Kaung Khant & Brothers Pharmacy

Kaung Khant & Brothers Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Khant & Brothers Pharmacy, Pharmacy / Drugstore, Mandalay.

🥳 Perfectil by vitabioticsရဲ့အားသာချက်လေးများ 💞💞💞✅😍 Perfectil မှာ အသားအရေကိုတောက်ပကြည်လင်စေခြင်း၊ ၀က်ခြံများ အားလျော့ပါး...
20/04/2022

🥳 Perfectil by vitabioticsရဲ့အားသာချက်လေးများ 💞💞💞

✅😍 Perfectil မှာ အသားအရေကိုတောက်ပကြည်လင်စေခြင်း၊ ၀က်ခြံများ အားလျော့ပါးစေခြင်း၊ အမည်းစက်များ ဖြစ်ပေါ်မှူကိုလျှော့ချပေးခြင်း၊ အသား အရေနီမြန်းခြင်းကိုသက်သာစေခြင်း ၊ အိုမင်းရင့်ရော်မူကို လျော့နည်းစေခြင်း၊ ဆံပင်ကျဲပါးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်းများကို ကာကွယ်ပေးတဲ့ အပြင် လက်သည်း၊ခြေသည်းတို့တွင် အဓိကပါဝင်တဲ့ keratin ပရိုတင်းကိုလဲ ထိန်းညှိပေးခြင်း၊ အစရှိသောအကျိုးကျေးဇူးများစွာရှိပါတယ်။ ☺️☺️

✅Perfectil ဟာ UK နိုင်ငံထုတ်ဖြစ်ပြီး တစ်ဘူးမှာ ဆေးအလုံး (၃၀) ပါဝင်ပါ တယ်။ မြန်မာနိုင်ငံ FDA မှခွင့်ပြုချက်ရထားပြီး တစ်နိင်ငံလုံးကို ASHRO Myanmar မှဖြန့်ချီထားပါတယ်။🙂

✅perfectil triple active လေးကို "ကောင်းခန့်နှင့်ညီများ"တွင်ဝယ်ယူရရှိနိင်ပါတယ်နော်😊
Perfectilတစ်ဘူးကိုဈေးနှုန်း-31400Ksဆေးတစ်ဘူးမှာ15လုံး/2ကဒ် တစ်လစာပါဝင်ပါတယ်ဗျ
😊

📞 ဖုန်းနံပါတ်-095104985, 09455513305

03/04/2022
ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးလို့ မြန်မာပြည်သားတွေ သိကြတဲ့ ထိုင်းနိုင်ငံကသွင်းတဲ့ တိုင်းရင်းဆေး ထုတ်လုပ်တဲ့နေရာကို ထိ...
24/03/2022

ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးလို့ မြန်မာပြည်သားတွေ သိကြတဲ့ ထိုင်းနိုင်ငံကသွင်းတဲ့ တိုင်းရင်းဆေး ထုတ်လုပ်တဲ့နေရာကို ထိုင်းရဲတပ်ဖွဲ့ဝင်များနဲ့ FDA မှ တာဝန်ရှိသူများဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဆေးရပုလင်းတစ်ပုလင်းမှာ စတီးရွိုက်ဆေးပြား အပြား၇၀ နဲ့ အကိုက်အခဲပျောက်ဆေးပြား အပြား ၃၀ ထိ ထည့်သွင်းထားတာတွေ့ရပါတယ် ။ အဲဒီဆေးဟာ မြန်မာနိုင်ငံမှာလဲ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ သုံးစွဲနေကြပြီး ရောဂါသက်သာမှုလျှင်မြန်တာကြောင့် ဒူးနာ ခါးနာ အရိုးအကြော သမားတွေအပြင် ရောဂါ အမျိုးမျိုးအတွက် အသုံးပြုနိုင်တယ်လို့ ကြော်ညာရောင်းချနေတာကြောင့် ရေပန်းစားနေပါတယ် ။ ဆေးပုလင်းမှာ ပမာဏများပြားစွာပါဝင်တဲ့ ဆေးပြားတွေကြောင့် သောက်သုံးပြီးအစမှာရောဂါသက်သာသလိုရှိပေမဲ့ နောက်ပိုင်းမှာ ကျောက်ကပ်ကိုဆိုးရွားစွာ ထိခိုက်ပျက်ဆီးစေနိုင်ပြီး အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ် ။ ကျေးဇူးပြုပြီးတော့ မိမိတို့ရဲ့မိဘဆွေမျိုးတွေ နဲ့ မိတ်ဆွေတွေ ဒီဆေးသုံးစွဲနေတာတွေ့ရင် ဒီသတင်းလေးပြောပြပေးကြပါ။

Thai FDA page မှကူးယူဖော်ပြပါသည်
မူရင်းလင့်

https://www.facebook.com/100067846073593/posts/295596919378508/?d=n

Crd - Surprise Care - ဆေးဆိုင်

22/03/2022
🥰မင်္ဂလာပါဗျ🥰ကိုယ်ဝန်ဆောင်တွေ လိုအပ်တဲ့ သံဓာတ်🩸မေမေတို့ရေ သံဓာတ်ဆိုတာ ကိုယ်ဝန်ဆောင်နေတဲ့အခါ သာမန်အချိန်ထက်ကို ပိုလိုအပ်ပါတ...
19/03/2022

🥰မင်္ဂလာပါဗျ🥰
ကိုယ်ဝန်ဆောင်တွေ လိုအပ်တဲ့ သံဓာတ်🩸

မေမေတို့ရေ သံဓာတ်ဆိုတာ ကိုယ်ဝန်ဆောင်နေတဲ့အခါ သာမန်အချိန်ထက်ကို ပိုလိုအပ်ပါတယ်နော် ။ သံဓာတ်ပြည့်ပြီး သွေးအားကောင်းနေမှ သွေးနီဥတွေက ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင်သယ်ပို့တဲ့ လုပ်ငန်းစဉ်ဟာ ပိုပြီးအဆင်ပြေ လွယ်ကူနေမှာပါ။
ဒါကြောင့်ကိုယ်ဝန်ဆောင်နေတဲ့ မေမေရော ကလေးပါ သွေးအားကောင်းပြီး ကျန်းကျန်းမာမာနဲ့ နေနိုင်ဖို့ဆို Tot'héma ရဲ့ သံဓာတ်အားဖြည့်ဆေး ကိုသတိရလိုက်ပါနော်။

Tot'héma သံဓာတ်အားဖြည့်ဆေးကို
"ကောင်းခန့်နှင့်ညီများ"တွင်ဝယ်ယူနိုင်ပါပြီနော်🥰

☎️☎️ ဖုန်းနံပါတ်- 095104985, 09455513305, 09755932949

#သံဓာတ်ပြည့်ဝနေ့စဉ်ဘဝ
Crd - Tot'hĂŠma

11/03/2022
09/03/2022

🔺ဆေးကတ်နောက်ကျောကိုကြည့်ပါ အဲ့နာမည်တွေနဲ့ စပ်ဆေးတွေရောင်းရင် ဆရာဝန်မညွှန်ကြားပဲနဲ့ လုံးဝမသောက်ပါနဲ့နော် ❌❌❌ credit
#မျက်နှာကြီးအမ်းလာတယ်
#သွေးတိုး_ဆီးချိုရောဂါအခံ_မရှိပဲ_သွေးပေါင်တွေတက်_ဆီးချိုတွေများနေတယ်
#လူကလည်း_နုံးချိနေရောပဲ

န္တရာယ် ( #အရောင်ကျဆေး )

ကျွန်တော့ စာကို ဖတ်ကြတဲ့ သူတွေထဲမှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရနိုင်တဲ့
- ကျေးလက်ဒေသက ပြည်သူလူထုကိုစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးပညာရှင်များ
- ဆေးဆိုင် များတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးပညာရှင်များ
- အခြေခံကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ဖွင့်လှစ်ထားသူများ/တက်ရောက်နေကြသူများ လည်း ပါဝင်ပါတယ်။

အဲ့ဒါကြောင့် ကျွန်တော်တို့လူမျိုး တွေ အလွယ်သုံးနေကြတဲ့ ( => အရောင်ကျဆေး) ရဲ့ ကြောက်မက်ဖွယ် အန္တရာယ်များကို ပြည်သူလူထုအားလုံး ဆီရောက်ရှိသွားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီစာလေးကို ရေးသားလိုက်ပါတယ်။
__________
1️⃣ #ကိုယ်ခံအားကျဆင်းစေပါတယ်

( )
ခန္ဓာကိုယ်ထဲပိုးဝင်တဲ့ အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားနဲ့ တိုက်ပွဲတွေ ဖြစ်တဲ့ အတွက် စစ်မြေပြင် ခန္ဓာကိုယ်ကြီးဟာ ရောင်ရမ်းမှုတွေဖြစ်ပြီး
- ကိုယ်ပူခြင်း
- ကိုယ်လက်ကိုက်ခဲခြင်း
- နုံးချိ မလှုပ်မရှားနိုင်ခြင်း
အစရှိတဲ့ လက္ခဏာတွေ ခံစားရပါတယ်။

✅ တကယ့်ကုသမှုဟာ ဝင်ရောက်လာတဲ့ ပိုး ကို သတ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့က နာကြင်ကိုက်ခဲတာတွေ နည်းနည်းလေးတောင် မခံချင်ပဲ လုံးဝ ပျောက်ကင်းလိုကြပါတယ်။

အဲ့အချိန်မှာ မလိုအပ်ပဲ Steroid အရောင်ကျဆေး ပေးလိုက်ကြပါတယ်
(Steroid ဟာ ရောင်ရမ်းမှုတွေကို ကျစေသလို ကိုယ်ခံအားကိုလည်း ကျဆင်းစေတဲ့ အတွက်
👉 ခန္ဓာကိုယ်ထဲ ဝင်ရောက်နေတဲ့ ပိုးတွေကို ကိုယ်ခံအားက မသတ်နိုင်တော့ ပဲ သွေးဆိပ်တက်ခြင်း (Septicaemia) ဖြစ်ကာ အသက်ဆုံးရှုံးရတတ်ပါတယ်။

ရောင်ကျဆေး တွေက ကိုယ်ခံအားကျစေတယ် ဆိုတာ မြင်သာအောင်ပြောရရင်

- ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးကုသမှု ခံယူထားသူတွေမှာ ကိုယ်ခံအားက အစားထိုးအစိတ်အပိုင်း ကို ဖျက်ဆီးမပစ်ရအောင် Steroid ပေးပါတယ်
- ကိုယ်ခံအား ကမောက်ကမရောဂါ (Autoimmune disease - ဥပမာ ။ SLE) တွေမှာ ကိုယ်ခံအားကို ထိန်းညှိပေးဖို့ Steroid ပေးပါတယ်

အထက်ပါလူနာတွေမှာ ကိုယ်ခံအားကို ချထားရတဲ့ အတွက် ရောဂါပိုးတစ်ခုခု ဝင်တဲ့အခါ အသက်အန္တရာယ်ရှိလောက်အောင် ပြင်းထန်တတ်ပါတယ်။
___________
2️⃣ #သွေးတိုးရောဂါဖြစ်စေပါတယ်

Steroid အရောင်ကျဆေး ဟာ (Salt and water retension) ဓာတ်ဆားဓာတ် နဲ့ ရေကို ခန္ဓာကိုယ်ထဲ ထိန်းသိမ်းထားတဲ့အတွက် ခန္ဓာကိုယ်ထဲ ရေပမာဏများလာစေပါတယ်။ အဲ့ဒါကြောင့်

1. မျက်နှာအမ်းပါတယ်
2. ခြေတွေ လက်တွေ ရောင်ပါတယ်
3. သွေး ထဲ ရေပမာဏ တိုးလာတဲ့ အတွက် #သွေးပေါင်တက်ပါတယ်။

သွေးပေါင်တက်တာကြာရင် 👉 သွေးတိုးရောဂါရပါတယ်
👉 သွေးတိုးရောဂါကို သေချာမကုမိရင်
- လေဖြတ်ရောဂါ
- ကျောက်ကပ်အားနည်းရောဂါ
- နှလုံးရောဂါ ဖြစ်ပါတယ်။
____________
3️⃣ #ဆီးချိုရောဂါဖြစ်စေပါတယ်

Steroid အရောင်ကျဆေး ဟာ Glucose တည်ဆောက်မှု (Gluconeogenesis) ကို အားပေးတဲ့အတွက် သွေးတွင်း သကြားဓာတ်များစေပါတယ်။

သွေးတွင်း သကြားဓာတ်များတာ ကြာလျှင် 👉 ဆီးချိုရောဂါ ဖြစ်ပါတယ်။
__________
4️⃣ #အဆီတွေများစေပါတယ်

Steroid အရောင်ကျဆေး ဟာ
- အဆီတည်ဆောက်မှု
- အဆီသိုလှောင်မှု ကို အားပေးတဲ့အတွက်

👉 သွေးတွင်းအဆီ (Cholesterol , Triglyceride) တက်ပါတယ်
အဲ့ဒီအဆီတွေကြောင့်
✴️ နှလုံးသွေးကြောပိတ်ပါတယ်
✴️ လေဖြတ်ပါတယ်
✴️ အသည်းအဆီဖုံးပါတယ်
✴️ နှလုံးအဆီဖုံးပါတယ်
✴️ အဝလွန်စေပါတယ်

👉 ခန္ဓာကိုယ်ထဲ အဆီသိုလှောင်မှုဖြစ်တဲ့အတွက်
- ဂုတ်ပိုးကြီး ကြီးလာပါတယ်
- ဗိုက်အလွန်ပူလာပါတယ်
- မျက်နှာကြီး အဆီတဝင်းဝင်း နဲ့ ပြဲကွဲထွက်လာ စေပါတယ်
___________
5️⃣ #အသားဓာတ်တွေကိုဖြိုခွဲပါတယ်

Steroid အရောင်ကျဆေး ဟာ 👉 Protein (အသားဓာတ်) တည်ဆောက်မှုကို ပိတ်ပင်ပြီး ဖျက်ဆီးမှုကို အားပေးပါတယ်

👉 လက်မောင်းတွေ ပေါင်တွေ ကျုံလှီလာပါတယ်

ကြွက်သားတွေ ဖြိုခွဲခံရလို့ လူကြီးက ဝတုတ်ပြဲကွဲနေပေမယ့်
- အားမရှိပါဘူး
- မလှုပ်ရှားနိုင်ပါဘူး
_________
6️⃣ #အရိုးကျန်းမာရေးကိုထိခိုက်စေပါတယ်

Steroid အရောင်ကျဆေး ဟာ အရိုးတည်ဆောက်မှုကို ပိတ်ပင်ပြီး အရိုးဖျက်ဆီးမှုကို အားပေးလို့
👉 #အရိုးပါး_အရိုးပွရောဂါ ဖြစ်စေပါတယ်

အရိုးကျိုးလွယ်ပါတယ်။
__________
7️⃣ #အရေပြားCellsတွေကိုလည်းဒုက္ခပေးပါတယ်

အရေပြားတွေပါးပြီး #အကြောပြတ်ရာ ဗလပွနဲ့ ပုံဆိုးပန်းဆိုး ဖြစ်စေပါတယ်

အရေပြားမှာ #သွေးခြေဥလွယ်စေတဲ့ အတွက် အညိုကွက်ကြီးတွေ ထွက်နေစေပါတယ်။
_________
8️⃣ #ဦးနှောက်ကိုလည်းပျက်စီးစေပါတယ်

- စိတ် အတက်အကျ နဲ့ စိတ်မမှန်ဘူး
- လူမှုဆက်ဆံရေးတွေ အဆင်မပြေဘူး
- သတိမကောင်းဘူး
- မှတ်ဉာဏ်ချို့တဲ့လာတာ အပြင်
Steroid psychosis ဆိုပြီး ရူးပါ #ရူးသွားတတ်ပါတယ်။
_________
9️⃣ #အစာအိမ်ကိုထိခိုက်ပျက်စီးစေပါတယ်

အကိုက်အခဲပျောက်ဆေးများ နည်းတူ အစာအိမ်ကို ထိခိုက်ပျက်စီးစေလို့
- အစာအိမ်ရောင်ခြင်း
- အစာအိမ်အနာဖြစ်ခြင်း
- အစာအိမ်သွေးကြောပေါက်ခြင်း စတာတွေဖြစ်စေပါတယ်။
_________
နိဂုံးချုပ်ရရင်


😰 ဟိုနာဒီနာ ဖြစ်လို့ စပ်ဆေး အသောက်များတဲ့ လူနာများ
😰 အားနည်းလို့ အကြောဆေးဆိုတာ အသွင်းများတဲ့ လူနာများအနေနဲ့

1. မျက်နှာကြီးအမ်းလာတယ် (အဆီတရွှဲရွှဲ နဲ့ ပြဲကွဲလာတယ်) 😅 Glow လာတယ်တော့မလုပ်နဲ့ပေါ့ဗျာ
2. ဂုတ်ပိုးကြီးတွေတက် ၊ မေးစေ့တွေ (၂ထပ် ၃ ထပ် ဖြစ်ပြီး လည်ပင်းပျောက်လာတယ်)
3. နို့တွေစူထွက်လာပြီး ဗိုက်အရမ်း ပူလာတယ်
4. ပူလာတဲ့ဗိုက်မှာ အကြောပြတ်ရာတွေ များလာတယ်
5. လက်မောင်းတွေ လှီပြီး လက်မြှောက်ရတာ၊ ခေါင်းဖီးရတာ ၊ ကလေးချီရတာ ခက်လာတယ်/ ပေါင်တွေ လှီပြီး အထိုင်အထ ခက်လာတယ်
6. သွေးပေါင်တွေတက်၊ ဆီးချိုတွေများ
7. လူက နုံးချိပြီး မစားချင်မသောက်ချင် နဲ့
8. ခဏ ခဏ နေမကောင်းဖြစ်တယ် (ဖျားတယ်)
9. ပွေး၊ ညှင်း ဖြစ်လွယ်တယ်
10. တကိုယ်လုံးလည်း ဟိုနာ ၊ ဒီနာ နဲ့ ကောင်းတဲ့နေရာ မရှိတော့ပါဘူး ဆိုရင်တော့

တကယ်တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ပြသပြီး ကုသမှုခံယူရပါမယ်။
( Steroid အရောင်ကျဆေး က သုံးတာကြာရင် ရုတ်တရက် ရပ်လိုက်လို့ မရတဲ့အတွက် Tail off တဖြည်းဖြည်း ဖြတ်ရပါတယ်)
__________

Steroid အရောင်ကျဆေး ဟာ တော်တော်အသုံးဝင်တဲ့ ဆေးဖြစ်သလို သူ့မှာ #အလွန်ကြောက်ဖို့ကောင်းတဲ့_ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်

အဲ့ဒါကြောင့် ရောင်ကျဆေး တွေ လွယ်လွယ်မသုံးကြစေဖို့ ဝိုင်းဝန်းကူညီပေးကြပါဗျာ။
🙏🙏🙏
(Steroid ဆိုတာ ဆေးဆိုင်က စပ်ပေးတဲ့ ၅၀၀ ဖိုး (၃) ခွက် စပ်ဆေးထဲပါပါတယ်
တချို့ စားကောင်း/အိပ်ပျော်ဆိုတဲ့ တိုင်းရင်းဆေးဆိုတာတွေထဲပါ ပါတယ်)

(Photo credit)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

ဆီးချိုရောဂါ အမျိုးအစားများ အပိုင်း (၂) 🔹 ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ-------------------------------ကိုယ်ဝန်မဆောင်ခင်က ဆီး...
08/03/2022

ဆီးချိုရောဂါ အမျိုးအစားများ အပိုင်း (၂)

🔹 ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ
-------------------------------
ကိုယ်ဝန်မဆောင်ခင်က ဆီးချိုရောဂါ မရှိဘဲ ကိုယ်ဝန်ရှိချိန်မှသာ ဆီးချိုရှိမှန်း စတင်သိရှိသည့် ဆီးချိုအမျိုးအစားကို ခေါ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် အချင်းမှထွက်သည့် ဟိုမုန်းတစ်မျိုးကြောင့် အင်ဆူလင်၏ လုပ်ငန်းများ ဟန့်တားနှောင့်ယှက်ခြင်း ခံရ၍ ဆီးချိုဖြစ်ရခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအနေနှင့် ဆီးချို ရှိ/ မရှိ စစ်ဆေးသင့်သည်။ အဓိက ဖြစ်ပွားလေ့ ရှိသူများမှာ စားပုံသောက်ပုံ မမှန်ခြင်း အထူးသဖြင့် အချိုရည်များ သောက်ခြင်း၊ သကြားပါသော အစားအစာများ စားခြင်း၊ ကာဘိုဟိုက်ဒြိတ် အစားများခြင်း၊ အဆီအအိမ့် အစားများခြင်း၊ အဝလွန်ခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းခြင်း၊ သွေးတိုးရောဂါ ရှိခြင်းတို့နှင့် ဆက်စပ်မှုရှိသည်။ ထို့အပြင် ယခင်က ကိုယ်ဝန်ဆောင်ခဲ့ဖူးပြီး ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ ဖြစ်ပွားခဲ့ဖူးသူများတွင် ဒုတိယအကြိမ်၊ တတိယအကြိမ် ကိုယ်ဝန်ဆောင်ပါက ပို၍ဖြစ်ပွားလေ့ရှိသည်။ ကိုယ်ဝန်မဆောင်မီကတည်းက မျိုးဥအိမ်၌ ရေကြည်အိတ်တည်သော ရောဂါလက္ခဏာစု (Polycystic ovarian syndrome) ဖြစ်ပွားနေသူများတွင် ပိုမိုတွေ့ရလေ့ရှိသည်။ ယင်းကို ကုသရာတွင် အနေအထိုင် အစားအသောက် မှန်ကန်အောင် ပြုပြင်ပေးရသည့်အပြင် လိုအပ်ပါက အင်ဆူလင်ထိုးဆေးကို အသုံးပြုရလေ့ရှိပါသည်။ သာမန်အားဖြင့် ကလေးမွေးပြီးလျှင် ပျောက်သွားလေ့ ရှိသော်လည်း အချို့သောသူများ၌ အမေရော ကလေးပါ နောင်တွင် ဆီးချိုရောဂါအမှတ်-၂ ဖြစ်လာတတ်၍ ဂရုပြုရန် လိုပါသည်။ ရောဂါလက္ခဏာအနေနှင့် သိပ်ပြလေ့မရှိဘဲ သွေးစစ်၊ ဆီးစစ်ကြည့်မှသာ သိနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအားလုံး ဆီးချိုရှိ/မရှိ ဆီးစစ်၊ သွေးစစ်ကြည့်ရန် လိုသည်။ မွေးလာမည့် ကလေးမှာ သာမန်ကလေးများထက် ပို၍ကြီးနေတတ်သောကြောင့် တတ်ကျွမ်းနားလည်သူနှင့် မမွေးပါက မိခင်ရော ကလေးပါ သေဆုံးနိုင်သဖြင့် အထူးဂရုပြုရန်လိုသည်။

🔹 ဂလူးကို့စ်ကို ကောင်းစွာအသုံးမပြုနိုင်သော အခြေအနေ (သို့မဟုတ်) အကြိုဆီးချို
----------------------------------------------------------------
သာမန်လူကောင်း အခြေအနေနှင့် ဆီးချိုရောဂါဖြစ်သည့် အခြေအနေ နှစ်ခုကြား အခြေအနေကို ခေါ်သည်။ မနက်မိုးလင်း အစာမစားမီ ဖောက်သည့် ဂလူးကို့စ် အနည်းငယ်မြင့်နေသော အခြေအနေ (Impaired fasting glycemia or IFG) နှင့် ဂလူးကို့စ်ကို အသုံးပြုမှု နှေးကွေးနေသော အခြေအနေ (Impaired glucose tolerance) တို့ကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ဆီးချိုရောဂါအမှတ်-၂ မကြာမီဖြစ်တော့မည့် ရှေ့ပြေးလက္ခဏာဟု ဆိုနိုင်သည်။ ရောဂါလက္ခဏာများလည်း ပြသလေ့မရှိဘဲ ပုံမှန် ကျန်းမာရေး စစ်ဆေးသူများသာ စောစောစီးစီး သိနိုင်သည်။ ထိုသို့သိရပါက ကာဘိုဟိုက်ဒြိတ်ကို လျှော့စားခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးခြင်း၊ ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးပေးခြင်းတို့ ပြုလုပ်ပေးခြင်းဖြင့် ဆီးချိုရောဂါအမှတ်-၂ အဖြစ်သို့ ရောက်ရှိမသွားစေရန် ကာကွယ်နိုင်သည်။

အပိုင်း (၁) https://www.facebook.com/drkml.fame/posts/500707048077782

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဆီးချိုရောဂါ" စာအုပ်၊ အခန်း (၁) ဆီးချိုရောဂါဆိုသည်မှာ မှ ထုတ်နုတ်ဖော်ပြသည်။

🤒ရင်ကြပ်ချောင်းဆိုးတာပဲဖြစ်ဖြစ် 🤧အအေးမိလို့ချောင်းဆိုးတာပဲဖြစ်ဖြစ် သလိပ်ကပ်လို့ချောင်းဆိုးခြင်း လည်ချောင်းယားယံခြင်းတို့...
05/03/2022

🤒ရင်ကြပ်ချောင်းဆိုးတာပဲဖြစ်ဖြစ် 🤧အအေးမိလို့ချောင်းဆိုးတာပဲဖြစ်ဖြစ် သလိပ်ကပ်လို့ချောင်းဆိုးခြင်း လည်ချောင်းယားယံခြင်းတို့အတွက် ......ချောင်းဆိုးပျောက်ဆေးအရည်၊ ငုံဆေးနှင့် တိုင်းရင်းမြန်မာချောင်းဆိုးပျောက်ဆေးမျိုးစုံတို့ကို "ကောင်းခန့်နှင့်ညီများ" တွင်ဈေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ပါတယ်နော်🥰.....

🛵🛵မြို့တွင်း delivery service ရှိပါတယ်နော်🛵

📌📌ဆိုင်လိပ်စာ - ၈၁လမ်း၊၁၉×၂၀ကြား၊အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

📞📞ဖုန်းနံပါတ် - 09455513305, 095104985, 09755932949

🥳မင်္ဂလာပါ🥳"ကောင်းခန့်နှင့်ညီများ"ဆေးဆိုင်မှကြိုဆိုပါတယ်🥰   ☑️☑️ချစ်မိတ်ဆွေ Customers များအတွက် KF-94 (လူကြီး/ကလေး) များကု...
26/02/2022

🥳မင်္ဂလာပါ🥳
"ကောင်းခန့်နှင့်ညီများ"ဆေးဆိုင်မှကြိုဆိုပါတယ်🥰

☑️☑️ချစ်မိတ်ဆွေ Customers များအတွက် KF-94 (လူကြီး/ကလေး) များကိုcolour စုံလင်စွာ အရေအတွက်အကန့်အသတ်မရှိဝယ်ယူအားပေးနိုင်ပါပီနော်🤩🤩

-------ဆက်သွယ်မှာယူနိုင်ရန်အတွက်-------
☑️☑️Page cb (or) ဖုန်းဆက်ပီးမှာယူနိုင်ပါတယ်ဗျ
🛵🛵မြို့တွင်း delivery serviceရှိပါတယ်နော်
👨‍👨‍👧‍👦👨‍👩‍👧‍👧နယ်မှကာကာများအတွက်လည်း🚌🚌ကားဂိတ်ထိပို့ပေးပါတယ်ဗျ🥰

☎️☎️ဖုန်းနံပါတ် - ၀၉၅၁၀၄၉၈၅၊ ၀၉၄၅၅၅၁၃၃၀၅၊ ၀၉၇၅၅၉၃၂၉၄၉

🥳🥳မင်္ဂလာပါ🥳🥳"ကောင်းခန့်နှင့်ညီများ" ဆေးဆိုင်မှနွေးထွေးစွာကြိုဆိုပါတယ်🥰✅နိုင်ငံခြားဆေးမျိုးစုံနှင့်မြန်မာဆေးမျိုးစုံတို့ကု...
21/02/2022

🥳🥳မင်္ဂလာပါ🥳🥳
"ကောင်းခန့်နှင့်ညီများ" ဆေးဆိုင်မှနွေးထွေးစွာကြိုဆိုပါတယ်🥰

✅နိုင်ငံခြားဆေးမျိုးစုံနှင့်မြန်မာဆေးမျိုးစုံတို့ကိုသင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချပေးနေပါပြီနော်🤗

✅Page cb (or) ဖုန်းဆက်ပြီးလဲမှာယူနိုင်သလို ဆိုင်တွင်လည်းလာရောက်ဝယ်ယူနိုင်ပါတယ်😚

✅နယ်မှဆေးပစ္စည်းလက်ကားလိုချင်သူမိတ်ဆွေများလည်း "ကောင်းခန့်နှင့်ညီများ" ကိုအားပေးကြဖို့ဖိတ်ခေါ်ပါတယ်

✅မန္တလေးမြို့တွင်း delivery service ရှိသလို နယ်orderများကိုလည်းကားဂိတ်ထိပို့ဆောင်ပေးနေပါပြီနော်🤩

📌 ဆိုင်လိပ်စာ - အမှတ် (၁၅၄) ၊ ၈၁လမ်း ၊ ၁၉×၂၀ ကြား ၊အောင်မြေသာစံမြို့နယ် ၊ မန္တလေးမြို့။

📞 ဖုန်နံပါတ် - ၀၉ ၄၅၅၅၁၃၃၀၅ ၊ ၀၉ ၅၁၀၄၉၈၅ ၊ ၀၉ ၇၅၅၉၃၂၉၄၉

20/02/2022
19/02/2022

Address

Mandalay
05011

Opening Hours

Monday 08:00 - 20:45
Tuesday 08:00 - 20:45
Wednesday 08:00 - 20:45
Thursday 08:00 - 20:45
Friday 08:00 - 20:45
Saturday 08:00 - 20:45
Sunday 08:00 - 20:45

Telephone

+959755932949

Website

Alerts

Be the first to know and let us send you an email when Kaung Khant & Brothers Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share