
22/05/2025
အဝလွန်ခြင်း (Obesity)
အဝလွန်ခြင်းဆိုတာ ဘာလဲ?
အဝလွန်ခြင်းဆိုတာ ခန္ဓာကိုယ်မှာ အဆီများ ပိုလျှံစွာ စုပုံနေခြင်းဖြစ်ပြီး၊ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တွက်ချက်ပြီး BMI (Body Mass Index) နဲ့ တိုင်းတာနိုင်ပါတယ်။ BMI ၃၀ နဲ့အထက် ဆိုရင် အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။
အဝလွန်ရခြင်းရဲ့ အကြောင်းရင်းများ
၁။ မျိုးရိုးဗီဇ
၂။ အစားအသောက် မမျှတခြင်း (အထူးသဖြင့် အဆီများတဲ့၊ သကြားဓာတ်များတဲ့ အစားအစာတွေ စားသုံးခြင်း)
၃။ လှုပ်ရှားမှု နည်းပါးခြင်း
၄။ အိပ်ရေးမဝခြင်း
၅။ စိတ်ဖိစီးမှုများခြင်း
အဝလွန်ခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာများ
၁။ သွေးတိုးရောဂါ
၂။ ဆီးချိုရောဂါ
၃။ နှလုံးရောဂါ
၄။ အဆစ်အမြစ်ရောဂါများ
၅။ အိပ်ပျော်နေစဉ် အသက်ရှူပိတ်ခြင်း
၆။ ကင်ဆာရောဂါအချို့
၇။ စိတ်ဓာတ်ကျခြင်း
ကာကွယ်ကုသနည်းများ
၁။ အစားအသောက် ထိန်းချုပ်ခြင်း
- ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ များများစားပါ
- ငါး၊ ကြက်သား စတဲ့ အသားများကို ရွေးချယ်စားသုံးပါ
- အချိုနဲ့ အဆီများတဲ့ အစားအစာများကို ရှောင်ကြဉ်ပါ
- ရေများများသောက်ပါ
၂။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
- တစ်ပတ်ကို အနည်းဆုံး ၅ ရက် လမ်းလျှောက်ခြင်း သို့မဟုတ် အခြားလေ့ကျင့်ခန်းများ လုပ်ပါ
- တစ်နေ့ကို မိနစ် ၃၀ ခန့် လှုပ်ရှားမှုပြုလုပ်ပါ
၃။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
- လုံလောက်တဲ့ အိပ်ရေးဝအောင် အိပ်ပါ
- စိတ်ဖိစီးမှုကို လျှော့ချပါ
- အရက်သောက်သုံးမှုကို လျှော့ချပါ
ဆရာဝန်နဲ့ တိုင်ပင်သင့်တဲ့ အခြေအနေများ
၁။ ကိုယ်အလေးချိန် အလျင်အမြန် တက်လာခြင်း
၂။ ကိုယ်အလေးချိန်ကျအောင် ကြိုးစားသော်လည်း မအောင်မြင်ခြင်း
၃။ အဝလွန်ခြင်းနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာများ ခံစားနေရခြင်း
#အဝလွန်ခြင်း
ပြန်လည်ကူးယူဖော်ပြပါသည်။