Yadanar Mon Laboratory Diagnosis Center

Yadanar Mon Laboratory Diagnosis Center ကိုယ်စိတ်နှလုံးကျန်းမာဖို့ရာ ရတနာမွန်မှာစစ်ဆေးပါ

https://www.facebook.com/share/p/UmLAS5mgzkTtURo2/?mibextid=WC7FNe
22/08/2024

https://www.facebook.com/share/p/UmLAS5mgzkTtURo2/?mibextid=WC7FNe

တိကျမှန်ကန်မှုရှိသော ဓာတ်ခွဲစစ်ဆေးချက်ရလဒ်အဖြေရရှိရေးအတွက် လူနာ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် ပတ်သက်၍ သိကောင်းစရာများ _အပိုင်း (၁)
==============

ကျန်းမာရေးဆိုင်ရာ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီပြီး တိကျမှန်ကန်သော ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုရလဒ်အဖြေရရှိရန်အတွက် ဓာတ်ခွဲခန်း၏ အရည်အသွေးစနစ်အကောင်အထည်ဖော်လိုက်နာဆောင်ရွက်မှု၊ ဓာတ်ခွဲပညာရှင်တို့၏ နည်းပညာကျွမ်းကျင်မှုတို့သည် အရေးပါလှသည့် အခန်းကဏ္ဍအနေဖြင့် တည်ရှိပါသည်။ ထို့အတူပင် အခြားတစ်ဘက်၌လည်း ဓာတ်ခွဲစစ်ဆေးမှုကို ခံယူမည့်သူ (လူနာ)၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည်လည်း အရေးပါလှပါသည်။

ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ခြင်းဆိုသည်မှာ မိမိခန္ဓာကိုယ်မှရရှိလာသော ဓာတ်ခွဲနမူနာများ (သွေး၊ ဆီး၊ ဝမ်း၊ သလိပ်နှင့် ခန္ဓာကိုယ်မှ ထွက်ရှိသောအရည်များ) ကို အသုံးပြု၍ မိမိ၏ ကျန်းမာရေးအခြေအနေများကို ဓာတ်ခွဲခန်း၌ စက်ပစ္စည်းကိရယာများကို အသုံးပြု၍ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာမှ ရရှိလာသော ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုရလဒ်အဖြေများကို ခြယ်လှယ်လွှမ်းမိုးထားသော အကြောင်းအရာများစွာ ရှိပါသည်။ ဤဆောင်းပါး၌ လူနာအနေဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုမခံယူမီ မိမိအနေဖြင့် ကြိုတင်သိရှိထားသင့်သော ဆောင်ရန်၊ ရှောင်ရန်များကို တင်ပြချင်ပါသည်။

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုရလဒ်အဖြေများကို ခြယ်လှယ်လွှမ်းမိုးနေသော အကြောင်းအရာများ၊ အချက်အလက်များ
1️⃣Fasting (Fasting Glucose, Fasting Lipid profile)
အချို့ဓာတ်ခွဲမှုများသည် "Fasting" ဟုခေါ်သော နံနက်စာမစားမီ ပြုလုပ်ကြရပါသည်။ Fasting သည် အမျိုးမျိုးရှိပါသည်။ Fasting လုပ်ရမည့် အချိန်ကို တွက်ချက်ပုံမှာ ရှေ့တစ်ရက်နောက်ဆုံးညစာစားပြီးသည့်အချိန်မှ စတင်၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုခံယူမည့်နေ့ ၏ မနက်စာမစားမီအချိန်ထိ မည်သည့်အစားအစာမျှ မစားဘဲနေသည့် အချိန်အတိုင်းအတာကာလကို တွက်ချက်ယူခြင်းဖြစ်ပါသည်။ Fasting လုပ်ရမည့်အချိန်အနေဖြင့် (၈) နာရီ၊ (၁၀) နာရီ၊ (၁၂) နာရီ စသဖြင့် ကြာတတ်ပါသည်။ ဥပမာ - သွေးထဲတွင် အချိုဓာတ်ဂလူးကို့စ်ဓာတ် (Glucose) စစ်ဆေးခြင်း၊ သွေးထဲရှိ အဆီဓာတ်အမျိုးမျိုး (Lipid profile) ကို စစ်ဆေးခြင်းတို့ ဖြစ်ပါသည်။ ဤသို့ အနည်းဆုံးသတ်မှတ်ထားသော "Fasting" အချိန်ကာလမပြည့်မီ၊ မကိုက်ညီလျှင် သင်၏ ဓာတ်ခွဲအဖြေများ တိကျမှန်ကန်မှုရှိနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် "Fasting" အချိန်ပြည့်အောင် စောင့်ပါ။

2️⃣ အချို့ ဓာတ်ခွဲစမ်းသပ်မှုများသည် အစားအစာ (အထူးသဖြင့် အဆီများသောအစားအစာ၊ အချိုလွန်ကဲသော အစားအစာ)စားသောက်ထားပြီး (၄) နာရီမှ (၆) နာရီအတွင်း ပြုလုပ်၍ မရပါ။ ဥပမာ - Liver function test ဟုခေါ်သော အသည်းကောင်းမကောင်း၊ အလုပ်ကောင်းကောင်း လုပ်မလုပ် သိနိုင်သော ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ Alkaline phosphatase, AST, ALT, PT, Bilirubin, Albumin အစရှိသည်။ ထို့ကြောင့် သင့်အနေဖြင့် မည်သည့်ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုကို ခံယူမှာလဲ ပြောပြပါ။ သတ်မှတ်ကန့်သတ်ချိန်ကို သိရှိနိုင်ရန် မေးမြန်းပါ။ သတ်မှတ်ချိန်ပြည့်အောင် စောင့်ဆိုင်းပါ။

3️⃣အဆီအဆိမ့်များသော အစားအစာများကို လွန်ကဲစွာ စားထားခြင်း
အချို့ဓာတ်ခွဲစစ်ဆေးမှုများတွင် အဆီများသော အစားအစာများကို လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက စားထားမိလျှင် ဓာတ်ခွဲအဖြေရလဒ်များ ပြောင်းလဲသွားတတ်ပါသည်။ ဥပမာ - အသည်းရောဂါအတွက် Alkaline phosphatase စမ်းသပ်ခြင်း၊ အဆီအမျိုးမျိုး စမ်းသပ်ခြင်း။
ဤအချက်ကိုလည်း အသည်းကောင်းမကောင်း ဓာတ်ခွဲစစ်ဆေးသောအခါ သတိထားရန် လိုအပ်ပါသည်။

4️⃣24 hr Urine examination - (၂၄) နာရီအတွင်း သွားထားခဲ့သော ဆီးကိုစစ်ဆေးခြင်း
အချို့ဓာတ်ခွဲမှုများသည် (အထူးသဖြင့် ဆီးစစ်ခြင်း) (၂၄) နာရီ စုဆောင်းထားသော/ (၂၄) နာရီအတွင်း စုစုပေါင်းသွားထားသော ဆီးပမာဏတိကျမှုအပေါ် မူတည်တွက်ချက်ရသည်။
ဤ (၂၄) နာရီဆီးကို စစ်ဆေးခြင်းမှာ သင်၏ ပူးပေါင်းဆောင်ရွက်မှုမရှိလျှင် မည်သို့မျှ တိကျသော အဖြေထွက်မည် မဟုတ်ပေ။ ဆေးရုံ၌ ဖြစ်စေ၊ ပြင်ပလူနာဌာန၌ ဖြစ်စေ၊ အိမ်၌ ဖြစ်စေ ဤ (၂၄) နာရီဆီးကို စမ်းသပ်စစ်ဆေးခြင်း အဖြေမှန်ကန်ရေးအတွက် ဓာတ်ခွဲခန်းမှ ညွှန်ကြားချက်ကို နားလည်သဘောပေါက်သည်အထိ မေးမြန်းရန်နှင့် ၎င်းညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ဆောင်ရန် အထူးအရေးကြီးပါသည်။ ဥပမာ - အချို့သော အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ Endocrine ရောဂါ စသည်တို့ကို စမ်းသပ်စစ်ဆေးခြင်း။

5️⃣အရက်သောက်ထားခြင်း
သည်းခြေရောဂါ၊ အသည်းရောဂါ၊ သွေးခဲခြင်း သွေးကျဲခြင်းနှင့်ပတ်သက်သောရောဂါအတွက် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုအတော်များများသည် အရက်သောက်ထားပါက ဓာတ်ခွဲအဖြေများ မှန်ကန်တိကျမှုရှိမည် မဟုတ်ပေ။

6️⃣အမျိုးသမီးများ ကိုယ်ဝန်ရှိနေခြင်း၊ ကိုယ်ဝန်တားဆေးသောက်နေခြင်း/သောက်ထားခြင်း၊ ကိုယ်ဝန်တားဆေးထိုးထားခြင်း
ဤအခြေအနေများသည်လည်း အချို့ဓာတ်ခွဲစစ်ဆေးမှုရလဒ်များကို အပြောင်းအလဲဖြစ်စေပါသည်။ ဥပမာ - အသည်းရောဂါ၊ သွေးခဲခြင်း သွေးကျဲခြင်းနှင့်ပတ်သက်သောရောဂါများအတွက် စမ်းသပ်စစ်ဆေးခြင်း။

7️⃣အမျိုးသမီးများ ကိုယ်ဝန်နုစဉ်အချိန်၊ ကိုယ်ဝန်ရင့်စဉ်အချိန်နှင့် ရာသီဓမ္မတာပေါ်ချိန်များဖြစ်နေခြင်း
အချို့ဓာတ်ခွဲရလဒ်အဖြေများကို ပြောင်းလဲစေတတ်ပါသည်။ ဥပမာ - သွေးအားနည်းခြင်း၊ အသားဓာတ် စစ်ဆေးခြင်းနှင့် သည်းခြေရောဂါအတွက် စမ်းသပ်စစ်ဆေးခြင်း။

8️⃣အောက်ဖော်ပြပါဆေးများကို သောက်နေခြင်း (စွဲစွဲမြဲမြဲသောက်နေခြင်း၊ ပုံမှန်သောက်နေခြင်း)
o အချို့သော ဗီတာမင်ဆေးများ (Vit B Complex, Vit K, Vit A, Vit E, etc.)
o ကိုယ်ပူကျဆေး
o အအေးမိနှာစေးချောင်းဆိုးဆေးများ
o ပဋိဇီဝဆေးများ
o အကိုက်အခဲပျောက်ဆေးများ
o သွေးကျဲဆေး၊ သွေးခဲဆေးများ၊
o ကိုယ်ဝန်တားဆေး
o ဟော်မုန်းပါသောဆေးများ
o အိပ်ဆေးများ၊ စိတ်ငြိမ်ဆးများ
o စိတ်ရောဂါကုဆေးများ (စိတ်ကြွ/စိတ်ကျ)
o မူးယစ်ဆေးများ
o ဆီးချိုထိန်းဆေးများ
o Cortisone, steroids
ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုရလဒ်များအပေါ်၌ သက်ရောက်မှုအနည်းနှင့်အများ ရှိပါသည်။ ထို့ကြောင့် ဓာတ်ခွဲစစ်ဆေးမှုတစ်ခုခုပြုလုပ်မည်ဆိုလျှင် မိမိသောက်လက်စဆေးများကို ဆရာဝန်နှင့် ပြောပြတိုင်ပင်ပါ။ ဓာတ်ခွဲခန်းတာဝန်ခံကိုလည်း သတင်းပေး၍ အကြံဉာဏ်ရယူပါ။

9️⃣Drip များ၊ Saline များ သွင်းခြင်း/ချိတ်ထားခြင်း
လတ်တလောအချိန်၌ Drip , Saline များ သွင်းခြင်း/ချိတ်ထားခြင်းသည် အချို့ ဓာတ်ခွဲရလဒ်အဖြေများကို ကွဲလွဲစေပါသည်။ ဥပမာ - သွေးတွင်း အသားဓာတ်၊ အချိုဓာတ်စစ်ဆေးခြင်းစသည်။

🔟ပုံမှန်ပြုလုပ်လေ့ပြုလုပ်ထမရှိသော ပြင်းထန်သော ကိုယ်လက်လှုပ်ရှားအားကစားမှုများကို ပြုလုပ်ထားခြင်း
အချို့ ဓာတ်ခွဲရလဒ်အဖြေများကို ကွဲလွဲစေပါသည်။ အထူးသဖြင့် နှလုံးနှင့် အသည်းအခြေအနေကို စမ်းသပ်စစ်ဆေးခြင်း။

1️⃣1️⃣အိပ်ရေးဆက်တိုက်ပျက်ထားခြင်း၊ ခရီးရက်ရှည်သွားထားခြင်း
ဇီဝကမ္မဖြစ်စဉ်များ ကမောက်ကမ ဖြစ်နေနိုင်သည့်အတွက် အချို့ ဓာတ်ခွဲရလဒ်အဖြေများကို ကွဲလွဲစေပါသည်။

ထို့ကြောင့် ဓာတ်ခွဲခန်းအနေဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသည့်အမျိုးအစားအလိုက် လူနာ (သို့မဟုတ်) လူနာရှင်အား ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များကို တိကျစွာ ရှင်းလင်းပြောကြားပေးရန် လိုအပ်ပါသည်။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုကို ခံယူမည့် လူနာအနေဖြင့်လည်း ဓာတ်ခွဲခန်းမှ ရှင်းလင်းပြောကြားလိုက်သော ညွှန်ကြားချက်များကို နားလည်သဘောပေါက်သည်အထိ မေးမြန်းရန်နှင့် ၎င်းညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်ပါသည်။

အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်။🎲

ခင်မင်လေးစားစွာဖြင့်
စုလှိုင်တင့် 🧿

09/04/2022
`ESR ဆိုတာ´♟🇪💲🇷♟ESR ဆိုတာက Erythrocyte Sedimentation Rate ရဲ့အတိုကောက်ဖြစ်ပါတယ်... SED rate, Westergren sedimentation ra...
31/03/2022

`ESR ဆိုတာ´
♟🇪💲🇷♟

ESR ဆိုတာက Erythrocyte Sedimentation Rate ရဲ့အတိုကောက်ဖြစ်ပါတယ်... SED rate, Westergren sedimentation rate လို့လည်း ခေါ်ကြပါတယ်...

အဓိပ္ပါယ်က ကိုယ့်ရဲ့သွေးနီဥဆဲလ် Erythrocyte (Red Blood Cell, RBC) တွေရဲ့ အနည်ထိုင်မှုနှုန်း လို့ ဆိုလိုပါတယ်...
ကိုယ့်ရဲ့ သွေးပြန်ကြောထဲက ဖောက်ယူထားတဲ့ သွေးတွေကို စမ်းသပ်ပြွန်(Test tube ) တစ်ခုထဲကို ထည့်ပြီး တစ်နာရီအကြာမှာ ရတဲ့ရလဒ်ကို တိုင်းတာတဲ့ စမ်းသပ်စစ်ဆေးနည်းတစ်ခုဖြစ်ပါတယ်...
သဘောတရားကို ပြောရမယ်ဆိုရင် -
ပုံမှန်အားဖြင့် ကျနော်တို့ရဲ့သွေးနီဥတွေဟာ စမ်းသပ်ပြွန်ထဲမှာ ခပ်ဖြည်းဖြည်းပဲ အနည်ထိုင်ပါတယ်...
တကယ်လို့ ကျနော်တို့ကိုယ်ခန္ဓာထဲမှာ ရောင်ရမ်းမှုဖြစ်စဉ် (Inflammation) တစ်ခုဖြစ်နေခဲ့ရင်တော့ သွေးနီဥဆဲလ်တွေဟာ မြန်မြန် အနည်ထိုင်ပါတယ်... မြန်မြန်အနည်ထိုင်တဲ့အတွက် တစ်နာရီအတွင်း အနည်ထိုင်နှုန်း (ESR)က ပုံမှန်ထက် ပိုများပါတယ်... ရောင်ရမ်းမှုဖြစ်စဉ်ဆိုတာကလည်း ကျနော်တို့ ကိုယ်ခံအားစနစ်(Immune System) ရဲ့ အခန်းကဏ္ဍတစ်ခုပဲ ဖြစ်ပါတယ်... ရောင်ရမ်းမှုအခြေအနေပြင်းထန်လေလေ ESR တက်လေလေပါပဲ...

ဘယ်လိုအခြေအနေတွေမှာ ESR တက်နိုင်လဲဆိုရင်
- ရောဂါပိုးဝင်တဲ့အခြေအနေတွေ (Infection)
- သွေးလေးဘက်နာ (Rheumatoid arthritis)
- ပိုးလေးဘက်နာ (Rheumatic fever)
- သွေးကြောဆိုင်ရာရောဂါ (Vascular disease)
- အူရောင်ရောဂါ (Inflammatory bowel disease)
- နှလုံးရောဂါ (Heart disease)
- ကျောက်ကပ်ရောဂါ (Kidney disease)
- ကင်ဆာရောဂါတချို့ (Certain cancers) မှာ တက်နိုင်ပါတယ်...

မဆိုစလောက်လေးတက်တာကတော့
- ဓမ္မတာ ရာသီသွေးပေါ်တာ (Menstruation)
- ကိုယ်ဝန်ရှိနေတာ (Pregnancy)
- သွေးအားနည်းတာ (Anaemia) တွေကြောင့်ဖြစ်နိုင်ပါတယ်... ရောင်ရမ်းမှုဖြစ်စဉ်ကြောင့်တော့ မဟုတ်ပါဘူး... oral contraceptives, aspirin, cortisone, and vitamin A လိုဆေးဝါးတွေကြောင့်လည်း ESR ရလဒ် မမှန်တာမျိုး ဖြစ်နိုင်ပါသေးတယ်...

ပုံမှန်ထက် အနည်ထိုင်မှုနှုန်း နှေးရင်၊ နည်းရင်တော့ -
- သွေးနီဥဆဲလ် များလွန်းပြီး သွေးပြစ်တာ (Polycythaemia)
- တံစဉ်ပုံသွေးနီဥဆဲလ်ကြောင့် သွေးအားနည်းတဲ့ရောဂါ (Sickle cells anaemia)
- သွေးဖြူဥများလွန်းတာ (Leukocytosis)
- သွေးဖြူဥတွေ ပုံမမှန်ဘဲ ပွားများလွန်းနေတဲ့အခြေအနေတွေမှာ သွေးနီဥဆဲလ် အနည်ထိုင်မှု အရမ်းနှေးတာကြောင့် ပုံမှန်အောက်ကို ရောက်နေတတ်ပါတယ်...

ESR ရလဒ်တစ်ခုထဲနဲ့ အပေါ်မှာဖော်ပြခဲ့တဲ့ရောဂါတွေ ဖြစ်နေပြီ၊ ရှိနေပြီလို့ တစ်ထစ်ချ ပြောလို့မရပါဘူး... ESR ရလဒ် ကနေ ကောက်ချက်ချနိုင်တာက ကိုယ့်ရဲ့ကိုယ်ခန္ဓာထဲမှာ ရောင်ရမ်းမှုဖြစ်စဉ်တစ်ခုခုရှိနေတာ၊ သွေးဆဲလ်ဆိုင်ရာပြဿနာနာတစ်ခုခုရှိနေနိုင်တာလောက်ပါပဲ... တခြားစစ်ဆေးမှုရလဒ်တွေနဲ့ ပေါင်းစပ်ပြီးမှသာ ရောဂါကို အဖြေရှာနိုင်တဲ့ စမ်းသပ်မှုတစ်ခုသက်သက်ပါပဲ...

ESR တက်တာနဲ့ ရောဂါရှိပြီ၊ ဆေးကုရတော့မယ်လို့ မဆိုလိုပါဘူး... ကိုယ်ဝန်လို၊ ရာသီသွေးပေါ်တာလို ပုံမှန်ဖြစ်စဉ်တစ်ခုကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်...

ပုံမှန် ESR ရလဒ်တွေကတော့

အသက် ၅၀ အောက် အမျိုးသမီး = 20 mm/hr အောက်
အသက် ၅၀ အထက် အမျိုးသမီး = 30 mm/hr အောက်

အသက် ၅၀ အောက် အမျိုးသား = 15 mm/hr အောက်
အသက် ၅၀ အထက် အမျိုးသား = 20 mm/hr အောက်

ကလေးငယ်တွေကတော့ 0 - 10 mm/hr အတွင်းမှာပဲရှိရပါမယ်...

အပေါ်ကသတ်မှတ်ချက်ထက် ကျော်ရင် ESR တက်တယ်လို့ သတ်မှတ်ပြီး များများတက်လေ၊ ရောင်ရမ်းမှုဖြစ်စဉ် ပြင်းထန်လေပါပဲ...

သတ်မှတ်ချက်ထက်နည်းတဲ့ ESR ကိုတော့ သတ်မှတ်ပုံခြင်း မတူကြပါဘူး... သုည ကို နည်းတယ်လို့ ဆိုကြပေမယ့် သုညကိုပဲ ပုံမှန်ထဲထည့်ထားတဲ့ guideline တွေရှိပါတယ်...

ESR အကြောင်း မေးတဲ့သူအရမ်းများလို့ Post တင်ပြီးပဲဖြေပေးလိုက်ပါတယ်...
#ကိုယ်စိတ်နှလုံးကျန်းမာဖို့ရာ_ရတနာမွန်မှာ စစ်ဆေးပါ။
09970996731

သွေးထဲမှာရှိတဲ့ အဆီဓာတ်မျိုးစုံကိုစစ်တာကို Lipid profile လို့ ခေါ်ပါတယ်.. အဲ့ဒီမှာ အဓိက (၄) မျိုး ပါဝင်ပါတယ်..Total Chol...
30/03/2022

သွေးထဲမှာရှိတဲ့ အဆီဓာတ်မျိုးစုံကိုစစ်တာကို Lipid profile လို့ ခေါ်ပါတယ်.. အဲ့ဒီမှာ အဓိက (၄) မျိုး ပါဝင်ပါတယ်..
Total Cholesterol
==============
စုစုပေါင်း Cholesterol ဘယ်လောက်ရှိလဲဆိုတာ တိုင်းတာတာပါ.. ကောင်းတာရော မကောင်းတာရော အကုန်ပါပါတယ်.. သာမန်လူတစ်ယောက်မှာ

ကျွန်တော် ဒီနေ့ Sharing လုပ်ချင်တဲ့ testလေး အကြောင်း ကတော့ လူနာတော်တော်များများ သွေးဖောက်စစ်ဆေးရတဲ့ CP (Auto) (သို့မဟုတ်...
29/03/2022

ကျွန်တော် ဒီနေ့ Sharing လုပ်ချင်တဲ့ testလေး အကြောင်း ကတော့ လူနာတော်တော်များများ သွေးဖောက်စစ်ဆေးရတဲ့ CP (Auto) (သို့မဟုတ်) CBC (Complete Blood Count) လို့ခေါ်တဲ့ test လေးအကြောင်းဘဲ ဖြစ်ပါတယ်။

CP (Auto) (သို့မဟုတ်) CBC test (Complete Blood Count test) ဆို
တာကတော့ သွေးထဲမှာရှိတဲ့ သွေးနီဥများ (RBCs)၊ သွေးဖြူဥများ (WBCs)၊ နှင့် Platelets (PLTs) များအပါအဝင် သွေးထဲမှာ လည်ပတ်‌နေတဲ့ ဆဲလ်များကို စစ်ဆေးတဲ့ test တစ်ခုဖြစ်ပါတယ်။CBC လို့ခေါ်တဲ့ test ကို ဘာကြောင့် စစ်ဆေးရလဲ ဆိုတာကို ပြောပြပါမယ်။ CBC test စစ်ဆေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ယေဘုယျ ကျန်းမာရေး အခြေအနေကို သိနိုင်ပါတယ်။ ဥပမာအားဖြင့် သွေးအားနည်းခြင်း၊ ရောဂါပိုးတစ်ခုခုဝင်ရောက်ခြင်း၊ သွေးထွက်လွန်ခြင်း၊ သွေးထွက်လွန်ရောဂါ သို့မဟုတ် ကင်ဆာကဲ့သို့သော သွေးဆဲလ်များကို ထိခိုက်စေသောရောဂါများ စတဲ့ရောဂါတွေကို ရှာဖွေခြင်း တို့အတွက် CBC test စစ်ဆေးခြင်းဖြစ်ပါတယ်၊၊

ရှေးဦးစွာ CBC test မှာပါတဲ့ Red Blood Cells (RBCs) လို့ခေါ်တဲ့ သွေးနီဥလေးတွေ အကြောင်းကို ပြောပြချင်ပါတယ်၊၊ သွေးနီဆဲလ် (Erythrocytes) လေးတွေကို ရိုးတွင်းခြင်ဆီက ထုတ်လုပ်ပြီး သူတို့အရွယ်ရောက်လာတဲ့ အခါ သွေးထဲကိုရောက်ရှိလာပါတယ်။ အဲ့ဒီသွေးနီဆဲလ်လေးတွေထဲမှာ ဟေမိုဂလိုဘင် (Haemaglobin)လို့ခေါ်တဲ့ (Hb)ပါဝင်ပါတယ်၊၊ ဟေမိုဂလိုဘင် ဆိုတာကတော့ RBCs အားလုံးမှာ တွေ့ရတဲ့ သံဓါတ်ပါဝင်တဲ့ ပရိုတင်း (Protine) ဓါတ်ဖြစ်ပြီး ဆဲလ်များကို အရောင် အနီရောင်ဖြစ်စေပါတယ်။ ဟေမိုဂလိုဘင်ကတော့ RBC များကို အဆုတ်အတွင်း Oxygen နှင့်ပေါင်းစေပြီး ၎င်းအား ခန္ဓာကိုယ်အနှံ့ရှိ ကိုယ်အင်္ဂါများထံသို့ ပို့ဆောင်ပေးပါတယ်။ ယင်း ဟေမိုဂလိုဘင် (Haemaglobin) နှင့် သွေးနီဥအရေအတွက်နည်းခြင်းသည် ကျွန်တော်တို့ ခန္ဓာကိုယ်တွင် သွေးအားနည်းခြင်း ကိုဖော်ပြတာဘဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ White Blood Cell (WBCs) လို့ခေါ်တဲ့ သွေးဖြူဥလေးတွေ အကြောင်းဘဲ ဖြစ်ပါတယ်။ သွေးဖြူဆဲလ် (Leukocytes)လေးတွေ ကိုတော့ သွေးအတွင်းနှင့် Lymphatic System တို့တွင် တွေ့ရပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်အဖြစ်ဆောင်ရွက်ပေးပါတယ်။ သွေးဖြူဆဲလ်လေးတွေကတော့ ကူးစက်ရောဂါများကိုကာကွယ်ခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းခြင်းနှင့် ဓါတ်မတည့်မှုများကိုကာကွယ်ခြင်းတို့ကို လုပ်ဆောင်ပါတယ်။ White Blood Cell (WBCs) အမျိုးအစား (၅)မျိုးရှိပါတယ်။
အဲဒါတွေကတော့ Neutrophils, Lymphocytes, Basophils, Eosinophils နှင့် Monocytes တို့ဖြစ်ပါတယ်။ CBC test မှာ (WBCs) သွေးဖြူဥများဟာ ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး ယာယီမြင့်တက်ပြောင်းလဲခြင့်နှင့် ကျဆင်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ရောဂါပိုးများခန္ဓာကိုယ်တွင်းသို့ဝင်ရောက်ရာတွင် ဘက်တီးရီးယားပိုးမွှားများဖြစ်ပါက ယင်းပိုးမွှားများအား တိုက်ခိုက်ရန်အတွက် Neutrophils များပိုမိုထွက်ရသဖြင့် CBC testတွင် Neutrophilsများမြင့်တက်နေသည်ကို တွေ့ရပြီး ဗိုင်းရပ်စ်ပိုးဖြစ်ပါက Lymphocytes အရေအတွက်များ မြင့်တက်နေသည်ကို တွေ့ရပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင် ဓါတ် မတည့်မှုများရှိပါက CBC testတွင် Eosinophils များမြင့်တက်နေပြီး သွေးကင်ဆာကဲ့သို့သော အချို့ရောဂါများတွင် သွေးဖြူဥများ များပြားနေသည်ကို တွေ့ရပါတယ်။

နောက်ဆုံးတစ်ခုကတော့ Thrombocytes လို့ခေါ်တဲ့ Platelets အကြောင်းဘဲ ဖြစ်ပါတယ်။ Platelets ဆိုတာကတော့ သွေးခဲမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ သေးငယ်တဲ့ ဆဲလ်အပိုင်းအစလေးပါ။ Plateletsလေးက ကျွန်တော့်တို့ ခန္ဓာကိုယ်အတွက်ဘာတွေလုပ်ပေးလဲဆိုတော့ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်များလာတဲ့ အခါ ဒဏ်ရာရတဲ့ နေရာကို အဲ့ Plateletsလေးတွေ ကသွားပြီး ယာယီအလွှာလေးတစ်ခု ဖြစ်စေပြီး သွေးထွက်ခြင်းကို ရပ်တန့်စေပါတယ်။ ဒီလိုအလုပ်ကို Plateletsလေးတွေ က ဒဏ်ရာမပျောက်မချင်း ခန္ဓာကိုယ်အတွက် ဆောင်ရွက်ပေးပါတယ်။ အဲဒီလိုဆိုတော့ CBC testရဲ့ အဖြေမှာ Plateletsနည်းနေရင် အလွန်အကျွံသွေးထွက်ခြင်းနှင့် ခန္ဓာကိုယ်တွင် ပွန်းပဲ့ ဒဏ်ရာရခြင်းများ ပိုမိုဖြစ်နိုင်ခြေရှိပါတယ်။ Platelets များနေရင်တော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ သွေးခဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ CP (Auto) (သို့မဟုတ်) CBC (Complete Blood Count) test ဘာကြောင့်စစ်ရတာလဲ နဲ့ ကိုယ့်ရဲ့ CP (Auto) (သို့မဟုတ်) CBC (Complete Blood Count) အဖြေက ကိုယ့်ရဲ့ ကျန်းမာရေးအကြောင်း ဘာတွေပြောတာလဲဆိုတာ သိမြင်နိုင်ပြီလို့ထင်ပါတယ်။ ဒါ့အပြင် CP (Auto) (သို့မဟုတ်) CBC (Complete Blood Count)စစ်ဆေးရန် လိုအပ်သူများကလည်း မိမိတို့ယုံကြည်စိတ်ချတဲ့ ဓါတ်ခွဲခန်းများမှာ သက်ဆိုင်ရာ ဆရာဝန်ညွှန်ကြားချက်များနဲ့အတူ စစ်ဆေးသင့်ပါတယ်။ ထို့အတူ ကျွန်တော်ရဲ့ ဓါတ်ခွဲခန်းမှာလည်း CP (Auto) (သို့မဟုတ်) CBC (Complete Blood Count) test ကို Haemogram Sysmex Xs-500စက်ဖြင့်မနက်စစ် ညနေ အဖြေသိရခြင်းဖြင့် အိမ်တိုင်ရာရောက်သွေးဖောက် စစ်ဆေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။ ထပ်ဆင့်မျှဝေလိုပါကလည်း ဒီ Post ကို Sharing လုပ်ပေးခြင်းဖြင့် မျှဝေနိုင်ပါတယ် ခင်ဗျာ။
#ကိုယ်စိတ်နှလုံးကျန်းမာဖို့ရာ_ရတနာမွန်မှာ စစ်ဆေးပါ။
09970996731

Address

Mandalay Road, Myanmar, Burma (Myanmar)
Mandalay

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 06:30
Sunday 09:00 - 18:30

Telephone

+959970996731

Website

Alerts

Be the first to know and let us send you an email when Yadanar Mon Laboratory Diagnosis Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category