Kyaw Pharmacy-Mdy

Kyaw Pharmacy-Mdy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Pharmacy-Mdy, Medical and health, Sat Hmut 1, Pyigyitagon Township, Mandalay.

(1-1-2022) က စပြီး ဖွင့်ခဲ့တာဆိုတော့ တစ်နှစ် ခရီးရောက်ခဲ့ပြီလက်လီကိုပဲ ကြိုးစားပြီး ရောင်းခဲ့တယ်။ဝယ်ယူအားပေးသော မိတ်ဆွေမ...
17/01/2023

(1-1-2022) က စပြီး ဖွင့်ခဲ့တာဆိုတော့ တစ်နှစ် ခရီးရောက်ခဲ့ပြီ
လက်လီကိုပဲ ကြိုးစားပြီး ရောင်းခဲ့တယ်။

ဝယ်ယူအားပေးသော မိတ်ဆွေများအား ကျေးဇူးအထူးတင်ရှိပါတယ်

နောက်ပိုင်းတော့ လက္ကားရောင်းချနိုင်ဖို့အရေး ကြိုးစားသွားပါမယ် ခင်ဗျာ....

#ကျော်ဆေးဆိုင်
#စက်မှု၁
#ဆေးဝါးရောင်းဝယ်ရေး

အသားထူအရေပြားရောဂါ ( Psoriasis ) ခန္ဓာကိုယ်မှာ ရောဂါတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် လူအနည်းနဲ့အများ stress ဖြစ်ကြတာ ဓမ္မတာပ...
01/11/2022

အသားထူအရေပြားရောဂါ ( Psoriasis )

ခန္ဓာကိုယ်မှာ ရောဂါတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် လူအနည်းနဲ့အများ stress ဖြစ်ကြတာ ဓမ္မတာပါပဲ။ ရောဂါတွေထဲကမှ အရေပြားရောဂါဖြစ်ရင်တော့ confidence မရှိ ၊ စိတ်က ပိုပြီးထိလွယ်ရှလွယ် ဖြစ်တတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အရေပြားအသားအရေဟာ လူတွေမြင်နေနိုင်တဲ့အစိတ်အပိုင်း ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။

ဒါကြောင့် ဒီနေ့မှာတော့ အရေပြားရောဂါတွေထဲကတွေထဲက psoriasis လို့ခေါ်တဲ့ အသားထူရောဂါအကြောင်းနဲ့ ပတ်သက်ပြီး ဆောင်ရန်၊‌ရှောင်ရန်၊ သိမှတ်ဖွယ်တွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

Psoriasis ကို အရပ်ထဲမှာတော့ အသားထူရောဂါ၊ တချို့ကတော့ အထပ်တရာအရေပြားလို့ ခေါ်ကြပါတယ်။ အဲ့ဒီရောဂါက သူ့ရဲ့ နာမည်အတိုင်းပဲ အရေပြားကနေ အနာထူထူကြီးတွေ အထပ်လိုက် ပေါက်နေလို့ပဲ ဖြစ်ပါတယ်။

ဒါဆို အောက်မှာဆက်ပြီး psoriasis ရောဂါအကြောင်း ဆက်လေ့လာကြမယ်နော်

သူဟာ နာတာရှည်အရေပြားရောဂါတစ်မျိုးဖြစ်ပြီး အနီရောင် ဒါမှမဟုတ် ပန်းရောင်ရှိတဲ့ ထူပိန်းပိန်း အဖတ်တွေကို သိသိသာသာ တွေ့ရမှာ ဖြစ်ပါတယ်။
ကျား၊မ အသက်အရွယ်မရွေး ဖြစ်လေ့ရှိပါတယ်။

အသက် ၃၀မတိုင်ခင် ဖြစ်တတ်တဲ့ အမျိုးအစားနဲ့ အသက် ၅၀-၆၀ ကြားဖြစ်တတ်တဲ့ အမျိုးအစားဆိုပြီး ၂မျိုး ရှိပါတယ်။

အသက် ၃၀မတိုင်ခင်ဖြစ်တဲ့ psoriasisကတော့ ပြင်းထန်တဲ့ အမျိုးအစားဖြစ်ပြီး မျိုးရိုးလိုက်တာကြောင့် ဖြစ်တတ်ပါတယ်။ အသက် ၅၀ကနေ ၆၀ကြားဖြစ်တတ်တဲ့ psoriasisကတော့ အပျော့စားဖြစ်ပါတယ်။

ဘယ်နေရာတွေမှာ ဖြစ်တတ်လဲ?

• လက်မောင်း၊ လက်ဖျံ၊ ဒူး၊ နောက်‌ကျောတို့အပြင် ဦးရေပြားနဲ့ လက်သည်း၊ ခြေသည်းအောက်တွေမှာလည်း ဖြစ်တတ်ပါတယ်။

ဘာကြောင့် psoriasis ဖြစ်ရသလဲ?

• အဓိကအားဖြင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ပြောင်းလဲခြင်းကြောင့် ဆဲလ်တွေမြန်မြန် ပွားရာကနေ အထက်မှာ ပြောပြခဲ့တဲ့အတိုင်း ခပ်ထူထူအနာတွေ အဖတ်တွေ ပွားလာတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် psoriasis ဟာ...
• ကုတ်ခြစ်ဒဏ်ရာ၊ ခွဲစိတ်ဒဏ်ရာ
• Streptococcus၊ HIV အစရှိတဲ့ရောဂါပိုးကူးခံရတာ
• တချို့သောဆေးတွေနဲ့
• စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုများတာတွေမှာ ရောဂါပိုကြွတာကို တွေ့ရပါတယ်။
• ဒါ့အပြင် နေရောင်အရနည်းတဲ့ ဆောင်းတွင်းမှာ လက္ခဏာပိုဆိုးတတ်ပါတယ်။

တခြား ဘာလက္ခဏာတွေရော ခံစားရလဲ?

• အထက်မှာ ပြောပြခဲ့ပြီတဲ့အတိုင်း ထူပိန်းပိန်းအနာတွေကို အဓိကတွေ့ရပြီးတော့ ယားယံတတ်ပါတယ်။
• အဲ့ဒီ အဖတ်ထူထူတွေက ပြည်ဖုလေးတွေလိုက်ပြီး ဖောင်းလာရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုအပ်ပြီဆိုတာ အကြံပြုချင်ပါတယ်။
• အဲ့ဒါအပြင် အယောက် ၁၀၀မှာ ၁၀ယောက်လောက်က အဆစ်အမြစ် ရောင်ရမ်းနာကျင်တာတွေလည်း ခံစားရနိုင်ပါသေးတယ်။


Psoriasis ခံစားနေရတာကို ဘယ်လိုသိရှိနိုင်လဲ?

• အထက်မှာ ဖော်ပြပြီးဖြစ်တဲ့လက္ခဏာတွေကနေတဆင့် သိရှိနိုင်ပါတယ်။
• မသေချာရင်တော့ အသားစ စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။

ဘယ်လို ကုသနိုင်မလဲ?

• ကုသနည်းတွေကတော့ အများအပြား ရှိပါတယ်။
• လူတော်တော်များများမှာတော့ cream တွေ၊ လိမ်းဆေးတွေနဲ့ ရောဂါသက်သာလာတာကို တွေ့ရပါတယ်။
• ဒါ့အပြင် သောက်ဆေးနဲ့ကုသတာ၊ UV rayနဲ့ ကုသတာ၊ ဆေးထိုးတာ စသဖြင့် နည်းအမျိုးမျိူး ရှိပါတယ်။
• အကောင်းဆုံးကတော့ ရောဂါခံစားနေရပြီဆိုရင် မိမိသဘောနဲ့မိမိ ဆေးတွေကို မသောက်သုံးဘဲ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ပြသဖို့ အကြံပေးပါ‌ရစေ။
• အနာကို နေမလောင်ပါစေနဲ့။ အနာပိုဆိုးတတ်ပါတယ်။
• ဆေးလိပ်ဖြတ်ဖို့၊ အရက်သေစာ လျှော့ဖို့နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိအောင် လေ့ကျင့်ခန်းပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။

နောက်ဆုံးအနေနဲ့ တစ်ခုအကြံပြုလိုတာကတော့ psoriasis ဖြစ်လာပြီဆိုပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုမပျောက်စေဖို့ပဲ ဖြစ်ပါတယ်။ stress ကလည်း ရောဂါကို ပိုကြွစေတဲ့ အကြောင်းအချက်တစ်ခုဖြစ်တာမို့ စိတ်အေးချမ်းသာစွာနဲ့ ရောဂါကို ကုသဖို့က အရေးကြီးလှပါတယ်။

“Psoriasisကြောင့် မိမိရဲ့ normal lifeကို အနှောင့်အယှက်မဖြစ်စေဘဲ ဆရာဝန်နဲ့ စနစ်တကျတိုင်ပင်ကုသရင်း ဘဝကို ယုံကြည်ချက်ရှိစွာ ဖြတ်သန်းပါ။”
Credit Original Uploader

ကလေးတွေ ဖျားပြီဆိုရင် ဘာလုပ်ကြမတုန်း ?ပါရာစီတမောလ်ဆေးရည်ပဲ တိုက်ကြမလား ?မဟုတ်ပါဘူး...အိမ်မှာ ဖေဖေ မေမေတွေ လုပ်ပေးလို့ရတဲ...
17/09/2022

ကလေးတွေ ဖျားပြီဆိုရင် ဘာလုပ်ကြမတုန်း ?
ပါရာစီတမောလ်ဆေးရည်ပဲ တိုက်ကြမလား ?

မဟုတ်ပါဘူး...
အိမ်မှာ ဖေဖေ မေမေတွေ လုပ်ပေးလို့ရတဲ့ အချက်လေးတွေ ရှိပါသေးတယ်

ကလေးရဲ့အသက်ရှုနှုန်းကို ကြည့်ပေးပါ...

အရေးကြီးပါတယ်

ARIလို့ခေါ်တဲ့ အဆုတ်ရောင်နမိုးနီးယားရောဂါ ဖြစ်နေမှာ စိုးလို့ပါ
( အထူးသဖြင့် မိုးအကုန် ဆောင်းအကူးနဲ့ ဆောင်းတွင်းကာလတွေမှာ အဖြစ်များပါတယ် )

ဖေဖေ မေမေအများစုက ကိုယ့်ကလေး ကိုယ်ပူမကျတာကိုပဲ စိုးရိမ်တတ်ကြပြီး...တကယ်အရေးကြီးတဲ့ အသက်ရှုနှုန်းကို ကြည့်သင့်တယ်ဆိုတာ သိပ်မသိကြပါဘူး

ကလေးတွေအတွက် ဒါလေးကို လုပ်ပေးကြရအောင်ပါ

လွယ်လွယ်ကူကူလေးပါပဲ...

ကိုယ့်ကလေးလေး အိပ်နေချိန်မှာပဲဖြစ်ဖြစ် ခုတင်ပေါ်လဲလျောင်းနေချိန်မှာပဲဖြစ်ဖြစ် ရင်ဘတ်ပေါ်ကအဝတ်အစားလေးကို ခဏလှန်ပြီး တစ်မိနစ်လောက် ကလေးအသက်ရှုတာလေးကို ကြည့်ပြီး ရေတွက်ရုံပါပဲ

ပုံမှန်အားဖြင့်...

🔺ကလေးမွေးကင်းစမှ (၂)လအရွယ်အထိဆိုရင် အသက်ရှုနှုန်းဟာ တစ်မိနစ်ကို ၆၀အောက် ရှိရပါမယ် (

ဈေးတွေ မတရား တက်နေချိန်မှာ သောက်နေကြ အာဟာရမှုန့်တွေ၊ အားဆေးတွေ သောက်ဖို့ မတက်နိုင်တော့ဘူးဆိုရင် ????ဈေးတွေ ကြောက်ခမန်း ဖ...
28/08/2022

ဈေးတွေ မတရား တက်နေချိန်မှာ သောက်နေကြ အာဟာရမှုန့်တွေ၊ အားဆေးတွေ သောက်ဖို့ မတက်နိုင်တော့ဘူးဆိုရင် ????

ဈေးတွေ ကြောက်ခမန်း ဖြစ်လာတဲ့ အချိန်မှာ ဖြည့်စွက်စာ မသောက်ရလို့၊ ဖြည့်စွက် အာဟာရမှုန့် သောက်ဖို့ ဆိုတာ အန်မတန်ခက်ခဲလာပါတယ်။

ဖြည့်စွက်စာ ဆိုတဲ့အတိုင်း မဖြစ်မနေ မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။

ဥပမာ - ဆီးချို ဖြည့်စွက် အာဟာရမှုန့် ဆိုရင် ဆီးချို ကျစေတာမဟုတ်ပါဘူး။ ထမင်းအစားထိုး သောက်တဲ့ အာဟာရမှုန့် ဖြစ်ပါတယ်။ ထမင်းစားရင် အများကြီး စားမိပြီး ဆီးချို မထိန်း နိုင်တာတွေ ဖြစ်ရင် အခုလို ဖြည့်စွက် အာဟာရမှုန့် တခွက် လောက် ကို ထမင်း မစားပဲ သောက်ရတာဖြစ်ပါတယ်။

ဆိုလိုတာ က သောက်ရမယ့် နည်းစနစ် ကို သိသွားပြီဆိုရင် ဒါတွေဟာ မဖြစ်မနေ သောက်ရမယ့် အရာတွေ မဟုတ်တော့ပါဘူး။

အားဆေးတွေလဲ ထိုနည်းတူ ပါပဲ။ ရောဂါကြောင့် မဖြစ်မနေ သောက်ရမယ့် ကုသဆေးတွေ က အဓိက ပါ။ အခု လို ဈေးမတရား တက်နေချိန်မှာ အားဆေး တွေက ဒုတိယ ဦးစားပေး သာ ဖြစ်ပါတယ်။ မသောက်လို့ ဘာမှ ထွေထွေထူးထူး မဖြစ်သွားပါဘူး။

ဒါဆို အာဟာမှုန့် သောက်ဖို့ အဆင်မပြေတော့ဘူး တခြား ဘာနည်းလမ်းတွေ ရှိလဲ?

1. ဆီးချို သမား များ - ဆီးချို မတက်အောင် ဆန်ကြမ်း၊ ဂျုံကြမ်း စားပေးပါ။ ပဲ၊ ကြက်ဥ အကာ သေချာစားပေးပါ။ နို့သောက်ချင်ပါက အဆီထုတ်နို့သောက်ပါ။ အစေ့အဆန် ရှိရင် ဥပမာ မြေပဲ လက်တဆုပ် လောက် စားပေးပါ။ အရွက် များများ ထည့်စားပါ။
2. ကင်ဆာသမားများ - အသား၊ ငါး၊ ပဲ၊ ဥ ၊ နို့ ပါအောင် ကျွေးပါ။ အသားကျွေးဖို့ အခက်အခဲ ရှိပါက ကြက်ဥ အကာ နှင့် ပဲ သေချာကျွေးပါ။ ထမင်း ကျွေးရင် ပုံမှန် ဆန်ကျွေးလို့ရပါတယ်။ အရမ်းကြမ်းတာမကျွေးပါနှင့် အဆာခံ ပြီး အစားသိပ်မဝင်မှာ စိုးလို့ပါ။ အသီးတစ်နေ့တလုံးကျွေးပေးပါ။
3. အသက်ကြီးသူများ - နို့ တိုက်ပါ။ (ကယ်လိုရီများပြီး ကျန်းမာရေးအတွက် အဆင်ပြေအောင် အဆီထုတ်နို့ကို အစေ့အဆန် ကြိတ်ပြီး ထည့်ကျိုတိုက်ပါ) ထမင်း ကျွေးရင် ဆီ သတိထားပြီးထည့်ကျွေးပါ။ (ကယ်လိုရီ တက်အောင်ပါ)။ ပူတင်း၊ သာကူ၊ နို့ထမင်း စတဲ့ ပျော့ပျောင်းတာတွေ ကျွေးပါ။ နည်းနည်း နဲ့ ခဏ ခဏ ကျွေးပါ။

အခုချိန် အရမ်း ခက်ခဲ နေကြပါတယ်။ ဒါကြောင့် အာဟာရ ဖြည့်စွက်စာတွေ သောက်ဖို့ အခက်အခဲ ရှိလာပြီဆိုရင် အခုလို နည်းလမ်းတွေ လုပ်ကြည့်ပါ။

ရောဂါအတွက် လိုအပ်တဲ့ အဓိက ဆေးဝါးတွေကတော့ သောက်ကို သောက်ရမှာ ဖြစ်လို့ အကယ်၍ ဈေးအရမ်းတက်နေပါက နာမည်မတူ ပဲ အမျိုးအစားတူ တဲ့ ဆေး သက်သာတဲ့ ဆေး ကို ဆေးဆိုင်မှာ သေချာမေးဝယ်ကြပါ ခင်ဗျာ

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Credit!

-mdy

မိတ်ဆွေတိုလိုအပ်သော ဆေးဝါးများကို စျေးနှုန်းမှန်ကန်စွာဖြင့်
ရောင်းချပေးနေပါပြီ😊
Photo credit!

26/08/2022
26/08/2022

Address

Sat Hmut 1, Pyigyitagon Township
Mandalay

Telephone

+959976296560

Website

Alerts

Be the first to know and let us send you an email when Kyaw Pharmacy-Mdy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kyaw Pharmacy-Mdy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram