Ezee Life Myanmar

Ezee Life Myanmar အရည်အသွေးမှန်စိတ်ချရသော ကျန်းမာရေးပစ္စည်း Medical Productများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးနေပါတယ်

အရည်အသွေးမှန် စိတ်ချရသော ဆေးပစ္စည်းများကို လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါတယ်။
Your trusted partner for Medical Products Supplier on both Retail and Wholesale Market.

🔺သွေးတိုးရောဂါရှိသူများ ရေအေးချိုးလျှင် သတိထားရေချိုးခြင်းသည် တစ်ကိုယ်ရေသန့်ရှင်းမှုဖြစ်သဖြင့် လူတိုင်းနေ့စဉ် လုပ်ဆောင်က...
07/12/2024

🔺သွေးတိုးရောဂါရှိသူများ ရေအေးချိုးလျှင် သတိထား

ရေချိုးခြင်းသည် တစ်ကိုယ်ရေသန့်ရှင်းမှုဖြစ်သဖြင့်
လူတိုင်းနေ့စဉ် လုပ်ဆောင်ကြရမည်ဖြစ်ပါ သည်။ ရေမချိုးသည့်နေ့တွင် ကိုယ်လက်မအီမသာဖြစ်ခြင်း၊ စိတ်လက်မပေါ့ပါးခြင်း၊ မလန်းဆန်းခြင်းများ ဖြစ်နိုင်သည်။
ကိုယ်တွင်းငုပ်နေသော အခိုးအငွေ့များ အပြင်သို့
မထွက်ရသဖြင့် ကိုယ်တွင်းအဂါၤနှင့် ဦး ခေါင်း၊ မျက်နှာ၊ သွားနှင့် ခံတွင်း၊ မျက်စိများအထိပါ
အခိုးများတက်ပြီး နေမကောင်းဖြစ်တတ်သည်။

လူတိုင်း နေ့စဉ် ရေချိုးသင့်သည်မှာ မှန်သော်လည်း အေးသောရာသီနှင့် ပူလွန်းသောရာသီများတွင် ရေချိုးမမှားဖို့ အထူးသတိပြု ဆင်ခြင်ရမည်ဖြစ်သည်။
သက်ငယ်ပိုင်းများအတွက်အရေမကြီးသော်လည်း သက်လတ်မှ လူကြီးပိုင်းများမှာ သတိပြုဆင်ခြင် ရေချိုးရမည်ဖြစ်သည်။

အထူးသဖြင့်အသက်၅၀နှစ်ကျော်သူများနှင့်သွေးတိုးရောဂါရှိသူများအတွက်ပိုပြီးသတိထားသင့်ပါသည်။

လွန်ခဲ့သောရက်ပိုင်းအတွင်းက စာရေးသူ၏ လူနာမိတ်ဆွေ အသက် ၅၈ နှစ် အရွယ် အမျိုးသမီး
တစ်ဦးသည် အဲယားကွန်းဖွင့်ထားသော အခန်းတွင် ညဘက်အိပ်စက်ပြီး နံနက် စောစောအိပ်ရာထချိန်တွင် ရေချိုးခန်းဝင်ကာ ရေချိုးသည်။
ရေချိုးနေရင်း တစ်ကိုယ်လုံး လေးလံလာသဖြင့် ရေချိုးခန်းတံခါးကိုဖွင့်ပြီး အိမ်ရှေ့ခန်းတွင်
ရှိနေသော ခင်ပွန်းဖြစ်သူကို လှမ်းခေါ်လိုက်သည်။
ခင်ပွန်းဖြစ်သူသည် သူမကို ပွေ့ယူပြီး အိပ်ရာပေါ်တွင် အသာချ၍ ရေစိုဝတ်များ လဲပေးနေစဉ်မှာ ပင် စကားမပြောနိုင်၊ ခေါ်မရ။ လုံးဝမလှုပ်ရှားတော့ဘဲ အသက်မရှူတော့။ လည်ပင်းသွေးကြောကို စမ်း သပ်ကြည့်ရာ သွေးမတိုး၍ မောင်နှမတော်သူများကို ဖုန်းဆက်ခေါ်လိုက်ရာ ရောက်လာပြီး ဆေးရုံပို့ရန် ကား စီစဉ်ကြသော်လည်း လုံးဝမလှုပ်ရှားတော့သဖြင့် သေဆုံးမှန်း သိရှိကြပြီး ဆေးရုံမပို့ဖြစ်တော့ဟု ဆိုသည်။

အမှန်မှာ အိပ်ရာထချိန်တွင် အဲယားကွန်းခန်းမှ ထွက်လာပြီး ချက်ချင်း ရေချိုးသဖြင့် သေဆုံးခြင်း မဟုတ်ပါ။
သေသေချာချာ မေးမြန်းကြည့်မှ သိရသည်မှာ သူတို့နေသည်မှာ တိုက်ခန်းအသစ် ဖြစ်သည်။
မနေ့ကမှ ပြောင်းလာရာ တစ်ညအိပ်ပြီး နံနက်အိပ်ယာထတွင် သေဆုံးရခြင်းဖြစ်သည်။
နံနက်အိပ်ယာထ ပြီးနောက် အိမ်ရှေ့ခန်းတွင် တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်သည်။
ဘုရားခန်းတွင်လည်း သန့်ရှင်းရေး လုပ်သည်။ သောက်တော်ရေနှင့် ဘုရားပန်းများ လဲရန်ပြင်ဆင်ပြီးမှ ရေချိုးခန်းအတွင်းဝင်ပြီး ရေချိုးသည်။ ရေချိုးနေရင်းမှ နေမကောင်းဖြစ်လာသဖြင့်
ခင်ပွန်းဖြစ်သူကို လှမ်းခေါ်ခြင်းဖြစ်သည်။

ရောဂါ၏ အခြေခံအကြောင်းလည်း ရှိသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ့တွင် ဆီးချိုရောဂါ ဝင်လာသည်။
ဆီးချိုအထူးကု ဆရာဝန်နှင့်လည်း ပြသည်။
ကုသမှုခံယူသည်။ ဆီးချိုကျဆေးသောက်နေ သည်။

သို့သော်သူ့အားနည်းချက်မှာအစားမရှောင်အစားမဆင်ခြင်ခြင်းဖြစ်သည်။
စားချင်ရာစားပြီးဆေးသောက်လိုက်မည်ဟုအတွေးခေါ်မျိုးသူ့တွင်ရှိသည်။
သေဆုံးမည့်နံနက်က အိပ်ရာထချိန်တွင် မိမိဘာသာ လက်ထိပ်သွေးဖောက်ပြီး ဆီးချိုစစ်သည့် ကိရိယာဖြင့် စစ်ဆေးသည်။
အိုကေသည် ကောင်းသည်ဟုဆိုသည်။
သို့သော် သူသတိမထားမိသည်မှာ
သွေးတိုးဖြစ်သည်။
အဲယားကွန်းဖွင့်ထားသော အအေးခန်းမှ ထွက်လာသူသည် အပူချိန်မတူသည့် ပြင်ပသို့ ရောက်လာလျှင် သွေးပေါင်တက်လာတတ်သည်။
ရုတ်တရက် ရေချိုးပြီး အအေးပတ်လျှင်လည်း သွေး ကြောများကျုံ့ပြီး ဦးနှောက်သို့ သွေးဆောင့်တိုးတတ်သည်။ သတိပြုသင့်သည့် အရာဖြစ်သည်။

တိတ်တဆိတ် လူသတ်သမား

ယခုအခါ ကမ္ဘာကြီး ပူနွေးလာခြင်းကြောင့်ဟုလည်း ဆိုကြသည်။
အသင့်စား ရယ်ဒီမိတ်အစားအ သောက်များကြောင့်ဟုလည်း ဆိုကြသည်။ လူအတော်များများတွင် သွေးတိုးရောဂါ (သွေးဖိအားတိုးရောဂါ) ဖြစ်ပွားလာသည်ကို လေ့လာတွေ့ရှိရသည်။ အနောက်တိုင်းပြဒါးတိုင်နှင့် သို့မဟုတ် ဖိညှစ်သောလေအား ဖြင့် လက်မောင်းမှစီးဆင်းသောသွေးကို သွေးပေါင်ချိန်ကိရိယာဖြင့် တိုင်းသောအခါ အပေါ်သွေးဖိအား ၁၂၀ mmHg နှင့် အောက်သွေး ၈၀ mmHg သည် လူကောင်းတစ်ဦးအတွက် ပုံမှန်သွေးဖိအားဖြစ်သည်။
ထို့ ထက်ပိုတက်လာလျှင် သွေးတိုးစလာပြီဟုဆိုနိုင်သည်။

အပေါ်သွေးဖိအား၂၀၀ကျော်လျှင်ရုတ်တရက်ဦးနှောက်သွေးကြောပေါက်ပြီးလေဖြတ်နိုင်သည်။ သွေးဖိအားများခြင်းကြောင့် သွေးကြောအတွင်းမှ သွေးခဲ အဆီခဲ အချို့ပြုတ်ပါသွားပြီး ဦးနှောက်တွင် သွားရောက်ပိတ်ဆို့လျှင်လည်း လေဖြတ်ခြင်းဖြစ်နိုင်သည်။

သွေးတိုးသည် တိတ်တဆိတ်လူသတ်သမား၊ အလစ်ချောင်းနေသော လူသတ်သမားဖြစ်သည်။ သတိရှိကြစေချင်သည်။

သွေးတိုး၊ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်၍ ရုတ်တရက် သေဆုံးရသူအများအပြား ရှိသည်။ အချို့ကလည်း ဝေဒနာမခံစားရဘဲ ရက်ရှည်လများ လေဖြတ်ပြီး ဒုက္ခိတမဖြစ်ဘဲ ယခုလိုသေသွားရခြင်းကို ကောင်းသည်ဟု ဆိုကြသူများလည်း ရှိသည်။

ယနေ့အစာ မနက်ဖြန်ရောဂါ

နံနက်စောစောအိပ်ယာထချိန်တွင် သွေးတိုးတက်ပြီး လေဖြတ်သူများကို လေ့လာကြည့်သောအခါ
ညကအိပ်ချိန်တွင် အအေးပတ်ခြင်းအပြင်
မနေ့ည အိပ်ရာမဝင်မီက စားသောက်ခဲ့သော အစားအသောက်ကြောင့် သွေးတိုးပြီး ဖြစ်ရသည်များလည်း ရှိသည်။
မနေ့က စားခဲ့သော အစာသည် နောက်တစ်နေ့ နံနက်တွင် အကျိုးပေးတတ်သည်ဟု ဆိုသည်။
ယနေ့အစာ မနက်ဖြန်ရောဂါ ဟုလည်း အဆိုရှိသည်။
မိမိစားသမျှ၏ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိခံစားရ မည်ဖြစ်သည်။ သွေးတိုးသောအစာကို စား၍ ချက်ချင်း သွေးတိုးတက်လာသည် မဟုတ်ပါ။ အနည်းဆုံး ၂ နာရီမှ ၇ နာရီခြားပြီး နှလုံးသွေးလှည့်အဖွဲ့သို့ ရောက်ရှိပြီး သွေးတိုးလာတတ်သည်။

ယမန်နေ့ညစာတွင် သွေးတိုးစေမည့် အစာများဖြစ်သည့် ဆားငန်သော အစာ၊ အထူးသဖြင့် ပုပ်၍ ငန်သော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပဲငါးပိစသည်များ၊ ငါးချဉ်၊ ပုဇွန်ချဉ်၊ မျှစ်ချဉ်၊ မုန့်ညှင်းချဉ်၊ မုန်လာ ချဉ် စသည်လက်လုပ်ချဉ်များ စားသုံးမိလျှင် နောက်တစ်ရက် နံနက်အိပ်ရာထတွင် သွေးတိုး၍ သွေးပေါင် ချိန် တက်နေလေ့ရှိသည်။ အချို့အိမ်များတွင် ဟင်းလျာကို နံနက်တစ်ကြိမ်သာ ချက်ပြီး ညဘက်အချို့အိမ် များတွင် ဟင်းလျာကို နံနက်တစ်ကြိမ်သာ ချက်ပြီး ညဘက်တွင် ပြန်နွှေးစားလေ့ရှိသည်။ ဤသို့ ပြန်နွှေးစား ခြင်းကြောင့် သွေးတိုးရောဂါဖြစ်စေနိုင်သည်။ ဟင်းအသိုးစားလျှင် အတွင်းမှ အချဉ်ပေါက်နေသော ဓာတ် သည် ‘ဓာတ်ပျက်’ ဟု ခေါ်သည်။ အငန်မဟုတ်ဘဲ သွေးတိုးစေနိုင်သည်။
ဟင်းများ ပြန်နွှေးစားလျှင် အချို့ဟင်းရည် ဆူသောအခါ အမြှုပ်ငယ်များ ထလာသည်ကို တွေ့ရ သည်။ အထူးသဖြင့် ပဲဟင်း၊ ချဉ်ပေါင်ဟင်းများသည် နေကျော်လျှင် သိုးလွယ်သည်။ ပြန်နွှေးသောအခါ အမြှုပ်ထလာသည်ကို တွေ့ရသည်။ မစားသင့်သော ဟင်းမျိုး ဖြစ်သည်။

လေစာစားလျှင် သွေးတိုးမည်

တိုင်းရင်းမြန်မာဆေးဆရာကြီးများ၏ အလိုအရ လေစာများစားမိလျှင်လည်း လေပွပြီး သွေးတိုး တက်သည်။ ရှေးဆရာကြီးများ၏ အယူအဆမှာ သွေးတိုးဟူသည် လေတိုးပင်ဖြစ်သည်။ ဝါယောဓာတ်၏ တွန်းကန်မှု့ကြောင့် မနီခေါ် နှလုံးသွေးကြောကြီးမှ သွေးများကို ခန္ဓာကိုယ်သို့ တွန်းပို့နေသည်ဟု ယူဆ သောကြောင့် ဖြစ်သည်။
လေစာဟူသည်မှာ များသောအားဖြင့် အခါအရသာရှိသော အစာများဖြစ်သည်။ “အခါးဟူသမျှ လေဓာတ်ကြွသည်” ဟု ဆေးပညာဥပဒေသက ဆိုသည်။ လေပွခြင်းကြောင့် သွေးဖိအားတိုးလာပြီး သွေး တိုးရောဂါ ဖြစ်လာနိုင်သည်။
ခါးသောအရသာရှိသော အစာများမှာ အိမ်ရှင်မများ မီးဖိုချောင်သုံး ဟင်းလျာများတွင် နေ့စဉ်ပါဝင် နေကျဖြစ်သော ခွေးတောက်ရွက်၊ တမာရွက်၊ တမာချဉ်၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းက စော့သီး၊ ဖန်ခါးသီး၊ တညင်းသီး စသည်များ ပါဝင်နေသည်ကို တွေ့ရသည်။

လေစာဖြစ်သော အသီးအနှံများကို သင့်ရုံစားလျှင် ချင့်ချိန်စားလျှင် ဘာမျှမဖြစ်နိုင်ပါ။ အချို့မှာ အခါးအလွန်ကြိုက်ပြီး အလွန်အမင်း စားမိတတ်သည်။ ထို့ကြောင့် သွေးတိုးရောဂါ ဖြစ်လာရသည်။ ဝက် သားဟင်းသည်လည်း လေစာဟုယူဆရသည်။ ကြက်ဟင်းခါး သီးကြော်နှင့် ဝက်သားဟင်းစားပြီး ဦးနှောက် သွေးကြောပြတ်သည်အထိ သွေးဆောင့်တိုးကာ အသက်သေဆုံးရသူကို ကိုယ်တွေ့တွေ့ဖူးသည်။ ပူသော ရာသီတွင် သွေးတိုးလွယ်သဖြင့် လေပူစာများကို ရှောင်ကြဉ်သင့်သည်။ လေပူထစေသော အစာဟူသည်မှာ အရက်၊ ဘီယာနှင့် အလွန်အေးအောင် စိမ်ထားသော အအေးဘူးများ၊ ပုလင်းများဖြစ်ပါသည်။ အအေးတစ် ပုလင်းသောက်ရုံဖြင့် သွေးတိုးပြီး ခေါင်းအုံ၊ ခေါင်းကိုက်လာတတ်သဖြင့် ပူသောရာသီတွင် အအေးသောက် ခြင်းကိုလည်း အထူသတိပြု ဆင်ခြင်သင့်ပါသည်။

🚨မှန်ကန်သောရေချိုးနည်း

ရေချိုးလျှင် သွေးတိုးပြီး ဦးနှောက်သွေးကြော မပြတ်စေရန် ကာကွယ်နိုင်သည့်နည်းကို တင်ပြလို ပါသည်။
ရေမချိုးမီ လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ပါ။ သို့မဟုတ် လမ်းလျှောက်ပါ။
ကြွက်သားနှင့် အာရုံကြော များ တစ်ညလုံးအိပ်ထားသဖြင့် ညောင်းနေသည်ကို လန်းဆန်းစေရန်ဖြစ်သည်။
ပြီးလျှင်ရေမချိုးမီ ရေအေး (ပုံမှန်အေးသောရေ)မတ်ခွက်တစ်ခွက်ခန့်သောက်ပါ။
ဝမ်းအတွင်းအစာအိမ်မှ အပူနှင့်လေပူများငြိမ်သွားမှ ရေချိုးလျှင် သွေးဆောင့်တိုးခြင်းမှ ကာကွယ်နိုင်ပါသည်။ ရေချိုးမမှားစေရန် သတိပြုဆင်ခြင်ဖို့လိုသည်။
ရေချိုးရမည့် အချိန်ကိုလည်း သတိထားသင့်သည်။ အထူးသဖြင့် အသက် ၅၀ ကျော်လူကြီးများ ပို၍ သတိထားသင့်သည်။ ရှေးပညာရှိတိုင်းရင်းဆေးသမားတော်ကြီးများ အဆိုအရ ရေချိုးရမည့် အချိန်မှာ ဥတုအလိုက်ခွဲခြားထားသည်။ ရေချိုးချိန်ကို လင်္ကာဖြင့် ဖော်ပြထားရာတွင် “နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း- တစ်ဆယ့်တစ်” ဟူ၍ ဖြစ်ပါသည်။ ဆိုလိုရင်းမှာ နွေဥတုရာသီတွင် နံနက် ၉ နာရီ၊ မိုးဥတုတွင် နံနက် ၁၀ နာရီ၊ ဆောင်းဥတုတွင် နံနက် ၁၁ နာရီ အချိန် ဝင်းကျင်တွင် ရေချိုးသင့်သည်ဟု ဆိုလိုပါသည်။
သွေးတိုးရောဂါရှိသူများသည် ရေချိုးလျှင် အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန်ချိုးပြီး အအေးမပတ်စေ ရန်အတွက် ရေများကုန်စင်အောင် တဘက်ဖြင့် သုတ်ပြီး နွေးထွေးသော အဝတ်ကို ဝတ်ဆင်ပါ။ အကယ်၍ အေးသောမိုးဥတု၊ ဆောင်းဥတုများဖြစ်လျှင် အအေးမိကာကွယ်စေရန်အတွက် ချင်းတက်ကို ပါးပါးလှီးထား ပြီး ရေနွေးမတ်ခွက်တစ်ဝက်တွင် ထည့်ပြီးအုပ်ထားပါ။ ရေချိုးပြီးသောအခါ အဆိုပါ ချင်းတက်စိမ်ထားသော ရေနွေးကို ပူပူလေးမှုတ်သောက်ပေးခြင်းဖြင့် အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည်။ ချင်းသည် သွေးကျဲစေ သော အာနိသင်ရှိသဖြင့် သွေးတိုးခြင်းကိုလည်း ကာကွယ်နိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ကြည်လွင်မြင့်(မုဒြာ)

✅ဒူးနာလို့တော့ စိတ်ညစ်စရာမလိုတော့ဘူးနော်
https://fb.watch/wjImM76YWF/?

✅၆နာရီကြာအထွန်းခံ EZ မီးအိမ်
https://fb.watch/wjIsHtDW7m/?

✅မီးပျက်သွားလဲ အမြဲလင်းနေမယ့် EZ မီးသီး
https://m.facebook.com/story.php?story_fbid=911152847702049&id=100064220254422

🌟သာမညဖလ အခါတော်နေ့( တန်ဆောင်မုန်း လပြည့်နေ့)ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း လပြည့်နေ့တွင် ''ရဟန်းပြုရခြင်း၏အကျ...
15/11/2024

🌟သာမညဖလ အခါတော်နေ့( တန်ဆောင်မုန်း လပြည့်နေ့)

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း လပြည့်နေ့တွင် ''ရဟန်းပြုရခြင်း၏အကျိုး''ဟု အဓိပ္ပာယ်ရသည့် သာမညဖလသုတ္တန် တရားကိုဟောကြား တော်မူခဲ့ရာမှ တန်ဆောင်မုန်းလပြည့်နေ့ကို ''သာမည ဖလအခါတော်နေ့''အဖြစ် သတ်မှတ်ခဲ့ကြပါသည်။

တန်ဆောင်မုန်းလသည် မြန်မာ့ရိုးရာ ၁၂-လရာသီ ပွဲတော်များအနက် တမူထူးခြားသည့် လဖြစ်ပါသည်။ ဒီလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ယက်လုပ်ပူဇော်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလ အခါတော်နေ့ ပွဲတော်များကို ကျင်းပလေ့ရှိကြပါသည်။

ကြယ်တာရာ နက္ခအပေါင်းစုံလင်ပြီး 'တန်ဆောင် ...'မီးတိုင်' နှင့် 'မှုန်း'... 'ပျံနှံ့စေခြင်း' ဆိုသည့် အဓိပ္ပာယ်များနှင့် ပြည့်စုံနေသည့် ဤတန်ဆောင်ကာလသမယတွင် ကုသိုလ်တရားများ ပွားများရင်းဖြင့် ကိုယ်စိတ်နှလုံးအေးချမ်းသာယာကြပါစေကြောင်း EZ Myanmar မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏
#တန်ဆောင်မုန်း
#လပြည့်နေ့
#ဘုရား

Review ကောင်းလေးများ ရရှိထားတဲ့ AOLIKE ဒူးစွပ်https://fb.watch/vxlicHnKSI/?
30/10/2024

Review ကောင်းလေးများ ရရှိထားတဲ့ AOLIKE ဒူးစွပ်

https://fb.watch/vxlicHnKSI/?

AOLIKE ဒူးစွပ်လေးများ ယုံကြည်စိတ်ချစွာဝယ်ယူအားပေးကြသော ကာစတန်မာ မိတ်ဟောင်း၊မိတ်သစ်များအားလုံးကို ကျေးဇူးတင်ပါတယ် 🙏🙏🙏Ezee...
21/10/2024

AOLIKE ဒူးစွပ်လေးများ ယုံကြည်စိတ်ချစွာဝယ်ယူအားပေးကြသော ကာစတန်မာ မိတ်ဟောင်း၊မိတ်သစ်များအားလုံးကို ကျေးဇူးတင်ပါတယ် 🙏🙏🙏

Ezee ဖုန်းနံပါတ် ၀၉-၇၅၅ ၉၂၅ ၈၈၇ သို့လည်းကောင်း Messenger မှလည်းကောင်း မှာယူလို့ရပါတယ်။

🚨၆နာရီကြာ အထွန်းခံတဲ့ EZ Lamp✅တောက်ပနေတဲ့ LEDတွေနဲ့ တခန်းလုံးအလင်းရတဲ့ EZ Lamp✅ဘက်ထရီရာခိုင်နှုန်း(၁၀၀% - 25%) ပြပေးတဲ့ ...
17/10/2024

🚨၆နာရီကြာ အထွန်းခံတဲ့ EZ Lamp

✅တောက်ပနေတဲ့ LEDတွေနဲ့ တခန်းလုံးအလင်းရတဲ့ EZ Lamp
✅ဘက်ထရီရာခိုင်နှုန်း(၁၀၀% - 25%) ပြပေးတဲ့ EZ Lamp
✅ဘက်ထရီအလွယ်တကူလဲလှယ်လို့ရတဲ့ EZ Lamp
✅ကမ္ဘာ့အဆင့်အတန်းမှီ EZ Lampဖြစ်လို့ အားသွင်းကြိုးကလဲ Type C ပါ

ဒီလိုကွာလတီကောင်းကောင်းနဲ့ မီးပြတ်လဲစိတ်ညစ်စရာမလိုတဲ့ EZ Lampဟာ အကောင်သေးသေးနဲ့ အစွမ်းပြည့်ပြည့်ပါပဲ။


စျေးနှုန်း-၂၅၀၀၀ကျပ်
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်။
Ezee ဖုန်းနံပါတ် ၀၉-၇၅၅ ၉၂၅ ၈၈၇ သို့လည်းကောင်း Messenger မှလည်းကောင်း မှာယူလို့ရပါတယ်။

🔺လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသော မိတ်ဖက်ဆိုင်များကိုလည်း ကျေးဇူးတင်ရှိပါတယ်🙏

🪔 သီတင်းကျွတ်လပြည့်  အဘိဓမ္မာအခါတော်နေ့ 🪔🎇 သီတင်းကျွတ် အခါသမယလေးမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘ...
17/10/2024

🪔 သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ 🪔

🎇 သီတင်းကျွတ် အခါသမယလေးမှာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး
စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ.....🙏

(၇)ရက်သားသမီးများအားလုံး
ကိုယ်စိတ်နှလုံး အေးချမ်း သာယာလှပပြီး
ဘေးအန္တာရယ် အနှောင့်ယှက်များ မှ ကင်းဝေးကြပါစေ.....🙏🙏🙏

EZ Myanmar မိသားစု မှ ဆု‌တောင်းမေတ္တာများပို့သအပ်ပါတယ်....🙏🙏🙏

အမှာတွေအရမ်းများပြီး အကိုတယောက်ရဲ့ order လေးကို မပို့ဖြစ်တာကို အပြစ်မမြင်ပဲ စောင့်ဆိုင်းပေးတဲ့ ကာစတန်မာအကို့ကို ကျေးဇူးတ...
10/10/2024

အမှာတွေအရမ်းများပြီး အကိုတယောက်ရဲ့ order လေးကို မပို့ဖြစ်တာကို အပြစ်မမြင်ပဲ စောင့်ဆိုင်းပေးတဲ့ ကာစတန်မာအကို့ကို ကျေးဇူးတင်ပါတယ် 🙏🙏🙏


ီးသီး

🔺EZ Products များကို ယုံကြည်စိတ်ချစွာဝယ်ယူအားပေးကြသော ကာစတန်မာ မိတ်ဟောင်း၊မိတ်သစ်များအားလုံးကို ကျေးဇူးတင်ပါတယ် 🙏🙏🙏Ezee ...
05/10/2024

🔺EZ Products များကို ယုံကြည်စိတ်ချစွာဝယ်ယူအားပေးကြသော ကာစတန်မာ မိတ်ဟောင်း၊မိတ်သစ်များအားလုံးကို ကျေးဇူးတင်ပါတယ် 🙏🙏🙏

Ezee ဖုန်းနံပါတ် ၀၉-၇၅၅ ၉၂၅ ၈၈၇ သို့လည်းကောင်း Messenger မှလည်းကောင်း မှာယူလို့ရပါတယ်။

ီးသီး

02/10/2024

🏠သူခိုးဖမ်းသော့ခလောက်
🏠ထိတာနဲ့ မီးပွင့်သွားမယ့် သော့ခလောက်


သော့လာဖျက်ဖို့ မပြောနဲ့ဦး၊ ကိုယ့်အိမ်သော့ကို လာထိတာနဲ့ ၁၀အိမ်ကျော် ကြားလောက်အောင် အော်ပါလိမ့်မယ်။
အသံမမြည်ချင်သေးလို့ ရိုးရိုးသော့ခလောက်လို သုံးရင်လဲ ရတယ်။
📌သော့ချိတ်တံ အတို၊အရှည် ၂မျိုးလုံးပါတော့ အိမ်သော့ခတ်ခတ်၊ စက်ဘီး၊ဆိုင်ကယ် ခတ်ခတ် အားလုံးအဆင်ပြေတယ်လေ။
📌သော့အပို ၃ချောင်းတောင်ပါလို့ မိသားစုလိုက်အေးဆေးသုံးလို့ရတယ်။
📌Alarm သံမြည်တဲ့ဓာတ်ခဲက ပုံမှန်သုံးရင် တနှစ်အေးဆေးသုံးလို့ရတဲ့အပြင်၊ အပို ဓာတ်ခဲတစုံ ပါသေးတော့ အေးဆေးပဲ အေးဆေးပဲ။
အိပ်ရေးဝဝအိပ်လို့ရအောင် ကိုယ့်အိမ်ကိုစောင့်ရှောက်ပေးမယ့် ဒီ သော့ခလောက်က မြန်မာငွေ 20,000ကျပ်ပဲရှိတယ်။

📞 ၀၉ ၇၅၅ ၉၂၅ ၈၈၇

✅သူခိုးဖမ်းသော့ခလောက် 20,000ကျပ်
🚚ရန်ကုန်မြို့တွင်း(နီး) ပို့ဆောင်ခ ၂၀၀၀ကျပ်
🚛ရန်ကုန်မြို့တွင်း(ဝေး) ပို့ဆောင်ခ ၂၅၀၀ကျပ်~၃၀၀၀ကျပ်
🚂နယ်မြို့များ ကားဂိတ်တင်၊ Royal Express ၊ Bee Express အပ်ပေးပါတယ်

01/10/2024

✅၆နာရီကနေ ၈နာရီ အထွန်းခံတဲ့ EZ Lamp
✅တောက်ပနေတဲ့ LEDတွေနဲ့ တခန်းလုံးအလင်းရတဲ့ EZ Lamp
✅ဘက်ထရီရာခိုင်နှုန်း(၁၀၀% - 25%) ပြပေးတဲ့ EZ Lamp
✅ဘက်ထရီအလွယ်တကူလဲလှယ်လို့ရတဲ့ EZ Lamp
✅ကမ္ဘာ့အဆင့်အတန်းမှီ EZ Lampဖြစ်လို့ အားသွင်းကြိုးကလဲ Type C ပါ

ဒီလိုကွာလတီကောင်းကောင်းနဲ့ မီးပြတ်လဲစိတ်ညစ်စရာမလိုတဲ့ EZ Lampဟာ အကောင်သေးသေးနဲ့ အစွမ်းပြည့်ပြည့်ပါပဲ။


စျေးနှုန်း-၂၅၀၀၀ကျပ်
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်။
Ezee ဖုန်းနံပါတ် ၀၉-၇၅၅ ၉၂၅ ၈၈၇ သို့လည်းကောင်း Messenger မှလည်းကောင်း မှာယူလို့ရပါတယ်။

🔺လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသော မိတ်ဖက်ဆိုင်များကိုလည်း ကျေးဇူးတင်ရှိပါတယ်🙏

🚨မီးပျက်သွားလဲ အမြဲလင်းနေမယ့် EZ မီးသီး✅ကိုယ့်အိမ်က မီးသီးခေါင်းမှာတပ်ထားလိုက်ရုံနဲ့ မီးပျက်သွားလည်း အမြဲလင်းနေမယ့် EZ မ...
30/09/2024

🚨မီးပျက်သွားလဲ အမြဲလင်းနေမယ့် EZ မီးသီး

✅ကိုယ့်အိမ်က မီးသီးခေါင်းမှာတပ်ထားလိုက်ရုံနဲ့ မီးပျက်သွားလည်း အမြဲလင်းနေမယ့် EZ မီးသီးလေးပါ။
✅အိမ်ကမီးသီးခေါင်းက အရစ်ခေါင်းဖြစ်ဖြစ်၊ပင်ခေါင်းဖြစ်ဖြစ် ၂မျိုးလုံးရတဲ့ EZ မီးသီး
✅အားသွင်းဖို့ စိတ်ပူနေစရာမလိုပဲ အော်တိုအားသွင်းပြီး အော်တိုမီးလင်းတဲ့ EZ မီးသီး
✅လင်းအားကောင်းတဲ့ EZ မီးသီး

ဘယ်လိုနေရာမှာမဆို အရမ်းအသုံးဝင်အစွမ်းပြည့်လှတဲ့ EZ မီးသီးလေးက စျေးနှုန်းလေးလဲအရမ်းချိုသာလှပါတယ်။
ီးသီး စျေးနှုန်း- ၁၂၀၀၀ကျပ်
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်။
Ezee ဖုန်းနံပါတ် ၀၉-၇၅၅ ၉၂၅ ၈၈၇ သို့လည်းကောင်း Messenger မှလည်းကောင်း မှာယူလို့ရပါတယ်။

🔺လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသော မိတ်ဖက်ဆိုင်များကိုလည်း ကျေးဇူးတင်ရှိပါတယ်🙏

❗️ နှာပိတ်ခြင်း (Stuffy running nose)❗️      ********************************✅ဘာကြောင့် နှာစေးနှာပိတ် ဖြစ်ရတာလဲ ?သင့်ရဲ့...
30/08/2024

❗️ နှာပိတ်ခြင်း (Stuffy running nose)❗️
********************************

✅ဘာကြောင့် နှာစေးနှာပိတ် ဖြစ်ရတာလဲ ?

သင့်ရဲ့ နှာခေါင်းကို mucosa လို့ခေါ်တဲ့ နူးညံ့တဲ့တစ်သျူးလေးနဲ့ ဖုံးအုပ်ထားပါတယ်။ Mucosaက နှာခေါင်းကို ကာကွယ်ပေးဖို့ အကျိအချွဲ (mucus)တွေ ထုတ်ပေးပါတယ်။ Mucosa ရောင်ရမ်းပြီး ဖောင်းပွလာတဲ့အခါ နှာခေါင်းပိတ်သွားပြီး အကျိအချွဲတွေ အများကြီးထွက်လာပါတယ်။

အဓိကကတော့ ဗိုင်းရပ်စ်တွေကြောင့် အများဆုံး ​ရောင်ရမ်းတတ်ပါတယ်။ ဖုန်မှုန့်တွေ၊ ဓာတ်မတည့်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားကြောင့်လည်းဖြစ်နိုင်ပြီး စိမ်းဝါရောင် ချွဲသလိပ်တွေထွက်ကာ တစ်ခါတစ်ရံမှာ နာကျင်စေနိုင်ပါတယ်။

နှာစေးနှာပိတ်ဖြစ်စေတဲ့အကြောင်းတွေကတော့

– အအေးမိတာ (common cold)

– တုပ်ကွေး (flu)

– ဦးခေါင်းခွံအတွင်းက လေလမ်းကြောင်းတွေ ရောင်တာ (sinus infection)

– hay fever နဲ့ တခြား ဓာတ်မတည့်မှုအမျိုးမျိုး

– နှာခေါင်းဖျန်းဆေးတွေနဲ့ ဆေးရည်တွေကို ညွှန်ကြားချက်မရှိဘဲ အလွန်အကျွံသုံးတာ
( ၃ ရက်ထက် ပိုသုံးရင် နှာခေါင်းပိတ်တာကို ပိုဆိုးစေပါတယ် )

–ရောင်ရမ်းနေတဲ့နှာခေါင်း (သို့မဟုတ်) sinus တစ်သျူးတွေ တွဲကျလာတာ( nasal polyp)…စတာတွေကြောင့် ဖြစ်တတ်ပါတယ်။.

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အကျိအချွဲတွေ အများကြီးထွက်တာ (နှာစေးတာ)နဲ့ နှာခေါင်းပိတ်ပြီး ပါးစပ်နဲ့အသက်ရှူရတာတွေ အများဆုံး ဖြစ်တတ်ပါတယ်။.

နောက်ဆက်တွဲပြသနာတွေအနေနဲ့

– နှာခေါင်းသွေးလျှံတာ (nose bleeding)

– နားကိုက်တာ (ear pain)

– ထိပ်ကပ်နာ (sinusitis) တွေ ဖြစ်နိုင်ပါတယ်။..

✅နှာစေးနှာပိတ်တာအတွက် ဘာတွေလုပ်လို့ရလဲ ?

• Blowing the nose (နှပ်ညှစ်ခြင်း)

အကျိအချွဲတွေကို သန့်ရှင်းတဲ့လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်ခါသုံးတစ်သျူးတွေထဲ ညှစ်ထုတ်ပါ။

နှာခေါင်းပေါက်တစ်ဘက်ကို​ ဘေးကနေ ဖြည်းညှင်းစွာ ဖိပိတ်ပြီးမှ ကျန်တစ်ဘက်ကို ရှင်းပါ။ ဤနည်းအတိုင်း နောက်တစ်ဘက်ကိုလည်း ရှင်းပါ။

တွေ့ရများတဲ့ အမှားတစ်ခုကတော့ နှာခေါင်းပေါက်နှစ်ဘက်လုံးကို ပိတ်လုနီးပါးအထိဖိပြီး ညှစ်ထုတ်ကြတာ ဖြစ်ပါတယ်။ ဒါဟာ လေ နဲ့ အကျိအချွဲတွေကို အတွင်းဘက်ကို တွန်းပို့သလိုဖြစ်ပြီး နားနဲ့ဆိုင်တဲ့ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။.

• Steam inhalation (ရေနွေးငွေ့ ရှူခြင်း)

ရေနွေးငွေ့ ရှူခြင်းဟာ နှာခေါင်းနဲ့ sinusတွေကို ရှင်းပေတဲ့ ရိုးရှင်းပြီးအလွန်ထိရောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ ရေနွေးထဲမှာ ထည့်ဖျော်လို့ရတဲ့ ဖော်စပ်မှုတွေလည်း အများကြီးရှိပါတယ်။
(Friar’s balsam၊ Vicks VapoRub နဲ့ တခြား menthol ပစ္စည်းတွေ)

အဝကျယ်ဖန်ပုလင်း (သို့မဟုတ်) ထည့်စရာခွက်တစ်ခုခုထဲ ပူနွေးပြီးအငွေ့ထနေတဲ့ (ဆူပွတ်ပြီး ၁၀ မိနစ်လောက်ရှိတဲ့ရေ) 500ml ကို ထည့်ပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ရှူဆေးကို ထည့်ပါ။

ပေပါစက္ကူကို ကတော့ပုံစုံလုပ်ပြီး ရေနွေးငွေ့ကို နှာခေါင်းကနေ ​ဖြည်းဖြည်းနဲ့ နက်နက် ရှူသွင်းပါ။ ပါးစပ်ကနေ ​ဖြည်းဖြည်းချင်း ရှူထုတ်ပါ။

ဒါကို ၅ မိနစ်မှ ၁၀ မိနစ်အထိ တနေ့ ၃ ကြိမ် လုပ်ပါ။ ( အိပ်ယာမဝင်ခင် အချိန်ဟာ အရေးကြီးဆုံးဖြစ်ပြီး တစ်ကြိမ်တော့လုပ်သင့်ပါတယ် )

ရေနွေးငွေ့ရှူပြီးရင် blowing the nose (နှာညှစ်ထုတ်ခြင်း) ကို အထက်မှာဖော်ပြထားတဲ့အတိုင်း လုပ်သင့်ပါတယ်။

ကလေးတွေဟာ ရေပူလောင်တတ်လို့ ရေနွေးငွေ့ရှူတာကို ကလေးတွေမှာ ရှောင်ရှားသင့်ပါတယ်။

• Nasal Wash (နှာခေါင်းဆေးခြင်း)

Nasal wash က နှာခေါင်းထဲက အကျိအချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Saline spray ကို ဆေးဆိုင်တွေမှာ ရနိုင်သလို ကိုယ်တိုင်လုပ်လို့လည်း ရပါတယ်။

Saline spray လုပ်ဖို့ ရေနွေးတစ်ခွက် (240ml)၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက် နဲ့ baking soda နည်းနည်းထည့်ပြီးလည်း သုံးလို့ရပါတယ်။

နှာခေါင်းပေါက်တစ်ဘက်ထဲကို 20cc ဆေးထိုးပြွန်နဲ့ Saline ဆေးရည်တွေ ထိုးထည့်လိုက်ရင် ကျန်တစ်ဘက်ကနေ သူ့အလိုလိုပြန်ထွက်လာပါလိမ့်မယ်။ တစ်ဘက်ကို 20cc ဆေးထိုးပြွန်ဖြင့် ၅ကြိမ်စီ ပြုလုပ်ရမှာပါ

Saline nasal spray ကို တစ်နေ့ ၃ကြိမ်မှ ၄ ကြိမ်အထိ ညင်သာစွာလုပ်လို့ရပါတယ်။

• လှဲအိပ်တဲ့အခါမှာ နှာခေါင်းပိတ်တာ ပိုဆိုးတတ်လို့ မတ်မတ်နေတာဟာလည်း နှာစီးနှာပိတ်တာကို အနည်းနဲ့အများ သက်သာလျော့ပါးစေပါတယ်။
(လှဲအိပ်တဲ့အခါ အနည်းဆုံး ခေါင်းမော့ထားပါ)

• Medicine (ဆေးဝါး)

(၁) Nasal decongestants

Over the counter (ဆရာဝန် ညွှန်ကြားချက်မလိုဘဲ မိမိဖာသာဝယ်ယူနိုင်သောဆေး)တွေက သက်သာစေနိုင်ပေမယ့် ဂရုတစိုက်အသုံးပြုဖို့တော့ လိုပါတယ်။

ဒီလို ဖျန်းဆေး၊ ဆေးရည်တွေက ရောင်ရမ်းနေတဲ့ mucosa ကို ကျုံ့ပြီးခြောက်သွေ့စေပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ တုန့်ပြန်မှုလွန်ကဲပြီး ပြဿနာကို ပိုဆိုးစေတာမျိုးလည်း ရှိပါတယ်။

အချိန်တို (၂ ရက်၊ ၃ ရက်လောက်)သာ အသုံးပြုသင့်ပြီး ဆေးဘူးမှာညွှန်ကြားထားတဲ့ အများဆုံးပမာဏထက် ဘယ်သောအခါမှ ပိုမသုံးသင့်ပါ။

ရိုးရှင်းတဲ့ menthol ပါပြီး အေးမြစေတဲ့ ငုံဆေး (lollies)တွေကလည်း ထိရောက်မှု ရှိပါတယ်။

(၂) Antihistamine

Antihistamine တွေက ဓာတ်မတည့်တဲ့ရောဂါလက္ခဏာတွေကို ကုသဖို့သုံးပါတယ်။ တချို့ antihistamine တွေက အိပ်ငိုက်စေတတ်လို့ ဂရုတစိုက် အသုံးပြုသင့်ပါတယ်။

✅ဘယ်အခြေအနေတွေမှာ ဆရာဝန်နဲ့ ပြသင့်လဲ?

သာမန်အားဖြင့် နှာခေါင်းပိတ်တာဟာ တစ်ပတ်အတွင်း သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။

– နှာခေါင်းပိတ်တာနဲ့အတူ နဖူး၊ မျက်လုံး၊ နှာခေါင်းရဲ့ဘေးတွေ (သို့မဟုတ်) ပါးတွေ ဖောင်းလာတဲ့အခါ

– အမြင်ဝါးလာတဲ့အခါ

– လည်ချောင်းနာပြီး အာသီးနဲ့ တခြားလည်ချောင်းနေရာတွေမှာ အဝါရောင် (သို့မဟုတ်) အဖြူရောင် အစက်တွေ ပေါ် လာတဲ့အခါ

– အကျိအချွဲတွေကအနံ့ဆိုးပြီး နှာခေါင်းတစ်ဘက်ထဲမှ ထွက်တဲ့အခါ (သို့မဟုတ်) အဝါရောင်နဲ့ အဖြူရောင် မဟုတ်ဘဲ တခြားအရောင်တွေ ဖြစ်နေတဲ့အခါ

– ၁၀ ရက်ကျော် ချောင်းဆိုးပြီး စိမ်းဝါရောင် (သို့မဟုတ်) မီးခိုးရောင်သလိပ်တွေ ထွက်တဲ့အခါ

– ဦးခေါင်းဒဏ်ရာရပြီးမှ နှာစေးလာတာမျိုး ဖြစ်တဲ့အခါ

– ရောဂါလက္ခဏာတွေက ၃ ပတ်ကျော်အထိ ရှိနေတဲ့အခါ

– နှာစေးပြီး ဖျားလာတဲ့အခါ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

✅စမ်းသပ်မှုများ

ဆရာဝန်မှ နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းကို စမ်းသပ်ကြည့်ပါလိမ့်မယ်။

တခြားစစ်ဆေးမှုတွေအနေနဲ့ကတော့

– Allergy skin test (ဓာတ်မတည့်မှုကို ရှာဖွေခြင်း)

– Blood test (သွေးစစ်ခြင်း)

– Sputum culture and throat culture (သလိပ်စစ်ဆေးခြင်း)

– X-ray of the sinuses (ဦးခေါင်းဓာတ်မှန်)

– Chest X-ray (ရင်ဘတ် ဓာတ်မှန်)…စတာတွေစစ်ဆေးဖို့ လိုကောင်းလိုနိုင်ပါလိမ့်မယ်။

စိတ်ချရတဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းလေးများ လိုအပ်ရင် ဒီမှာကြည့်ပါ။

♥️Ezee Life Myanmar မိသားစုမှ စျေးမှန်/ပစ္စည်းမှန် ဖြန့်ဖြူးရောင်းချနေသော လက်လီ/လက်ကား ပစ္စည်းများမှာ …….

🔺ဒူးနာသူများအတွက် ကွာလတီအကောင်းစား AOLIKE ဒူးစွပ်
https://www.facebook.com/share/v/Ypnti3ANmJdStCcL/?mibextid=oFDknk

🔺ပန်းနာရင်ကြပ်ဆေးရှူကိရိယာ EzMed Spacer
https://m.facebook.com/story.php?story_fbid=763409832476352&id=100064220254422&mibextid=Nif5oz

🔺LCD စခရင်ဆိုက်အကြီး သွေးပေါင်ချိန်စက် YASEE
https://m.facebook.com/story.php?story_fbid=707814021369267&id=100064220254422&mibextid=WC7FNe

🔺Zinc Oxide Surgical Tape
https://www.facebook.com/100064220254422/posts/703986345085368/

🔺ဆွဲသားပတ်တီးလိပ် Elastic Bandage 3" 4" 6" size
https://www.facebook.com/100064220254422/posts/703455611805108/

🔺အနာကပ်ပလာစတာ HOPEMED
https://www.facebook.com/100064220254422/posts/691305003020169/

🔺 ACCURATE ကိုယ်ဝန်ဆီးစစ်တံ
https://www.facebook.com/100064220254422/posts/698675788949757/

🔺Digital/ Analog Scale ပေါင်ချိန်စက်
https://www.facebook.com/100064220254422/posts/695568712593798/


#နှာပိတ်ခြင်း

❗️အရက်ကြောင့် ဦးနှောက်ထိခိုက်ခြင်း❗️အယ်လ်ကိုဟောအဓိက ပါဝင်တဲ့ အရက် ဘီယာ စတာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကင်းနိုင်တ...
27/08/2024

❗️အရက်ကြောင့် ဦးနှောက်ထိခိုက်ခြင်း❗️

အယ်လ်ကိုဟောအဓိက ပါဝင်တဲ့ အရက် ဘီယာ စတာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကင်းနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ လူမှုပေါင်းသင်းဆက်တံရေးအရပဲဖြစ်စေ၊ စိတ်ပျော်ရွှင်ဖို့ ဖြစ်စေ၊ စိတ်ညစ်စရာများကို အကြောင်းပြရင်းဖြစ်စေ သောက်စားကြပါတယ်။ ဘယ်နေရာမှာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိတာကြောင့် အရက်ဘီယာမှ ရရှိလာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို သိထားသင့်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ယမကာမှာပါဝင်တဲ့ အယ်လ်ကိုဟောရဲ့ အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။

🔻 ရေတို အကျိုးသက်ရောက်မှု

အယ်လ်ကိုဟောဟာ ဦးနှောက်အာရုံကြောဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။ သောက်သုံးလိုက်ပြီးတာနဲ့ သွေးထဲကတဆင့် ဦးနှောက်ကို ငါးမိနစ်အတွင်း ရောက်ရှိသွားနိုင်ပါတယ်။ အယ်လ်ကိုဟောရဲ့ အာနိသင်ကို ဆယ်မိနစ်အတွင်း ပြသလာပါတယ်။
အယ်လ်ကိုဟောရဲ့ စစချင်းအကျိုးသက်ရောက်မှုကတော့ အင်ဒေါ်ဖင်ဟော်မုန်းထွက်လာစေခြင်း ဖြစ်ပါတယ်။ အဆိုပါဟော်မုန်းဟာ နေရထိုင်ရကောင်းစေတာကြောင့် တော်သင့်ရုံသောက်သုံးသူများအနေနဲ့ ရံဖန်ရံခါမှာ ပျော်ရွှင်မှုရအောင်ဖြစ်စေ၊ စိတ်ပြေလက်ပျောက်ဖြစ်စေ သောက်သုံးကြပါတယ်။ အလွန်အကျွံသောက်သုံးသူများအတွက်တော့ ဦးနှောက်အာရုံကြော လမ်းကြောင်းအပေါ် သက်ရောက်မှုရှိတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပါတယ်။

ရေတိုအကျိုးသက်ရောက်မှုအနေနဲ့ အောက်ပါအခြေအနေတွေ ဖြစ်နိုင်ပါတယ်။

– စိတ်နေစိတ်ထားနှင့် အပြုအမူပြောင်းလဲခြင်း

– အာရုံစိုက်ရခက်ခဲခြင်း

– ကိုယ်နေဟန်ထား ထိန်းသိမ်းရန် ခက်ခဲခြင်း

– စကားမပီခြင်း

– စိတ်ရှုပ်ထွေးခြင်း

🔻 အရက်အဆိပ်သင့်ခြင်း

တိုတောင်းတဲ့ အချိန်ကာလတခုအတွင်းမှာ အယ်လ်ကိုဟောကို အများအပြားသောက်သုံးမိရင် အရက်အဆိပ်သင့်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ သွေးထဲမှာရှိတဲ့ အယ်လ်ကိုဟောဓာတ် အများအပြားဟာ ဦးနှောက်ထဲကို ဝင်ရောက်သွားပြီး နေ့စဉ်ဘဝရဲ့ အခြေခံလုပ်ငန်းတာဝန်တွေဖြစ်တဲ့ အသက်ရှူခြင်း၊ ကိုယ်ခန္ဓာအပူချိန်ထိန်းညှိခြင်း၊ နှလုံးခုန်ခြင်း စတာတွေကို အနှောက်အယှက်ပေးပါတယ်။ မကုသဘဲ ထားလိုက်ရင် ဦးနှောက်သေဆုံးသွားခြင်း၊ အသက်ဆုံးရှု့းခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

🔻 ရေရှည်သက်ရောက်မှု

အရက်သောက်သုံးခြင်းကြောင့် ရေရှည်မှာ ဦးနှောက်ကိုထိခိုက်စေပြီး သိမှတ်မှုလုပ်ဆောင်နိုင်စွမ်း ကျဆင်းခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း စတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

🔻 ဦးနှောက်ကျုံ့ဝင်ခြင်း

အရက်ကို အလွန်အကျွံသောက်သုံးသူတွေရဲ့ ဦးနှောက်ဟာ သေးပြီးကျုံ့လာတတ်ကြောင်း သုတေသီများကို တွေ့ရှိထားကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရဆိုရင် အသင့်အတင့်သောက်သုံးသူတွေမှာတောင် ဦးနှောက်သေးကျုံ့ခြင်း တွေ့ရှိနိုင်ကြောင်း သိရပါတယ်။ အယ်လ်ကိုဟောကြောင့် ဦးနှောက်ကျုံ့ရာမှာ ဟစ်ပိုကမ်းပတ်ဆိုတဲ့ အစိတ်အပိုင်းကို ကျုံ့သွားစေတာ ဖြစ်ပါတယ်။ အဆိုပါ အစိတ်အပိုင်းဟာ မှတ်ဉာဏ်နဲ့ ကျိုးကြောင်းဆင်ခြင်မှုဆိုင်ရာ ကိစ္စတွေအတွက် အသုံးပြုတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဦးနှောက်အသားကျုံ့ခြင်းဟာ တဦးချင်းစီ သောက်သုံးမှုပမာဏအလိုက် ကွာခြားနိုင်ပါတယ်။ တနေ့ကို လေးခွက်သောက်သုံးသူများဟာ မသောက်သူများထက် ဦးနှောက်ကျုံ့နိုငခြေ ခြောက်ဆပိုများကြောင်း သိရပါတယ်။ အလယ်အလတ်သောက်သုံးသူများဟာ မသောက်သူများထက် သုံးဆ ပိုမိုကျုံ့နိုင်ခြေ ရှိပါတယ်။

🔻 အာရုံကြောတစ်ရှူးများ ဖွဲ့စည်းဖြစ်ပေါ်ခြင်းတွင် သက်ရောက်ခြင်း

အယ်လ်ကိုဟောဟာ ဦးနှောက်ဆဲလ်များကို သေကြေပျက်စီးခြင်း မဖြစ်စေရင်တောင် ရေရှည်မှာ ဆိုးကျိုးသက်ရောက်စေပါတယ်။ အထူးသဖြင့် အရက်ကို အလွန်အကျွံသောက်ခြင်းဟာ ဦးနှောက်ဆဲလ်အသစ်များကို ဖြစ်ပေါ်စေတဲ့ အာရုံကြောတစ်ရှူးဖွဲ့စည်းခြင်းကို နှောင့်နှေးစေပါတယ်။

🔻 Wernicke-Korsakoff ရောဂါလက္ခဏာစု

အရက်ကို လွန်ကဲစွာသောက်သုံးတဲ့အခါ ဗီတာမင် ဘီဝမ်းလို့ လူသိများတဲ့ thiamine ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအခါWernicke-Korsakoff လို့ အမည်ရတဲ့ ရောဂါလက္ခဏာစုကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ ရောဂါလက္ခဏာစု ခံစားရချိန်မှာ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များ ပျက်စီးစေပြီး အာရုံရှုပ်ထွေးခြင်း၊ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ ကိုယ်ခန္ဓာကြွက်သားများ ထိန်းညှိလှုပ်ရှားနိုင်မှု မရှိခြင်း စတာတွေ ဖြစ်စေတတ်ပါတယ်။

🔻 သန္ဓေသားအပေါ် သက်ရောက်မှု

အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အရက်သောက်သုံးရင် သန္ဓေသားရဲ့ ဦးနှောက်နဲ့ အခြားအရေးကြီး ကိုယ်တွင်းအင်္ဂါများ ဖွံ့ဖြိုးကြီးထွားမှုကို ထိခိုက်စေပါတယ်။ အဆိုပါ ပြဿနာကို အယ်လ်ကိုဟောကြောင့် သန္ဓေသားချို့ယွင်းခြင်း (FASD – Fetal Alcohol Spectrum Disorders) လို့ ခေါ်ပါတယ်။ FASD ပြဿနာကြောင့် သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ေါ်စေပါတယ်။
အဲ့တာတွေကတော့

– သင်ယူမှုခက်ခဲခြင်း

– စကားပြောစွမ်းရည်နှင့် ဘာသာစကားပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှေးကွေးခြင်း

– အာရုံစိုက်ရန် ခက်ခဲခြင်း

– မှတ်ဉာဏ်ချို့ယွင်းခြင်း

– ကိုယ်ခန္ဓာအစိတ်အပိုင်းများ ထိန်းညှိလုပ်ဆောင်ရန် ခက်ခဲခြင်း

– တုံ့ပြန်မှုလွန်ကဲခြင်း

အထက်ပါ အကြောင်းအရာများကတော့ အရက်သောက်သုံးခြင်းကြောင့် ဦးနှောက်နဲ့ အာရုံကြော အစိတ်အပိုင်းတွေကို ဘယ်လိုထိခိုက်စေသလဲ ဆိုတာပါပဲ။ အယ်လ်ကိုဟောကြောင့် ဦးနှောက်ဆဲလ်များကို တိုက်ရိုက်ပျက်စီးခြင်း ဖြစ်ပေါ်တာ ရှားပါတယ်။ ဒါပေမယ့် ရေတိုရေရှည် အကျိုးသက်ရောက်မှုတွေ ရှိနေကြောင်း သိရှိပြီး လိုအပ်သလို ချိန်ဆနိုင်ဖို့ ဖြစ်ပါတယ်။

စိတ်ချရတဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းလေးများ လိုအပ်ရင် ဒီမှာကြည့်ပါ။

♥️Ezee Life Myanmar မိသားစုမှ စျေးမှန်/ပစ္စည်းမှန် ဖြန့်ဖြူးရောင်းချနေသော လက်လီ/လက်ကား ပစ္စည်းများမှာ …….

🔺ဒူးနာသူများအတွက် ကွာလတီအကောင်းစား AOLIKE ဒူးစွပ်
https://www.facebook.com/share/v/Ypnti3ANmJdStCcL/?mibextid=oFDknk

🔺ပန်းနာရင်ကြပ်ဆေးရှူကိရိယာ EzMed Spacer
https://m.facebook.com/story.php?story_fbid=763409832476352&id=100064220254422&mibextid=Nif5oz

🔺LCD စခရင်ဆိုက်အကြီး သွေးပေါင်ချိန်စက် YASEE
https://m.facebook.com/story.php?story_fbid=707814021369267&id=100064220254422&mibextid=WC7FNe

🔺Zinc Oxide Surgical Tape
https://www.facebook.com/100064220254422/posts/703986345085368/

🔺ဆွဲသားပတ်တီးလိပ် Elastic Bandage 3" 4" 6" size
https://www.facebook.com/100064220254422/posts/703455611805108/

🔺အနာကပ်ပလာစတာ HOPEMED
https://www.facebook.com/100064220254422/posts/691305003020169/

🔺 ACCURATE ကိုယ်ဝန်ဆီးစစ်တံ
https://www.facebook.com/100064220254422/posts/698675788949757/

🔺Digital/ Analog Scale ပေါင်ချိန်စက်
https://www.facebook.com/100064220254422/posts/695568712593798/


#အရက်​ကြောင့်ဦးနှောက်ထိခိုက်ခြင်း
#အရက်ရဲ့ဆိုးကျိုးများ

⚠️ “အိပ်နေရင်း ဘီလူးစီးခံရခြင်း” ⚠️     ―――――――အိပ်နေရင်း ဘီလူးစီးခံရတယ်ဆိုတာကို ငယ်ငယ်က လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ...
24/08/2024

⚠️ “အိပ်နေရင်း ဘီလူးစီးခံရခြင်း” ⚠️
―――――――

အိပ်နေရင်း ဘီလူးစီးခံရတယ်ဆိုတာကို ငယ်ငယ်က လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဘီလူးစီးခံရတဲ့အခါ တစ်ကိုယ်လုံး လှုပ်လို့ မရတော့သလို အော်လို့လဲ မရပါဘူး။ တစ်ယောက်ယောက်က ကိုယ့်ကို တက်ဖိထားသလို ခံစားရတာမို့ ကြောက်ဖို့လဲ ကောင်းပါတယ်။ တချို့ဆိုရင် ဘီလူးစီးခံနေရတဲ့အချိန် လာမနှိုးပေးရင် သေတတ်တယ်လို့တောင် ပြောကြပါတယ်။ တကယ်တော့ အခုလို ဖြစ်တာင ဘီလူးစီးတာလဲ မဟုတ်သလို သေလဲ မသေပါဘူး။ ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါမယ်။

ဆေးသိပ္ပံအရ ဒါကို Sleep paralysis လို့ ခေါ်ပါတယ်။ ဘီလူးစီးတယ်ဆိုတာက အိပ်ပျော်ခါစ၊ ဒါမှမဟုတ် အိပ်ပျော်နေချိန်မှာ ဦးနှောက်နဲ့ ခန္ဓာကိုယ် အဆက်အသွယ်ပြတ်သွားတာပါ။

လူတွေက အိပ်တော့မယ်ဆိုတာနဲ့ REM (rapid eye movement) နဲ့ NREM (non-rapid movement) လို့ ခေါ်တဲ့ အဆင့်နှစ်ဆင့်ကို ဖြတ်ရပါတယ်။ NREM ဆိုတာက အိပ်ပျော်ခါစနဲ့ နိုးတဲ့အချိန်ကြားက ကာလဖြစ်ပြီး Hypnagogia လို့ ခေါ်ပါတယ်။ REM ကတော့ လုံးဝကို အိပ်မောကျသွားတာဖြစ်ပြီး အိပ်မက်မက်ချိန်ပါ။ REM နဲ့ NREM အဆင့်နှစ်ခုလုံးမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကြား ထိန်းချုပ်မှုတွေ ရှိပါတယ်။ REM အဆင့်မှာ လူတွေက အိပ်မက်မက်တဲ့အတွက် အိပ်မက်ထဲကအတိုင်း အပြင်မှာ လှုပ်ရှားမှုတွေ မဖြစ်အောင် ဦးနှောက်က ကြွက်သားတချို့ကို ထိန်းချုပ်ပါတယ်။ NREM အဆင့်မှာတော့ ဦးနှောက်က ထိန်းချုပ်ထားတာတွေကို ဖြေလျော့ပေးပါတယ်။ ဒီနှစ်ဆင့်က ဟန်ချက်ညီညီ တစ်လှည့်စီဖြစ်နေမှပဲ လူတစ်‌ယောက်က ကောင်းကောင်း အိပ်ပျော်နိုင်မှာပါ။

တကယ်တော့ ဘီလူးစီးတဲ့ ကိစ္စဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကြားမှာ ရှိတဲ့ ဆက်သွယ်မှုက REM နဲ့ NREM ကို ဟန်ချက်ညီညီ မလုပ်ပေးနိုင်တာ‌ကြောင့်ပါ။ အဲဒီအခါ ကောင်းကောင်း အိပ်မောကျတဲ့အဆင့် ပြီးတာနဲ့ ကြွက်သားတွေကို ဖြေလျော့ပေးရမဲ့အစား ကြားထဲက ဆက်သွယ်မှု အလုပ်မလုပ်တော့တာကြောင့် ဦးနှောက်က REM မှန်း မသိ၊ NREM မှန်း မသိဖြစ်သွားပြီး ဆက်ထိန်းချုပ်ထားတာပါ။ ဒီတော့ လူက နိုးတော့ နိုးလာတယ်၊ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကတော့ လှုပ်လို့မရဘဲ ဖိချုပ်ထားသလို တင်းတင်းကျပ်ကျပ် ခံစားလာရတာပါ။ လည်ပင်းကြွက်သားတွေပါ ပါတာမို့ အသံလဲ ထွက်လို့ မရပါဘူး။ အဲဒီအချိန်မှာ တစ်ယောက်ယောက်က ပုတ်လိုက်တာမျိုး၊ လှုပ်နှိုးလိုက်တဲ့အခါမျိုးမှပဲ ဦးနှောက်က သတိပြန်ကပ်သွားပြီး REM အဆင့်က လူကို လွှတ်ပေးလိုက်ပါတယ်။ ဒါကြောင့် ဘီလူးစီးတဲ့အချိန် ဘေးကနှိုးပေးမှ သက်သာတယ် ပြောကြတာပါ။

သာမန်လူတစ်ယောက်အနေနဲ့ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ ဖြစ်နိုင်သလို လုံးဝ မဖြစ်တာမျိုးလဲ ရှိနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆရာဝန်တွေရဲ့ လေ့လာချက်တွေအရ Sleep paralysis ဖြစ်တဲ့သူတွေဟာ အိပ်ရေးအရမ်းပျက်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ အာရုံအရမ်းစူးစိုက်ရတဲ့သူတွေ၊ စိတ်ဖိစီးမှုများသူတွေ၊ လေဝင်လေထွက်မကောင်းဘဲ လှောင်ပိတ်တဲ့နေရာမှာ အိပ်သူတွေနဲ့ ပက်လက်အိပ်သူတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။

ဒီတော့ ဘီလူးစီးတာ မခံချင်ရင် အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျှော့ပါ။ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ခပ်စောင်းစောင်းအိပ်ခြင်းက အနည်းနဲ့အများတော့ ကာကွယ်နိုင်ပါလိမ့်မယ်။ Sleep paralysis ကို ကြုံဖူးသူတွေဟာ စိတ်ဒဏ်ရာရတာမျိုး ဖြစ်ကြသလို ကြောက်စိတ်ကြောင့် အပြင်မှာတကယ်မရှိတဲ့ အရာတွေကို ထင်ယောင်ထင်မှား မြင်တာမျိုးတွေလဲ ရှိပါတယ်။ ဒါကြောင့် အိပ်ချိန်ကို ဂရုစိုက်ပြီး ကျန်းမာပျှော်ရွှင်နိုင်ဖို့ ဆုတောင်းပေးလိုက်ရပါတယ်။ ။

စိတ်ချရတဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းလေးများ လိုအပ်ရင် ဒီမှာကြည့်ပါ။

♥️Ezee Life Myanmar မိသားစုမှ စျေးမှန်/ပစ္စည်းမှန် ဖြန့်ဖြူးရောင်းချနေသော လက်လီ/လက်ကား ပစ္စည်းများမှာ …….

🔺ဒူးနာသူများအတွက် ကွာလတီအကောင်းစား AOLIKE ဒူးစွပ်
https://www.facebook.com/share/v/Ypnti3ANmJdStCcL/?mibextid=oFDknk

🔺ပန်းနာရင်ကြပ်ဆေးရှူကိရိယာ EzMed Spacer
https://m.facebook.com/story.php?story_fbid=763409832476352&id=100064220254422&mibextid=Nif5oz

🔺LCD စခရင်ဆိုက်အကြီး သွေးပေါင်ချိန်စက် YASEE
https://m.facebook.com/story.php?story_fbid=707814021369267&id=100064220254422&mibextid=WC7FNe

🔺Zinc Oxide Surgical Tape
https://www.facebook.com/100064220254422/posts/703986345085368/

🔺ဆွဲသားပတ်တီးလိပ် Elastic Bandage 3" 4" 6" size
https://www.facebook.com/100064220254422/posts/703455611805108/

🔺အနာကပ်ပလာစတာ HOPEMED
https://www.facebook.com/100064220254422/posts/691305003020169/

🔺 ACCURATE ကိုယ်ဝန်ဆီးစစ်တံ
https://www.facebook.com/100064220254422/posts/698675788949757/

🔺Digital/ Analog Scale ပေါင်ချိန်စက်
https://www.facebook.com/100064220254422/posts/695568712593798/


#ဘီလူးစီးခြင်း

⛔️ ခြေ ၊ လက်တွေ ထုံကျဉ်ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းများ ⛔️ခြေလက်တွေမှာ ထုံကျဉ်တဲ့ ခံစားမှုကို တော်တော်များများ ခံစားဖူ...
22/08/2024

⛔️ ခြေ ၊ လက်တွေ ထုံကျဉ်ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းများ ⛔️

ခြေလက်တွေမှာ ထုံကျဉ်တဲ့ ခံစားမှုကို တော်တော်များများ ခံစားဖူးကြမှာပါ။ ဒီလို လက္ခဏာတွေဟာ အဖြစ်များပြီး စိတ်အနှောင့်အယှက်လည်း အတော်လေးဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေ အိပ်တဲ့အချိန်မှာ ဖိပြီးအိပ်မိတာ၊ အချိန်အကြာကြီး ခြေချိတ်ပြီးထိုင်မိတာ စတဲ့အခြေအနေတွေမှာ nerve (သို့) အာရုံကြောလေးတွေကို ဖိမိတာကြောင့် ခြေထောက်၊ လက်တွေမှာ ထုံလာတာ၊ ကျဉ်လာတာမျိုးတွေကို ခဏတာ ခံစားရနိုင်ပါတယ်။

ဒါပေမယ့် ပြန်ပြီး အနေအထားပြင်လိုက်မယ်၊ မဖိမိအောင် နေလိုက်မယ်ဆိုရင် ပြန်ပြီး အလိုလို သက်သာသွားမှာပါ။ ဒါပေမယ့် တချို့တွေမှာတော့ ထုံ၊ ကျဉ်တဲ့ ပြသနာက ပိုပြီးဆိုးရွားတာ၊ အချိန်အကြာကြီးဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ထုံကျဉ်တဲ့ လက္ခဏာအပြင် နာကျင်ခြင်း၊ ယားယံခြင်း၊ ကြွက်သားတွေ အားနည်းလာခြင်း စတဲ့ အခြားလက္ခဏာတွေပါ တွဲပြီးဖြစ်လာပြီဆိုရင်တော့ အာရုံကြောလေးတွေ ပျက်စီးတာကြောင့် ဖြစ်တဲ့ ထုံကျဉ်ခြင်းဖြစ်နိုင်ပါတယ်။

ခြေလက်ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းလေးတွေကတော့

( ၁ ) ဆီးချိုရောဂါ

ဆီးချိုရောဂါဟာ ခြေလက်ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်တဲ့ အဖြစ်အများဆုံး အကြောင်းအရင်းထဲက တစ်ခုဖြစ်ပါတယ်။ ခြေလက်ထုံကျဉ်ခြင်းကို လူတော်တော်များများမှာ ဆီးချိုရောဂါရဲ့ ပထမဆုံးရောဂါ လက္ခဏာအနေနဲ့ တွေ့ရတတ်ပါတယ်။ ခြေလက် ထုံကျဉ်တာတွေကို မကြာခဏ ခံစားနေရပြီး သင့်မိသားစုမှာ ဆီးချိုမျိုးရိုးရှိတယ် (သို့) အချိုတွေ ကြိုက်တတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်ပြီး ဆီးချိုရောဂါကို စစ်ဆေးကြည့်သင့်ပါတယ်။

( ၂ ) ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ရှိနေတဲ့အချိန်မှာလည်း ကလေးလေးကြီးထွားလာခြင်း၊ ခန္ဓာကိုယ်အတွင်း အရည်တွေ ပိုများလာခြင်းကြောင့် အာရုံကြောလေးတွေကို ဖိမိနိုင်တဲ့အတွက် ထုံကျဉ်တဲ့ ခံစားချက်မျိုးကို ဖြစ်စေပါတယ်။ ဒါပေမယ့် ကလေးမွေးပြီးတာနဲ့ သက်သာသွားနိုင်တာကြောင့် စိတ်ပူစရာမရှိပါဘူး။

( ၃ ) ဗီတာမင် လုံလုံလောက်လောက်မရရှိခြင်း။

အဓိကအားဖြင့် ဗီတာမင် B နဲ့ ဗီတာမင် E ကို ခန္ဓာကိုယ်က လုံလုံလောက်လောက် မရတဲ့အခါ ခြေလက်တွေ ထုံကျဉ်နိုင်ပါတယ်။ ဒါ့ကြောင့် ခြေတွေလက်တွေ ထုံကျဉ်တဲ့ ပြသနာဖြစ်လာပြီဆိုရင် မိမိနေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ဗီတာမင်ကြွယ်ဝတာတွေ ပါရဲ့လားဆိုတာ ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်ရင် ဗီတာမင် ဖြည့်စွက်ဆေးတွေ သောက်နိုင်ပြီး နေ့စဉ် အစားအစာတွေထဲမှာ ဗီတာမင် B နဲ့ E ပါဝင်တဲ့ ဆန်၊ဂျုံ ၊ နို့ နှင့် နို့ထွက်ပစ္စည်းမျာ၊ ပဲ၊ ဥ၊ အစေ့အဆံများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သဘာဝသစ်သီးတွေကိုလည်း စားပေးဖို့ မမေ့ကြပါနဲ့နော်။

( ၄ ) အချို့သောဆေးဝါးများ သောက်သုံးနေခြင်း။

အချို့သော ကင်ဆာကုဆေးတွေ၊ TB ဆေးတွေ၊ သွေးပေါင်ချိန်ကို ထိန်းညှိတဲ့ဆေးတွေ နဲ့ အချို့သောရောဂါပိုးဝင်တဲ့ အခါမှာ အသုံးပြုတဲ့ဆေးတွေကြောင့်လည်း ထုံကျဉ်ခြင်းပြသနာတွေ ဖြစ်နိုင်ပါတယ်။

( ၅ ) အရက် အလွန်အကျွံသောက်သုံးခြင်း။

အရက်အများကြီးသောက်ခြင်းက အာရုံကြောလေးတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် အရက်သောက်တာများတဲ့သူတွေမှာ ဗီတာမင် B12 နဲ့ folic acid တွေကိုလည်း လျော့နည်းနေနိုင်တာကြောင့် ခြေ၊လက် ထုံကျဉ် ခြင်း ကိုဖြစ်စေပါတယ်။ ဒါ့ကြောင့် အရက်ကိုလည်း တတ်နိုင်သမျှရှောင်ဖို့ လိုအပ်ပါတယ်။

( ၆ ) Nerve entrapment syndromes ( အာရုံကြောလေးတွေကို ပိမိစေတဲ့ ရောဂါများ)

အာရုံကြောလေးတွေကို ပိမိနေစေတဲ့ ရောဂါတွေ ဖြစ်တဲ့ carpal tunnel syndrome လို့ခေါ်တဲ့ လက်ဖဝါးအတွင်းရှိ အာရုံကြောလေးများ ပိမိနေတဲ့ရောဂါ၊ nerve palsy စတဲ့ အာရုံကြောရောဂါတွေမှာလည်း ထုံကျဉ်တာကို ဖြစ်စေပါတယ်။

( ၇ ) အခြားရောဂါများ။

HIV နဲ့ အသည်းရောင် အသားဝါ Bပိုး၊ C ပိုးဝင်ခြင်း၊ အလုံးအကျိတ် ဖြစ်ပြီး အာရုံကြောလေးတွေကို ပိမိခြင်း၊ ကျောက်ကပ်၊ အသည်းရောဂါတွေနဲ့ အချို့သော သွေးရောဂါတွေမှာလည်း ခြေလက်ထုံကျဉ်တဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ခြေလက် အဖျားလေးတင်မကဘဲ တစ်ခုလုံး ထုံကျဉ် လာတယ်၊ ရုတ်တရက်၊ ခေါင်းကိုက်လာတယ်၊ မကြာခင်က ခေါင်းကို ထိခိုက်မိထားတယ်၊ ရင်ဘတ်အောင့်လာတယ်၊ အသက်ရှုရ ခက်ခဲလာတယ်၊ ခြေထောက်၊လက် တစ်ဖက်ဖက် လှုပ်ရှားရခက်ခဲလာတယ်၊ သတိမကောင်းဖြစ်လာတယ်၊ စကားပြောရတာ ခက်ခဲလာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးဖို့ လိုအပ်ပါတယ်။ ကျန်းမာကြပါစေ။

စိတ်ချရတဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းလေးများ လိုအပ်ရင် ဒီမှာကြည့်ပါ။

♥️Ezee Life Myanmar မိသားစုမှ စျေးမှန်/ပစ္စည်းမှန် ဖြန့်ဖြူးရောင်းချနေသော လက်လီ/လက်ကား ပစ္စည်းများမှာ …….

🔺ဒူးနာသူများအတွက် ကွာလတီအကောင်းစား AOLIKE ဒူးစွပ်
https://www.facebook.com/share/v/Ypnti3ANmJdStCcL/?mibextid=oFDknk

🔺ပန်းနာရင်ကြပ်ဆေးရှူကိရိယာ EzMed Spacer
https://m.facebook.com/story.php?story_fbid=763409832476352&id=100064220254422&mibextid=Nif5oz

🔺LCD စခရင်ဆိုက်အကြီး သွေးပေါင်ချိန်စက် YASEE
https://m.facebook.com/story.php?story_fbid=707814021369267&id=100064220254422&mibextid=WC7FNe

🔺Zinc Oxide Surgical Tape
https://www.facebook.com/100064220254422/posts/703986345085368/

🔺ဆွဲသားပတ်တီးလိပ် Elastic Bandage 3" 4" 6" size
https://www.facebook.com/100064220254422/posts/703455611805108/

🔺အနာကပ်ပလာစတာ HOPEMED
https://www.facebook.com/100064220254422/posts/691305003020169/

🔺 ACCURATE ကိုယ်ဝန်ဆီးစစ်တံ
https://www.facebook.com/100064220254422/posts/698675788949757/

🔺Digital/ Analog Scale ပေါင်ချိန်စက်
https://www.facebook.com/100064220254422/posts/695568712593798/


#ခြေလက်ကျဥ္ခြင်း
#အာရုံကြော

Address

Yangon
Mandalay

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959755925887

Website

Alerts

Be the first to know and let us send you an email when Ezee Life Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ezee Life Myanmar:

Videos

Share