London 24 hour Clinic

London 24 hour Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from London 24 hour Clinic, Medical and health, Mandalay.

Job Vacancy ❗️❗️❗️❗️မန္တလေး၊ ပြည်ကြီးတံခွန််မြို့နယ်၊ စက်မှု ၁ ရှိ ဆေးခန်းတွင် အမျိုးသား ဆေးခန်းအကူ ၁ ဦး ခေါ်ယူလိုပါတယ်ဗ...
03/09/2024

Job Vacancy ❗️❗️❗️❗️

မန္တလေး၊ ပြည်ကြီးတံခွန််မြို့နယ်၊ စက်မှု ၁ ရှိ ဆေးခန်းတွင် အမျိုးသား ဆေးခန်းအကူ ၁ ဦး ခေါ်ယူလိုပါတယ်ဗျ။

Requirements

- ပေါင်းသင်းဆက်ဆံရေးပြေပြစ်ရမည်။
- ကိုယ်နှုတ်အမူအရာ ချိုသာယဉ်ကျေးရမည်။
- လူနာများအပေါ် စိတ်ရှည်၍ ကောင်းမွန်စွာဆက်ဆံ
တတ်ရမည်။
- ရေရှည် လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရမည်။

🛑 စိတ်ဝင်စားသူများ page messenger သို့မဟုတ် Viber No. 09954310392 သို့ CV ပေးပို့၍ ဆက်သွယ်နိုင်ပါသည်။

🛑 ဆေးခန်းတွင် နေစရာစီစဉ်ပေးပါသည်။

သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေလို့ ကျွန်တော်တို့ လန်ဒန်ဆေးခန်းမိသားစု...
08/10/2022

သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေလို့ ကျွန်တော်တို့ လန်ဒန်ဆေးခန်းမိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ကျွန်တော်တို့ လန်ဒန် ဆေးခန်း ၁ ရက်ပိတ်ပါသည်။

photo crd -

‼️ ရာသီတုပ်ကွေး ကာကွယ်ဆေး VaxigripTetra 2022 ကို လန်ဒန် ၂၄ နာရီဆေးခန်းတွင် ထိုးနှံနိုင်ပါသည် ‼️ ☑️ VaxigripTetra သည် မြန...
15/05/2022

‼️ ရာသီတုပ်ကွေး ကာကွယ်ဆေး VaxigripTetra 2022 ကို လန်ဒန် ၂၄ နာရီဆေးခန်းတွင် ထိုးနှံနိုင်ပါသည် ‼️

☑️ VaxigripTetra သည် မြန်မာနိုင်ငံ FDA မှ တရားဝင် အသိအမှတ်ပြုရရှိထားသော တုပ်ကွေးကာကွယ်ဆေးဖြစ်ပါသည်။

💉Vaxigrip Tetra 2022 က ဘယ်လို တုပ်ကွေးကို ကာကွယ်ပေးတာလဲ?

အဓိက ကတော့ အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄မျိုးကို ကာကွယ်ပေးပါတယ်။
1. Influenza A/Victoria/2570/2019 (H1N1)pdm09-like virus
2. Influenza A/Cambodia/e0826360/2020 (H3N2)-like virus
3. Influenza B/Washington/02/2019 (B/Victoria lineage)-like virus
4. Influenza B/Phuket/3073/2013 (B/Yamagata lineage)-like virus

💉ဘယ်အရွယ်တွေ ထိုးလို့ရလဲ?

Vaxigrip tetra က 6 လ က စထိုးလို့ရပါတယ်။

***တစ်ကြိမ်မှမထိုးဘူးသေးသော ၉နှစ်အောက်ကလေးများ ၂ကြိမ်ကို ၄ပတ်ခြားပြီးထိုးပေးရပါမယ်။ ထိုးပြီး နောက်နှစ်များတွင်တော့ တစ်ကြိမ်သာ ထိုးရန် လိုအပ်ပါတော့တယ်။

💉ဘယ်လိုလူတွေ ထိုးထားသင့်သလဲ?

ဖြစ်နိုင်ရင် ၆ လအထက် အကုန်ထိုးထားသင့်ပါတယ်။

ပိုပြီး အထိုးသင့်ဆုံးသူတွေကတော့
- အသက်(၆) လ မှ (၅)နှစ်အထိကလေးများ
- အသက်ကြီးရွယ်အိုများ (အသက် (၆၅)နှစ်အထက်)
- ကိုယ်ဝန်ဆောင်မိခင်များ
- ရောဂါအခံရှိတဲ့ကလေး ဥပမာ နှလုံးရောဂါ ပန်းနာရင်ကြပ်ရောဂါ
- နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသည်တို့) ဖြစ်ပါတယ်။

➡️ Vaxigrip တုပ်ကွေးကာကွယ်ဆေးထိုးနှံလိုသူများအနေဖြင့် 09940590993 သို့ ဆက်သွယ်စာရင်းပေးသွင်း၍ စုံစမ်းနိုင်ပါသည်။

🙏 နှစ်သစ်ဆုတောင်း 🙏ယနေ့ ကျရောက်သော မြန်မာနှစ်သစ်ကူးအခါသမယမှစ၍  ခုနှစ်ရက် သားသမီးများအားလုံး နှစ်ဟောင်းမှ မကောင်းသော အကုသ...
17/04/2022

🙏 နှစ်သစ်ဆုတောင်း 🙏

ယနေ့ ကျရောက်သော မြန်မာနှစ်သစ်ကူးအခါသမယမှစ၍ ခုနှစ်ရက် သားသမီးများအားလုံး နှစ်ဟောင်းမှ
မကောင်းသော အကုသိုလ်များ ပပျောက်ပြီး နှစ်သစ်မှာ ကောင်းသော ကုသိုလ်များဖြင့် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေလို့ ကျနော်တို့ လန်ဒန် ၂၄ နာရီ ဆေးခန်းမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ

( ဆေးခန်းကို ယနေ့ နှစ်ဆန်း ၁ ရက်နေ့ ပိတ်ထားပြီး မနက်ဖြန် ပြန်ဖွင့်ပါမည် ခင်ဗျာ )

photo crd -

"အိမ်လုံးကျွတ်ဖြစ်တဲ့ တုပ်ကွေးအန္တရယ်"အိမ်လုံးကျွတ်ဖြစ်တဲ့တုပ်ကွေးတွေ စတွေ့တာ ၁ ပတ်ကျော်လာပါပြီ။ ပြီးခဲ့တဲ့ ၃ လတုန်းက လူ...
15/10/2021

"အိမ်လုံးကျွတ်ဖြစ်တဲ့ တုပ်ကွေးအန္တရယ်"

အိမ်လုံးကျွတ်ဖြစ်တဲ့တုပ်ကွေးတွေ စတွေ့တာ ၁ ပတ်ကျော်လာပါပြီ။ ပြီးခဲ့တဲ့ ၃ လတုန်းက လူတွေပြောပြောနေတဲ့ တုပ်ကွေးပြင်းမဟုတ်ပါဘူး၊ ဒါက တကယ့်တုပ်ကွေးပါ။

ရုတ်ချည်း အဖျားကြီးမယ်။
ခေါင်းကိုက်မယ်၊ ခေါင်းမထူနိုင်ဘူး။
နှာစီး၊ နှာယိုမယ်၊ အနံ့တော့မပျောက်ဘူး။
ချောင်းဆိုးချင်ဆိုးမယ်၊ မဆိုးချင်မဆိုးဘူး။
တဝက်ကျော်လောက်က လည်ချောင်းနာမယ်။
အနည်းစုက အစားအသောက်ပျက်မယ်၊ ပျို့အန်မယ်၊ ဝမ်းပျက်တာရှားတယ်။
အများစုက ၃ ရက်ဝန်းကျင်ကြာမယ်၊ တချို့တလေက ၅ ရက်လောက်ကြာမယ်။

ဒီနှစ်ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားတဲ့သူတွေမှာ ခုထိတော့ ဖြစ်တာမတွေ့ရသလောက်ပဲ။ ဘာတွေလုပ်သင့်သလဲမေးရင်တော့ အစာအာဟာရက အရေးအကြီးဆုံးလို့ဆိုရမှာဖြစ်ပြီး Antibiotics တောင်မလိုပဲ ပြန်ကောင်းသွားကြတာများပါတယ်။ မပြင်းထန်ဘူးဆိုပေမယ့်လည်း ၃ ရက်လောက်တော့ လှိမ့်ခံရတာများပါတယ်။

မဖြစ်ရသေးတဲ့သူတွေမှာတော့ တုပ်ကွေးနဲ့ရောပြီး ကိုဗစ်လေးတွေ လွတ်သွားမှာတော့ စိတ်ပူရပါတယ်။ Clinically အရ ခွဲခြားရသိပ်မခက်ပေမယ့်လည်း Risks ရှိနိုင်တဲ့လူနာမျိုးမှာတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ဖို့လိုဦးမှာပါ။

ကိုဗစ်ရော၊ အိမ်လုံးကျွတ်တုပ်ကွေးဒဏ်ရောမှ ကင်းဝေးကြပါစေ...

to ဒေါက်တာသက်ကျော်စိုး

❗🇲🇲စာရှည်ပေမယ့် ​အဆုံးထိဖတ်ကြပါ အချက်အလက်အစုံပါပါတယ်❗🇲🇲♦️အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ? ♦️လူနာကို ဘယ်လောက် L/min  ရှူခိုင...
11/07/2021

❗🇲🇲စာရှည်ပေမယ့် ​အဆုံးထိဖတ်ကြပါ အချက်အလက်
အစုံပါပါတယ်❗🇲🇲

♦️အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ?
♦️လူနာကို ဘယ်လောက် L/min ရှူခိုင်းမှာလဲ?
♦️ Oxygen Cylinder vs Oxygen Concentrator

=============================

♦️အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ?

လူနာအား Oximeter နဲ့ တိုင်းကြည့်ပါ။
SpO2အဖြေက 95% အထက်မှာ ရှိသင့်ပါတယ်။
Oxygen saturation ဟာ 93% to 92% အောက်ရောက်သွားရင် Oxygen ရှူဖို့ လိုအပ်ပါပြီ။

-------------------
🔴အထူးသတိပြုရန်

Oxygen များများ ရှူလို့မရတဲ့ လူနာ

ဆေးလိပ်စွဲသောက်တဲ့သူတွေမှာ COPD လို့ခေါ်တဲ့ နာတာရှည် အဆုတ်လမ်းကြောင်း ပိတ်ဆို့မှုရောဂါရှိတတ်ပါတယ်။

အဲလိုလူတွေမှာ လိုအပ်တဲ့ Oxygen target က 88%-92 % ပါ ။

အဲထက် ပိုပေးမိ ရင် သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုင် ပမာဏက တက်လာပြီး လူနာအန္တရာယ်ရှိပါတယ်။ ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ဖြစ်တတ်ပါတယ် ။

ဘယ်သူ့မှာ COPD ရောဂါအခံရှိနေမှန်းကို သာမန်အားဖြင့် မသိရှိနိုင်တာကြောင့် Oxygen ပေးရမယ့်အခြေအနေရှိနေပါက ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုအပ်ပါတယ်။

=====================

📍 အောက်ဆီဂျင် လိုအပ်ချက်က 3-4 L per min လောက် အထိပဲဆိုရင် Nasal cannula (နှာခေါင်းပိုက်) နဲ့ စပေးပါ။

♦️Nasal Oxygen Cannula
Nasal Cannula က Oxygen flow rate ကို 3-4 L per min လောက်အထိပဲ ပေးလို့ရပါတယ်။

ဒီထက်များတဲ့ rate ဆိုရင် အချိန်ကြာလာတာနဲ့အမျှ နှာခေါင်းအတွင်းပိုင်းအသား mucosa ကို ထိခိုက်စေတတ်ပါတယ် ။

Nasal Cannula ကို လူနာနှာခေါင်းမှာ မတပ်ခင် Oxygen flow ကို စိတ်ကြိုက်ချိန်ပြီး လိုတာရပြီဆိုမှ တပ်ပါ။

ဘာလို့လဲဆိုတော့ နှာခေါင်းမှာ တပ်ပြီးမှဆိုရင် flow ချိန်တဲ့ tuning ball လေးကို လှည့်တဲ့အခါ လက်က အတိုးအလျှော့ အရှိန်လွန်သွားရင် ရုတ်တရက် Oxygen ပြင်းအားများများနဲ့ ဆောင့်ထွက်လာတတ်လို့ နှာခေါင်းအတွင်းပိုင်းသားကို မထိခိုက်ရအောင်ပါ။

Nasal cannula ပိုက်ဝယ်တဲ့အခါ ကလေးနဲ့လူကြီး ဆိုပြီး ၂ မျိုး လာပါတယ်။

----------------------

Flow rate 3-4 L per min လောက် အထိက Nasal prongs/nasal cannula နဲ့ စပေးပါ။ မိနစ် ၃၀ လောက် စောင့်ကြည့်နေပါ။

ကိုယ်ဘယ်လောက်ပေးရင် ဘယ်လောက်တက်လာလဲဆိုတာ oximeter နဲ့ ပြန်တိုင်းပါ။ လူနာကို တတ်နိုင်သလောက် မှောက်လျှက် နေခိုင်းပါ။

ရှူရင်း သွေးတွင်း oxygen ပမာဏ 92% ကျော်လာရင် အဲဒီအတိုင်း ဆက်ထားလို့ ရပါတယ်။

📍 Spo2 မတက်လာရင် / တက်လာပေမယ့် 92% အထက် မရောက်လာရင် nasal prong ကနေ Face mask နဲ့ပြောင်းပေးဖို့ လိုပါတယ်။
5-10 L/min အထိ လိုအပ်သလို flow တင်ပါ။

📍 ဒါနဲ့တောင် 92% မကျော်လာဘူးဆိုရင် Face mask ကို reservoir bag ပါတပ်ပြီး ပေးရပါမယ်။

နီးစပ်ရာ covid center သွားနိုင်ရင် ကောင်းပါမယ်။

-------------------------

♦️Water Level
Oxygen အိုး Flow meter က water level ကိုရေအမြဲဖြည့်ပါ။ ရေသန့် နဲ့ဖြည့်ပါ။

ရေကဘာကြောင့်ထည့်ရတာလဲဆိုရင် စိုထိုင်းဆ moisture ရချင်လို့ပါ။

Moisture မရှိရင် Oxygen ကြောင့် နာရီကြာလာရင် နှုတ်ခမ်း ၊ နှာခေါင်းအတွင်းပိုင်း ခြောက်သွေ့ကွဲအက်မှာစိုးလို့ စိုထိုင်းဆရအောင် ရေကိုထည့်ထားခြင်းဖြစ်ပါတယ်။

ရေရှိမှ အောက်ဆီဂျင် ရတာမဟုတ်သလို oxygen ထွက်ဖို့ မရှိမဖြစ် လိုအပ်နေခြင်းလဲ မဟုတ်ပါဘူး။

အောက်ဆီဂျင် ရှူနေရတဲ့လူနာက အောက်ဆီဂျင်အရေးပေါ် လိုအပ်နေရင် ရေဖြည့်တာကို အချိန်လုပြီး လုပ်စရာမလိုပါဘူး။ ရေဖြည့်ဖို့အတွက် oxygen အပြတ်မခံသင့်ပါ။

ဘေးမှာ အောက်ဆီဂျင်အိုးအပိုနဲ့ Oxygen ပိုက်အပိုကို ဆောင်ထားသင့်ပါတယ်။ ရေဖြည့်နေစဉ် အရန်တစ်အိုးနဲ့ ပေးထားရင် ပိုကောင်းပါသည်။

📍 သတိပြုဖို့က ရေဖြည့်ရင် water Level ရဲ့ သတ်မှတ်ထားတဲ့ Scale ကို ကျော်လွန်ပြီး မထည့်ပါနဲ့။ Level ကျော်သွားရင် ရေက oxygen ဖြတ်လို့ ပွက်လာတဲ့အခါ ပိုက်ထဲသို့ ဝင်ရောက်နိုင်သောကြောင့် ဖြစ်ပါတယ်။

Nasal Cannula နဲ့ဆိုရင် နှာခေါင်းထဲတိုက်ရိုက်ရောက်သွားပြီး အသက်ရှူခြင်းကို ဒုက္ခပေးနိုင်သလို Oxygen Mask သုံးနေသူဆိုလည်း မျက်နှာကို ရေများ ရွှဲစိုသွားနိုင်ပါတယ်။

ထိုကြောင့် ရေကို water Level scale ကို မကျော်လွန်ပဲ ထည့်ရန် လိုပါတယ်။

📍 ရေဖြည့်ပြီးရင် ခွက်ကိုလုံအောင် လှည့်ပိတ်ပေးဖို့ သတိပြုရမှာပါ။ ခွက်ကိုလှည့်ပိတ်တဲ့အခါလည်း တစောင်းအနေထား ဖြစ်နေရင် အရစ်ပြည့်ပြီးပြီလို့ မှားပြီး ထင်တတ်လို့ သတိထားပါ။ flow level အမြင့်ဆုံးပေးထားရင် မလုံတဲ့နေရာက တရှူးရှူး အသံမြည်လို့ သိရှိနိုင်ပေမယ့် flow level နည်းရင် လက်နဲ့ စမ်းကြည့်ပြီး လက်ကိုလေလာတိုးမှ သိပါတယ်။

လုံအောင်မပိတ်မိရင် Oxygen တွေက အဲဒီမလုံတဲ့အပေါက်ကနေ စိမ့်ထွက်သွားပြီး လူနာက ပေးသလောက် Oxygen ကို အပြည့်မရတော့ပါဘူး။ SpO2 တွေပါ ကျလာတတ်ပါတယ်။
-------------------------

♦️ပိုက်သန့်ရှင်းရေး

ရေရှည် အောက်ဆီဂျင်ရှူနေမည့်သူများသည် ပိုက်များကို သန်ရှင်းအောင်ထားဖို့၊ လဲလှယ်ဖို့ လိုပါတယ်။ အောက်ဆီဂျင်ပိုက်များမှ တဆင့် အခြား Virus များ အသက်ရှူလမ်းကြောင်းကို ဝင်ရောက်နိုင်လို့ ဖြစ်ပါတယ်။

==========================

♦️ Oxygen cylinder

Cyliner အိုး‌တွေရဲ့ ကောင်းတဲ့အချက်က oxygen concentration အပြည့်ရပါတယ် ။ Flow ဘယ်လောက်တင်တင် ကိုယ်ရတာ 100 to 99-98 % oxygen ပါ။

အားနည်းချက်ကတော့ ပြန်ပြန်ဖြည့်ရပါတယ်။ ပြန်ဖြည့်ဖို့နေရာအရမ်းခက်ခဲနေလျှင် ကြိုတွက်ထားပြီး လုံလုံလောက်လောက် ရှာထားပါ။

⁉️ Oxygen တစ်အိုးက ဘယ်လောက်ခံမလဲ ?

အရင်ဆုံး Oxygen cylinder/Tank အရွယ်အစားတွေ ကြည့်ရအောင်။

🔹Tank D လို့ ခေါ်တဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန်းကျင်)

🔹Tank E လို့ခေါ်တဲ့ အိုးရှည် (Oxygen ပမာဏ 500 L ဝန်းကျင်) size E ရဲ့ oxygen ပမာဏ က အကြမ်းဖျင်း 680 Liters ဆံ့ပါတယ်။ ဒီမှာတော့ အများအားဖြင့် safe ဖြစ်အောင် လျော့ပြီးထည့်တော့ 500 L ၀န်းကျင်ပဲ ပါတာ များပါတယ်။

🔹Tank H
အကြီးဆုံး size ဖြစ်ပါတယ်။ cylinder size H ကို ဆေးရုံတွေမှာ သုံးတာများပါတယ်။ Oxygen capacity 7000 L ကျော် ဆံ့ပေမယ့် ဒီမှာတော့ 5040 Liters လောက်နဲ့ပဲ ဖြည့်ပါတယ်။

-----------
4 L per min နဲ့ ရှူနေတဲ့ လူနာတစ်ယောက်ဟာ
တစ်နာရီကို 240 L လိုပါတယ်။
(4L x 60 min = 240 liters)

အဲ့တော့
size E Tank (500 L) ဟာ ၂ နာရီပဲ ခံပါတယ်။
Size H Tank (5040 L) ဟာ ၂၀ နာရီ လောက် ခံပါလိမ့်မယ်။

8L per min နဲ့ ရှူနေတဲ့ လူနာဆိုရင်
size E တစ်လုံးကို ၁ နာရီပဲ ခံပါမယ်။
Size H တစ်လုံးဆို ၁၀ နာရီ ဝန်းကျင်လောက် ခံပါတယ်။

လက်ရှိ လူနာရှူနေတဲ့ Tank ထဲက Oxygen လက်ကျန် ဘယ်လောက်မိနစ်ပဲ ကြာကြာခံတော့မယ်ဆိုတာ အောက်ပါအတိုင်း တွက်လို့ရပါတယ်။

1)
Tank pressure ကို ညွှန်ပြတဲ့ အိုးပေါ်က လက်တံလေးကို ဖတ်ပါ။
eg. 1200 PSI

2)
ပြီးရင် ဖတ်လို့ရတဲ့ အဖြေထဲက 200 နုတ်ပါ။
eg. 1200-200 = 1000 PSI

3)
ပြီးရင် ကိန်းသေနဲ့ မြှောက်ပါ။
အိုးတိုအတွက်ဆို ကိန်းသေ 0.16
အိုးရှည်အတွက်ဆို ကိန်းသေ 0.28 နဲ့မြှောက်ပါ။

4)
မြှောက်လို့ရလာတဲ့ အဖြေကို လူနာရှူနေတဲ့ Oxygen flow rate နဲ့ ÷ ပါ။ (eg. 5 L/min)

ဥပမာ
Tank pressure 1200 PSI ဆိုရင်
📍 1200-200 = 1000
📍 1000 * 0.16 = 160
📍 160÷5 = 32 min ပဲ ခံပါတော့မယ်
၃၂ မိနစ်ပြီးရင် Oxygen ကုန်ပါပြီ။

Oxygen ကုန်သွားမှ မျက်လုံးပြူး မျက်ဆန်ပြူး Oxygen လိုက်ရှာနေရင် ကိုယ့်ရှေ့မှာတင် လူနာဟာ မချိမဆန့် ခံစားရနိုင်ပါတယ်။

ဖြစ်နိုင်ရင် Flow meter ကိုပါ ၂ ခုဝယ်ထားပြီး Oxygen အပိုတစ်အိုး ဆောင်ထားပါ။ လေပေါင်ကုန်သွားရင် ပိုက်ဂိုက်ဖြင့် Screws ကိုလှည့်နေတဲ့အချိန်မှာ လူနာက အောက်ဆီဂျင် ပြတ်လပ်သွားနိုင်ပါတယ်။

နှစ်အိုးရှိရင် (Oxygen အိုး နောက်တစ်ခုနဲ့ flow meter ၂ခုဆောင်ထားရင်) ပိုက်ကိုသာဆွဲ ဖြုတ်၍ လျင်မြန်စွာ လဲနိုင်ပါတယ်။

==========================

♦️Oxygen Concentrator

အားသာချက်က မီးရှိရင် ပလပ်ထိုးပြီး သုံးရုံပါပဲ။
ပြန်ဖြည့်ဖို့ မလိုပါဘူး။ သူက လေထုထဲကလေကို ယူပြီး အောက်ဆီဂျင်များများပါတဲ့ လေဖြစ်အောင် ပြန်စုပေးတဲ့စက်ပါ။

ဆက်တိုက်သုံးရင်စက်ပူပါတယ်။ တခါတလေ သိပ်ပူရင် စက်ကြောင်တတ်ပါတယ်။ 6 နာရီ လောက်ဆက်တိုက်မောင်းပြီးရင်တော့ ခဏ နားသင့်ပါတယ်။

Oxygen Concentrator ရွေးမယ်ဆိုရင်

🔵 Oxygen concentrator (1L) တွင်
▪️Flow rate....1–5 L/min
▪️Oxygen Concentration...30% to 90%
▪️Input Power.....100VA လို့ ဖော်ပြထားပါတယ်။

5 L per minute ဆိုတာကတော့ တစ်မိနစ်ကို Oxygen 5 L flow အထိ ဒီစက်က ထုတ်ပေးနိုင်တာပါ။
ဒါပေမယ့် Flow ကိုတင်လေလေ oxygen concentration ကျလေလေပါ။

ဥပမာ 1L စက်ကို
1 L per minute နဲ့ပေးရင် Oxygen concentration သူပြောထားတဲ့အတိုင်း 90 လောက်ထိပါသော်လည်း

5 L per minute လုံး အပြည့်တင်လိုက်ရင် မြန်မြန်မှုတ်ထုတ်ရလို့ oxygen concentration ကျသွားပါလိမ့်မယ်။

1L စက်ဖြစ်လို့ Input power နည်းသောကြောင့် Compressor သေးပါတယ်။ ဒီစက်နဲ့ဆို Flow rate 1L/min ထားမှသာ oxygen concentration 90% အထိရပါလိမ့်မယ်။ Flow rate 5 L/min အထိ တင်လိုက်ရင် oxygen 30% အထိ ကျသွားနိုင်ပါတယ်။ 1L/min နဲ့ပဲ ပုံသေရှူမယ့် လူနာ မဟုတ်ရင် အဆင်မပြေပါဘူး။

🔵 Oxygen concentrator (3L) စက်
Technical Data:
▪️Flow rate...0.5–3L/min
▪️Oxygen Concentration....93%±3%
▪️output pressure...45±4.5kpa
▪️Input power...320VA

🔵 Oxygen Concentrator (5L) စက်
Technical Data:
▪️ Flow rate...0.5–5L/min
▪️Oxygen Concentration....87%- 95.5%
▪️ maximum outlet pressure....40–70kpa
▪️Input power.......500VA

🔵Oxygen concentrator (8L)
Technical Data:
▪️Flow rate.....0.5–8 L/min
▪️ Oxygen Concentration. ....87%- 95.5%
▪️ maximum outlet pressure....40–70kpa
▪️Input power.....600VA

🔵 Oxygen concentrator (10L)
Technical Data:
▪️ Flow rate....0.5–10L/min
▪️Oxygen Concentration...87%- 95.5%
▪️Input power....850VA

10L စက်က Input power များသောကြောင့် Compressor ကြီးတဲ့အတွက် 10 L/min အထိ တင်ရင်တောင် oxygen concentration 95.5% ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် flow rate များများရှူဖို့လိုတဲ့သူဆိုရင် concentration မကျအောင် 8L/10L compressor တို့ကို ရွေးသင့်ပါတယ်။

အခုအတွေ့ရများတာက 5 L per minute ၊ 8 L per minute၊ 10 L per minute စက်တွေ သုံးတာများပါတယ်။

(အောက်ဆီဂျင်ပေးတာနဲ့ ပတ်သတ်တဲ့ အချက်တွေကို ဖတ်လို့လွယ်အောင် တွေ့တာအထဲက လိုတာတွေ ဖြတ်ပြီး ပြန်စုထားတာပါ။ မူရင်းပိုစ့်တွေအားလုံးကို credit ပါ။ )🙏✌🇲🇲💯🔰❗

===========================================

Share ဆိုသိပ်မမြင်ကြမှာစိုးလို့ Share ရော Post ရောတင်ပေးလိုက်ပါတယ်ဗျာ

Credit to Post Owner - PPE 9 Auto Mobile

Awake Prone Position for self-care of Covid-19 Patients. .( Covid-19 ကြောင့် အသက်ရှူခက်ခဲလာလျှင် /အောက်ဆီဂျင်ကျလာလျှင် မ...
07/07/2021

Awake Prone Position for self-care of Covid-19 Patients. .( Covid-19 ကြောင့် အသက်ရှူခက်ခဲလာလျှင် /အောက်ဆီဂျင်ကျလာလျှင် မိမိနေအိမ်တွင် ပြုစုလို့ရနိုင်မည့် နည်းလမ်းအချို့ကို ပုံနှင့်တကွ ဖော်ပြထားပါတယ်). .

Covid19 ဖြစ်ပြီး အသက်ရှူရခက်သူများ / အောက်စီဂျင်ကျနေသောသူများ(SpO2 94အောက် ) သည် ပုံမှန် ပက်လက်အိပ်သည့်အနေအထားမျိုးမဟုတ်ပဲ အောက်ဖော်ပြပါ အနေအထား(4)မျိုးကို တစ်ခုချင်းစီ အနည်းဆုံး မိနစ်(30)ကြာ တစ်လှည့်စီ လုပ်ဆောင်သင့်သည်..

1. ဝမ်းလျားမှောက်အနေအထား (Prone Position) ဖြင့်
ခေါင်းအောက် / ဗိုက်အောက်/ ညို့သဂျီး အောက်တွင် ပုံပါအတိုင်း ခေါင်းအုံးတစ်လုံးစီခု၍ အနည်းဆုံး မိနစ်(30) ခန့်နေပါ

2.ညာဘက်တစ်စောင်းပုံ လှဲလျက်အနေအထား ဖြင့် အနည်းဆုံး မိနစ်(30)ခန့် ပြောင်းပေးပါ

3. ထိုင်လျက်အနေအထားဖြစ်အောင် ကျောနောက်တွင် ခေါင်းအုံး(2)လုံး (3)လုံးခန့် သင့်တော်သလို မှီ၍ အနည်းဆုံးမိနစ် (30)ခန့် နေပါ

4. ဘယ်ဘက်တစ်စောင်းပုံ လှဲလျက်အနေအထားဖြင့် အနည်းဆုံး မိနစ်(30)ခန့် နေပါ

ထို့နောက် ပုံ (1) အတိုင်း ပြန်လည်လုပ်ဆောင်ပါ
အဆင့်တစ်ခုချင်းစီတွင် အနည်းဆုံး မိနစ် (30)မှ အလွန်ဆုံး(2)နာရီခန့် နေနိုင်ပါသည်..

ပုံ(1)မှ ပုံ(4)အထိ ပျမ်းမျှ (4)နာရီခန့် ကြာပါမည်..
ပုံ(1)မှ ပုံ(4)ထိ တစ်ကြိမ်ပြီးတိုင်း အစာစားခြင်း/ အပေါ့အလေးသွားခြင်းများ (1)နာရီနားချိန်အတွင်းပြုလုပ်နိုင်ပါသည်..

ပုံ(1)မှ ပုံ(4)ကို တစ်ဆင့်ခြင်းပြုလုပ်နေစဥ်တွင် အဆင့်တစ်ခုခုတွင် နာကျင်ခြင်း ,နေရထိုင်ရခက်ခြင်းများဖြစ်ပါက ထိုအဆင့်ကို ကျော်လုပ်နိုင်ပါသည်..

အစာစားပြီး (1)နာရီခြားပြီးမှ စပြီး ပြုလုပ်ရန်ဖြစ်ပါသည်..

မှတ်ချက်(ရှောင်ကြည်ရမည့်လူနာများ).. သတိမကောင်းသောလူနာများ/ ကိုယ်ဝန်ဆောင်များ / သွေးပြန်ကြောသွေးခဲသည့်ရောဂါရထားသူများ/ နှလုံးရောဂါအခံရှိသူများ / ကျောရိုး(သို့)တင်ပါးစုံရိုး ကျိုး/အက်ဖူးသူများအနေဖြင့်တော့ ထိုသို့ ပြုလုပ်ရန် လုံးဝမသင့်တော်ပါ..

Credit

23/03/2021

မင်္ဂလာပါခင်ဗျာ ..

24.3.2021 တွင် ကျွန်တော်တို့ လန်ဒန် ၂၄ နာရီ ဆေးခန်းအား
( ၁ ရက် ) ပိတ်ထားပါမည်။

ကျန်းမာရေးကိစ္စများတိုင်ပင်ဆွေးနွေးလိုလျှင် 09940590993 သို့ ဆက်သွယ်နိုင်ပါသည်ခင်ဗျာ။

မင်္ဂလာပါ ။ လန်ဒန် ၂၄ နာရီ အထွေထွေရောဂါကုဆေးခန်းမှ နွေးထွေးစွာကြိုဆိုပါတယ် ။လူနာများ၏ ကျန်းမာရေးကို တာဝန်ခံဆရာဝန်များမှ ...
12/12/2020

မင်္ဂလာပါ ။

လန်ဒန် ၂၄ နာရီ အထွေထွေရောဂါကုဆေးခန်းမှ နွေးထွေးစွာကြိုဆိုပါတယ် ။

လူနာများ၏ ကျန်းမာရေးကို တာဝန်ခံဆရာဝန်များမှ နွေးနွေးထွေးထွေး အချ်ိန်ပေး၍ ( နေ့/ည မပြတ် )ကုသစောင့်ရှောက်မှုပေးသွားမည်ဖြစ်ပါသည် ။

ကျန်းမာရေးနှင့်ပတ်သက်သော မည်သည့်ကိစ္စမဆို ဆရာဝန်နှင့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး၍ တိုင်ပင်ကုသနိုင်ပါသည် ။

လန်ဒန် ၂၄ နာရီ အထွေထွေရောဂါကုဆေးခန်း
( ၁၃၃ လမ်း နှင့် ၆၃ လမ်းထောင့် ၊ စက်မှု ၁ )
Ph - 09 940590993

Address

Mandalay

Telephone

+959940590993

Website

Alerts

Be the first to know and let us send you an email when London 24 hour Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram