Kan Thar Min Clinic

Kan Thar Min Clinic Healthy is Wealthy

"တစ်​ကျော့ပြန် ခေါင်းထောင်လာတဲ့ Covid Omicron မျိုးကွဲ တစ်ခုဖြစ်တဲ့   (သို့)  .1.16" Omicron မျိုးကွဲ ဆိုတဲ့ အတိုင်း အရင...
04/05/2023

"တစ်​ကျော့ပြန် ခေါင်းထောင်လာတဲ့ Covid Omicron မျိုးကွဲ တစ်ခုဖြစ်တဲ့ (သို့) .1.16"

Omicron မျိုးကွဲ ဆိုတဲ့ အတိုင်း အရင်ထက်ပိုပြီး ကူးစက်မှုနှုန်းကတော့ အတော် မြန်ဆန်ပါတယ်.
ပထမဦးဆုံး စတင်တွေ့ရှိခဲ့တာတော့ January 2023 India မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့တော့ April လလယ် လောက်မှာ ကူးစက်မှုနှုန်းတေ မြင့်တက်လာတာ ဖြစ်ပါတယ်.ပြင်းထန်မှု အနေနဲ့ကတော့ သေဆုံးနှုနန်း မြင့်တက်မှု သိပ်မတွေ့ရသေးပေမယ့် မပေါ့ဆသင့်တဲ့ Covid Virus တစ်ခု ဖြစ်ပါတယ်ခင်ဗျာ.ထူးခြားချက်အနေနဲ့ကတော့ အရင် Covid ကာကွယ်ဆေး ထိုးသူများလည်း ပြန်ဖြစ်နိုင်ပြီး အရင် Covid ဖြစ်ပြီး Antibody ထွက်ထားသူများလည်း ပြန်ဖြစ်နိုင်ပါတယ် ခင်ဗျာ

ရောဂါ လက္ခဏာများ
(၁) တုပ်ကွေးရောဂါ လက္ခဏာများ( နှာစေး၊ ချောင်းဆိုး ၊ လည်ပင်းနာ ၊ အဖျားတက် စသည်)
(၂) ကိုယ်ခန္ဓာ နှုန်းချိ / ပင်ပန်း
(၃) မျက်စိ နာ/နီ
(၄) SpO2 အနည်းငယ် ကျတတ်

ဘယ်သူတွေ သတိထားသင့်လဲ
(၁) ကလေးငယ် နှင့် သက်ကြီးပိုင်း အရွယ်များ
(၂) ရောဂါ အခံ ရှိသောသူများ
(၃) ကိုယ်ခံအား နည်းတတ်သူများ
(၄) ကိုယ်ဝန်ဆောင် မိခင်များ

ဘယ်လိုကာကွယ်ရမလဲ
- အရင် Covid ကာကွယ်မှု နည်းလမ်းများအတိုင်း အပြင်သွားတိုင်း Mask တပ်ပါ ၊ လက်ဆေးပါ ၊ လူစုလူဝေး တတ်နိုင်သမျှ ရှောင်ပါ ။

Dr.Hein Htet

💉 ရာသီတုပ်ကွေး ကာကွယ်ဆေး Vaxigrip Tetra 2023 (*Myanmar FDA Approved*) စတင် ထိုးနှံနိုင်ပီ​ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပ...
19/04/2023

💉 ရာသီတုပ်ကွေး ကာကွယ်ဆေး Vaxigrip Tetra 2023 (*Myanmar FDA Approved*) စတင် ထိုးနှံနိုင်ပီ​ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ 👨‍⚕️👨‍⚕️👨‍⚕️

👉🤒 မိုးရာသီတုပ်ကွေးကို ကာကွယ်ချင်ရင်တော့ မိုးမကျမှီမှာ ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

👨‍⚕️ ရာသီတုပ်ကွေးရောဂါရဲ့ ပြင်းထန်မှုအခြေအနေဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ခံအားအနည်းအများပေါ်မူတည်တာဖြစ်လို့ ကိုယ်ခံအားလည်းနည်းနေပြီး ကာကွယ်ဆေးမထိုးထားမိရင် ပြင်းထန်ရာသီတုပ်ကွေးအဆင့်သို့ ကူးပြောင်းကာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ဒါကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ (Prevention is better than cure)

👨‍⚕️ ဘယ်သူတွေ တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါသလဲ???
-အသက် ၆၅ နှစ်အထက် လူကြီးများ
-အသက် ၆ လ မှ ၅ နှစ် အရွယ် ကလေးငယ်များ
-ကျောင်းနေစအရွယ် ကလေးငယ်များ
-G6PD ရောဂါအခံရှိသော ကလေးငယ်များ
-ကိုယ်ခံအားနည်း ရောဂါဝေဒနာ ရှိသူများ
-ကင်ဆာ ဝေဒနာရှင်များ
-သွေးတိုး ၊ နှလုံး ၊ ဆီးချို ၊ ကျောက်ကပ် စသော နာတာရှည် ရောဂါဝေဒနာရှင်များ
-အဆုတ်ရောဂါ ဝေဒနာရှင်များ
-ဆေးလိပ်သောက်သုံးသူများ
-လူအများနှင့် ထိတွေ့၍ လုပ်ငန်းခွင် ဝင်ရသောသူများ
-ကျန်းမာရေးဝန်ထမ်းများ
ဦးစားပေးအနေဖြင့် ထိုးနှံသင့်ပါတယ်။

👨‍⚕️ ရာသီတုပ်ကွေးဆိုတာဘာလဲ
-ရာသီတုပ်ကွေးက influenza ဟုခေါ်သောတုပ်ကွေး ဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ ထိုပိုးက သာမန်နှာစေးနှာချေဖြစ်စေသော ရောဂါပိုးများထက် ပိုပြင်းထန်သည်။

-လူကြီးမှ ကလေးကို ကူးစက်စေသလို ကလေးအချင်းချင်းလည်းကူးသည်။ နှာရည်၊ နှာချေရာမှ ထွက်လာသော နှာရည်စက်များ၊ ချောင်းဆိုးရာမှ ထွက်သော တံတွေးစက်များကို ရှူမိလျှင်၊ ထိတွေ့လျှင် ကူးသည်။

-က​လး​တွင် ရာသီတုပ်ကွေးကူးစက်ပါက ရုတ်တရက် အဖျားကြီးခြင်း၊ အဖျားကြီး၍ တက်ခြင်း၊ နှာစေး၊ နှာချေခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ကလေးငယ် ငိုလွန်းခြင်း၊ ကလေးကြီးများ ခေါင်းကိုက်ခြင်း၊ လည်ပင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ရှိမည်။ ကိုယ်ခံအားကောင်းလွန်းလျှင် တစ်ပတ်ဝန်းကျင်တွင် အလိုလို ပျောက်သည်။

👨‍⚕️ တုပ်ကွေးကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ ထိုးလို့ ရပါသလား

ကိုယ်ဝန်ပတ် မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။ ဤသို့ထိုးနှံခြင်းဖြင့် မိခင်သာမက မွေးဖွားလာမည့် ကလေး အသက် ၆ လ အရွယ်အထိ တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

နို့တိုက်မိခင်များလည်း မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။(မိမိကိုယ်ဝန်အပ်နှံထားသောဆရာမကြီးများနဲ့တိုင်ပင်၍ထိုးနှံနိုင်ပါတယ်)

👨‍⚕️ တုပ်ကွေးကာကွယ်ဆေးထိုးပြီး ချက်ချင်းအာနိသင် ရနိုင်ပါသလား???

Flu vaccines (ရာသီတုပ်ကွေး ကာကွယ်ဆေး)
ထိုးရင် ရောဂါကာကွယ်တဲ့ အာနိသင်ရဖို့အချိန်
၂-၄ ပတ်ကြာပါတယ်။ ဆေးထိုးပြီး ၃-၄ လအကြာမှာ peak immunity ကိုရပြီး တုပ်ကွေးရောဂါပိုးကိုအများဆုံး ကာကွယ်ပေးမှာပါ။

ရာသီတုပ်ကွေးကာကွယ်ဆေးဟာ ထိုးပြီး ၈လခန့်အထိ ကာကွယ်ပေးနိုင်တာကြောင့် တုပ်ကွေးကာလတစ်ခုလုံးအတွက် တစ်ကြိမ်သာထိုးဖို့လိုအပ်ပါတယ်။

👨‍⚕️ ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်တိုင်းထိုးပေးသင့်လား???

ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ တစ်နှစ်နဲ့တစ်နှစ်ဗီဇအသွင်မတူဘဲ အမြဲပြောင်းလဲနေတတ်တာကြောင့် နှစ်တိုင်းရာသီတုပ်ကွေးကာလနီးလာရင် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ မနှစ်ကထိုးထားခဲ့တဲ့ ကာကွယ်ဆေးဟာ ယခုနှစ် ရာသီတုပ်ကွေးပိုးအတွက် ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။

👨‍⚕️ ဘယ်လိုကာကွယ်ဆေးအမျိုးအစားကိုထိုးသင့်ပါလဲ???

Vaxigrip tetra , Influvac tetra အစရှိတယ့် Tetra ပါတယ့်လေးမျိုးစပ် ကာကွယ်ဆေးတစ်မျိုးမျိုး ကိုထိုးထားခြင်းကြောင့် H1N1, H3N2 တို့အပါအဝင် တုပ်ကွေးပိုး ၄မျိုးစလုံးကို ဆေးတစ်လုံးထိုးရုံနဲ့ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

👉 ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံလိုပါက "ကံသာမင်း" ဆေးခန်းတွင် လာရောက်ထိုးနှံ နိုင်ပါသည် ခင်ဗျာ 💉💉💉👨‍⚕️👨‍⚕️👨‍⚕️

👉 Home Visit(အိမ်ပင့်) လည်း လိုက်လံထိုးနှံပေးပါသည် ခင်ဗျာ 💉💉💉👨‍⚕️

👉 ကုမ္ပဏီများ / ရုံးများ / အလုပ်ရုံများအတွက်လည်း အထူးနှုန်းထားများဖြင့် လိုက်လံထိုးနှံပေးပါသည် ခင်ဗျာ 💉💉💉👨‍⚕️

အသေးစိတ် သိရှိလိုပါက 📞 0943188397 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည် ခင်ဗျာ

📌 ဆေးခန်းလိပ်စာ - လမ်း ၆၀ ၊ ၂၂x၂၄ လမ်းကြား ၊ ရေစစ်ကန် အနောက်ဘက် ၊ မန္တလေးမြို့။

Address

60th Street, Between 22nd & 24th Streets
Mandalay

Opening Hours

Monday 08:00 - 12:00
14:00 - 19:00
Tuesday 08:00 - 12:00
14:00 - 19:00
Wednesday 08:00 - 12:00
14:00 - 19:00
Thursday 08:00 - 12:00
14:00 - 19:00
Friday 08:00 - 12:00
14:00 - 19:00
Saturday 08:00 - 12:00
14:00 - 19:00
Sunday 08:00 - 12:00
14:00 - 19:00

Telephone

+95943188397

Website

Alerts

Be the first to know and let us send you an email when Kan Thar Min Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram