16/04/2026
Tiktok မှာ ဖုန်းနံပါတ် ဗေဒင်ဆရာမ liveလွှင့်
ဝင်ကြည့်တာ ကောမန့်မှာ လူတွေကသူတို့ဖုန်းနံပါတ်တွေရေးမေးကြရော
ဟိုက ကိုအောင်ရေ အကို့နံပါတ်ကတော့ အသည်းပျက်စီးမယ် နှလုံးမကောင်းဘူး လမ်းသွားရင်ဘေးသင့် အိမ်မီးလောင်မယ်။
မထက် နံပါတ်ကတော့ အိမ်ထောင်ရှိရင်ကွဲတတ်တယ်
မရှိရင် အထီးကျန်မယ် ခြေထောက်ကျိုးမယ် မျက်လုံးကန်းမယ်။
သူ့ကောမန့်က ဘယ်နံပါတ်မှ မကောင်းဘူး
ကောင်းချင်ရင်တော့ သူရောင်းတဲ့ sim card တွေလာဝယ်ပါတဲ့😊 ဝပါဆရာမရေ