Daw Zar Chi Win

Daw Zar Chi Win အကြော အဆစ်နှင့် ပြန်လည်သန်စွမ်းမှု ?

31/05/2024

ဘိုးဘွားများအတွက် Physiotherapy အကြောအဆစ်ပိုင်းဆိုင်ရာစောင့်ရှောက်မှု

မင်္ဂလာပါ ဘိုးဘိုးဖွားဖွားတို့ရဲ့ သားသမီးများရှင် 🙏

ဒီနေ့ ကျွန်မတို့ အကြောအဆစ်ဆေးခန်းမှ မျှဝေပေးချင်တာလေးကတော့ အိမ်မှာရှိတဲ့ မိမိတို့ရဲ့ သက်ကြီး မိဘဘိုးဘွားများကို အကြောအဆစ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုများပေးနိုင်စေဖို့ ကျွန်မတို့ဆေးခန်းမှ ပြုလုပ်ပေးနေပုံလေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်ရှင်။

အဘိုးအဖွားများမှာ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အရိုး အဆစ် ကြွက်သားများ နာကျင်လာကြပါတယ်။ ထိုသို့နာကျင်လာကြသောကြောင့် မလှုပ်ရှားချင် ငြိမ်ငြိမ်လေးနေလာကြပါတယ်။ ငြိမ်ငြိမ်လေးနေလေ ကြွက်သားများတင်းလေ အဆစ်တွေခိုင်လေ ပိုနာလေဖြစ်သည်မို့ ကျွန်မတို့ဘက်က ကြိုးစားပြီး (ဘ်ိုးဖွားများဆိုတော့ ချော့မော့ပြီး) လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ရှင်။

အသက်အရွယ်အရမ်းကြီးသော ဘိုးဘိုးဖွားဖွားတို့အတွက် Maintenance Therapy ( ယခုလက်ရှိထက်ပိုဆိုးမသွားစေရန်)ကို အဓိကထားကြိုးစားကြရမှာဖြစ်ပါတယ်ရှင်။ ဘိုးဖွားများ၏ လက်ရှိအနေအထားပိုဆိုးမသွားစေဖို့ ဘိုးဖွားများ၏ ရောဂါအခံများနှင့် တစ်ဦးချင်းစီအလိုက် လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်များကို သေချာဂရုစိုက်မှသာ မလိုလားအပ်သော‌ နောက်ဆက်တွဲပြသနာများ ( အဆစ်ပိုယောင်ခြင်း၊ နာခြင်း၊ အရိုးကျိုးခြင်း စသည်တို့) မှ ကင်းဝေးမှာဖြစ်ပါတယ်ရှင်။

ထို‌ကြောင့်လေ့ကျင့်ပေးရာမှာလည်း Physiotherapist အကြောအဆစ်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးသင်ယူပြီး စနစ်တကျလေ့ကျင့်စေချင်ပါတယ်ရှင်။ ယခုရိုက်ပြထားသော vedio လေးကတော့ ၉၂ အရွယ်အဖွားကို လက်လေ့ကျင့်ခန်းလေးတွေလုပ်ပေးနေပုံဖြစ်ပါတယ်ရှင်။ ဖွားဖွားက လက်မောင်းသိပ်မမြှောက်နိုင် ကိုင်လိုက်တာနဲ့ နာတယ်ဟု ပြောနေပေမဲ့လည်း ချော့မော့‌ပြီး အဖွားအတွက်သင့်တော်သော လေ့ကျင့်ခန်းများကို နည်းနည်းချင်းလုပ်ဆောင်ပေးရပါတယ်ရှင်။

ခုလိုဝေမျှနိုင်စေရန် ခွင့်ပြုချက်ပေးသော အဖွား၏သမီးကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင် 🙏

ဘိုးဘိုးဖွားဖွားတို့၏ သားသမီးများလည်း အိမ်၌ရှိကြကုန်သော ဘိုးဖွားသက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောင်မှုကောင်းစွာပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်ကြပါစေရှင် 🙏🙏🙏

ကိုယ်လည်း တနေ့ အိုရမည်သာ
ဇာခြည်ဝင်း
Physiotherapist
အကြောအဆစ်နှင့်
ပြန်လည်သန်စွမ်းရေး

ယနေ့ ဇီဝိတဒါန ကုသိုလ်များ 🙏🙏🙏         ကျွန်မတို့အကြောအဆစ်ဆေးခန်းအနေနဲ့ သံဃာများသီလရှင်များလာရောက်ကုသပါက အခကြေးငွေမယူဘဲ ဇ...
29/05/2024

ယနေ့ ဇီဝိတဒါန ကုသိုလ်များ 🙏🙏🙏

ကျွန်မတို့အကြောအဆစ်ဆေးခန်းအနေနဲ့ သံဃာများသီလရှင်များလာရောက်ကုသပါက အခကြေးငွေမယူဘဲ ဇီဝိတဒါနကုသပေးနေသည်မှာ ဟိုးနှစ်ပေါင်းများစွာ အဖွားလက်ထက်ကတည်းကပင်ဖြစ်ပါသည်ရှင်။

ယနေ့ ဇီဝိတဒါနကုသိုလ်များကတော့ ဆေးခန်းသို့ကြွလာ သံဃာ ၅ ပါးနှင့် ‌ကျောင်းသို့သွားကြည့်ပေးရသည့်သံဃာတော် ၃ ပါး ၊ စုစုပေါင်း ၈ ပါးကို ဇီဝိတဒါနကုသိုလ်ပြုခဲ့ပါသည်ရှင်။

ယနေ့ကုသိုလ်ပြုရာထဲတွင် နိုင်ငံတော်သံဃမဟာနာယကအကျိုးတော်ဆောင်ချုပ် ၊ မစိုးရိမ်တိုက်သစ်မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ ဓမ္မပါကဋကျောင်းနာယကဆရာတော် ဘဒ္ဒန္တနန္ဒာဘိဝံသ၊ ဓမ္မမဟိဒ္ဓိကျောင်းနာယကဆရာတော် ဘဒ္ဒန္တစေတိယာလင်္ကာရာဘိဝံသ တို့ ၃ပါးအား တိုက်ဆိုင်စွာ တနေ့တည်းဇီဝိတဒါနကုသိုလ်ပြုခွင့်ရခဲ့ပါသည်။ ထို့အပြင် ဆေးခန်းသို့ကြွရောက်တော်မူသော မစိုးရိမ်အရှင်ဗုဒ္ဓပီယ (အနော်ရထာဖောင်ဒေးရှင်းဥက္ကဋ္ဌ) ဆရာတော်အားလည်း ဇီဝိတဒါနကုသိုလ်ပြုခွင့်ရခဲ့ပါသည်။

မိမိတတ်စွမ်းသော ပညာများဖြင့် သာသနာအကျိုးသယ်ပိုးနေသောဆရာတော် သံဃာတော်များကို ယနေ့တိုက်ဆိုင်စွာ တပြိုင်နက်တည်း ကုသိုလ်ပြုခွင့်ရသည့်အတွက် ကုသိုလ်ပီတိများအတိုင်းမသိဖြစ်မိပါသည်။🙏

ဆရာတော်ကြီးများမှလည်း အကြောအဆစ်ရောဂါနှင့်ပတ်သက်လာလျှင် မိမိကို ယုံကြည်စိတ်ချစွာအမြဲသတိတရရှိသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါသည်ရှင်။

သာသနာအကျိုးသယ်ပိုးရွက်ဆောင်နေသော ဆရာတော်သံဃာတော်များ သီလရှင်ဆရာကြီးဆရာလေးများအား ကျန်းမာစေဖို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဟာလည်း သာသနာတော်အတွက် နိုင်ရာဝန်ထမ်းနေခြင်းလို့ ခံယူပြီး ကြိုးစာ၍ ဇီဝိတဒါနကုသိုလ်များပြုလုပ်သွားပါဦးမည်ရှင်။

ဆရာတော် သံဃာတော်များ ၊ သီလရှင်ဆရာကြီးဆရာလေးများအားလုံး အကြောအဆစ်ဝေဒနာများမှ ကင်းရှင်းကြပါစေ 🙏🙏🙏

ဇာခြည်ဝင်း
Physiotherapist
အကြောအဆစ်နှင့်
ပြန်လည်သန်စွမ်းရေး

ယနေ့ရဲ့ မေတ္တာစာလေးများခါးအာရုံကြောညှပ်၍ လာရှိုးမြို့ကနေ ဆေးခန်းလာပြသော Patient မှ ‌‌ပြန်လည်ကောင်းမွန်လာသောကြောင့် ပြန်ခ...
06/03/2024

ယနေ့ရဲ့ မေတ္တာစာလေးများ

ခါးအာရုံကြောညှပ်၍ လာရှိုးမြို့ကနေ ဆေးခန်းလာပြသော Patient မှ ‌‌ပြန်လည်ကောင်းမွန်လာသောကြောင့် ပြန်ခါနီး မေတ္တာစာလေးများ 🥰🥰🥰

ခုလို ပြန်လည်ကောင်းမွန်လာတယ်ဆိုတာ လူနာရဲ့ ဇွဲ့နဲ့ လိုက်နာမှု‌များကြောင့်ဖြစ်ပါတယ်ရှင်။ ရက်ပေါင်း 40 ကြာ တစ်ရက်မပျက်ဆေးခန်းလာပြသော ဇွဲအရမ်းရှိသောအမပါ။

နာတာရှည် အကြောအဆစ်ဆိုင်ရာ ရောဂါတစ်ခုဖြစ်လာပြီဆိုလျှင် စိတ်ရှည်ရမှာမို့ အကြောအဆစ်ဝေဒနာများအား စိတ်ရှည်စွာနဲ့ကုသကြဖို့ တိုက်တွန်းပါတယ်ရှင်။

( ဦးလေး U Aung Myaing အောင်မြိုင် - မစိုးရိမ်စာသင်သား ညွှန်ပေးသောလူနာ ယခု အတော်လေးကောင်းပါပြီ ဦးလေး ၊ ကြိုးစားပြီး ကုသပေးလိုက်ပါတယ်ရှင့် 🥰 )

လူတိုင်းအကြောအဆစ်ဝေဒနာများမှ ကင်းရှင်းကြပါစေ 🙏

ဇာခြည်ဝင်း
Physiotherapist
အကြောအဆစ်နှင့်
ပြန်လည်သန်စွမ်းရေး

16/02/2024

အဋ္ဌမအကြိမ် နယ်လှည့် ဇီဝိတဒါန🙏

မင်္ဂလာပါရှင် 🙏

ကျွန်မတို့အကြောအဆစ်ဆေးခန်းမှ အဋ္ဌမအကြိမ်နယ်လှည့်ဇီဝိတဒါနကိုတော့ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ဖိုစွတ်‌ဒေသ မဟာဗောဓိကုန်းတော်ပေါ်၌ ကုသိုလ်ပြုခဲ့ကြပါတယ်ရှင်။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၏မယ်တော်ကြီး ဒေါ်တင်ကြည် ၉၆ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ကုသိုလ်အဖြစ် တပိုတွဲလဆန်း ၆ ရက် ၊၇ ရက် (15/16-2-24) နေ့များတွင် အကြောအဆစ်ဝေ‌ဒနာရှင် ၁၄၀ တိတိကို ကုသိုလ်ယူခဲ့ကြပါတယ်ရှင်။

မူလသတ်မှတ်‌ကြေငြာထားသော လူနာဦးရေမှာ 97 ဦးဖြစ်သော်လည်း အနီးရှိရွာများမှ တစ်ယောက်ပြီးတစ်ယောက် ထပ်၍ရောက်လာမှုများကြောင့် လူနာဦးရေ 140 ထိကုသိုလ်ယူဖြစ်ခဲ့ပါတယ်ရှင် 🙏

15-2-24 နေ့ 1 နာရီမှ ည 7 နာရီထိ 73 ဦးနှင့် 16-2-24 မနက် 9 နာရီမှ နေ့ 2 နာရီထိ 67 ဦးကုသိုလ်ယူခဲ့ကြပါသည်။ 15 ရက်နေ့ညနေ လာပြကြသော လူနာအချို့မှာ အဝေးရွာမှဖြစ်ပြီး နေ့လည် 1နာရီမထိုးခင်မှ ညနေ 6 နာရီကျော်ထိ ထိုင်စောင့်နေကြသည်ကိုမြင်ရ၍ ကျွန်မတို့ဆေးခန်းမှ လူနာ 25 ယောက်စာ အတွက် ပြည်ထမင်းသုတ် 25ဗူးကိုလည်း လှူဒါန်းခဲ့ပါတယ်ရှင် 🙏

ပုံမှန်အားဖြင့် နယ်လှည့်ဇီဝိတဒါနခရီးစဉ်များကို ဆေးခန်းပိတ်ရက် လပြည့်လကွယ်များတွင်သာကုသိုလ်ယူလေ့ရှိသော်လည်း ယခုမှာ မစိုးရိမ်တိုက်သစ်မဟာနာယကဆရာတော်ကြီးသည်မယ်တော်ကြီးမွေးနေ့ အကြောင်းပြုကုသိုလ်ထူးများပြုလုပ်ပေးသောကြောင့် ကျွန်မတို့အကြောအဆစ်ဆေးခန်းမိသားစုမှလည်း မန္တလေးရှိဆေးခန်းကို 2 ရက်ပိတ်ကာ ပါဝင်ကုသိုလ်ယူခြင်းဖြစ်ပါသည်ရှင်။

ဤသို့ဆေးခန်းကိုပိတ်၍ ကုသိုလ်ယူရခြင်းအကြောင်းမှာလည်း အမေတစ်ယောက် , အသက်တစ်ရာနားကပ်နေသောအမေအိုတစ်ယောက်အတွက် ကျွန်မတို့ပြုသော ဇီဝိတဒါနကုသိုလ်များအဖို့သည် ထိုအဖွားအိုအတွက် သက်ရှည်ကျန်းမာပါစေဟူသော ရည်ရွယ်ချက်ဖြင့် ကုသိုလ်ပြုပေးခြင်းဖြစ်ပါသည်ရှင်။

သက်ရှိနေသော အမေများအားလုံးကို သက်ရှည်ကျန်းမာစေချင်ပါသည်။ ကျွန်မတို့ ဇီဝိတဒါနလုပ်ရခြင်းမှာလည်းကွယ်လွန်ပြီးသော ကျွန်မတို့ဆေးခန်းမိခင်ကြီး ဒေါ်ခင်ပြုံးကြည်၏ဆန္ဒကို ဖြည့်ဆည်းနေခြင်းဖြစ်သောကြောင့် ကျွန်မတို့ပြုသမျှကုသိုလ်များအားလုံးသည် အမေများအားလုံးအတွက် ဖြစ်ပါသည်ရှင်။

ကျွန်မတို့ဆေးခန်းအနေဖြင့် ယခုလို နယ်စုံလှည့် လူနာပေါင်းများစွာကို ဇီဝိတဒါနကုသိုလ်ယူပေးနေခြင်းမှာ ချမ်းသာ၍မဟုတ်ပါ။ မိခင်ရှိစဉ်ကပြောနေကျစကားလေးကို ကြိုးစား၍အကောင်အထည်ဖော်ကုသိုလ်ယူနေခြင်းဖြစ်ပါတယ်ရှင်။

နယ်လှည့်ဇီဝိတဒါနပြုသည်ဆိုရာမှာလည်း ဖိတ်ကြားသောရွာ တာဝန်ယူပေးသောရွာရှိမှသာလျှင်ကုသိုလ်ပြုခွင့်ရခြင်းဖြစ်သောကြောင့် ကျွန်မတို့ဆေးခန်းကို ဖိတ်ကြားပါသော မစိုးရိမ်တိုက်သစ်မဟာနာယကဆရာတော်ဘုရားကြီးကို ကျေးဇူးတင် ကန်တော့အပ်ပါသည် 🙏🙏🙏


ယခုလို နယ်တကာပတ်၍ ဇီဝိတဒါနကုသိုလ်ယူနိုင်စေရန် နှင့် စတင်အကောင်အထည်ဖော်ဖြစ်စေရန်တိုက်တွန်း ကူညီ အားပေးခဲ့ပါသော ဆရာသမား Ashin Cetiya Linkara Bhivamsa ကိုလည်း ကျေးဇူးတင်ကန်တော့အပ်ပါသည် 🙏🙏🙏

ယခုမွေးနေ့ရှင် မယ်တော်ကြီးနှင့်တကွ အမေများအားလုံး သက်ရှည်ကျန်းမာကြပါစေ 🙏🙏🙏

ဇာခြည်ဝင်း
Physiotherapist
အကြောအဆစ်နှင့်
ပြန်လည်သန်စွမ်းရေး

14/01/2024

မင်္ဂလာပါရှင် 🙏

ကျွန်မတို့ အကြောအဆစ်ဆေးခန်းက ဒီနေ့ဝေမျှပေးမဲ့ အကြောင်းအရာလေးကတော့ လှေကားပေါ်ကချော်ကြ၍ ဒူးကွေးရန်ခက်နေသော Patient ညီမလေးတစ်ယောက်ကို ဒူးကွေးရစေဖို့ စိတ်ရှည်လက်ရှည်နဲ့ ကြွက်သားများအား ဆွဲပေးခြင်း (Muscle stretching) လုပ်ပေးနေပုံလေးဖြစ်ပါတယ်ရှင်။

ခုလိုတွေပြုလုပ်ပေးပုံလေးက ကြည့်ရတာတော့ လွယ်သယောင်ရှိပေမဲ့ ဒူးကြွက်သား‌တွယ်ဆက်ပုံနဲ့ လုပ်ငန်းဆောင်တာများကို အသေးစိတ်သိရှိဖို့ရန်တော့လိုအပ်ပါတယ်ရှင်။ သို့မှသာ လက်ကိုင်ပုံအနေအထား ၊ ပြုလုပ်ရမည့် ကြွက်သားမြောင်း မှန်ကန်နိုင်မှာပါ။ Patient အတွက်လည်း အကျိုးရှိစေမှာဖြစ်ပါတယ်ရှင်။

မိဘပြည်သူများကို ကျွန်မတို့ဆေးခန်းမှ အကြောအဆစ်ဝေဒနာများအား ဗဟုသုတရစေရန်အလို့ငှာ ကြိုးစား၍ ဝေမျှ ပြသပေးခြင်းဖြစ်ပါတယ်ရှင်။

Vedio ရိုက်ခွင့်ပေးသော Patient တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🥰

လူတိုင်း အကြောအဆစ်ဝေဒနာများမှ ကင်းရှင်းကြပါစေ 🙏

ဇာခြည်ဝင်း
Physiotherapist
အကြောအဆစ်နှင့်
ပြန်လည်သန်စွမ်းရေး

11/01/2024

မင်္ဂလာပါရှင် 🙏

ဒီနေ့ ကျွန်မတို့အကြောအဆစ်ဆေးခန်းက မျှဝေပေးချင်တာလေးကတော့ မိဘအပေါ်အလွန်သိတတ်တဲ့ မိသားစုတစ်ခုရဲ့ သူတို့အမေအပေါ် ပြုစုစောင့်ရှောက်ပုံလေးဖြစ်ပါတယ်ရှင်။

ကျွန်မ အိမ်တိုင်ယာရောက်သွားရောက်ကြည့်ရှုပြီး အကြောအဆစ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုပေးနေရတဲ့ အိမ်တစ်အိမ်မှာ သူတို့ရဲ့အမေ ၉၀ ကျော်အဖွားကို အစားအသောက်၌ အာဟာရအပြည့်အဝပါဝင်စေရန်အတွက် စိတ်ရှည်စွာ စီမံပေးသော နေ့စဉ် နေ့လည်စာလေးကို ဘိုးဘွားမိဘရှိတဲ့ သားသမီးတိုင်း အတုယူ ကုသိုလ်ယူတတ်စေဖို့ မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်။

အနန္တဂိုဏ်းဝင် ဘိုးဘွားမိဘများကို အကောင်းဆုံးကျေးဇူးဆပ်နိုင်ကြပါစေရှင် 🙏

ကိုယ်လည်း တနေ့ အိုရမည်သာ
ဇာခြည်ဝင်း
Physiotherapist
အကြောအဆစ်နှင့်
ပြန်လည်သန်စွမ်းရေး

06/01/2024

မင်္ဂလာပါရှင် 🙏

ဒီနေ့ ကျွန်မတို့အကြောအဆစ်ဆေးခန်းသို့ ပုသိမ်ကြီးမြို့နယ် ချိုင့်ကြီးကျေးရွာက လာရောက်ပြသသော လက်မောင်းကပ်လူနာတစ်ယောက်အကြောင်း မှတ်တမ်းတင်ထားတာလေးကို ထိုကဲ့သို့ရောဂါဝေဒနာခံစားနေရသူများ ကြည့်ရှုနိုင်စေရန်နှင့် ဗဟုသုတရစေရန်အလို့ငှာ ပြသပေးပါ့မယ်ရှင်။

Frozen Shoulder လို့ခေါ်တဲ့ လက်မောင်းကပ်ရောဂါကို မိဘပြည်သူများနားလည်လွယ်အောင်ပြောပြရလျှင်ဖြင့် တဖြေးဖြေးနဲ့ လက်မောင်း၏လှုပ်ရှားမှုများ ကျကျလာသောကြောင့် လက်မြှောက်ခြင်း၊ ဘေးကားခြင်း၊ လက်နောက်ပစ်ခြင်း စသည်တို့အပါအဝင် အခြားသောလက်မောင်း၏လှုပ်ရှားမှုများခက်ခဲလာပါတယ်။

ယခု Vedio လေးမှာတော့ 2 လကြာ လက်မောင်းကပ်ရောဂါခံစားနေရသောလူနာ ဆေးခန်းသို့ 3 ရက်မြောက်လာပြခြင်းဖြစ်ပါတယ်ရှင်။

လူနာအနေနဲ့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းကဖြစ်၍ လှေတတန်၊ ကုန်းတတန်ဖြင့် 3 ရက်ဆက်တိုက် ဝီရိယထား လာရောက်ပြသသည်ကို ကျွန်မတို့ ဆေးခန်းအနေဖြင့် မြင်သာထင်သာသောတိုးတက်မှုရှိအောင် လူနာစိတ်ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်ရှင်။

ဆေးခန်းမလာခင်က လက်မြှောာက်ရာ ခက်ခဲပြီးကြွက်သားများတင်းနေသောလူနာမှာ ယခုလို Physiotherapy Treatment ပိုင်းဆိုင်ရာများ 3 ရက်ပြုလုပ်ပြီးနောက် လက်မောင်းခေါင်းပေါ်တင်ကာ အခြားတဖက်ကနားရွက်ကို ဆွဲနိုင်သည်ထိ တိုးတက် ကောင်းမွန်လာသည့်အတွက် လူနာ၊ လူနာရှင်နှင့် ကုသပေးသူကျွန်မတို့ဆေးခန်းမှာ ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။

ယခုVedio သည် ထိုလက်‌မောင်းကပ်လူနာအတွက်ကုသမှုများထဲမှ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပါသည်ရှင်။

လူတိုင်း အကြောအဆစ်ဝေဒနာများမှ ကင်းရှင်းကြပါစေ🙏

ဇာခြည်ဝင်း
Physiotherapist
အကြောအဆစ်နှင့်
ပြည်လည်သန်စွမ်းရေး

08/11/2023

ကျွန်မချစ်ရသော အဘိုးအဘွားများ 🙏🥰🙏🥰🙏🥰

ကျွဲဆည်ကန် မိုးကုတ်ရိပ်သာမှ ဘုန်းဘုန်း ဦးဝိမလ သက်တော် ၉၃ နှစ်အရွယ် ခါးနာ၍ မထနိုင်သည်ကို 3 ရက်ဆက်တိုက်ကြည့်ပေးပြီးနောက် ဘုန်းဘုန်းကို လမမးလျှောက်လေ့ကျင့်ပေးခြင်း။

အရမ်းပျော်တတ်သော ဘုန်းဘုန်း သက်တော်ရာကျော်ရှည်ပါစေ 🙏

မနေ့က ဝတ္ထုငွေစွန့်တော့

" သံဃာတော်များ သီလရှင်များအား ဇီဝိတဒါနကုသပေးတာကြောင့် မယူပါဘူးဘုရား" ဟု လျှောက်သောအခါ

" မရဘူး၊ ယူရမှာ"

" အဲ့ဒါဆို ပြန်လှူပါတယ်ဘုရား 🙏 "

" အဲ့ဒါဆို လိုကျဆို ဣဒံမပေုညံ .... "

ယနေ့တော့ ကျောက်မဲ လက်ဖက်ခြောက် စွန့်လိုက်ပါ၏။

ဘုန်းဘုန်း၏သမီးဖြစ်သူ ဆရာမဒေါ်ဌေးဌေးမှလည်း လက်ဖက်များ၊ ဓနုတိုင်းရင်းသားလုံချည်များ လက်ဆောင်ထည့်ပေးလိုက်ပါ၏။

ပီတိကိုစား၍ ဝနေသော

ဇာခြည်ဝင်း
Physiotherapist
အကြောအဆစ်နှင့်
ပြန်လည်သန်စွမ်းရေး

Address

Mandalay

Telephone

+959402552143

Website

Alerts

Be the first to know and let us send you an email when Daw Zar Chi Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram