Htike Tan - Traditional Medicine

  • Home
  • Htike Tan - Traditional Medicine

Htike Tan  - Traditional Medicine Traditional Medicine

မြန်မာ့တိုင်းရင်းဆေးပညာတွင် **နှလုံးရောဂါ**၊ သွေးတိုး၊ နှလုံးအားနည်းခြင်းစသည့်ပြဿနာများအတွက် **သဘာဝဆေးဖက်ဝင်အပင်များ**၊ ...
23/06/2025

မြန်မာ့တိုင်းရင်းဆေးပညာတွင် **နှလုံးရောဂါ**၊ သွေးတိုး၊ နှလုံးအားနည်းခြင်းစသည့်ပြဿနာများအတွက် **သဘာဝဆေးဖက်ဝင်အပင်များ**၊ **သတ္တုဓာတ်များ**နှင့် **တိရစ္ဆာန်ဆေးဝါးများ**ကို ရာစုနှစ်ပေါင်းများစွာအသုံးပြုလာခဲ့ကြပါသည်။ အောက်ပါတို့မှာ အသုံးများသော **မြန်မာတိုင်းရင်းဆေးနည်းများ**ဖြစ်ပါသည်။

---

# # # **၁။ နှလုံးအားကောင်းစေသော အပင်ဆေးများ**
# # # # **(က) ကြက်သွန်ဖြူ (Garlic)**
- **အသုံးပြုပုံ** : အစိမ်းစားခြင်း (တစ်နေ့ ၂-၃ မွှာ)၊ ပျားရည်နှင့်ရောစားခြင်း။
- **အကျိုး** : သွေးကြောပိတ်ခြင်းကိုကာကွယ်၊ သွေးတိုးကျစေသည်။

# # # # **(ခ) နနွင်း (Turmeric)**
- **အသုံးပြုပုံ** : နနွင်းမှုန့်ကို နွားနို့နှင့်ရောသောက်ခြင်း (Golden Milk)။
- **အကျိုး** : နှလုံးသွေးကြောရောင်ခြင်းကိုလျော့ကျစေသည်။

# # # # **(ဂ) ပင်စိမ်း (Holy Basil / Tulsi)**
- **အသုံးပြုပုံ** : အရွက်ကိုလက်ဖက်ရည်ကြမ်းအဖြစ်သောက်ခြင်း။
- **အကျိုး** : စိတ်ဖိစီးမှုလျော့ကျစေပြီး နှလုံးခုန်မြန်ခြင်းကိုထိန်းပေးသည်။

# # # # **(ဃ) အာလူးမွှေး (Hawthorn)**
- **အသုံးပြုပုံ** : အသီးနှင့်အရွက်ကိုပြုတ်၍သောက်ခြင်း။
- **အကျိုး** : နှလုံးညှစ်အားကောင်းစေပြီး သွေးလှည့်ပတ်မှုကိုမြှင့်တင်ပေးသည်။

---

# # # **၂။ သတ္တုဓာတ်နှင့် တိုင်းရင်းဆေးပစ္စည်းများ**
# # # # **(က) ပယင်းခဲ (Amber)**
- **အသုံးပြုပုံ** : ပယင်းခဲကိုရေစိမ်၍ သောက်သုံးခြင်း။
- **အကျိုး** : နှလုံးအားနည်းခြင်း၊ ရင်တုန်ခြင်းကိုသက်သာစေသည်။

# # # # **(ခ) ရွှေကြုတ် (Gold Ash)**
- **အသုံးပြုပုံ** : ရွှေကိုမီးရှို့ပြီး အမှုန့်ပြု၍ ပျားရည်နှင့်ရောစားခြင်း။
- **အကျိုး** : နှလုံးအားကောင်းစေပြီး သွေးသန့်စေသည်။

# # # # **(ဂ) ငါးမျက်စိကျောက် (Fish Eye Stone)**
- **အသုံးပြုပုံ** : ရေနွေးတွင်စိမ်၍သောက်ခြင်း။
- **အကျိုး** : နှလုံးခုန်မမှန်ခြင်းကိုသက်သာစေသည်။

---

# # # **၃။ တိရစ္ဆာန်ဆေးဝါးများ**
# # # # **(က) မြွေဆီ (Snake Oil)**
- **အသုံးပြုပုံ** : လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို ပျားရည်နှင့်ရောသောက်ခြင်း။
- **အကျိုး** : သွေးကြောကျဉ်းခြင်းကိုကာကွယ်ပေးသည်။

# # # # **(ခ) ကြောင်လျှာသီး (Deer Antler Velvet)**
- **အသုံးပြုပုံ** : အမှုန့်ကြိတ်၍ နွားနို့နှင့်ရောသောက်ခြင်း။
- **အကျိုး** : နှလုံးကြွက်သားအားကောင်းစေသည်။

---

# # # **၄။ နှလုံးအားဖြည့်တိုင်းရင်းဆေးနည်းများ**
1. **ကြက်သွန်ဖြူ + ပျားရည် + သံပရာရည်** : သွေးတိုးကျစေရန် နံနက်တိုင်းစားပါ။
2. **နနွင်း + နွားနို့ + ပျားရည်** : ညအိပ်ရာဝင်တိုင်း သောက်ပါ။
3. **အာလူးမွှေးသီး + ရှောက်ရွက်** : ပြုတ်၍တစ်နေ့ ၂ ကြိမ်သောက်ပါ။

---

# # # **သတိထားရန်**
- **ဆေးနှင့်ဓာတ်ပြုနိုင်ခြေ** : သွေးတိုးကျဆေး၊ နှလုံးဆေးများနှင့် တွဲမသောက်သင့်ပါ။
- **ကိုယ်ဝန်ဆောင်များ** : အချို့ဆေးများကိုရှောင်ကြဉ်ပါ။
- **အလွန်အကျွံမသုံးပါနှင့်** : ဆေးစွမ်းထက်ပါက ဘေးထွက်ဆိုးကျိုးရှိနိုင်သည်။

---

# # # **အချုပ်အားဖြင့်**
မြန်မာတိုင်းရင်းဆေးတွင် **နှလုံးရောဂါအတွက် သဘာဝဆေးနည်းများစွာ** ရှိသော်လည်း၊ ခေတ်မီဆေးပညာနှင့် **ပေါင်းစပ်အသုံးပြုရန်** အရေးကြီးပါသည်။

> 🌿

18/03/2024

#ပျဥ်းတော်သိမ် ၏ အကျိုးကျေးဇူးများ..

မြန်မာ ဆေးကျမ်း များအလိုအရ ပျဉ်းတော်သိမ် သည် ခါးသက်သက် ရှိ၏။ ဖန်၏။ ပူ၏။ ကြေညက် လွယ်၏။ အပူကို ငြိမ်း စေ၏။ ဆီးကို ရွှင်စေ၍ အစာကို ကြေစေ၏။ နူနာ ၊ သွေးဖောက် ပြန်ရောဂါ၊ အဆိပ်သင့် နာတို့ ကို နိုင်၏။

အသုံးပြုပုံ

ပျဉ်းတော်သိမ် ရွက်ကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် သုံးသည်။

၎င်း အရွက်ကို များစွာ စားခြင်းဖြင့် ဝမ်းကို သက်စေသည်။

နို့ရည် ထဲတွင် ၎င်း အရွက် ကို ထည့်ကျို သောက်ပါက အဆိပ်ကို ပြယ်စေ သည်။

ပျဉ်းတော်သိမ် ရွက်ကို သွေးဆေး၊ လေဆေးများ ဖော်စပ်ရာတွင် အသုံးပြု၏။

ပျဉ်းတော်သိမ်ရွက်ဟာ အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ်ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ အသားဟင်းတွေ၊ ပဲဟင်းနဲ့ သတ်သတ်လွတ်ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။

ပျဉ်းတော်သိမ်ရွက်က နုစဉ်မှာ စိမ်းဖန့်ဖန့်အရောင်ရှိပြီး ရင့်လာတဲ့အချိန်မှာ အစိမ်းရောင်ရင့်ရင့်အဖြစ်ပြောင်းလဲလာပါတယ်။ အရွက်နုလေးတွေကို အတို့အမြှုပ်အဖြစ်စားသုံးလေ့ရှိပြီး အရွက်ရင့်တွေကိုတော့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပါတယ်။ အပင်ရဲ့ အမြင့်က ၃ မီတာ ကနေ ၄ မီတာလောက်အထိရှိပါတယ်။ အရသာစူးရှပြီး အနံ့ပြင်းပါတယ်။ ပျဉ်းတော်သိမ်းရွက်က အူသိမ်ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်စေပြီး ကင်ဆာကိုလည်းတိုက်ဖျက်ပေးပါတယ်။

ပျဉ်းတော်သိမ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ကျောက်ကပ်ကျန်းမာရေးကောင်းမွန်စေခြင်း

ပျဉ်းတော်သိမ်ရွက်ကကျောက်ကပ်ပြဿနာတွေကိုဘေးထွက်ဆိုးကျိုးမရှိဘဲဖြေရှင်းပေးပါတယ်။ မိသားစုမှာကျောက်ကပ်ရောဂါ ရာဇဝင်ရှိသူတွေအနေနဲ့ကျောက်ကပ်ရောဂါမဖြစ်အာင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပျဉ်းတော်သိမ်ရွက်ကိုစားသုံးပေးသင့်ပါတယ်။ကျောက်ကပ်ရောဂါကင်းဝေးစေဖို့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကိုထည့်သွင်းစားသုံးပေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်
ကာလမှာ မအီမသာဖြစ်မှုတွေကို ခံစားရနိုင်ပါတယ်။Morning sick ကိုယ်ဝန်ဆောင်ချိန်မနက်ခင်းပျို့အန်ခြင်း၊
အော့အန်ခြင်းတွေလိုမျိုး မအီမသာဖြစ်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် အော့အန်တာဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်ကိုရေနွေးထဲထည့်ပြီးသောက်သုံးပေးမယ်ဆိုရင်ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။

ဝမ်းလျှောတာကိုသက်သာစေခြင်း

ပျဉ်းတော်သိမ်က ဝမ်းလျှောတာကို သက်သာစေတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ ဝမ်းလျှောတာကို သက်သာစေနိုင်တဲ့carbazole alkaloids ပါဝင်ပါတယ်။

အစာကြေစေခြင်း

အစာမကြေတာကြောင့် မအီမသာဖြစ်တာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်ကို သံပုရာရည်၊ သကြားတို့နဲ့ဖျော်စပ်ပြီးသောက်သုံးမယ်ဆိုရင် အစာမကြေတာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။

အမြင်အာရုံကောင်းမွန်စေခြင်း

နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကိုထည့်သွင်းစားသုံးမယ်ဆိုရင် အမြင်အာရုံကိုကောင်းမွန်စေမှာဖြစ်ပါတယ်။ မျက်စိရေတိမ်မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။

ဆံသားကျန်းမာစေခြင်း

ပျဉ်းတော်သိမ်ရွက်က ဆံပင်ကိုနက်မှောင်သန်စွမ်းစေပြီး ဆံသားကို ကျန်းမာသန်စွမ်းစေပါတယ်။ အုန်းဆီနဲ့ရောပြီးလူးပေးနိုင်ပါတယ်။ ပျဉ်းတော်သိမ်က အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ကိုလက်စထရောကျဆင်းစေခြင်း

ခန္ဓါကိုယ်အတွက် အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ထိန်းချုပ်ဖို့အခက်တွေ့​ေနပါသလား။ ပျဉ်းတော်သိမ်းရွက်စားသုံးပေးခြင်းက ကိုယ်တွင်းက မလိုအပ်တဲ့ ကိုလက်စထရောတွေကို ထိန်းချုပ်ပေးပြီး အဆီပို ကင်းတဲ့ ခန္ဓါကိုယ်ကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေကို ထိန်းချုပ်ပေးနိုင်ခြင်း

ပျဉ်းတော်သိမ်းရွက်က (chemotherapy) ဓါတုကုထုံးနဲ့၊ (radiation therapy) တို့ကြောင့်ဖြစ်ပေါ်ခံစားရတဲ့ ဆိုးကျိုးတွေကို လျော့နည်းအောင်အထောက်အကူပြုပါတယ်။

ဆီးချို (diabetes) ကိုထိန်းညှိပေးခြင်း

ပျဉ်းတော်သိမ်ရွက်က ဆီးချိုဝေဒနာသည်တွေအတွက်အထူးသင့်တော်တဲ့ဆေးဖက်ဝင်အရွက်တစ်မျိုးဖြစ်ပါတယ်။ ဆီးချိုသမားတွေစားသုံးပေးဖို့သင့်တော်ပါတယ်။သွေးတွင်းအချိုဓါတ်ကို ထိန်းညှိပေးပါတယ်။ မနက်စာစားတဲ့အခါ ပျဉ်းတော်သိမ်းရွက်အမှုန့်ကို ထည့်သွင်းစားသုံးပေးတာကကောင်းမွန်တဲ့ရလဒ်ဖြစ်စေမှာပါ။

အစာအိမ်အူလမ်းကြောင်းတွေကို ကာကွယ်ပေးခြင်း

ပျဉ်းတော်သိမ်ရွက်မှာ ဓါတိုးဆန့်ကျင်ပစ္စည်းတွေနဲ့alkaloidတွေပါဝင်နေပါတယ်။ အစာအိမ်အူလမ်းကြောင်းတွေကိုကောင်းမွန်စေပြီး အစာချေစနစ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။

ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေမကူးစက်အောင်ကာကွယ်ပေးနိုင်ခြင်း

ပျဉ်းတော်သိမ်ရွက်မှာ ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေကိုသေစေနိုင်တဲ့ ထိရောက်တဲ့အာနိသင်ရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်အဆီကို ပဋိဇီဝဆေးတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

အသည်းကို ကျန်းမာစေခြင်း

အသည်းက အစာချေစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာကြောင့် အသည်းကျန်းမာဖို့ကအရေးကြီးပါတယ်။ အသည်းကိုfree radicalတွေကြောင့်ထိခိုက်ပျက်စီးမှုတွေနဲ့ ကူးစက်ရောဂါပိုးတွေကြောင့်ထိခိုက်ပျက်စီးမှုတွေကနေ ကာကွယ်ဖို့ကလည်း အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပါ။ ပျဉ်းတော်သိမ်မှာannins နဲ့carbazole alkaloidတွေပါဝင်နေတာကြောင့် အသည်းမပျက်စီးအောင်ကာကွယ်ပေးပါတယ်။ အသည်းရောင်အသားဝါရောဂါ၊ အသည်းရွတ်နာတို့လိုမျိုး အသည်းရောဂါတွေမဖြစ်အောင်လည်းကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။

အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း

ပျဉ်းတော်သိမ်ရွက်က အရေပြားထိန်းသိမ်းရာမှာလည်း အထောက်အကူပြုပါတယ်။ ပျဉ်းတော်သိမ်း အရွက်ကိုကြိတ်ထားတဲ့အနှစ်ကို အပူလောင်နာ၊ပြတ်ရှဒဏ်ရာ၊ အရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အင်းဆက်ပိုးမွှားတွေကိုက်တဲ့ ဒဏ်ရာတွေပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် အနာကျက်မြန်မြန်ကျက်စေမှာဖြစ်သလို အနာကိုပိုးမဝင်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

အထက်ပါအချက်လေးတွေကိုဖတ်ရှုပြီး ပျဉ်တော်သိမ်းကို လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

Credit To Hello Health Group======================================

ပျဉ်းတော်သိမ်ရွက်၏ ဆံပင်၊ အသားအရေနှင့် အလှအပ ကောင်းကျိုးများ

ကျွန်မတို့ရဲ့ ဟင်းခတ်အမွှေးအကြိုင်အရွက်တစ်မျိုးဖြစ်တဲ့ ပျဉ်းတော်သိမ်ရွက်ဟာ ဆံပင်၊ အသားအရေနဲ့ အလှအပကျန်းမာရေးအတှက်လည်း များစွာ အကျိုးရှိပါသတဲ့လေ။ ဒါ့အွပင်ပျဉ်းတော်သိမ်ရွက် က အင်းဆက် ကိုကျတာ၊ အသားအရလောင်ကျွမ်းတာနဲ့ အရွေပားပြတ်ရှရာတွေအတှက်လည်း အကောင်းဆုံး ကုသနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ သူ့မှာ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စပရပ်စ်၊ သံဓာတ်လိုမျိုး အာဟာရဓာတ်တွေနဲ့ ဗီတာမင် အေ၊ ဘီ၊ စီ၊ အီးလိုမျိုး ဗီတာမင် တွေ ကွှယ်၀စွာ ပါ၀င်တာကြောင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနိုင်သလို ငယ်ရွယ်နုပျိုပြီး စွမ်းအင်ပြည့်၀လှပစေနိုင်စွမ်းလည်း ရှိပါတယ်။

ပျဉ်းတော်သိမ်ရွက်နှင့် အရေပွားကျန်းမာရေး
===++++++=====+++========++++++++.
ပျဉ်းတော်သိမ်ရွက် က အသားအရေကို ၀င်းလဲ့တောက်ပစေနိုင်စွမ်းရှိလို့ သူ့ကို Mask အွဖစ် အသုံးပြုနိုင်ပါတယ်။ ဒါ့အွပင် သူဟာ ၀က်ခြံပုန်းတှေကို ဖယ်ရှားပေးတာ၊ အရေးကြောင်းဖြစ်စဉ်တှေကို ကာကွယ်ပေးတာ၊ အသားအရေကို သန့်စင်ပေးတာနဲ့ အရွေပားနီရဲရောင်အမ်းတာကို ကုသပေးနိုင်စွမ်းလည်း ရှိပါတယ်။
…….

ဆဲလ်သေတွေကို ဖယ်ရှားဖို့ …...
- ပျဉ်းတော်သိမ်ရွက် လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေးပါ။
- ပြီးရင် ဒိန်ချဉ် စားပှဲဇွန်းနှစ်ဇွန်းစာနဲ့ ရောစပ် ပါ။
- ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းကာ ညင်သာစွာ နှိပ်နယ်ပါ။
- ၁၀ မိနစ်ခန့် ထားပြီးနောက် ရေအေးအေးနဲ့ မက်ြနှာသစ်လိုက်ပါ။
- တစ်ပတ် ၁-၂ ကြိမ် ပြုလုပ်ပါ။

အရေပွားပေါ်ကအစက်အ ပြော က်နဲ့ အွပစ်အနာအဆာတွေကို ဖယ်ရှားဖို့ …
-ပျဉ်းတော်သိမ်ရွက် ကိုကြိတ်ခြေပြီး ရေတစ်ခှက်ထဲ ထည့်စိမ် ပါ။
- ပြီးရင် ပိတ်ပါးစတစ်ခုနဲ့ အဲဒီပျဉ်းတော်သိမ်ရွက်အရည်တွေကို စစ်ယူပါ။
- ရလာတဲ့အရည်နဲ့ မျက်နှာသစ်ပေးရင် ပြစ်မျိုးမှဲ့မထင် မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အ​ ရေ ပြား သန့် စင်ဖို့....
- ပျဉ်းတော်သိမ်ရွက်လက်တစ်ဆုပ်စာခန့်ကို ကြိတ်စက်နဲ့ ကြိတ်ပါ။
- အဲဒီထဲကို နနွငျးမှုန့်အနည်းငယ်ထည့်ပြီး သေချာ ရောမွှေပါ။
-ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းကာ ၁၀ မိနစ်ခန့် ထားပြီးနောက် ရေနဲ့ မျက်နှာသစ်လိုက်ပါ။
-တစ်ပတ် တစ်ကြိမ်ပြုလုပ်ပါ။
…….======+++++++=====++++++++++++++

ပျဉ်းတော်သိမ်ရွက်နှင့် ဆံသားကျန်းမားရေး
================================.
ပျဉ်းတော်သိမ်ရွက် က ဗောက်မထအောင်၊ ဆံသားမပျက်စီးအောင်နဲ့ ဆံပင်ပါးတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အွပင် ဆံပင်သန်စွမ်းစေပြီး အာဟာရွပည့်၀တဲ့ဆံသား၊ ဆံရင်းမြစ်တွေကို ပိုင်ဆိုင်နိုင်အောင်လည်း ကူညီပေးပါတယ်။ သူက ဆံပင်လင်းလက်တောက်ပ ကျန်းမာသန်စွမ်းအောင် စွမ်းဆောင်ပေးနိုင်တဲ့အွပင် ဦးရွေပါးပေါ်က ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

ပျဉ်းတော်သိမ်ရွက် Hair Tonic ပြုလုပ်နည်း
==========================
- ဒယ်အိုးသန့်သန့်တစ်လုံးထဲမှာ အုန်းဆီ ထမင်းစားဇွန်း နှစ်ဇွန်းစာ ထည့်ပြီး မီးဖိုပေါ်တင်ပါ။
-အဲဒီထဲကို လက်တစ်ဆုပ်စာ ပျဉ်းတော်သိမ်ရွက် ကိုထည့်ပါ။
- အရွက်တွေ အညိုရောင်ပြောင်းသွားပြီဆိုရင် ဒယ်အိုးကို မီးဖိုပေါ်ကနေ ခပြါ။
-အဲဒီအဆီကို အအေးခံပြီး ပုလင်းတစ်လုံးထဲ ထည့်ကာ သိမ်းဆည်းပါ။
-ဦးရွေပါးပေါ်ကို အဲဒီအဆီထည့်ပြီး သင့်လက်ချောင်းလေးတွေနဲ့ ဖြည်းညင်းစွာ နှိပျနယ်ပါ။ ဆံပင်အရင်းအထိ ရောက်အောင် လိမ်းပေးရပါမယ်။
-တစ်နာရီခန့်ကြာအောင် ထားပြီးနောက် သင် လျှော်နေကြ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။

ပျဉ်းတော်သိမ်ရွက် Hair Mask ပြုလုပ်နည်း
=============+++++++=========
-ပျဉ်းတော်သိမ်ရွက်တွေကို ကြိတ်စက်ထဲ ထည်ွ့ကိတ်ကာ ပျစ်နှစ်နေအောင် ပြုလုပ်ပါ။
- ဒိန်ချဉ် ထမင်းစားဇှနျး သုံးလေးဇွန်းစာခန့်ကို အဲဒီအနှစ်နဲ့ ပေါင်းစပ်ရောမွှေပါ။
- ရလာတဲ့အနှစ်ကို သင့်ဦးရွေပားနဲ့ ဆံပင်အနှံ့လိမ်းပြီး စက်ဝုိင်းပုံစံ ညင်သာစွာ နှိပျနယ်ပါ။
-မိနစ် ၃၀ ခန့် ထားပြီးနောက် ခေါင်းလျှော်လိုက်ပါ။

ဆံပင်ကျွတျ သူတို့အတွက် ပျဉ်းတော်သိမ်ရွက် Hair Pack ပြုလုပ်နည်း
==+++============
-ခေါင်ရမ်းပန်းရွက် ၁၀ ရွက်နဲ့ ပျဉ်းတော်သိမ်ရွက် ၃၀ ခန့်ကို ရေစင်အောင် ဆေးပါ။
- အဲဒီနှစ်မျိုးကို ကြိတ်စက်ထဲ ရောထည့်ကာ ကြိတ်ပါ။
- ရလာတဲ့အနှစ်ကို ပန်းကန် တစျလုံးထဲထည့်ပြီး သံလွင်ဆီ တစ် စကျ နှစျစက်ခန့် ထည့်ကာ မွှေပါ။
- ပြီးရင် ဒိန်ခဲ ထမင်းစားဇွန်း နှစ်ဇွန်းခန့် ရောထည့်ကာ နှံ့စပ်အောင် မွှေပါ။
်-ရလာတဲ့အနှစ်ကို ခေါင်းမလျှော်ခင်မှာ ဦးရွေပားနဲ့ ဆံပင်အနှံ့လိမ်းပြီး ညင်သာစွာ နှိပျနယ်ပါ။
- ပြီးရင် shower cup နဲ့ အုပ်ကာ တစ်နာရီခန့် ထားပါ။
-နောက် ရိုးရိုးရေနဲ့ အရင်ဆေးချလိုက်ပါ။
-အဲဒီနောက်မှာ Herbal ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်လိုက်ပါ။

Curry leaves Mixture for Hair
======================
ဆံရင်းမြစ်ပျက်စီးတာ၊ ဆံပင်ကျွတ် တာ၊ ဦးရွေပားအာဟာရချို့တဲ့တာ၊ ဆံပင်ကြွပ်ဆတ် တာ၊ဆံသားနှစ်ခှ ဖွစျတာတွေအတွက် ဒီ Mixture က ကူညီပေးပါလိမ့်မယ်။
-အုန်းဆီ 100 ml ၊ နှမျးဆီ 100 ml ကို အိုးတစ်လုံးထဲ ထည့်ကာ မီးဖိုပေါ်မှာ အပူပေးပါ။
-အဲဒီထဲကို ပျဉ်းတော်သိမ်ရွက် လက်တစျ ဆုပျစာကို ထည့်ပါ။
- ဆီတွေပွက်ပွက်ဆူပြီး ပျဉ်းတော်သိမ်ရွက်ညှိုးသွားတဲ့အခါမှာ မီးဖိုပေါ်ကခြပြီး အအေးခံပါ။
-ပြီးရင် ပုလင်းတစ်လုံးထဲ အဲဒီအဆီကို စစ်ထည့်ပါ။
-ရလာတဲ့အဆီကို ညအိပ်ခါနီးမှာ ဦးရွေပားနဲ့ ဆံသားအနှံ့လိမ်းအိပ် ပါ။
-နောက်တစ်နေ့ မနက်မှာ ခေါင်းလျှော်လိုက်ပါ။
-ဒါမှ မဟုတ် အဲဒီအဆီလိမ်းပြီး နာရီ၀က်အကြာမှာလည်း ခေါင်းလျှော်နိုင်ပါတယ်။
-တစ်ပတ် ၂-၃ ကြိမ် ပြုလုပ်ပါ။

…….

ပျဉ်းတော်သိမ်ရွက်နှင့် အ ထှေ ထှေကျန်းမာရေး
…===+++++=====++++====+++++=====
-ပျဉ်းတော်သိမ်ရွက်မှာ သံဓာတ်၊ ဖောလစ်အက်စစ်လိုမျိုး အာဟာရဓာတ်တွေ ကြွယ်၀တာကြောင့် သွေးအားနည်းရောဂါရှိသူတွေအတွက် သင့်လျော်ပါတယ်။
- သူ့မှာ ဗီတာမင် အေ ပြည့်၀စွာ ပါ၀င်တာကြောင့် မျက်စိတိမ် ဖုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲ ပျဉ်းတော်သိမ်ရွက် ထည့်ကာ အအေးခံပြီး သောက်ပေးပါက ပျို့ချင်အန်ချင်ဖြစ်တာနဲ့ ကိုယ်၀န်ဆောင်အစောပိုင်း Morning sick ဖြစ်တာမျိုးတွေအတွက် ထိရောက်စွာ သက်သာစေပါတယ်။
-ပျဉ်းတော်သိမ်ရွက် က အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာကိုလည်း သက်သာစေနိုင်စွမ်းရှိပါတယ်။
-အဲဒါတွေအပွငျ ၀မ်းပျက်၀မ်းလျှောတာကို ရပ်တန့်ပေးတာ၊ အသည်းကို ကာကွယ်ပေးတာ၊ အစာခြေစနစ်ကို ွမှင့်တင်ပေးတာ၊ ကိုလက်စထရောလျော့ကြစေတာ၊ သွေးဖိအားကျဆင်းတာအတွက် ကူညီပေးတာ၊ ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်မှိုပိုးတွေကို တိုက်ထုတ်ပေးတာ၊ ဓာတ်ရောင်ခြည်ကုထုံး ကုသမှုခံယူနေသူတွေအတှက် ဘေးထွက်ဆိုးကျိုးနည်းအောင် ပြုလုပ်ပေးနိုင်တာ စတဲ့ အစွမ်းသတ္တိတွေရှိပါသေးတယ်။

Credit To Suu Mwar
ပြန်လည်မျှဝေပေးပါသည်


====++++++++====+++++++++++++++++++

" ဆေးစွမ်းထက်သော ပျဉ်းတော်သိမ်ပင် "
====++++++====++++++++++++++

ပျဉ်းတော်သိမ်ရွက်က ကင်ဆာရောဂါ နှင့်
နှလုံးရောဂါ ကို တားဆီးနိုင်သည့်အပြင်
မှတ်ဉာဏ်ကိုပါ ကောင်းမွန်စေတယ်ဆိုတာ
သင်တို့ သိပါသလား…?…

ပျဉ်းတော်သိမ်ရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊
ထုံးဓာတ်၊ သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊
အသားဓာတ် များ ပါ၀င်ဧ။် ။

ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါ၀င်ပြီး
ထိုအက်စစ်များကြောင့် အစားအသောက်များအား မွှေးကြိုင်သောရနံ့ ဖြစ်စေပြီး
ရောဂါအမျိုးမျိုးကို ကာကွယ်ပေးပါသည် ။

ပျဉ်းတော်သိမ်ရွက်တွင် ပါ၀င်သော
ဓာတ်တိုးတားဆီးမှုသတ္တိ (Antioxidant) ဖြင့်
(ကင်ဆာရောဂါ နှင့် နှလုံးရောဂါ) ကိုတားဆီးနိုင်သည့်အပြင်
မှတ်ဉာဏ်ကိုပါ ကောင်းမွန်စေကြောင်း
​ြသ​စတြေးလျနိုင်ငံရှိ
အစားအသောက် သုတေသနပညာရှင်များ၏ခေါင်းဆောင်
Dr. လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည် ။

ပျဉ်းတော်သိမ်ရွက်မှ အဆီထုတ်ပြီး
ထိုအဆီကို ဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊
နှလုံး နှင့် မျက်စေ့အမြင် ချို့ယွင်းချက်များကို
ကာကွယ်နိုင်ကြောင်း အိုင်ယာလန်နိုင်ငံရှိ
ဆေးဝါးဘက်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဋ္ဌာနမှ
တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ်
(Paste) ကိုစားသုံးခြင်းဖြင့် အဆုတ် ၊ နှလုံးနှင့်
သွေးနှင့် ပတ်သက်သော ရောဂါများကို
ထိန်းချုပ်နိုင်သည်ဟု ဆိုပါဧ။် ။

( ဆေးဖက်အသုံး၀င်ပုံ )

(ဆီးချိုရောဂါ)

ဆီးချို၊ သွေးချို ရောဂါအတွက်
နေ့စဉ် နံနက် အိပ်ရာထပြီး အစာမစားမီ
လတ်ဆတ်သော ပျဉ်းတော်သိမ်(၁၀) ရွက် စားပါ ။
(၃) လတိတိစားလျှင် ထိုရောဂါကို ထိန်းချုပ်နိုင်ပြီး
နေ့စဉ်မှီဝဲနေရသည့် ဆေးပမာဏကိုလည်း
ထက်၀က်ကျော် လျော့ချနိုင်ပါသည် ။

ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝ ဖီး
ခြင်း၊
သွေးထဲတွင် လွန်ကဲစွာရှိနေသော
ကိုလက်စထရောကို လျှော့ချပေးပြီး၊
ဆက်လက်သုံးစွဲပါက ဆီးတွင် သကြားဓာတ်ထွက်ရှိခြင်းကိုလုံး၀ရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါသည် ။

ဝေဒနာရှင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားကို စားသုံးရန်လိုအပ်ပြီး
ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည် ။

(တစ်ဦးအတွက်ဆေး ဖြစ်သော်လည်း
တစ်ဦးအတွက် ဘေးဖြစ်တတ်ပါ၍
သုံးစွဲလိုပါက ချင့်ချိန်၍ သုံးစွဲပါရန်။)

( အစာမကြေခြင်း )

အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊
၀မ်းချုပ်ခြင်း၊ ၀မ်းသွားခြင်း၊ အော့အန်ခြင်း၊
ပျို့အန်ခြင်း ၊ ကလေးများ ဆာလောင်မှုမရှိပါက
ခံတွင်းကောင်းအောင် လှုံ့ဆော်သည့် အစာအဖြစ် အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင် သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါက ပျောက်ကင်းနိုင်ဧ။်။
အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့်
ရင်ပူခြင်းကို ပျောက်ကင်းစေပါဧ။် ။

(ဆံပင်ဖြူခြင်း )

အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို
အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင်
ရေဓာတ်ကုန်သည်အထိ ကျိုချက်အအေးခံပါ ။
ထို ဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါဧ။် ။

(မျက်စေ့ရောဂါ)

ဗီတာမင်အေ များစွာပါ၀င်၍
ကြိတ်သောအရည်ကို သောက်ပေးခြင်းဖြင့်
(သို့) အစိမ်းလိုက် တို့စရာအဖြစ်စားပါက
မျက်စေ့အမြင် ကြည်လင်စေဧ။် ။

(ကိုယ်၀န်ဆောင်_ပျို့အန်ခြင်း)

ကိုယ်၀န်ရှိခါစ အမျိုးသမီးများတွင် ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူး​ဝေ ခြင်း၊ အစားအသောက် အနံ့မခံနိုင်ခြင်း ၊ ဆာလောင်မှုမရှိခြင်း၊ ဆာလောင်သော်လည်း အစာစား၍ မရခြင်း တို့ဖြစ်တတ်ပါသည် ။

ပျဉ်းတော်သိမ် သတ္တုရည် ဟင်းစားဇွန်း (၁) ဇွန်း၊
သံပုရာရည်(၂)ဇွန်း၊ သကြား(၁)ဇွန်းရောစပ်၍
နေ့စဉ် နံနက်တိုင်းသောက်ပါက အထက်ပါ ရောဂါများ
သက်သာပျောက်ကင်းနိုင်ပါသည် ။

(ခွဲစိပ်လူနာများ)

ခွဲစိပ်ကုသမှု ခံယူ၍ ဆုံးရှုံးခံရသည့်
သွေးအားကိုပြန်လည်ဖြည့်တင်းနိုင်ရန်
(သံဓာတ်) ကြွယ်၀သည့် ပျဉ်းတော်သိမ်ရွက်ကိုကြိတ်၍
ဟင်းခါး(သို့) သီးစုံဟင်းနှင့် ရောနှော
ချက်ပြုတ် စားပါက အမြန်ကျန်းမာလာနိုင်သည် ။

(၀မ်းချုပ်ခြင်း)

ဆူပွက်နေသော ရေနွေးတစ်ခွက်တွင်
ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို
လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ၀မ်းမှန်စေပါသည် ။

(ခံတွင်းပျက်ခြင်း)

အစာမကြေခြင်း နှင့်
ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါက
အရသာကိုသိစေသော လျှာပေါ်ရှိ
(အရသာခံအဖု) များကောင်းစွာအလုပ်မလုပ်ခြင်းကြောင့် ခံတွင်း ပျက်ရဧ။် ။
ပျဉ်းတော်သိမ်ရွက်အနည်းငယ်တွင်
ဂျင်း၊ ကြက်သွန်ဖြူ၊ မကျည်းမှည့်၊ ငရုတ်သီးနှင့်
ဆားအနည်းငယ် စီ ရောကြိတ်၍ ရလာသောအနှစ်ကို ထမင်းဖြူ နှင့် စားသုံးပါက
ခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။

(စိတ်ပျံ့လွင့်ခြင်း)

အရွက်အား ကြိတ်၍ရသောအနှစ်တွင် သံပုရာရည်ဆမ်းပြီး ထမင်းဖြူ နှင့် နေ့ရော ညပါ စားသုံးပါက
သက်သာပျောက်ကင်း၍ ကျန်းမာ လာနိုင်မည် ။

(ဒူလာသွေး၀မ်း)

ဒူလာသွေး၀မ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများအတွက်
အရွက်ကို စားပေးပါက သက်သာစေပါဧ။် ။

(ဖျဉ်းဝေဒနာ)

ရှေးမြန်မာဘုရင်များ လက်ထက်က
မင်းညီမင်းသားများ အရက်သောက်ပြီး
အသည်းကျွမ်း၍ ဖျဉ်းဖြစ်ကြဧ။် ။

သမားတော်များက ဖျဉ်းတော်သိမ်နှင့် ကုသဧ။် ။
ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျော၍ ပျဉ်းတော်သိမ်ဟု နာမည်တွင်ရစ်သည်ဟု ဆိုပါဧ။် ။

ထိုပျဉ်းတော်သိမ်အရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး
အသင့်အတင့်သောက်ပေးပါ ။ ချိုးလည်းချိုးပါ ။
အရွက်နုကို အတို့အမြှုပ်လုပ်စားပါ ။

ဟင်းခါးချက်သောက်ပါ ။
နေ့စဉ်ထမင်းစားတိုင်း ကျွေးပါက
သက်သာပျောက်ကင်းနိုင်ပါသည် ။

"လက်တွေ့ပျောက်ကင်းသူဧ။်နည်း "

(မြန်မာ့ဆေးကျမ်းများအရ)

အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးဧ။် ။

အရွက်ကို များစွာစားပါက ၀မ်းကိုသက်စေသည် ။

နို့ရည်ထဲတွင် ထိုအရွက်ကို ထည့်ကျိုသောက်ပါက
အဆိပ်ကို ပျယ်စေသည် ။

အရွက်ကို သွေးဆေး၊ လေဆေးဖော်စပ်ရာတွင်အသုံးပြုဧ။် ။

Crd To Original Writer
ပြန်လည်မျှဝေပေးပါသည်


ပျဉ်းတော်သိမ်ရွက်
================

ပျဉ်းတော်သိမ်ရွက်မှာ အဓိက အာဟာရဓာတ်အနေနဲ့
ကာဗိုဟိုက်ဒရိတ်၊ စွမ်းအင်၊ အမျှင်ဓာတ်၊
ကယ်လ်စီ ယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီနဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

ပျဉ်းတော်သိမ်ရွက်မှာ
နီကိုတင်းနစ်အက်စစ်၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊
ဗီတာမင်ဘီ၊ ဗီတာမင်အီးစတဲ့ ဗီ တာမင်အမျိုးမျိုး၊ အင်တီအောက်ဆီးဒင့်၊ အမိုင်နိုအက်စစ်၊
ဂလိုင်ကိုဆိုက်နဲ့ ဖလေဗိုးနွိုက်တွေ ပါဝင်ပြီး
အဆီ က မပါသလောက်နီးပါးရှိပါတယ်။

ပျဉ်းတော်သိမ်ရွက်ကို ဟင်းတွေထဲ ထည့်ချက်တဲ့အခါ
အရသာတိုးစေပြီး အနံ့မွှေးစေတဲ့အပြင်
အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ_သက်သာစေခြင်း

လေ့လာမှုတွေအရ ပျဉ်းတော်သိမ်ရွက်ထဲမှာ ပါတဲ့ အယ်လ်ကာလွိုက်တွေမှာ ဝမ်းပျက်ဝမ်းလျှောတာကို
ဟန့်တားပေးတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။
ပျဉ်းတော်သိမ်ရွက်ကို ကြိတ်ခြေပြီး စားတာ
ဒါမှမဟုတ် အရွက်ရည်သောက်တာတို့ကို လုပ်ပေးရင် ဝမ်းလျှောတာကိုသက်သာစေပါတယ်။

ဓာတ်တိုးဆန့်ကျင်ပေးသော_ဂုဏ်သတ္တိရှိခြင်း

လေ့လာမှုအရပျဉ်းတော်သိမ်ရွက်မှာ
အင်တီအောက်ဆီးဒင့်များများ ပါဝင်တဲ့အတွက်
ဗီတာမင်အေ၊ ဘီ၊ စီနဲ့ အီးတို့လိုပဲ
ခန္ဓာကိုယ်ထဲမှာဓာတ်တိုးတာနဲ့ ဖရီးရယ်ဒီကယ်တွေကို လျော့ကျစေတဲ့အစွမ်းရှိကြောင်း သိရပါ တယ်။

ပျဉ်းတော်သိမ်ရွက်ကို
ဟင်းလျာတွေထဲ ထည့်စားနိုင်ပါတယ်။

အူလမ်းကြောင်းရောဂါဝေဒနာများကို_ကာကွယ်ခြင်း

ပျဉ်းတော်သိမ်ရွက်တွေကို သုံးတာကြောင့်
အစာအိမ်အူလမ်းကြောင်း ရောဂါဝေဒနာတွေကို
ကုသပေးနိုင်ကြောင်း အာယုဗ္ဗေဒအရ သိရပါတယ်။
ပျဉ်းတော်သိမ်ရွက်က ရလာတဲ့ အရည်ကို
သောက်သုံးပေးနိုင်ပါ တယ်။

ဆီးချိုရောဂါ_ထိန်းချုပ်နိုင်ခြင်း
=====================

ပျဉ်းတော်သိမ်ရွက်ဟာ
သွေးတွင်းသကြားဓာတ်မြင့်တက်မှုမရှိအောင်
ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ဆီးချိုရောဂါရှိတဲ့ကြွက်တွေကို လေ့လာစမ်းသပ်ပြီး
မက်ဒရာတက္ကသိုလ်မှ ဇီဝကမ္မဆိုင်ရာ ဌာနက
လေ့လာ သုံး သပ်ဖော်ပြထားပါတယ်။

သွေးတွင်း_ကိုလက်စထရောအဆင့်_လျော့ကျစေခြင်း

ပျဉ်းတော်သိမ်ရွက်တွေဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။

အိန္ဒိယနိုင်ငံရှိ ကီရာလာတက္ကသိုလ်မှ လေ့လာမှုအရ ......
ပျဉ်းတော်သိမ်ရွက်ဟာ သွေးတွင်း မကောင်းတဲ့
ကိုလက်စထရောကိုလျော့ကျစေကြောင်း သိရပါတယ်။

အမြင်အာရုံကို_ကောင်းမွန်စေခြင်း
==============

ပျဉ်းတော်သိမ်ရွက်မှာ
ဗီတာမင်အေ ပမာဏ များများ ပါဝင်တာကြောင့်
အမြင်အာရုံကို ကောင်းမွန်စေပါ တယ်။

ဗီတာမင်အေမှာ ပါဝင်တဲ့ ကာရိုတီးနွိုက်ဟာ
မျက်ကြည်လွှာကို အကာအကွယ်ပေးနိုင်ပါတယ်။
ဗီတာမင်အေ ချို့တဲ့တာကြောင့်
ညဘက် မျက်စိမမြင်တာ၊ တိမ်ဖြစ်တာနဲ့
အမြင်အာရုံမပြတ်သားတာတို့ ဖြစ်စေနိုင်ပါတယ်။

ကင်ဆာကို_တွန်းလှန်ပေးနိုင်ခြင်း
======================

ပျဉ်းတော်သိမ်ရွက်တွေမှာ တွေ့ရတဲ့
ဖီနောလို ဓာတ်တွေဟာ လူကေးမီးယားသွေးကင်ဆာ၊
ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့လို
ကင်ဆာတွေကိုတွန်းလှန်ပေးနိုင်ပါတယ်။

ဂျပန်၊ မီဂျိုးတက္ကသိုလ်ရဲ့ လေ့လာ မှုအရ
ပျဉ်းတော်သိမ်ရွက်ကရတဲ့ ကာဘဇိုးအယ်လ်ကာလွိုက်တွေမှာ ကင်ဆာကို တွန်းလှန်ပေးနိုင်တဲ့
ဂုဏ်သတ္တိရှိကြောင်း သိရပါတယ်။

ကင်ဆာကုသရာတွင်_သက်သာစေခြင်း

ကင်ဆာဆေးသွင်းကုသမှု၊ ဓာတ်ရောင်ခြည်သုံးပြီးကုသမှု၊
ကိုယ်တွင်းမှာဖရီးရယ်ဒီကယ်တွေကြောင့်
ထိ ခိုက်မှု မဖြစ်အောင် ကာကွယ်မှုတွေ ပြုလုပ်နေစဉ်မှာ ပျဉ်းတော်သိမ်ရွက်အနှစ်ကို စားပေးရင် ကောင်းမွန် တဲ့ အကျိုးရလဒ်တွေကို ရရှိစေကြောင်း လေ့လာမှုတွေက ဆိုပါတယ်။

ပိုးမွှားကူးစက်မှုကို_တွန်းလှန်ပေးနိုင်ခြင်း
=======++++=======

ပျဉ်းတော်သိမ်ရွက်ဟာ ဘက်တီးရီးယားနဲ့
ဖန်းဂပ်စ်မှိုပိုး ကူးစက်မှုတွေကိုတွန်းလှန်ပေးနိုင်တဲ့ အစွမ်းရှိကြောင်း လေ့လာမှုအရ သိရပါတယ်။

ပျဉ်းတော်သိမ်အရွက်အနှစ်ဟာ ပဋိဇီဝပိုးသတ်ဆေးအစွမ်းလို အာနိ သင်ပေးနိုင်ပါတယ်။

အသည်းကို_ကာကွယ်ပေးခြင်း
=====++++=======

အသည်းဟာ အစာခြေလမ်းကြောင်းစနစ်မှာ
အဓိက အခန်းကဏ္ဌမှ ပါဝင်နေပြီး ဖရီးရယ်ဒီကယ်၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတိုက်ခိုက်မှုတွေကို ကာကွယ်ပေးပါတယ်။
ပျဉ်းတော်သိမ်ရွက်မှာပါတဲ့ တန်နင်နဲ့
ကာဘဇိုး အယ်လ်ကာလွိုက်တွေဟာ အသည်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိကြောင်း
လေ့လာမှုအရ သိရပါတယ်။

ဆံပင်သန်ခြင်း
=======

ပျဉ်းတော်သိမ်ရွက်ဟာ ဆံပင်အရင်းအမြစ်တွေကို
သန်စွမ်းစေကြောင်းယုံကြည်ကြပါတယ်။
ပျဉ်းတော်သိမ် ရွက် အခြောက်မှုန့်ကို အုန်းဆီထဲမှာထည့်ပြီးဆံပင်သားအနှံ့သုတ်လိမ်းကာ နှိပ်နယ်ပေးပါ။
ဆံပင်သား သန် စွမ်းစေရုံသာမက ဆံပင်သား နက်မှောင်စေပါတယ်။

အသားအရေ_လှစေခြင်း
==+++++++

ပျဉ်းတော်သိမ်ရွက်ဟာ အသားအရေ လှပအောင် ကူညီနိုင်ပါတယ်။
ပျဉ်းတော်သိမ်ရွက်အရည် ဒါမှမဟုတ် အနှစ်သားကို
မီးလောင်ဒဏ်ရာ၊ ပြတ်ရှရာ၊ အရေပြား စုတ်ပြဲဒဏ်ရာ၊
ပိုးကောင်ကိုက်ရာ စတာတွေပေါ် သုတ်လိမ်းပေးပါက
မြန်မြန်ဆန်ဆန် သက်သာစေပါတယ်။
Crd To Ori
ပြန်လည်မျှဝေပေးပါသည်

==+++++++++++

" ရေဖျင်း_လေဖျင်း_သွေးဖျင်း_ဆေးနည်း "

သွေးဖျဉ်း ရေဖျဉ်း လေဖျဉ်း
မုချသက်သာပျောက်ကင်းသည့်ဆေးနည်းလေးပါ ။

ပထမ ဦးစွာ ပျဉ်းတော်သိမ်ရွက် အရွက်ကိုပြုတ်ပါ။

ပြုတ်ထားသည့် အရည်ကိုသောက်ပါ။

ပြုတ်ဖတ်ကိုဆုံနဲ့ထောင်းပြီးညအိပ်ယာဝင် သည့်အခါ ချက်တိုင်ပတ်လည်မှာအုံပြီး အဝတ်စည်းအိပ်ပါ။

တစ်ခါလုပ်ရုံနဲ့သိသိသာသာလျော့သွားပါမယ်။

လေးငါးခါပြုလုပ်ပေးပါ ခင်ဗျာ ။ ။
အားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကင်း လိုရာဆန္ဒအားလုံး ပြည့်ဝကြပါစေ။

crd
မူရင်းဆရာ

Address


Website

Alerts

Be the first to know and let us send you an email when Htike Tan - Traditional Medicine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram