Shwe Myint Moh Clinic - ရွှေမြင့်မိုရ်အထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Mandalay
  • Shwe Myint Moh Clinic - ရွှေမြင့်မိုရ်အထွေထွေရောဂါကုဆေးခန်း

Shwe Myint Moh Clinic - ရွှေမြင့်မိုရ်အထွေထွေရောဂါကုဆေးခန်း အထွေထွေရောဂါကုဆေးခန်းဖြစ်ပါသောကြောင့်ပင်တိုင်အထွေထွေရောဂါကုဆရာဝန်မှလွဲ၍မည်သည့်အထူးကုဆရာဝန်မှမထိုင်ပါ။

03/04/2025

ယနေ့ ၃.၄.၂၀၂၅ ညနေမှစ၍
ပုံမှန်အတိုင်း
ဆေးခန်းပြန်ဖွင့်ပါပြီ။
လိပ်စာ-၄၉လမ်း နှင့် ၁၂၀လမ်းထောင့်

^^^ရွှေမြင့်မိုရ်^^^🏥အထွေထွေရောဂါကုဆေးခန်း🏥ဖွင့်လှစ်ခြင်း ၆ နှစ်ပြည့်အမှတ်တရအဖြစ်Lydia Myanmar နှင့် ပူးပေါင်း၍👉🏻လက်မောင...
02/03/2025

^^^ရွှေမြင့်မိုရ်^^^
🏥အထွေထွေရောဂါကုဆေးခန်း🏥

ဖွင့်လှစ်ခြင်း ၆ နှစ်ပြည့်အမှတ်တရအဖြစ်

Lydia Myanmar နှင့် ပူးပေါင်း၍

👉🏻လက်မောင်းအတွင်းထဲ့ရသော
၄ နှစ်ခံသန္ဓေတားဆေး
Hormonal Implant (Implanex II) ကို
👉🏻အမျိုးသမီး ၅ ဦးအား
👉🏻၂၀. ၃. ၂၀၂၅ ရက်နေ့တွင်
👉🏻``` အခမဲ့ ‘ ‘ ‘
ထည့်ပေးမည်ဖြစ်ပါသောကြောင့်
👉🏻မည်သူမဆို ရွှေမြင့်မိုရ်ဆေးခန်းသို့
ဆေးခန်းဖွင့်ချိန်အတွင်း
ကိုယ်တိုင်လာရောက်ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

ထို့အပြင် 👇👇👇
▶️အသက် ၆၀ နှစ်နှင့်အထက်
▶️သက်ကြီးလူကြီး ၂၀ ဦးအတွက်
▶️ဆီးချို သွေးချို သွေးပေါင်ချိန် အခမဲ့ တိုင်းပေးခြင်း
▶️သွေးကျဆေး ဆီးချိုကျဆေးကဒ်များ အခမဲ့ ပေးခြင်းများ
ကုသိုလ်ပြုလုပ်ပေးသွားမည့်အကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
(၂၀. ၃. ၂၅ / ဆေးခန်းဖွင့်ချိန်အတွင်းသာ)

🏥ဆေးခန်းလိပ်စာ
၄၉ လမ်း နှင့် ၁၂၀ လမ်းထောင့်
(မြရည်နန္ဒာအိမ်ယာအနီး)
ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

⏰ဆေးခန်းဖွင့်ချိန်
မနက် ၈ နာရီ မှ ၁၁ နာရီ အထိ
ညနေ ၄ နာရီ မှ ၇ နာရီ အထိ

✅တိကျမှန်ကန်သောဓါတ်ခွဲသွေးစစ်ခြင်းအမျိုးမျိုးအား
စျေးနှုန်းချိုသာစွာဖြင့် one stop service လုပ်ဆောင်နိုင်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

🔔 1️⃣1️⃣.1️⃣1️⃣ 𝔽𝕝𝕒𝕤𝕙 𝕊𝕒𝕝𝕖𝕤 နဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ပေးမယ့် 𝓓𝓻.𝓦𝓔 ရဲ့ တန်ဆောင်တိုင် 𝓟𝓻𝓸𝓶𝓸𝓽𝓲𝓸𝓷𝓼 ကြီး လာပြီနော် 🙋🏻‍♀️...
11/11/2024

🔔 1️⃣1️⃣.1️⃣1️⃣ 𝔽𝕝𝕒𝕤𝕙 𝕊𝕒𝕝𝕖𝕤 နဲ့အတူ
မြိုင်မြိုင်ဆိုင်ဆိုင်ပေးမယ့် 𝓓𝓻.𝓦𝓔 ရဲ့ တန်ဆောင်တိုင် 𝓟𝓻𝓸𝓶𝓸𝓽𝓲𝓸𝓷𝓼 ကြီး လာပြီနော် 🙋🏻‍♀️🎉🤍

Page Link လေးပါ ⬇️⬇️⬇️
https://www.facebook.com/share/p/19XiCatML5/?mibextid=WC7FNe

ထိထိရောက်ရောက် လှပပြောင်းလဲသွားစေမယ့် Treatments တွေကို 𝓓𝓻.𝓦𝓔 မှာ 𝓝𝓸𝓿𝓮𝓶𝓫𝓮𝓻 𝟙𝟙-𝟚𝟘 အထိ 𝐮𝐩𝐭𝐨 5️⃣0️⃣% ​𝐎𝐟𝐟 ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။ ☺️

✨ နွေးထွေးပြီး ဖော်ရွေပျူငှာတဲ့ဝန်ဆောင်မှုရှိခြင်း။

✨ ကျွမ်းကျင်တဲ့ ဆရာဝန် ကိုယ်တိုင် အရည်အသွေးကောင်းမွန်တဲ့ ဆေးပစ္စည်းများကိုသာအသုံးပြုပြီး ပြုလုပ်ပေးတာမို့ စိတ်ချယုံကြည်စွာ 𝒕𝒓𝒆𝒂𝒕𝒎𝒆𝒏𝒕 ယူနိုင်ပါတယ်။

✅ ကာကာလေးတို့စိတ်ကြိုက် Treatments ပေါင်းများစွာကို 𝐮𝐩𝐭𝐨 5️⃣0️⃣% ​𝐎𝐟𝐟 ပရိုမိုးရှင်းရရှိမှာဖြစ်ပါတယ် 👏🏻

ကဲ.... November လကလည်း ပွဲတက်ရာသီ၊ ဘွဲ့ ရာသီ ဖြစ်တာကြောင့် ပွဲတက်တွေအမှီ လှပကြွရွနေဖို့ အခုပဲ 𝓓𝓻.𝓦𝓔 ကို လှမ်းလာခဲ့လိုက်ပါတော့နော်။

ကြိုတင် Booking တင်ချင်တယ်ဆိုရင်တော့
📩 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှဆက်သွယ်နိုင်တဲ့အပြင်

☎️ - 𝟎𝟗 𝟗𝟓𝟓𝟎𝟗𝟔𝟓𝟓𝟎
☎️ - 𝟎𝟗 𝟐𝟎𝟓𝟑𝟗𝟐𝟖, 𝟎𝟗 𝟕𝟕𝟑𝟔𝟓𝟓𝟑𝟔𝟓
ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

Address -𝟔𝟓လမ်း 𝟏𝟏𝟏လမ်းနဲ့ 𝟏𝟏𝟐 လမ်းကြား 𝐃𝐫. 𝐖𝐄 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 & 𝐋𝐚𝐬𝐞𝐫 𝐂𝐥𝐢𝐧𝐢𝐜ပါရှင့် 🏠🏠

&laserclinic



Highly Effective Exosome Therapy 🧬Dr. WE Aesthetics & Laser Clinic
28/09/2024

Highly Effective Exosome Therapy 🧬
Dr. WE Aesthetics & Laser Clinic

Carbon Laser Give Away လေး ၂ဦး မဲဖောက်ပေးမှာနော် 🩷Dr. WE Aesthetics & Laser Clinic
05/09/2024

Carbon Laser Give Away လေး ၂ဦး မဲဖောက်ပေးမှာနော် 🩷
Dr. WE Aesthetics & Laser Clinic

Dr. WE Aesthetics & Laser Clinic အရေပြားနှင့်အလှအပရေးရာဆေးခန်းအသစ်ကြီးကို ၆၅လမ်း ၊ ၁၁၁လမ်း နှင့် ၁၁၂လမ်းကြား၊ ချမ်းမြသာစ...
23/08/2024

Dr. WE Aesthetics & Laser Clinic အရေပြားနှင့်အလှအပရေးရာဆေးခန်းအသစ်ကြီးကို ၆၅လမ်း ၊ ၁၁၁လမ်း နှင့် ၁၁၂လမ်းကြား၊ ချမ်းမြသာစည်၊ မန္တလေးမြို့တွင် စတင်ဖွင့်လှစ်လိုက်ပါပြီနော် 🎈

Promotion နဲ့ Give Away အစီအစဉ်လေးများကို လစဉ်လတိုင်းလုပ်ပေးသွားမှာဖြစ်လို့ Admin တို့ဆေးခန်း page အသစ်လေးကို like & follow လုပ်ပေးထားပါဦးနော် …..🌸👩🏻‍⚕️

နုပျိုလှပခြင်းအတွက်စိတ်ချယုံကြည် Dr.WE 👩🏻‍⚕️

စက်ကြီးတွေရောက်နေပြီမို့ မျှော်နေကြတဲ့သူလေးများအတွက် …….👇👇👇ချက်ချင်းလုပ် ချက်ချင်းဖြူဝင်းတာသိသာလို့ လူကြိုက်အရမ်းကိုများ...
23/08/2024

စက်ကြီးတွေရောက်နေပြီမို့ မျှော်နေကြတဲ့သူလေးများအတွက် …….👇👇👇
ချက်ချင်းလုပ် ချက်ချင်းဖြူဝင်းတာသိသာလို့ လူကြိုက်အရမ်းကိုများတဲ့ 𝐇𝐨𝐥𝐥𝐲𝐰𝐨𝐨𝐝 𝐂𝐚𝐫𝐛𝐨𝐧 𝐋𝐚𝐬𝐞𝐫 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 လေး 👩🏻‍⚕️ Dr. WE Aesthetics & Laser Clinic မှာ 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 လေး ချပေးထားပြီနော် …… 💜

#𝐇𝐢𝐅𝐔 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 လေးလဲ 5️⃣0️⃣% 🅾🅵🅵 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 လေးရှိပါသေးတယ်နော် 💎

For Booking 👉 📞 09~955096550

Covid-19 အလွန် Recovery ရသွားပြီးတဲ့ လူနာတွေအနည်းဆုံး ၂ပတ်ကနေ ၄ပတ်ထိ ဆက်လုပ်သင့်သောအရာများ......၁။ Aerobic Walkingလမ်းလျ...
11/08/2021

Covid-19 အလွန် Recovery ရသွားပြီးတဲ့ လူနာတွေ

အနည်းဆုံး ၂ပတ်ကနေ ၄ပတ်ထိ ဆက်လုပ်သင့်သောအရာများ......

၁။ Aerobic Walking

လမ်းလျှောက်ပါ...Strenuous exerciseမျိုးမဟုတ်ပဲ
တရားစခန်းမှာ ခြေလှမ်းခြေကြွမှန်မှန်လျှောက်သလို
ဖြည်းဖြည်းမှန်မှန်လေး လျှောက်ပေးပါ ...
သွေးလည်ပတ်မှုအား ပြန်လည်ကောင်းမွန်လာပြီး
covidကြောင့် သွေးပစ်နှုန်းကျဆင်းစေပါတယ် ...
ကုတင်ဘေးပတ်လျှောက်နေတောင် ရပါတယ် ...

၂။ Respiratory Exercise

Breathing exerciseအသက်ရှူလေ့ကျင့်ခန်းလုပ်ပါ..
Spirometerလေးတွေနဲ့ဆို ပိုကောင်းပါတယ် ...
လူနာတွေအနေနဲ့ ကိုယ်ဘယ်လောက် မှုတ်နိုင်ပီလဲ
အမှတ်အသားတစ်ခုအရ အားတက်စေပါတယ် ...
ပူပေါင်းလဲ မှုတ်လို့ရပါတယ် .. ဘယ်နှလုံးရတယ်
ဆိုတာက သူတို့အတွက် စာမေးပွဲရမှတ်လိုပါပဲ ...

၃။ ဆက်မှောက်ပါ

၂၄နာရီမှာ အနည်းဆုံး၄နာရီလောက်တော့မှောက်ပါ
၄နာရီဆက်တိုက်လို့ မဆိုလိုပါ .. ၂၄နာရီ အတွင်း
မှောက်လိုက် အခြားပုံစံပြောင်းလိုက်နဲ့ လုပ်ပေးပါ ..
ငြောင်းလာရင်တော့ အတင်းကြီး ဆက်မမှောက်လဲ
ရပါပြီ .. ဇွတ်ကြီး အတင်းဆက်မမှောက်ခိုင်းပါနဲ့ ...
စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်တတ်ပါတယ် ...

၄။ Physiotherapy

မှောက်နေစဥ်ထိုင်နေစဥ်နားနေစဥ်မှာ လူနာရှင်တွေက
လူနာရဲ့Joint movementလေးတွေရအောင် ဘေးက
အဆစ်အသေးမှ စတင်ပြီး အဆစ်ကြီးထိ တခုချင်း
ကိုင်တွယ်ပေးပြီး လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ ...
(နှိပ်နယ်ပြုစုပေးသဖွယ်လဲ ရောက်ပါတယ် ..
မိဘနဲ့သားသမီးကြား နွေးထွေးမှုလဲ ဖြစ်စေပါတယ်)

သွေးတိုး ဆီးချို ရောဂါအခံနဲ့ မတည့်တာကလွဲရင်
အာသီသရှိရာ စားချင်ရာ စားပါ .. ကျွေးပါ ..
အသီးအနှံ မုန့်ပဲသရေစာကအစ နှစ်သက်ရာကျွေးပါ..
နေ့စဥ်စားသောက်သည့်(ထမင်းဟင်း)နဲ့ မုန့်များမှပဲ
အာဟာရ ရရှိစေပါ .. ဖြည့်စွက်စာလိုအာဟာရအမှုန့်
ဖျော်တိုက်ရတာမျိုးတွေ တတ်နိုင်သမျှလျှော့ကျွေးပါ..
အချို့လူနာတွေရဲ့ စိတ်ထဲတွင်
ထိုအရာများစားသောက်ရခြင်းအပေါ် မိမိကိုယ်မိမိ
လူနာကြီးသဖွယ် ခံစားရပီး စိတ်ဓာတ်ကျတတ်လို့ပါ..
(ကြိုက်ရင်တော့ ကျွေးပါ .. အားပိုရှိပါတယ်)

စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးပါ ...
များများအိပ် များများစားပါစေ ...
အိပ်စက်အနားယူနေစဥ် အရေးမကြီးရင် မနှိုးပါနဲ့ ..
တရားနာ ကိုရီးယားကားဖွင့်ပေး စသဖြင့်
စိတ်အေးလက်အေးအနားယူနိုင်တဲ့ ပတ်ဝန်းကျင်မျိုး
ဖန်တီးထားပေးပါ..သူတို့ပြောသမျှ နားထောင်ပေးပါ..

PS : အချို့ အချက်များသည် Recoveryရပီး
လူနာတွေ အတွက်သာရည်ရွယ်ပါတယ် ...
အချို့အချက်များဖြစ်သည့် Coagulopathyခေါ်
Covidကြောင့် သွေးပစ်နေသောလူနာများတွင်
ခြေသလုံးရောင်ခြင်း စသကဲ့သို့သော လက္ခဏာများ
ရှိနေပါက PE ခေါ် ခြေသလုံးထဲရှိ သွေးခဲလုံးပြုတ်ပီး
နှလုံးအဝတွင်ပိတ်ဆို့ပြီး ချက်ချင်းသေစေနိုင်ပါတယ်
Exertion ခေါ် လှုပ်ရှားမှုဒဏ် မခံနိုင်သေးသော
လူနာများတွင်လဲ ပိုမိုမောပန်းစေနိုင်ပါတယ် ...

ထို့ကြောင့် Recovery stageထဲ ဝင်သော
လူနာများအတွက်သာ ရည်ညွှန်းပါတယ် ...

၂ပတ်မှ၄ပတ်အတွင်း Exertional Hypoxaemia
အချိန်မရွေးပြန်ရနိုင်သေးပါသဖြင့် ပြင်းထန်သော
လှုပ်ရှားမှုများ မလုပ်ကြသေးရန် သတိပြုပေးကြပါ

Credit

ယနေ့ flow regulator အလှူ...... 🙏ကျွန်တော်တို့ 'ရွှေမြင့်မိုရ်' ဆေးခန်း မိသားစု မှ ဆေးခန်းအကျိုးအမြတ်လေးတွေထဲက တတ်နိုင်သလ...
26/07/2021

ယနေ့ flow regulator အလှူ...... 🙏

ကျွန်တော်တို့ 'ရွှေမြင့်မိုရ်' ဆေးခန်း မိသားစု မှ ဆေးခန်းအကျိုးအမြတ်လေးတွေထဲက တတ်နိုင်သလောက်လေးကုသိုလ်ပါဝင်ထားတဲ့အတွက် 'ရွှေမြင့်မိုရ်' ဆေးခန်းသို့လာရောက်ကုသကြသောလူနာများ၏စု‌ပေါင်းကုသ်ုလ်လေးလဲဖြစ်ပါတယ်။
အများ သာဓုခေါ်နိုင်အောင် တင်ပေးလိုက်ပါတယ်။
မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာ ကျန်းမာ ချမ်းသာကြပါစေ။🙏

SARS-CoV-2 Antibody Test Kits အကြောင်းပါ။1. Antibody ကို ဘယ်အချိန်မှာစစ်မလဲ။အမေရိကန် CDC Guidelines အရ ကိုဗစ်ပိုးစဝင်ပြီ...
24/07/2021

SARS-CoV-2 Antibody Test Kits အကြောင်းပါ။

1. Antibody ကို ဘယ်အချိန်မှာစစ်မလဲ။

အမေရိကန် CDC Guidelines အရ ကိုဗစ်ပိုးစဝင်ပြီး (ဖျားနာတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာပေါ်ပြီး သို့မဟုတ် Antigen Test kit နဲ့စစ်လို့ (+) ဖြစ်ပီး ၁ ပါတ် ကနေ ၃ ပါတ်မှာ antibody စစ်လို့ရပါမယ်။ (ကျွန်တော့်တစ်ကိုယ်ရေ အမြင်အရတော့ အနည်းဆုံး ၂ ပါတ်ကြာမှ စစ်ပါ။ ဘာလို့လည်းဆိုတော့ အခုအတွေ့အကြုံအရ Antibody ထွက်တာ အစောဆုံး ၁၄ ရက်မှမြင်ဖူးလို့ပါ။)

2. Test Kit နဲ့စစ်တိုင်း Antibody ပေါ်လား။

ကိုဗစ် လက္ခဏာဘယ်လောက်ပြင်းထန်စွာခံစားခဲ့ရလည်းပေါ်မူတည်ပြီး Antibody ပေါ်ပါတယ်။ ဆိုလိုချင်တာက ကိုဗစ်လက္ခဏာများပြင်းထန်စွာခံစားခဲ့ရပါက ကိုယ်ခန္ဓာကပိုမိုတုံ့ပြန်ပေးပြီး Antibody များများနဲ့မြန်မြန်ထွက်လို့ Antibody Test kit နဲ့စစ်ရင် Test kit မှာထင်းနေတာမြင်ရမှာပါ။

3. ကိုဗစ်ပိုးဝင်ပြီး သို့မဟုတ် Covid−19

(+) ဖြစ်ပြီး Antibody စစ်ကြည့်တာ မပေါ်တာ ဘာကြောင့်လည်း။
(၃) ခုဖြစ်နိုင်ပါတယ်။
၁။ Test kit ကမှားယွင်းတာ သို့မဟုတ် စစ်ပုံစစ်နည်းမှားယွင်းတာဖြစ်နိုင်ပါတယ်။
၂။ ကိုယ်ခန္ဓာက Antibody မထွက်သေးချိန်စစ်မိလို့လည်းဖြစ်နိုင်ပါတယ်။
၃။ တစ်ချို့လူတွေမှာ Seroreversion ဆိုတာဖြစ်တတ်ပါတယ်။ Seroreversion ဆိုတာဘာလည်းဆိုတော့ လွယ်လွယ်ပြောရရင် ကိုယ်ခန္ဓာမှာ Antibody ထွက်ပေမယ့် ကြာကြာမခံပဲ ပြန်ပျက်သွားတာမျိုးပါ။ ကိုဗစ်ပိုးဝင်ပြီး ရောဂါလက္ခဏာသိပ်မခံစားရပဲ နေပြန်ကောင်းသွားတဲ့သူတွေမှာဖြစ်နိုင်ပါတယ်။

4. Antibody က ကိုယ်ခန္ဓာထဲ ဘယ်လောက်ကြာကြာထိရှိမလဲ။ ဘယ်အချိန်ထိစစ်လို့ရလဲ။

အဲ့တာကတော့ အားလုံးလေ့လာနေကြတုန်းပဲရှိပါသေးတယ်။ ဘယ်သူမှတော့တိတိကျကျမသိကြသေးပါ။

5. Test kit မှာပါတဲ့ C G M တွေကဘာတွေလဲ။

C ဆိုတာ Control ရဲ့အတိုကောက်ပါ။ သူ့ဘေးမှာ စစ်တိုင်းစစ်တိုင်းအနီကြောင်းလေးပေါ်နေရပါမယ်။ မပေါ်ဘူးဆိုရင် Test Kit Error ပါ။
G ဆိုတာက Antibody IgG ကိုအတိုကောက် ပြောတာပါ။ တကယ်လို့သူ့ဘေးမှာအနီလိုင်းလေးပေါ်နေမယ်ဆိုရင် အကြမ်းဖျဥ်းအားဖြင့် ကိုဗစ်ပိုးနဲ့ လွန်ခဲ့တဲ့ ၂ပါတ်မှ တစ်နှစ်အတွင်းထိတွေမှုရှိခဲ့တယ်လို့ယူဆပြီး Antibody ရှိတယ်လို့ မှတ်ယူရမှာပါ။
M ဆိုတာကတော့ Antibody IgM ကိုအတိုကောက် ပြောတာပါ။ သူ့ဘေးမှာ အနီလိုင်းလေးပေါ်နေမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၂ပါတ် မှ ၃ပါတ်အတွင်း ကိုဗစ်ပိုးနဲ့ထိတွေ့မှုရှိတယ်လို့ ယူဆရပါမယ်။ Antibody ရှိတယ်လို့ မှတ်ယူရမှာပါ။ ဒီနေရာမှာတစ်ခုမှတ်ယူရမှာက IgM သည်ခဏပဲခံပြီး IgG အဖြစ်ပြောင်းပါတယ်။ များသောအားဖြင့် စစ်လို့မမိတတ်ပါ။
ဆိုလိုချင်တာက C နဲ့ G မှာ အနီရောင် (၂)ကြောင်းပေါ်လျှင် မိမိကိုယ်ခန္ဓာမှာ ခုခံအား Antibody ရပီလို့ ယူဆိလို့ရပါပြီ။
6. Antibody ဆိုတော့ ကိုဗစ်ပိုးကို အပြည့်အဝကာကွယ်နိုင်ပီလား။
အခုဖြစ်နေတဲ့ကပ်ရောဂါ ကိုဗစ်ဆိုတာက အရမ်းမာယာများပါတယ်။ Antibody ထွက်ပြီးတိုင်းလည်း ကိုဗစ်ကိုအပြည့်အဝကာကွယ်နိုင်ပြီလို့ လုံးဝ မယူဆနိုင်ပါ။ သို့သော် Antibody မရှိတဲ့သူများထက်တော့ရောဂါပြန်ဖြစ်ဖို့ရာခိုင်နှုန်းပိုနည်းပါတယ်။ ထို့ကြောင့် နေပြန်ကောင်းပြီး Antibody ရပြီးလည်း အခြားသူများကဲ့သို့ ကိုဗစ်ကာကွယ်ရေးစည်းမျဥ်းစည်းကမ်းများကို အတိအကျလိုက်နာဖို့လိုအပ်ပါတယ်။

7. Antigen Test Kit or Antibody Test kit ဘယ် Test Kit ကိုရွေးချယ်ရမလဲ။

Antigen Test Kit ကို အများသောအားဖြင့် နှာခေါင်းတို့ပတ်ယူပြီးစစ်တာလို့ လူသိများပါတယ်။ (ခြွင်းချက် − တံတွေးကနေစစ်တာလည်းရှိပါတယ်။ စိတ်တော့မချရသေးပါ)။
Antibody Test Kit ကို အများသောအားဖြင့် သွေးကစစ်တာလို့ လူသိကြပါတယ်။
ဆိုလိုချင်တာက −
မိမိသည် စစဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း Covid ပိုးကြောင့် ဟုတ်မဟုတ်စစ်လိုလျှင် Antigen Kit (နှာခေါင်းတို့ပတ်ယူပြီးစစ်) ကိုရွေးချယ်ရပါမယ်။ ( အဲ့အချိန်မှာ Antibody Kit ကို မသုံးပါနက်။ ထိရောက်မှုမရှိပါ)
ကိုဗစ်ကြောင့်နာလန်ပြန်ထပြီး သို့မဟုတ် Covid (+) ဖြစ်ပြီး အနည်းဆုံး (၁၄) ရက်နေမှ မိမိ၏ ကိုယ်ခန္ဓာတွင် Antibody ထွက်မထွက်သိချင်ပါက Antibody Test Kit ကိုသုံးရပါမယ်။
နောက်တစ်ခုက Covid-19 ကာကွယ်ဆေးထိုးထားသူများ ကာကွယ်ဆေးအလုပ်မလုပ် ၊ Antibody ထွက်မထွက် သိချင်လျှင် antibody test kit ကိုသုံးလို့ရပါတယ်။

8. Test Kit တွေနဲ့ပဲ ကိုဗစ်ကို စစ်လို့ရတာလား။

အခုပြောတဲ့ Test kit တွေနဲ့စစ်တဲ့နည်းကို RDT ( Rapid Diagnostic Test) လို့ခေါ်ပြီး အလွယ်တကူ စစ်လို့ရတာပါ။ များသောအားဖြင့် Test kit ကွာလတီကောင်းတာတွေက ကိုဗစ်ပိုးကို သိရှိနိုင်မှု (Sensitivity 85-93%) နဲ့ တိကျမှန်ကန်မှု (Specificity 90-95%) လောက်ထိကိုရှိပါတယ်။ သို့သော် False Negative လို့ခေါ်တဲ့ မှားယွင်းပြီး ကိုဗစ်ပိုးမရှိပါဘူးလို့လည်းထွက်နိုင်တာကိုလည်း သတိထားရမှာပါ။

9. Vaccine ထိုးတားတဲ့သူတွေရော Antibody Test Kit နဲ့စစ်ကြည့်လို့ရမလား။

ရပါတယ်။ အကြမ်းဖျဉ်းအားဖြင့် Vaccine ထိုးပြီး အနည်းဆုံး ၁၄ရက် မှ ၁လ ဆို စစ်ကြည့်ရင် IgG မှာ Red line ပေါ်ကြပါတယ်။ IgM မှာတော့ ပေါ်ခဲပါတယ်။

10. Vaccine 2 does လုံးစုံအောင် ထိုးပီးပီ။ Antibody Test kit နဲ့စစ်တာ Antibody မပေါ်ဘူး။ ဘာလို့လဲ။

(၃) ချက်စဉ်းစားရပါမယ်။
၁။ ကိုယ်ခန္ဓာထဲက Antibody ပမာဏက Test Kit စစ်နိုင်တာထက် နည်းနေလို့ပါ။
၂။ Test Kit Error သို့မဟုတ် စစ်ပုံစစ်နည်း မမှန်လို့ဖြစ်နိုင်ပါတယ်။
၃။ တကယ်လည်း Vaccine မအောင်ပဲ Antibody မထွက်တာဖြစ်နိုင်ပါတယ်။
သိပ်စိတ်မပူပဲ RDT Test kit တွေထက် Sensitivity & Specifitivity ပိုမိုတိကျတဲ့ PCR method နဲ့ပြန်စစ်ပါ။

Credit....
လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါတယ်။

Online Care by Shwe Myint Moh Clinic for Covid-19🧑‍⚕️🧑‍⚕️မန္တလေးမြို့တွင်နေထိုင်ကြသော အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတ...
16/07/2021

Online Care by Shwe Myint Moh Clinic for Covid-19🧑‍⚕️🧑‍⚕️

မန္တလေးမြို့တွင်နေထိုင်ကြသော အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတက်‌ရောက်ကုသရန်အခက်အခဲရှိသော ကိုဗစ်လူနာများအား မှန်ကန်ထိ‌ရောက်သောကုသမှုများ ရရှိနိုင်စေရန်ရည်ရွယ်၍ Online မှတစ်ဆင့် ဆွေးနွေးတိုင်ပင် ကုသပေးပါမည်။

🔺လူနာအခြေအနေပေါ်မူတည်၍ လိုအပ်သော‌ကုသမှုများညွှန်ကြားပေးခြင်း
🔺နေ့စဉ်လူနာ၏ရောဂါတိုးတက်မှုအခြေအနေအားစောင့်ကြည့်ကုသခြင်း
🔺ကိုဗစ်လူနာများအတွက်ဆောင်ရန် ရှောင်ရန်နှင့် အာဟာရပြည့်ဝ‌သော စားသောက်နေထိုင်မှုပုံစံများလမ်းညွှန်ပေးခြင်း
🔺လိုအပ်သောဆေးဝါးများရရှိနိုင်မည့်နေရာများအားလမ်းညွှန်ပေးခြင်း

စသည်များအား တတ်နိုင်သလောက် လူနာ၏အခြေအနေပေါ်မူတည်၍ အကောင်းဆုံးဆွေးနွေးကူညီပေးပါမည်။

👉Page CB မှတဆင့် ဆက်သွယ်စာရင်းပေး ဆွေးနွေးတိုင်ပင်နိုင်ပါသည်။👈

Online တိုင်ပင်‌ဆွေးနွေးခ
(Online Consultation fees)
⛔ပေးရန် မလိုပါ⛔

(ဆရာဝန်အင်အားနဲ‌သောကြောင့် အရေးပေါ်အခြေအနေအရမ်းဆိုးသောလူနာများရှိပါက reply ကြာနေသည်များရှိခဲ့ပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ သွားရောက်ထားကြပါရန် အကြံပြုပါတယ်)

-------------------------
-------------------------
..............................FYI............................

👇👇👇👇👇👇👇👇👇👇👇👇👇

✴️ဆေးခန်းသို့လာပြမည့်လူနာများအတွက်✴️

🛑ကိုဗစ်-၁၉(Covid-19) Rapid Antigen Test (နှာခေါင်းတို့ဖတ်စစ်ဆေးခြင်း)
(USA made - RDT test kit များဖြင့်စစ်ဆေး‌ပေးပါသည်။)

🛑 Covid -19 Antibody Test (သွေးစစ်ခြင်း)

🛑အခြားရောဂါအမျိုးမျိုးအတွက် သွေးဓါတ်ခွဲစစ်ဆေးခြင်း

🛑ရာသီတုပ်ကွေးကာကွယ်ဆေးထိုးခြင်း

🛑အသဲရောင်အသားဝါ ဘီ ပိုးကာကွယ်ဆေးထိုးခြင်း များအား

ဆေးခန်းတွင် လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

"ရွှေမြင့်မိုရ်"
အထွေထွေရောဂါကုဆေးခန်း
49လမ်း နှင့် 120လမ်းထောင့်၊
ပြည်ကြီးတံခွန်၊ မန္တလေးမြို့။
☎️09 78 420 1200 ။

16/07/2021

ယခင် ဧရာဝတီ ကိုဗစ်စင်တာရှိလူနာများအား ကုသရာတွင် အသုံးပြုသော ......
ကိုဗစ်-၁၉ လူနာများ သွေးတွင်းအောက်စီဂျင်ကျရာတွင် အထောက်အကူဖြစ်သော
Prone position ထားနည်းလေးကို တစ်ဆင့်ချင်းအသေးစိတ်ရှင်းလင်းထားတဲ့ video လေး မျှဝေပေးလိုက်ပါတယ်။

Video Crd ပါ။

Address

Corner Of 49th And 120th Street, 49လမ်းနှင့် မင်းကြီးရန်နောင်လမ်းထောင့်
Mandalay

Opening Hours

Monday 08:00 - 12:00
16:00 - 20:00
Tuesday 08:00 - 12:00
16:00 - 20:00
Wednesday 08:00 - 12:00
16:00 - 20:00
Thursday 08:00 - 12:00
16:00 - 20:00
Friday 08:00 - 12:00
16:00 - 20:00
Saturday 08:00 - 12:00
16:00 - 20:00
Sunday 08:00 - 12:00
16:00 - 20:00

Telephone

+959784201200

Website

Alerts

Be the first to know and let us send you an email when Shwe Myint Moh Clinic - ရွှေမြင့်မိုရ်အထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram