Kywal Phyo medical

Kywal Phyo medical လိုချင်တဲ့ဆေး ဘာမဆို ရအောင်ရှာပေးပါတယ်

27/08/2024

အရေးပေါ်ဆေးအိတ်ပြင်တဲ့အခါ ထည့်စဉ်းစားရမယ့် အချက်တွေ-

အရေးပေါ်အိတ်မှာ ဆေးအပါအဝင် ရေ၊ စားစရာ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ စာရွက်စာတမ်းတွေ စတာတွေ က မဖြစ်မနေပါရမှာပါ။ ဒါတွေကို တတ်နိုင်သမျှ ကျစ်ကျစ်လျစ်လျစ်နဲ့ သယ်ရလွယ်အောင် ထည့်ထားဖို့ လိုပါတယ်။ အိမ်ရှိလူကုန် သုံးလို့ရအောင် လုံလောက်အောင်လည်း ထည့်ဖို့ လိုအပ်ပါတယ်။ 👌👌👌

ဒီမှာတော့ ဆေးပစ္စည်းနဲ့ ပတ်သက်ပြီး ထည့်ရမှာကို အဓိကထားပြီး ပြောပြပေးသွားပါမယ်။ 🫶🫶🫶

💼 အရေးပေါ် ဆေးအိတ်မှာ ဘာတွေပါမလဲ 💼

အရေးပေါ် ဆေးအိတ်မှာ နှစ်ပိုင်း ရှိပါတယ်။

1️⃣ စွဲသောက်နေကျဆေးတွေရယ်၊
2️⃣ အရေးပေါ် ဆောင်ထားသင့်တဲ့ ဆေးရယ်ပါ။

✴️ နှစ်ခုစလုံးကို လုံလောက်အောင် ထည့်ထားရပါမယ် ✴️

1️⃣ စွဲသောက်နေကျဆေးများ

🔘 ဆီးချိုဆေး၊ သွေးတိုးကျဆေးတွေနဲ့ တခြားရောဂါအတွက် ဆေးတွေ အားလုံးပါပါတယ်။ ဒီဆေးတွေကို အနည်းဆုံး ၁ ပတ်စာ ကနေ တတ်နိုင်ရင် ၁ လ စာလောက် စုထားပါ။

ဘေးအန္တရာယ်တွေ ပြီးပြီးချင်းမှာ ဆေးတွေ ရှာဝယ်ဖို့လွယ်ဦးမှာ မဟုတ်သေးတဲ့အတွက် ပိုဝယ်ထားတာမမှားပါဘူး။

🔘 ဆီးချို၊ သွေးတိုးဆေးတွေ ကြိုဆောင်ထားသင့်သလို ကူးစက်ရောဂါအတွက် ဆေးသောက်ရတဲ့သူတွေကလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပိုဝယ်ထားသင့်ပါတယ်။ ဥပမာ - တီဘီရောဂါရှိသူတွေဆို ဆေးသောက်တာ ရက် မပြည့်သေးရင် အပိုဆောင်သင့်၊မသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။

🔘 HIV၊ ဘီပိုး၊ စီပိုး ရှိသူတွေကျတော့ ဆေးကို မဖြစ်မနေ အပိုဆောင်ထားရမှာပါ။

🔘 နောက်တစ်ခုက တားဆေးပါ။ တားဆေးသောက်တဲ့ အမျိုးသမီးတွေအနေနဲ့ ဆေးကဒ်ကို အမြဲ အပိုဝယ်ထားပါ။ အနည်းဆုံး တစ်လစာ ပိုဝယ်ထားသင့်ပါတယ်။

🔘 နောက် အရေးပေါ်တားဆေး၊ ကွန်ဒုံးစတာတွေလည်း ဆောင်ထားပါ။ အရေးပေါ်ကာလဖြစ်ပေမယ့် လိင်မှုကိစ္စက ပြောရခက်ပါတယ်။ သဘာဝဘေးကာလမှာ တားဆေးသောက်ဖို့ မေ့တာဖြစ်ဖြစ်၊ ၃ လခံ တားဆေး ထိုးဖို့ ရက်ကျော်တာဖြစ်ဖြစ် အတူနေမိပြီဆိုရင် ဖြေရှင်းလို့ရပါတယ်။

2️⃣ အရေးပေါ်ဆောင်ထားသင့်တဲ့ဆေးများ

အရေးပေါ်ဆောင်ထားသင့်တဲ့ ဆေးတွေ၊ ပစ္စည်းကိရိယာတွေကတော့ -
💠 Allergies အလာဂျီဆေးတွေ
ဥပမာ - diphenhydramine (ဘာမီတွန်)၊ loratadine သို့ cetrizine၊ လိမ်းဆေးဆို ကလမင်း လိုးရှင်း

💠 အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ ပါရာစီတမော၊ အိုင်ဗျူပရိုဖန်)

💠 ဝမ်းပိတ်ဆေးတွေ (ဥပမာ loperamide)

💠 အစာအိမ်ဆေးတွေ (ဥပမာ pantoprazole သို့ ranitidine)

💠 လေဆေးတွေ (ဥပမာ simethicone သို့ aluminium hydroxide)

💠 ချောင်းဆိုးပျောက်ဆေး (ဥပမာ Dextromethophan)

💠 ချွဲပျော်ဆေး (ဥပမာ Acetyl-cystine)

💠 အအန်ပျောက်ဆေး (ဥပမာ Domperidone)

💠 ဓာတ်ဆား

💠 အနာကပ် ပလာစတာ

💠 ဒဏ်ရာမှာ ထည့်တဲ့ လိမ်းဆေး၊ ဟိုက်ဒရိုကော်တီဆုန်း လိမ်းဆေး၊

💠 အပူလောင်နာပျောက်ဆေး (Silver sulfadiazine)

💠 ခြင်မကိုက် လိမ်းဆေးတွေ

💠 ရေသန့်ဆေးပြား စတာတွေ ထည့်ထားသင့်ပါတယ်။
ဒီဆေးတွေက တစ်ကဒ်စီဆို ရပါပြီ။

ဒါ့အပြင်

💢 ညှပ် (ဇာဂနာ)
💢 ဒစ်ဂျစ်တယ် သာမိုမီတာ
💢 ကတ်ကြေးအသေး
💢 ပတ်တီး (ရိုးရိုးပတ်တီး၊ တြိဂံပုံ ပတ်တီး၊ ကျုံ့ဆန့်ပတ်တီး)
💢 ဆေးခန်းသုံး လက်အိတ် ၂စုံ ၃စုံ
💢 ဆေးခန်းသုံးတိပ် (paper tape ၁လိပ်)
💢 သွေးတိတ်ပလာစတာ စတာတွေလည်း ဆောင်ထားဖို့ လိုပါတယ်။
💢 ကလေးမိဘတွေကတော့ ကလေးအတွက် သုံးနေကျဆေးရှိရင် ထည့်ထားပါ။
💢 နောက်ပြီး ရာသီတုပ်ကွေးကာလ ဖြစ်တဲ့အတွက် နှာခေါင်းစည်း၊ လက်သန့်ဆေးရည် စတာတွေကိုပါ ထည့်ထားဖို့ လိုပါတယ်။

ကြိုတင်ပြင်ဆင်ထားတာ မမှားပါဘူး
အားလုံးအဆင်ပြေကြပါစေ
Credit to original

ဆေးဝါး သို့မဟုတ် ကျန်းမာရေးနှင့်ဆိုင်သော အကြောင်းအရာများကို အခမဲ့ ဆွေးနွေးတိုင်ပင် မေးမြန်းနိုင်ပါသည်။
ဒေါက်တာဖြိုးမြတ်သိန်းကို
ကြွယ်ဖြိုးဆေးဆိုင်
104လမ်း 57*58 အကြား
ပြည်ကြီးတံခွန်မြို့နယ်၊မန်းလေးမြို့
09763227702

Asthalin inhaler ပန်းနာရင်ကျပ်သမားတွေရူရတဲ့ salbutamol ပါတဲ့ရူဆေးဘူးရင်ကြပ်တဲ့အခါ လေပြွန်လေးတွေကျယ်သွာ‌းအောင် ပြုလုပ်ပေး...
17/08/2024

Asthalin inhaler
ပန်းနာရင်ကျပ်သမားတွေရူရတဲ့ salbutamol ပါတဲ့ရူဆေးဘူး
ရင်ကြပ်တဲ့အခါ လေပြွန်လေးတွေကျယ်သွာ‌းအောင် ပြုလုပ်ပေးတယ်
အရင်တုန်းက ဆရာ၀န်အများဆုံးသုံးပီး quality ကောင်းတာက Ventolin တံဆိပ်
ခုနောက်ပိုင်း တရား၀င် ကုမဏီက ဆေးမ၀င်တော့ပဲ လိုင်းဆေး(အောက်လမ်း)က ၀င်တာတောင် တစ်ဗူး ၃သောင်းကျော်ပီဆိုတော့ asthalin ကိုသုံးလာကြတယ်
ဈေးကတော့ ၁သောင်းခွဲ၀န်းကျင်ရှိတယ်
ဆရာ၀န်ညွှန်ကြားချက်နဲ့ သုံးရမယ့်ဆေးဖြစ်ပါတယ်

အောက်ပါဆေးများ၀ယ်လိုပါသည်Messenger တွင်ဆက်သွယ်ပေးပါMetformin 500mg  ‌၃ဘူးTrevia 50mg ၈ဘူးDiamicron Mr 60mg ၁‌၀ဘူးRozavel...
12/08/2024

အောက်ပါဆေးများ၀ယ်လိုပါသည်
Messenger တွင်ဆက်သွယ်ပေးပါ

Metformin 500mg ‌၃ဘူး
Trevia 50mg ၈ဘူး
Diamicron Mr 60mg ၁‌၀ဘူး
Rozavel 10 ‌၁၅ကဒ်။
Nocid ၃ဘူး
Diabetone ၃ဘူး
Clopilet 75mg ၃ဘူး
Linaglip ၄ဘူး
Empagpiflozen 25mg ၁ဘူး

ကင်ဆာရောဂါနဲ့ပတ်သတ်ရင် just for knowledge သိထားသလောက် မျှဝေပါမယ်..... အကြမ်းဖျင်းအားဖြင့် သောက်ဆေးရယ် ခွဲစိတ်ခြင်းရယ် ch...
12/08/2024

ကင်ဆာရောဂါနဲ့ပတ်သတ်ရင် just for knowledge သိထားသလောက် မျှဝေပါမယ်.....
အကြမ်းဖျင်းအားဖြင့် သောက်ဆေးရယ် ခွဲစိတ်ခြင်းရယ် chemotherapy ဆိုတဲ့ ဆေးသွင်းခြင်းရယ် Radiation ဆိုတဲ့ဓာတ်ကင်ခြင်းရယ် ဆိုတဲ့ ၄ဆင့်နဲ့ ကင်ဆာအမျိုးမျိုးကုတယ်
သောက်ဆေးအနေနဲ့ mamazoleလို့ခေါ်တဲ့ ကင်ဆာဆဲလ်မပြန့်အောင်သောက်တဲ့ဆေးရှိတယ်
အဆုတ်ကင်ဆာဆိုရင် erlotinib သောက်ရတယ်
ခွဲစိတ်ခြင်းမှာကျတော့ ကင်ဆာ အကျိတ် အလုံး ပွားလာတဲ့အခါ လှီးထုတ်လို့ရတဲ့ ကင်ဆာတွေမှာသုံးတယ်
ဥပမာ ရင်သား အူမကြီး သရက်ရွက် အရေပြား စသဖြင့်ပေါ့
အဓိက ကုနည်းကတော့ chemo + radiation ပဲ
Chemotherapy မှာ Paclitaxel or docetaxelဆိုတဲ့ဆေးကို ၃ပတ်ခြား ၆ခါသွင်းရတယ်
ဆေးကပြင်းတော့ ဆံပင်ကျွတ်တယ်
‌ဗိုက်အောင့် ရင်ပူ အစာပြန်အန် နေလို့ထိုင်လို့မရအောင် ပူလောင်တာတွေက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေပါ
Radiation ဆိုတာကနေ ဓာတ်မှန်စက်ကြီးလိုမျိုးမှာ ကင်ဆာ ဖြစ်တဲ့နေရာကို လေဆာနဲ့ ကင်ရပါတယ်
Cells‌ေတွ တခြားနေရာပြန့်မသွားအောင်ပေါ့
ဦးနှောက်ကင်ဆာတို့ သွေးကင်ဆာလိုမျိုးကျတော့ ဓာတ်ကင်လို့မရဘူး
ဓာတ်အားက ပြင်းတော့ မျက်စိတွေ ကန်းကုန်တာတို့ဖြစ်တတ်တယ်
ကင်ဆာကို ပျောက်အောင်ကုမရပေမယ့် သက်တမ်းကြာကြာနေနိုင်အောင် အခုလို ကုနည်းတွေနဲ့ ဆွဲဆန့်ကြရတာပါ

မည်သူမဆို ကူးယူခွင့်ပြုပါသည်
Dr PMTK

🙏🙏🙏မဂ်လာပါ🙏🙏🙏မန်းတလေးက ကြွယ်ဖြိုးဆေးဆိုင်တွင် လူကြီးမင်းတို့လိုအပ်သော ဆေးဝါးအစုံတို့ကို ဈေးသက်သာစွာဖြင့် အိမ်တိုင်ရာရောက...
22/07/2024

🙏🙏🙏မဂ်လာပါ🙏🙏🙏

မန်းတလေးက ကြွယ်ဖြိုးဆေးဆိုင်တွင် လူကြီးမင်းတို့လိုအပ်သော ဆေးဝါးအစုံတို့ကို ဈေးသက်သာစွာဖြင့် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပါပြီ။

ဆေးဝါး သို့မဟုတ် ကျန်းမာရေးနှင့်ဆိုင်သော အကြောင်းအရာများကို အခမဲ့ ဆွေးနွေးတိုင်ပင် မေးမြန်းနိုင်ပါသည်။
ဒေါက်တာဖြိုးမြတ်သိန်းကို
ကြွယ်ဖြိုးဆေးဆိုင်
၁၀၄လမ်းနှင့် ၅၇Aလမ်းထောင့်
ချမ်းမြသာစည်မြို့နယ်၊မန်းလေးမြို့
09763227702

22/07/2024

(𝑅𝑜𝑥𝑖𝑡ℎ𝑟𝑜𝑚𝑦𝑐𝑖𝑛 𝑇𝑎𝑏𝑙𝑒𝑡𝑠 150mg)

🔘 ပါဝင်ဖွဲ့စည်းမှု
☑ Each Tablet contains Roxithromycin BP 150 mg

🔘 ဆေးအမျိုးအစား
☑ ပိုးသတ်ဆေး

🔘 အသုံးပြုနိုင်သော ရောဂါများ
☑ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်း၊ လိင်အင်္ဂါလမ်းကြောင်း ပိုးဝင်ခြင်း၊ အရေပြားရောဂါနှင့် တစ်သျှူးပျော့တွင် ပိုးဝင်ခြင်း များအတွက် အသုံးပြုနိုင်ပါသည်။

🔘 ဆေးအားသာချက်
☑ Erythromycin ဆေးထက် ရောဂါကုသရာတွင် ပိုမို ထိရောက်ပါသည်။
☑ အရေပြားရောဂါနှင့် တစ်သျှူးပျော့ပိုးဝင်ခြင်းများတွင် ကုသမှုနှုန်း 100% ထိရောက်ပါသည်။

🔘 ဆေးအချိန်အဆ
☑ ရောဂါ၏ အခြေအနေ၊ လူနာ၏ အသက်အရွယ်၊ ကိုယ်အလေးချိန်နှင့် ဖြစ်ပေါ်လာသောရောဂါများ၏ အခြေအနေပေါ်တွင်မူတည်၍ ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ပါ။

🔘 ကြိုတင်သတိပြုရန်အချက်များ
☑ ဆေးနှင့် မတည့်သောသူများ မသောက်သုံးသင့်ပါ။ တချို့ရောဂါရှိသူများ မသောက်သုံးသင့်၍ ဆရာဝန်သုံးဆေးဖြစ်သောကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာ သောက်သုံးရန်။ (ဆရာဝန် ညွှန်ကြားချက် အထူး လိုအပ်ပါသည်။)
☑ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
☑ ဆရာဝန်သုံး သီးသန့်ဆေးဖြစ်ပါသည

🎉🎉🎉🎉 ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သင်တန်း အပတ်စဉ် ၂ အတွက် ရာသက်ပန် အခမဲ့ သင်ယူနိုင်ရန်Viber no . 09763227702 သို့...
12/07/2024

🎉🎉🎉🎉 ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သင်တန်း အပတ်စဉ် ၂ အတွက် ရာသက်ပန် အခမဲ့ သင်ယူနိုင်ရန်
Viber no . 09763227702 သို့ လာရောက်စာရင်းသွင်းလို့ရပါပြီ!!!!
သင်တန်းကာလ တစ်လ‌ေကျာ်လျှင် Certificate ထုတ်ပေးပါမည်။

Refill ဓာတ်ဆား တစ်ထုတ် 800ကျပ်ကာလဝမ်းရောဂါကိုမပေါ့နဲ့နာရီပိုင်းအတွင်းသေနိုင်တယ်အခုရန်ကုန်မှာကာလဝမ်းရောဂါ Cholera ဖြစ်နေတ...
10/07/2024

Refill ဓာတ်ဆား တစ်ထုတ် 800ကျပ်

ကာလဝမ်းရောဂါကိုမပေါ့နဲ့

နာရီပိုင်းအတွင်းသေနိုင်တယ်

အခုရန်ကုန်မှာကာလဝမ်းရောဂါ Cholera ဖြစ်နေတယ်ဆိုလို့ မပေါ့ဆဖို့ ကျွန်တော့်အတွေ့အကြုံလေးတွေပြန်ပြောပြချင်လို့ပါ

သက္ကရာဇ် ၂၀၀၀ မှာ ကျွန်တော်လက်ထောက်ဆရာဝန်အနေနဲ့ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံကြီးမှာတာဝန်ကျပါတယ်

အဲ့ဒီဆေးရုံမှာဝမ်းလျှောရောဂါကုသမှူ့ဌာနဆိုပြီးဝါဒ်တခုရှိပါတယ်

လူနာကုတင်တင်ပါးအာက်နေရာလောက်မှာကုတင်ကြမ်းခင်းအပေါက်ဖေါက်ထားပြီးအောက်မှာဘိုထိုင်အိမ်သာကမုတ်တပ်ထားတာပါ

သာမန်လူတွေမမြင်ဖူးလောက်ဘူး

ဒလဟောရေသွန်သလိုဒလဟောဝမ်းအောက်ကသွားနေတာကို လက် ၂ ဖက် ခြေ ၂ ဖက် ဓါတ်ဆား အကြောဆေး ၄ လုံးအပြိုင်ချိတ် လက်နဲ့ ဆရာဝန် ဆရာမ ဆေးရုံအလုပ်အလုပ်သမားကအစ လက်နဲ့ အကြောဆေးပုလင်းကို လက်နဲ့အပြိုင် ၁၅ မိနစ်အတွင်း ၂ လီတာကနေ ၄ လီတာလောက် ညှစ်ထဲ့မှအသက်ရှင်တါပါ သွေးပေါင်ချိန် သုည နဲ့ လာတဲ့လူနာတွေပါ

ရေကိုကြိုချက်သောက်ပါ

အစားအစာပူပူနွေးနွေးပွက်ပွက်ကျက်ကျက်ဆူပဲစားပါ

လက်ကိုဆပ်ပြာနဲ့ပြောင်စင်အောင်ဆေးပါ

ဝမ်းသွားသလောက်ဓါတ်ဆားရည်ဒလဟောသောက်ပါ

မသောက်နိုင်တော့ရင်နီးစပ်ရာဆေးရုံဆေးခန်းအမြန်ပြေးအကြောထဲဓါတ်ဆားရည်ဝမ်းသွားသလောက်ဒလဟောမသွင်းရင်နာရီပိုင်းအတွင်းသေနိုင်ပါတယ်

သွေးတိုး သွေးကျ ဆီးချို သွေးချို နဲ့ သွေးရောဂါတွေကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ထားကြပါသောက်ရတဲ့‌ဆေးကုသပုံ မတူကြပါဘူး...
08/07/2024

သွေးတိုး သွေးကျ ဆီးချို သွေးချို နဲ့ သွေးရောဂါတွေကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ထားကြပါ
သောက်ရတဲ့‌ဆေး
ကုသပုံ မတူကြပါဘူး

#ဆီးချိုကြောင့် ကျောက်ကပ်မပျက်စီးအောင် ဘာဆေးတွေသောက်သင့်သလဲ။ ဘာတွေ သတိထားသင့်လဲ။

ဆီးချိုသွေးချို သည် ကျောက်ကပ်အား ပျက်စီးစေသော အဓိက ရောဂါထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ယခုချက်ချင်း ဆီးချို ဖြစ်နေမှန်း မိမိကိုယ်ကို သိသော အချိန်တွင် ဘာလက္ခဏာမှ မပြသော်လည်း ကျောက်ကပ်သည် ဖြည်းဖြည်းချင်း ပျက်စီးနေသည်ဖြစ်ပါသည်။

ကျောက်ကပ်ကောင်းမကောင်း သွေးတွင်းမှ တိုင်းတာသော Creatinine ဟုခေါ်သော ကျောက်ကပ် ဓာတ်သည် ကျောက်ကပ် ပျက်စီးလာသည်နှင့် တဖြည်းဖြည်း တက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် ဆီးချို စတင် သိချိန်တွင် ကျောက်ကပ် ဓာတ် Creatinine အား ကြိုတင် စစ်ဆေးပြီး Baseline အနေဖြင့် အဖြေအား ရယူထားသင့်ပါသည်။ ကျောက်ကပ်သည် ဆီးချိုသွေးချို မထိန်းနိုင်လျှင် ထပ်မံ ၍ အချိန်နှင့် အမျှ ဆက်လက် ပျက်စီးမည်ဖြစ်ပြီး Creatinine အား ၃လ တစ်ခါ ၆ လ တစ်ခါလောက် ပြန်လည် စစ်ဆေးသင့်ပါသည်။ အရင် အဖြေအတိုင်း ဆိုလျှင် ကျောက်ကပ်ပျက်စီးမှု အား ဆေးဖြင့် ထိထိရောက်ရောက်ကာကွယ်နိုင်သည်ဟု ယူဆရပြီး အဖြေများလာသည် ဆိုလျှင် ကျောက်ကပ်အား ပို၍ ဂရုစိုက် ရမည်ဖြစ်ပါသည်။

ဆီးချို၏ အနှစ်ချုပ်သည် သွေးတွင်း သကြားဓာတ်အား ဆေးဖြင့် အကောင်းဆုံး ပုံမှန် အနေအထားတွင် ထိန်းသိမ်းထားခြင်းဖြစ်ပါသည်။ ကုသမှုအား ခံယူပြီး မိမိသောက်နေသော ဆီးချိုဆေးများသည် မိမိသွေးချိုအား ထိရောက်စွာ ထိန်းသိမ်းနိုင်ခြင်း ရှိမရှိ အား ပုံမှန် HbA1C စစ်ဆေးခြင်း၊ လက်ထိပ်ဖောက် စစ်ဆေးခြင်းများဖြင့် အမြဲတမ်း ပြန်လည် ဆေးပြန်ချိန်ရမည်ဖြစ်ပါသည်။

ဆီးချို သမားများသည် ဆေးများ သောက်နေသော်လည်း ထို မိမိသောက်နေသော ဆေးများ ၏ အကျိုးသက်ရောက်မှု နှင့် ဘေးထွက်ဆိုးကျိုးများ ကို သေချာသိသူများ နည်းနေပါသည်။ အဓိကသည် ထို ကဲ့သို့ ဘေးထွက်ဆိုးကျိုးများ သိသည့် အခါတွင် မှ အချို့သော အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးများ အား ကြိုတင် ကာကွယ်နိုင်မည်ဖြစ်ပြီး ထိရောက်စွာ ကုသနိုင်မည်ဖြစ်ပါသည်။

အောက်ဖော်ပြပါဆေးများသည် ဆီးချိုသွေးချိုတွင် အသုံးများသောဆေးများသာ ဖြစ်ပါသည်။ မိမိသောက်သုံးနေသော ဆေးများ ရှိပါက အသေးစိတ် တိုက်ကြည့်ပြီး ကောင်းကျိုး ဆိုးကျိုးများအား အသေးစိတ် ဖတ်ရှုနိုင်ပါသည်။ အောက်ဖြော်ပပါ ဘေးထွက် ဆိုးကျိုးတစ်ခုခု ခံစားနေရပါက မပေါ့လျော့ ပဲ ဆီးချိုသွေးချို အထူးကုသမားတော်နှင့် ပြသသင့်ပါသည်။

Metformin (မတ်ဖော်မင်)

ဆီးချို ရောဂါ တွင် အသုံးအများဆုံး နှင့် လူသိအများဆုံး ဆေးလည်းဖြစ်သည်။ သွေးတွင်း သကြားဓာတ်အား အသုံးပြုရန်အတွက် Insulin မှ တဆင့် ခန္ဓာကိုယ်အတွင်း ရှိ ဆဲလ်များက သကြားဓာတ် ရရှိခြင်းဖြစ်ပါသည်။ ဆီးချို ဖြစ်ပေါ်လာပုံမှာ insulin မရှိ၍ ဆဲလ်အတွင်း သို့ သကြားဓာတ်မပို့ဆောင် နိုင်ခြင်းကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်လာခြင်း သည် ပထမ အကြောင်းအရင်းဖြစ်ပါသည်။ ဒုတိယ ဖြစ်စေသော အကြောင်းအရင်းမှာ Insulin ရှိသော်လည်း ဆဲလ်များသည် Insulinကိုမသုံးစွဲနိုင်သဖြင့် ဆဲလ်အတွင်းသို့ သကြားဓာတ် မပို့ဆောင်နိုင်ပဲ သွေးတွင်း သကြားဓာတ်များလာခြင်း ဖြစ်ပါသည်။

Metformin ၏ အဓိကတာဝန်မှာ ဒုတိယ အကြောင်းအရင်းဖြစ်သော ဆဲလ်များ Insulin မသုံးနိုင်ခြင်းအား လျော့ချပေးပြီး ဆဲလ်များ Insulin ပိုမိုသုံးစွဲနိုင်အောင် အားပေးပါသည်။ Insulin ပိုမိုသုံးစွဲလာ နိုင်သည်နှင့် အမျှ သွေးတွင်း သကြားဓာတ်များ လည်း ဆဲလ်အတွင်း သို့ ဝင်ရောက်ပြီး သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးပါသည်။

Metformin ၏ ကောင်းသော အချက်များမှာ သွေတွင်း သကြားဓာတ်ထိန်းရာတွင် အကောင်းဆုံးဖြစ်ပြီး ကိုယ်အလေးချိန်လည်း မတက်စေသော ဆေးဖြစ်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန်များသော လူနာများတွင် အလွန်သင့်တော်သော ဆေးဖြစ်ပါသည်။

ဆေးကြောင့် သွေးတွင်းသကြားဓာတ် ထိုးကျခြင်းလည်း မဖြစ်နိုင်သောကြောင့် သကြားဓာတ်နည်း၍ သတိလစ်ခြင်း Coma ဝင်သွားခြင်း စသည့် ကြောက်မက်ဖွယ်ရာ ပြဿနာများ မဖြစ်နိုင်သော ဆေးဖြင့် စိတ်ချလက်ချ သောက်သုံးနိုင်သော ဆေးလည်းဖြစ်ပါ
သည်။Metformin သည် ဆီးချိုထိန်းညှိပေးရုံသာမက ဆီးချို ၏နောက်ဆက်တွဲပြသနာများဖြစ်သော အာရုံကြောပြသနာ၊ မျက်လုံးပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ တို့ကိုလည်းကာကွယ်ပေးပါသည်။

Metformin (မတ်ဖော်မင်) ၏ ဆေးဘေးထွက်ဆိုးကျိုးများ

၁။အစာအိမ်မကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့ ခြင်း၊ အန်ခြင်း

၂။ လေပွခြင်း၊ ၀မ်းချုပ်ခြင်း၊ ဝမ်းလျောခြင်း

၃။Vitamin B12 လျော့နည်းခြင်း

၄။Lactic Acidosis ဟုခေါ်သော သွေးတွင်း လက်တစ် Acid ဓာတ်တစ်မျိုး စုပုံပြီး များ ခြင်း။

Metformin(မတ်ဖော်မင်)ရေရှည်စွဲ သောက်ခြင်းကြောင့် ကျောက်ကပ်ပျက်စီးတတ်သည် ဟု အယူ မှားနေကြသည်။ အမှန်မှာ Metformin (မတ်ဖော်မင်)ကြောင့် ကျောက်ကပ်ထိခြင်းမဟုတ်ဘဲ ဆီးချို သေချာ မထိန်း နိုင်ခြင်းကြောင့် ကျောက်ကပ်ပျက်စီးရခြင်းဖြစ်ပါသည်။ သို့သော် ကျောက်ကပ်ပျက်စီးပြီးသူများတွင် Metformin (မတ်ဖော်မင်)
သောက်၍မရပေ။ Metformin (မတ်ဖော်မင်)သည် ကျောက်ကပ်မှ စွန့်ထုတ်ရသော ကြောင့် ကျောက်ကပ်ပျက်စီး နေသူများတွင် Metformin (မတ်ဖော်မင်)
သည် ခန္ဓာကိုယ် တွင်း စုပုံလာပြီး Lactic Acidosis ဟုခေါ်သော သွေးတွင်း လက်တစ် Acid ဓာတ်တစ်မျိုး စုပုံခြင်းဖြစ်စေတတ်ပါသည်။ သွေးတွင်း လက်တစ် Acid ဓာတ်တစ်မျိုး စုပုံခြင်းအခြေအနေ သည် ကျောက် ကပ်ပျက်စီးသူများတွင်သာမက အသည်းပျက်စီးသူ များနှင့် အရက်သောက်သူများ တွင် လည်း Metformin (မတ်ဖော်မင်) သောက်မိပါက ဖြစ်တတ်သောကြောင့် ထိုသူများသည် Metformin (မတ်ဖော်မင်)သောက်သုံး၍မရသောသူများဖြစ်ပါသည်။

ထို့အပြင် metformin သောက်သုံးနေရသောသူများတွင် ဆေးထိုး၍ကွန်ပျုတာဓာတ်မှန် ရိုက်ရန်လိုအပ်ပါကmetforminကို၄၈နာရီခန့်ကြိုရပ်ထားပြီး ရေများများသောက်ထားမှသာလျှင် ကျောက်ကပ် ပျက်စီးခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် Metformin (မတ်ဖော်မင်)နှင့်တကွအခြားသောဆီးချိုဆေးများသောက် သုံးသည့် အခါ သူများညွှန်တိုင်း မသောက်သုံးဘဲ ကျောက်ကပ်ကောင်းမကောင်းကို၊ အသည်းကောင်းမကောင်း အရင် တတ်ကျွမ်းသော ဆီးချိုသမားတော် နှင့် တိုင်ပင်စစ်ဆေးပြီးမှ သောက်သုံးသင့်ပါသည်။

Sulphonylurea

Sulphonylurea တွင်ပါ၀င်သောဆေးများမှာ

1.Gliclazide- eg. Diamicron MR, Comprid MR, Gliclid, Diabend, Reclide MR

2.Glimipride-eg. Glypride

3.Glipizide- eg. Minidiab တို့ဖြစ်ပါသည်။

အမျိုးအစားပေါ်မူတည်ပြီးတစ်ခုနှင့်တစ်ခုအာနိသင်နှင့်အကျိုးသက်ရောက်နိုင်မှုအနည်းအကျဉ်းကွာပါသည်။ အထက်ပါဆေး၏ အကြမ်းဖျင်း အလုပ်လုပ်ပုံမှာ
Sulphonylurea သည် အင်ဆူလင် insulin ထုတ်လုပ်မှုကို အားပေးသောကြောင့် insulin မှတဆင့် ဆဲလ်များအတွင်းသို့ သကြားဓာတ် ကို အသုံးပြုရန်ပို့ဆောင်ပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ် ကို ထိန်းညှိပေးပါသည်။
Sulphonylurea သည် Metformin ကဲ့သို့ပင်ဆီးချိုထိန်းညှိပေးရုံသာမက ဆီးချို ၏နောက်ဆက်တွဲပြသနာများဖြစ်သော အာရုံကြောပြသနာ၊ မျက်လုံးပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ တို့ကိုလည်းကာကွယ်ပေးပါသည်။

Sulphonylurea(Diamicron) သည် များသောအားဖြင့် ဆေးတစ်မျိုးထဲ မထိန်ုးနိုင်သော အခါတွင် အကူဆေးအနေဖြင့် အတွဲသောက်သုံးရာတွင် သုံးလေ့ရှိပါသည်။

Sulphonylurea(Diamicron)၏ ဆိုးကျိုးများ
၁။ကိုယ်အလေးချိန် တက်လာခြင်း
၂။သွေးချို ထိုးကျတတ်ခြင်း
၃။အသည်းရောင်ခြင်း
၄။သည်းခြေလမ်းကြောင်းပိတ်ခြင်း
၅။ဗိုက်အောင့်ခြင်း
၆။ဝမ်းလျောခြင်း
၇။လေပွခြင်း

Sulphonylurea သည် ဝသော သူများ ကိုယ် အလေးချိန် မထိန်းနိုင်သောသူများနှင့် ဆီးချို မကြာခဏ ထိုးကျတတ်သောသူများတွင် သောက်သုံးရန် မသင့်လျော်ပါ။ သောက်သုံးသည့် dose မမှန်ပါက ဆီးချို ထိုးကျပြီးရင်တုန်ခြင်း၊ မူးခြင်း၊ ချွေးစီးပြန်ခြင်း၊ သတိလစ်ခြင်း တို့ဖြစ်တတ်သဖြင့် တတ်ကျွမ်းသော ဆီးချိုသွေးချို အထူးကုသမားတော် ၏ ညွှန်ကြားချက်အတိုင်းသောက်သုံး၍ ဆေးပုံမှန်ပြန်ချိန် နေရန်လိုအပ်ပါသည်။

Thiazolidinediones

Pioglitazone- eg. Pioglit

Thiazolidinediones သည် ဆဲလ်များ Insulin မသုံးနိုင်ခြင်းအား လျော့ချပေးပြီး ဆဲလ်များ Insulin ပိုမိုသုံးစွဲနိုင်အောင် အားပေးပါသည်။ Insulin ပိုမိုသုံးစွဲလာ နိုင်သည်နှင့် အမျှ သွေးတွင်း သကြားဓာတ်များ လည်း ဆဲလ်အတွင်း သို့ ဝင်ရောက်ပြီး သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးပါသည်။ Thiazolidinediones သည် လည်း ဆီးချို ထိန်းရာတွင် အလွန်ကောင်းမွန်ပြီး အသည်း အဆီဖုံးခြင်း ၊ အဆီများခြင်းကြောင့် အသည်းရောင်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။

Thiazolidinediones သည် ဆေးတစ်မျိုးတည်းထိ်န်းမရသောသူများတွင် အကူဆေးအဖြစ်တွဲဖက်သောက်သုံးကြပါသည်။

ကာလဝမ်းရောဂါ (cholera)  ကြိုတင်ကာကွယ်ပါ◾ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ◾   ကာလဝမ်းရောဂါဆိုတာ Vibrio cholerae ဆိုတဲ့ ဘက်တီ...
06/07/2024

ကာလဝမ်းရောဂါ (cholera) ကြိုတင်ကာကွယ်ပါ
◾ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ◾
ကာလဝမ်းရောဂါဆိုတာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးကူးစက်တာကြောင့် ဖြစ်တာပါ။

ကာလဝမ်းရောဂါ ဘယ်လိုကူးစက်နိုင်သလဲ
-----------------------------------
cholera ဘက်တီးရီးယားပိုးပါတဲ့ အစားအသောက်၊ ရေတို့ကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကာလဝမ်းရောဂါရှိသူရဲ့ မစင်၊ အန်ဖတ်တို့ကနေတဆင့် လည်း ကူးစက်နိုင်ပါတယ်။

ကာလဝမ်းရောဂါပိုး ကူးစက်ခံရတဲ့အခါ ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ
-----------------------------------
ကာလဝမ်းရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးမှာ တစ်ဦးက ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
▶အရည်ဝမ်းလျှောခြင်း
ဆန်ဆေးရေလို အရည်ဝမ်းသွားတတ်တာမျိုးပါ။

▶အန်ခြင်း
တချို့တွေမှာ ဝမ်းမလျှောခင် အရည်တွေ အန်တဲ့ လက္ခဏာကို စတင်ပြသတတ်ပါတယ်။

▶ နုံးခွေခြင်း၊ သတိလစ်ခြင်း
ခန္ဓာကိုယ်အရည်ဓာတ်ဆုံးရှုံးမှုကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ သွေးပေါင်ရုတ်တရက်ကျပြီး သတိလစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▶ကြွက်တက်ခြင်း
ရေဓာတ်သာမက သတ္တုဓာတ်တွေပါ ဆုံးရှုံးတဲ့အတွက် ကြွက်တက်စေနိုင်ပါတယ်။

ဘယ်သူတွေ ဖြစ်နိုင်ခြေ များသလဲ
---------------------------------
မသန့်ရှင်းတဲ့ရေ သောက်ရသူ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းသူ၊ သန့်ရှင်းမှုအားနည်းတဲ့ ဒေသ တွေမှာ နေထိုင်သူတွေက ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

ကာလဝမ်းရောဂါ ဖြစ်ရင် ဘယ်လို ကုသရမလဲ
-----------------------------------
(၁) ဓာတ်ဆားရည် အလုံအလောက် သောက်ရပါမယ်။ ကာလဝမ်းရောဂါ အတွက် အရေးကြီးဆုံး ကုသမှုထဲမှာ ပါဝင်ပါတယ်။
(၂) ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေး(Antibiotics)နဲ့ ဆေးပတ်လည်အောင် ကုရပါမယ်။
(၃) ကလေးတွေမှာဖြစ်ရင် ဇင့်ပါတဲ့ အားဆေးကိုပါ ဖြည့်စွက်တိုက်ကျွေးရပါမယ်။

ကာလဝမ်းရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ
-----------------------------------
✅အစာမစားခင်နဲ့ စားပြီးတဲ့အခါ၊ အိမ်သာတက်ပြီးတဲ့အခါတွေမှာ လက်ကို သေချာ ဆေးကြောရပါမယ်။
✅အစားအသောက်တွေကို ကောင်းစွာကျက်အောင် ချက်ပြုတ်ပြီးမှ စားရပါမယ်။
✅ယင်နားစာတွေကို လုံးဝ မစားသင့်ပါဘူး။
✅ရေသန့်သောက်ရပါမယ်။ မရရင် ရေကို ကျိုချက် သောက်သုံးရပါမယ်။
✅ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရပါမယ်။
✅ယင်လုံအိမ်သာ သုံးစွဲရပါမယ်။

သတိပြုရန်
----------
ကာလဝမ်းရောဂါကို သေချာကုသမှုမခံယူရင် အသက်အန္တရာယ် ဆုံးရှုံးစေနိုင်တာကြောင့် လက္ခဏာတွေ ပြလာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ အရေးကြီးပါတယ်။
စောစော သိရှိပြီး စနစ်တကျ ကုသမှုခံယူရင် ပြင်းထန်တဲ့ လူနာတွေမှာတောင် ပြန်ကောင်းလာနိုင်ပါတယ်ဆိုတာ ပြောကြားရင်း ...
''အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ''
(Ref; www.cdc.gov/cholera)

Dexamethasone (ဒက်ဆာမက်သာဆုန်း)-----.-----.-----.-----.-----.-----.-----.-----.----Dexamethasone(ဒက်ဆာမက်သာဆုန်း) အရောင်...
30/06/2024

Dexamethasone (ဒက်ဆာမက်သာဆုန်း)
-----.-----.-----.-----.-----.-----.-----.-----.----
Dexamethasone(ဒက်ဆာမက်သာဆုန်း) အရောင်ကျဆေးအကြောင်း မျှဝေလိုက်ပါသည်။

ဤ​ဆေးသည် (Cortico -Steroid)အုပ်စုတွင် ပါဝင်သော ဆေးတစ်မျိုးဖြစ်သည်။ အရောင်ကျစေသော အာနိသင် ထက်မြက်သည့် ဆေးဖြစ်သည်။ အရေးပေါ် အသက်ကယ်ဆေးလို့လဲ ခေါ်ပါသည်။

အသုံးပြုပုံ (Indications)
---------------------------------
အင်ပျဉ်ထခြင်း၊ ယားယံခြင်း၊ အဖုအဖိမ့်ထွက်ခြင်း၊ အဆစ်ရောင်ရောဂါ အမျိုးမျိုး၊ ဓာတ်မတည့်သောရောဂါ အမျိုးမျိုး၊ ဉီးနှောက်ဖောရောင်ခြင်း၊ ကင်ဆာဆေးသွင်းချိန် ပျို့အန်ခြင်းစတဲ့ရောဂါများ အသုံးပြုနိုင်ပါသည်။

ဆေးညွှန်း နှင့် နည်းလမ်းများ
( Dosage & Administration)
--------------------------------------
ဤဆေးသည် စားဆေးရှိသလို ထိုးဆေးလည်း ရှိပါသည်။ စားဆေး 0.5/2/4/8mg ကို ရောဂါအနေအထား အမျိုးအစားပေါ်မူတည်ပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးရပါသည်။ အသားထိုးဆေး သို့ အကြောထိုးဆေးကိုလည်း 4mg or 8mg ကိုလည်း ဆရာဝန်ညွန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။

ဆေးအပြစ်များ
( Side effects)
--------------------
အစာမကြေ၊ ရင်ပြည့်ရင်ကယ်ခြင်း၊ ဝမ်းဗိုက်တင်းခြင်း၊ အစာအိမ်နာဖြစ်ခြင်း၊ အရိုးပွခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ ကိုယ်ခံအား ကျဆင်းခြင်းများဖြစ်နိုင်ပါသည်။

ဒီနေ့ပြောမှာကတော့  olanazapine လို့ခေါ်တဲ့ စိတ်ညိမ်ဆေးအကြောင်းပါတချို့က အိပ်ဆေးနဲ့တွဲသောက်ရလို့ အိပ်ဆေးလို့ထင်နေကြပေမယ့်...
26/06/2024

ဒီနေ့ပြောမှာကတော့ olanazapine လို့ခေါ်တဲ့ စိတ်ညိမ်ဆေးအကြောင်းပါ
တချို့က အိပ်ဆေးနဲ့တွဲသောက်ရလို့ အိပ်ဆေးလို့ထင်နေကြပေမယ့် တကယ်တော့ anxiety တို့ stress တို့ စတဲ့ စိတ်အရမ်းညစ်နေတဲ့လူတစ်‌ေယာက်ဟာ အိပ်မပျော်တော့ပါဘူး
အဲ့အခါ အိပ်ဆေးဘာမီတွန် သို့မဟုတ် diazepamလိုမျိုး melatoninလိုမျိုးသောက်နေပေမယ့် စိတ်ဖိအားများတဲ့အတွက် အိပ်ချင်သလိုလို မျက်စိစပ်တာမျိုးလောက်ပဲဖြစ်မှာပါ
ဒီလိုအခြေအနေမှာ olanazapine ဆိုတဲ့ Atypical antipsychotics တွေဖြစ်တဲ့ metazapine ,quetiapine, aripiprazole and risperidone မျိုးတူတစ်ခုခုကို အိပ်ဆေးနဲ့တွဲသောက်ပေးရပါတယ်
Olanazapine ဟာ စိတ်ငြိမ်ဆေးဖြစ်တဲ့အတွက် ဖိအားတွေ မူးယစ်ဆေးသောက်ချင်စိတ် အရက်သောက်ချင်စိတ်ကို လျော့ပါးစေပါတယ်....
ဒီလောက်ဆို အားးလုံးနားလည်မယ်ထင်ပါတယ်
Dr. PMTK

စီနီယာ ဆေးဆိုင်ရှင်များ ဆေးခန်းများရှိ ဆရာ ဆရာမတို့ခင်မျာကျွန်တော် ဆေးဆိုင်ပိတ်တော့မှာမလို့ ‌လိုအပ်တဲ့ဆေးဝါးများ ရှိရင် ...
25/06/2024

စီနီယာ ဆေးဆိုင်ရှင်များ ဆေးခန်းများရှိ ဆရာ ဆရာမတို့ခင်မျာ
ကျွန်တော် ဆေးဆိုင်ပိတ်တော့မှာမလို့ ‌လိုအပ်တဲ့ဆေးဝါးများ ရှိရင် အားပေးကြပါဦး
ဈေးလဲ ထပ်လျော့ပေးပါမယ်
မန်းလေးက ဆိုပေမယ့် နယ်စုံလဲ cash on delivery ရပါတယ်
ဆက်သွယ်ရန် 09763227702 Viber မှလဲဆက်သွယ်စုံစမ်းနိုင်ပါတယ်
Dateဝေးဆေးများအား ပုံတွေဖော်ပြထားပါသည်။

Dateနီးဆေးများ
Montelukast 10 (6/24) ၆ကဒ် *1000=6000
Ciprofloxacin (BPI)(6/24)
၈ဘူး တစ်ဘူး ၅ထောင်
Dicotil(6/24) တစ်ဗူး 10000
Myclave 625(4/24)
၁၀ကဒ်တစ်ဗူး တစ်ကဒ် 2000
Cefixime 50mg အမူန့်11/24
6ဘူး တစ်ဘူး 2000
Glucose 50% inj 2025date
၅ထောင့်ပါတစ်ဗူး 4500
၄ဗူးရ
Bena KTZ ချောင်းဆိုးပျောက်ဆေး
Date 2/25
တစ်ဗူး 4500
၅ဘူးရ
Cetrizine syrup 2026 date
တစ်ဗူး 3000 တစ်ကဒ်300
၆ဘူးရ
Counter plus 3/24
အကြောကပ် အခု170
တစ်ခု 200*170
ADEZIO (cetrizine KTZ)( 9/25)
တစ်ကဒ် 1200 ၅ဘူး
Atostat 10(2/26) 1000 ၅ဘူး
Atostat 20 (2/26) 3500 ၅ဘူး
Cetrizine (2,26)တစ်ကဒ် 300(unichem company)
Lactogen 7/24 ၁ဘူး ၃ထောင် ၂ဘူးရ
စူပရာဒင်း အားဆေးတစ်ဗူး 10/24 10000
Dumex Dupro (8/24) 5000
Bicodyl tablet 5mg (1/25) တစ်ကဒ် 500
Nifedipine 20mg 10/24
တစ်ကဒ် 500
၁၀ဘူးရ
Hydrocortisone cream(12/25) 3500 ၅ဘူး
Ketoconazole cream (12/24) 2000 ၅ဘူး
Jenosa digital thermometer တစ်ခု 2500
Gripe mixture 6/26 2500 ၅ဘူး
Novomin(2/28) 2500 ၅ဘူး
Zycet (cetrizine syrup) 2026 တစ်ဘူး2500 /၆ဘူး
Zycet cetrizine tab (8/2026) ၁၀လုံးပါ တစ်ကဒ် 300ကျပ်
ကဒ် 250ရှိ
Somino ၂ဗူး (4/24) 10000
Ferro forte 10/12
တစ်ဗူး ၁၀ကဒ်ပါ တစ်ကဒ်2000
Betadine original 11/24
၂ဗူးရ တစ်ဗူး 3000
Cefixime 200mg 9/24
၁၀ကဒ် 10000
Number 1ကွန်ဒုံး 10/27
တစ်ဖာ ၂၄ဘူးပါ တစ်ဗူး 2000ဈေး=48000
Similac total comfort step 2 (12/25)
၄သောင်း

Date ဝေး ဆေးတွေ ရောင်းချင်ပါတယ်။လိုအပ်တာ ခွဲယူလို့ရပါတယ်...မန်းလေးမြို့တွင်း Cash on delivery ရပါသည်
19/06/2024

Date ဝေး ဆေးတွေ ရောင်းချင်ပါတယ်။
လိုအပ်တာ ခွဲယူလို့ရပါတယ်...
မန်းလေးမြို့တွင်း Cash on delivery ရပါသည်

ဒိတ်နီးဆေး‌ေလးတွေပါရွေးယူလို့ရပါတယ်မန်းလေးကပါCash on delivery ရပါတယ်နယ်လဲပို့ပေးပါတယ်Ciprofloxacin (BPI)(6/24)၈ဘူး တစ်ဘူ...
17/06/2024

ဒိတ်နီးဆေး‌ေလးတွေပါ
ရွေးယူလို့ရပါတယ်
မန်းလေးကပါ
Cash on delivery ရပါတယ်
နယ်လဲပို့ပေးပါတယ်

Ciprofloxacin (BPI)(6/24)
၈ဘူး တစ်ဘူး ၅ထောင်
Myclave 625(4/24)
၁၀ကဒ်တစ်ဗူး တစ်ကဒ် 2000
Myclave 375 (11/24)
တစ်ကဒ် 1200
၆ကဒ်ရ
Cefixime 50mg အမူန့်11/24
6ဘူး တစ်ဘူး 2000
Glucose 50% inj 2025date
၅ထောင့်ပါတစ်ဗူး 4500
၄ဗူးရ
Bena KTZ ချောင်းဆိုးပျောက်ဆေး
Date 2/25
တစ်ဗူး 4500
၅ဘူးရ
Cetrizine syrup 2026 date
တစ်ဗူး 3000
၆ဘူးရ
Counter plus 3/24
အကြောကပ် အခု170
တစ်ခု 200*170
Aceclofenic (2026) 1200(5ဘူး)
ADEZIO (cetrizine KTZ)( 9/25)
တစ်ကဒ် 1200 ၅ဘူး
Atostat 10(2/26) 1000 ၅ဘူး
Atostat 20 (2/26) 3500 ၅ဘူး
Cetrizine (2,26)တစ်ကဒ် 300(unichem company)
Lactogen 7/24 ၁ဘူး ၃ထောင် ၂ဘူးရ
စူပရာဒင်း အားဆေးတစ်ဗူး 10/24 10000
Dumex Dupro (8/24) 5000
Bicodyl tablet 5mg (1/25) တစ်ကဒ် 500
Nifedipine 20mg 10/24
တစ်ကဒ် 500
၁၀ဘူးရ
Hydrocortisone cream(12/25) 3500 ၅ဘူး
Ketoconazole cream (12/24) 2000 ၅ဘူး
Jenosa digital thermometer တစ်ခု 2500
Gripe mixture 6/26 2500 ၅ဘူး
Novomin(2/28) 2500 ၅ဘူး
Zycet (cetrizine syrup) 2026 တစ်ဘူး2500 /၆ဘူး
Zycet cetrizine(2026 date) ၁၀လုံးပါ တစ်ကဒ် 300
ကဒ်၁၀၀ ရှိ
Ferro forte 10/12
တစ်ဗူး ၁၀ကဒ်ပါ တစ်ကဒ်2000
Betadine original 11/24
၂ဗူးရ တစ်ဗူး 4000
Cefixime 200mg 9/24
၁၀ကဒ် 15000

စတီး စင်များ ရောင်းရန်ရှိတယ်မန်းလေးကပါ၆၂ လမ်း ၁၁၆ နားတွင် လာကြည့်လို့ရပါသည်။စတီးစင်အကြီးအမြင့် ၅'၆", အလျား ၄'၄", အနံ ၁ပေ...
16/06/2024

စတီး စင်များ ရောင်းရန်ရှိတယ်
မန်းလေးကပါ
၆၂ လမ်း ၁၁၆ နားတွင် လာကြည့်လို့ရပါသည်။

စတီးစင်အကြီး
အမြင့် ၅'၆", အလျား ၄'၄", အနံ ၁ပေခွဲ
ဈေးနူန်း ၄သိန်းခွဲ

နံရံကပ်စင်
အလျား ၅'၁၀", အနံ ၁ပေ, အမြင့် ၂'၃"
ဈေးနူန်း ၂သိန်း

စတီးစင် အသေး ၂ခုရှိ
အလျား ၃'၆", အနံ ၂ပေ, အမြင့် ၃'၉"
ဈေးနူန်း ၂သိန်း

" ဆီးချို ရှေ့ပြေး လက္ခဏာ ၃ မျိုး "◼️ အောက်ဖော်ပြပါ လက္ခဏာ ၃ မျိုး မိမိမှာရှိနေမယ်ဆိုရင်ဆီးချို/သွေးချို ရောဂါဖြစ်နေနိုင...
15/06/2024

" ဆီးချို ရှေ့ပြေး လက္ခဏာ ၃ မျိုး "
◼️ အောက်ဖော်ပြပါ လက္ခဏာ ၃ မျိုး မိမိမှာ
ရှိနေမယ်ဆိုရင်
ဆီးချို/သွေးချို ရောဂါ
ဖြစ်နေနိုင်ပါတယ်.
ဆီးချိုရောဂါကို
တချို့က သွေးချိုရောဂါဟုလည်း
ခေါ်ဆိုကြပါတယ်.
◼️ ဘာကြောင့်လဲဆိုရင်တော့
ဆီးထဲမှာနှင့်
သွေးထဲမှာ
သကြားဓါတ် (အချိုဓါတ် - Glucose)တွေ
လိုအပ်တာထက် ပိုလျှံများပြားနေခြင်းကြောင့် ဖြစ်ပါတယ်.
ဆီးချိုရောဂါဟာ
အဖြစ်အများဆုံး
နာတာရှည်ရောဂါတမျိုးဖြစ်ပေမယ့်
လူအများစုကတော့
မိမိမှာ ဆီးချိုရောဂါဖြစ်နေမှန်း
အလွယ်တကူ မသိရှိနိုင်ကြပါဘူး..
◼️ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက
အလွန်ကို အန္တရာယ်များပါတယ်.
ဥပမာ...
မျက်စိကွယ်ခြင်း
လေဖြတ်ခြင်း
နှလုံးထိခိုက်ခြင်း (Heart attack)
ကိုယ်ခံအားကျဆင်းခြင်း
ကျောက်ကပ်ပျက်စီးခြင်း
ကျောက်ကပ်ဆေးရခြင်း
စသည်တို့ ဖြစ်ပါတယ်.
ဒါကြောင့်
မိမိမှာ ဆီးချိုရောဂါ ‘ရှိမရှိ’ကို
အလွယ်တကူ သတိပြုဆင်ခြင်နိုင်စေရန် အလို့ငှာ
ဆီးချိုရောဂါရဲ့ ရှေ့ပြေးလက္ခဏာ ၃ မျိုးကို
အတိုချုပ်ပြီး
ချစ်ခင်စွာဖြင့် မျှဝေလိုက်ပါတယ် ခင်ဗျာ.

◼️ ၁). ဆီး ခဏခဏသွားခြင်း
ဆီးချိုရောဂါရဲ့ ထင်ရှားတဲ့ လက္ခဏာတခုကတော့
မကြာခဏ ဆီးသွားနေခြင်း ဖြစ်ပါတယ်.
ယေဘုယျအားဖြင့်
တရက်ကို ၇ — ၁၀ ကြိမ်ထက်ပိုပြီး ဆီးသွားမယ် (သို့)
တရက်ကို ဆီးပမာဏ ၃ လီတာထက်ပိုများနေမယ်ဆိုရင်
ဆီးသွားများခြင်း (Polyuria) လို့ ခေါ်ပါတယ်.
ဘာကြောင့်ဖြစ်တာလဲ ❓
ပိုလျှံနေတဲ့ သကြားဓါတ်တွေဟာ
ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်များပါတယ်.
ဒါကြောင့် ကျွန်တော်တို့ရဲ့ ကျောက်ကပ်ဟာ
ပိုလျှံနေတဲ့သကြားဓါတ်တွေကို
ဆီးထဲမှတဆင့်
ကိုယ်ခန္ဓာအပြင်ဖက်ကို ကြိုးစားစွန့်ပစ်နေတာကြောင့်
မကြာခဏ ဆီးသွားချင်နေခြင်း ဖြစ်ပါတယ်.
ဒီလို မကြာခဏဆီးသွားခြင်းကြောင့်
ခန္ဓာကိုယ်ထဲမှာ ရေဓါတ်တွေပါ ခန်းခြောက်လာပြီး
အမြဲလိုလို ရေဆာနေတတ်ကြပါတယ်.
Polydipsia လို့ခေါ်ပါတယ်.

◼️ ၂). အစာစားချင်စိတ်များခြင်း
ဆီးချိုရောဂါရဲ့ နောက်လက္ခဏာတခုကတော့
အစာစားပြီးရင်း စားချင်နေတာဖြစ်ပါတယ်.
ဥပမာ .. ဗိုက်ပြည့်တဲ့အထိ အစာစားလိုက်တယ်.
ဒါပေမယ့် သိပ်မကြာခင်မှာပဲ
ဗိုက်ပြန်ဆာလာပြီး
အစာစားချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်.
ဘာကြောင့်ဖြစ်တာလဲ ❓
ကိုယ်ခန္ဓာထဲမှာရှိတဲ့
ဆဲလ်လို့ခေါ်တဲ့ ကလာပ်စည်းတွေဟာ
လုံလောက်တဲ့ စွမ်းအင်၊ အာဟာရဓါတ်တွေ
မရရှိတာကြောင့် ဖြစ်ပါတယ်.
Polyphagia လို့ ခေါ်ပါတယ်.

◼️ ၃). ခြေလက်ထုံကျင်ခြင်း
ခြေထောက်တွေ၊ ခြေဖဝါးတွေ၊
လက်ချောင်းလေးတွေဟာ
ဘာကြောင့်မှန်းမသိဘဲ
တဆစ်ဆစ်နဲ့ ထုံကျင်ကိုက်ခဲနေတတ်ပါတယ်.
ဘာကြောင့်ဖြစ်တာလဲ ❓
ပိုလျှံနေတဲ့ သကြားဓါတ်တွေဟာ
သွေးလည်ပတ် စီးဆင်းမှု.
အာရုံကြော လည်ပတ်စီးဆင်းမှုများကို
ထိခိုက်ပျက်စီးစေလို့ ဖြစ်ပါတယ်.

ဒီလို လက္ခဏာတွေ ခံစားနေရမယ်ဆိုရင်တော့
နားလည်တတ်ကျွမ်းတဲ့
ကျန်းမာရေးဝန်ထမ်းများနဲ့
တိုင်ပင်သင့်ပါတယ်.. ခင်ဗျာ.

လေးစားစွာဖြင့်
Dr. ကျော်ဇောဟိန်း
လ/ထ ပါမောက္ခ (ဆေးပညာ)
ခတ်ေတ USA
ကိုးကားချက်.
Improving Care and Promoting Health in Populations: Standards of Care in Diabetes—2024
Diabetes Care 2024;47(Suppl. 1):S11–S19 | https://doi.org/10.2337/dc24-S001
American Diabetes Association (ADA)
American Association of Clinical Endocrinology (AACE)

ပုံမှန် ရာသီစက်၀န်းထက် ရက်ကျော်နေရင် ကိုယ်၀န်ရှိ မရှီ စိတ်အေးရအောင် ကြွယ်ဖြိုးဆေးဆိုင်ကိုသာ ဆက်သွယ်လိုက်ပါ📞📞📞မန်းလေးမြို...
11/06/2024

ပုံမှန် ရာသီစက်၀န်းထက် ရက်ကျော်နေရင် ကိုယ်၀န်ရှိ မရှီ စိတ်အေးရအောင် ကြွယ်ဖြိုးဆေးဆိုင်ကိုသာ ဆက်သွယ်လိုက်ပါ📞📞📞
မန်းလေးမြို့တွင်း cash on delivery ရပြီး နယ်မြို့များလဲသေချာစွာထုတ်ပိုးပေးပို့နေပါတယ်....

ဆေးဝါး,ကျန်းမာရေးနှင့်ဆိုင်သော အကြောင်းအရာများ မေးမြန်းလိုပါက
ဒေါက်တာဖြိုးမြတ်သိန်းကို
ကြွယ်ဖြိုးဆေးဆိုင်
၆၂လမ်း ၁၁၆လမ်း နှင့် ၁၁၇ အကြား
ပြည်ကြီးတံခွန်မြို့နယ်၊မန်းလေးမြို့
09763227702

Address

၅၇လမ်း & ၁၀၄လမ်းထောင့်
Mandalay

Telephone

+959763227702

Website

Alerts

Be the first to know and let us send you an email when Kywal Phyo medical posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share