BMM Pharmacy Store

BMM Pharmacy Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BMM Pharmacy Store, Medical and health, Mandalay.

မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ကြပါစေ❤️❤️❤️❤️
02/01/2024

မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ကြပါစေ❤️❤️❤️❤️

ကြောက်စရာကောင်းတဲ့ ဆောင်းရာသီ ချောင်းဆိုးခြင်းကို ဒီလိုအနိုင်ယူပါ။ဆောင်းတွင်းက တခြားရာသီနဲ့ ယှဥ်ရင် ချောင်းဆိုးတာ ပိုအဖြ...
01/01/2024

ကြောက်စရာကောင်းတဲ့ ဆောင်းရာသီ ချောင်းဆိုးခြင်းကို ဒီလိုအနိုင်ယူပါ။
ဆောင်းတွင်းက တခြားရာသီနဲ့ ယှဥ်ရင် ချောင်းဆိုးတာ ပိုအဖြစ်များပါတယ်။ ညဦးပိုင်းလောက် ရောက်လာပြီဆိုရင် အိမ်နီးချင်းတွေဆီကနေ ချောင်းသံလေး တဟွတ်ဟွတ်ကို မကြာခဏ ကြားရမှာပါ။ ကိုယ်ကိုယ်တိုင်လည်း တခြားအချိန်တွေထက် ချောင်းဆိုးတာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ဆောင်းရာသီ ချောင်းဆိုးခြင်းကို သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ဆောင်းရာသီမှာ မကြာခဏ ချောင်းဆိုးရတဲ့ အကြောင်းရင်း
ဗိုင်းရပ်စ်ပိုးတွေကြောင့်
အေးမြတဲ့ရာသီဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေက ရှင်သန်လွယ်ပါတယ်။ အများစုက အိမ်ထဲမှာပဲ အလုံပိတ်နေကြတာကြောင့် တစ်ယောက်နဲ့ တစ်ယောက်လည်း ကူးစက်လွယ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ တုပ်ကွေးအပါအဝင် ဗိုင်းရပ်စ်တော်တော်များများက ခေါင်းထောင်တတ်ပါတယ်။ ဒီလို ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ချောင်းဆိုးခြင်းတွေက ချောင်းခြောက်ဖြစ်တာ များပါတယ်။

လေထုခြောက်သွေ့တာကြောင့်
ခြောက်သွေ့တဲ့ လေထုကိုပဲ အမြဲတစေ ရှူနေရတာကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက်က အမြှေးပါးတွေ ခြောက်သွေ့လာပါတယ်။ ဒါကြောင့် နေရတာ ကသိကအောက် ဖြစ်လာပါတယ်။ ဒါကို သက်သာစေဖို့ လည်ချောင်းရှင်းတဲ့ အနေနဲ့ မကြာခဏ ချောင်းဆိုးရပါတယ်။

အလာဂျီကြောင့်
ဆောင်းတွင်းမှာ ပန်းပွင့်တဲ့အတွက် ထွက်လာတဲ့ ဝတ်မှုန်တွေ၊ အိမ်ထဲက ဖုန်တွေ၊ မှိုတွေ စတာတွေက ဓာတ်မတည့် ရောဂါရှိသူတွေကို အလာဂျီထစေပါတယ်။ ဒါကြောင့် နေမကောင်း မဖြစ်ပါဘဲနဲ့ နေ့စဉ်နဲ့အမျှ ချောင်းဆိုးတာ၊ နှာချောတာ ဖြစ်တတ်ပါတယ်။

ပန်းနာရင်ကျပ်ထတာ
အေးမြတဲ့ ရာသီဥတုက တချို့ပန်းနာရင်ကျပ်လူနာတွေအတွက် ရောဂါဟောင်းကို ပြန်ထစေပါတယ်။ ပြနေကျ လက္ခဏာတွေအတိုင်း တရွှီရွှီမြည်ပြီး ကျပ်တာလည်း ရှိနိုင်သလို ချောင်းတဟွတ်ဟွတ်ဆိုးတာလည်း ရှိနိုင်ပါတယ်။ အများအားဖြင့် အအေးပိုတဲ့ ညဦးပိုင်းနဲ့ အရုဏ်တက်ချိန်မှာ ဖြစ်တတ်ပါတယ်။

ကြောက်စရာကောင်းတဲ့ ဆောင်းရာသီ ချောင်းဆိုးခြင်းကို ဒီလိုအနိုင်ယူပါ။
ဆောင်းရာသီ မှာ ချောင်းဆိုးတာ က ရောဂါကြီးကြီးမားမားကြောင့် ဆိုတာထက် ပတ်ဝန်းကျင်အခြေအနေကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင် အခြေအနေကို ပြုပြင်လိုက်ရင် အများစုက သက်သာသွားကြပါတယ်။

ချောင်းဆိုးတာသက်သာဖို့ဆိုရင်တော့
ချောင်းခြောက်ဆိုးနေရင် Chlorpheniramine၊ Dextromethorphan တို့လိုမျိုး ချောင်းဆိုးတာကို သက်သာစေနိုင်တဲ့ အရာတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ ချောင်းဆိုးပျောက်ဆေးမျိုးကို သောက်တာကတော့ အကောင်းဆုံးပါ။ ဒီလို သောက်သုံးပေးတာက လက္ခဏာတွေကို သက်သာစေတာကြောင့် ဘာကြောင့်ဆိုးဆိုး သောက်လို့ရပါတယ်။
အလာဂျီပါ ရှိနေရင်တော့ အလာဂျီပျောက်ဆေးပါ သောက်နိုင်ပါတယ်။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် နေ့စဉ်ချောင်းဆိုးနေတာက အလုပ်ပျက်၊ အိပ်ရေးပျက်ပြီး ရင်ဘတ်တွေ အောင့်လာတတ်လို့ပါ။
ဗိုင်းရပ်စ်ပိုးတွေကြောင့် ချောင်းမဆိုးစေဖို့
မကြာခဏ လက်ဆေးပါ။
နေမကောင်းတဲ့ သူနဲ့ ဝေးဝေး နေပါ။
အာဟာရပြည့်အောင် စားပါ။
လှုပ်လှုပ်ရှားရှားနေပါ။
များများအနားယူပါ။
လေထုခြောက်သွေ့တာကြောင့် ချောင်းမဆိုးစေဖို့
ရေများများသောက်ပါ။ လေထုခြောက်သွေ့တာကြောင့် လည်ချောင်းခြောက်သွေ့တာကို သက်သာစေပါတယ်။
ဒါ့ပြင် လည်ချောင်းခြောက်သွေ့ ယားယံတာကို သက်သာစေဖို့ ပျားသံပုရာ ရေနွေးကြမ်း၊ စွပ်ပြုတ်ပူပူ သောက်ပေးနိုင်ပါတယ်။
ဆားရည်နွေးနွေးနဲ့ အာလုပ်ကျင်းပေးတာကလည်း လည်ချောင်းနာတာကို သက်သာစေပါတယ်။
လေထုခြောက်သွေ့တာကို ကာကွယ်ဖို့ အိမ်ထဲမှာ ရေငွေ့လွှတ်စက် ဖွင့်ထားနိုင်ပါတယ်။ ရေချိုးရင် ရေကျက်သီးနွေးနဲ့ ချိုးနိုင်ပါတယ်။

အလာဂျီကြောင့် ချောင်းမဆိုးစေဖို့
မိမိနဲ့ မတည့်တာကို ရှောင်ပါ။
အိမ်သန့်ရှင်းရေး ပုံမှန်လုပ်ပါ။
ပန်းနာရင်ကျပ်ထတာကြောင့် ချောင်းမဆိုးစေဖို့
နွေးနွေးထွေးထွေးနေပါ။ အထူးသဖြင့် ညအိပ်ရင် လုံလုံခြုံခြုံ အိပ်ပါ။
မနက်အစောပိုင်းတွေမှာ အိမ်ပြင်ထွက်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်တာကို ရှောင်ပါ။ နေပွင့်မှ အပြင်ထွက်ပါ။
ပန်းနာရင်ကျပ် ရှူဆေးကို အနီးအနားမှာ အမြဲဆောင်ထားပါ။
ဒီလိုနည်းလမ်းတွေနဲ့ ဆိုရင်တော့ ဆောင်းရာသီကို ချောင်းသံကင်းကင်းနဲ့ ကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။

Khin Myo Aye  အကောင့်ပိုင်ရှင်လေး congratulations 👏👏👏👏ပါ
01/01/2024

Khin Myo Aye အကောင့်ပိုင်ရှင်လေး congratulations 👏👏👏👏ပါ

နှစ်သစ်ကူး လက်ဆောင်လေးပါPh bill (or) K pay 5000 ဝင်ယူပါနော့...နောက်ဆုံးဂဏန်း(2)လုံး မန့်ပေးပါ။တစ်ယောက်ကို 5 ကြိမ်ပါဗျ။ ပ...
31/12/2023

နှစ်သစ်ကူး လက်ဆောင်လေးပါ
Ph bill (or) K pay 5000 ဝင်ယူပါနော့...

နောက်ဆုံးဂဏန်း(2)လုံး မန့်ပေးပါ။တစ်ယောက်ကို 5 ကြိမ်ပါဗျ။ ပထမဆုံးမှန်သူပေးပါ့မယ်ဗျာ့
share screenshot လေးနဲ့မန့်‌ပေးပါနော့

Page လေးကို Like & Follow နဲ့ Share လုပ်ပေးကြပါအုံး သူငယ်ချင်းအသဲလေးတို့ရေ 😘😘😘

အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ကြပါစေဗျ။

May Be Happy New Year 🎊🎊🎊ထွက်ပြေးသွားတာလဲမဟုတ်ဖမ်းယူဆုပ်ကိုင်ထားလို့လဲမရကိုယ်နဲ့ခဏတော့အတူရှိခဲ့ဖူးတယ်💞💞သူ့ရဲ့အမှတ်တရတွေက...
31/12/2023

May Be Happy New Year 🎊🎊🎊
ထွက်ပြေးသွားတာလဲမဟုတ်
ဖမ်းယူဆုပ်ကိုင်ထားလို့လဲမရ
ကိုယ်နဲ့ခဏတော့အတူရှိခဲ့ဖူးတယ်💞💞
သူ့ရဲ့အမှတ်တရတွေကို
အသိဉာဏ်တွေထဲခေါက်သိမ်းရင်း
သူကျောခိုင်းတာကို
ငေးကြည့်နေမိတယ် ....
" သူ " ဆိုတာ " 2023 " *** ပေါ့
ဟော....ပြောရင်းနဲ့
သူ့နေရာနောက်တခုလာပြီ လေ..
အို ... " 2024 "****
ကမ္ဘာမြေကို ပျော်စရာတွေ ယူလာစေ ...
လူတွေအကုန်လုံး ပြုံးပျော်စေ ...
လိုအင်ဆန္ဒတွေ ပြည့်ကြစေဖို့ ...
သူရောက်ရှိလာတာပဲဖြစ်ပါစေလေ ...
အို ... " 2024 "****....

ကဲ မိတ်ဆွေတို့ရေ ဒါလေးတွေလည်း မှတ်ထားအုံးနော် ......အနာအမျိုးမျိုးအတွက်ဆေးများ💊💊ဆေးလေးတွေက ဘာရောဂါ အတွက်ဆိုတာသိရုံသက်သက်...
29/09/2023

ကဲ မိတ်ဆွေတို့ရေ ဒါလေးတွေလည်း မှတ်ထားအုံးနော် ......
အနာအမျိုးမျိုးအတွက်ဆေးများ💊💊

ဆေးလေးတွေက ဘာရောဂါ အတွက်ဆိုတာသိရုံသက်သက်ပါနော်။

ဆေးတွေရဲ့အသုံးကအများကြီးကျယ်ပြန့်ပါတယ်။
မည်သည့်ဆေးမဆို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်တာ သုံးစွဲတာသာအကောင်းဆုံးပါ။
ချစ်ခြင်းအားဖြင့်......

Montelukast (မွန်တီလူးကတ်စ်)အခုလို နှာဆီး၊ချောင်းဆိုး၊ ရင်ကျပ်ရောဂါတွေ ပျံနှံ့လာတဲ့ အခါမျိုးမှာ Montelukast ဒီဆေးလေးကို ...
20/09/2023

Montelukast (မွန်တီလူးကတ်စ်)

အခုလို နှာဆီး၊ချောင်းဆိုး၊ ရင်ကျပ်ရောဂါတွေ ပျံနှံ့လာတဲ့ အခါမျိုးမှာ Montelukast ဒီဆေးလေးကို ဆောင်ထားသင့်ပါတယ်နော်။

အသုံးပြုခြင်း

ပန်းနာရင်ကျပ်ရောဂါ ကာကွယ်ရန် အသုံးပြုသည်။

ဆေးအညွှန်း

စားဆေး ၁၀ မိလီဂရမ် နှင့် စားဆေး 5 မီလီဂရမ်
တစ်နေ့ ၁ ကြိမ် ညဘက်သောက်ရန်။

သတိပြုရန်❗❗❗

ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည်။

ကိုယ်ဝန်သည်များ၊

နို့တိုက်မိခင်များ၊

ေဘးထွက်ဆိုးကျိုးမ​ျား❓❓❓

ဗိုက်နာခြင်း၊

ရေငတ်ခြင်း၊

ခေါင်းကိုက်ခြင်း၊

အာခြောက်ခြင်း၊

ပျို့ခြင်း၊

အန်ခြင်း၊

ဖောရောင်ခြင်း၊

အသည်ထိခိုက်ခြင်း၊

ရင်တုန်ခြင်း၊

ရှောင်ရန်

အသည်မကောင်းသူများ၊

နို့တိုက်မိခင်များရှောင်သင့်သည်။

ကင်ဆာဖြစ်နေသော (ဖ)ရင်သားကင်ဆာဖစ်တဲ့သူများဘယ်လိုလက်ခဏာတွေစပြတာလဲရှင်ဖြေပေးပါအုံးနော်ဆရာဝန်ကို မေးတာ မဟုတ်ပါ။ Breast Cance...
16/08/2023

ကင်ဆာဖြစ်နေသော (ဖ)
ရင်သားကင်ဆာဖစ်တဲ့သူများဘယ်လိုလက်ခဏာတွေစပြတာလဲရှင်ဖြေပေးပါအုံးနော်
ဆရာဝန်ကို မေးတာ မဟုတ်ပါ။
Breast Cancer writings ရင်သားကင်ဆာ စာများ https://dr-tint-swe.blogspot.com/2021/11/breast-cancer-writings.html
1. ကျွန်မအမေက ရင်သားကင်ဆာပါ ကီမိုသွင်းပီး(ပြီး) ဓာတ်ကင်ပီးပါပီ(ပြီးပါပြီ) ဓာတ်ကင်နေတုန်း ၁၅ကြိမ်လုံးဘာမှမဖစ်(ဖြစ်)ပါ နောက်၃ရက်လောက်နေမှလည်ပင်းမှာမဲ အသားတွေလန်လာပီး(ပြီး)အနာဖစ်(ဖြစ်)နေလို့ပါ
2. ကင်ဆာဖစ်(ဖြစ်)တိုင်းမကင်ရပါ
3. ကင်ဆာဖစ်(ဖြစ်)သူတိုင်းကသေရမှာကုသနည်းမရှိဘူးလားပြောပြကြပါအုံးရှင့်
4. ကျန်းမာရေး ကြောင့်လား ဝေခွဲမရဖစ်(ဖြစ်)နေလို့ပါ
5. ကျွန်မ ဆီးခဏခဏသွားတာကလွဲလို့ ချမ်းတုန်ဖျား ဗိုက်အောင့်တွေ မဖစ်(ဖြစ်)ပါဘူးဆရာ
6. ဆရာ ဖြင့် / ဖြစ် အသုံး ရှင်းပြပေးပါ။
7. ဆရာ အမှန်က ဖြစ် ဆိုတာပဲကျွန်တော်သိတယ် ဖစ် နဲ့ ဖြစ် ဖြစ် ကအမှန် လားဆရာ
8. ဆရာခင်ဗျာ ကျနော်လက်နှစ်ဖက်စလုံး လက်သန်းထိပ်ပဲကျဉ်နေလို့ခင်ဗျာ ဘာရောဂါဖစ်(ဖြစ်)လည်းသိချင်လို့ပါ
9. ဇဝေဇဝါဖစ်(ဖြစ်)နေတာတွေ ရှင်းလင်းပေးခဲ့လို့ ကျေးဇူးအထူးတင်ပါတယ်ရှင်
10. နေမကောင်းဖစ်ပီ(ဖြစ်ပြီး) သွေးမဟုတ်ပဲ နှာခေါင်းထဲက ပြည်လိုမျိုးအနံ့ထွက်နေတာ ဘာဖစ်(ဖြစ်)တာလဲဟင်ဆရာ
11. ပထမ တခါဖစ်(ဖြစ်)တုန်းက တိုက်တဲ့ဆေးမမှတ်မိတော့လို့ပါဆရာ
12. ပြန်ဖစ်(ဖြစ်)ချင်သလိုဖစ်(ဖြစ်)နေလို့ပါ ကျွန်တော်ညီမ (AMLအမျိုးအစား)
13. ဖစ်(ဖြစ်)တာတာတူမလေးပါ အသက်၂၀ဝန်းကျင် အပျိုပါ biopsy တင်ထားပါတယ် ကျန်ခဲ့လလောက်ကမှ ရင်ဘတ်မှာအကျိတ်စမ်းမိတာပါ မိဘတွေက မအားတာနဲ့ မပြဖစ်(ဖြစ်)ဘူး ကျန်ခဲ့ရက်ကမှ ပြဖစ်(ဖြစ်)တော့ minor case ဆိုပီး(ပြီး) တခါထဲ ခွဲထုတ်လိုက်ပါတယ် ခွဲကာမှ အကျိတ်ကထင်တာထက် ကြီးနေပါတယ် ထုတ်ရတာ နဲနဲခက်တယ်ပြောတယ် ခွဲတဲ့ dr တွေက နောက်ထပ် အကျိတ်လဲရှိသေးတယ် ပြောပါတယ်
14. ဖြင့်နဲ့ ဖြစ်က အတော်ကိုကွာခြားတယ်။ ဖစ် ဆိုတာ မြန်မာစာမှာ မရှိပါ။ ဘာသာခြားစာလုံးကို အသံထွက်ယူတာမှာသာ သုံးပါတယ်။ ဖြင့်နဲ့ ဖြစ်က အတော်ကိုကွာခြားတယ်။
15. ဖြစ် နှင့် ဖြင့် ရဲ့ကွဲပြားမှုလေး၊ သုံးပြုပုံလေးကို သိချင်ပါတယ်ခင်ဗျား။ စသည်ဖြစ် စသည်ဖြင့်
16. ယောက်ကျားလေးပါ နို့မှာအခဲပုံစံဖစ်(ဖြစ်)နေလို့ပါ နာပါတယ် မရွေ့ပါပြီး ခဲပြီးနာနေပါတယ် ၂ နှစ်လောက်ပဲ ရှိသေးတာပါ နာပြီး ၂ ရက်လောက်နေရင် ပြန်ပျောက်သွားပါတယ် အရင်က ပိန်တုန်းက မသိပါဘူး အခုဝလာမှာ ဖြစ်လာတာပါ စိုးရိမ်ရလားဗျ
17. ရင်သားကင်ဆာအဆင့် ၁ပါ ဖြတ်ထုတ်လိုက်တာနှစ်လကျော်ပီ(ပြီ) အနာကျက်မှ အနာရွတ်ပေါ်ကနေ အရည်ပျော့လေးတေ(တွေ) ပြန်ဖစ်ပီး(ဖြစ်ပြီး) အနာပြန်ဖစ်(ဖြစ်)လို့ ဘယ်လိုဖစ်(ဖြစ်)တာလဲ ဘာလုပ်ရမလဲသိတဲ့လူများပြောပြပေးပါရှင်
18. ရင်သားဖြတ်ထားသောဖက်မှလက်မောင်းက အောင့်ပြီးကိုက်နေတာဘာဖစ်(ဖြစ်)တက်(တတ်)ပါသလဲရှင့် ကင်ဆာဆေးနဲ့ဓာတ်လဲကင်ပြီးသားပါရှင့်
19. လည်ချောင်းကင်ဆာက ချောင်းတအားဆိုးတယ် တံတွေးလဲ ခနခန(ခဏခဏ)ထွေးရတယ် အစာလဲ စားမဝင်ဘူး အဲ့လိုဖစ်(ဖြစ်)တာလားဗျာ
20. သားအိမ်ကင်ဆာဖစ်(ဖြစ်)နေတာကိုကလေးယူလို့ရလားသိတဲ့သူများဖြေပေးကြပါအုံး
21. ဟုတ်တယ်ဆရာ ကျနော့်မှာဆို နှုတ်ခမ်းမှာပဲ ဖစ်(ဖြစ်)တာ အပူနာလိုပဲ သုံးနှစ်ရှိပီ(ပြီ) ဆောင်းတွင်းရောက်တိုင်း ဖစ်(ဖြစ်)နေတယ်ဆရာ
22. အကျိတ်ကလေဖစ်(ဖြစ်)ခါစနဲ့ခွဲတဲ့အချိန်၁လလောက်မှာတင်အကြီးမြန်လာတာပါ တခြား ရင်သားပုံစံ ပြောင်းလဲတာတော့ မရှိပါဘူး ကင်ဆာဖစ်နိုင်ရှိလားသိချင်တာပါ အဖြေက ၂၆ ရက်နေ့မှရမှာမို့ပါ အကျိတ်ကကြီးလာတော့ နာပါတယ်
23. အသက် ၂၂ ကျား ဖစ်(ဖြစ်)တာက ရက်ပိုင်းပဲရှိသေးတာပါ ဆီးပူနာဖစ်(ဖြစ်)နေလို့ပါ
ရေးထာတာ တနှစ်တိတိ။ တနှစ်အတွင်း အသင်းဝင်ဦးရ ထပ်တိုးပါတယ်။ ဖြစ် ကို ဖစ်လို့ရေးနေသူတိုင်း ကျားဖြစ်စေ မ ဖြစ်စေ ကင်ဆာကို စောစောသိအောင် စစ်သင့်ကြပါကြောင်း သတိပေးအပ်ပါသည်။
ဒေါက်တာတင့်ဆွေ
Credit..

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when BMM Pharmacy Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram