ThidaNyein Specialist Clinic

ThidaNyein Specialist Clinic သင့် နှင့် သင်ချစ်ရတဲ့သူတွေရဲ့ ကျန်?tiktok.com/

❤️ Heart Failure (နှလုံးကျရှုံးရောဂါ) ဆိုတာဘာလဲ?နှလုံးက ခန္ဓာကိုယ်အနှံ့သို့ သွေးကို လုံလောက်စွာ မပို့နိုင်တော့သော အခြေအန...
07/05/2026

❤️ Heart Failure (နှလုံးကျရှုံးရောဂါ) ဆိုတာဘာလဲ?
နှလုံးက ခန္ဓာကိုယ်အနှံ့သို့ သွေးကို လုံလောက်စွာ မပို့နိုင်တော့သော အခြေအနေကို Heart Failure (နှလုံးကျရှုံးရောဂါ) ဟုခေါ်ပါသည်။
မကြာခဏ မောပန်းခြင်း၊ အသက်ရှူခက်ခြင်း၊ ခြေဖဝါးဖောခြင်းတို့ ဖြစ်တတ်ပြီး မကုသဘဲထားပါက အသက်အန္တရာယ်ထိ ဖြစ်နိုင်ပါသည်။

⚠️ ဘာကြောင့်ဖြစ်နိုင်လဲ?
• သွေးတိုးရောဂါ
• နှလုံးသွေးကြောကျဉ်းရောဂါ
• ဆီးချိုရောဂါ
• နှလုံးအဆို့ရှင်ရောဂါ
• အဝလွန်ခြင်း
• ဆေးလိပ်နှင့် အရက်သောက်ခြင်း
• ကျောက်ကပ်ရောဂါ
• နှလုံးခုန်မမှန်ခြင်း

စသောရောဂါများကို သေချာမကုခြင်း၊ဆေးမှန်မှန်မသောက်ခြင်း၊အငန်စားလွန်းခြင်းတို့ကြောင့်နှလုံးကျရှုံးအဆင့်ထိဖြစ်လာရခြင်းဖြစ်ပါတယ်🧨🧨🧨

🚨 သတိထားသင့်သော လက္ခဏာများ
• အသက်ရှူမဝခြင်း
• အနည်းငယ်လှုပ်ရှားရုံနဲ့ မောပန်းခြင်း
• ညအိပ်ရာတွင် အသက်ရှူခက်ခြင်း
• ခြေထောက်၊ ခြေဖဝါးဖောခြင်း
• ရင်တုန်ခြင်း
• ချောင်းဆိုးတာကြာခြင်း

🛡️ ကာကွယ်နည်းများ
✅ သွေးတိုး၊ ဆီးချိုကို ထိန်းထားပါ
✅ ဆားလျှော့စားပါ
✅ အဆီများသောအစားအစာ လျှော့စားပါ
✅ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
✅ ကိုယ်အလေးချိန်ထိန်းပါ
✅ ဆေးလိပ်၊ အရက်ရှောင်ပါ
✅ နှလုံးစစ်ဆေးမှု ပုံမှန်ပြုလုပ်ပါ

❌ ရှောင်ရှားသင့်သောအရာများ
• ဆားများသောအစားအစာ
• အဆီများသော Fast Food များ
• ဆေးလိပ်နှင့် အရက်
• အိပ်ရေးပျက်ခြင်း
• ဆရာဝန်မညွှန်ဘဲ ဆေးသောက်ခြင်း

❤️ နှလုံးကျန်းမာရေးကို ဂရုစိုက်ခြင်းသည် အသက်ရှည်ကျန်းမာစွာ နေနိုင်ရန် အရေးကြီးပါသည်။ 💘💘💘

🏥 #သီတာညိမ်းအထူးကုဆေးခန်း တွင်
နှလုံးနှင့်ပတ်သက်သော လက္ခဏာများအား ဆရာဝန်နှင့် တိုင်ပင်ပြသနိုင်ပါသည်။

#ဒေါပုံမြို့နယ်ရန်ကုန်မြို့၊ မင်းနန္ဒာလမ်းမ ၊ CB Bank ဘေး ၊သဒ္ဒါရုံမှတ်တိုင်အနီး
☎️09447718388, 09447718338

#မကွေးမြို့၊ ရန်ပယ်စျေးတောင်ဘက်
၂၁ လမ်း၊ ဇီဇဝါလမ်း နှင့် မြတ်လေးလမ်းကြား

📞 ဆက်သွယ်ရန်
☎️ 09-448015225

#နှလုံးအထူးကုဆရာဝန်ကြီး
ါတ်မှန်ရိုက်ခြင်း

#အထွေထွေသမားတော်

🩺 ဆီးချိုရောဂါနှင့် ကျောက်ကပ်ပျက်ခြင်းအန္တရာယ် 🩺📌 ဆီးချိုရောဂါ (Diabetes Mellitus) ဆိုတာဘာလဲ?ဆီးချိုရောဂါဆိုသည်မှာ သွေးထ...
06/05/2026

🩺 ဆီးချိုရောဂါနှင့် ကျောက်ကပ်ပျက်ခြင်းအန္တရာယ် 🩺

📌 ဆီးချိုရောဂါ (Diabetes Mellitus) ဆိုတာဘာလဲ?
ဆီးချိုရောဂါဆိုသည်မှာ သွေးထဲရှိ သကြားဓာတ် (glucose) အဆင့် မြင့်နေသော အခြေအနေတစ်ခုဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်အင်္ဂါများကို ထိခိုက်စေနိုင်ပါသည်။

⚠️ ဆီးချိုရောဂါလက္ခဏာများ
• မကြာခဏ ဆီးသွားခြင်း
• အလွန်ရေငတ်ခြင်း
• အစားစားချင်ခြင်း များခြင်း
• အလေးချိန် လျော့နည်းခြင်း
• မောပန်းလွယ်ခြင်း
• မျက်စိမြင်မှု မရှင်းလင်းခြင်း

📌 ကျောက်ကပ်ပျက်ခြင်း (Chronic Kidney Disease) ကို ဘာကြောင့်ဖြစ်နိုင်လဲ?

ဆီးချိုရောဂါရှိသူများတွင် သွေးထဲသကြားဓာတ် မြင့်နေခြင်းကြောင့် ကျောက်ကပ်အတွင်းရှိ သွေးကြောသေးများ ပျက်စီးသွားနိုင်ပါသည်။ ဒါကြောင့် ကျောက်ကပ်လုပ်ဆောင်ချက် လျော့နည်းလာပြီး နောက်ဆုံးတွင် ကျောက်ကပ်ပျက်နိုင်ပါသည်။

📉 ကျောက်ကပ်ပျက်စေသော အကြောင်းရင်းများ
• ဆီးချိုရောဂါကို မထိန်းချုပ်နိုင်ခြင်း
• သွေးပေါင်ချိန်မြင့်ခြင်း
• ဆေးများကို မသင့်တော်စွာ သုံးစွဲခြင်း
• ဆီးလမ်းကြောင်းရောဂါများကို မကုသခြင်း
• အချိန်ကြာရှည် ရေဓာတ်မလုံလောက်ခြင်း

🚨 သတိထားရမည့် လက္ခဏာများ
• ခြေထောက်ဖောခြင်း
• မောပန်းခြင်း
• ဆီးပမာဏ ပြောင်းလဲခြင်း
• မျက်နှာဖောခြင်း

✅ ကာကွယ်ရန် နည်းလမ်းများ
• သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပါ
• သွေးပေါင်ချိန်ကို စောင့်ကြည့်ပါ
• ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်ပါ
• ရေများများ သောက်ပါ
• ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပါ

#သီတာညိမ်းအထူးကုဆေးခန်း တွင် လာရောက်ပြသ၍
#သွေးချိုစစ်ဆေးခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်းများကို တိကျစွာ ပြုလုပ်နိုင်ပါသည်။

💬 သတိပေးချက်
ဆီးချိုရောဂါကို လျစ်လျူရှုထားလျှင် ကျောက်ကပ်ပျက်ခြင်းအထိ ဖြစ်နိုင်ပါသည်။
ကျန်းမာရေးကို မပျက်စီးမီ ကြိုတင်ကာကွယ်ခြင်းသည် အရေးကြီးဆုံးဖြစ်ပါသည်။

📍 အချိန်မီ စစ်ဆေးကုသခြင်းဖြင့် ကျန်းမာရေးကို ကာကွယ်နိုင်ပါသည်။

#ဒေါပုံမြို့နယ်ရန်ကုန်မြို့၊ မင်းနန္ဒာလမ်းမ ၊ CB Bank ဘေး ၊သဒ္ဒါရုံမှတ်တိုင်အနီး
☎️09447718388, 09447718338

#မကွေးမြို့၊ ရန်ပယ်စျေးတောင်ဘက်
၂၁ လမ်း၊ ဇီဇဝါလမ်း နှင့် မြတ်လေးလမ်းကြား

📞 ဆက်သွယ်ရန်
☎️ 09-448015225

#အထွေထွေသမားတော်
#ဆီးချို

📣ဗိုက်အောင့်ခြင်းဆိုတာ လူတိုင်းမကြာခဏတွေ့ကြုံရနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်ပေမယ့် နောက်ကွယ်မှာ ရောဂါမျိုးစုံရှိနိုင်ပါတယ်။ အခ...
05/05/2026

📣ဗိုက်အောင့်ခြင်းဆိုတာ လူတိုင်းမကြာခဏတွေ့ကြုံရနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်ပေမယ့် နောက်ကွယ်မှာ ရောဂါမျိုးစုံရှိနိုင်ပါတယ်။ အချို့က လေးလံမဟုတ်ပေမယ့် တချို့ကတော့ အရေးပေါ်ကုသမှုလိုအပ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။

📌 ဗိုက်အောင့်ခြင်းဖြစ်နိုင်သောရောဂါများ

🔹 အစာအိမ်နာ (Gastritis)
အစာမမှန်ခြင်း၊ အချဉ်များစားခြင်း၊ အရက်သောက်ခြင်းကြောင့် ဖြစ်နိုင်ပြီး ဗိုက်ပေါ်ပိုင်းနာတတ်ပါတယ်။

🔹 အူအတက်ရောင်ခြင်း (Appendicitis)
ညာဘက်အောက်ဗိုက်နာ၊ အန်ခြင်း၊ ဖျားခြင်းဖြစ်နိုင်ပြီး အရေးပေါ်ခွဲစိတ်လိုအပ်နိုင်ပါတယ်။

🔹 အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း (Gastroenteritis)
ဝမ်းလျှော၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်းတို့နှင့် တွဲဖြစ်တတ်ပါတယ်။

🔹 အူလမ်းကြောင်းတွင်လေများခြင်း (Gas/Bloating)
လေများကြောင့် ဗိုက်တင်းပြီး နာတတ်ပေမယ့် အများအားဖြင့် အန္တရာယ်မများပါ။

🔹 ကျောက်ကပ်တွင်ကျောက်တည်ခြင်း (Kidney stones)
ဘယ်ဘက် သို့မဟုတ် ညာဘက်ဘေးဗိုက်နာပြီး နာကျင်မှုတောက်လျှောက်ဖြစ်တတ်ပါတယ်။

🔹 ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)
အောက်ဗိုက်နာ၊ ဆီးမကြာခဏသွားခြင်း၊ ဆီးလောင်ခြင်းဖြစ်နိုင်ပါတယ်။

🔹 မိန်းမများတွင် သားအိမ်နှင့်ဆိုင်သောရောဂါများ
ဥပမာ - ovarian cyst, ectopic pregnancy စသည်တို့ကြောင့်လည်း ဗိုက်နာနိုင်ပါတယ်။

⚠️ ဘယ်အချိန် ဆရာဝန်ကိုတွေ့သင့်သလဲ?

👉 နာကျင်မှု ပြင်းထန်လာပါက
👉 ဖျားခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းများတွဲဖြစ်ပါက
👉 ဗိုက်နာတာ မသက်သာဘဲ နာရီများကြာပါက
👉 သွေးပါသောဝမ်း သို့မဟုတ် ဆီးပြောင်းလဲမှုရှိပါက

📢 သတိပြုရန်

🔥အဆိုးဆုံးအခြေအနေ🔥

✅အစာအိမ်ပေါက်ခြင်း၊Pancreatic မှုန့်ချိုအိတ်ယောင်ခြင်း၊အူပိတ်ခြင်း၊အူအတက်ပေါက်ခြင်းများဖြစ်ပါက အသက်အန္တရာယ်ပေးနိုင်သောကြောင့် မပေါ့ဆပါနဲ့။

📣📣📣ဗိုက်အောင့်ခြင်းကို သာမန်လို့မယူဆဘဲ အကြောင်းရင်းရှာဖွေရန် အရေးကြီးပါတယ်။ မိမိဘာသာ ဆေးဝယ်သောက်ခြင်းထက် ဆရာဝန်နှင့် တိုင်ပင်ပြီး သင့်တော်သော စစ်ဆေးမှုများ (Ultrasound, X-ray, Blood test) ပြုလုပ်သင့်ပါတယ်။

💙 ကျန်းမာရေးက အရေးကြီးဆုံးပါ။ မပေါ့ဆပါနဲ့!

#သီတာညိမ်းအထူးကုဆေးတိုက်
ါတ်မှန်ရိုက်ခြင်း
#ခွဲစိတ်အထူးကုဆရာဝန်ကြီး

#ဒေါပုံမြို့နယ်ရန်ကုန်မြို့၊ မင်းနန္ဒာလမ်းမ ၊ CB Bank ဘေး ၊သဒ္ဒါရုံမှတ်တိုင်အနီး
☎️09447718388, 09447718338

#မကွေးမြို့၊ ရန်ပယ်စျေးတောင်ဘက်
၂၁ လမ်း၊ ဇီဇဝါလမ်း နှင့် မြတ်လေးလမ်းကြား

📞 ဆက်သွယ်ရန်
☎️ 09-448015225

⏰ လူနာများအား စောင့်ဆိုင်းချိန်နည်းပြီး
အဆင်ပြေပြေ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

📌 စိတ်ကျန်းမာရေးကို လျစ်လျူမရှုပါနဲ့ယနေ့ခေတ်မှာ လူနေမှုဘဝလျင်မြန်လာခြင်း၊ လိုအပ်ချကမျးာအလုပ်ဖိအားများခြင်း၊ လူမှုရေးပြဿန...
04/05/2026

📌 စိတ်ကျန်းမာရေးကို လျစ်လျူမရှုပါနဲ့

ယနေ့ခေတ်မှာ လူနေမှုဘဝလျင်မြန်လာခြင်း၊ လိုအပ်ချကမျးာအလုပ်ဖိအားများခြင်း၊ လူမှုရေးပြဿနာများကြောင့်
စိတ်ဖိစီးမှု (Stress) နှင့် စိတ်ပိုင်းဆိုင်ရာပြဿနာများ တိုးလာနေပါသည်။

စိတ်ကျန်းမာရေးပြဿနာတွေဟာ မျက်နှာမမြင်ရတဲ့ရောဂါများဖြစ်ပြီး
မိသားစု၊ လူမှုဘဝ၊ အလုပ်အကိုင်တွေအပေါ် အရေးကြီးစွာ သက်ရောက်မှုရှိနိုင်ပါတယ်။

💬 စိတ်ကျန်းမာရေးအတွက် “Healing” လုပ်ယူဖို့ လိုအပ်ပါတယ်

Healing ဆိုတာက
မိမိရဲ့ စိတ်ကို နားလည်ပြီး ပြန်လည်ထိန်းညှိခြင်း၊
စိတ်ဖိစီးမှုများကို ဖြေလျော့ခြင်း၊
စိတ်တည်ငြိမ်မှုကို ပြန်လည်ရယူခြင်း ဖြစ်ပါတယ်။

✔️ ကိုယ်နှစ်သက်ရာ လှုပ်ရှားမှုများလုပ်ခြင်း
✔️ သဘာဝနဲ့နီးစပ်ခြင်း
✔️ လုံလောက်သော အိပ်စက်ခြင်း
✔️ မိသားစု၊ မိတ်ဆွေနှင့် ဆက်ဆံပြောဆိုခြင်း
✔️ လိုအပ်ပါက ကျွမ်းကျင်သူနှင့် ဆွေးနွေးခြင်း
တို့က စိတ်အတွက် အရေးကြီးတဲ့ Healing နည်းလမ်းများ ဖြစ်ပါတယ်။

🧠 Alzheimer’s disease (အန်ဇိုင်းမားရောဂါ) အကြောင်း

လူကြီးများတွင် အများဆုံးတွေ့ရသော မှတ်ဉာဏ်ပျက်စီးမှုရောဂါတစ်မျိုးဖြစ်ပြီး

🔸 မေ့လျော့မှုများလာခြင်း
🔸 လူ၊နေရာ မမှတ်မိတော့ခြင်း
🔸 စကားပြောရန်ခက်ခဲလာခြင်း
🔸 နေ့စဉ်လုပ်ငန်းများ မလုပ်နိုင်တော့ခြင်း
🔸 စိတ်အခြေအနေ မတည်ငြိမ်ခြင်း

👉 အစောပိုင်းသတိပြုမိပြီး ကုသမှုခံယူခြင်းသည် ရောဂါတိုးတက်မှုကို နှောင့်နှေးစေနိုင်ပါသည်။

👩‍⚕️ စိတ်ရောဂါဆရာဝန်နှင့် ဆွေးနွေးပြသရန် အကြံပြုပါသည်

✔️ စိတ်ဖိစီးမှုများလွန်ကဲခြင်း
✔️ အိပ်မပျော်ခြင်း
✔️ စိတ်ဓာတ်ကျခြင်း
✔️ မှတ်ဉာဏ်လျော့နည်းလာခြင်း
ရှိပါက 👉 ကျွမ်းကျင်သော ဆရာဝန်နှင့် ဆွေးနွေးပါ။

📣 ကျွန်ုပ်တို့၏ ဆေးခန်းတွင်
🧠 စိတ်ကျန်းမာရေး ဆွေးနွေးအကြံပေးမှုများ (Counselling)
🧠 Healing လမ်းညွှန်မှုများ
🧠 အန်ဇိုင်းမားရောဂါ စစ်ဆေးကုသမှုများ
ကို ဝန်ဆောင်မှုပေးနေပါသည်။

📞 အသေးစိတ် သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်

👉 စိတ်ကျန်းမာရေးကောင်းမွန်မှသာ လူနေမှုဘဝလည်း တိုးတက်ကောင်းမွန်နိုင်ပါသည်။
ယနေ့မှစတင်ပြီး ကိုယ့်စိတ်ကို ကိုယ်တန်ဖိုးထားပြီး Healing လုပ်ကြပါစို့။

#သီတာညိမ်းအထူးကုဆေးတိုက်
#စိတ်ကျန်းမာရေး
#ဦးနှောက်နှင့်စိတ်ရောဂါအထူးကုဆရာဝန်

#ဒေါပုံမြို့နယ်ရန်ကုန်မြို့၊ မင်းနန္ဒာလမ်းမ ၊ CB Bank ဘေး ၊သဒ္ဒါရုံမှတ်တိုင်အနီး
☎️09447718388, 09447718338

#မကွေးမြို့၊ ရန်ပယ်စျေးတောင်ဘက်
၂၁ လမ်း၊ ဇီဇဝါလမ်း နှင့် မြတ်လေးလမ်းကြား

📞 ဆက်သွယ်ရန်
☎️ 09-448015225

📣 ငါးရိုး၊ ကြက်ရိုး လည်ပင်းထဲစူးမိခြင်း/စားရင်းတစ်ခုခုဝင်သွားပါက သတိထားရန်!နေ့စဉ်စားသောက်ရာတွင် မတော်တဆ ငါးရိုး၊ ကြက်ရို...
03/05/2026

📣 ငါးရိုး၊ ကြက်ရိုး လည်ပင်းထဲစူးမိခြင်း/စားရင်းတစ်ခုခုဝင်သွားပါက သတိထားရန်!

နေ့စဉ်စားသောက်ရာတွင် မတော်တဆ ငါးရိုး၊ ကြက်ရိုး လည်ပင်းထဲစူးသွားနိုင်ပါတယ်။ အချို့လူနာများက “ရေနဲ့တွန်းချမယ်”, “ထမင်းနဲ့တွန်းမယ်” ဆိုပြီး ကိုယ်တိုင်ဖြေရှင်းကြသော်လည်း ဒီလိုလုပ်ခြင်းဟာ အန္တရာယ်များနိုင်ပါတယ်။

⚠️ ဖြစ်နိုင်သော အန္တရာယ်များ
• လည်ချောင်းအတွင်း အနာဖြစ်ခြင်း (mucosal injury)
• အရိုးပိုင်းက လည်ချောင်းထဲ နက်ရှိုင်းစွာ စူးဝင်သွားခြင်း
• အစာကြော (esophagus) ထိခိုက်ဒဏ်ရာ
• ရောဂါပိုးဝင်ပြီး အဖု (abscess) ဖြစ်ခြင်း
• အရေးကြီးသော သွေးကြောများနားသို့ နီးကပ်ပါက အန္တရာယ်ကြီးနိုင်ခြင်း
• နာကျင်မှု၊ မျိုရခက်ခြင်း၊ အသက်ရှူမဝခြင်း

🚫 မလုပ်သင့်သောအရာများ
• ထမင်း၊ ပေါင်မုန့်၊ ဘောလုံးလိုအစားအစာများနဲ့ တွန်းချရန်
• လက်ချောင်း၊ တုတ်တံများဖြင့် ကိုယ်တိုင်ထုတ်ရန် ကြိုးစားခြင်း
• နာတာရှည်စွာ ခံစားနေရပြီး ဆေးရုံမသွားခြင်း

⚠️ ထမင်းဆုပ်မျိုချခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များ

🧨ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ၊ဆေးအတွက်နဲ့လေး🧨ဆိုသလို
ထမင်းဆုပ်မျိုချခြငါးဟာ
• အရိုးကို နက်ရှိုင်းစွာ ပိုမိုစူးဝင်စေနိုင်ခြင်း
• လည်ချောင်းနှင့် အစာကြော (esophagus) ထိခိုက်ဒဏ်ရာများဖြစ်စေနိုင်ခြင်း
• အရိုးတည်နေရာ ပြောင်းလဲသွားပြီး ထုတ်ရခက်ခဲလာခြင်း
• အတွင်းပိုင်း အနာများ ဖြစ်ပေါ်လာခြင်း
• နာကျင်မှု ပိုမိုပြင်းထန်လာခြင်း

🚨 အရေးကြီး — ပြည်တည်နာ (Abscess) ဖြစ်နိုင်သည်
အရိုးစူးနေခြင်းကို မကုသဘဲ ထားလျှင်

👉 ဘက်တီးရီးယားများဝင်ရောက်ပြီး ပြည်တည်နာ (Abscess) ဖြစ်လာနိုင်သည်
👉 လည်ချောင်းဖောယောင်ခြင်း၊ နာကျင်မှု တိုးလာခြင်း၊ မျိုရခက်ခြင်း ဖြစ်နိုင်သည်
👉 ပြင်းထန်ပါက အသက်ရှူခက်ခဲနိုင်သည်

🔪 ပြည်တည်နာဖြစ်ပါက
• ဆေးဝါးကုသမှုတစ်ခုတည်းဖြင့် မလုံလောက်နိုင်ပါ
🔥အပ်နှင့်ထွင်းရမှာ ပုဆိန်နဲ့ပေါက်ရသလို🔥
• ENT အထူးကုဆရာဝန်မှ
👉 ခွဲစိတ်၍ ပြည်ဖယ်ရှားကုသခြင်း (Surgical drainage) ကြာရှည်စွာ ဆေးထိုး/ဆေးစားရခြင်းလိုအပ်နိုင်ပါသည်

👨‍⚕️ မှန်ကန်သော ဖြေရှင်းနည်း
ENT (နား၊ နှာ၊ လည်ချောင်း) အထူးကုဆရာဝန်မှ
👉 Scope (Endoscope) အသုံးပြုပြီး
• တိကျစွာ ရိုးတည်နေရာရှာဖွေနိုင်သည်
• မနာဘဲ လုံခြုံစွာ ထုတ်ပေးနိုင်သည်
• အတွင်းပိုင်း ထိခိုက်မှုများကိုလည်း တပြိုင်နက် စစ်ဆေးနိုင်သည်

💡 ဘာကြောင့် Scope ဖြင့် ထုတ်သင့်သလဲ?
• မျက်နှာပြင်နဲ့ မမြင်နိုင်တဲ့ နက်ရှိုင်းသောနေရာများကို မြင်နိုင်ခြင်း
• အန္တရာယ်နည်းပြီး အချိန်တိုအတွင်း ပြီးစီးနိုင်ခြင်း
• ပြန်လည်နာကျင်မှုနှင့် ရောဂါပိုးဝင်နိုင်ခြင်း လျော့နည်းစေခြင်း

📌 သတိထားပါ
လည်ပင်းထဲ အရိုးစူး/တစ်ခုခုစားရင်ဝင်သွားတာမျိုးခံစားမိသည်ဟု သံသယရှိပါက ကိုယ်တိုင် မကြိုးစားဘဲ ENT အထူးကုဆရာဝန်ထံ သွားရောက်စစ်ဆေးပါ။
#သီတာညိမ်းအထူးကုဆေးတိုက်
#ငါးရိုးကြက်ရိုးဆူး
#နားနှာခေါင်းလည်ချောင်းအထူးကု

#ဒေါပုံမြို့နယ်ရန်ကုန်မြို့၊ မင်းနန္ဒာလမ်းမ ၊ CB Bank ဘေး ၊သဒ္ဒါရုံမှတ်တိုင်အနီး
☎️09447718388
☎️09447718338

မကွေးမြို့၊ ရန်ပယ်စျေးတောင်ဘက်
၂၁ လမ်း၊ ဇီဇဝါလမ်း နှင့် မြတ်လေးလမ်းကြား

📞 ဆက်သွယ်ရန်
☎️ 09-448015225

⏰ လူနာများအား စောင့်ဆိုင်းချိန်နည်းပြီး
အဆင်ပြေပြေ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။



ါတ်မှန်ရိုက်ခြင်း
#ရောဂါရှာဖွေခြင်း
#ကျန်းမာရေးဗဟုသုတများ

💓 နှလုံးရောဂါ & နှလုံးသွေးကြောကျဉ်းရောဂါ (Heart Disease & Coronary Artery Disease) 💓လူတိုင်းအတွက် အရေးကြီးဆုံး အင်္ဂါတစ်...
02/05/2026

💓 နှလုံးရောဂါ & နှလုံးသွေးကြောကျဉ်းရောဂါ (Heart Disease & Coronary Artery Disease) 💓

လူတိုင်းအတွက် အရေးကြီးဆုံး အင်္ဂါတစ်ခုကတော့ “နှလုံး” ဖြစ်ပါတယ်။ နှလုံးကျန်းမာမှု မကောင်းပါက အသက်အန္တရာယ်ထိရောက်နိုင်တာကြောင့် အချိန်မီသိရှိကာ ကာကွယ်စောင့်ရှောက်ခြင်းဟာ အလွန်အရေးကြီးပါတယ်။

🔴 နှလုံးရောဂါဆိုတာဘာလဲ?
နှလုံး၏ လုပ်ဆောင်ချက်များ ပုံမှန်မဟုတ်ခြင်းကို အစုလိုက်ခေါ်ဆိုထားတာဖြစ်ပြီး
• နှလုံးသွေးကြောကျဉ်းခြင်း
• နှလုံးခုန်မမှန်ခြင်း
• နှလုံးအားနည်းခြင်း
စသည်တို့ ပါဝင်ပါတယ်။

🔴 နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease)
နှလုံးသို့ သွေးပို့ပေးသော သွေးကြောများမှာ အဆီနှင့်အညစ်အကြေးများ စုဆောင်းပြီး ကျဉ်းသွားခြင်းကြောင့် ဖြစ်ပေါ်ပါသည်။
👉 သွေးလည်ပတ်မှု လျော့နည်းသဖြင့် နှလုံးအောက်စီဂျင် မလုံလောက်တော့ပါ။

⚠️ အရေးကြီးသော လက္ခဏာများ
• ရင်ဘတ်ကို ဆုပ်ဆွဲသလိုတင်းနာကျင်ခြင်း
• အသက်ရှူမဝခြင်း
• လက်၊ လည်ပင်း၊ မေးရိုးသို့ နာကျင်မှု ပြန့်ခြင်း
• ခေါင်းမူး၊ မောပန်းလွယ်ခြင်း
• နှလုံးခုန်မမှန်ခြင်း

⚠️ အန္တရာယ်ဖြစ်စေသော အချက်များ
• ဆေးလိပ်သောက်ခြင်း 🚬
• သွေးတိုး၊ ဆီးချိုရှိခြင်း
• အဆီများသော အစားအစာစားခြင်း
• အလှုပ်အရှားနည်းခြင်း
• စိတ်ဖိစီးမှုများခြင်း

✅ ကာကွယ်နည်းများ
• ကျန်းမာသော အစားအစာ (အဆီနည်း၊ ဆားနည်း) စားသုံးပါ
• အားကစားပုံမှန် လုပ်ပါ 🏃‍♂️
• ဆေးလိပ်နှင့် အရက်ရှောင်ပါ
• သွေးတိုး၊ ဆီးချိုကို ထိန်းချုပ်ပါ
• နှလုံးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပါ

✅ ဆောင်ရန် (စားသင့်သော အစားအစာများ)
• 🐟 ငါး (Omega-3 ပါဝင်သော ငါးများ – ငါးပိန်၊ ဆာမန်)
• 🥦 ဟင်းသီးဟင်းရွက်များ (အစိမ်းရောင်၊ အမျှင်များများပါသော)
• 🍎 သစ်သီးဝလံများ (အာဟာရဓာတ်များ၊ antioxidant များပါဝင်)
• 🌾 အပြည့်အစုံသီးနှံများ (Brown rice, Oat, Whole grain)
• 🥜 အနည်းငယ်သော Nuts (အာလမန်၊ သံပုရာစေ့)
• 🫒 အဆီကောင်းများ (Olive oil, Fish oil)

👉 ဒီအစားအစာတွေက သွေးကြောပိတ်ဆို့မှုကို လျော့နည်းစေပြီး နှလုံးကို ကာကွယ်ပေးနိုင်ပါတယ်။

❌ ရှောင်ရန် (မစားသင့်သော အစားအစာများ)
• 🍟 အဆီများသောအစားအစာ (ကြော်၊ ကြက်အရေပြား၊ Fast food)
• 🧂 ဆားများသောအစားအစာ (ငါးပိ၊ အချဉ်ထုပ်၊ Instant food)
• 🍰 သကြားများသောအစားအစာ (ကိတ်မုန့်၊ အချိုရည်များ)
• 🥓 အဆီကြွယ်ဝသောအသား (ဝက်သားအဆီများ၊ Processed meat)
• 🧈 Trans fat ပါသောအစားအစာများ (မာဂျရင်း၊ bakery items)

👉 ဒီအစားအစာတွေက သွေးကြောကျဉ်းခြင်းကို တိုးစေပြီး နှလုံးရောဂါအန္တရာယ်ကို မြင့်တက်စေပါတယ်။

📌 အကြံပြုချက်
• အစားအစာကို “အဆီနည်း၊ ဆားနည်း၊ သကြားနည်း” ဖြစ်အောင် ထိန်းချုပ်ပါ
• တစ်နေ့လျှင် ရေကို လုံလောက်စွာ သောက်ပါ 💧
• အလွန်အကျွံ မစားဘဲ မျှတစွာ စားသုံးပါ

📢
ရင်ဘတ်နာခြင်း၊ အသက်ရှူခက်ခြင်းများ ဖြစ်ပေါ်လာပါက အချိန်မီ ဆရာဝန်နှင့် ပြသရန် အရေးကြီးပါသည်။

🏥 #သီတာညိမ်းအထူးကုဆေးတိုက်
#နှလုံးအထူးကုဆရာဝန်ကြီး
#အထွေထွေသမားတော်

#ဒေါပုံမြို့နယ်၊ရန်ကုန်မြို့
မင်းနန္ဒာလမ်းမ၊ CB Bank ဘေး
သဒ္ဒါရုံမှတ်တိုင်အနီး

☎️09447718388
☎️09447718338

#မကွေးမြို့ရန်ပယ်စျေးတောင်ဘက်
၂၁ လမ်း၊ ဇီဇဝါလမ်း နှင့် မြတ်လေးလမ်းကြား
📞 ဆက်သွယ်ရန်
☎️ 09-448015225

💙 ကျောက်ကပ်ဆိုတာအသက်ရှင်မှုကိုထောက်ပံ့နေတဲ့ အရေးကြီးအင်္ဂါတစ်ခု 💙💙ကျောက်ကပ် (Kidney) ဟာ လူ့ခန္ဓာကိုယ်အတွက် အလွန်အရေးကြီး...
01/05/2026

💙 ကျောက်ကပ်ဆိုတာအသက်ရှင်မှုကိုထောက်ပံ့နေတဲ့ အရေးကြီးအင်္ဂါတစ်ခု 💙

💙ကျောက်ကပ် (Kidney) ဟာ လူ့ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ အင်္ဂါတစ်ခုဖြစ်ပြီး—
✔️ သွေးထဲရှိ အညစ်အကြေးများကို စစ်ထုတ်ပေးခြင်း
✔️ အရည်နှင့် ဆားဓာတ်ညှိနှိုင်းပေးခြင်း
✔️ သွေးပေါင်နှုန်းကို ထိန်းညှိပေးခြင်း
✔️ ခန္ဓာကိုယ်အတွင်း သဘာဝဓာတ်ဆားညီမျှမှုကို ထိန်းထားပေးခြင်း
တို့ကို နေ့စဉ် အလုပ်လုပ်ပေးနေပါတယ်။

⚠️ ကျောက်ကပ်တွင် “ကျောက်တည်ခြင်း” (Kidney Stone) ဆိုတာဘာလဲ?

ကျောက်ကပ်အတွင်း သို့မဟုတ် ဆီးလမ်းကြောင်းတွင် သေးငယ်သော သဲလုံးကဲ့သို့ ကျောက်ခဲများ ဖြစ်ပေါ်လာခြင်းကို ခေါ်ပါတယ်။

👉 အများအားဖြင့် ဖြစ်နိုင်သောအကြောင်းများမှာ
• ရေမလုံလောက်ခြင်း
• ဆား၊ အသားအရမ်းစားခြင်း
• အချို့သော ဓာတ်ဆားများ မညီမျှခြင်း
• မျိုးရိုးဆိုင်ရာ အကြောင်းအရင်းများ

🚨 သတိထားရမည့် လက္ခဏာများ
• ခါးဘက်၊ နောက်ကျောဘက် ထိခိုက်နာကျင်မှု
• ဆီးချောင်းအတွင်း မီးလောင်သလို နာခြင်း
• ဆီးတွင် သွေးပါခြင်း
• မူးဝေ၊ အန်ခြင်း
• ဆီးထွက်ခက်ခဲခြင်း

🔍 ဘာကြောင့် စောစီးစွာ စစ်ဆေးသင့်သလဲ?
ကျောက်တည်ခြင်းကို မစောင့်မနေလို့ မကုသပါက
❗ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
❗ ကျောက်ကပ်ပျက်စီးမှု
❗ အန္တရာယ်ရှိသော အဆင့်များသို့ ရောက်ရှိနိုင်ပါတယ်။

📢 အကြံပြုချက်
✔️ နေ့စဉ် ရေများများသောက်ပါ
✔️ အစာအာဟာရကို ညီမျှစွာစားပါ
✔️ လက္ခဏာတွေရှိလာပါက ချက်ချင်း ဆရာဝန်နှင့် ပြသပါ
✔️ Ultrasound / X-ray စစ်ဆေးမှုများဖြင့် တိကျစွာ သိနိုင်ပါတယ်

💬 သင့်ကျောက်ကပ်ကျန်းမာရေးကို လျစ်လျူမရှုပါနှင့်🧨
ကျန်းမာတဲ့ဘဝတစ်ခုအတွက်စောစီးစွာ စစ်ဆေးခြင်းက အရေးကြီးပါတယ်။

📞 ယနေ့တင် လာရောက်စစ်ဆေးနိုင်ပါသည်!

#သီတာညိမ်းအထူးကုဆေးခန်း
#ဓါတ်မှန်ရိုက်ခြင်း

#ဒေါပုံမြို့နယ်ရန်ကုန်မြို့၊ မင်းနန္ဒာလမ်းမ ၊ CB Bank ဘေး ၊သဒ္ဒါရုံမှတ်တိုင်အနီး
☎️09447718388, 09447718338

#မကွေးမြို့ရန်ပယ်စျေးတောင်ဘက် ၊ ၂၁ လမ်း ၊ဇီဇဝါနှင့်မြတ်လေးလမ်းကြား
☎️09448015225

#ဆီးနှင့်ကျောက်ကပ်အထူးကု

🌝ကဆုန်လပြည့်နေ့ကုသိုလ်🌝🪴စလင်းမြို့နယ် ဆင်ဗွတ်ကျေးရွာတွင် အဘဖြစ်သူအားရည်စူးကုသိုလ်ပြုတည်ထားသော ရှစ်မျက်နှာဘုရား ညောင်ရေသွ...
30/04/2026

🌝ကဆုန်လပြည့်နေ့ကုသိုလ်🌝

🪴စလင်းမြို့နယ် ဆင်ဗွတ်ကျေးရွာတွင် အဘဖြစ်သူအားရည်စူးကုသိုလ်ပြုတည်ထားသော ရှစ်မျက်နှာဘုရား ညောင်ရေသွန်းပွဲတော် နှစ်စဉ်ကျင်းပမြဲအတိုင်း

🍀ကျောင်းထိုင်ဘုန်းဘုန်းတရားပွဲ🙏
🪷ဘုန်းကြီးကျောင်း (၁၄) ကျောင်းပင့်ဖိတ်ခြင်း🙏
🌳ညောင်ရေသွန်းပွဲလာသူများအား ခေါက်ဆွဲထုပ်၊ ကော်ဖီထုပ်၊ ဖူဂျီဆပ်ပြာ၊ဘာမင်နီယာပူတင်းပေါင်မုန့် တို့ လှူဒါန်းခြင်း 🙏

တို့ အစဉ်အလာမပျက် ကုသိုလ်ပြုလှူဒါန်းပါသည်။

အားလုံး အမျှ အမျှ အမျှ ရကြပါစေ🙏🙏🙏

၃၁ ဘုံကျင်လည်ကုန်သော လူနတ်ဗြဟ္မာသတ္တာဝါအပေါင်းနှင့် ၇ ရက်သားသမီးများ၊ ရှေးရှေးဘဝက တော်စပ်ဖူးသော မိဘ ဆရာ ဆွေတော်မျိုးတော်များ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ 🙏🙏🙏

#သီတာညိမ်းအထူးကုဆေးတိုက်မိသားစု
#ဒေါပုံမြို့နယ်၊ရန်ကုန်မြို့
#မကွေးမြို့ရန်ပယ်စျေးတောင်ဘက်
#ရေနံချောင်းမြို့၊တပင်ရွှေထီးရပ်
ွေး

🍁ဒူးနာပြီး လှုပ်ရှားရခက်နေပါသလား?👉ဒူးအဆစ်ပြဿနာများကို မလျစ်လျူရှုပါနဲ့။ အချိန်မီ စစ်ဆေးကုသခြင်းက နောက်ပိုင်း ပြင်းထန်လာမ...
30/04/2026

🍁ဒူးနာပြီး လှုပ်ရှားရခက်နေပါသလား?

👉ဒူးအဆစ်ပြဿနာများကို မလျစ်လျူရှုပါနဲ့။ အချိန်မီ စစ်ဆေးကုသခြင်းက နောက်ပိုင်း ပြင်းထန်လာမှုကို ကာကွယ်နိုင်ပါတယ်။

👉 ဒူးနာခြင်းအတွက်
✔️ ဒူးဓါတ်မှန် (Knee X-ray) ရိုက်ပြီး အခြေအနေကို သေချာစစ်ဆေးနိုင်ပါသည်
✔️ အတွေ့အကြုံရှိ အရိုးအထူးကုဆရာဝန်နှင့် တိုက်ရိုက်တိုင်ပင်ကုသနိုင်ပါသည်

🍁 ကုသနည်းများ
• နာနေသောဒူးကို အနားယူပေးခြင်း
• အအေး/အပူ compress သုံးခြင်း
• နာကျင်မှုလျော့ဆေးများ (pain relievers)
• Physical therapy
• အလေးချိန်လျော့ချခြင်း
• ပြင်းထန်ပါက ဆရာဝန်ညွှန်ကြားမှုအတိုင်း ခွဲစိတ်ကုသမှု

🍁ကာကွယ်နည်းများ
• ကိုယ်အလေးချိန်ကို ထိန်းထားခြင်း
• အလွန်အကျွံ လှုပ်ရှားမှု မလုပ်ခြင်း
• ဒူးအဆစ်အားကောင်းစေရန် လေ့ကျင့်ခန်းများ (strengthening exercises)
• မှန်ကန်သော အထိုင်အနေအထားများ သုံးခြင်း

📌 အထူးသဖြင့်
• လှမ်းလျှောက်ရာတွင် နာကျင်ခြင်း
• လှုပ်ရှားရာတွင် ခက်ခဲခြင်း
• ဒူးဖောလာခြင်း
• ကြာရှည်နာကျင်နေခြင်း
တို့ရှိပါက မကြာမီ လာရောက်စစ်ဆေးသင့်ပါသည်။

💬 ကျန်းမာသောလှုပ်ရှားမှုများအတွက် ဒူးကျန်းမာရေးကို ယနေ့ပင် စတင်ဂရုစိုက်လိုက်ပါ။

🏥 #သီတာညိမ်းအထူးကုဆေးခန်း
📸 #ဓါတ်မှန် (X-ray) ရိုက်ကူးစစ်ဆေးခြင်း ဝန်ဆောင်မှု

#ဒေါပုံမြို့နယ်ရန်ကုန်မြို့၊ မင်းနန္ဒာလမ်းမ ၊ CB Bank ဘေး ၊သဒ္ဒါရုံမှတ်တိုင်အနီး
☎️09447718388, 09447718338

📍 တည်နေရာ
#မကွေးမြို့၊ ရန်ပယ်စျေးတောင်ဘက်
၂၁ လမ်း၊ ဇီဇဝါလမ်း နှင့် မြတ်လေးလမ်းကြား

📞 ဆက်သွယ်ရန်
☎️ 09-448015225

#ဒူးနာ #ကျန်းမာရေး

Chest X-ray (ရင်ဘတ်ဓာတ်မှန်) 🔎 ရောဂါလက္ခဏာရှိတဲ့အချိန်   •   ချောင်းဆိုးရှည် (၂–၃ ပတ်ကျော်)   •   သွေးပါချောင်းဆိုး   • ...
29/04/2026

Chest X-ray (ရင်ဘတ်ဓာတ်မှန်)

🔎 ရောဂါလက္ခဏာရှိတဲ့အချိန်
• ချောင်းဆိုးရှည် (၂–၃ ပတ်ကျော်)
• သွေးပါချောင်းဆိုး
• အသက်ရှူခက်၊ အသက်ရှူလွှမ်းမိုး
• ရင်ဘတ်နာ
• အဖျားရှည် (အထူးသဖြင့် အဆုတ်ရောဂါ সন্দেহရှိရင်)
👉 ဥပမာ – အဆုတ်ရောင်၊ တီဘီ (TB) စတဲ့ရောဂါတွေကို စစ်ဆေးရန်

အခြေအနေတွေမှာ ရိုက်သင့်ပါတယ်။

🩺 မခွဲစိတ်မီ (Pre-operative check)
• ခွဲစိတ်မလုပ်မီ ဆရာဝန်ညွှန်ကြားပါက

❤️ နှလုံးနှင့် အဆုတ်အခြေအနေ စစ်ဆေးချင်တဲ့အခါ
• နှလုံးအရွယ်အစား၊ အဆုတ်အခြေအနေကို အခြေခံအဖြစ်ကြည့်နိုင်ပါတယ်။

📣နိုင်ငံခြားသို့ အလုပ်သွားလုပ်မယ်ဆိုရင် Chest X-ray (ရင်ဘတ်ဓာတ်မှန်) ကို ရိုက်သင့်ပါတယ် ။

✅ • Visa / Work Permit requirement
👉 နိုင်ငံများစွာ (ဥပမာ – Singapore, Thailand, Middle East countries) မှာ medical check-up ထဲမှာ Chest X-ray ပါဝင်ပါတယ်။
👉 👉 နိုင်ငံအများစုမှာ TB မရှိကြောင်း အတည်ပြုရန် လိုအပ်ပါတယ်။

🧳 ဘယ်အချိန်ရိုက်သင့်လဲ
• အလုပ်အတွက် medical check-up လုပ်မတိုင်မီ
• Agency သို့မဟုတ် အလုပ်ခေါ်စာရတဲ့အချိန်
• Embassy / Employer က တောင်းဆိုလာတဲ့အချိန်

• X-ray result သည် အချိန်ကာလကန့်သတ်ရှိနိုင်ပါတယ် (အများအားဖြင့် ၃–၆ လအတွင်းသာ အသုံးဝင်)

📣📣📣 နိုင်ငံခြားသို့ အလုပ်သွားမယ်ဆိုရင် Chest X-ray ရိုက်ခြင်းဟာ မဖြစ်မနေလိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတစ်ခု ဖြစ်ပြီး TB နှင့် အဆုတ်ရောဂါများကို စစ်ဆေးရန်အတွက် အရေးကြီးပါတယ်


#သီတာညိမ်းအထူးကုဆေးခန်း
#ဓါတ်မှန်ရိုက်ခြင်း

📍 #ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့
မင်းနန္ဒာလမ်းမ၊ CB Bank ဘေး
သဒ္ဒါရုံမှတ်တိုင်အနီး

☎️09447718388
☎️09447718338

#မကွေးမြို့ရန်ပယ်စျေးတောင်ဘက် ၊ ၂၁ လမ်း ၊ဇီဇဝါနှင့်မြတ်လေးလမ်းကြား

☎️09448015225

#နိုင်ငံခြားဆေးစစ်

ခုခေတ်မှာ အဖြစ်များတဲ့ရောဂါတွေထဲ 👉လည်ပင်း တစ်ဆို့ တစ်ဆို့ ဖြစ်ခြင်း 👈 ရောဂါလဲ ပါပါတယ်။လည်ပင်းတစ်ဆို့ဆို့ ဖြစ်တဲ့ လက္ခဏာက...
26/04/2026

ခုခေတ်မှာ အဖြစ်များတဲ့ရောဂါတွေထဲ
👉လည်ပင်း တစ်ဆို့ တစ်ဆို့ ဖြစ်ခြင်း 👈 ရောဂါလဲ ပါပါတယ်။

လည်ပင်းတစ်ဆို့ဆို့ ဖြစ်တဲ့ လက္ခဏာကို ဘယ်လို ရောဂါတွေမှာ ခံစားရတတ်လဲ ? ဆိုရင်

😲 စားချင့်ပြန်ခြင်း ခေါ် လေချဉ်တက်ခြင်း GERD ရောဂါဟာဆိုရင် အစာအိမ်ထဲက အက်ဆစ်ဟာ အစာပြွန်အတွင်းတက်လာခြင်းကြောင့် အစာပြွန်နဲ့အသံအိုး ယောင်ယမ်းစေပြီး တစ်ခုခုစားပြီး အစာတစ်သကဲ့သို့ လည်ပင်းတစ်ဆို့ဆို့ ဖြစ်ခြင်းကို ခံစားရတတ်ပါတယ် ။ ဆေးလိပ်ကွမ်းစားသူများ၊ကိုယ်ဝန်ဆောင်မိခင်များ၊ နဂို အစာအိမ်ရောဂါအခံရှိသူများတွင် အဖြစ်များတတ်ပါတယ်။❌လေချဉ်တက်ခြင်းကို သေချာမကုရင်လဲ အစာပြွန်ကင်ဆာ ဖြစ်တတ်ပါတယ်။

😲စိတ်ပူတတ်တဲ့ အစိုးရိမ်လွန်တတ်တဲ့သူတွေ stress များတဲ့သူတွေမှာ အစာအိမ်ဟာ အက်ဆစ်ပိုထုတ်ပေးလို့ အက်ဆစ်က အစာပြွန်ထဲ လျှံတက်လာလို့ ချဉ်သော ခါးသောအရသာများခံစားရပြီး လည်ပင်းတစ်ဆို့တစ်ဆို့ ဖြစ်တတ်ပါတယ်။ အမျိုးသမီးလူလတ်ပိုင်းများ တွင် အဖြစ်များတတ်ပါတယ်။

😲လည်ပင်ကြီးရောဂါရှိသူများတွင်လည်း အစာပြွန်လမ်းကြောင်းကို ဖိမိလို့ လည်ပင်းတစ်ဆို့ဆို့ ဖြစ်တတ်ပါတယ်။

😲အသံအိုးယောင်ယမ်းခြင်းကြောင့်လဲ လည်ပင်းတစ်ဆို့ဆို့ခံစားရတတ်ပါတယ်။

😲အသံအိုးကင်ဆာကြောင့်လဲ လည်ပင်းတစ်ဆို့ဆို့ခံစားရတတ်ပါတယ်။

😲အစာပြွန်ဝကင်ဆာ Ca Pyriform ရှိသူများတွင်လည်း လည်ပင်းတစ်ဆို့ဆို့ ဝေဒနာခံစားရတတ်ပါတယ်။

🙅ဒါကြောင့် လေချဉ်တက်မယ် လည်ပင်းတစ်ဆို့တစ်ဆို့ ဖြစ်မယ်ဆိုရင် အစားဆင်ခြင်ကြည့်မယ် (အစာပျော့ပျော့စားခြင်း)၊ အစာအိမ်ဆေးတွေသောက်ကြည့်လို့မှ မသက်သာဘူးဆိုရင်တော့ ပေါ့ဆမနေသင့်ဘဲ

🗣️👃👂တတ်ကျွမ်းသော နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသပြီး ကြည့်လိုက်မယ်ဆိုရင်တော့

⭐ရိုးရိုး‌စာချင့်ပြန်ရောဂါလား ?
⭐အစာပြွန်ဝကင်ဆာလား ?
⭐တခြားလည်ချောင်းတွင်း အဖုအကြိတ်များရှိနေသလား?
⭐အသံအိုးယောင်တာလား?
⭐လည်ပင်းကြီးရောဂါကြောင့်လား?

တိတိကျကျ သိရှိနိုင်ပြီး အချိန်မှီ ဆေးကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်။ ဘယ်ရောဂါမဆို အသက်အရွယ်အပိုင်းအခြားမရှိ ဖြစ်တတ်တာမို့ ပေါ့ပေါ့ဆဆမနေဘဲ နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်သာ ဆေးကုသမှုခံယူမှသာ အချိန်မှီ ပျောက်ကင်းမှာမို့
💕 #သီတာညိမ်း #အထူးကုဆေးခန်း #ဒေါပုံမြို့နယ်ရန်ကုန်မြို့၊ မင်းနန္ဒာလမ်းမ ၊ CB Bank ဘေး ၊သဒ္ဒါရုံမှတ်တိုင်အနီး
☎️09447718388

#မကွေးရန်ပယ်စျေးတောင်ဘက် ၂၁လမ်း
ဆက်သွယ်ရန် ☎️ 09448015225

#လည်ပင်းတစ်ဆို့တစ်ဆို့ဖြစ်
#လည်ပင်းတစ်ခုခုကပ်
#နားနှာခေါင်းလည်ချောင်း


🔥 Heat Stroke (အပူလွန်ကဲခြင်း) — အသက်အန္တရာယ်ရှိနိုင်သော အရေးပေါ်အခြေအနေ 🔥🍁ခုရက်ပိုင်း အပူချိန်အရမ်းမြင့်လာလို့ မလိုအပ်ဘ...
25/04/2026

🔥 Heat Stroke (အပူလွန်ကဲခြင်း) — အသက်အန္တရာယ်ရှိနိုင်သော အရေးပေါ်အခြေအနေ 🔥

🍁ခုရက်ပိုင်း အပူချိန်အရမ်းမြင့်လာလို့ မလိုအပ်ဘဲ အရေးတကြီးကိစ္စမရှိရင် အပ့င်မထွက်ပါနဲ့။ အသက်ငယ်တယ်ဆိုပြီးလဲ မပေါ့ပါနဲ့။🍁

နွေရာသီမှာ အပူချိန်မြင့်လာတဲ့အခါ “ဖျားတယ်ထင်ပြီး” လျစ်လျူရှုမိတတ်တဲ့ Heat Stroke ဟာ တကယ်တော့ အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ်ရောဂါတစ်ခုပါ။

☀️ Heat Stroke ဆိုတာဘာလဲ?

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်စွမ်း ပျက်ကွက်ပြီး
Body temperature (40°C / 104°F အထက်) တက်လာသော အခြေအနေကို ခေါ်ပါတယ်။

⚠️ လက္ခဏာများ
• အပူချိန်အလွန်မြင့် (အလွန်ဖျားသလိုဖြစ်)
• ခေါင်းမူး၊ မူးဝေ၊ စိတ်မတည်
• မျက်နှာနီ၊ အသားအရေခြောက် (ချွေးမထွက်နိုင်)
• နှလုံးခုန်မြန်၊ အသက်ရှူမြန်
• အန်ခြင်း၊ မောပန်းခြင်း
• အရေးကြီး — သတိလစ်နိုင်သည်

❗ ဘယ်သူတွေ အန္တရာယ်ပိုရှိလဲ?
• ကလေးငယ်များ 👶
• အသက်ကြီးသူများ 👵
• အလုပ်လုပ်နေသူများ (နေထဲမှာ အလုပ်လုပ်သူ)
• ရေမလုံလောက်သူများ
• ဆေးဝါးတချို့ သောက်နေသူများ

🚑 အရေးပေါ် ကုသနည်း (First Aid)
1. လူနာကို အေးမြသောနေရာသို့ ပြောင်းပါ
2. အဝတ်အစားကို လျော့ချပါ
3. ရေအေးဖြင့် ခန္ဓာကိုယ်ကို အေးစေပါ (ရေဖြန်း၊ ပုဝါစိုတင်)
4. သတိရှိပါက ရေအနည်းငယ် သောက်စေပါ
5. အရေးပေါ် ဆေးရုံသို့ ချက်ချင်း ပို့ပါ ❗

🛡️ ကာကွယ်နည်းများ
• ရေများများ သောက်ပါ 💧
• နေထဲတွင်ကြာရှည် မနေရ
• လေဝင်လေထွက်ကောင်းသော အဝတ်အစား ဝတ်ဆင်ပါ
• မနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း အပူပြင်းဆုံးအချိန် ရှောင်ပါ
• ကလေးများကို ကားထဲမှာ မထားခဲ့ပါ ❗

📌 မှတ်သားရန်

“ဖျားတယ်ထင်ပြီး” ဆေးသောက်ပြီး အိမ်မှာနေလို့ မဖြစ်ပါဘူး။
Heat Stroke သည် အချိန်မီ မကုသပါက အသက်ဆုံးရှုံးနိုင်သည်။

ကျန်းမာရေးအတွက် သတိထားပါ — အပူလွန်ကဲမှုကို လျစ်လျူမရှုပါနဲ့။ ☀️💙

#သီတာညိမ်းအထူးကုဆေးခန်း
#ဒေါပုံမြို့နယ်၊ရန်ကုန်မြို့၊ မင်းနန္ဒာလမ်းမ၊CB Bank ဘေး၊ Fortune Plaza အနီး
☎️09447718388, 09447718388

#မကွေးမြို့၊ ရန်ပယ်စျေးတောင်ဘက်၊ ၂၁ လမ်း၊ ဇီဇဝါနှင့် မြတ်လေးလမ်းကြား
☎️09448015225
#ကလေးအထူးကု
#အထွေထွေသမားတော်

Address

21 Street, Zizawa & MyatLay Street
Magway

Telephone

+959448015225

Website

Alerts

Be the first to know and let us send you an email when ThidaNyein Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category