VIP Home Healthcare Clinic - Mandalay Region

VIP Home Healthcare Clinic - Mandalay Region We are always ready to care your Health. Contact Us Now. +95 (09)9600 11 411

💉👨🏻‍⚕ မန္တလေးမြို့မှာ အိမ်အရောက် ကာကွယ်ဆေးအမျိုးမျိုး ထိုး‌နှံဖို့ဆိုရင်တော့ VIP ဆေးခန်းနှင့် ဆက်သွယ်လိုက်ပါနော်💉👨🏻‍⚕ VI...
26/04/2022

💉👨🏻‍⚕ မန္တလေးမြို့မှာ အိမ်အရောက် ကာကွယ်ဆေးအမျိုးမျိုး ထိုး‌နှံဖို့ဆိုရင်တော့ VIP ဆေးခန်းနှင့် ဆက်သွယ်လိုက်ပါနော်

💉👨🏻‍⚕ VIP ဆေးခန်းမှာ ဆရာဝန်ကြီးများနှင့် ကာကွယ်ဆေးထိုးနှံခြင်းများ‌အကြောင်း အခမဲ့ တိုင်ပင်ဆွေးနွေးမှု ရယူနိုင်ပါတယ်ရှင်

💉🦠ကာကွယ်ဆေးထိုးခြင်း (Vaccination) ဟူသည် ကာကွယ်ဆေးထိုးထားသူများနှင့် အသိုက်အဝန်းအတွင်းရှိ အခြားသူများကြားတွင် ရောဂါကူးစက်မှုအန္တရာယ်ကို လျှော့ချပေးသည်။💉🦠👨🏻‍⚕

🦠 ကူးစက်ရောဂါတစ်ခုသည် လူဦးရေအများအပြားသို့ ကူးစက်နိုင်သော်လည်း ကာကွယ်ဆေးထိုးနှံထားသော၊ ခုခံအားကောင်းသော လူအများကြားတွင် ရောဂါသည် လျင်မြန်စွာ ဆက်တိုက် ကူးစက်ရန် မဖြစ်နိုင်ပေ။ ထိုအရာကို 'အသိုက်အဝန်း ကိုယ်ခံစွမ်းအား' (' herd immunity' လို့လည်း ခေါ်ပါတယ်)။ 💉🦠👨🏻‍⚕

💉👨🏻‍⚕ ဤနည်းအားဖြင့် ကာကွယ်ဆေးများသည် ရောဂါဒဏ်ခံရနိုင်သည့် အခြားသူများကိုပါ သွယ်ဝိုက်ကာကွယ်ပေးသည်။ ၎င်းတို့တွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ခုခံအားစနစ်အားနည်းသူများ၊ ကင်ဆာလူနာများနှင့် ဆေးဘက်ဆိုင်ရာအကြောင်းပြချက်များဖြင့် ကာကွယ်ဆေးမထိုးနိုင်သူများ ပါဝင်သည်။💉🦠👨🏻‍⚕

👨‍👩‍👧‍👦 ကာကွယ်ဆေးနှင့်အတူ ကျန်းမာသော နေ့ရက်များ‌ဆီသို့ အတူလျှောက်လှမ်းကြပါစို့နော် 👨‍👩‍👧‍👦💙🤍

👨🏻‍⚕👩🏻‍⚕ဆရာဝန်ကြီးများ၏ အချိန်ဇယားများစုံစမ်းရန်နှင့် ရက်ချိန်းရယူရန် 📞 (09) 960 011 411 ကို ဆက်သွယ်နိုင်ပါတယ်ရှင်

🏥
💙🧡
💉🩺👨🏻‍⚕👩🏻‍⚕




🏥👨🏻‍⚕👩🏻‍⚕ အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးပေးခြင်း 💙🧡💙🧡 ရောဂါရှာဖွေဖော်ထုတ်ရာတွင်လည်းကောင်း ကုသမှု အစီအစဉ်များဆွဲရန် (သ...
20/04/2022

🏥👨🏻‍⚕👩🏻‍⚕ အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးပေးခြင်း 💙🧡

💙🧡 ရောဂါရှာဖွေဖော်ထုတ်ရာတွင်လည်းကောင်း ကုသမှု အစီအစဉ်များဆွဲရန် (သို့) ကုသမှု ရလဒ်များဖော်ထုတ်နိုင်ရန်လည်း‌ကောင်း စစ်ဆေးမှုများဖြစ်သည့် ...

✓ Ultrasound (အသံလှိုင်းဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်း)
✓ ECG (Electrocardiogram) (နှလုံး ECG ဆွဲခြင်း)
✓ Digital X-ray (ဓါတ်မှန်ရိုက်ခြင်း)

အစရှိသည်တို့ကို မန္တလေးမြို့နှင့် အနီးတဝိုက် လူကြီးမင်းတို့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါး ပါရစေရှင်👨🏻‍⚕👩🏻‍⚕📞

👨🏻‍⚕👩🏻‍⚕အကောင်းဆုံး‌သော ကျန်းမာရေးဝန်ဆောင်မှုများနှင့် ကုသမှုများပေးနိုင်ရန် လူကြီးမင်းတို့အတွက် VIP Clinic က အမြဲအဆင်သင့်ရှိနေပါတယ်‌ 💙🧡

📞 ဘိုကင်ယူရန်နှင့် စုံစမ်းမေးမြန်းနိုင်ရန် မက်ဆေ့ဘောက် သို့မဟုတ် ဖုန်းနံပါတ် (09) 9600 114 11 ကို ဆက်သွယ်နိုင်ပါတယ်ရှင်

🏥
💙🧡
💉🩺👨🏻‍⚕👩🏻‍⚕




🤍🤍 မြန်မာနှစ်သစ်မင်္ဂလာဆုတောင်း 🤍🤍🏥  💙🧡  💉🩺👨🏻‍⚕👩🏻‍⚕
12/04/2022

🤍🤍 မြန်မာနှစ်သစ်မင်္ဂလာဆုတောင်း 🤍🤍

🏥
💙🧡
💉🩺👨🏻‍⚕👩🏻‍⚕







🧡💙 မိမိနေအိမ်မှာပင် ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဆွေး‌နွေးမှုခံယူရန် VIP Home Healthcare Clinic ၏ Tele Consultation ဝန်...
12/04/2022

🧡💙 မိမိနေအိမ်မှာပင် ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဆွေး‌နွေးမှုခံယူရန် VIP Home Healthcare Clinic ၏
Tele Consultation ဝန်ဆောင်မှုကို ရယူပါ👨🏻‍⚕👩🏻‍⚕📞

🧡💙 Tele Consultation ဝန်ဆောင်မှုရယူရန် လမ်းညွှန်ချက်များ 🏥👨🏻‍⚕👩🏻‍⚕

🗓️ Schedule
ဆွေးနွေးမည့် နေ့၊ ရက်၊ အချိန်အတွက် ဘိုကင်ယူ‌ပေးပါ

💵 Payment
ဝန်ဆောင်မှုအတွက် ငွေပေးချေပါ
(Available - Mobile Banking, Any Pay)

👨🏻‍⚕👩🏻‍⚕📞 Tele Consultation
ဘိုကင်ယူထားသောအချိန်တွင် ဆရာဝန်နှင့် Video Call (သို့) pH Call ဖြင့် ဆွေးနွေးမှုခံယူနိုင်ပါသည်

📃 Prescription
(Including Treatment Plan & Laboratory Request)
ဆေးစာ‌ရေးပေးခြင်း
(လိုအပ်သည့် ကုသမှုအစီအစဉ်နှင့် ဆေးစစ်မှုခံယူရန်အချက်များ ပါဝင်မည်)

📦 Medicine Delivery
အိမ်အရောက် ဆေးဝါးပို့ဆောင်ပေးခြင်း
(မြန်မာနိုင်ငံအတွင်း ကားဂိတ် (သို့) အိမ်အရောက် သီးသန့်ဝန်ဆောင်ခ ထပ်ရှိပါမည်)

🏥 ဆွေးနွေးကုသမှုရယူနိုင်သည့် ဆရာဝန်ကြီးများမှာ ...
👨🏻‍⚕အ‌ထွေထွေသမားတော်ကြီးများ
👨🏻‍⚕ခွဲစိတ်အထူးကုဆရာဝန်ကြီးများ
👨🏻‍⚕အရိုးအထူးကုဆရာဝန်ကြီးများ
👨🏻‍⚕ဆီးနှင့်‌ ကျောက်ကပ်ခွဲစိတ်ဆရာဝန်ကြီးများ
👨🏻‍⚕အရိုး၊ အကြော၊ အဆစ်ဆေးပညာဆိုင်ရာအထူးကုသမား‌တော်ကြီးများ
👨🏻‍⚕စိတ်ရောဂါကုဆရာဝန်ကြီးများ
👨🏻‍⚕ကလေးအထူးကုသမား‌တော်ကြီးများ
👨🏻‍⚕အသည်းအထူးကုသမားတော်ကြီးများ
👨🏻‍⚕အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာအထူးကု သမားတော်ကြီးများ
👨🏻‍⚕သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ
👨🏻‍⚕ဆေးဘက်ဆိုင်ရာ ကင်ဆာအထူးကုဆရာဝန်ကြီးများ ဖြစ်ပါတယ်

👨🏻‍⚕မိဘပြည်သူများ၏ စိတ်ချမ်းသာမှုအတွက် VIP HOME HEALTHCARE CLINIC မှ အပြည့်အဝ တာဝန်ယူပါတယ်ရှင် 💙🧡

📞 ဘိုကင်တင်၍ ရက်ချိန်းရယူရန် (09) 9600 114 11 ကို ဆက်သွယ်‌ခေါ်ဆိုနိုင်ပါတယ်

🏥
💙🧡
💉🩺👨🏻‍⚕👩🏻‍⚕




💙🤍 " World Health Day 2022 " 💙🤍 💙🤍 7 April 2022 💙🤍💙🤍 Our Planet, Our Health 💙🤍💙🤍 ယနေ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ၇ ရက်၊ ကြာသပတေ...
07/04/2022

💙🤍 " World Health Day 2022 " 💙🤍
💙🤍 7 April 2022 💙🤍
💙🤍 Our Planet, Our Health 💙🤍

💙🤍 ယနေ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ၇ ရက်၊ ကြာသပတေးနေ့သည် "ကမ္ဘာ့ကျန်းမာရေးနေ့" ဖြစ်ပါသည်

💙🤍 တိုးပွားလာသော ရောဂါများနှင့် ကပ်ရောဂါဆိုးကြီးများကြောင့် ကမ္ဘာကြီးနာမကျန်းဖြစ်လာရာ၊ WHO သည် ယခုနှစ်တွင် လူသားများနှင့် ကမ္ဘာဂြိုဟ်ကျန်းမာနေစေရန် လိုအပ်သော အရေးပေါ်လုပ်ဆောင်မှုများကို ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်ပြီး၊ လူ့အဖွဲ့အစည်းများဖန်တီးရန် လှုပ်ရှားမှုများကို မြှင့်တင်ပေးမည်ဖြစ်သည်။

💙🤍 ကမ္ဘာတဝှမ်းတွင် နှစ်စဉ်သေဆုံးမှု ၁၃ သန်းကျော်သည် ရှောင်လွှဲ၍မရသော သဘာဝပတ်ဝန်းကျင်ကြောင့်ဖြစ်သည်ဟု WHO က ခန့်မှန်းထားသည်။

💙🤍 ယင်းတွင် လူသားမျိုးနွယ်ကို ရင်ဆိုင်နေရသော အကြီးမားဆုံးဖြစ်သည့် ကျန်းမာရေးခြိမ်းခြောက်မှုနှင့် ရာသီဥတု အကျပ်အတည်းလည်း ပါဝင်သည်။

💙🤍 ဂေဟစနစ်ကန့်သတ်ချက်များကို မချိုးဖောက်‌သော လူမှုအသိုက်အဝန်းများဖန်တီးခြင်းသည် ယခုနှင့် အနာဂတ်မျိုးဆက်များအတွက် ကျန်းမာသော လူ့အသိုက်အဝန်းများအဖြစ် ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည် 💙🤍







🏥
💙🧡
💉🩺👨🏻‍⚕👩🏻‍⚕




💜🧡 နှစ်စဉ် ဧပြီလ ၂ ရက်နေ့သည် World Autism Awareness Day ဖြစ်ပါသည်။ 💜🧡💜🧡 2022 World Autism Awareness Day အထိမ်းအမှတ်ဆောင်...
02/04/2022

💜🧡 နှစ်စဉ် ဧပြီလ ၂ ရက်နေ့သည် World Autism Awareness Day ဖြစ်ပါသည်။ 💜🧡

💜🧡 2022 World Autism Awareness Day အထိမ်းအမှတ်ဆောင်ပုဒ်သည် အားလုံးပါဝင်သော အသိပညာ‌ပေးရေး ဖြစ်ပါသည်။ 💜🧡

💜🧡 ကျွန်ုပ်တို့သည် အော်တစ်ဇင်ရောဂါရှိသူများအား စာနာနားလည်နိုင်စေရန်နှင့်အော်တစ်ဇင်ဝေဒနာရှင်များ အားလုံးအတွက် ဖေးမကြင်နာသော အသိုက်အဝန်းလေးတစ်ခု ဖန်တီး‌ပေးနိုင်‌စေရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ ဝိုင်းဝန်းကူညီပံ့ပိုးကြ‌စေရန် ရည်ရွယ်ပါသည်။ 💜🧡







🏥
💙🧡
💉🩺👨🏻‍⚕👩🏻‍⚕




💙🧡 မန္တလေး‌မြို့အနီးတစ်ဝိုက်ဒေသရှိ မိဘပြည်သူများ၏ အထွေထွေ ကျန်းမာရေးဆိုင်ရာပြဿနာများအား VIP CLINIC မှ အိမ်တိုင်ရာရောက် အ...
01/04/2022

💙🧡 မန္တလေး‌မြို့အနီးတစ်ဝိုက်ဒေသရှိ မိဘပြည်သူများ၏ အထွေထွေ ကျန်းမာရေးဆိုင်ရာပြဿနာများအား VIP CLINIC မှ အိမ်တိုင်ရာရောက် အကောင်းဆုံး ကုသစောင့်ရှောက်မှုပေး‌နေပြီ ဖြစ်ပါတယ်ရှင် 💙🧡

👨🏻‍⚕👩🏻‍⚕ပါမောက္ခဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ ဆေးဘက်ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းတည်‌ထောင်ထား‌သော ‌Mobile Team တစ်ခု ဖြစ်ပြီး၊ မန္တလေးမြို့တွင် အခြေစိုက်တည်ရှိပါသည်

🏥 VIP HOME HEALTHCARE CLINIC တွင် ပြသနိုင်သော ဆရာဝန်ကြီးများမှာ ...

👨🏻‍⚕အ‌ထွေထွေ‌ရောဂါကုသမားတော်ကြီးများ
(General Physicians)

👨🏻‍⚕အထွေထွေခွဲစိတ်အထူးကုဆရာဝန်ကြီးများ
(General Surgeons)

👨🏻‍⚕အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာအထူးကု သမားတော်ကြီးများ
(Gastroenterologists)

👨🏻‍⚕အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများ
(Orthopedic surgeons)

👨🏻‍⚕အရိုး၊ အကြော၊ အဆစ်ဆေးပညာဆိုင်ရာအထူးကုသမား‌တော်ကြီးများ
(Rheumatologists)

👨🏻‍⚕အသည်းအထူးကုသမားတော်ကြီးများ
(Liver Physicians)

👨🏻‍⚕ဆေးဘက်ဆိုင်ရာ ကင်ဆာအထူးကုဆရာဝန်ကြီးများ
(Medical Oncologists)

👨🏻‍⚕သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ
(OB-GYN)

👨🏻‍⚕ကလေးအထူးကုသမား‌တော်ကြီးများ
(Pediatricians)

👨🏻‍⚕စိတ်ရောဂါကုဆရာဝန်ကြီးများ
(Psychiatrics)

👨🏻‍⚕ဆီးနှင့်‌ ကျောက်ကပ်ခွဲစိတ်ဆရာဝန်ကြီးများ
(Urosurgeons)
.... ဖြစ်ပါတယ်ရှင်

👨🏻‍⚕👩🏻‍⚕ဆရာဝန်ကြီးများမှ အိမ်အရောက် လိုက်လံကုသပေးရန် (09) 9600 114 11 ကို ဖုန်းဆက်သွယ်ကာ ဘိုကင်တင်၍ ရက်ချိန်းရယူပေးပါရှင်

👨🏻‍⚕👩🏻‍⚕လူကြီးမင်းတို့၏ ကျန်းမာ‌ရေးပြဿနာများအတွက် သင့်တော်သော နှုန်းထားများဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးသွားပါမည်

👨🏻‍⚕👩🏻‍⚕ VIP Clinic နှင့် ဆက်သွယ်ခြင်းဖြင့် ကျန်းမာရေးသုခများစွာ ပြည့်စုံနိုင်ပါစေ 💙🧡

📞 အသေးစိတ်စုံစမ်းမေးမြန်းနိုင်ရန်အတွက် (09) 9600 114 11 ကို ဆက်သွယ်နိုင်ပါသည်

🏥
💙🧡
💉🩺👨🏻‍⚕👩🏻‍⚕






🤍❤️ "တီဘီရောဂါ အမြစ်ဖြတ်ဖို့၊ အင်တိုက်အားတိုက် ပါဝင်ကြပါစို့" 🤍❤️🤍❤️ နှစ်စဉ် မတ်လ (၂၄) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့တီဘီ...
24/03/2022

🤍❤️ "တီဘီရောဂါ အမြစ်ဖြတ်ဖို့၊ အင်တိုက်အားတိုက် ပါဝင်ကြပါစို့" 🤍❤️

🤍❤️ နှစ်စဉ် မတ်လ (၂၄) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့တီဘီရောဂါ (TB) နေ့သည် ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ရန်၊ တိုက်တွန်းနှိုးဆော်လိုသည့် ရည်ရွယ်ချက်ဖြင့် လမ်းဖွင့်ပေးသည့်နေ့ဖြစ်ပါသည်။

🤍❤️ တီဘီရောဂါသည် ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံးနှင့် ကူးစက်အလွယ်ဆုံးရောဂါများထဲမှ တစ်ခုဖြစ်သည်။

🤍❤️ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ၏ စစ်တမ်းများအရ တစ်နေ့လျှင် လူပေါင်း ၄၁၀၀ ကျော်သည် တီဘီရောဂါဖြင့် အသက်ဆုံးရှုံးကြပြီး လူ ၂၈,၀၀၀ နီးပါးသည် ကာကွယ်၍ ကုသနိုင်သော ရောဂါဖြင့် ဖျားနာကြသည်။

🤍❤️ တီဘီရောဂါ တိုက်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများသည် ၂၀၀၀ ပြည့်နှစ်မှစကာ ခန့်မှန်းခြေ အသက် ၆၆ သန်းကို ကယ်တင်နိုင်ခဲ့သည်။

🤍❤️ သို့သော်လည်း COVID-19 ကပ်ရောဂါသည် တီဘီရောဂါတိုက်ဖျက်ရေး၏ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သော တိုးတက်မှုရလဒ်ကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။

🤍❤️ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တီဘီရောဂါကြောင့် သေဆုံးမှုသည် 2020 ခုနှစ်တွင် ပြန်လည်တိုးပွားလာခဲ့‌ပြန်ပေသည်။

🤍❤️ ထို့ကြောင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့တီဘီရောဂါနေ့၏ ဆောင်ပုဒ်သည် တီဘီရောဂါအဆုံးသတ်တိုက်ဖြတ်နိုင်ရေးကဏ္ဍတွင် အရှိန်မြှင့်တင်နိုင်ရန် အားစိုက်ကူညီပံ့ပိုးပေးကြဖို့ အရေးတကြီးလိုအပ်နေကြောင်း ဖေါ်ပြ‌‌ထားပေသည်။

🦠 တီဘီရောဂါအကြောင်း
တီဘီရောဂါ (TB) သည် ရောဂါပိုးရှိသူ၏ ချောင်းဆိုး၊ နှာချေခြင်းမှ အမှုန်အမွှားလေးများကို ရှူရှိုက်မိရာမှ ကူးစက်ပျံ့နှံ့သည့် ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်သည်။

🦠 ၎င်းသည် အဆုတ်ကို အဓိကအားဖြင့် ထိခိုက်စေသော်လည်း ဝမ်း(ဝမ်းဗိုက်)၊ ဂလင်းများ၊ အရိုးများနှင့် အာရုံကြောစနစ်များ အပါအဝင် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမဆို ထိခိုက်နိုင်သည်။

🦠 တီဘီရောဂါကုသခြင်း။

တီဘီရောဂါသည် ပြင်းထန်သောအခြေအနေတစ်ခုဖြစ်နိုင်သော်လည်း မှန်ကန်သောပဋိဇီဝဆေးများဖြင့် ကုသပါက ပျောက်ကင်းနိုင်သည်။

🦠 တီဘီရောဂါလက္ခဏာများ။

🦠၃ ပတ်ထက်ကျော်၍ အချိန်ကြာကြာ၊ မကြာခဏ ချောင်းဆိုးခြင်း
🦠သလိပ်ထွက်ကာ သွေးပါခြင်း
🦠 ကိုယ်အလေးချိန်ကျခြင်းနှင့် ချွေးထွက်များခြင်း
🦠 ကိုယ်အပူချိန်မြင့်ကာ ပင်ပန်းနွမ်းနယ်ခြင်း
🦠အစာစားချင်စိတ်ပျောက်ဆုံးခြင်း
🦠 လည်ပင်း၌ရောင်ရမ်းခြင်း

🦠 တီဘီရောဂါရှိနေပါက
☣️ ချောင်းဆိုး၊ နှာချေ သို့မဟုတ် ရယ်မောသောအခါတွင် ပါးစပ်ကို အုပ်ထား‌ပေးပါ။
☣️ ပလပ်စတစ်အိတ်ထဲတွင် အသုံးပြုထားသော တစ်ရှူးများကို အလုံပိတ်၍ ဂရုတစိုက် စွန့်ပစ်ပါ။
☣️ လေကောင်းလေသန့်ရရှိရန် ပြတင်းပေါက်များဖွင့်ထားပါ။
☣️ အခြားသူများနှင့် မထိတွေ့‌မိရန် သီးသန့်‌ခပ်‌ခွာခွာနေထိုင်ပါ။

🦠 အကယ်၍ သင်သည် တီဘီရောဂါရှိသူနှင့် နီးကပ်စွာ ထိတွေ့မိပါက၊ သင်သည်လည်း ကူးစက်ခံရခြင်းရှိ၊ မရှိ သိရန် စမ်းသပ်စစ်‌ဆေးနိုင်သည်။ ဆရာဝန်ကြီးများနှင့် ဆွေးနွေးပြသကာ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ လိုအပ်သည့်သွေးစစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်။🩺👨🏻‍⚕💊

🦠 တီဘီရောဂါကာကွယ်ဆေး 💉
BCG ဟုခေါ်သော (Bacillus Calmette-Guérin) ကာကွယ်ဆေးသည် တီဘီရောဂါအတွက် အဓိကအသုံးပြုသည့် ကာကွယ်ဆေးဖြစ်ပြီး၊ ဆရာဝန်၏ညွှန်ကြားမှုနှင့်သာ ထိုးနှံသင့်သည်။

👨🏻‍⚕👩🏻‍⚕ တီဘီရောဂါနှင့် ပတ်သတ်၍ တိုင်ပင်ဆွေးနွေးကုသမှုခံယူလိုပါကလည်း VIP Clinic သို့ ဆက်သွယ်နိုင်ပါတယ်

👨🏻‍⚕👩🏻‍⚕ ကျန်းမာရေးဆိုင်ရာ သိလိုသမျှကိုလည်း Message Box မှတစ်ဆင့်မေးမြန်းထားနိုင်ပါတယ်ရှင်

👨🏻‍⚕👩🏻‍⚕ 📞 ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်မှာ
၀၉ - ၉၆၀၀၁၁၄၁၁ ဖြစ်ပါတယ်




🏥
💙🧡
💉🩺👨🏻‍⚕👩🏻‍⚕

🏠 💉HOME CARE CA CERVIX VACCINATION💉🦠🏠 💉👨🏻‍⚕ အိမ်အရောက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်း 💉🦠🧡💙 သားအိမ်ခေါင်းကင...
23/03/2022

🏠 💉HOME CARE CA CERVIX VACCINATION💉🦠

🏠 💉👨🏻‍⚕ အိမ်အရောက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်း 💉🦠

🧡💙 သားအိမ်ခေါင်းကင်ဆာ ရောဂါဟူသည် အသက် ၃၀ ကျော် အမျိုးသမီးများတွင် အဖြစ်များပြီး ဖြစ်ပွားမှုအားလုံး၏ ၉၉ % သည် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်သော အန္တရာယ်များသော HPV (Human Papillomaviruses) နှင့် ဆက်စပ်နေပါသည်

🧡💙 ကြိုတင်ကာကွယ်ခြင်းသည် ကုသမှုထက် ပိုမိုထိရောက်သော‌ကြောင့် အသက် ၂၅ နှစ် ပြည့်ပြီးသော အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးမဖြစ်မနေ ထိုးနှံထားသင့်ပါတယ် 💉🦠

🧡💙 သားအိမ်ခေါင်းကာကွယ်ဆေးကို VIP HOME HEALTHCARE CLINIC မှ အိမ်တိုင်ရာရောက် ထိုးနှံပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင် 💉🦠

💉 သားအိမ်ခေါင်းကာကွယ်ဆေးက ဘယ်အရွယ်မှာ စထိုးလို့ရပြီလဲ

👧🏻👩🏻👩🏻‍🦳အသက် ၉ နှစ်မှ စပြီး ၄၅ နှစ် အရွယ်ထိ အမျိုးသမီးများ ထိုးနှံထားသင့်ပါတယ်

📅💉ဆေးထိုးရမယ့် Schedule တွေကတော့

👧🏻👩🏻 ၉ နှစ်မှ ၁၄ နှစ် အရွယ်အတွင်း ၂ ကြိမ်ထိုးနှံရပါမယ်

✓ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ၆ လ ခြားရပါမည်

👩🏻👩🏻‍🦳၁၅ နှစ်မှ ၄၅ နှစ် အရွယ်အတွင်း ၃ ကြိမ် ထိုးနှံရပါမယ်

✓ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ၂ လခြားပြီး
✓ ပထမ အကြိမ်နှင့် တတိယအကြိမ် ၆ လခြားရပါမည်

📞 ဘိုကင်ရယူနိုင်ရန်နှင့် အသေးစိတ် စုံစမ်းမေးမြန်းရန်အတွက် ဖုန်းနံပါတ် ၀၉ - ၉၆၀၀၁၁၄၁၁ ကို ယခု ချက်ချင်းပင် ဆက်သွယ်နိုင်ပါပြီရှင် 📞

💳 💵 ငွေပေးချေစနစ်ကို Cash, Bank, Mobile Money များမှ လူကြီးမင်းတို့ အဆင်ပြေသောစနစ်ကို အသုံးပြု ပေးချေနိုင်ပါတယ်

🦠 ‌သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများမှာ 🦠
🦠 ရာသီသွေးဆင်းရာတွင် ပုံမှန်ထက် ပိုကြာခြင်း
🦠 လိင်ဆက်ဆံစဉ် နာကျင်ခြင်း
🦠 လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်း
🦠 တင်ပါးဆုံတွင်း နာကျင်ကိုက်ခဲခြင်း
🦠 ပြင်းထန်သော အနံ့များ ပုံမှန်မဟုတ်သော အရောင်များ ဖြင့် မိန်းမကိုယ်မှ အရည်ဆင်းခြင်း
🦠 သွေးဆုံးပြီးအသက်အရွယ်တွင် မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော သွေးဆင်းခြင်း တို့ ဖြစ်ပါတယ်

အထက်ပါ လက္ခဏာများအတိုင်း ပုံမမှန်သော အနေအထားများ ဖြစ်ပေါ်နေပါက ကျန်းမာရေး စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများဖြင့် ကုသထိန်းချုပ်
ရေးနည်းလမ်းများ အမြန်ဆုံးလုပ်ဆောင်နိုင်ရန်လည်း ကျွန်မတို့ VIP Home Healthcare Clinic သို့ ဆက်သွယ်စုံစမ်း၍ ဆွေး‌နွေးနိုင်ပါတယ်ရှင်

🏥👨🏻‍⚕👩🏻‍⚕ အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးပေးမှု 🏥👨🏻‍⚕👩🏻‍⚕💙🧡 ရောဂါရှာဖွေဖော်ထုတ်ရန်နှင့် ကုသမှု အစီအစဉ်ဆွဲရန် (သို့) ကု...
21/03/2022

🏥👨🏻‍⚕👩🏻‍⚕ အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးပေးမှု 🏥👨🏻‍⚕👩🏻‍⚕

💙🧡 ရောဂါရှာဖွေဖော်ထုတ်ရန်နှင့် ကုသမှု အစီအစဉ်ဆွဲရန် (သို့) ကုသမှု ရလဒ်များဖော်ထုတ်နိုင်ရန် စစ်ဆေးမှုများဖြစ်သည့် ...

✓ ECG (Electrocardiogram) (နှလုံး ECG ဆွဲခြင်း)
✓ Ultrasound (အသံလှိုင်းဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်း)
✓ Digital X-ray (ဓါတ်မှန်ရိုက်ခြင်း)

အစရှိသည်တို့ကို ကျွန်မတို့ VIP HOME HEALTHCARE CLINIC မှ လူကြီးမင်းတို့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါး ပါရစေရှင် 👨🏻‍⚕👩🏻‍⚕📞

👨🏻‍⚕👩🏻‍⚕VIP HOME HEALTHCARE CLINIC မှ လူကြီးမင်းတို့၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို အကောင်းဆုံးဝန်ဆောင်မှုများ၊ ကုသမှုများဖြင့် ဖြည့်ဆည်းပေးနိုင်ရန်အပြည့်အဝ တာဝန်ယူပါသည် 💙🧡

📞 အသေးစိတ်စုံစမ်းမေးမြန်းနိုင်ရန် (09) 960 011 411 ကို ဆက်သွယ်နိုင်ပါသည်ရှင်

🏥
💙🧡
💉🩺👨🏻‍⚕👩🏻‍⚕

💙🧡 ယနေ့ ၂၀၂၂ ခုနှစ်၊ မတ်လ၊ ၂၁ ရက်၊ တနင်္လာနေ့ တွင်ကျရောက်သော World Down Syndrome Day ကို ဂုဏ်ပြုအပ်ပါသည်။ 💙🧡 2022 ခုနှစ်...
21/03/2022

💙🧡 ယနေ့ ၂၀၂၂ ခုနှစ်၊ မတ်လ၊ ၂၁ ရက်၊ တနင်္လာနေ့ တွင်ကျရောက်သော World Down Syndrome Day ကို ဂုဏ်ပြုအပ်ပါသည်။

💙🧡 2022 ခုနှစ်၏ Down Syndrome ဆောင်ပုဒ်မှာ "Inclusion" (ပါဝင်ခြင်း) ဖြစ်ပါသည်။

💙🧡 Down Syndrome ‌‌ရှိသူများအား အပြည့်အဝပါဝင်‌ဖေးမကူညီနိုင်ရန်နှင့် အတူတကွ ခွန်အားပေးနိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိလူသားများအားလုံးကို တွန်းအားပေးလှုံ့ဆော်နိုင်‌စေရန် ရည်ရွယ်ပါသည်။




🏥
💙🧡
💉🩺👨🏻‍⚕👩🏻‍⚕

🚑👨🏻‍⚕👩🏻‍⚕ ဆေးရုံဆေးခန်းသို့သွားရောက်ပြသရန်အခက်အခဲရှိသော မိဘပြည်သူများ၊ လူကြီးသူမများနှင့် နာတာရှည်လူနာများအတွက် ကျွန်မတိ...
15/03/2022

🚑👨🏻‍⚕👩🏻‍⚕ ဆေးရုံဆေးခန်းသို့သွားရောက်ပြသရန်အခက်အခဲရှိသော မိဘပြည်သူများ၊ လူကြီးသူမများနှင့် နာတာရှည်လူနာများအတွက် ကျွန်မတို့ VIP CLINIC ၏ အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှုရှိပါတယ်ရှင်

🚑👨🏻‍⚕👩🏻‍⚕VIP Clinic မှာ ပါမောက္ခဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ ဆေးဘက်ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားရှိပြီး၊ အထွေထွေကျန်းမာ‌ရေးစောင့်ရှောက်မှုများပေး‌နေပြီဖြစ်ပါတယ်ရှင် 💙🧡

🏥 VIP HOME HEALTHCARE CLINIC တွင် ပြသနိုင်သော ဆရာဝန်ကြီးများမှာ ...
👨🏻‍⚕အ‌ထွေထွေသမားတော်ကြီးများ
👨🏻‍⚕ခွဲစိတ်အထူးကုဆရာဝန်ကြီးများ
👨🏻‍⚕အရိုးအထူးကုဆရာဝန်ကြီးများ
👨🏻‍⚕ဆီးနှင့်‌ ကျောက်ကပ်ခွဲစိတ်ဆရာဝန်ကြီးများ
👨🏻‍⚕အရိုး၊ အကြော၊ အဆစ်ဆေးပညာဆိုင်ရာအထူးကုသမား‌တော်ကြီးများ
👨🏻‍⚕စိတ်ရောဂါကုဆရာဝန်ကြီးများ
👨🏻‍⚕ကလေးအထူးကုသမား‌တော်ကြီးများ
👨🏻‍⚕အသည်းအထူးကုသမားတော်ကြီးများ
👨🏻‍⚕အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာအထူးကု သမားတော်ကြီးများ
👨🏻‍⚕သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ
👨🏻‍⚕ဆေးဘက်ဆိုင်ရာ ကင်ဆာအထူးကုဆရာဝန်ကြီးများပဲ ဖြစ်ပါတယ်

👨🏻‍⚕👩🏻‍⚕ဆရာဝန်ကြီးများ၏ အချိန်ဇယားများစုံစမ်းရန်နှင့် ရက်ချိန်းရယူရန် 📞 (09) 960 011 411 ကို ဆက်သွယ်နိုင်ပါတယ်ရှင်

🖊️ Chat Box မှလည်း အသေးစိတ်စုံစမ်းမေးမြန်းထားနိုင်ပါတယ်ရှင်

👨🏻‍⚕👩🏻‍⚕လူကြီးမင်းတို့အတွက် သင့်တော်သော နှုန်းထားများဖြင့်သာ အကောင်းဆုံးဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါတယ်

🥰 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာပျော်ရွှင်ခြင်းတို့ဖြင့် ပြည့်စုံဖို့ VIP Clinic နှင့် ဆက်သွယ်လိုက်ပါနော် 💙🧡

🏥
💙🧡
💉🩺👨🏻‍⚕👩🏻‍⚕

Address

Mandalay
05021

Telephone

+959960011411

Website

Alerts

Be the first to know and let us send you an email when VIP Home Healthcare Clinic - Mandalay Region posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share