ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွါ

  • Home
  • Myanmar
  • Mandalay
  • ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွါ

ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွါ မန္တလေးမြို့ နဲ့ ရန်ကုန်မြို့ကြီးကနေပီး တစ်နိုင်ငံလုံးသို့ ဖြန့်ချီပေးနေပါသည် ☎️09957738609

 #ကြွက်သားပိုမိုအားစိုက်ရခြင်းကြောင့် #ဖြစ်တဲ့ခါးနာခြင်း 😯ကြွက်သားကြောင့်ဖြစ်တဲ့ ခါးနာခြင်းဟာ #ရုတ်တရက်ခါးနာခြင်းတွေထဲက ...
22/05/2024

#ကြွက်သားပိုမိုအားစိုက်ရခြင်းကြောင့်
#ဖြစ်တဲ့ခါးနာခြင်း 😯

ကြွက်သားကြောင့်ဖြစ်တဲ့ ခါးနာခြင်းဟာ
#ရုတ်တရက်ခါးနာခြင်းတွေထဲက
အဖြစ်အများဆုံးအချက်ဖြစ်ပြီး ၉၅% လောက် ရှိပါတယ်။

နောက်ကျောက ကြွက်သားတွေကို #ပိုမိုအလုပ်လုပ်စေတဲ့အခါမှာ ဒီကြွက်သားတွေ #ဒဏ်ရာရတာကိုကာကွယ်ဖို့အတွက် သူတို့ဟာ ရုန်းလိုက်ပါတယ်။

ဒီလိုဖြစ်ခြင်းနဲ့ နာကျင်ခြင်းတွေဟာ လက္ခဏာတွေဖြစ်ပြီး လျစ်လျူမရှုသင့်ပါဘူး။ 👀

ကြွက်သားကြောင့် #ခါးနာခြင်းဟာ အတော်များများအတွက် #လွယ်လွယ်ကူကူပျောက်ကင်းနိုင်ပေမယ့် အချို့လူတွေအတွက်ကတော့ သူဟာ #အခြားကြီးမားတဲ့ပြဿနာရဲ့ အစဖြစ်တတ်ပါတယ်။

ကြွက်သား #ဆက်လက်အားစိုက်နေရမယ်ဆိုရင် ကြွက်သားတွေကိုဒဏ်ရာရစေပြီးတော့ #နာတာရှည်ခါးနာခြင်းကို ဖြစ်စေတတ်ပါတယ်။

ဒီလို #နာတာရှည်ခါးနာခြင်းတွေမဖြစ်ဖို့ အနေအထိုင်ဆင်ခြင်ပြီး #ဆေးအကူလေးသုံးလို့ရပါတယ်။

Aroma massage body oil မှာဆိုရင် Seasame Seeds ဆိုတဲ့ #နှမ်းနက်စေ့ ပါဝင်ထားတာကြောင့် #ကြွက်သားနာကျင်မှုတွက်ကောင်းမွန်စေခြင်း အရိုးအဆစ် #အရွတ်ကြောနာကျင်ယောင်ရမ်းမှုကို ပေါ့ပါးသက်သာစေပါတယ်ရှင့် 💁🏻‍♀️





#နှမ်းနက်ဆီ

'ကဆုန်လပြည့် ဗုဒ္ဓနေ့''ကဆုန်လပြည့် (၅)နေ့'၁။ 'နိယတဗျာဒိတ်ယူသည့်နေ့'     လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။၂။ 'ဘ...
22/05/2024

'ကဆုန်လပြည့် ဗုဒ္ဓနေ့'

'ကဆုန်လပြည့် (၅)နေ့'

၁။ 'နိယတဗျာဒိတ်ယူသည့်နေ့'

လေး သင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

၂။ 'ဘုရားမွေးဖွားသည့်နေ့'

မဟာသက္ကရာဇ် - (၆၈)၊ ကဆုန်လပြည့်။ (သောကြာနေ့)

၃။ 'ဘုရားဖြစ်သည့်နေ့'

မဟာသက္ကရာဇ် - (၁၀၃)၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)

၄။ 'ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့'

မဟာသက္ကရာဇ် - (၁၀၄)၊ ကဆုန်လပြည့်။

၅။ 'ပရိနိဗ္ဗာန်စံသည့်နေ့'

မဟာသက္ကရာဇ် - (၁၄၈)၊ ကဆုန်လပြည့်။
(အင်္ဂါနေ့)

'ဖွား, ပွင့်, ဟော, စံ' ဗျာဒိတ်ခံ မှတ်ရန်
ကဆုန်လပြည့်နေ့'

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့
နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ဖြစ်ပါတယ်။
'ဘာကြောင့်လဲ'ဆိုတော့

၁။ 'ဆု'

ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ
'ဒီဘဒ္ဒကမ္ဘာမှ (လေးဆူ)မြှောက် ဂေါတမဘုရား
စင်စစ် ဖြစ်လိမ့်မယ်'လို့ ဒီပင်္ကရာမြတ်စွာဘုရား
ထံ ဘုရားဆုပန်ပြီး ဗျာဒိတ်ခံယူတဲ့နေ့ဟာ
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။

၂။ 'ဖွား'

ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထ
မင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့ဟာလည်း
မဟာသက္ကရာဇ်( ၆၈)ခု ကဆုန်လပြည့်နေ့
ဖြစ်ပါတယ်။

၃။ 'ပွင့်'

ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်
မှာ ဘုရားဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ်
(၁၀၃)ခု၊ ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။

၄။ 'ဟော'

ဂေါတမဘုရားရှင် ဗုဒ္ဓဝင်အကျဥ်းကို
ဟောသည့်နေဟာ မဟာသက္ကရာဇ် (၁၀၄)
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။

၄။ 'စံ'

ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့လည်း
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်နေ့သာ
ဖြစ်ပါတယ်။

၅။ 'ဗျာဒိတ်ခံ'

ဘုရားလောင်းတော် သုမေဓာရှင်ရသေ့ဟာ
ဒီပင်္ကရာမြတ်စွာဘုရားထံ ဘုရာဆုပန်ရာ
'ဒီဘဒ္ဒကမ္ဘာတွင် လေးဆူမြောက် ဂေါတမဘုရား
ဧကန်စင်စစ်ဖြစ်လိမ့်မယ်'ဟု နိယတဗျာဒိတ်
ခံယူတဲ့နေ့ဟာလည်း ဒီကဆုန်လပြည့်နေ့
ဖြစ်ပါတယ်။

ဒါကြောင့် နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်
လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့်
ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားများကို
ပွားများလာအောင် အားထုတ်နိုင်ကြပါစေ။

'ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်း
စရာများ'

၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်
နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိ
ပင်၊ စံဝင် နိဗ္ဗာန်နန်း)ဆိုသည်နှင့်အညီ သုံးလော
ကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍
ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း၊ ဖွားမြင်တော်မူ
သောနေ့ဖြစ်ခြင်း၊ ဘုရားဖြစ်တော်မူသောနေ့
ဖြစ်ခြင်း၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်း၊
ဤထူးခြားချက် လေးမျိုးတို့နှင့် တိုက်ဆိုင်နေ
ပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးတို့နှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို 'ကဆုန်လပြည့်
ဗုဒ္ဓနေ့'ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို
အောင်မြင်တော်မူသောကြောင့် ဤနေ့ကို 'ကဆုန်
လပြည့် မာန်အောင်နေ့'အဖြစ် ဗုဒ္ဓဘာသာဝင်တို့
၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြ၍
ကဆုန်လပြည့်နေ့ကို 'ဝိဆခ်ဒေး'ဟု ခေါ်ကြပါ
သည်။ 'ဝိသာခါဒေး'ဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော
နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့
၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို
ရေသွန်းလောင်းလေ့ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗုညုတဥာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖတ်တော်
(၇)ပါးတွင် စာရင်းဝင်ခြင်းဖြစ်သောကြောင့် ထူး
ခြားသော သစ်ပင်တစ်မျိုးဖြစ်ပါသည်။ ဤကဲ့သို့မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်
၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ဆယ့်နှစ်ရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲ
တော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။

၇။ 'အသနဗောဓိယမထေရ်'၏ အလောင်းသည်
တိဿဘုရားရှင်၏ ဗောဓ်ိပင်ကိုစိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌နတ်ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်လေးပါးမှ လွတ်
ကင်းရခြင်း အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်)ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည်
ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည့်၌
ဖြစ်ရခြင်း၊ အနာရောဂါမဖြစ်ခြင်း၊ သောကကင်း
ဝေးခြင်း၊ စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း
၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓ
အဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်၊ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာ
အမူ့ကိုပြုလုပ်၍ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အမှတ်
တရ ဆင်နွှဲကြပါသည်။

မာဂဓီ(သာစည်)၏
[အခါတော်နေ့များ]စာအုပ်မှ

'ကုဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာများ'

ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို
ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါ
တယ်။ ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့
နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်
လဲဆိုတော့ -

(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ
'ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရား
စင်စစ် ဖြစ်လိမ့်မယ်'လို့ ဒီပင်္ကရာမြတ်စွာဘုရား
ထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်
နေ့ဖြစ်တယ်။

(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်း
သားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ်
(၆၈)ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်
မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ
မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့
ဖြစ်ပြန်တယ်။

ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာ
ဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့ နေ့တစ်
နေ့ပါ။ ကဆုန်လဟာ မြန်မာလ (၁၂)ရာသီမှာ
ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံ
ခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့
အရေးများတယ်။ နောက်ပိုင်းမှာ 'ကု'မှ 'က'သို့
ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့
အဓိပ္ပါယ်ကတော့ 'ရေ'ဖြစ်ကာ 'ဆုန်'ကတော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လ
ကို 'ရေသွန်းလ (သို့မဟုတ်) ရေလောင်းလ'လို့
ဆိုနိုင်ပါတယ်။

ပါဠိစာပေမှာ ကဆုန်လကို 'ဝေသာခ Vesaka'
လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ
'ဝေသခ် Vesak' ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ 'ဝေဆတ်ခ်' လို့ ထွက်ပြီး အနောက်နိုင်ငံ
သားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်
လပြည့်နေ့ကို 'ဝေဆတ်ခ်ဒေး Vesak Day' လို့
ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့
ကဆုန်လပြည့်နေ့ကို 'ဝိဆာခပူချား (ဝိသာခပူဇာ)'
လို့ခေါ်သတဲ့။

မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်
ရေသွန်းပွဲတော် ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာ
နိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထား
ပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ်
ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်
လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့
ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်
မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွား
တော်များကို တပျော်တပါး ရေစင်သွန်းလောင်း
ကြလို့ 'ကဆုန်လ ညောင်ရေသွန်းပွဲ'လို့ ခေါ်လာ
ကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်
ဟာ ဘုရားရှင်အား ပရိဘောဂစေတီတော်ဖြစ်လို့
ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင်
ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက်
အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လ
ပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊
နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်
တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား
ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။
ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာ
န်ဘေးမဲ့လွှတ်ပွဲတွေကိုလည်း တပျော်တပါး
ကျင်းပကြတယ်။

ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လ
ပြည့်ဗုဒ္ဓနေ့ (ဝိဆာခပူးချား) ထိုင်းနိုင်ငံ ကဆုန်
လပြည့် ဗုဒ္ဓနေ့ ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ
တော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်
အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့
နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုး
တော် အပါအဝင် အရာရှိအရာခံများအားလုံး
ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ 'ဝိဆာခ
ပူးချား'ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။
ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များ
သည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူ
ကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့
သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင်
ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)

'ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ'

ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်
များဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို
သန့်ရှင်းရေးများပြုလုပ်ကာ ကုသိုလ်ယူကြပြီး
နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာ
ဇရပ်မှာ တရားနာယူကြတယ်။ တချို့ကတော့
ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။
ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်း
တိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ
ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ်
သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့
သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြ
တယ်။ သံဃာတော်များထံ တရားနာယူကြတယ်။
ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့
ကျင်းပတဲ့ နေရာကတော့ နခွန်ပထုမ်ရှိ ဗုဒ္ဓမွန်းထွန်
ဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်း
မြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓ
ဘာသာဝင် လူထုကို ဦးဆောင်ပြီး ဝိဆာခပူးချား
(ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှား
တဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည်
ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း
ကျင်းပခဲ့ကြတယ်။

'သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ၊
သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့'

သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လ
ပြည့် ဗုဒ္ဓနေ့ကို 'ဝေဆတ် = Vesak'လို့ ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်
လပြည့်နေ့ဟာ အထူးခြားဆုံးနေ့အဖြစ် သတ်မှတ်
ကာ ပွဲတော်ကို (၇)ရက်ခန့် ကျင်းပတယ်။ အစည်
ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄)ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။ ဗုဒ္ဓ
ဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို
လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊
ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်
မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး
ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်း
ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ
မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။ အဆို
အကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။
ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာ
မှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး
စည်ကားလှတယ်။

သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံ
လမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား အနယ်နယ်အရပ်ရပ်
မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ
မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်
တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ်
ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့သူ
တွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။
ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊
အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့
မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာ
အလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့
အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ
ဖွင့်၊ တချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန်
ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်
ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်း
ဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရ
စေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့က
တော့ အလွန် စည်ကားတာ တွေ့ရတယ်။

သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိ
ညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ
ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်း
တိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓ
နေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်
ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး
ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်
စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊
သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွား
ခြင်းများ ပြုလုပ်ကြတယ်။ (သီရိလင်္ကာဗုဒ္ဓဘာ
သာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး (၁၁)
သုတ်ကို ရကြတယ်။)

ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာ
သာ ကွန်ဖရင့် ထိုင်းနိုင်ငံ ကဆုန်လပြည့်နေ့ကို
အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်
ခြင်း၊ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာ
နိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်
ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လ
ပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်နိုင်
ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ
သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်း
ကတိဂမ်ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်
သွင်းခဲ့တယ်။

(၅၄)ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင်
အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှ
အဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်
ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း (၃၄)နိုင်ငံ
က ထောက်ခံကြတယ်။ ဒါကြောင့် (၁၉၉၉)
ဒီဇင်ဘာ (၁၃)ရက် အစည်းအဝေးဆုံးဖြတ်ချက်
အမှတ် (၁၇၄)နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ ကဆုန်လ
ပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်
'Vesak Universal Holiday'အဖြစ် သတ်မှတ်
ပေးခဲ့တယ်။

ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည်
ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာ
တစ်ခုဖြစ်တဲ့အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်
ဟာ နှစ်ပေါင်း (၂၅၀၀)ကျော်ကာလတိုင်အောင်
လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်း
ချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်
မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊
သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့်
ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်
ချက်အရ ဝေဆတ်ဒေးကျင်းပရာတွင် ကုလသမဂ္ဂ
ရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်
လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင်
ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့်
အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိ
နှိုင်းကာ ဆုံးဖြတ်သွားရမည်”လို့ ဆုံးဖြတ်ခဲ့ပါ
တယ်။

ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လ
ပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်
ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေ
ပြီ။ ကဆုန်လပြည့်နေ့ဟာ ဘုရားရှင်အဆူဆူ
ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ
ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လော
ကကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက်
ဖြစ်တယ်။ လောကသားတို့ဟာ ဘုရားရှင်ရဲ့
အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက
ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်း
ရေးအစစ်ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန်
ရောက်ရပေမည်။

ဘုရားရှင် အဆုံးအမဖြစ်တဲ့ “မကောင်းမှု
ရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား၊
ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား”အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်
ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ
မောင်မောင်မြတ်သူ မျှဝေသည်။
“လပြည့် ကဆုန်”
•••••••••••••••••••••
ကဆုန်လကို ပုဂံခေတ်က
ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊
ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို
ကျောက်စာများအရ သိရှိကြပါတယ်။
❦ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး
ကဆုန်-စသော ကျန်ဝေါဟာရများမှာ
ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများ
ဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ
ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညို့၊
ကတောက် စသော ဝေါဟာရတို့ရှိ ကု၊က
ပုဒ်တို့ကဲ့သို့“ရေ”ဟု အဓိပ္ပာယ်ရပါတယ်။
❦“စုန်” မှ ဆင်းသက်လာသော “ဆုန်”မှာ
သွန်းခြင်း၊လောင်းခြင်း၊ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။
ထို့ကြောင့် “ကဆုန်လ” အဓိပ္ပာယ်မှာ
“ရေသွန်းသောလ၊ရေလောင်းသောလ၊
ရေဖျန်းသောလ” ဟု ဆိုလိုပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို
ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား၊
ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်။
●(၁)။ ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင်
ဒီပင်္ကရာ မြတ်စွာ ဘုရားထံတော်မှ “နောင်သောအခါတွင်
ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု
နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည်
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။
●(၂)။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊
သောကြာနေ့မှာပင် ဘုရားအလောင်းကို
ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို
ဖွားမြင်တော်မူသည်နှင့် တပြိုင်နက်
“ယသောဓရာ မင်းသမီး၊အာနန္ဒာမင်းသား၊
ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ကဏ္ဍကမြင်း၊
ရွှေအိုးကြီး လေးလုံး နှင့် မဟာဗောဓိပင်”ဟူသော
ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း
ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။မဟာဗောဓိသည်
မဇ္စျိမဒေသ ဥရုဝေလတောတွင်ဘုရားရှင်တို့
ပွင့်တော်မူရာ ဗဟိုအချက်အချာ
အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။
●(၃)။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌
ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌
သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍
သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။
ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော်
ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင်
ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌
အသုံးပြုတော်မူသော အပင်ဖြစ်၍
ပရိဘောဂစေတီလည်း ထိုက်ပါတယ်။
ထို့ကြောင့် ဗုဒ္ဓဘာသာ၀င် အပေါင်းတို့သည်
ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌
စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။
မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင်
စတင်၍ ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန်ရှိပါတယ်။
နွေရာသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏
ကဆုန်လကား နေပူပြင်း လှပါတယ်။
“တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင်
အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍
ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့်
အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။
ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး
ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ
ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။
ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊
သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော
အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုး ဖြစ်ပါတယ်။
ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာ၀င် မြန်မာတို့သည်
ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို
မညှိုးမနွမ်း၊ လန်းဆန်းရှင်သန် စေရန်ဟူသော
ဆန္ဒမွန်ဖြင့် ရေသွန်းလောင်းပူဇော်ကြခြင်း ဖြစ်ပါတယ်။
ဤသို့ဖြင့် ဘုရားအလောင်းတော်
ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊
မဟာဗောဓိပင် ပေါက်တော်မူခြင်း၊
ဘုရားဖြစ်တော်မူခြင်း တို့သည်
ကဆုန် လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။
●(၄)။ ထို့ပြင် ကဆုန်လပြည့်နေ့မှာပင် ဘုရားရှင်
ပရိနိဗ္ဗာန် စံ၀င်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို
“ဗုဒ္ဓနေ့” ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။
“ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်”
•••••••••••••••••••••••••••••••••••••••••
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေးသင်္ချေနှင့်
ကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊
ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့၀ယ်၊
မြေ့ပရမေ ၊ ပလင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊
ဗိမာန်ထီးနှင့် မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမှိုက်သင်းကို၊ အရှင်းပယ်ပျောက်၊
အလင်းပေါက်က၊ထွန်းတောက်ဘုန်းမော်၊
သောင်းလုံးကျော်သည်၊ သုံးဖေါ်လူတို့ ငြမ်းပါကို။
[၁၀၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်သို့
ရောက်တော်မူသည်။]
“လပြည့် နွေကဆုန်”
••••••••••••••••••••••
“ဆုပန်နေ့”
•••••••••••••••••
“လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ၊
သူမေဓာလောင်း၊ ညွန်ပျောင်းဗွက်အုံ၊
ဒီပင်ထံပါး၊ ၀မ်းလျားမှောက်ခုံ၊
ဆုပန်နေ့၊ လပြည့်နွေကဆုန်။
“ဖွားမြင်နေ့”
••••••••••••••
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
လုမ္ဗနီတော၊ သာမောရဂုံ၊
လောင်းတော်သိဒ္ဓတ်၊ ထွက်လတ်ကြာငုံ၊
ဖွားမြင်နေ့၊ လပြည့်နွေကဆုန်။
“ဗုဒ္ဓနေ့”
••••••••••••
တစ်ရာ့သုံးနှစ်၊ သက္ကရာဇ်ကြုံ၊
ဗောဓိပင်မင်း၊ မှီတင်းခိုလှုံ၊
မာန်စွယ်ငါးစင်း၊ အောင်ခြင်းဖုံဖုံ၊
ဗုဒ္ဓနေ့၊ လပြည့်နွေကဆုန်။
“နိဗ္ဗူနေ့”
••••••••••••••
ရာ့လေးဆယ့်ရှစ်၊သက္ကရာဇ်ကြုံ၊
မလ္လာမင်းတို့၊ အင်ကြင်းရဂုံ၊
ဇာတ်တော်သိမ်းလို့၊အေးငြိမ်းခိုလှုံ၊
နိဗ္ဗူနေ့၊ လပြည့်နွေကဆုန်။
“ကဆုန်လပြည့် ဗုဒ္ဓနေ့”
••••••••••••••••••••••••••
မြန်မာများရဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
ဒီနေ့သည် မြန်မာဗုဒ္ဓဘာသာ၀င်တို့ရဲ့
နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ပဲ ဖြစ်
ပါတယ်။
ကဆုန်လပြည့်နေ့ဟာ ဘုရားလောင်း သုမေဓာ
ရှင်ရသေ့က ဒီပင်္ကရာမြတ်စွာဘုရားထံမှ
ဘုရားစင်စစ် ဧကန်ဖြစ် လိမ့်မည်ဟု နိယတဗျာဒိတ်ကို
စံတော်မူခြင်း၊ ဘုရားလောင်း ဖွားမြင်တော်မူခြင်း၊
သစ္စာလေးပါးကို သိမြင်ပြီး ဘုရာဖြစ်တော်မူခြင်း၊
မဟာဗောဓိပင်ပေါက်ခြင်းနှင့် ပရိနိဗ္ဗာန်၀င်စံတော်မူခြင်း
ဆိုတဲ့ အလွန်ထူးခြားပြီး ဗုဒ္ဓ၀င်မှတ်တိုင်ကြီးများ
စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ကြီးဆိုလည်း မမှားပါဘူး။
ဗုဒ္ဓဘာသာ၀င် မြန်မာတို့က ကဆုန်လပြည့်နေ့ကို
ဗုဒ္ဓနေ့ဟု သတ်မှတ်ကာ အခါတော်
နေ့ကို တခမ်းတနား ကျင်းပလေ့ ရှိကြပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အနယ်နယ်မှာ ကျင်းပကြမြဲမို့
ကဆုန်လနဲ့ပတ်သက်သမျှ မှတ်သားစရာလေးတွေ
အနည်းငယ် တင်ပြချင်ပါတယ်။
ကဆုန်လဆိုတာ ဘာသာ သာသနာ ရှုထောင့်က ကြည့်ရင်
အံ့သြစရာကောင်း တဲ့ အဖြစ်သနစ်လေးတွေ
တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့နိုင်ပါတယ်။
“ဗျာဒိတ်, ဖွား, မြင်၊ ဗောဓိပင်၊ စံ၀င် နန်းနိဗ္ဗာန်”
လင်္ကာအရ ဂေါတမဘုရား အလောင်းတော်အဖြစ်နဲ့
သုမေ ဓာရှင်ရသေ့ဘ၀မှာ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ
ဘုရားစစ်စစ်၊ ဧကန်ဖြစ်လိမ့်မည်”ဆိုတဲ့
ဗျာဒိတ်တော် ကို ခံယူခဲ့ခြင်း၊ဘုရားအလောင်းတော်
အမိ၀မ်းမှ ဖွားမြင်တော်မူခြင်း၊သစ္စာလေးပါးကို သိမြင်လို့
ဘုရားဖြစ် တော်မူခြင်း၊မဟာဗောဓိပင် ပေါက်ခြင်း၊
ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်းဆိုတဲ့ ဗုဒ္ဓနဲ့ပတ်သက်လို့
သာသနာ့မှတ်တိုင် ကြီးများက ဒီကဆုန်လမှာ
ဖြစ်ခဲ့တာမို့ ထူးခြားတဲ့ “လမြတ်ကဆုန်”လို့
တင်စားခေါ်ဆိုကြပါတယ်။
ဒါကြောင့်ပဲ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ရက်မြတ်များ ဆုံစည်းရာ
ကဆုန်လ ရောက်ပြီဆိုရင် ကဆုန်လပြည့် ဗုဒ္ဓနေ့စတဲ့
ပွဲတော်များကို အမွန်အမြတ်ပြုကာ
ကျင်းပပြုလုပ်ကြပါတယ်။

ဝိစာရ (ကွေ့မ)
ဒက္ခိဏာရာမကျောင်းတိုက်

 #ဟာနုမာန်ခြေဖဝါးကပ်ခွာ (foot Care)ကဘယ်လိုအလုပ်သလဲ⁉ဟာနုမာန် တိုင်းရင်းဆေးကပ်ခွာ   ဟာထိုင်းနိုင်ငံရဲ့သမိုင်းဝင် King Nara...
21/05/2024

#ဟာနုမာန်ခြေဖဝါးကပ်ခွာ (foot Care)ကဘယ်လိုအလုပ်သလဲ⁉

ဟာနုမာန် တိုင်းရင်းဆေးကပ်ခွာ ဟာထိုင်းနိုင်ငံရဲ့သမိုင်းဝင် King Narai's ဆေးကြမ်းကနေ အသုံးပြုရလွယ်အောင် ယခုခေတ်နည်းပြပညာနဲ့ ထုတ်လုပ်ထားပြီး သဘာဝပစ္စည်းများကိုသာ ထည့်သွင်းထုတ်လုပ်ထားပါသည့် ခြေဖဝါးကပ်ခွာဖြစ်ပါသည်

⚜ ကို #ဘာကြောင့်အသုံးပြုသင့်သလဲဆိုတော့ သူ့ကို ပုံမှန်ကပ်ပေးခြင်းဖြင့်

🍀ကိုယ်တွင်းအင်္ဂါများနှင့် ကိုယ်ခံအားစနစ်ကို ပုံမှန်လည်ပတ်စေခြင်း
🍀 ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် မောပန်းခြင်းတို့ကို သက်သာစေခြင်း
🍀 အိပ်စက်ခြင်းကိုပိုမိုကောင်းမွန်နှစ်ခြိုက်စေခြင်း
🍀 ညောင်းညာကိုက်ခဲမှုကိုသက်သာစေခြင်း
🍀ခြေလက်များထုံကျဉ်မှုဝေဒနါကို သက်သာစေခြင်း
🍀 သွေးလည်ပတ်မှုကောင်းစေခြင်း
🍀 ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးများ၊ မလိုလားအပ်သောအဆိပ်တောက်များကို ချွေးအဖြစ်ပြန်လည် စွန့်ထုတ်ရန်ကူညီပေးခြင်း
🍀 လန်းဆန်းပေါ့ပါးစေခြင်း
🍀 Phlai(ကတ်စ်မူနာဂျင်း) နှင့် သစ်ကြံပိုးခေါက်တို့သည် ကြွက်သားများနာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းဒဏ်ကို လျော့ချပေးခြင်း
🍀 ခန္ဓာကိုယ်အပူထိန်းညှိပေးခြင်း စတဲ့ကောင်းကျိုးတွေကို ရရှိနိုင်တဲ့အတွက်ဖြစ်ပါတယ်ရှင့် 😍

***********************
⚜ပြီးရင် #ဘယ်သူတွေပိုပြီး ဟာနုမာန် ခြေဖဝါးကပ်ခွာကို
သုံးသင့်လည်းဆိုတော့

☘ သက်ကြီးရွယ်အိုများ
☘ အထိုင်များသူများ
☘ အညောင်းမိသူများ
☘ ဇာတ်ကြောတက်သူများ
☘ အိပ်မပျော်သူများ
☘ ခန္ဓာကိုယ်တွင်း အပူများသူများ စတဲ့သူတွေသုံးသင့်ပြီး ပုံမှန်သူများလည်း သွေးလည်ပတ်မှုကောင်းရန် ကျန်းမာရေးအတွက် သုံးပေးသင့်သည်။

***********************
⚜Hanuman Footpatch ရဲ့ အသုံးပြုပုံ အညွှန်းလေး

1. ခြေဖဝါးကို ရေနွေးဖြင့် 10-15 မိနစ်ခန့်စိမ်၊ သန့်ရှင်းရေးလုပ်ပြီး ခြောက်အောင်သုတ်ပေးပါ

2. ဆေးအိပ်ရဲ့ တံဆိပ်ရှိတဲ့ဘက်ကို ကပ်ခွာအလယ်
ဘက်ကပ်ပေးပါ

3. ဆေးအိပ်ကို သက်ဆိုင်ရာခြေဖဝါးနေရာတွင်ကပ်ပေးပါ

4. အိပ်ယာဝင်ချိန် 6-8 အထိကပ်ပေးပါ
အခြားမိမိပြသာနာနှင့်သက်ဆိုင်သည့်နေရာတွင်လည်း ကပ်ပေးနိုင်သည်

5. မနက်အိပ်ယာထချိန်တွင် ခွာပစ်ပြီးသန့်စင်ပါ

***********************
⚜Hanuman Footpatchရဲ့ ပါဝင်ပစ္စည်းလေးတွေက သဘာဝကုန်ကြမ်းသာ5မျိုး 100%သုံးထားပါတယ်နော်

☘ ကတ်စ်မူနာဂျင်း
ကြွက်သားကိုဖြေလျော့ပေးပြီး၊ အဆစ်လွှဲ၊ အတွင်းကြေ၊ ရောင်ရမ်း၊ ကိုက်ခဲတာ လျော့ချပေးပါသည်။

☘ သစ်ကြံပိုး
အပူဓာတ်ဆောင်တဲ့အတွက် ကျောက်ကပ်၊ သရက်ရွက်၊ အသည်း အတွင်းရှိအပူဓာတ်ကိုဖြည့်ဆည်းပေးပြီး သွေးလည်ပတ်မှုကိုကောင်းစေပါသည်။

☘ ဝါးမီးသွေး
ခန္ဓာကိုယ်တွင်း အနုတ်အိုင်းရွန်းဓာတ်ကိုဖြည့်ဆည်းပေးပြီး အပေါင်းအိုင်းရွန်းနှင့် အစိုဓာတ် ကိုစုပ်ထုတ်ပေးပါသည်။

☘ ပူစီနံ
ခန္ဓာကိုယ်တွင်း အဆိပ်အတောက်နှင့် ချွေးထွက်ကောင်းစေပြီး၊ စိတ်ဖိစီးမှုကိုသက်သာစေသည်။

☘ ကြက်သွန်နီ
ခန္ဓာကိုယ်တွင်းအပူဓာတ်ကိုဖြည့်ဆည်းပေးတဲ့အတွက် ကိုယ်ခန္ဓာနွေးထွေးစေပါသည်။

*********************
⚜အသုံးမပြုမှီ အကြံပြုချက်လေးကို အရင်ဖတ်ပေးပါနော်.

1. အိပ်ရာမဝင်မီ ရေအလုံအလောက်သောက်သင့်သည်၊ အဘယ်ကြောင့်ဆိုသော် အထုတ်တွင်းရှိတိုင်းရင်းဆေးသည် ခန္ဓာကိုယ်တွင်းအစိုဓာတ်များကိုစုတ်ယူပေးသည်

2. ခြေဖဝါးသည် အသုံးပြုရန်အကောင်းဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းသည်ခန္ဓာကိုယ်ရှိ ကိုယ်တွင်းအင်္ဂါအားလုံး၏ဗဟိုဖြစ်ပြီး အမြင့်ဆုံးထိရောက်မှုပေးနိုင်သည်

3. ခြေဖဝါးတွင်အသုံးပြုပါက ဟန်ချက်ညီစေရန် နှစ်ဖက်စလုံးကို ကပ်သင့်သည်။ ခြေဖဝါး၊ ကျော၊ ပုခုံး၊ တံတောင်ဆစ်၊ ခြေကျင်းနှင့် လက် များကဲ့သို့ နာကျင်၊ ရောင်ရမ်းသော ကိုယ်ခန္ဓာ၏ မည်သည့်အစိတ်အပိုင်းမဆိုအသုံးပြုနိုင်သည်

4. ပိုမိုကောင်းမွန်သောရလဒ်အတွက် ခြေဖဝါးကို အိပ်ရာမဝင်မီ(သို့) အသုံးမပြုမီ 10-15 မိနစ်ခန့်စိမ်ပေးပါ။

5. ခန္ဓာကိုယ်အပြင်ပိုင်းသုံးရန်အတွက်ဖြစ်ပြီး သောက်သုံးရန်မဟုတ်ပါ ပွန့်ပဲ့သောအရေအပြားနှင့် မျက်နှာကဲ့သို့ ထိရှလွယ် သောအရေအပြားပေါ်တွင်မကပ်ရ ။ ကိုယ်ဝန်ဆောင်မိခင်များနှင့် 3 နှစ်အောက်ကလေးများ အသုံးမပြုမှီ သက်ဆိုင်ရာဆရာဝန်နှင့် ဦးစွာတိုင်ပင်ပါ

6. ထားသိုမှုပုံစံလေးကတော့ အထုပ်ဖောက်ပြီး 15 ရက်အတွင်းအသုံးပြုပေးပါ အိတ်ပိတ်ရန်ဇစ်ပါရှိပြီး အသုံးပြုပြီးတိုင်း လေမဝင်အောင်သေချာလေးပြန်ပိတ်ထားပါ

ချစ်ရဲ့တဲ့ Customers တွေအားလုံး
ကို အသုံးပြုပေးပြီး
ဖြစ်နေဝေဒနါအပေါင်းလဲ သက်သာကုန်ပြီးကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကို အမြဲရယူပိုင်ဆိုင်ကြပါစေရှင့်😘

စာကိုပြန်လည်ပြုပြင်ရေးသား ကူးယူတင်ခြင်းခွင့်မပြု❗




သွားကိုက်ဝေဒနာတွေအတွက် အလွယ်ဆုံးနည်း(၅)မျိုး⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜သွားကိုက်ဝေဒနာဆိုရင် ယောက်ျားတွေတောင် ကြံ့ကြံ့မခံနိုင်ပါဘူး။ သွာ...
20/05/2024

သွားကိုက်ဝေဒနာတွေအတွက် အလွယ်ဆုံးနည်း(၅)မျိုး
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

သွားကိုက်ဝေဒနာဆိုရင် ယောက်ျားတွေတောင် ကြံ့ကြံ့မခံနိုင်ပါဘူး။ သွားကိုက်ရတဲ့အကြောင်းရင်းကိုအပထား၊အမြန်ဆုံးပျောက်ကင်းစေမယ့် နည်းလမ်းရှာဖို့က အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။

လူအများစုဟာ အကိုက်အခဲပျောက်ဆေး မှီခိုအားထားကြပေမယ့်အကိုက်အခဲပျောက်ဆေးသိပ်များလွန်းတာက တကယ်တော့ ကိုယ်ခံအား ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့်ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ သဘာဝအကိုက်အခဲပျောက်ဆေးနည်းတွေကို ညွန်းပေးလိုက်ပါတယ်။

၁။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ
ပဋိဇီဝအဖြစ်အသုံးပြုနိုင်ခြင်းကြောင့် ကြက်သွန်နီကိုသွားကိုက်ဝေဒနာကုသရာမှာအသုံးပြုအကြံပြုထားပါတယ်။ နာ ကျင်ကိုက်ခဲမှုလျော့နည်းသက်သာအောင်ကြက်သွန်ဖြူ ၁မွှာ၊ ၂မွှာ ကိုက်ပါ ဒါမှမဟုတ်ကြက်သွန်ဖြူမှုန့်အနည်းငယ်နဲ့ ဆားရောစပ်ပြီး ကိုက်ခဲတဲ့သွားပေါ် လိမ်းပေးပါ။ ဝေဒနာပျောက်ကင်းစေဖို့ အာမခံပါတယ်။

၂။ ပူစီနံ tea

ပူစီနံ tea ကခံတွင်းအတွက်သာ ကောင်းတာမဟုတ်ဘဲသွားကိုက်ဝေဒနာပါ သက်သာစေပါတယ်။ ရေနွေးခွက်ထဲ ပူစီနံရွက်ခြောက် လက်ဖက်ရည်ဇွန်း (၁) ဇွန်းထည့်ပြီး မိနစ် ၂၀ စိမ်ပါ။ အေးတဲ့အခါ ပလုတ်ကျင်းပြီး ပြန်ထွေးထုတ်ရပါမယ်။ အဲဒီတိုင်း ထပ်ခါထပ်ခါပြန်လုပ်နိုင်ပါတယ်။

၃။ ကြက်သွန်နီ
သွားကိုက်ဝေဒနာခံစားနေရသူတွေအတွက် ကြက်သွန်နီဝါးပေးခြင်းက အထောက်အကူဖြစ်စေနိုင်ပါတယ်။ ကြက်သွန်နီကို နာကျင်ကိုက်ခဲမှု သက် သာစေနိုင်တဲ့ ပိုးသတ်ဆေးအစွမ်းသတ္တိတွေကြောင့် လူသိများပါတယ်။ တစ်ချိန်တည်းမှာ ရောင်ရမ်းမှုနဲ့ ရောဂါကူးစက်မှု လျော့နည်းစေပါတယ်။သွားကိုက်ဝေဒနာခံစားရပါကချက်ချင်းကြက်သွန်နီကိုက်ပေးပါ။သွားပေါ် အချပ်လိုက်လှီးထားတဲ့ ကြက်သွန်နီ ကပ်ပေးနိုင်ပါတယ်။

၄။ လေးညှင်းပွင့်ဆီ

သွားတွေတဒုတ်ဒုတ်ကိုက်ခဲနေပါက နည်းလမ်းတစ်ခုက သွားပေါ် လေးညှင်းပွင့်ဆီတွေလိမ်းပေးဖို့ပါပဲ။လေးညှင်းပွင့်ဆီမှာဘက်တီးရီးယားပိုသေစေနိုင်တဲ့သတ္တိတွေပါဝင်ပြီးအကိုက်အခဲပျောက် ကင်းစေတဲ့ အစွမ်းသတ္တိအတွက် လူသိများပါတယ်။စစလိမ်းချင်းမှာ နာကျင်ပေမယ့်နောက်ပိုင်းမှာသက်သာစေပါတယ်။

၅။ ဆားရေနွေးနွေး

ရေနွေးတစ်ခွက်ထဲဆား (၁) ဇွန်း ခပ်ထည့်၊သေချာမွှေပေးပြီးအဲဒီအရည်နဲ့ ပ လုတ်ကျင်းပေးရုံလေးသာ ဖြစ်ပါတယ်။ သွားဖုံံးရောင်၊ သွားကိုက်ဝေဒနာတွေ လျော့နည်းသက်သာစေနိုင်ပါတယ်။

ခရက်ဒစ်.... သွားကျန်းမာရေး


ကျန်းမာလှပတဲ့ သွားလေးနဲ့  အလှပဆုံးပြုနိုင်ဖို မနက် ၁ကြိမ် ညတစ်ကြိမ်သုံးပေးနော် #ဝါးမီး‌သွး #ဟန်နုမာန်တိုင်းရင်း‌ဆေး #ဟန်...
20/05/2024

ကျန်းမာလှပတဲ့ သွားလေးနဲ့

အလှပဆုံးပြုနိုင်ဖို မနက် ၁ကြိမ် ညတစ်ကြိမ်

သုံးပေးနော်

#ဝါးမီး‌သွး
#ဟန်နုမာန်တိုင်းရင်း‌ဆေး
#ဟန်နုမာန်သွားတိုက်ဆေး

အပန်းမကြီးသောကုသိုလ်သည် အကောင်းဆုံးယတြာတစ်မျိုး ဖြစ်ပါတယ်နော် …… ။ ● ဘုရားပန်း မညှိုးပါစေနှင့်ဂါထာတွေ မန္တာန်တွေ ပါးစပ်က...
16/05/2024

အပန်းမကြီးသောကုသိုလ်သည် အကောင်းဆုံးယတြာတစ်မျိုး ဖြစ်ပါတယ်နော် …… ။

● ဘုရားပန်း မညှိုးပါစေနှင့်

ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင် ရွတ်နေပြီး ဘုရာပန်းညှိုးနွမ်းနေတယ်ဆိုရင်အဆင်မပြေနိုင်ပါ။ ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားရပါမယ်။

● သောက်တော်ရေ မနွေးပါစေနှင့်။

သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့ ။ သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင် အိမ်တွင်းရေး အေးချမ်းပါတယ်။ အိမ်မှာအမြဲနေရတဲ့သူတွေဆိုရင် မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီးကပ်နိုင်ရင် ပိုကောင်းပါတယ် အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူးဆိုရင်တောင်မှ
မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ တစ်နေ့သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ်။

ငါအလုပ်များတယ် အိမ်မှာလည်းနေရတာနည်းတယ်ဆိုပြီး သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့ ဘယ်နေရာမှာမဆို မိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင် ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး "မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်" လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ်။ ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး။

● ဆွမ်းတော်စွန့်တာ စားကောင်းပါတယ်။

ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါ။ (နေ့၁၂နာရီမကျော်သေးရင်) မစားခင် သရဏဂုံ သုံးကြိမ် ရွတ်ပါ။ သရဏဂုံရွတ်နေတဲ့အချိန်ကိုမြတ်စွာဘုရား ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားလိုက်ပါ။ ရွတ်ပြီးသွားပြီဆိုတော့မှ "အရှင်ဘုရား ဘုဉ်းပေးပြီးပြီဖြစ်လို့ တပည့်တော်ကို ဆေးအဖြစ်စွန့်တော်မူပါဘုရား" လို့စွန့်ပြီး စားပါလေ။

လင်းညှို့တာရာ

(ကဲ အများကုသိုလ်ရစေရန် ရှယ်သွားပေးလိုက်ပါအုန်း)

ဘုရားပန်းအိုး_၂အိုးပဲထားရမယ်_၃အိုးထားရမယ် သေချာမသိသေးသူများအတွက် ____________________________နံပါတ် ၂ကိုသေချာလေ့လာပါ🙏🙏🙏၁...
15/05/2024

ဘုရားပန်းအိုး_၂အိုးပဲထားရမယ်_၃အိုးထားရမယ် သေချာမသိသေးသူများအတွက်
____________________________

နံပါတ် ၂ကိုသေချာလေ့လာပါ🙏🙏🙏
၁။ ပန်း ဘာကြောင့် ကပ်ရသလဲ?
၂။ ပန်းအိုး ဘယ်နှအိုး ထားသင့်သလဲ?

၁။ ဂေါတမ မြတ်စွာဘုရားရှင်
ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ
သီတင်းသုံးတော်မူစဉ်
ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူအများ
ဘုရားဖူးတရားနာလာကြကုန်၏။

🌼ခရီးကပန်း
လမ်းကကြမ်းသောကြောင့်
ချွေးသီးချွေးပေါက် အသွယ်သွယ်
ဖုန်အလိမ်းလိမ်းနှင့်ပေါ့။
တချို့မှာချွေးနံ့တထောင်းထောင်းနှင့်
ဘုရားရှင်သီတင်းသုံးရာ
ဂန္ဓကုဋီတိုက်တော်တခုလုံး
အနံ့သက်တွေကမကောင်း။

🌼ဒါကို သတိပြုမိတဲ့
ညီတော်အရှင်အာနန္ဒာစသော
ရဟန်းရှင်လူတွေက ဘုရားနဲ့
တရားနာပရိသတ်အကြားမှာ
ပန်းနံ့သာတွေကို ထားခဲ့ကြတယ်။

🌼ဘုရားပန်းတွေကြောင့်
ပရိသတ်တွေဆီက ချွေးနံ့တွေ
ဘုရားဆီမရောက်တော့ဘူးပေါ့။
တရားနာပရိသတ်တွေလည်း
ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီး
အမောတွေပြေ
စိတ်တွေကြည်လင်လာတယ်။

🌼တရားနာရတာလည်း
အရင်ကထက်
ကြည်ကြည်နူးနူးရှိလာတယ်
ထိုအချိန်မှစ၍
ဘုရားပန်းလှူတဲ့ဓလေ့က
စတင်လာတယ်။

🌼ပန်းပန်တာမဟုတ်တဲ့အတွက်
မာလာဂန္ဓ ဝိလေပနဆိုတဲ့
သီလနဲ့လည်း ငြိစွန်းမှုမရှိတော့ဘူး
အပြစ်ကင်းတယ်။

၂။ ပန်းအိုးဘယ်နှအိုး
ထားရမလဲဆိုတဲ့ အမေးမှာ
နံပါတ် ၁ အဖြေက
သက်သေဖြစ်တယ်။
ဘယ်နှအိုးထားထား
အပြစ်မရှိဘူး။
မိမိတို့ရဲ့ ဘုရား‌ကျောင်း‌ဆောင်နဲ့
လိုက်ဖက်သလိုထားနိုင်တယ်။

🌼၁ အိုး ၃ အိုး စသည်ဖြင့်
မဂဏန်းထားမှ
၂ အိုး ၄ အိုး စသည်ဖြင့်
စုံဂဏန်းထားမှဟု
ဘုရားဟောမရှိခဲ့ဘူး။

🌼စုံမခွဲပြီးလှူဒါန်းတာက
ဗုဒ္ဓဘာသာရဲ့ အယူအဆမဟုတ်။
မိမိရဲ့ဘုရား‌ကျောင်း‌ဆောင်အနေအထားက
ဘယ်နှအိုးထားမှ
တင့်တယ်မယ်ဆိုတာကို
ချင့်ချိန်တတ်ဖို့အရေးကြီးသည်။

🌼တချို့က ယတြာတွေ
အဓိဋ္ဌာန်တွေကြောင့်
အရေအတွက်အမျိုးမျိုးလှူကြတယ်။
ဘယ်လိုပဲလှူလှူ ကုသိုလ်ကကုသိုလ်ပဲ။
ဘုရားပန်းတွေလန်းတော့
ဘုရား‌ကျောင်‌း‌ဆောင်လည်း
မင်္ဂလာကျက်သရေတိုးတာပေါ့။

🌼တရားချစ်ခင်
စိတ်ကောင်းဝင်ကြကုန်သော
သူတော်စင် ပရိသတ်အပေါင်း
ကပ်သုံးပါးနှင့်ဝေး၍
အမြတ်ဆုံးတရားနှင့်အေးပါစေ။
ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာ
လန်းဖြာကြပါစေ။

#အရှင်သုဝဏ္ဏ (ကျောက်ဆည်)

#ဓမ္မစာစုများ
________________
အောင် မြတ် ဇော်

🌿မင်္ဂလာရှိသောနံနက်ခင်းလေးပါရှင့်🌿🍀စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေရှင့်🍀
14/05/2024

🌿မင်္ဂလာရှိသောနံနက်ခင်းလေးပါရှင့်🌿

🍀စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေရှင့်🍀


 #ဟန်နုမာန်ဆေးကပ်ခွာနဲ့  ုံးပြုလိုက်တာကိုက်ခဲနာကျင်တာတွေသက်သာလာစေတာဘာကြောင့်လဲ⁉ ****************************************...
13/05/2024

#ဟန်နုမာန်ဆေးကပ်ခွာနဲ့ ုံးပြုလိုက်တာကိုက်ခဲနာကျင်တာတွေသက်သာလာစေတာဘာကြောင့်လဲ⁉
**********************************************

က ဂျင်းမျိုးနွယ်တစ်ခုအပါအဝင်ဖြစ်ပေမဲ့ တခြားဂျင်းတွေနဲ့ မတူညီတဲ့ပိုင်ဆိုင်မှုတွေအပြင် ပိုပြီးပြီးထူးခြားတဲ့လုပ်ဆောင်ချက်တွေရှိပါတယ်။

Rhizome အတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့
ဂန္ဓဝင်အပူကိုမပိုင်ဆိုင်ပါဘူး။ တစ်ကယ်တော့
၎င်းကပိုးမွှား ကျရောက်နေတဲ့ နေရာတွေမှာ
အေးစက်တဲ့လုပ်ဆောင်ချက်တစ်ခုရှိပါတယ်။

Cassumunar Ginger ရဲ့ကုထုံးညွှန်းကိန်းနဲ့ လူမျိုးစုသုံးတဲ့ ကုထုံးမှာ ဓာတ်တိုးဆန့်ကျင်ရေး၊ ဘတ်တီးရီးယားဆန့်ကျင်ရေး၊ အန်နယ်ဂေးရှင်း၊ ချောမွေ့တဲ့ကြွက်သားသက်သာစေရေး ဓာတ်တိုးဆန့်ကျင်ရေး (သဘာဝအတိုင်း) လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။

အဲဒီအရည်အသွေးကြောင့် Cassamunar Ginger ကို ထိုင်း Spa အတွက် ဝက်ခြံ၊ anti-wrinkle ၊ အသားအရေညီညာစေတဲ့ ကုသမှုကောင်းဖြစ်စေပါတယ်။

အဲဒါတွေအပြင် အခုအိမ်မှာသုံးနေတဲ့ ိုင်းရင်းဆေးကပ်ခွာ နဲ့ ထဲလည်း အဲဒီ လို့ခေါ်တဲ့ ကိုအသုံးပြုထားခြင်းတွက်ကြောင့်ဖြစ်ပါတယ်။




☎️ 09957738609

Address

58Bလမ်း 113A*114ကြား မန္တလေး
Mandalay
09957738609

Telephone

+959957738609

Website

Alerts

Be the first to know and let us send you an email when ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွါ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram