With You

With You Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from With You, Medical and health, Pagoda Road, KyuunSuu, Magway.

17/04/2025

မိမိမှာ စိတ်ဖိစီးမှုတွေ စတင်ဖြစ်ပေါ်လာပြီဆိုရင် ဘာလုပ်ရမလဲ။

မူရင်းပိုင်ရှင်အား လေးစားစွာဖြင့် ပေးပါတယ်

စိတ်ဖိစီးခြင်း❗စိတ်ဖိစီးခြင်းက လူသားတိုင်းမှာရှိပါတယ်။ကျွန်တော်တို့လို လူ့ကြောင့်ဖြစ်တဲ့ဘေးအန္တာရာယ်၊သဘာဝကြောင့်ဖြစ်တဲ့ဘ...
08/04/2025

စိတ်ဖိစီးခြင်း❗
စိတ်ဖိစီးခြင်းက လူသားတိုင်းမှာရှိပါတယ်။ကျွန်တော်တို့လို လူ့ကြောင့်ဖြစ်တဲ့ဘေးအန္တာရာယ်၊သဘာဝကြောင့်ဖြစ်တဲ့ဘေးအန္တာရာယ်အများဆုံးကြုံတွေ့နေရတဲ့နိုင်ငံမှာဆို လူတိုင်းလိုလိုက စိတ်ဖိစီးခြင်း၊မိမိကိုယ်ကိုအပြစ်တင်စိတ်ရှိခြင်း၊အားမလိုအားမရဖြစ်ခြင်းတွေခံစားကြရပါတယ်။........

အောက်ကပုံတွေကိုထောက်ပြီးဆက်ဖတ်ပေးပါ

29/03/2025

အခုချိန်မှာ ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးသွားတဲ့ သူငယ်ချင်း၊ မိသားစုတွေဆီ စကားပြောရင် ဒီလိုလေးပြောနော်…🫂

အခုက အချင်းချင်းပိုပြီး ကူညီပေးကြရမှာမို့လို့ အတူတူအားပေးရင်း ကျော်ဖြတ်ကြမယ်။💪

အခြေအနေတွေ၊ ဖြစ်စဉ်တွေကိုလည်း အတင်းသွားမမေးမိစေနဲ့နော်။

ငလျင်လိုမျိုး သဘာဝဘေးအန္တရာယ်တစ်ခုနောက်ပိုင်းတွင် လူတွေအနေနဲ့ စိတ်ဒဏ်ရာ (Trauma)၊ စိုးရိမ်ပူပန်မှု (Anxiety)၊ အိပ်မပျော်ခြင်း (Insomnia)၊ စိတ်ကျခြင်း (Depression) စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကြုံတွေ့ရပါတယ်။😥😢

ဒါကြောင့် ဒီလိုနည်းလမ်းတွေသုံးပြီး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုပေးဖို့ ပြောချင်ပါတယ်။👇

1. နှစ်သိမ့်ဆွေးနွေးရာတွင် အခြေခံအချက်များ

✅အရင်ဆုံး နားထောင်ပေးပါ။

-သူတို့ရဲ့ ခံစားချက်များကို လက်ခံပါ။
("ကြောက်စရာကောင်းတယ်၊ မင်းအခုလို ခံစားရတာ ငါနားလည်တယ်" စသည်ဖြင့် အားပေးပါ)။
-ဝေဖန်ခြင်း၊ အပြစ်တင်ခြင်း ရှောင်ပါ။
(ဥပမာ - "ဘာလို့ အဲဒီလိုတုန်လှုပ်နေတာလဲ" ဆိုသည့် စကားမျိုး မပြောပါနဲ့နော်)။

✅လုံခြုံမှုကို ပြန်လည်ရရှိအောင် ကူညီပါ။

-"အခုလုံခြုံပြီ" ဆိုသည့် အသိပေးချက်ကို ထပ်ခါထပ်ခါ ပြောပါ။
(ဥပမာ - "ငလျင်က ပြီးသွားပြီ၊ မင်းလုံခြုံပြီ")
-အနာဂတ်အတွက် အစီအစဉ်များ ပြုလုပ်ရန် အားပေးပါ။
(ဥပမာ - နောက်ငလျင်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆွေးနွေးခြင်း)

✅ရုပ်ပိုင်းဆိုင်ရာ အနားယူခွင့်ပေးပါ။
-အိပ်ရေးဝအောင် အိပ်ခိုင်းပါ။
-ရေနွေးနွေးသောက်ခိုင်းပါ (သို့) သက်တောင့်သက်သာရှိစေမည့် အပြုအမူများ (ဥပမာ - လက်ဖက်ရည်သောက်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း) ကို လုပ်ဆောင်ခိုင်းပါ။

2. ဘယ်လိုစကားမျိုး ပြောသင့်သလဲ?
✅ "မင်းခံစားရတာကို နားလည်ပါတယ်"
✅ "မင်းအခုလို ပြောပြတာက တကယ်ကောင်းတဲ့အရာပါ"
✅ "မင်းတစ်ယောက်တည်း မဟုတ်ဘူး၊ ငါတို့ အတူရှိနေတယ်"
✅ "အခုချိန်မှာ ဘာလုပ်ချင်လဲ? (ဥပမာ - ရေသောက်မလား? အနားယူမလား?)"

ရှောင်ရမည့်စကားများ
❌"အရမ်းစိတ်မပူနဲ့" (ခံစားချက်ကို လျှော့ပေါ့သလို ဖြစ်စေသည်)
❌"ဘာမှမဖြစ်ပါဘူး" (သူတို့၏ ကြောက်ရွံ့မှုကို လျစ်လျူရှုသလို ဖြစ်စေသည်)
❌"ငါတို့တွေ ဒီထက်ဆိုးတဲ့အခြေအနေတွေကြုံဖူးတယ်" (သူတို့၏ ခံစားချက်ကို နှိမ့်ချသလို ဖြစ်စေသည်)

3. ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးနည်း

-ကလေးများကို အားစိုက်ထုတ်ပြီး နားထောင်ပါ။
(သူတို့၏ ကြောက်ရွံ့မှုများကို ပုံဆောင်ခြင်း၊ ဂိမ်းကစားခြင်းဖြင့် ဖော်ပြစေပါ)။
-အာရုံပြောင်းစေမည့် အလုပ်များ ပေးပါ။
(ဥပမာ - ပုံဆွဲခိုင်းခြင်း)
-အချိန်ပေးပါ၊ စိတ်ရှည်ပါ။
(ကလေးများသည် စိတ်ဒဏ်ရာကို တဖြည်းဖြည်းသာ ကျော်လွှားနိုင်သည်)။

4. လိုအပ်ပါက ကျွမ်းကျင်သူနှင့် ဆက်သွယ်ပါ။
အကယ်၍ စိတ်ဒဏ်ရာ (PTSD) လက္ခဏာများ (အိပ်မက်ဆိုးများမက်ခြင်း၊ အမြဲတမ်းတုန်လှုပ်နေခြင်း) ရှိပါက စိတ်ကျန်းမာရေးပညာရှင်နှင့် ဆွေးနွေးသင့်ပါတယ်။

ငလျင်ကြောင့် ထိခိုက်သူများအား စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်းသည် အရေးကြီးသော ပထမဆုံးအကူအညီဖြစ်ပါတယ်။ သင့်အနေဖြင့် နားထောင်ပေးခြင်း၊ လုံခြုံမှုကို ပြန်လည်ဖော်ဆောင်ပေးခြင်း၊ အနာဂတ်အတွက် မျှော်လင့်ချက်ပေးခြင်း တို့ဖြင့် သူတို့ရဲ့ စိတ်ဒဏ်ရာကို သက်သာစေနိုင်ပါတယ်။

ဒီအချက်များကို လက်တွေ့အသုံးချကာ ဘေးဒုက္ခကြုံနေရသူများကို ကူညီပေးပါနော်။🙏

ကျွန်တော်တို့ အတူတူကျော်လွှားကြပါမယ်။ အားလုံးပဲ သတိနဲ့ ဂရုစိုက်ကြပါ။
သတင်းတွေကို နားစွင့်ထားကြပါနော်။

နောက်ဆက်တွဲ ငလျင်များအား သတိထားရန်
https://www.facebook.com/share/p/1BiHRjVJh5/

ကူညီကယ်ဆယ်ရေးအတွက် သတိပြုရန်
https://www.facebook.com/share/p/18ptVBqcL5/

ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြောစကားတွေရှိတာကို ကြားဖူးကြမှာပ...
29/03/2025

ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြော
စကားတွေရှိတာကို ကြားဖူးကြမှာပါ။
အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ
တော့။ အခုဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ်ပရိတ်သတ်တွေရဲ့ အတွေးအခေါ်ပြောင်းသွားနိုင်ပြီး တစ်နေ့တစ်နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ်
တင်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

(Doug Copp ၏ “The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်)

ကျွန်တော့နာမည်က ဒေါက်တာကော့ပ်ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့အကြုံ အရင့်ဆုံးကယ်
ဆယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရီကန်အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေးအကြီးအကဲနှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးမှူးရာထူးကို ရရှိထားသူပါ။ ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅) ခုထဲကို တွားသွားဝင်ရောက်ခဲ့ဖူးပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း (၆၀)ကျော်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ်ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကိုတောင် တည်
ထောင်ပေးခဲ့ဖူးပါတယ်။ ၁၉၈၅ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အကြီးစားသဘာဝဘေး
အန္တရာယ်တိုင်းမှာ ဝင်ရောက် တာဝန်ထမ်းဖူးပါတယ်။

၁၉၈၅ခုနှစ်၊ မက္ကဆီကိုစီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျောင်းတစ်ကျောင်းထဲကို အရင်ဆုံးတွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသားကလေး
ငယ်အားလုံး သူတို့တွေရဲ့စာသင်စားပွဲတွေအောက်မှာ ရှိနေတဲ့မြင်ကွင်းပါပဲ့။ ဒါပေမယ့်ကလေးတွေအားလုံး အရိုးတွေ စိစိညက်ညက်ကြေတဲ့အထိပိမိနေကြတာကို စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ခဲ့ရပါတယ်။

တကယ်လို့သာ ကလေးငယ်တွေဟာ အခန်းအလယ်လျှောက်လမ်းထဲက သူတို့တွေရဲ့ စာသင်ခုံတွေနဲ့ ဘေးကပ်လျက်လဲလျောင်းနေခဲ့မယ်ဆိုရင်တောင် အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးကြရမှာပါ။
အရှင်ဆုံးပြောပါမယ်။ အဆောက်အအုံးတစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့ အလေးချိန်ဟာ ပရိဘောဂတွေရဲ့အပေါ်တည့်တည့်ကိုသက်ရောက်တာကြောင့်
အောက်တည့်တည့်မှာ ရှိတဲ့ အရာဝတ္တုအားလုံးကြေမွသွားကြပါတယ်။

ဒါပေမဲ့ အဲဒီအပျက်အစီးပုံရဲ့ ဘေးနေရာလေးတွေကတော့ ကလိုင်များအဖြစ်ကျန်ခဲ့ပါတယ်။ အဲဒီနေရာအ
လွတ်တွေကို ကျွန်တော်က “အသက်ကယ်တြိဂံ” လို့ အမည်ပေးထားပါတယ်။

အရာဝတ္တုတစ်ခုဟာ ကြီးမားတောင့်တင်းလေ ပိုမိုခိုင်ခံ့လေဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်း ပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ်ထဲမှာ ဘေးမသီရန်မခနေထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။

ငလျင်ကြောင့်ပြိုပျက်နေတဲ့ အဆောက်အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါ အသက်ကယ်တြိဂံတွေကို လိုက်ပြီးရေတွက်ကြည့်ပါ။ ပြိုပျက်နေတဲ့ အဆောက်အအုံတစ်ခုအထဲမှာ အများဆုံး ဂျီသြမေတြီပုံသဏ္ဌာန်က
တော့ တြိဂံဖြစ်ပြီးနေရာတကာမှာ တွေ့ရပါလိမ့်မယ်။

ဘေးကင်းဖို့ လက်တို့အညွှန်း

၁။ ငလျင်လှုပ်လို့ အဆောက်အအုံတစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူတော်တော်များများဟာ တစ်ခုခု
အောက်ထဲဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေကြရပါတယ်။ စာရေးစားပွဲတွေ ကားတွေအစရှိတဲ့အရာတွေ အောက်ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့
ကြုံတွေကြရပါတယ်

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ်တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်းခွေအိပ်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငလျင်လှုပ်ပြီဆိုရင်လည်း အဲလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြုံရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်းအားဖြင့် နေရာလွတ်သေးသေးလေးထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့်သားသွားစေပါ
တယ်။ အလွယ်တကူပြားချပ်မသွားနိုင်တဲ့ ဆိုဖာခုံ၊ ခု
တင်အစရှိတဲ့ ထုထည်ကြီးကြီး အရာတွေဘေးမှာခွေ
ခေါက်နေလို့ရမယ့် နေရာလွတ်မျိုးတွေရှိတတ်ပါတယ်။

၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်းမှာပျဉ်ထောင်အိမ်
တွေဟာ အလုံခြုံဆုံးပါပဲ့။ သစ်သားဟာ ကွေးလွယ်
ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့အတူ အလိုက်သင့်
လှုပ်ရှားနိုင်ပါတယ်။ ပျဉ်ထောင်တစ်လုံးပြိုကျတယ်ဆိုဦးတော့၊ နေရာလွတ်တွေ အများကြီးချန်ထားခဲ့ပါလိမ့်
မယ်။ ဒါအပြင် ပျဉ်ထောင်အိမ်တွေဟာ ပြိုကျရင် ပိမယ့် အလေးအချိန်လည်းနည်းပါးပါတယ်။
အုတ်တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ် တစ်စစီပြိုကွဲသွားတတ်လို့ အောက်မှာရှိနေမယ့်လူတွေအတွက် အန္တရာယ်ရှိပါတယ်။

၄။ ညအချိန်ငလျင်လှုပ်တဲ့အခါကုတင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေရင် ကုတင်ဘေးကိုသားလှိမ့်ချ
လိုက်ပါ။ ငလျင်လှုပ်ရင် ကုတင်ဘေးလိမ့်ဆင်းဖို့ အကြံ
ပြုချက်တွေကိုသာ ကုတင်ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထားပေးနိုင်မယ်ဆိုရင် လူအသေအပျောက်နည်းသွားနိုင်ပါတယ်။

၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှမဟုတ် ပြတင်းပေါက်ကနေထွက်ပြေးဖို့ အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး
ကြီး ဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာ ခွေခေါက်ပြီးနေ
လိုက်ပါ။

၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းနေတဲ့သူတွေဟာ သေဆုံးကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ငလျင်လှုပ်လို့ ကျည်းဘောင်ပြုတ်ထွက်သွားချိန်မှာ အ
ပေါ်ကအုတ်၊ အင်္ဂတေအစရှိတာတွေ ပြိုကျလာနိုင်လို့ အခန့်မသင့်ရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်၊

၇။ လှေခါးခွင်ထဲမှာ ဘယ်တော့မှမနေပါနဲ့။ လှေခါးတွေဟာ ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိတတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေအောင် တည်ဆောက်ထားတတ်တာမို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီး
အောက်မှာရှိတဲ့ သူတွေကို လှေခါးထစ်တွေက အပိုင်းပိုင်းခုတ်ဖြတ်ပစ်တတ်ပါတယ်။ အဆောက်အအုံမပြိုကျနိုင်ဘူးဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေခါး
ပြည့်သွားပြီး ပြုတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိလို့
လှေခါးကြံ့ခိုင်မှုကို မပြတ်စစ်ဆေးသင့်ပါတယ်။

၈။ နံရံတွေရဲ့ အတွင်းဘက်ထက် အပြင်ဘက်မှာ ရောက်နေစေဖို့ကြိုးစားပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက်ရှာမရဖြစ်တတ်ပါတယ်။

၉။ ငလျင်လှုပ်ချိန်မှာ မော်တော်ယာဉ်အတွင်းဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပက အရာတွေသူတို့အပေါ်ပိတဲ့ခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါ
တယ်။
တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနားမှာ ကပ်လျက်ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပိပိသူတို့ရဲ့ဘေးကပ်လျက်မှာ သုံးပေ
လောက်ကွက်လပ်ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ်
လေးဟာ အသက်ကယ်တြိဂံပါပဲ့။

၁၀။ ပြိုကျပျက်စီးနေတဲ့ သတင်းစာတိုက်တွေနဲ့ စာရွက်အသုံးများတဲ့ အခြားရုံးတွေကို ဝင်ရောက်ကြည့်ရှုဖူးတဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာတွေကို တွေ့ရပါတယ်။ စက္ကူပုံကြီး
ဘေးနားမှာဆိုရင်တော့ နေရာလွတ်ကြီးကြီးမားမား
ကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ်မှာ
လက်တွေ့စမ်းသပ်ကြည့်ပြီးသားဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်မှာ သိပ္ပံနည်းကျ အဖြေ
ထွက်ခဲ့ပါတယ်။

ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀)ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးထဲထည့်ပြီး အဆောက်အအုံတွေကို ဖြိုချကြည့်ခဲ့ပါတယ်။
စက်ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်းတဲ့ စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ် (၁၀)ရုပ်ကို
တော့ ကျွန်တော့ရဲ့ အသက်ကယ်တြိဂံနည်းစနစ် အတိုင်းနေရာချထားခဲ့ပါတယ်။ အဆောက်အအုံပြိုကျသွား
ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံအပျက်ထဲဝင်ပြီး မှတ်တမ်းတင်ခဲ့ပါ
တယ်။

အဲဒီအခါမှာ တစ်ခုခုအောက် ပြေးဝင်ပုန်းတဲ့နည်းကို သုံးရင် အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထား
တွေမှာ အသက်ကယ်တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်ငြိမ်းချမ်းသာဖို့ ရာ
နှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။

ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပြာယာခတ်မသွားပဲ ခိုင်ခံ့ပစ္စည်းတွေရှိတဲ့နေရာတွေ
ဘေးကွေးကွေးကလေးဝင်ထိုင်နေတတ်ဖို့လိုအပ်တယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်။

ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့ အသက်အန္တရာယ်ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေ
စေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက်
ကယ်ပစ္စည်းတွေ များများစားစား ထားရှိဖို့လိုအပ်ပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံဘယ်နှခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်လို့
အကြံပြုလိုက်ပါရစေ။
( Doug Copp ၏ “ The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)

Credit: Original Writer Via ကိုဖေအောင်

Myanmar News Market Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Hello everyone, ကျွန်တော်ကတော့ Admin ဘုန်းသစ်ပါဗျ။ ကျွန်တော်တို့ Page လေးကို ပုံမှန်လေး မ run ဖြစ်ခဲ့လို့ အားလုံးကို တော...
15/01/2025

Hello everyone, ကျွန်တော်ကတော့ Admin ဘုန်းသစ်ပါဗျ။ ကျွန်တော်တို့ Page လေးကို ပုံမှန်လေး မ run ဖြစ်ခဲ့လို့ အားလုံးကို တောင်းပန်ပါတယ်ဗျ။ ဒါပေမယ့် ဒီနေ့မှာတော့ Page လေးကို ပုံမှန်အတိုင်းပြန် run ဖို့ စီစဉ်ထားပါတယ်ဗျ။ ပထမဆုံး ပြင်ဆင်ထားတဲ့အကြောင်းအရာလေးကတော့ စာရေးဆရာမ သက်တန့်(မေရီ) ရေးသားထားတဲ့ မင်းကထူးခြားတယ်ဆိုတဲ့ စာအုပ်လေးထဲက “သူတစ်ပါးရဲ့ နှုတ်ဖျားပေါ်မှာ မရှင်သန်ပါနှင့်” ဆိုတဲ့ အကြောင်းလေးပါဗျ။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ...
“မင်းက ထူးခြားတယ်။ You are Special” မင်းကအတုမရှိ၊ ပြိုင်ဘက်ကင်းတဲ့လူ တစ်ယောက်ဖြစ်တယ်။ You are Unique” ဆိုပြီး ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုတဲ့ စကားမျိုးကို ကြားဖူးကြလားဗျ။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တွေမှာ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုတဲ့ စကားကို ပြောဆိုတာထက် - “ကဲကြည့် သူတောင်လုပ်နိုင်တာ မင်းက မလုပ်နိုင်ဘူးလား? မင်းက ငါ့လောက် or သူ့လောက်လဲ အဖြစ်မရှိပါဘူးကွာ” ဆိုတဲ့ နှိုင်းယှဉ်မှုပြုတဲ့ စကား၊ ဝေဖန်မှု ပြုတဲ့ စကားတွေကိုပဲ ပြောဆိုကြတာ များပါတယ်။
သူတို့စီက ဒီလိုစကားမျိုးကို ကြားလိုက်ရင် ကျွန်တော်တို့ကို မခံချင်စိတ်ဖြစ်လာအောင် နှိုးဆွပေးပြီး ပိုကြိုးစားချင်လာအောင် လှုံ့ဆော်ပေးလိုတဲ့ ရည်ရွယ်ချက် ဖြစ်ကောင်းဖြစ်မယ်၊ ကိုယ့်ကို တကယ် သဘောမကျတဲ့အတွက် ဝေဖန်တာလည်း ဖြစ်ကောင်းဖြစ်မယ် ဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်ကိစ္စ မဟုတ်ပါဘူး။ ကိုယ့်ကို ဘယ်လို ဆက်ဆံပေးပါဆိုပြီး တောင်းဆိုနေတာထက် အရင်ဆုံး ကိုယ့်ကိုယ်ကို မှန်ကန်စွာ ပြုမူဆက်ဆံတက်ဖို့က ပိုအ‌ရေးကြီးပါတယ်။
ကိုယ့်ကို ဝေဖန်မှုတွေက နေရာတိုင်းမှာ ရှိနေပါတယ်။ အဓိက မှတ်သားထားရမှာပါ “ပြင်ပ အကြောင်းအရာတွေက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်အပေါ်ကို တိုက်ရိုက် အကျိုးသက်ရောက်နေတာ မဟုတ်ဘဲ အကြောင်းအရာတွေ အပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုကသာ ကျွန်တော်တို့ရဲ့ ခံစားချက်နဲ့ ဆက်စပ်နေပါတယ်”
တကယ်လို့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို ချစ်တဲ့ လူတစ်ယောက်မှ မရှိဘူး၊ ကျွန်တော်တို့ကို ထူးခြားတယ်လို့ ထင်တဲ့ လူတစ်ယောက်မှ မရှိဘူးဆိုတဲ့ အတွေးဝင်နေရင် “ကျွန်တော်တို့ ဘဝက ကျွန်တော်တို့ကို ချစ်တယ်” ဆိုတာကို အမြဲ ယုံကြည်နေဖို့ လိုအပ်ပါတယ်။ တကယ်လဲ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဘဝက ကျွန်တော်တို့ကို ချစ်ပါတယ်။ ကျွန်တော်တို့ စက္ကန့်နဲ့ အမျှ ရှူရှိုက်လိုက်တဲ့လေ၊ နေစဉ်နဲ့အမျှ စားသုံးနေတဲ့ အစားအစာ၊ ထိတွေ့နေတဲ့ သဘာဝတရာကြီးတွေ၊ သင်းပျံ့တဲ့ ပန်းရနံ့တွေ၊ စိမ်းလန်းတဲ့ သစ်ပင်ပန်းပန်တွေ၊ ဧကျူးနေတဲ့ ကျေးငှက်လေးတွေ၊ ကလေးငယ်တွေရဲ့ ရယ်မောသံ၊ သူစိမ်းတစ်ယောက်ရဲ့ အပြုံးတွေ၊ ဒါတွေအားလုံးက ဘဝက ကျွန်တော်တို့ကို ချစ်တယ်ဆိုတဲ့ သက်သေတွေပါပဲ။ ဒီအရာတွေကို ခံစားမိလာလေလေ ကျွန်တော်တို့ရဲ့ စိတ်မှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်ဝလာလေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်မှာ ချစ်ခြင်းမေတ္တာတွေ ပြည့်ဝလာလေလေ အခြားသောလူတွေရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ နေထိုင်လာနိုင်လေပါပဲ။
ဒီလို အဆင့်ကို ရောက်ဖို့ဆိုတာ နေ့တွင်း ညတွင်းချင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ အချိန်နည်းနည်းတော့ ပေးရမှာပေါ့။ အချိန်‌ပေးရတယ်ဆိုတာကလဲ ကျွန်တော်တို့ ဘဝကောင်းမွန်ဖို့ အချိန်‌ပေးရတာပဲလေ။ အချိန်ဆိုတာ ကိုယ်သုံးသုံး မသုံးသုံး ကုန်သွားမှာပဲလေ။ ဒါကြောင့် နေ့တိုင်း ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကို အချိန်ပေးပြီး သဘာဝတရားကြီးနဲ့ ထိကြည့်ကြသင့်တယ်၊ မရေမတွက်နိုင်တဲ့ ကောင်းမြတ်ခြင်းတွေကို ရေတွက်ကြည့်သင့်တယ်။ နှိုင်းယှဥ်မှုတွေကြောင့် စိတ်အားငယ်နေတာထက် ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့ အာရုံစိုက် သင့်တယ်။ ဒါဆိုရင် ကျွန်တော်တို့ နေ့စဉ် စိတ်နှလုံးဟာ တဖြည်းဖြည်းနဲ့ အားအင်တွေ ရှိလာပြီး လူတိုင်းမှာ ထူးခြားမှု ကိုယ်စီရှိတယ်ဆိုတာကို မြင်နိုင်လာမှာ ဖြစ်ပါတယ်။ လူလူချင်း နှိုင်းယှဉ်ဖို့ မလိုကြောင်းကိုလဲ လက်ခံလာမှာ ဖြစ်ပါတယ်။ ကိုယ့်ဘဝကို ယုံကြည်မှု ရှိရှိ ဖြတ်သန်းလာနိုင်မှာ ဖြစ်ပါတယ်။ မှတ်ထားကြနော် - မင်းကထူးခြားတယ်


#မင်းကထူးခြားတယ်

#သက်တန့်
#မေရီ
#စိတ်ခွန်အားပေးစာပေ

ပြီးခဲ့တဲ့လမှာ ကျွန်​တော်တို့လူသားတိုင်းမှာစိတ်ခံချက်တွေအမျိုးမျိုးရှိတဲ့အကြောင်းပြောပြပြီးပါပြီ။ဒီနေ့မှာတော့ ကျွန်တော်တ...
07/10/2024

ပြီးခဲ့တဲ့လမှာ ကျွန်​တော်တို့လူသားတိုင်းမှာ
စိတ်ခံချက်တွေအမျိုးမျိုးရှိတဲ့အကြောင်းပြောပြပြီးပါပြီ။
ဒီနေ့မှာတော့ ကျွန်တော်တို့မလိုချင်တဲ့(မဖြစ်ချင်တဲ့)
ဒေါသတွေ၊စိုးရိမ်ပူပန်မှု့တွေ၊ဝမ်းနည်းပူဆွေးမှု့တွေ စတဲ့စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်မလဲပြောပြပေးသွားပါ့မယ်။
အရင်ဦးဆုံးကတော့''သိပါ''
ဘာ''သိပါ''လဲဆိုရင်တော့ ကိုယ့်စိတ်ခံစားချက်ကဘာဖြစ်နေလဲသိရမှာပါ။သိမှဘဲ ကိုယ့်စိတ်ကိုဘယ်လိုကိုင်တွယ်ရမလဲသိမှာပါ။
ကိုယ်က စိတ်မချမ်းမြေ့စရာကိုတွေ့လာလို့ ဝမ်းနည်းနေလား၊crushက ရည်းစားရသွားလို့ အသဲကွဲနေလား၊
ပြောင်းလဲသွားတဲ့စိတ်ခံစားတွေကို သိရမှာပါ။
ဒါတွေကိုဘယ်လိုသိနိုင်လဲဆိုရင် အလွယ်ကူဆုံးကတော့မှန်ကြည့်လိုက်ပါ။စိတ်ပြောင်းလဲရင်ရုပ်ကပါ ပြောင်းလဲလာစမြဲမလို့ မှန်ကိုကြည့်ရင်သိနိုင်ပါတယ်။နောက်တစ်ခုကတော့ ကိုလတ်တလော ကြည့်ဖြစ်နေတဲ့/နားထောင်ဖြစ်နေတဲ့ သီချင်းတွေ movieတွေကို ပြန်ဆန်းစစ်ကြည့်ပြီးတော့မှလဲ သိနိုင်ပါတယ်။သူတပါးက ပြောပြလို့ဘဲ ဖြစ်ဖြစ် တရားထိုင်လို့ဘဲဲ ဖြစ်ဖြစ် ကိုယ်ဘာဖြစ်နေလဲသိနိုင်ပါသေးတယ်။အလွယ်ကူဆုံးကတော့ ကိုယ်ဘာဖြစ်နေလဲသိချင်ရင် မှန်သာ ထကြည့်လိုက်ပါ။

ကိုယ်ဘာဖြစ်နေလဲ သိပြီးရင်တော့ ဆက်လုပ်ရမှာက
''ကျင့်ပါ''ဆိုတဲ့ ကိုယ့်စိတ်ကို ကိုင်တွယ်ဖြေရှင်းရမှာပါ။
စိတ်ကိုအမြဲတန်း ကျွန်တော်တို့က လွှတ်ထားလေ့ရှိပါတယ်။ကိုယ်အမူအယာအရ မလုပ်သင့်တာကို မလုပ်ဖို့တားနိုင်တယ်။နှုတ်အားဖြင့် မပြောသင့်တာကို မပြောဖို့ တားနိုင်ပေမဲ့ စိတ်အားဖြင့်တော့ ကိုယ့်စိတ်ကိုပင်ပန်းစေတဲ့အရာတွေ ဒေါသထွက်စရာတွေ ဝမ်းနည်းပူဆွေးစေတာတွေတော့ မတွေးဘဲမနေကြပါဘူး။
ဒါမျိုးတွေ တွေးမိပြီဆိုရင် အရင်ဦးဆုံး အသက်ဝဝရှူသွင်းရပါ့မယ် ပြီးတော့လွင့်မျောနေတဲ့ စိတ်တွေကို စုစည်းဖို့အတွက် တရားထိုင်တာ 1to10 အမှတ်စဉ်ရေတွက်တာ ပျော်စရာတွေကိုတွေးပြီး ပြုံးတာ ရယ်တာတွေပြုလုပ်လို့ရပါတယ်။ကိုယ်ဖြစ်ချင်တဲ့အရာ၊ ကိုယ်​လိုချင်တဲ့ ဘဝ ကိုယ်စိတ်ကူးထဲမှာ ပုံဖော်လိုက်ပါ။(သူ/မနဲ့တည်ဆောက်ခဲ့တဲ့ လေထဲကကော်ဖီဆိုင်လေး အရင်းပြုတ်သွားလဲ စိတ်မပျက်ဘဲ နောက်တယောက်နဲ့ ဆိုင်အသစ်ဖွင့်လိုက်ပါ)
နောက်ဆုံး တခုကတော့ အချိန်မှန်မှန် စားပေး၊အိပ်ပေးရမှာပါ။

နောက်တခုကတော့''နားလည်ပါ"ဆိုတဲ့အတိုင်း နား​လည်ပေးရမှာပါ။
ဘာကို"နားလည်"ရမှာလဲဆိုရင်တော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလဲ ဒီလိုဘဲ စိတ်အဆင်မပြေတဲ့သူတွေရှိနေတာဖြစ်တဲ့အတွက် သူတို့ကိုကူညီဖို့အတွက်ဆိုရင် သူတို့ဘာဖြစ်နေလဲနေတာကိုနားလည်မှဖြစ်မှာပါ။
သူတို့ရဲ့ စိတ်အဆင်မပြေမှု့တွေကိုပြောပြလာခဲ့ရင် ကျွန်တော်တို့က ကိုယ်ချင်းစာ နားထောင်ပေးပါ။ကိုယ်ချင်းစာ နားထောင်ပေးမှသာလျှင် ဘယ်လိုကူညီပေးရမလဲသိနိုင်မှာမလို့ပါ။ဒါကြောင့်သူ့ရဲ့ ကိုယ်၊နှုတ်၊မျက်နှာ အမူအယာကို ဖတ်ကြည့်ပါ၊
အတွေးတွေကိုငြိမ်သက်စေပါ၊
သူ့နေရာမှာ ဝင်ရောက်ခံစားကြည့်ပါ၊
လူတွေကို ကြည့်ရှု့ အပန်းဖြေပါ၊
ကာလံ ဒေသံ ကိုနားလည်ပါ၊
ဓလေ့ ထုံးတမ်း များကိုနားလည်ပါ၊
နောက်ဆုံးတစ်ခုကတော့ လူတွေနဲ့ မတွေ့မီ ကြိုတင်ပြင်ဆင်ထားပါ။

ဒါတွေကိုသိရှိနားလည်ပြီး သူတို့ဘာဖြစ်နေလဲဆိုတာ နားလည်ပြီဆိုရင် ''ကောင်းစွာပေါင်းပါ''ဆိုတဲ့နောက်ဆုံးအပိုင်းကိုဆက်ပြောပြပါ့မယ်။
အပေါ်ကလိုစိတ်အဆင်မပြေတဲ့ သူတွေကိုကူညီဖို့အတွက်ဆိုရင် အရင်ဦးဆုံး စကားကိုပွင့်လင်းစွာမေးမြန်းပြောဆိုပြီး ဘာဖြစ်နေလဲဆိုတာကိုစူးစမ်းပါ။ကိုယ့်အပြောအဆိုနဲ့ လုပ်ရပ်တွေဟာ ကိုက်ညီမှု့ရှိနေပါစေ။သူတို့ရဲ့ပြောလာတဲ့အရာတွေအပေါ်မှာ ခံစားချက်တို့ကို လိုက်လျောညီထွေ ထုတ်ဖော်ခြင်း၊ဖုံးကွယ်ခြင်းပြုလုပ်ပါ။သူ့ခံစားချက်တို့ကို ကိုယ်ချင်းစာနားလည်ပေးပြီး သူ့ခံစားချက်အလျောက် ကူညီပံပိုးပေးပါ။ယုံကြည်မှု့တည်ဆောက်ပြီး ပြဿနာကိုအပြုသဘောဆောင်သော ဖြေရှင်းနည်းတို့ဖြင့်ချဥ်း ကပ်ပါ။အဖြေကိုအတူတကွ ရှာဖွေပြီး ကိုယ်တိုင်ဆုံးဖြတ်ပြီး ပြေလည်စေပါ။

ဒါတွေကတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ပြုလုပ်သင့်တဲ့အချက်တွေဘဲဖြစ်ပါတယ်။

အားလုံးဘဲမင်္ဂလာပါဗျ။ဒီနေ့မှာတော့ကျွန်တော်တို့''with you'' teamကနေလူတိုင်းနဲ့သက်ဆိုင်တဲ့''emotions''တွေအကြောင်းကို shari...
08/08/2024

အားလုံးဘဲမင်္ဂလာပါဗျ။
ဒီနေ့မှာတော့ကျွန်တော်တို့''with you'' teamကနေလူတိုင်းနဲ့သက်ဆိုင်တဲ့''emotions''တွေအကြောင်းကို sharing လေးလုပ်ပေးပါ့မယ်။
ယနေ့အချိန်ထိလေ့လာတွေ့ရှိချက်တွေအရတော့ ''emotions''စုစုပေါင်းက 27 မျိုးထိရှိပါတယ်။
ကျွန်တော်ကတော့လူအများမျက်လုံးထဲမြင်သာအောင်ယေဘူယျ အကျဆုံးuniversal emotions 6မျိုးကိုပြောပြပေးပါ့မယ်။ဒါတွေကတော့
1.ဝမ်းနည်း (sandness)
2.ဒေါသ (anger)
3.ကြောက်ရွံ့(fear)
4.အံသြ (surprise)
5.ရွံမုန်း(disgust)
6.ပျော်ရွှင်(enjoyment) တို့ဖြစ်ပါတယ်။
emotions တွေကတော့ပတ်ဝန်းကျင်၊အခြေနေအချိန်ခါပေါ်မူတည်ပြီး အမြဲပြောင်းလဲနေပါတယ်။စိတ်ခံစားချက်တွေကလူတိုင်းမှာရှိတာမှန်ပေမဲ့ မိမိစိတ်ခံစားချက်တွေကိုမထိန်းချုပ်နိုင်ဘဲ သူတပါးကိုစိတ်အနှောက်အယှက်ဖြစ်သွားစေတာ၊အနာတရဖြစ်သွားအောင်လုပ်လိုက်တာမျိုးကတော့ လုပ်လို့မရပါဘူး။
စိတ်ခံစားချက်တွေက သာမာန်ထက်ပိုလာရင်''side effect''ရှိသလို ကျွန်တော်တို့ကိုယ်တိုင်ကလဲအလုံးစုံမထိန်းချုပ်နိုင်ကြပါဘူး။
ဒါပေမဲ့စိတ်ခံစားချက်တွေကိုကောင်းမွန်စေပြီး''side effect''တွေကိုသိသိသာသာ လျော့နည်းသွားအောင်လုပ်လို့ရတဲ့အချက်(၄)ချက်တော့ရှိပါတယ်။ဒါတွေကတော့
၁.သိပါ(ကိုယ့်စိတ်ထဲဘာတွေဖြစ်နေလဲ)
၂.ကျင့်ပါ(ကိုယ့်စိတ်ကိုဘယ်လိုကိုင်တွယ်မလဲ)
၃.နားလည်ပါ(သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲ)
၄.ကောင်းစွာပေါင်းသင်းပါ(တဦးနဲ့တဦး ဘယ်လိုပေါင်းသင်းဆက်ဆံကြမလဲ)စတဲ့အချက်လေးတွေဘဲဖြစ်ပါတယ်။
စာလဲအရမ်းမရှည်ချင်တာကြောင့် ဒီအချက်လေးတွေကိုနောက်နေ့မှ အကျယ်တဝင့်ရှင်းပြပါ့မယ်။
#အားလုံးနှင့်အတူwithyou

Hello အားလုံးပဲ မင်္ဂလာပါ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေဖို့ နည်းလမ်းတွေ စဉ်းစားရင်းနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က စာအု...
16/06/2024

Hello အားလုံးပဲ မင်္ဂလာပါ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေဖို့ နည်းလမ်းတွေ စဉ်းစားရင်းနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က စာအုပ်စင်လေး လုပ်ဖြစ်တယ်ဗျ။ ရည်ရွယ်ချက်ကတော့ လူငယ်တွေ အတွက် စာဖတ်အားသန်ပြီး စိတ်ဓာတ်အင်အားတွေ မြင့်တက်လာစေဖို့ပါဗျ။ မကွေးမြို့တွင်း မည်သူမဆို လာရောက်ငှားလို့ ရပါတယ်ဗျ။ မကွေး မြို့တွင်းဆိုရင်တော့ Walking Library အနေနဲ့ စာအုပ်လေးတွေလိုက်ငှားပေးလို့လဲ ရပါတယ်ဗျ။

စာအုပ်ငှားတာမှာ ထူးခြားချက် ကလေးရှိပါတယ်ဗျ။ ထူးခြားချက်ကတော့ ငှားခက လုံးဝလုံးဝပေးစရာမလိုတဲ့ အပြင် စာဖတ်တဲ့ လူငယ်က အသက် ၁၅ နှစ်နဲ့ ၂၅ နှစ်ကြားဆိုရင် စာဖတ်လို့ စာဖတ်လက်ဆောင်လေးပါ ပေးဦးမှာဗျ။

လာငှားခြင်ရင်တော့ မကွေးတိုင်း၊ မကွေးမြို့၊ မြသလွန်ဘုရားအနီး၊ နံကပ်ကျွန်းအုပ်စု၊ ကျွန်းစုကျွေးရွာ၊ With You ရုံးမှာ လာငှားလို့ ရပါတယ်ဗျ။ ဖတ်ခြင်ပေမယ့် လာငှားဖို့ မအားလပ်ရင်တော့ Page Messenger ကို ဖတ်ခြင်တဲ့ စာအုပ်လေးနဲ့ လာပို့ပေးလို့ရနိုင်မယ့် တည်နေရာလေးနဲ့ လာရောက်ဆက်သွယ်ပေးလို့ ရပါတယ်ဗျ။

စာအုပ်လေးတွေ လှူခြင်ရင်တဲ့ လာလှူလို့ ရပါတယ်ဗျ။
လက်ရှိ ရရှိနိုင်တဲ့ စာအုပ် အမျိုးအစားလေးတွေကတော့ -
1. လျှို့ဝှက်ချက် ဉာဏ်ဆယ်ပါး (ဆရာ ရွှေမိုး)
2. ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် (ဆရာ ဖေမြင့်)
3. အဝေးဆုံးကြည့် အမြင့်ဆုံးပျံ (ဆရာ ချမ်းငြမ်း - ဟံသာဝတီ)
4. သင့်အိပ်ရာကို ခင်းပါ (William H.McRaven ၏ စာအုပ်အား ဘာသာပြန်ထား)
5. စိတ္တဇလော ပယောဂလော (‌ဒေါက်တာ အုန်းမောင်)
6. တောင်ပေါ်အနမ်း အလွမ်းရာသီ (မွန်ဟော်စီ)
7. ၂၁ ရာစုသားရွှေဥ (ကျော်ဝင်း)
8. စိတ်ပညာအထွေထွေ ဆောင်းပါးများ ပေါင်းချုပ် (ဒေါက်တာ ကျော်စိန်)
9. ပုံသေအတွေး (မျိုးလွင် - M.P.A)
10. သစ်လွင်သော ပုံစံဖြင့် ရှင်သန်ခြင်း (ကျန်းသယ်ဖန်း ၏ စာအုပ် ဘာသာပြန်ထား)
11. ဗုဒ္ဓအလိုကျ (ဒေါက်တာ ဖြိုးသီဟ)
12. စိတ်ဓာတ်သည်သာ အက္ခရာ (JOHN C. MAXWELL ၏ စာအုပ်အား ဘာသာပြန်ထား)
13. မင်းက ထူးခြားတယ် (သက်တန့် မေရီ)
14. စိတ်ချမ်းသာတယ် (ခင်ဖုန်းစော)
15. ဖာရာရီလမ်းခွဲ (မိုးရှင်း - I.M.T)
16. Dear Me - ကိုယ်တိုင်ဖတ်ဖို့ (A.D)
17. ဘဝရဲ့ စည်းမျဉ်းများ (ခင်စောတင့်)
18. ဗုဒ္ဓအလိုကျ စားသောက်နည်း (လင်းတင့် သီဟ)
19. မနက်စာအဟာရစာစုများ (မွန်ဟောစီ) တို့တွေပဲဖြစ်ပါတယ်။ လက်ရှိ စာအုပ်တွေနဲ့ စာအုပ်စင်ကို burnet institute အဖွဲ့အစည်းမှ ကျွန်ုပ်တို့ With You အဖွဲ့ကို မတည်အားဖြည့်ပေးထားပါတယ်ဗျ။

Hello အားလုံးပဲ မင်္ဂလာပါ𝐒𝐚𝐟𝐞𝐠𝐮𝐚𝐫𝐝 ကို ကြားဖူးကြလားခင်ဗျ။ 𝐒𝐚𝐟𝐞𝐠𝐮𝐚𝐫𝐝 ဆိုတာ ကျွန်တော်တို့ အိမ်တွေမှာ လျှပ်စစ်အန္တရာယ်တွေ မ...
11/05/2024

Hello အားလုံးပဲ မင်္ဂလာပါ
𝐒𝐚𝐟𝐞𝐠𝐮𝐚𝐫𝐝 ကို ကြားဖူးကြလားခင်ဗျ။ 𝐒𝐚𝐟𝐞𝐠𝐮𝐚𝐫𝐝 ဆိုတာ ကျွန်တော်တို့ အိမ်တွေမှာ လျှပ်စစ်အန္တရာယ်တွေ မဖြစ်ကြရအောင် 𝐒𝐚𝐟𝐞𝐠𝐮𝐚𝐫𝐝 ဆိုတဲ့ အကာအကွယ်လေးကို အသုံးပြုကြပါတယ်ဗျ။ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းမှာလဲ အန္တရာယ်တွေ မဖြစ်အောင် ကာကွယ်ပေးမယ့် အကာအကွယ်လေးတစ်ခု ရှိပါတယ်။ အဲ့အရာလေးကို 𝐒𝐚𝐟𝐞𝐠𝐮𝐚𝐫𝐝𝐢𝐧𝐠 လို့ ခေါ်ပါတယ်။
ဒီ အကာအကွယ် 𝐒𝐚𝐟𝐞𝐠𝐮𝐚𝐫𝐝𝐢𝐧𝐠 လေးကို နှစ်မျိုး ခွဲထားပါတယ်။ အဲ့နှစ်မျိုးကတော့
- 𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐨𝐟 𝐒𝐞𝐱𝐮𝐚𝐥 𝐄𝐱𝐩𝐥𝐨𝐢𝐭𝐚𝐭𝐢𝐨𝐧, 𝐀𝐛𝐮𝐬𝐞 & 𝐇𝐚𝐫𝐚𝐬𝐬𝐦𝐞𝐧𝐭 (အတိုအနေနဲ့တော့ 𝐏𝐒𝐄𝐀𝐇 လို့ခေါ်ပါတယ်)
- 𝐂𝐡𝐢𝐥𝐝 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 (ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း) တို့ပဲဖြစ်ကြပါတယ်
ပထမ တစ်ခု 𝐏𝐒𝐄𝐀𝐇 ဆိုတာ ဘာလဲဆိုတော့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ အန္တရာယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်လို အန္တရာယ်တွေလဲ ဆိုတော့
𝐏𝐒𝐄𝐀𝐇
𝟏. 𝐒𝐄 (𝐒𝐞𝐱𝐮𝐚𝐥 𝐄𝐱𝐩𝐥𝐨𝐢𝐭𝐚𝐭𝐢𝐨𝐧 - လိင်ပိုင်းဆိုင်ရာ ‌ခေါင်းပုံဖြတ် အမြတ်ထုတ်မှု)
အမြတ်ထုတ်မှုဆိုတဲ့အတိုင်း အတိုချုပ်ပြောရရင် လိင်ပိုင်းအကျိုးအမြတ်အတွက် ခေါင်းပုံဖြတ် အမြတ်ထုတ်တာပါပဲ။ ဥပမာ - “မင်း ငါနဲ့ လိင်ဆက်ဆံရင် (ငွေကြေးပေးမယ်၊ လစာတိုးပေးမယ်၊ ပစ္စည်းပေးမယ်၊ တစ်ခုခုသင်ပေးမယ်၊ အလုပ်ပေးမယ်၊ ဝန်ဆောင်မှုတွေပေးမယ်၊ အကြွေးအကုန်ချေပေးမယ်....အစသဖြင့်)
𝟐. 𝐒𝐀 (𝐒𝐞𝐱𝐮𝐚𝐥 𝐀𝐛𝐮𝐬𝐞 - လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု)
အနိုင်ကျင့်စော်ကားမှုဆိုသည့်အတိုင်း လိင်သ‌ဘောဆောင်တဲ့ ရုပ်ပိုင်းကျူးလွန်မှုတစ်ခုခုကို အင်အားနဲ့ဖြစ်စေ၊ ဘက်မညီမျှတဲ့ အခြေအနေတွေမှာ(ရာထူး၊ အာဏာ) တစ်ခုခုနဲ့ ခြိမ်းခြောက်ပြီး အဓမ္မဖိအားပေးပြီး ကျူးလွန်ခြင်းကို ဆိုလိုပါတယ်။
𝟑. 𝐒𝐇 (𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐚𝐫𝐚𝐬𝐬𝐦𝐞𝐧𝐭 - လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှတ်မှု)
ထိပါးနှောက်ယှတ်မှုကတော့ တစ်ဖတ်လူကို စကားနဲ့ ဖြစ်စေ၊ အပြုအမှုနဲ့ ဖြစ်စေ၊ အမူအယာနဲ့ ဖြစ်စေ လိင်သဘောဆောင်တဲ့ တခြားအပြုအမူကို တဖတ်သတ်ကျူးလွန်ခြင်းကို ဆိုလိုပါတယ်။
𝐏𝐒𝐄𝐀𝐇 ကတော့ အထက်ပါ သုံးချက်ကတော့ ကာကွယ်တားဆီးခြင်ပါ။

𝐂𝐡𝐢𝐥𝐝 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 (ကလေးသူငယ်ကာကွယ် စောင့်‌ရှောက်ခြင်း)
ဒီမှာတော့ ၅ ချက်ရှိတယ်ဗျ။ အရှည်ကြီးရှင်းစရာမလိုတော့ဘူး။ ၅ ချက်နဲ့ တန်းသ‌ဘောပေါက်ကြမှာ🫡
1. ရုပ်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုခံခြင်း၊
2. စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုခံရခြင်း၊
3. ဂရုမစိုက်ခြင်း (or) လျှစ်လျူရှုခံရခြင်း၊
4. လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခံရခြင်း၊
5. မတရားသောနည်းဖြင့် ခိုင်းစေအမြတ်ထုတ်ခြင်း တို့ကနေ ကာကွယ်ရမှာပဲ ဖြစ်ပါတယ်။
ဟေး ဖတ်ပြီးရင် သူငယ်ချင်းတွေကို မျှဝေပေးဖို့ မမေ့နဲ့နော်။
ဒီလို ကိစ္စတွေ ကြုံလာရရင်လဲ မရှက်နဲ့ မကြောက်နဲ့ တို့ရှိတယ်နော့်။
တစ်ခုခုကြုံလာရရင် 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ လာရောက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သလို ကိုယ်ယုံကြည်ရတဲ့ လူကြီးတစ်ယောက်ယောက်စီကနေ အကူအညီ ရယူဖို့ မရှက်နဲ့ မကြောက်နဲ့ခင်ဗျ။


Address

Pagoda Road, KyuunSuu
Magway
04011

Website

Alerts

Be the first to know and let us send you an email when With You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram