
28/06/2024
နံနက်ခင်း ဆုတောင်း
ယခုဘဝအသက်ရှင်နေချိန်အထိပြုခဲ့သမျှနှင့်
ဘဝအဆက်ဆက်က
လှူဒါန်းခဲ့ရသော ဒါနကုသိုလ်၊
စောင့်တည်ခဲ့ရသော သီလကုသိုလ်၊
ပွားများခဲ့ရသော ဘာဝနာ သမာဓိကုသိုလ်၊
ရှုမှတ်အားထုတ်ခဲ့ရသော ဝိပဿနာကုသိုလ်....
ထိုကုသိုလ်အစုစုတို့ကြောင့်
မြန်မာပြည်သူပြည်သားများအားလုံး-
* ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
* ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
* ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
* အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
* အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။