Win Farm Products

Win Farm Products Connect with Win

မိတ်ဆွေတို့ရေ💕 ၂၀၂၆ နှစ် #သစ်မှာ ပိုမိုကျန်းမာလှပစေဖို့ ခန္ဓာကိုယ်က မလိုအပ်တဲ့အဆီပိုတွေကို နှစ်ဟောင်းမှာ ထားခဲ့ဖို့ အဆင်...
02/01/2026

မိတ်ဆွေတို့ရေ

💕 ၂၀၂၆ နှစ် #သစ်မှာ ပိုမိုကျန်းမာလှပစေဖို့ ခန္ဓာကိုယ်က မလိုအပ်တဲ့အဆီပိုတွေကို နှစ်ဟောင်းမှာ ထားခဲ့ဖို့ အဆင်သင့်ဖြစ်ပြီလား 💃 💕

ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိနိုင်မယ့် Detox Juice လို့ခေါ်တဲ့ Natural Juice လေးနဲ့ မိတ်ဆက်ပေးပါရစေ 🤩

🍀 မင်မင်တို့ဟာ စိတ်အလိုလိုက်ပြီး နေ့စဉ် အဆီများတဲ့အစားအစာတွေ၊ အပူအစပ်လွန်ကဲတဲ့အစားအစာတွေ၊ အရောင်ကာလာဆိုးဆေးတွေလှအောင် တန်ဆာဆင်ထားတဲ့အစားအစာတွေကို စိတ်ကြိုက် စားသုံးကြပါတယ်။ ဒီလို နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲက မလိုအပ်တဲ့အဆီများကို ဖယ်ရှားပစ်နိုင်ဖို့၊ ဝမ်းမှန်ပြီး အူလမ်းကြောင်းတလျှောက် သန့်စင်စေဖို့၊ ကိုယ်ခံအားကောင်းမွန်ပြီး အသားအရေ ကြည်လင်လှပစေဖို့ သဘာဝအသီးအနှံနဲ့ အရွက်တွေကို လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့ Natural Juice လေးတွေကို သောက်သုံးပေးဖို့ လိုအပ်လှပါတယ်။

🍀 နေ့စဉ် ပုံမှန်မသောက်သုံးနိုင်ရင်တောင်မှ တစ်ပတ်လုံးစားထားတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ဖို့ အနည်းဆုံး ၁ ပတ်မှာ ၁ ကြိမ်လောက်တော့ သောက်သုံးသင့်ပါတယ်။

🍀 Detox Juice လို့ခေါ်တဲ့ Natural Juice တွေဟာ သဘာဝဟင်းသီးဟင်းရွက်၊ သစ်ဥ၊ သစ်ဖုများဖြင့်သာ ဖော်စပ်ထားပြီး အခြားတာရှည်ခံဆေးဝါးများ မပါရှိတာကြောင့် ဘေးထွက်ဆိုးကျိုးမရှိနိုင်ပါရှင်။

🍀 ပါဝင်ပစ္စည်း၊ အသီးအရွက်များရဲ့ လတ်ဆတ်မှု၊ အချိုးအဆမှန်ကန်မှုနဲ့ လတ်လတ်ဆတ်ဆတ် သောက်သုံးဖို့ကတော့ အဓိကပါပဲရှင်။

🍀 မင်မင်တို့ရဲ့ အားသာချက်ကတော့ မှာယူမှ လတ်လတ်ဆတ်ဆတ်ကြိတ်ပြီး သောက်သုံးရန် အသင့်ပို့ဆောင်ပေးတာမို့ လတ်ဆတ်မှုရဲ့အရသာကို အပြည့်အဝခံစားရမှာပါ။

🍀 ကျန်းမာရေးမကောင်းမှ ကျန်းမာရေးကောင်းခြင်းရဲ့ အရသာတွေ မခံစားမိစေဖို့၊ သင့်ရဲ့စိတ်ကူးတွေကို ယနေ့မှစပြီး ပြောင်းလဲသင့်ပါတယ်လို့ အကြံပြုရင်း…….

🏡 Win Farm Products
No.2A, 32 St, Bet; 65stx66st
Mandalay
092003720, 09797277376

02/01/2026

💕နှစ်သစ်ကိုကိုကြိုဆိုရင်း💕

☘️ဒီတစ်ခါတော့ မုန်လာဥနီ🥕အမှုန့်လေးပါ။☘️နယ်ဝေးမှ customers များအတွက် လွယ်ကူစွာအသုံးပြုနိုင်ဖို့ရည်ရွယ်ပါတယ်🧡သူ့မှာ ဗီတာမင...
02/01/2026

☘️ဒီတစ်ခါတော့ မုန်လာဥနီ🥕အမှုန့်လေးပါ။
☘️နယ်ဝေးမှ customers များအတွက် လွယ်ကူစွာအသုံးပြုနိုင်ဖို့ရည်ရွယ်ပါတယ်

🧡သူ့မှာ ဗီတာမင် A၊ C နှင့် K ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင် A ကြွယ်ဝလို့ အမြင်အာရုံကောင်းမွန်ပြီး မျက်စိရောင်ရမ်းခြင်းမှ ကာကွယ်လို့ သားသားမီးမီးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖျော်ရည်လေးပေါ့ရှင်

🧡ဗီတာမင် B6 နဲ့ C ကြွယ်ဝလို့ ကိုယ်ခံအားစနစ် (Immune system) ကို အားကောင်းစေပြီး အလွယ်တကူဖျားနာခြင်းမှ ကင်းဝေးစေပါတယ်နော်

🧡သူ့ထဲမှာပါတဲ့ ဘီတာကာရိုတင်း (Beta Carotene) နှင့် လူတင်း (Lutein) တို့ကလည်း ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်စွမ်းရှိလို့ ကင်ဆာရောဂါကို ကာကွယ်နိုင်ကြောင်း လေ့လာသူများက အကြံပြုထားပါတယ်

သတိထားရမယ့်အချက်တွေကတော့ .......
✅လတ်လတ်ဆတ်ဆတ်ဖျော်သောက်ရာမှာ ပိုးသတ်ဆေးသုံးထားတဲ့ မုန်လာဥနီမဖြစ်ဖို့တော့ ဂရုစိုက်ရမယ်နော်
✅တစ်နေ့ကို လူတစ်ယောက်က မုန်လာဥနီဖျော်ရည်ကို အများဆုံး ၄ အောင်စ (၁၂၀ ဂရမ်) ခန့်မျှသာ သောက်သုံးသင့်ပါတယ်
✅သောက်သင့်တဲ့အချိန်ကတော့ မနက်စောစော အစာမစားမီ အချိန်လေးက အကောင်းဆုံးပါပဲရှင်

Win Myanmar Farm

🌸မိတ်ဆွေတို့ရေ🌸  နှစ်သစ် ရောက်တော့မယ်နော်...🥑နှစ်သစ်မှာ တစ်နှစ်ပတ်လုံး လာဘ်လာဘတွေပေါများပြီး ပိုက်ဆံထောစေဖို့ ၂၀၂၆ ရဲ့နှ...
31/12/2025

🌸မိတ်ဆွေတို့ရေ🌸
နှစ်သစ် ရောက်တော့မယ်နော်...

🥑နှစ်သစ်မှာ တစ်နှစ်ပတ်လုံး လာဘ်လာဘတွေပေါများပြီး ပိုက်ဆံထောစေဖို့ ၂၀၂၆ ရဲ့နှစ်သစ်အစဦးနေ့မှာ ထောပတ်သီးဆွမ်းလေး ဘုရားမှာ အချိန်မှီကပ်လှူနိုင်ဖို့ Win Farm Products မှာ အဆင်သင့်ရှိတယ်နော်!

🥑နှစ်သစ်မှာ ပိုက်ဆံထောပြီး ကမ္ဘာပတ်နိုင်ဖို့ ထောပတ်သီးဖျော်ရည်တိုက်ချင်ရင်လည်း Win Farm Products Store မှာ Hello 📞 လေးသာလုပ်လိုက်ပါ ..😁
အိမ်တိုင်ယာရောက်ပို့ဆောင်ပေးနေပါပြီနော်💗💗💗

🏡Win Myanmar Farm
NO.2(A), 32 street, bet: 65x66 street
MANDALAY
092003720
09797277376

🍀Win Myanmar Farm 🍀                                    မှ မိတ်ဆွေများရှင့်စနစ်တကျစိုက်ပျိုးထားတဲ့ မင်မင်တို့ခြံထွက် လတ်လ...
31/12/2025

🍀Win Myanmar Farm 🍀
မှ မိတ်ဆွေများရှင့်
စနစ်တကျစိုက်ပျိုးထားတဲ့ မင်မင်တို့ခြံထွက် လတ်လတ်ဆတ်ဆတ် beetrootလေး အနည်းငယ် ရှိပါတယ်ရှင် ❤️
အလုံး က ကြီးလွန်းလို့ တကီလို ၃လုံးလောက်ပဲပါဝင်ပါတယ်။☺️
ကိုယ်တိုင်ဖျော်သောက်ချင်သူများအတွက် တစ်ဥ ချင်းစီ ၊လည်းရောင်းချပေးပါတယ်။

အမှတ် 2(A)၊ 32 လမ်း၊ 65x66 ကြား၊ မန္တလေးမြို့ Win Farm Product Store မှာ လာဝယ်လို့ ရပါတယ်နော်

092003720
09797277376

31/12/2025

𝗕𝗲𝗲𝘁𝗿𝗼𝗼𝘁 𝗣𝗼𝘄𝗱𝗲𝗿

🍠အသည်းနဲ့ ကျောက်ကပ်အတွက် အားဆေးလို့ ဆိုကြပါတယ်။ သူ့ကို 'စလုံး' မှာတော့ ABC Juice လို့လဲ ခေါ်ကြပါတယ်နော်။

🍠နယ်ဝေးမှ Customer များနဲ့ အလုပ်ရှုပ်သူများအတွက် အလွယ်တကူဖျော်လို့ရနိုင်မဲ့ Beetroot Powder လေးပါ။

🍠သူ့ရဲ့အကျိုးကျေးဇူးလေးတွေကတော့ Link ထဲမှာ အသေးစိတ်ရှိတာမို့ ကြည့်ရှုပေးကြပါဦးရှင်

👉 https://www.facebook.com/share/p/1HtSgC6hZ1/

👉 https://www.facebook.com/share/v/1BjnL82CHZ/

👉 https://www.facebook.com/share/p/19APFzhN7L/

🥑 Only One day Promotion🥑   Today 24/12/25 တရက်တည်းသာ  Win Farm ရဲ့ Hass Avocado ကိုစားဖူးသူတိုင်း သိကြ တယ်နော်❤️❤️❤️🌸MD...
24/12/2025

🥑 Only One day Promotion🥑
Today 24/12/25 တရက်တည်းသာ
Win Farm ရဲ့ Hass Avocado ကိုစားဖူးသူတိုင်း သိကြ တယ်နော်❤️❤️❤️
🌸MDY Customers များအတွက် ၂၄/၁၂/၂၅ ဝယ်ယူသူတိုင်းအတွက် ၂ကီလို ဝယ် တကီလို လက်ဆောင်ပါ။
🌸YGN နှင်းအခြားနယ်များအတွက် ဒီနေ့ order တင်သူများသာ ၂ကီလို ဝယ်တကီလို လက်ဆောင်

🥑Hass 🥑ကိုစပြီး Try ကြည့်မယ်ဆိုရင်!💗 Baby hass လေးတွေနဲ့ စကြည့်နော်💗 သူ့ရဲ့အားသာချက်က အလုံးအရည်     အတွက် အများကြီးရတယ်၊...
21/12/2025

🥑Hass 🥑ကိုစပြီး Try ကြည့်မယ်ဆိုရင်!
💗 Baby hass လေးတွေနဲ့ စကြည့်နော်
💗 သူ့ရဲ့အားသာချက်က အလုံးအရည်
အတွက် အများကြီးရတယ်၊ ပေးရတဲ့ငွေ
amount ကနည်းတယ်
💗 သူ့ရဲ့အစေ့လေးတွေကသေးသေးလေး
တွေနဲ့၊ ခွဲစားဖို့ တကူးတက 🔪ရှာစရာမလို
အခွံလေးခွာပြီး၊ ကိုက်စားလိုက်ရုံ
💗 တလုံးတလေ error ဖြစ်ခဲ့ရင်တောင် စား
သုံးသူအတွက်တန်ပါတယ်နော်
🥑 Try ကြည့်ဖို့ " Win Myanmar Farm " က ကြိုဆိုလျှက်ပါ။👍

Baby hass တကီလို ၄၅၀၀( ၉/၁၀/၁၀လုံးနဲအထက်)
🥑လက်ကားဈေးသီးသန့်ရှိပါတယ်🥑

🌿ဆေးဖက်ဝင် စပါးလင်🌿     မိတ်ဆွေတို့ရေဒီတခါတော့ စပါးလင်ရဲ့အကျိုးကျေးဇူး( lemongrass health benefits) အကြောင်းလေးမျှဝေပါရစ...
19/12/2025

🌿ဆေးဖက်ဝင် စပါးလင်🌿
မိတ်ဆွေတို့ရေ
ဒီတခါတော့ စပါးလင်ရဲ့အကျိုးကျေးဇူး( lemongrass health benefits) အကြောင်းလေးမျှဝေပါရစေ❤️
☘️စပါးလင်ဆိုရင်... မုန့်ဟင်းခါးချက်တဲ့နေရာ၊ အသားငါးတွေအညှီနံ့ပျောက်အောင်ထည့်ချက်ရမဲ့အရာလို့ပဲ ထင်ထားကြပါတယ်နော်!
☘️တကယ်တော့ သူကသဘာဝဆေးကောင်းတလက်ပါရှင်
☘️ပါဝင်တဲ့ဓာတ်ပေါင်းတွေ
Vitamin C, Folic Acid, Zinc & Iron,
Potassium and Phosphorus နဲ့အခြား
အဟာရ ဓာတ်များစွာ ပါဝင်ပါတယ်နော်

☘️အသုံးဝင်မှုတွေ

✅ အအေးမိတုပ်ကွေးအတွက်
Vitamin C နဲ့ Antioxidants တွေကြွယ်ဝစွာ ပါဝင်လို့ ကိုယ်ခံစွမ်းအားမြင့်စေပြီး၊ ပြင်ပမှ ရောဂါပိုးမွှား တွေရဲ့ တိုက်ခိုက်မှုကိုခုခံကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း အအေးမိ၊ လည်ချောင်းနာ၊ ဖျားချင်တာတွေကို lemongrass tea တခွက်သောက်ရုံနဲ့ ကာကွယ်နိုင်ပါတယ်။

✅ ကိုယ်အလေးချိန်လျှော့ချင်သူများအတွက်
Phenolic compounds ပါဝင်ပြီး၊cholesterol ပမာဏ ကို ထိန်းချုပ်နိုင်ပြီး normally detox ဖြစ်စေလို့ ကိုယ်တွင်းစနစ်ကို သန့်စင်စေပါတယ်။ weight loss လုပ်ချင်သူများ အဆီချလဘက်ရည်အဖြစ် ပုံမှနါအသုံးပြုနိုင်တဲ့အရာလေးပါ။

✅ ကင်ဆာကာကွယ်ရေးအတွက်
သူ့ထဲမှာအဓိက compound အဖြစ် citral ပါဝင်လို့ ကင်ဆာဆဲလ် များကြီးထွားမှုကို ဟန့်တားနိုင်ပြီး၊ ကင်ဆာဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်တဲ့ သဘာဝဆေးတလက်ပါပဲရှင်
✅ စိတ်ပိုင်းဆိုင်ရာအတွက်
စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတည်ငြိမ်စေပြီး၊ stress & anxity တွေလျှော့ချရန်အတွက် ထိရောက်တဲ့သဘာဝဆေးတခွက်ပါ။ အထူးသဖြင့် အသက်ကြီးသူများ အိပ်ယာမဝင်ခင်မှာ lemongrass tea လေးတခွက်သောက်သုံးရင်ဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်မှုကိုပေးစွမ်းနိုင်ပါတယ်။

✅သွေးပေါင်ချိန်ထိန်းညှိပေးရန်အတွက်
သွေးဖိအားကိုလျှော့ချပေးပြီး၊ သွေးလည်ပါတ်မှုကိုပုံမှန်ဖြစ်စေသောကြောင့် သွေးတိုးသမားတွေအတွက် ပုံမှန်သောက်သင့်တဲ့ Herbal tea ပါပဲရှင်

✅ သောက်သုံးသင့်တဲ့အချိန်
🌸 Weight loss လုပ်လိုသူများအတွက်မနက်ပိုင်းမှာ သောက်သင့်ပါတယ်
🌸 လည်ပင်းနာ၊ ချွဲရှိရင်၊ ဖျားနာချင်ရင် မဖြစ်ခင်မှာကြိုတင်သောက်သင့်ပါတယ်
🌸 အစာချေစနစ်ကောင်းမွန်ရန်အတွက် အစာစားပြီးနာရီဝက်အကြာမှာသောက်သင့်ပါတယ်
🌸 အသက်ကြီးသူများ၊ စိတ်ပင်ပန်းနွမ်းနယ်သူများ အိပ်ရာမဝင်ခင်မှာသောက်သင့်ပါတယ်
✅ သောက်သုံးရမဲ့ပမာဏ
စပါးလင်မှုန့် တဇွန်း (သို့) နှစ်ဇွန်း teaspoons ကို ရေနွေးဆူဆူ ဖန်ခွက်တခွက်စာနဲ့ ၅မိနစ်လောက်နှပ်ပြီးမှ နွေးနွေးလေးသောက်သုံးသင့်ပါတယ်
✅ သတိပြုရန်
_ Algeric ရှိသူများအတွက် အရင်ဆုံးစမ်းသပ်ပြီးမှ သောက်သင့်
_ ကိုယ်ဝန်ဆောင် နှင့် ဆီးချိုသမားများ၊ သွေးပေါင်ချိန် ကျတတ်သူများ ရှောင်သင့်

Reference : What are the health benefits of Lemongrass tea?( Medically reviewd by Jerlyn Jores, MS., October 21, 2024)

ကဲစိတ်ကြိုက်သာ စားဖို့ပြင်🥑
12/12/2025

ကဲစိတ်ကြိုက်သာ စားဖို့ပြင်🥑

🌸အခုရနေပါပြီရှင်🌸
11/12/2025

🌸အခုရနေပါပြီရှင်🌸

💕 မိတ်ဆွေတို့ရှင့် 💕

အမျှင်ဓါတ် (fiber) များစွာနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေ များစွာကြွယ်ဝပြီး အာဟာရဓါတ်အလွန်ကြွယ်ဝတဲ့ သလဲသီးဖျော်ရည်လေးနဲ့ မိတ်ဆက်ပေးပါရစေ
အဓိကက နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်နော်
အခြားကျန်းမာရေးအကျိုးကျေးဇူးများစွာကိုလည်း အောက်မှာဖော်ပြပေးထားပါတယ်ရှင်
(crd to Nutritionist Jerlyn Jone ၏ 2023 June 6, update article)

သလဲသီးဖျော်ရည်၏ အကျိုးကျေးဇူးများ

ကင်ဆာရောဂါကို ကာကွယ်ဖို့ အထောက်အကူပြုခြင်း
✅ အခြားအသီးဖျော်ရည်ထက် Flavonoids လို့ခေါ်တဲ့ antioxidants ၂ ဆ/ ၃ ဆ ပိုမိုပါဝင်လို့ ကင်ဆာတွေဖြစ်စေနိုင်သော Free radicals တွေကို လျှော့ချပေးပါတယ်
✅သလဲသီးမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပြီး၊ အကျိတ်ကြီးထွားမှုနှင့် ပျံ့နှံ့မှုကို နှေးကွေးစေပါတယ်။ အထူးသဖြင့် အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာတို့ရဲ့ ဆဲလ်ကြီးထွားမှုကို ဟန့်ထားစေနိုင်ပါတယ်

နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချခြင်း
✅ သလဲသီးမှာပါဝင်တဲ့ Polyphonic ဒြပ်ပေါင်းတွေက သွေးပေါင်ချိန်ကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို အကျိုးပြုစေတဲ့အတွက် နှလုံးရောဂါရှိသူများ ရင်ဘတ်အောင့်ခြင်းကို လျှော့ချပေးနိုင်ပါတယ်

ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုခြင်း
✅ သလဲသီးမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက ဦးနှောက်ကျန်းမာရေးကို ကာကွယ်ပေးပြီး မှတ်ဉာဏ်တွေကောင်းလာစေပါတယ်
အယ်လ်ဇိုင်းမားရောဂါနှင့် ပါကင်ဆန်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

အစာအိမ်ပြဿနာများကို သက်သာစေခြင်း
✅ အမျှင်ဓါတ်များစွာပါဝင်လို့ အူအတွင်းရှိ ပရိုဘိုင်အိုတစ်အတွက် လောင်စာအဖြစ် လုပ်ဆောင်ပေးပြီး အစာခြေလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် ထောက်ပံ့ပေးပါတယ်
✅ အထူးသဖြင့် သလဲသီးဖျော်ရည်ဟာ အမောအပန်းခံနိုင်တဲ့အတွက် အားကစားလေ့ကျင့်မှုကို အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်

သွားကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း
✅ အန္တရာယ်ဖြစ်စေနိုင်သော ဘက်တီးရီးယားနှင့် မှိုများပေါက်ဖွားမှုကို လျှော့ချပေးနိုင်တဲ့ ဒြပ်ပေါင်းများ ပါဝင်လို့ သွားပိုးစားခြင်းနှင့် ခံတွင်းအနံ့ဆိုးခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်

သောက်သုံးသင့်သောပမာဏ
🔸 တစ်နေ့လျှင် ပမာဏ 8 to 12 oz (240ml နဲ့ 350ml) သောက်သုံးနိုင်ပါတယ်
🔸 တစ်နေ့လျှင် ပမာဏ 5 oz (200ml) နီးပါးကို အနည်းဆုံး ၂ ပတ်ဆက်တိုက် သောက်သုံးပါက အကောင်းဆုံး အကျိုးသက်ရောက်မှုကို ရရှိနိုင်ပါတယ်
🔸 တခြား သကြား၊ ချိုသောအရည်များ မပါဝင်ရပါ။

🕐သောက်သုံးသင့်သောအချိန်
🔸 အကောင်းဆုံးအချိန်က မနက်စောစော အစာမစားခင်မှာ သောက်သုံးသင့်ပါတယ်။ အစာအိမ်ထဲမှာ အစာရှင်းတဲ့အချိန် သောက်သုံးခြင်းက အာဟာရဓါတ်တွေကို ပိုမိုရရှိမှာဖြစ်ပါတယ်
🔸 ဒါ့အပြင် နေ့လယ် အစာမစားခင်နဲ့ အစာစားပြီးအချိန်မှာ သောက်သုံးလို့ ရပါတယ်
🔸 သတိပြုရမှာကတော့ ညစာစားပြီးအချိန်မှာ မသောက်သင့်ပါ။ Fiber ဓါတ်များလွန်းသောကြောင့် အစာချေဖျက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

🧏‍♀️မသောက်သင့်သောအခြေအနေ
ဆီးချိုရောဂါရှိသူများ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
ဝမ်းလျှောနေသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ ရှောင်ရှားသင့်ပါတယ်ရှင့်

🏠 Win Myanmar Farm
အမှတ် ၂(က)၊ ၃၂ လမ်း၊ ၆၅x၆၆လမ်း ၊မန္တလေးမြို့။
ဖုန်း 09-2003720
09-797277376

🥑၂၀၂၅ နှစ်အတွက်ပထမဆုံးခူးတဲ့အသီးလေးတွေရဲ့ ရလာဒ်လေးတွေပါ🥑🌸မိတ်ဆွေတို့အတွက် အသီးလေးတွေကိုတလုံးချင်းစီ သေချာရွေးချယ်ပေးလို့...
05/12/2025

🥑၂၀၂၅ နှစ်အတွက်ပထမဆုံးခူးတဲ့အသီးလေးတွေရဲ့ ရလာဒ်လေးတွေပါ🥑
🌸မိတ်ဆွေတို့အတွက် အသီးလေးတွေကိုတလုံးချင်းစီ သေချာရွေးချယ်ပေးလို့ထင်ပါရဲ့နော်
🌸"ရပြီလား" " ရပြီလား" ဘယ်လိုပဲမေးမေး၊ အသီးရင့်ချိန်ကို သေချာစောင့်ပြီးမှ ခူးလို့ထင်ပါရဲ့ရှင်
🌸 ဒီနှစ်အသီးလေးတွေက error လည်းနဲပါတယ်၊ Structure လည်း လှပါတယ်ရှင်
( error ပါရင်လည်း cb မှာ တိုးတိုးလေးလာ ပြောပေးနော်😁🤫😁)

Address

No. 2(A), 32 Street Between 65 And 66 Street
Mandalay
05022

Website

Alerts

Be the first to know and let us send you an email when Win Farm Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram