ဖြစ်ပါတယ်။

- ဗီတာမင်ဘီရဲ့ အာနိသင်တွေက များတယ်

- သက်ရှိ ဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်

- ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်

- စားလိုက်တဲ့ ကာဗို ဟိုက်ဒရိတ် က စွမ်းအင် ထုတ်ရာ မှာ အဓိက အခန်း ကဏ္ဍက ပါဝင် ကူညီ ပေးနေတယ်

- မျိုးဗီဇ ဖွဲ့စည်း တည်ဆောက် ခြင်း ဖြစ်စဉ် မှာလည်း အရေးကြီးပြန်တယ်

- နာဖ့်ဆဲလ် တွေမှာရှိ တဲ့ Acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်

- အာရုံကြော နဲ့ ကြွက်သား လုပ်ဆောင်ချက် ကောင်းမွန်စေဖို့ ကူညီပေးတယ်

- နာ့ဖ်ကြောမျှင်၊ နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ (Myelin Sheath) တွေကို ပြန်လည်တည်ဆောက်ပေးတယ်၊ ပြုပြင်ပေးတယ်

- အရက်၊ ဆေးဝါး၊ ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ Mono And Polyneuropathics အာရုံကြော ရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ်

- အာရုံကြော အဖွဲ့အစည်းမှာ အရေးပါတဲ့ GABA၊Dopamine နဲ့ Serotonin ဓာတ်တွေဖွဲ့စည်းဖို့ လည်း ကူညီလုပ်ဆောင်ပေးတယ်

- ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူပေးတယ်


အသုံးဝင်ပုံ။
----------

- ခြေဖျား၊ လက်ဖျား ထုံကျဉ် ကိုက်ခဲခြင်း၊

- ပူစပ် ပူလောင် ဖြစ်ခြင်း၊

- အာရုံကြော ရောင်ရမ်းခြင်း၊

- အာရုံကြော အားနည်းခြင်း၊


ဗီတာမင်ဘီ လိုအပ်သူများ။
------------------------

- အရက်အလွန်အကျွံ သောက်သုံးသူ၊

- ဆီးချိုရောဂါသည်၊

- အသက်ကြီးရင့်သူ၊

- ဘီတာမင်ဘီ ချို့တဲ့သူ၊

- နာတာရှည် ရောဂါသည်၊


ဆေးညွှန်း။
----------

- တစ်ခါသောက် တစ်လုံး၊ တစ်နေ့ ၂-၃ ကြိမ် အစာစားပြီး သောက်ပါ

- ရေရှည်စွဲသောက်နိုင်ပါတယ်

- ဝါးစားတာ၊ အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျှော့ပါးစေမယ်

- ကိုယ်ဝန်ဆောင်တွေ တစ်န့ တစ်ကြိမ်(သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ်

- ပါဝင်တဲ့ ပမာဏဟာ လိုတာထက်ပိုများလို့ ကလေးတွေမှာ သတိထားတိုက်ကျွေးရမယ်

- အာရုံကြောဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်တယ်


ဘေးထွက်ဆိုးကျိုး။
-----------------

- ချွေးထွက် များတာ

- နှလုံးခုန် မြန်တာ

- ရင်တုန်တာ

- အရေပြား ယားယံတာ

- အင်ပြင် ထွက်တာ


- Vitamin B6 ပါတဲ့အားဆေးတွေကို L-Dopa ဆေးနဲ့ တွဲမသောက်သင့်ဘူး

- L-Dopa ရဲ့ အာနိသင် ယုတ်လျှော့စေမယ်

- ရေမှာ ပျော်ဝင်တာကြောင့် တော်ရုံများတာလောက်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ်


မေးသူအတွက် ဖြေကြားချက်
--------------------------

- ခေါင်းမူး၊ ခေါင်းကိုက်ကို သက်သာစေတာတော့ မဟုတ်ပါ

- ဇက်ကျော၊ ဂုတ်ကျောတက်သူများကို ပေးလေ့ရှိတယ်

- ထုံကျဉ်တဲ့ဝေဒနာတွေကို အဓိကသက်သာစေတယ်

- အထူးသဖြင့် အာရုံကြော ရောင်ရမ်းတယ်လို့ ယူဆတဲ့အခါမျိုးမှာပေါ့

- အကိုက်အခဲပျောက်ဆေး မဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့ အစာအိမ် မထိခိုက်စေပါ

- အသက်အရွယ်မရွေး သောက်သုံးနိုင်တယ်

- စွဲသောက်တဲ့အတွက်လည်း ပြဿနာမရှိပါ

(Michael Bilမှ ရေးသားတင်ပြသည်)
(Matu Health Information ပေ့ချ်မှ ကူးယူဖော်ပြပါသည်)



 #ညောင်းညာကိုက်ခဲခြင်းနဲ့ အကိုက်အခဲပျောက်ဆေးတွေ 💊❗ကိုယ်သတိမထားမိတဲ့အချိန်မှာ ဘယ်လောက်တောင်သောက်မိနေပြီလဲ‼️ #ခန္ဓာကိုယ်ကိ...
12/08/2022

#ညောင်းညာကိုက်ခဲခြင်းနဲ့ အကိုက်အခဲပျောက်ဆေးတွေ 💊❗ကိုယ်သတိမထားမိတဲ့အချိန်မှာ ဘယ်လောက်တောင်သောက်မိနေပြီလဲ‼️

#ခန္ဓာကိုယ်ကိုက်ခဲနာကျင်မှုဟာ တခဏ ဖြစ်ပွားလေ့ရှိတာမဟုတ်ဘဲ ရက်မှလ
လမှနှစ်အထိ #နာတာရှည်လာတတ်တာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။

လူတွေမှာ တူညီကြတဲ့အချက်တစ်ခုက ဖြစ်လာပြီဆိုရင် #အကိုက်အခဲပျောက်ဆေးတွေကို #အလွယ်တကူပဲအားကိုးလာတတ်ကြပါတယ်။

ညောင်းညာကိုက်ခဲတာလေးလောက်တော့ #အကိုက်အခဲပျောက်ဆေးသောက်ရင်
လန်းတယ်ဆိုပြီး အလွယ်တကူပဲတွေးပြီး မိမိသဘောနဲ့မိမိ သောက်ပစ်လိုက်ကြတာတွေအများကြီးပါ။

#အကိုက်အခဲပျောက်ဆေးရဲ့ ဆိုးကျိုးကို #ဘာမှန်းမသိဘဲ တစွတ်စွတ်သောက်နေကြတယ်။ ပြောမယုံကြုံဖူးမှသိ အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတန်ခိုးကြောင့် #နောက်ဆက်တွဲရောဂါတွေ ခံစားကြရတဲ့ သူတွေလည်း သာဓကတွေအများကြီးရှိပါတယ်။

တော်ရုံညောင်းညာတာလောက်တော့ #ဆေးသောက်စရာမလိုဘဲ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ပေးလို့ရပါတယ်။

ကိုယ်ကာယကုထုံးတွေဖြစ်တဲ့ #နှိပ်နှယ်ပေးတာ #သွေးလည်ပတ်စနစ်ကောင်းအောင် လှုပ်ရှားနေထိုင်တာတွေ ပြုလုပ်ပေးလို့ရပါတယ်။

နှိပ်နှယ်ခြင်းအတွက်ဆိုရင် ရိုးရိုးအဆီထက် #သဘာဝတိုင်းရင်းဆေး‌ဆီဖြစ်တဲ့
massage body oilဖြင့် ခန္ဓာကိုယ်ပေါ် ပုံမှန်နှိပ်နှယ်ပေးခြင်းဖြင့် -

⚜ညောင်းညာကိုက်ခဲနာကျင်မှုကိုသက်သာစေခြင်း
⚜ခန္ဓာကိုယ်နုံးပြီးမအီမသာဖြစ်ခြင်းကိုသက်သာစေခြင်း
⚜မာကြောတောင့်တင်း သို့ ယောင်ရမ်းတဲ့ကြွက်သားအကြောကိုဖြေလျှော့ပေးခြင်း
⚜စိတ်ညစ်ခြင်း စိတ်ဖီစီးခြင်းကိုလျှော့ပါးစေခြင်း
⚜နှစ်ခြိုက်စွာ အိပ်မပျော်မှုကိုကူညီပေးခြင်း
စသည့် အကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်❗

ညအိပ်ယာဝင်ခါနီးအချိန်မှာလည်း ကပ်ခွာလေးကပ်ပေးခြင်းအားဖြင့်

⚜ခန္ဓာကိုယ်သွေးလည်ပတ်မှုစနစ်ကောင်းမွန်စေခြင်း
⚜ညောင်းညာကိုက်ခဲတာသက်သာစေ၍
⚜နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်ရှင့် ။

Hanuman Foot Patch Myanmar - တိုင်းရင်းဆေးကပ်ခွါ




ဒီ အပင် ရှိရင် ပေးကြပါ ဗျာဆေးဖက်၀င် နတ်ဆေးပင်မဟာကာကြံဆစ်နွယ်မြက်သစ်ပင် ဆေးဖက်၀င်သည် ဟူသောစကားအရ မြန်မာ့ဆေးပင်အစွမ်း အံမခ...
09/08/2022

ဒီ အပင် ရှိရင် ပေးကြပါ ဗျာ

ဆေးဖက်၀င် နတ်ဆေးပင်
မဟာကာကြံဆစ်

နွယ်မြက်သစ်ပင် ဆေးဖက်၀င်သည် ဟူသောစကားအရ မြန်မာ့ဆေးပင်အစွမ်း အံမခန်း များစွာထဲမှ ဆေးပင်တမျိုးနှင့် မိတ်ဆက်ပေးရလျှင်မဟာကာ ကြံဆစ်ဟုခေါ်သော နဂါးမြီးရွက် နှင့် မိတ်ဆက်ပေးပါရစေ။

မဟာကာကြံဆစ် ဟုခေါ်သော ထိုဆေးပင်ဧ။် အရွက်များသည် ခပ်ရှည်ရှည်ဖြစ်၍ အကြောအစင်းများရှိသည်။ ရိုးတံတွင် အဆစ်ကလေး များပါရှိပြီး ထိုအဆစ်များမှ အရွက်ထွက်ပေါ်ကာ အရွက်ဧ။် အလယ် သို့မဟုတ် အောက်ခြေစွန်းစွန်းတွင် အမည်းစက် ကလေးများ ရှိတတ်သည်။ အပွင့်မှာ သေးသေးနှင့် ဖြူဖြူ ရှိပြီး အသီးမှာ အနက်ရောင်ရှိ၍ ခပ်သေးသေးဖြစ်သည်။ ချုံနွယ်ပင် တမျိုးဖြစ်ပြီး စိုစွတ်သော နေရာတွင် ပေါက်ရောက်ခါ နေရာအနှံ့အပြားတွင် တွေ့ရှိရပါသည်။


မိတ်ဆွေတို့တွင် လေးဘက်နာ ရောဂါများ ၊ ခြေဆစ် ၊လက်ဆစ် များ နာကျင် ကိုက်ခဲသော ရောဂါများခံစားကြုံတွေ့ နေရပါက မဟာကြံဆစ် အရွက်ကို ထုထောင်းခါ အရည်ညစ်၍ လိမ်းကျံစေပြီး အဖတ်များကို အုံထားပေး၍ ပျောက်ကင်းစေပါသည်။အကောင်းဆုံးက အိပ်ယာ၀င်ခါနီးတွင် အ၀တ်ဖြင့် စည်းပေးပါက ပို၍ကောင်းပါသည်။ အဖတ်များ ခြောက်သွားသည်နှင့် ကိုက်ခဲနေသော ဒဏ်ရာများယူပစ်သလို ပျောက်ကင်းချမ်းသာ စေပါသည်။ထို့အပြင် ဒူးနာ၍ လမ်းမလျှောက် နိုင်ဖြစ်နေ ပါကလည်း အရွက်အရိုးတို့ကို ထုထောင်း၍ အ၀တ်ဖြင့် စည်းနှောင်၍ အုံထားပေးလျှင် သက်သာပျောက် ကင်းပါသည်။

ထို့နောက် ရင်ကျပ်ခြင်း ၊ ချောင်းဆိုးခြင်း ၊ စသော အဆုတ်ရောဂါများ ကိုလည်းကောင်း ၊ ကျောက်ကပ်ရောဂါ ၊ အသားဝါရောဂါ ၊ အသည်းရောဂါ ၊ဆီးချုပ်ခြင်း ၊ ဆီးကျင်ခြင်း ၊ ဆီးနည်းခြင်း ၊ ဆီးဝါခြင်း၊ စသော ဆီးနှင့်ပတ်သတ်သော ရောဂါများကို လည်းကောင်း ၊ ၀မ်းကိုက်ခြင်း ၊ ၀မ်းလျှောခြင်း စသော ၀မ်းရောဂါများကို လည်းကောင်း ၊ အသည်းကြောင့် ခန္ဓာကိုယ် ဖောရောင်ခြင်း ကိုလည်းကောင်း ခံစားနေရပါက မဟာကာ ကြံဆစ် ရွက်များကို ပြုတ်၍ သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။ တချို့က သကြားထည့်၍ သောက်သုံးပါသည် ။ တချို့က ၄င်းအရွက်များကို အခြောက်လှန်းထားကာ ရေနွေးထဲတွင် လက်ဖက်ခြောက်အစား ၄င်းအရွက်ခြောက်များကို ထည့်၍သောက် ကြပါသည်။ တချို့က ထိုအရွက်အား သုတ်စားတတ် ကြပါသေးသည်။

အနာများ ဖြစ်ကြသော အနာစိမ်း ၊ ယားနာ ၊ ခူနာ နှင့် ထိခိုက်ဒဏ်ရာ အနာမှန်သမျှ ရှိပါက ထို မဟာကာ ကြံဆစ်ဧ။် အရွက်ကို ထုထောင်း၍ ထိုအနာပေါ်တွင် အုံပေးထားပါက ပြည်ပေါက်၍ အသားနု တက်လာကာ အနာအမြန်ပျောက်ကင်း ကြောင်း တွေ့ရပါသည်။ ယောင်ယမ်းကာ ပြည်တည်၍ ခွဲထုတ်ပစ်ရမည့် အနာများကို ၄င်းအရွက် အုံပေးထားခြင်းဖြင့် ပျောက်ကင်းစေပါသည်။

ထို့အပြင် ငါးအရိုးစူးခြင်း ၊ ကင်းကိုက်ခြင်း ၊ ခြင်ကိုက်ခြင်း ၊ ပျားတုတ်ခြင်း ၊ ပုရွက်ဆိတ် နီကိုက်ခြင်း၊ ခွေးကိုက်ခြင်း ၊ သံစူးခြင်း ၊ ဓားရှခြင်း ၊ကဲ့သို့သော ထိခိုက်ရှနာများနှင့် အဆိပ်ဖြစ် စေတတ်သော ဒဏ်ရာမှန် သမျှကိုလည်း ထိုမဟာကာ ကြံဆစ်အရွက်ကို အရည်ညစ်၍ လိမ်းပေးလျှင်အမြန်ပျောက်ကင်း သွားပါသည်။ ငါးအရိုးစူးခြင်းတွင် ငါးကျီးငါးဧ။် အရိုးစူးမိပါက ပေါ့ဆလျှင် အသက်အန္တရယ်ပင် ကြုံတွေ့ရ တတ်ပါသည်။ ထိုငါးကျီးရိုး စုးမိပါက စူးမိသော နေရာသို့ မဟာကာ ကြံဆစ်ရွက်အရည်ကို သုတ်လိမ်းပေးပါက မိနစ်ပိုင်း အတွင်း လုံး၀ ပျောက်ကင်းပါသည်။

ဆီပူလောင်ခြင်း ၊ ရေနွေးပူလောင်ခြင်း ၊ စသော အပူလောင်ခြင်း အမျိုးမျိုးကိုလည်း အရွက်ကို ထုထောင်း၍ သုတ်လိမ်းပေးပါက အမာရွတ်ပင်မထင်တော့ဘဲ အမြန်ပျောက်ကင်း သွားတတ်ပါသည်။ သွားကိုက် ၊ နားကိုက် များဖြစ်လျှင်လည်း မဟာကြံဆစ် အရွက်အ၇ည်ကို ညစ်ထည့်၍ အဖတ်ကို ကိုက်နေသော နေရာ၌ ငုံထား အုံထားပေးလျှင် ပျောက်ကင်း ပါသေးသည်။

ထိုမဟာကာ ကြံဆစ်အရွက်ပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် မောပန်းမှု နှင့် နာကျင်မှု ဝေဒနာများ ပျောက်ကင်းကာ ယခင်ကထက် ကိုယ်ခန္ဓာ ပေါ့ပါး သွက်လက်လာသော လက်တွေ့အကျိုးထူး ရရှိစေပါသည်။ ထိုသို့သော ရောဂါမှန်သမျှကို အမြန်ပျောက်ကင်းသော မဟာကာ ကြံဆစ် ဆေးပင်ကို
ဒေသအလိုက် ဆိပ်ဖြေပင်
မြွေမင်းပင် မြွေဟောက်ပါးပျဉ်းပင်
နဂါးမြီး ဟု အမျိုးမျိုးခေါ်ဆိုကြပြီး တချို့ကလည်း နတ်ဆေးပင် ဟု ခေါ်ဆိုကြပါသည်။
မှတ်စု

Credit တိုင်းရင်းဆေး ဆွေးနွေးခန်း

🌠 #ဆေးဖက်ဝင်ရှောက်ဘီလူး🌠 အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူးရှောက်ဘီလူးက ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရ...
08/08/2022

🌠 #ဆေးဖက်ဝင်ရှောက်ဘီလူး🌠

အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး
ရှောက်ဘီလူးက ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပေမယ့်ဆေးဖက်ဝင်တာတော့အမှန်ပါ။ အရုပ်ဆိုးတယ်ဆိုတဲ့ရှောက်ဘီလူးသီးလေးက ဘယ်လိုဆေးဖက်ဝင်တာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ကြမယ်လေ။

ရှောက်ဘီလူးသီးဆိုတာ
သံပုရာသီးအရွယ်အစားလောက်ပဲရှိပြီး အခွံကတော့ သံပုရာသီးလို လုံးချောလေးမဟုတ်ဘဲ ဖုတွေ ထစ်တွေနဲ့ပေါ့။ အချဉ်အရသာရှိပြီး အတွင်းကတော့ သံပုရာသီးနဲ့ ခပ်ဆင်ဆင်ပါ။ အခွံကိုလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးလို့ရပါတယ်။ အထူးသဖြင့် ထိုင်းအစားအစာတွေထဲမာ ထည့်သုံးကြတာများပါတယ်။မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ တုန်ယမ်းဟင်းရည်ထဲမှာ အမွှေးအကြိုင်အတွက်ရှောက်ဘီလူးသီး အခွံကို ထည့်သုံးကြပါတယ်။

ရှောက်ဘီလူးသီးကနေရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ
ရှောက်ဘီလူးသီး စားသုံးမှုက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

#ခံတွင်းကျန်းမာစေနိုင်တယ်
အသီးကို စားပေးရင်ဖြစ်ဖြစ် ထက်ခြမ်းခြမ်းပြီး သွားတွေ၊ သွားဖုံးတွေပေါ်မှာ ပွတ်တိုက်ပေးရင်ဖြစ်ဖြစ် ခံတွင်းကို ကျန်းမာစေပြီး သွားဖုံးနဲ့ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သွားတိုက်ဆေးနဲ့အတူရောပြီးတော့လည်း သုံးပေးလို့ရပါတယ်။

#သွေးသန့်စေနိုင်တယ်
သွေးနဲ့ပတ်သက်တဲ့ရောဂါတွေ။ နာတာရှည်သွေးရောဂါတွေခံစားနေရတဲ့ သူတွေနဲ့အထူးသင့်တော်ပါတယ်။သွေးထဲမှာရှိတဲ့pathogensတွေကိုဖယ်ရှားပေးပြီးသွေးသန့်စေနိုင်ပါတယ်။ အသည်းနဲ့ ခန္ဓာကိုယ်တွင်းထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

#အစာခြေစနစ်ကျန်းမာစေနိုင်တယ်
ရှောက်ဘီလူးသီးမှာပါတဲ့ ဒြပ်ပေါင်းတွေကနာကျင်ရောင်ရမ်းမှုကိုလျော့ကျစေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာ၊ အစာမကြေတာ၊ အစာအိမ်အနာဖြစ်တာ၊ အူမကြီးကင်ဆာ လိပ်ခေါင်းရောဂါရှိသူတွေနဲ့ သင့်တော်ပါတယ်။

#အင်းဆက်တွေကိုနှိမ်နှင်းနိုင်တယ်
အင်းဆက်တွေကို နှိမ်နှင်းပေးနိုင်တ့ အာနိသင်ရှိပြီး အင်းဆက်တွေကြောင့်ဖြစ်တဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။ အရေပြားမှာ အင်းဆက်ကိုက်ခံရတာတွေအတွက်လည်းရှောက်ဘီလူးသီးကို သုံးပေးလို့ရပါတယ်။

#အသားအရေအတွက်ကောင်းကျိုးပြုတယ်
ရှောက်ဘီလူးသီးအရည်ကို အလှကုန်ပစ္စည်းတွေနဲ့ တွဲသုံးပေးတာက အသားအရေကို ကြည်ပါတယ်။ အရေပြားကို ကျန်းမာလှပစေမယ့် သဘာဝဆေးတစ်မျိုးပါ။

#နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တယ်
အရိုးအဆစ်နာကျင်ရောင်ရမ်းမှု၊ ဂေါက်ရောဂါအပါအဝင် အရိုးအဆစ်ရောင်ရမ်းနာကျင်မှုတွေအတွက် အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ခေါင်းကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။

#စိတ်ဖိစီးမှုကိုသက်သာစေနိုင်တယ်
စိတ်ဖိစီးမှုနဲ့ အာရုံကြောပြဿနာအမျိုးမျိုးအတွက်လည်း ရှောက်ဘီလူးသီးက အစွမ်းထက်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါရှောက်ဘီလူးသီးကို ရှူပေးပါ။ စိတ်ပူပန်မှုသက်သာစေဖို့အတွက်လည်း ရှောက်ဘီလူးသီးကို ရှူပေးလို့ရပါတယ်။

#ကိုယ်ခံအားကောင်းစေနိုင်တယ်
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်စေနိုင်ပါတယ်။ အသားအရေကနေစလို့ ကိုယ်တွင်း အင်္ဂါတွေအထိ ကျန်းမာစေနိုင်ပါတယ်။

#ဆံသားကျန်းမာစေနိုင်တယ်
ရှောက်ဘီလူးသီးရဲ့ အရည်ကရော အရွက်ကပါ ဆံသားနဲ့ ဦးရေပြားကို ကျန်းမာစေနိုင်ပါတယ်။ ဦးရေပြားကို အစိုဓာတ် ထိန်းပေးနိုင်ပြီး ဗောက်မထအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆံသားကို အရောင်တောက်စေနိုင်ပြီး လှပနေစေမှာပါ။

Credit to original uploader
သဘာဝဖြည့်စွက်အစာ

ရုံးပတီသီးစားပြီးလျှင် ခန္ဓာကိုယ်တွင်းမှာ ဘာတွေ ဘာဖြစ်မလဲ ရုံးပတီသီးဟာ လူတိုင်းသိတဲ့အတိုင်း ကျန်းမာရေးကောင်းကျိုးတွေ အမျ...
04/08/2022

ရုံးပတီသီးစားပြီးလျှင် ခန္ဓာကိုယ်တွင်းမှာ ဘာတွေ ဘာဖြစ်မလဲ

ရုံးပတီသီးဟာ လူတိုင်းသိတဲ့အတိုင်း ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိတဲ့အသီးအနှံ တစ်မျိုးပါ။

သူ့ကို ပုံမှန်စားသုံးခြင်းဖြင့် သင့်ရဲ့ခန္ဓာကိုယ်တွင်းမှာ ပြောင်းလဲမှုတွေများစွာကို ပြုလုပ်သွားနိုင်ပါတယ်။ သင်ဟာရုံးပတီသီးစားသုံးရတာကို ကြိုက်လျှင်တော့ အောက်ဖော်ပြပါ အချက်တွေကိုကြည့်ပြီး ဆက်လက်စားသုံးပါ။

မကြိုက်တဲ့သူတွေကတော့ အချက်တွေကို သေချာပြန်ဖတ်ပြီး စားသင့်၊မစားသင့်ကို ပြန်လည်ဆုံးဖြတ်ကြည့်ပါနော်။

၁။ရုံးပတီသီးဟာ အမျှင်ဓါတ် အလွန်ကြွယ်ဝစွာ ပါဝင်ပြီး သူ့ရဲ့ဓါတ်တွေဟာ ခန္ဓာကိုယ်တွင်း ကောင်းစွာ စုပ်ယူပြီး ပြုပြင်ပြောင်လဲမှုများ လုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့်အစာခြေစနစ်အတွက် အထူး အကျိုးကျေးဇူးများ ပေးစွမ်းပါတယ်။

၂။ဆီးချိုသမားများအတွက်လည်း Glucose level ကို ထိန်းချုပ်ပေးပါတယ်။ သူ့မှာပါဝင်တဲ့ဓါတ်က သွေးတွင်းသကြားဓါတ်ကို လိုတာထက် ပိုမများအောင် ထိန်းချုပ်ပေးပါတယ်။

ရုံးပတီသီးဟာ ဆီးချိုသမားများအတွက် နတ်ဆေးဆရာ တစ်ပါးပါပဲ။

၃။ဖောလစ်အက်ဆစ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ရုံးပတီသီးဟာ ကိုယ်ဝန်ဆောင်များ စားသုံးသင့်တဲ့ အရာထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ မွေးဖွားမှုတွေ ၊

သားအိမ်တွင်းရှိ သန္ဓေသား ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုတွေမဖြစ်အောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။

၄။ရုံးပတီသီးမှာပါဝင်တဲ့ ဗီတာမင် K နှင့် ဖောလစ်အက်ဆစ်က အရိုးကို သန်မာအောင် အားပေးပြီး အရိုးပွခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အရိုး၏

သိပ်သည်းဆကိုလည်း ကောင်းမွန်စေပါတယ်။

၅။ဗီတာမင် C နှင့် အခြားရောဂါ ကာကွယ်လျော့ပေါ့ပေးနိုင်တဲ့ စွမ်းရည်များကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတ်တွေမှ ကာကွယ်ပေးပါတယ်။ဒါ့အပြင် လေ့လာတွေ့ရှိမှုတွေအရ

ပန်းနာရင်ကြပ်သမားတွေကို အထူးသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

၆။ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓါတ်က ရေဓါတ်ကို မဆုံးရှုံးအောင် ထိန်းသိမ်းပေးနိုင်သလို ချွဲကျိကျိဖြစ်စေတဲ့ အရာက အစာခြေစနစ်နှင့် ဆိုင်သော ကိုယ်တွင်းအစိတ်အပိုင်းကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဝမ်းချုပ်တတ်သူများအတွက် သဘာဝ ဝမ်းနှုတ်ပေးနိုင်တဲ့ စားစရာတစ်ခုဆိုလည်း မမှားပါဘူး။

၇။အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အူနှင့်ပတ်သက်သော ရောဂါဘယများမှ နည်းပါစေသည့်အပြင် အူလမ်းကြောင်းကိုလည်း သန့်စင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၈။ရုံးပတီသီးမှာ ကယ်လိုရီ လုံးဝမပါဝင်သော်လည်း သင့်ကို ဗိုက်ပြည့်နေသလို ခံစားရစေပါတယ်။ ဒါကြောင့် အလွန်အကျွံ အစားအသောက် မစားမိအောင် ထိန်းပေးပြီးသင့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို မပိုစေတော့ပါဘူး။

၉။ခန္ဓာကိုယ်တွင်းရှိ မကောင်းသော ကိုလက်စထရောများကိုလည်း လျော့ကျစေပါတယ်။

၁၀။မကောင်းသော ကိုလက်စထရောများ မရှိခြင်းကြောင့် အဆိပ်အတောက်ကင်းကာ အသားအရေကို ကြည်လင်စေပါတယ်။

၁၁။ရုံးပတီသီးစားသုံးခြင်းက ဆံသားကို ပျော့ပြောင်းစေသည့်အပြင် ဦးရေပြားကို ကျန်းမာစေကာ ဗောက်များကိုလည်း ကင်းစင်စေပါတယ်။

၁၂။ရောဂါပိုးတွေ မဝင်နိုင်အောင် ၊ ကင်ဆာဆဲလ်တွေ ဖြစ်မလာအောင်လည်း တိုက်ထုတ်ပေးနိုင်လို့ ကိုယ်ခံအားကောင်းကာ ကျန်းမာစေပါတယ်။

၁၃။ပရိုတိန်းဓါတ်ကြွယ်ဝလို့ သက်သက်လွတ်သမားတွေအတွက်လည်း အဆင်ပြေစေပါတယ်။

၁၄။သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေတဲ့ အသီးအနှံ ဖြစ်ပါတယ်။

Credit :CHAN✍🏻
#ဗဟုသု_တ_ကျေး_ရွာ💗🍀

🌿ဝါးမီးသွေး🌸ဆေးကပ်ခွါ မှာပါဝင်တဲ့ ဝါးမီးသွေးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ💥ဝါးမီးသွေးကို ရေသန့်စင်တဲ့ နေရာ မှာ အသုံးပြု...
04/08/2022

🌿ဝါးမီးသွေး

🌸ဆေးကပ်ခွါ မှာပါဝင်တဲ့ ဝါးမီးသွေးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ💥

ဝါးမီးသွေးကို ရေသန့်စင်တဲ့ နေရာ မှာ အသုံးပြုတယ်

ဝါးမီးသွေးကိုရေစစ်အဖြစ် သုံးမယ်ဆို

🤎အဆုတ်ရောဂါတွေ အတွက် အရမ်းသင့်တော်တယ်

💛ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကောင်းစေတယ်

💛ခန္ဓာကိုယ် အတွင်း ဝင်ရောက်လာ တဲ့ ပြင်ပ က အဆိပ်ငွေ့တွေကို ဖယ်ရှားပေးပါတယ်

🤎နှလုံး နဲ့ ကျောက်ကပ် အားကောင်းစေတယ်. .

🚩အလှအပ အတွက်ဆို မျက်နှာသစ် တွေ ထဲ မှာ ဝါးမီးသွေး ပါဝင်တာကိုတွေ့ ရတယ်

☂️ဝက်ခြံ ဆားဝက်ခြံ အနီစက် အမည်းစက်. .

အဆီပြန်တာ အရေးအကြောင်းတွေ ကို သက်သာစေတယ်. .

ဝါးမီးသွေးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဓာတ်သတ္တု အမျိုးပေါင်း 400ကျော်ပါဝင်ပြီး ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်

Ref:မြန်မာတောင်သူကြီးများဂျာနယ်



#ဝါးမီးသွေး

ရေသောက်ပြီးမှအပေါ့သွားပါအပေါ့မသွားခင်ရေသောက်ပါသိပြီးပြီလားမတ်တပ်ရပ်နေစဉ်ရေမသောက်သင့်တဲ့အကြောင်းကျန်းမာရေးကောင်းဖို့အတွက်...
03/08/2022

ရေသောက်ပြီးမှအပေါ့သွားပါ
အပေါ့မသွားခင်ရေသောက်ပါ

သိပြီးပြီလား
မတ်တပ်ရပ်နေစဉ်
ရေမသောက်သင့်တဲ့အကြောင်း

ကျန်းမာရေးကောင်းဖို့အတွက် တစ်နေ့ကို ရေ(၈)ခွက်သောက်တာက ပြဿနာမဟုတ်ပါဘူး။

ပြဿနာက ရေသောက်တဲ့အခါ ဘယ်လိုအနေအထားမျိုးနဲ့ သောက်ဖြစ်နေလဲဆိုတာပါပဲ။

လူတော်တော်များများဟာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိပ်ပြီး မသိရှိကြသလို သတိလည်း မထားမိတတ်ကြပါဘူး။

သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေအရ ရေသောက်တဲ့အခါမှာ မတ်တပ်ရပ်အနေအထားနဲ့ မသောက်သင့်ဘူးဆိုတာကို အံ့အားသင့်စွာ တွေ့ရှိခဲ့ပါတယ်။

💧၁။ အဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်

မတ်တပ်ရပ်အနေအထားဖြင့် ရေသောက်တဲ့အလေ့အထဟာ ကြာလာတဲ့အခါမှာ အဆစ်ရောင်တဲ့ ဝေဒနာကို ခံစားလာရနိုင်ပါတယ်။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းက ခန္ဓာကိုယ်အတွင်းရှိ အဆစ်အဆက်များဆီသို့ အရည်ဓာတ်စီးဆင်းမှုကို အနှောက်အယှက်ဖြစ်ရာမှတစ်ဆင့် အဆစ်ရောင်ရောဂါအတွက် အစလမ်းကြောင်းကိုဖြစ်စေပါတယ်။

💧၂။ အစာခြေစနစ်ကို ထိခိုက်စေ

မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် ရေတွေဟာ အစာအိမ်နံရံတွေမှာ ပိုပြီး မြန်မြန်ဆန်ဆန် စီးဆင်းစေပါတယ်။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ စီးဆင်းမှုဟာ အချိန်ကြာလာတဲ့အခါမှာ အစာအိမ်နံရံကို ထိခိုက်စေကာ အစာခြေစနစ်ကို အနှောက်အယှက်ဖြစ်လာစေနိုင်ပါတယ်။

💧၃။ ရေဆာနေမြဲဖြစ်

မတ်တပ်ရပ်ပြီး ရေသောက်တဲ့အခါမှာ ရေဆာတဲ့စိတ်က ပျောက်မ သွားပါဘူး။
မကြာခဏ ရေထပ်ထပ်သောက်နေရပါတယ်။ ဒါ့ကြောင့် ရေသောက်တဲ့အခါ ထိုင်ပြီးသောက်တာက ရေဆာမှုကို ပိုပြီးပြေလျော့စေပါတယ်။ အနားမှာရေဘူးထားပြီး ထိုင်သောက်တတ်တဲ့အကျင့်ကို မွေးမြူထားတာ အကောင်းဆုံးပါ။

💧၄။ အစာမကြေခြင်း မကြာခဏဖြစ်စေ

နံပါတ် ၂ အချက်မှာ ပြောခဲ့သလိုပါပဲ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် အစာအိမ်နံရံကို ထိခိုက်စေကာ မကြာခဏ အစာမကြေခြင်းကိုဖြစ်စေမှာပါ။ ထိုင်ပြီးရေသောက်တဲ့အခါ သင့်ရဲ့ကြွက်သားတွေနဲ့ အာရုံကြောတွေကို ပိုပြီး အနားရစေပြီး အစာမြန်မြန်ခြေဖို့ကို အာရုံကြောများက အထောက်အကူဖြစ်စေမှာပါ။

💧၅။ ကျောက်ကပ်မှ ကောင်းစွာမစစ်ထုတ်နိုင်ခြင်း

မတ်တပ်ရပ်အနေအထားဖြင့် ရေသောက်ခြင်းက ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေကို များစွာ အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီလိုသောက်တဲ့အခါမှာ ကျောက်ကပ်မှ ကောင်းစွာစစ်ထုတ်မှုမပြုနိုင်တဲ့အတွက် အညစ်အကြေးတွေဟာ ကျောက်ကပ်နှင့် ဆီးအိမ်မှာ ကျန်ရှိနေနိုင်ပါတယ်။ ထိုမှတစ်ဆင့် ဆီးရောဂါဆိုင်ရာ ပြဿနာများကိုပါ ခံစားရစေနိုင်ပါတယ်။

💧၆။ ခန္ဓာကိုယ်ရှိ acid level ကို မလျော့ကျစေ

ပုံမှန်ထိုင်ပြီး ရေသောက်တဲ့အခါမှာ ခန္ဓာကိုယ်အတွင်းရှိ Acid level ကို ပိုနှေးကွေးပြီး လျော့နည်းစေနိုင်ပါတယ်။ မတ်တပ်ရပ်သောက်တဲ့အခါမှာတော့ ဒီလုပ်ဆောင်ချက်က အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။

💧၇။ အပူဖုနှင့် ရင်ပူရင်ကယ်ဖြစ်စေနိုင်ခြင်း

မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် အစာအိမ်နှင့် အစာပြွန်ကြား အဆက်နေရာကို အနှောက်အယှက်ဖြစ်စေနိုင်ကာ အစာအိမ်အတွင်းရှိ အက်ဆစ် များ နောက်ပြန်စီးဆင်းပြီး အစာပြွန်ကို ပူလောင်ခံစားစေရပါတယ်။ ထို့ကြောင့် ရင်ပူရင်ကယ်ဖြစ်ခြင်းနှင့် ခန္ဓာကိုယ် အပူဖုများဖြစ်ပေါ်လာနိုင်ပါတယ်။

💧၈။ အာရုံကြောများ ဖိစီးစေခြင်း

ထိုင်ပြီးရေသောက်တဲ့အခါမှာ ကြွက်သားနှင့် အာရုံကြောတွေကို အနားရစေပါတယ်။ ဒီလိုမဟုတ်ဘဲ မတ်တပ်ရပ်သောက်တဲ့အခါ အာရုံကြောတွေမှာ tension ပိပြီး ဖိအားများဖြစ်စေပါတယ်။

ကဲ . ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ မတ်တပ်ရပ်ပြီး ရေသောက်နေတာမြင်ရင် ထိုင်ပြီး သောက်ဖို့ သတိပေးဦးနော်....

Credit.. ✍
ပြန်လည်ဝေမျှခြင်း
#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေပေးပါတယ်_ဆင်ခြင်သတိပြုနိုင်ကြပါစေ🙏🕊🌾

 # သွေးတိုး ကျစေသည့် အိမ်တွင်းဆေးနည်းများ1️⃣ ရှောက်သီးအခွံပါ ၄စိတ် စိတ်ပြီးမတ်ခွက်တွင် ထည့်ရေနွေးစိမ် ထားပြီးအအေးခံ ၍တစ်...
02/08/2022

# သွေးတိုး ကျစေသည့် အိမ်တွင်းဆေးနည်းများ

1️⃣ ရှောက်သီးအခွံပါ ၄စိတ် စိတ်ပြီးမတ်ခွက်တွင် ထည့်ရေနွေးစိမ် ထားပြီးအအေးခံ ၍တစ်နေ ကုန်သောက် ပါ ။

2️⃣ ရှောက်သီးအရည် ညှစ်၃ ဇွန်း+ပျားရည်စစ်စစ် ၁ ဇွန်းထမင်းစားပြီးသောက်ပါ။

3️⃣ ရှောက်ရွက်အနု၊ အရင့်တစ်နေ့ လျှင် ၇ ရွက်မှ ၁၀ ရွက်ခန့် နေ့စဉ်အတို့အမြှုပ်ပြုလုပ် ၍စားပါ။

4️⃣ ငါးပိရည်၊ငံပြာရည် ၊ငါးခြောက်စသည်တို့ သည်မြန်မာလူမျိုးတို့နှင့် မကင်းနိုင်သော အစာများဖြစ်သည် ။ ထိုအစာများစား သည့်နေ့တွင်ဒန့်သလွန်ရွက် ဟင်းချိုကို ကြက်သွန်ဖြူ နိုင်နိုင်ဖြင့်ချက်ပြီးတွဲ ဖက်သောက်ပေးပါ။

5️⃣ ဒန့်သလွန်သီး အရင့်များကို နေဖြင့်အခြောက် လှန်းထားပြီးသွေးအလွန် တိုးလျှင်၂စေ့၊၃စေ့ဝါးစားပါ။

6️⃣ သင်္ဘောအဖိုပင် ၏အပွင့်ကို ပြုတ်၍စားပါ ကသွေးတိုးရောဂါ သက်သာစေသည်။

7️⃣ ကြက်သွန်နီကို ထက်ခြမ်းခြမ်းရေ တစ်ဖန် ခွက်တွင်စိမ်၍ နံနက်အိပ်ယာ ထစောစောသောက်ပေးလျှင်သွေးတိုးရောဂါ ကိုကာကွယ်သည် ။နံနက်အိပ်ယာ ထချိန် ခေါင်း ကိုက်ခြင်းကို သက်သာစေသည်။

8️⃣ ပြောင်းဖူး၏ ထိပ်မှအမွှေးကိုပြုတ် ၍အရည်ကိုအကြမ်းပန်း ကန်တစ်လုံးစာသောက် လျှင်သွေးတိုးရောဂါ သက်သာစေ သည်။

9️⃣ ချင်းလက် နှစ်ဆစ် ကိုထုထောင်းအ ရည်ကိုယူ သံပရာသီးတစ် လုံးအရည်နှင့် ပျားရည် တစ်ဇွန်းစပ်နေ့ စဉ်သောက်ပါ ။သွေးတိုးရောဂါဘေး ကင်းဝေးနိုင်သည်။


လေးစားစွာဖြင့်မူရင်းသို့ credit

တစ်သက်လုံးအသုံးတည့်စေမယ့်နည်းလမ်းကောင်းများ 🌹💥အစားအသောက်နဲ့ပတ်သက်ပြီး(၁) နွားနို့နဲ့ ပဲနို့ရည် ဘယ်အရာကိုရွေးမလဲဆိုရင် ပဲ...
01/08/2022

တစ်သက်လုံးအသုံးတည့်စေမယ့်

နည်းလမ်းကောင်းများ 🌹

💥အစားအသောက်နဲ့ပတ်သက်ပြီး

(၁) နွားနို့နဲ့ ပဲနို့ရည် ဘယ်အရာကိုရွေးမလဲဆိုရင် ပဲနို့ရည်ကိုရွေးပါ။
(၂) ထမင်းပန်းကန်ဝက်လောက် စားနိုင်သေးတယ်လို့ထင်တာနဲ့ ထမင်းဝိုင်းကထပါ။
(၃) ခန္ဓာကိုယ်က မဆာပေမယ့်လည်း တစ်နေ့ကို ရေ၄ခွက်သောက်ပါ။

(၄) ဒိန်ချဉ်များများစားပါ။
(၅) အရက်ဆေးလိပ်ရှောင်ပါ။

(၆) အစားအသောက်စာရင်းထဲမှာ ပဲအမျိုးမျိုး၊ အသီးအရွက်အမျိုးမျိုး ပိုထည့်ပါ။
(၇) green tea သောက်ခြင်းက Red tea သောက်ခြင်းထက်ပိုပါစေ။

(၈) မနက်စာက ညစာထက် ကောင်းစေ၊ ပိုစေ။
(၉) ဆားစားတာကို ထိန်းပါ။

(၁ဝ) အိပ်ရာထချိန် သွားတိုက်ပြီးမှ ရေသောက်ပါ။
(၁၁) အချိန်အကြာကြီးချက်ပြုတ်ထားတဲ့ ဟော့ပေါ့ဟင်းရည်ကိုသောက်ခြင်းရှောင်ပါ။

(၁၂) ပန်းသီး မနက်တစ်လုံး ညတစ်လုံးစားပေးခြင်းဖြင့် ဝမ်းပိတ်ခြင်းကိုကာကွယ်ပါ။
(၁၃) ထမင်းမစားမီ အသီးအနှံစားခြင်းက ထမင်းစားပြီးနောက် အသီးအနှံစားခြင်းထက် ပိုပါစေ။

(၁၄) တစ်ပတ်မှာအနည်းဆုံး ငါးဟင်းတစ်ကြိမ်လောက်စားပါ။
(၁၅) အချိုရည်ကို ရှောင်နိုင်သမျှရှောင်ပါ။

(၁၆) မအိပ်ခင် ဝိုင်နီတစ်ခွက်လောက် သောက်နိုင်ပါတယ်။
အားကစားနဲ့ပတ်သက်ပြီး
----------------------------------

💥ကျန်းမာရေးနှင့်ပတ်သတ်ပြီး

(၁) မနက် ၈-၉ နာရီက နေရောင်ခြည်ကို ပိုခံယူပါ။
(၂) ဖြည်းဖြည်းပြေး မြန်မြန်လမ်းလျှောက်ပါ။

(၃) ခြေထောက်ကို ရေနွေးစိမ်ခြင်းဖြင့် အကြောများတွန့်လိမ်ပုံပျက်ခြင်းကို ကာကွယ်ပါ။
(၄) အရမ်းစိတ်ပန်း ကိုယ်နွမ်းတဲ့အခါ အားကစားပြုလုပ်ခြင်းရှောင်ပါ၊ အနားယူပါ။

(၅) ဆောင်းရာသီမှာ အိမ်ပြင်ပအားကစားလျော့ပါ။
(၆) တိုက် ၁ဝထပ်အောက်ဆိုရင် ဓာတ်လှေကားကို အသုံးမပြုပါနဲ့။

(၇) မတ်တပ်ရပ်ပြီး ဘတ်စကားစီး၊ ရထားစီးတာက ထိုင်စီးတာထက် ကျန်းမာတယ်။
(၈) နေ့တိုင်း နာရီဝက်လေ့ကျင့်ခန်းလုပ်တာက ရုံးပိတ်ရက် တစ်နေ့ ၃နာရီလုပ်တာထက် ကောင်းပါတယ်။

(၉) မကြာခဏ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပါ။
(၁ဝ) ကုတင်နည်းနည်းမာတာနဲ့ အိပ်တာက ကျောရိုးကို ပိုကျန်းမာစေတယ်။

(၁၁) အားကစားလုပ်ပြီး နာရီဝက်ကြာမှ ရေချိုးပါ။

💥ဇီဝကမ္မနဲ့ပတ်သက်ပြီး
----------------------------

(၁) အာရုံကြောဖိမိမနေအောင် ခြေချိတ်ထိုင်ခြင်းကို ရှောင်ပါ။
(၂) မနှစ်ကအင်္ကျီကို ဒီနှစ်ထုတ်ဝတ်မယ်ဆိုရင် နေအရင်လှန်းပါ။

(၃) ထမင်းကျန် ဟင်းကျန်တွေပဲ အမြဲမစားပါနဲ့။
(၄) ခဏခဏ ခေါင်းမလျော်ပါနဲ့၊ ၂ရက် ၃ ရက် တစ်ကြိမ်လျော်ပါ။

(၅) နေ့လယ်နေ့ခင်း အိပ်ချင်ရင် အထိုင်လိုက်မအိပ်ပါနဲ့၊ လဲအိပ်ပါ၊ မိနစ် ၄ဝ ထက်တော့မပိုပါစေနဲ့။

💥ချစ်သူနဲ့ပတ်သက်ပြီး
---------------------------

(၁) သားသမီးတွေကို ဂရုစိုက်လွန်ပြီး ကိုယ့်အိမ်ထောင်ဘက်ရဲ့ ခံစားချက်ကို လျစ်လျူရှုမိတာမျိုး မဖြစ်ပါစေနဲ့။

(၂) သံယောဇဉ်ဆိုတာ နှလုံးသားနဲ့လည်ပတ်ရပါတယ်။
(၃) ငြင်းခုန်ကြတဲ့အခါ တစ်ယောက်ခြေတစ်လှမ်းစီဆုတ်ပါ။

(၄) အံသြဝမ်းသာမှုကို တစ်ခါတလေ ဖန်ဆင်းပါ။
(၅) သူ့မွေးနေ့ကို အမှတ်ရပေးပါ။

💥ပျော်ရွှင်ခြင်းနဲ့_ပတ်သက်ပြီး
------------------------------------

(၁) အခုလက်ရှိ ပိုင်ဆိုင်နေတာတွေကို တန်ဖိုးထားပါ။
(၂) ရှင်သန်နေတာကလည်း စိတ်ခံစားချက်တစ်မျိုးပါပဲ၊ ဒီကနေ့ကို ဖမ်းဆုပ်ပါ။

(၃) နှလုံးသားနဲ့ခံစားရင် ပျော်ရွှင်ခြင်းက နေရာတိုင်းမှာ အမြဲရှိတယ်။
1(၄) ရောင့်ရဲခြင်းက ပျော်ရွှင်ခြင်းဖြစ်တယ်။

(၅) မိသားစုက အဖော်ပြုတယ်၊ သူငယ်ချင်းက ဂရုစိုက်တယ်၊ ကျန်းမာတဲ့ခန္ဓာကိုယ်ရှိတယ်၊ ဒါဟာ လောကမှာ အပျော်ရွှင်ဆုံးအရာပေါ့။

----

wechat မှာ ဖတ်မိတာလေးကို မြန်မာလို ပြန်ရေးပါတယ်။

နေကောင်းကျန်းမာနေတုန်း၊ အရာရာပြည့်စုံနေတုန်းမှာတော့ ဒီလိုပို့စ်က အာပလာပေါ့။ ဒါက နင်ပြောမှလား ငါလည်းသိသားပဲဆိုတာမျိုး ဖြစ်လိမ့်မယ်ပေါ့။ တကယ်တမ်း အသက်အရွယ်တဖြည်းဖြည်းကြီးလို့ ကျန်းမာရေးယုတ်လျော့လာတဲ့အခါ ဒါတွေကလိုအပ်လာပါတယ်။ ကျန်းမာသန်စွမ်းနေတဲ့အရွယ်မှာ လူတွေက ခန္ဓာကိုယ်ထိန်းသိမ်းဖို့၊ ကျန်းမာရေးလိုက်စားဖို့ မေ့လျော့နေတတ်ကြတယ်။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှား အားကစားတွေ သိပ်မလုပ်ကြတဲ့ မြန်မာလူမျိုးတွေပေါ့။

ကျောင်းမှာလည်း အားကစားဘာသာရပ်ဆိုတာ မရှိသလို၊ ကျန်းမာရေးလိုက်စားရမယ်မှန်းလည်း စိတ်ကူးမရှိကြဘူး။
နိုင်ငံခြားကျောင်းတွေမှာ အားကစားဘာသာရပ်က မယူမနေရ ဘာသာရပ်ထဲမှာပါတယ်။ မြန်မာပြည်မှာတော့ ဝါသနာပါတဲ့လူတွေပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် အားကစားလုပ်ကြတာ များတယ်။ အားမှ ကစားတာဆိုပြီး အားကစားလုပ်တာကို အပိုအလုပ်တစ်ခုလို ထင်တဲ့လူတောင် ရှိသေးတယ်။ နေ့တိုင်း အလုပ်နဲ့အိမ် လှုပ်ရှားနေတာပဲ ဘာအားကစားလိုလည်းဆိုတဲ့ လူလည်းရှိသလို၊ GYM ဆိုတာ သူဌေးတွေမှ၊ အနုပညာသည်တွေမှ လုပ်ကြတာလို့လည်း ထင်ကောင်းထင်ကြပါလိမ့်မယ်။ ကျွန်မတွေ့ဖူးပါတယ်... လမ်းလျှောက်အားကစားလုပ်တာတဲ့.. လျှောက်တာကလည်း စိတ်ပြေနှပြေ။ တကယ်တမ်းမှာ နှလုံးခုန်နှုန်း၁ဝဝလောက်ရှိတဲ့ လှုပ်ရှားမှုမျိုးကမှ ထိရောက်တဲ့အားကစားဖြစ်တယ်။

လူတွေဟာ အသက်ကြီးလာလေ အကျဘက်ကိုရောက်လေပါပဲ.. အသက် ၃ဝကျော်တုန်းကတော့ လူအများဟာ ဒေါင်ဒေါင်မြည်ပါပဲ။ ၄ဝ ကျော်လည်းရောက်ရော့.. ဟိုနားနာသလိုလို၊ ဒီနားနာသလိုလို ခန္ဓာကိုယ်က တဖြည်းဖြည်း ကျဘက်ကိုဦးတည်လာတော့တယ်။ ဒါတွေက ကိုယ်တိုင်ကြုံမှ သိရပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်တာတွေ လုပ်ကြရတယ်။ သက်လုံကောင်းအောင် လုပ်နိုင်တုန်းမှာ ကိုယ်အားရင်အားသလို ကိုယ်ဝါသနာပါရာအားကစားတစ်ခုခုကို တစ်ပိုင်တစ်နိုင်လေး လုပ်ကြစေချင်ပါတယ်။ တခြားဘာအားကစားမှ ဝါသနာမပါခဲ့ရင်တောင်မှ လမ်းလျှောက်တာကို အကျင့်တစ်ခုလိုလုပ်ပြီး နေ့တိုင်းလုပ်စေချင်ပါတယ်။ ဥပမာ-- ကိုယ်သွားမယ့်မှတ်တိုင်မရောက်ခင် ၂မှတ်တိုင်အလိုမှာဆင်းပြီး လမ်းလျှောက်တာမျိုးတွေ လုပ်နိုင်ပါတယ်။

ကျန်းမာနုပျိုကြပါစေ...

Address

Magway

Telephone

+959962765317

Website

Alerts

Be the first to know and let us send you an email when ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာ By MTA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram