Sri Tarot - သျှရီတားရော့

Sri Tarot - သျှရီတားရော့ Tarot can predict your future but you are the only one who could change your own life

  Just sharing tarot tricks for tarot readers
09/12/2022


Just sharing tarot tricks for tarot readers

07/12/2022
Sri Tarot ဟာအိပ်ရေးပျက်ေနရင်မဖတ်ဘူးအသဲကွဲေနရင်မဖတ်ဘူးအခြားအလုပ်တွေရှုပ်နေရင်လည်း မဖတ်နိုင်ဘူးမူးနေရင်လည်း မဖတ်ဘူးအရူးထနေ...
07/12/2022

Sri Tarot ဟာ

အိပ်ရေးပျက်ေနရင်မဖတ်ဘူး

အသဲကွဲေနရင်မဖတ်ဘူး

အခြားအလုပ်တွေရှုပ်နေရင်လည်း မဖတ်နိုင်ဘူး

မူးနေရင်လည်း မဖတ်ဘူး

အရူးထနေရင်လည်းမဖတ်ဘူး

မနက်တအားအစောကြီးမှာ မဖတ်ဘူး

ညအရမ်းမိုးချုပ်ရင်မဖတ်ဘူး

အဲ… လပြည့်လကွယ်တွေမှာမဖတ်သလို

အကြည်ဓာတ်မရရင်လည်း မဖတ်ပြန်ဘူး

သူ ဘယ်ချိန်ဖတ်လဲတော့ မမေးနဲ့

အာရုံမရရင် ဖတ်လည်းမမှန်ဘူးတဲ့ 😁

02/09/2022

Sri Tarot ဖြစ်ပေါ်လာပုံ
ကျွန်မကို ၂၀၁၂ လောက်မှာထဲက တားရော့ဖတ်တဲ့နည်းကို မိတ်ဆွေတစ်ဦးက သင်ပေးခဲ့ပြီး သူ့ရဲ့တားရော့ကဒ်လေးတွေ လက်ဆောင်ပေးခဲ့ပါတယ်..
သိရမယ့်သူတွေကို ကြည့်ပေးပြီး ကူညီပါလို့ပြောခဲ့တယ်..

အစက အပျော်သဘောပြောပေးရင်း တကယ်မှန်တယ်ဆိုတာ သိလာရတယ်
***မေးတဲ့သူတွေရဲ့ ကိုယ်တွေ့နဲ့ပြောတာပါမှန်တယ်ဆိုတာကလည်းလေ***

နောက်တော့ကျွန်မက အထုံပါလာပေမယ့် အားမကောင်းသေးတော့ မေးခွန်းမေးသူရဲ့ မကောင်းတဲ့နိမိတ်တွေကို မြင်ရရင်၊ ထုတ်မပြောခဲ့ရင်
လူကခေါင်းတခြမ်းကိုက်လာတယ် ..ဟောပေးပါပြောလာတာကို ငြင်းမိရင် ခေါင်းတွေကိုက်ခဲ့ပါတယ်. အဲ့ကနေစပြီး ကျွန်မမပြောပြတော့ဘူး ဘယ်သူ့ကိုမှ (ဟောပေးရမှာစိုးလို့)

ကျွန်မဟာ မွေးရာပါ ပါလာတဲ့ထူးခြားချက်လေးတွေရှိခဲ့ပါတယ်..
ဒါပေမယ့်ကျွန်မ ဘယ်တော့မှထုတ်မပြောခဲ့သလို
တတ်နိုင်သမျှလည်း မေ့ဖျောက်ထားပါတယ်..
သို့သော်လည်း ကျွန်မနဲ့အရမ်းနီးစပ်ခဲ့သူတွေ၊
မိခင်အရင်းဖြစ်သူနဲ့ ညီမလေးကတော့ သိကြပါတယ်။

ဒါတွေကို ဘာလို့ဖုံးကွယ်ထားလဲဆိုတော့...
ပထမအချက်က ဒီလောက်တိုးတတ်နေတဲ့ ခေတ်ကြီးမှာ
အချို့သဘာဝလွန်အရာတွေကို ပြောရမှာရှက်လို့ပါ

ဒုတိယအချက်က ကျွန်မလူသားဆန်စွာ
လွတ်လွတ်လပ်လပ်မနေရမှာ ကြောက်တာပါ
ဒီလိုအလုပ်ကိုရွေးခဲ့ရင် ကျွန်မလက်ရှိနေနေတဲ့
လူနေမှုပုံစံနဲ့ရော နောက်ပိုင်းလူသိလာခဲ့ရင်
ထိန်းသိမ်းနေထိုင်ရမယ့် ကျွန်မဆုံးရှုံးရမယ့်
လူ့အခွင့်အရေးတွေကို ကြည့်ပြီး လုံးဝအမှောင်ချပစ်လိုက်တယ်..

သို့သော်လည်း.. ၂၀၂၀ ခုနှစ် နောက်ပိုင်းမှာအကျိုးတွေဖြစ်ဖို့ အကြောင်းတွေဖန်လာခဲ့တယ်
ကျွန်မမျက်စိရှေ့မှာတင် နာရီနှင့်အမျှ မယုံနိုင်စရာအဖြစ်အပျက်တွေနဲ့ ကျွန်မကိုယ်ကျွန်မ ဆုံးရှုံးရတော့မယ်ဆိုတာကို သိနားလည်လိုက်ပြီးနောက်..

ဒီလမ်းကို မဖြစ်မနေရောက်လာရပါပြီ..
ကျွန်မဖက်ကအရာရာပြင်ဆင်ထားပြီး လာခဲ့ပါပြီ..

#1.1.2021

F.Y.I တားရော့မှာ သင်ယူခဲ့တဲ့လူအပေါ်မူတည်ပြီးတော့လည်းကောင်း၊ ကဒ်လေးတွေ နဲ့ မိမိကြားဆက်နွှယ်မှုပေါ် မူတည်ပြီးတော့လည်းကောင်...
06/01/2021

F.Y.I
တားရော့မှာ သင်ယူခဲ့တဲ့လူအပေါ်မူတည်ပြီးတော့လည်းကောင်း၊
ကဒ်လေးတွေ နဲ့ မိမိကြားဆက်နွှယ်မှုပေါ် မူတည်ပြီးတော့လည်းကောင်း ဟောတဲ့နည်းမတူကြပါဘူး

ကျွန်မရဲ့ နည်းကတော့ ...
Tarot တွေကပြောသော စကားများကို
ဘာသာပြန်ပေးတာပါ
သူတို့ဟာ သက်ရှိလေးများလိုပြုမူပါတယ်
သူတို့နဲ့ အဆက်သွယ်ရှိတဲ့ လူကိုပဲပြပေးပါတယ်

ကျွန်မကအကြားအမြင်ရနေတာမဟုတ်ပါ

The connection and bound between me and the tarot getting stronger after 9 years

အဲ့အတွက် အကူညီလိုနေသူတွေကို ကူညီဖို့ ၊ ကယ်တင်ဖို့ ကျွန်မဒီလမ်းကိုလျှောက်ဖို့ ရွေးခဲ့ပြီလို့ဆိုခဲ့ခြင်းပါ..

🔯Sri Tarot🔯

ကျွန်မ နှင့် တားရော့လေးများကျွန်မသည် ကျွန်မဖတ်နေတဲ့တားရော့ကတ်လေးတွေကို ကိုယ်ပိုင်ခလေးများလို ထားပါတယ်ကျွန်မဆီကခလေးများဟာ...
03/01/2021

ကျွန်မ နှင့် တားရော့လေးများ

ကျွန်မသည် ကျွန်မဖတ်နေတဲ့တားရော့ကတ်လေးတွေကို ကိုယ်ပိုင်ခလေးများလို ထားပါတယ်
ကျွန်မဆီကခလေးများဟာ သူများနည်းတူယဉ်ကျေး လိမ္မာတဲ့ခလေးများမဟုတ်ကြပါ..
သို့သော် သူတို့အင်မတန်တာဝန်ကျေကြပါသည်

ကျွန်မမှာ ပါလာတဲ့တာဝန်အရ လူအားလုံးမေးမြန်းနိုင်မည့် ပမာဏကိုသတ်မှတ်ပြီး ကံကြမ္မာကိုဖတ်ပေးနေခြင်းဖြစ်သည့်အတွက် ကျွန်မရဲ့ခလေးများကို လေးစားချစ်ခင်ပေးကြစေလိုပါသည်..။

မနေ့ကဆိုရင်... ညီမငယ်လေးတစ်ဦးဟာ မေးမြန်းလိုသည်များကို မေးထားပြီး သူမပုံလေးလည်းပို့ထားပါတယ်.. ဒါပေမယ့် ဒီမနက်မှာစာပြန်လို့မရတော့ပါဘူး..
စာပြန်လို့မရသည့်အကြောင်း မသိရခင်မှာ ကျွန်မကသူမမေးခွန်းများကို ဖတ်ပေးလိုက်မိပါတယ်
ပြီးမှ သိရတဲ့အခါ စိတ်အနှောက်ယှက်ဖြစ်ရတာကြောင့် နောက်လူတွေရဲ့ ကတ်တွေမှာ သူတို့လေးတွေတလွဲလုပ်ကုန်ကြပါတယ်
ကျွန်မလည်းခေါင်းတွေစကိုက်လာပါတယ်

ပြီးတော့လည်း ကျွန်မခလေးတွေကိုမေးပြီး သတ်မှတ်တန်ဖိုးကို မပေးချေသေးတဲ့သူတွေရှိလာပါတယ်
ဒီအခါ ကျွန်မသည်အကြွေးတောင်းသလို လိုက်မတောင်းပါ..
မိမိတွင်ဖြစ်ပေါ်လာမည့် အကုသိုလ်တရားအတွက်သာ
တာဝန်ယူရန်ပြင်ဆင်စေလိုပါတယ်..

ဒါကြောင့်ကျွန်မမေတ္တာရပ်ခံလိုတာက
အကြောင်းကြောင်းကြောင့် မသိလိုတော့တဲ့မေးခွန်းများကို လာရောက်ရုတ်သိမ်းပေးပါ..
အကြောင်းကြောင်းကြောင့် ပေးရန်ပျက်ကွက်တဲ့အခါ ခွင့်ပန်ပေးပါ

ကျွန်မရဲ့ခလေးတွေအတွက် ကျွန်မဤနေရာမှ တောင်းဆိုပါတယ် 🔯

Sri Tarot ကိုမေးမြန်းလိုသူများသည်✅ ရှင်းလင်းတိကျသော မေးလိုသည့်မေးခွန်း၃ခု✅ မိမိ၏နာမည် အရင်း✅ passport ပုံကဲ့သို့လက်ရှိဓာ...
01/01/2021

Sri Tarot ကိုမေးမြန်းလိုသူများသည်

✅ ရှင်းလင်းတိကျသော မေးလိုသည့်မေးခွန်း၃ခု

✅ မိမိ၏နာမည် အရင်း

✅ passport ပုံကဲ့သို့လက်ရှိဓာတ်ပုံတစ်ပုံ

ကို မိမိထံသို့ ပေးပို့ရပါမည်။

အဖြေပြန်ကြားပြီးနောက် သတ်မှတ်ထားသောပမာဏအား KPay ဖြင့်ပေးချေနိုင်ပါသည်

မေးမြန်းသူ၏ အမည်နာမကိုဖော်ပြပေးပါရန် ပန်ကြားအပ်ပါသည်။

လူကိုယ်တိုင်လာရောက်ရန်အတွက် ရက်ချိန်းသတ်မှတ်ရမည်ဖြစ်ပြီး လိုအပ်သော ကတိကဝတ်များပေးနိုင်မှသာလျှင် လက်ခံတွေ့ဆုံပါမည်။

🔆 စကားချပ် - သျှရီတားရော့အနေဖြင့် တားရော့ဟောခြင်းလုပ်ငန်းအား အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေခြင်းမပြုသေးသည့်အတွက် အခြားသောနေ့စဉ်တာဝန်များကြား အချိန်ပေးလုပ်ကိုင်နေခြင်းဖြစ်ရာ ဖုန်းလက်ခံပြောခြင်း၊ ချက်ချင်းအဖြေပြန်ကြားခြင်း မပြုနိုင်ခြင်းများအပေါ် အထူးနားလည်လက်ခံပေးစေလိုပါသည် 🔆

Address

Mandalay

Opening Hours

Tuesday 09:00 - 12:00
15:00 - 21:00
Wednesday 09:00 - 12:00
15:00 - 21:00
Thursday 09:00 - 12:00
15:00 - 21:00
Saturday 09:00 - 12:00
15:00 - 21:00
Sunday 09:00 - 12:00
15:00 - 21:00

Telephone

+959757766363

Website

Alerts

Be the first to know and let us send you an email when Sri Tarot - သျှရီတားရော့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram