Bay Thit Za Pharmacy

Bay Thit Za Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bay Thit Za Pharmacy, Pharmacy / Drugstore, Mandalay.

05/03/2024
02/03/2023

Hiruscar ဘူးခွံလေးတွေ သိမ်းထားရုံနဲ့ လက်ဆောင်တစ်ခုခု ပြန်ရမယ့်အပြင် Lucky Draw Program မှာပါ ပါဝင်ကံစမ်းနိုင်မယ့် ထူးထူးခြားခြား အစီအစဉ်မျိုးလေးတွေကို စောင့်မျှော်ဖူးကြတယ်ဟုတ်?

သိပ်မကြာခင်မှာ Hiruscar ချစ်သူတွေအတွက် အထူးအစီအစဉ်လေးတစ်ခု လုပ်တော့မယ့်အကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။

Hiruscar ဘူးခွံလေးတွေကို သိမ်းထားတဲ့သူတွေပဲ အခွင့်အရေးရမယ့် အစီအစဉ်မို့လို့ Hiruscar ရဲ့ အထူးအစီအစဉ်လေးမှာ ပါဝင်ကံစမ်းလက်ဆောင်တွေ ရယူနိုင်ဖို့ Hiruscar ဘူးခွံလေးတွေကို အခုချိန်ကစပြီး စုထားလိုက်တော့နော်။

12/01/2023

ခြေဖနောင့်နာခြင်း
==========
ယခုတလော ကျွန်တော်တို့ရဲ့ Customer service ဌာနကို ခြေဖနောင့်အတက်ထွက်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်တွေ လာလာမေးကြလို့ ကျွန်တော် ဒီ Post လေးကို ရေးသားလိုက်ပါတယ်။

ခြေဖနောင့်နာတယ်ဆိုတာ အများအားဖြင့် ခြေဖဝါးအတွင်းရှိ အရွတ်မြှေးရောင်ရမ်းခြင်း (𝗣𝗹𝗮𝗻𝘁𝗮𝗿 𝗳𝗮𝘀𝗰𝗶𝘁𝗶𝘀) ကြောင့်ဖြစ်ရပါတယ်။ အဲ့ဒီလို ခြေဖဝါးအတွင်း အရွတ်မြှေးရောင်ရမ်းမှု ခံစားနေရတဲ့ သူတွေမှာ ၅၀% ခန့်ဟာ ခြေဖနောင့်ရိုးမှာ အရိုးအတက် (Bone spur) ထွက်နေလေ့ရှိပါတယ်။ ခြေဖနောင့်အရိုးတက် ကိုယ်၌က နာကျင်မှုကို သိပ်မဖြစ်စေဘဲ အရွတ်မြှေး ရောင်ရမ်းမှုကသာ နာကျင်မှုကို အဓိကဖြစ်စေပါတယ်။

ခြေဖဝါးအရွတ်မြှေးကို ဒဏ်ဖြစ်ခြင်းက ရောင်ရမ်းမှုရဲ့ အဓိကအကြောင်းရင်းပါ။ လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် မတ်တပ်အကြာကြီး ရပ်ရခြင်းတို့က အရွတ်မြှေးကို ဒဏ်ဖြစ်စေပါတယ်။ ကူရှင်မကောင်းတဲ့ဖိနပ်၊ မာတဲ့ဖိနပ်နဲ့ ခြေခွက်ပုံစံအတိုင်း အလိုက်သင့်တဲ့ ဒီဇိုင်းမရှိတဲ့ ဖိနပ်တွေက ခြေဖဝါးအရွတ်မြှေး ဒဏ်ဖြစ်ခြင်းကို ပိုဆိုးစေပါတယ်။ အဲ့ဒီအခါမှာ ခြေဖဝါးအရွတ်မြှေး ရောင်ရမ်းလာပြီး နာကျင်မှုကို ခံစားရစေပါတယ်။

ဆောင်ရန်/ရှောင်ရန်များ
=============
✔️ ခြေထောက်ကို အနားပေးပါ။ ကိုယ်အလေးချိန် လျှော့ချပါ။ ဆိုးပြား ပျော့အိသောဖိနပ်၊ ခြေထောက်ပုံစံအတိုင်း အလိုက်သင့်ဖြစ်အောင် ဒီဇိုင်းထုတ်ထားသော ဖိနပ်များကို စီးပါ။ ဖိနပ်အတွင်း Insole ခေါ် ခြေနင်းပြားလေးများ ခုခံပြီးလည်း စီးနိုင်ပါတယ်။
✔️ မျက်နှာပြင်အမာများပေါ်တွင် ဖိနပ်မပါဘဲ ခြေဗလာနှင့် လမ်းလျှောက်ခြင်း၊ မာသောဖိနပ်စီးခြင်းတို့ကို ရှောင်ပါ။
✔️ ခြေထောက်နာနေစဉ် လမ်းလျှောက်ခြင်း၊ ပြေးခြင်းစသော ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းများကို လျှော့လုပ်ပါ။ ခတ္တခဏ နားထားပါ။ လေ့ကျင့်ခန်း မလုပ်မီနှင့် လုပ်ပြီးချိန်များတွင် အကြောလျှော့ပေးပါ။
✔️ ခြေထောက်ကို ပိုမိုနာကျင်စေတဲ့ မည်သည့်အပြုအမူမဆို ရှောင်ကြဉ်ပါ။
✔️ စိတ်ရှည်ပါ။ ခြေဖဝါးအရွတ်မြှေး ရောင်ရမ်းခြင်းသည် တမဟုတ်ချင်း သက်သာသွားမည့် ရောဂါမဟုတ်ပါ။ အချိန်ယူ ကုသရပါမယ်။
✔️ လိုအပ်ပါက အရိုးအထူးကုဆရာဝန်များ၊ အကြောဘက်ဆိုင်ရာ ဆေးဘက်ကျွမ်းကျင် (Physiotherapist) တို့နှင့် သွားရောက်ပြသသင့်ပါတယ်။

ကုသခြင်း
======
ကုသမှုအနေနဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး အများစုဟာ အစာအိမ်ကို ထိခိုက်စေနိုင်တာကြောင့် အစာနှင့်တွဲပြီး သောက်သုံးသင့်ပါတယ်။ ညအိပ်ရာဝင်ခြေကျပ်စည်း (Night splint) ကိုလည်း စီးပေးနိုင်ပါတယ်။ မသက်သာရင် ဖနောင့်ကို စတီးရွိုက်အရောင်ကျဆေးများ ထိုးတာ၊ ကျောက်ပတ်တီးစီးတာ စတဲ့ကုသမှုတွေ ခံယူရနိုင်သလို ခွဲစိတ်ကုသမှုတွေအထိ ပြုလုပ်ရနိုင်ပါတယ်။

သဘာဝဆေးဝါးတွေထဲကနေ မိုးမခပင်ရဲ့ အခေါက်ကနေရရှိတဲ့ ဆယ်လီစင် (𝗦𝗮𝗹𝗶𝗰𝗶𝗻) ဒြပ်ပေါင်း၊ နနွင်း (𝗧𝘂𝗿𝗺𝗲𝗿𝗶𝗰)၊ နာနတ်သီးကနေရရှိတဲ့ ဘရိုမယ်လိန်း (𝗕𝗿𝗼𝗺𝗲𝗹𝗮𝗶𝗻) ဒြပ်ပေါင်းနဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ် (𝗢𝗺𝗲𝗴𝗮 𝟯 𝗳𝗮𝘁𝘁𝘆 𝗮𝗰𝗶𝗱) တို့ကို ခြေဖဝါးအတွင်း အရွတ်မြှေး ရောင်ရမ်းမှုအတွက် အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

မိုးမခပင်ကနေရရှိတဲ့ ဆယ်လီစင်ဒြပ်ပေါင်းနဲ့ နနွင်းမှာပါဝင်တဲ့ ကာကူမင် (𝗖𝘂𝗿𝗰𝘂𝗺𝗶𝗻) ဒြပ်ပေါင်းတို့ဟာ နာကျင်မှုနှင့်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ ဘရိုမယ်လိန်း ဒြပ်ပေါင်းနဲ့ အိုမီဂါ-၃ တို့ဟာလည်း ရောင်ရမ်းမှုကို ကျဆင်းစေတယ်။ နိုင်ငံတကာသုတေသနတွေအရ ကာကူမင်နှင့် ဘရိုမယ်လိန်းတို့ရဲ့ ခြေဖဝါးအရွတ်မြှေး ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်ဟာ အခြား ဈေးကွက်အတွင်း လက်ရှိအသုံးပြုနေတဲ့ အရောင်ကျဆေးတွေနည်းတူ အစွမ်းထက်ကြောင်း တွေ့ရပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

30/11/2022
04/11/2022

#သားသားမီးမီးတိုင်း Smart ကျစေဖို့ Nutrikidကိုတိုက်ကျစို့

လက်ဆောင်လေးတွေက 6.6.2022 အထိပဲနော်😁😁
24/05/2022

လက်ဆောင်လေးတွေက 6.6.2022 အထိပဲနော်😁😁

  အခမဲ့တိုင်းတာတဲ့ အစီအစဉ်လေး 19.4.2022  အဂ်ါနေ့  မနက် 9:00 နာရီကနေ .12:00 နာရီအထိ  BMI အခမဲ့ တိုင်းတာပေးခြင်း အစီအစဉ်ကိ...
19/04/2022

အခမဲ့တိုင်းတာတဲ့ အစီအစဉ်လေး

19.4.2022 အဂ်ါနေ့ မနက် 9:00 နာရီကနေ .12:00 နာရီအထိ BMI အခမဲ့ တိုင်းတာပေးခြင်း အစီအစဉ်ကို ပြုလုပ်ပေးသွားမည့်အပြင် မဲနှိုက်ပြီး လက်ဆောင်ရမည့် အစီအစဉ်များလဲပါဝင်ပါတယ်။

BMI ဆိုတာ လူတစ်ယောက် ပိန်လား၊ဝလား၊ပုံမှန်ပဲလားဆိုတာကို ကျန်းမာရေးရှုထောင့်ကနေ တွက်ချက်သိရှိနိုင်တဲ့ ကိုယ်ခန္ဓာအလေးချိန်ညွှန်းကိန်းတစ်ခုပါ ။

ကျန်းမာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ ကိုယ့်ရဲ့ BMIဘယ်လောက်ရှိလဲဆိုတာ သိထားသင့်ပါတယ်။

BMIဟာ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ချေအတွက် ယေဘုယျအားဖြင့် အသုံးတည့်တဲ့ ညွှန်းကိန်းဖြစ်ပါတယ် ကိုယ်ထဲမှာ အဆီတွေဘယ်လောက်ရှိသလဲဆိုတာ သိနိုင်တဲ့ ညွှန်းကိန်းတစ်ခုပါ ။

ချစ်တို့ရဲ့ BMI ဘယ်လောက်ရှိလဲဆိုတာကို အခမဲ့တိုင်းတာပေးမှာဖြစ်လို့ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

ဘေသဇ္ဇ(ဆေးဆိုင်) သင်္ကြန်အကြိုနေ့ မှ နှစ်ဆန်း(၁)ရက်နေ့ ထိ (၅)ရက်ပိတ်ပါသည်ရှင့်။🙏🙏နှစ်သစ်မှာလိုရာဆန္ဒပြည့်ဝကြပါစေရှင့်။🙏🙏...
07/04/2022

ဘေသဇ္ဇ(ဆေးဆိုင်) သင်္ကြန်အကြိုနေ့ မှ
နှစ်ဆန်း(၁)ရက်နေ့ ထိ (၅)ရက်ပိတ်ပါသည်ရှင့်။🙏🙏

နှစ်သစ်မှာလိုရာဆန္ဒပြည့်ဝကြပါစေရှင့်။🙏🙏🙏

ဒီနေ့....Ensureအကြီးတစ်ဘူးဝယ်ရင် မျက်နှာသုတ်စောင်တစ်ထည်Ensureအသေးတစ်ဘူးဝယ်ရင် တီရှပ်တစ်ထည်နဲ့ hand balတစ်ခု lလက်ဆောင်ပေး...
31/03/2022

ဒီနေ့....
Ensureအကြီးတစ်ဘူးဝယ်ရင် မျက်နှာသုတ်စောင်တစ်ထည်
Ensureအသေးတစ်ဘူးဝယ်ရင် တီရှပ်တစ်ထည်နဲ့ hand balတစ်ခု
lလက်ဆောင်ပေးနေပြီနော်.😄

15/03/2022
25/02/2022
အသီးစိမ်ထားတဲ့ရေ ကိုထမင်းစားပြီးလျှင် သောက်ကြည့်ပါ။ အဆီအစိမ့်လဲပြေပြီးအသည်း နှင့်ကျောက်ကပ်ကိုလည်းသန့်စင်ပေးပါတယ်အခုတလော ...
13/12/2021

အသီးစိမ်ထားတဲ့ရေ ကိုထမင်းစားပြီးလျှင် သောက်ကြည့်ပါ။
အဆီအစိမ့်လဲပြေပြီးအသည်း နှင့်ကျောက်ကပ်ကိုလည်းသန့်စင်ပေးပါတယ်

အခုတလော နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ အလွန်ခေတ်စားနေတဲ့ Detox Water အကြောင်းကို မျှဝေပေးချင်ပါတယ်။ Detox Water ဆိုတာ သစ်သီးများကို ရေဖြင့် စိမ်ထားတဲ့ သစ်သီးစိမ်ရေကို ဆိုလိုတာ ဖြစ်ပါတယ်။

သစ်သီးစိမ်ရေကို သောက်ခြင်းအားဖြင့် လူတို့နေ့စဉ် စားသောက်ထားတဲ့ အစားအစာများကို စစ်ထုတ်ပေးနေတဲ့ အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အတောက်များကို သန့်စင်ရှင်းလင်းပေးပြီး အသည်းနှင့်ကျောက်ကပ်ကို ရောဂါကင်းစင်စေကာ သန်မာလာစေတယ်လို့ ဆိုပါတယ်။

Detox Water ပြုလုပ်နည်းများထဲမှ နည်းလမ်းအချို့ကို ကိုယ်တိုင်အလွယ်တကူ ပြုလုပ်၍ သောက်သုံးနိုင်ရန် မျှဝေပေးလိုက်ပါတယ်။

(၁) Cucumber Lemon Mint Detox Water
ပုံထဲမှာပါသည့်အတိုင်း ဖန်ခွက်၊ ရေခရား၊ အ၀ကျယ်ပုလင်းပု တစ်ခုခုထဲကို သောက်ရေထည့်ပါ။ ပြီးလျှင် သခွါးသီးကွင်း၊ သံပယိုသီးကွင်းနှင့် ပူစီနံရွက်တို့ကို ရေနှင့်ချိန်ဆ၍ အနေတော်ထည့်ပြီး (၅)နာရီခန့် ရေခဲသေတ္ထာထဲ ထည့်ထားပြီး သောက်ပါ။

(၂) Apple Cinnamon Detox Water
ပန်းသီးစိတ်နှင့် သစ်ဂျပိုးမှုန့် အနည်းငယ်ကို သောက်ရေထဲ ထည့်စိမ်ပြီး သောက်ပါ။

(၃) Apple Cider Vinegar Detox Water
ACV လို့ခေါ်တဲ့ ပန်းသီးအရည်ကို သောက်ရေခွက်ထဲ အနည်းငယ် ထည့်စိမ်၍ သောက်ပါ။ (Apple Cider Vinegar ကို ကုန်တိုက်များမှာ ၀ယယြူနိုငပြါတယြ)

(၄) Strawberry Detox Water
စတော်ဘယ်ရီသီးလေးများကို သောက်ရေထဲ ထည့်စိမ်၍ သောက်ပါ။

(၅) Simple Detox Water
သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး တစ်မျိုးမျီုးကို သောက်ရေထဲသို့ တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ပါ။

(၆) Weight Loss Detox Water
Grapefruit သီး၊ မန်ကျည်းသီးမှည့်၊ သခွားသီးတို့ကို အနည်းစီ ထည့်စိမ်၍ သောက်ပါ။ ဝိတ်ကိုလည်း ကျစေပါတယ်။

(၇) Fruits Detox Water
ဒီနည်းကတော့ အကောင်းဆုံးနဲ့ အရသာအရှိဆုံး ဖြစ်ပါတယ်။ သခွါးသီး၊ ပန်းသီး၊ သံပုယိုသီး၊ ဘယ်ရီသီး၊ ပူစီနံရွက် စသည်တို့ကို လတ်လတ်ဆတ်ဆတ် စုံနိုင်သလောက် စုံအောင်ထည့်စိမ်ပြီး သောက်ပါ။

ဒီနည်းတွေထဲမှ မိမိနှင့်အဆင်ပြေနိုင်မည့် နည်းတစ်ခုခုကို ရွေးချယ်၍ လုပ်နိုင်ပါသည်။ အနည်းဆုံး ၆ နာရီမှ ၁၀ ခန့်အထိ စိမ်ထားပြီးလျှင် စတင်သောက်သုံးနိုင်ပါပြီ။ ရေနည်းသွားလျှင် ပြန်ဖြည့်ထားနိုင်ပါသည်။ စိမ်ထားသည့် ရေများကို ၂ရက်(၄၈) နာရီအတွင်း ကုန်အောင် သောက်နိုင်လျှင် ပိုကောင်းပါသည်။ ဒီထက် ပိုကြာသွားလျှင် မလတ်ဆတ်တော့ပါဘူး။

ပိုမိုထိရောက်စေလိုလျှင် အလုပ်နားသည့်ရက်မှာ ထမင်းဟင်းများကို လုံး၀မစားပဲ Detox Water ကိုသာ တစ်နေ့လုံး သောက်ပေးပါ။ စိမ်ထားသော အသီးအနှံနှင့် အခြားဖျော်ရည်များကိုလည်း သောက်ပေးနိုင်ပါသည်။

၀မ်းတွင်းမှ ကလီစာများကို အနားပေးပြီး ဆေးကျောသန့်စင်သည့် သဘောဖြင့် တစ်ပတ်ကို အနည်းဆုံး တစ်ရက်ခန့် ပြုလုပ်ပေးပါက သင်သည် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်မှာကို လုံး၀ပူပန်စရာမလိုသည့် လူသားတစ်ဦး ဖြစ်လာမှာ အမှန်ပါပဲ။

လူတို့၏ ကျန်းမာရေးကို ဒုက္ခပေးနေသော သကြားနှင့်ဂတ်စ်တို့ဖြင့် ထုတ်လုပ်ထားသည့် အချိုရည်အမျိုးမျိုးကို သောက်သုံးမည့်အစား သန့်ရှင်းလတ်ဆတ်သော ကိုယ်တိုင်လုပ် သစ်သီးစိတ်ရည်ကို သောက်သုံးဖြင့် သင့်ကျန်းမာရေးကို ဒီနေ့ကစပြီး ဂရုစိုက်ပေးလိုက်ပါမိတ်ဆွေ။

Credit to :
My Food Myanmar

မြန်မာ Food Villa

Detox Water စိမ်ထားရင် ရေလည်းများများသောက်ဖြစ်တယ်၊ အဆီကျဝမ်းမှန်ပြီး အသားအရည်လည်းစိုပြည် လာစေပါတယ်။
မြတ်ပြုလုပ်နေကျ လွယ်ကူရိုးရှင်းတဲ့ Detox Water စိမ်နည်းလေး တင်ပေးလိုက်ပါတယ်ရှင့်

၁။ Detox Water ဆိုတာ ဘာလဲ ???

Detox Water ဆိုတာ အသီးအရွက်တွေနဲ့ စိမ်ထားပြီးသောက်ရတဲ့ရေတစ်မျိုးပါ။

လူရဲ့ခန္ဓာကိုယ့်အတွင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

၂။ Detox Water သောက်ခြင်းကနေ ရလာမယ့်
အကျိုးကျေးဇူးများ

Detox Water ကိုနေ့တိုင်း ရေအစားထိုးသောက်ပေးရင်
တော့ ဝိတ်ကျစေနိုင်ပါတယ်။အစားမစားခင် ဒီ Detox Water ကို သောက်ပေးလိုက်ရင် ဗိုက်ပြည့်သွားနိုင်တာကြောင့် အဆာခံပါတယ်။ နောက်ပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ မကောင်းသော ဓာတ်ပြုမှုများ ကို ဖယ်ရှားသန့်စင်ပေးပါတယ်။

၃။ မြတ်ရဲ့ Detox Water ပြုလုပ်နည်း

Detox Water ကို မနက်ဖန်သောက် မယ်ဆိုဒီနေ့ညမှာစိမ်ထားရပါမယ်နော်

လိုအပ်တဲ့ပစ္စည်းများ
--------------------
သံပုရိုသီး (၁)လုံး အကွင်းလေးတွေလှီးပါ။
သခွားသီးအလုံးသေး (၁)လုံး ပါးပါးလှီးပါ။
ဂျင်းလက် (၁)ဆစ် ပါးပါးလှီးပါ။
ပန်းသီး အသေး (၁)ခြမ်း အခွံနွှာပြီးအတုံးလေးတွေ တုံးပါ။
ဖရဲသီး အတုံးသေး (၅/၆)တုံးခန့် ထည့်ပါ။
ပူစီနံ (၅)ရွက် ထည့်ပါ။

Credit original writter

08/12/2021
20/11/2021
12/11/2021
Dynamogénခွန်အားဖြည့်ပေးတဲ့ဆေးရည်တောင့်လေးတွေ💊အားအင်ချိနဲ့ခြင်း💊အစားစားချင်စိတ်ပျောက်ဆုံးခြင်း💊အဟာရပြတ်လပ်ခြင်း💊ခန္ဓာကို...
28/10/2021

Dynamogén
ခွန်အားဖြည့်ပေးတဲ့ဆေးရည်တောင့်လေးတွေ
💊အားအင်ချိနဲ့ခြင်း
💊အစားစားချင်စိတ်ပျောက်ဆုံးခြင်း
💊အဟာရပြတ်လပ်ခြင်း
💊ခန္ဓာကိုယ်ဖွံဖြိုးကြီးထွားမှုနှေးကွေးခြင်း
💊နာလန်ထစ လူမမာတွေအတွက် အထူးသင့်တော်ပါ
တယ်😊
Raspberry အရသာလေးနဲ့ဒီဆေးရည်တောင့်လေးဟာ
အသက်(၂)နှစ်အထက် ကလေးတွေကစပီး လူကြီးတွေအထိသောက်လို့ရပါတယ်
အစားစားချင်စိတ်ပျောက်ပီး အိပ်မပျော်တဲ့ သူတွေအတွက်သင့်တော်တဲ့ .....
"Dinamogén"

Address

Mandalay

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+9592014223

Website

Alerts

Be the first to know and let us send you an email when Bay Thit Za Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram