Hanuman-Herbal Product

Hanuman-Herbal Product ကျီးပေါင်း ဒူးနာ ခါးနာ အာရုံကြောညှပ်ဝေဒနါရှင်များအတွက် သဘာဝတိုင်းရင်ဆေးကပ်ခွာ

ခေါင်းလျှော်မှားလျှင် လေဖြတ်နိုင်သည်ဘာကြောင့်လဲဆိုတာ ရှင်းပြထားပေးတယ်နော်.. အစားမှား ရေချိုးမှားရှိသကဲ့သို့ ခေါင်းလျှော်...
26/11/2022

ခေါင်းလျှော်မှားလျှင်
လေဖြတ်နိုင်သည်
ဘာကြောင့်လဲဆိုတာ
ရှင်းပြထားပေးတယ်နော်..

အစားမှား ရေချိုးမှားရှိသကဲ့သို့ ခေါင်းလျှော်မှားသူလည်းရှိပါသည်။

လေဖြတ်ရောဂါသည် လူ၏ အမှားကိုစောင့်၍ အလစ်ဝင်ရောက်တတ်သော ရောဂါဖြစ်သည်။ ဖြစ်သည်က တစ်ခနခံစားရသည်က တစ် ဘဝဖြစ်သည်။
စာရေးသူသည် လေဖြတ်သည့် လူနာများစွာကို ကုသပေးခဲ့ပြီး ထူးဆန်းသောအဖြစ်အပျက်များကို လည်း စာရေးလေ့ရှိသဖြင့် စာရေးသူထံရောက်လာသောသူများမှာ လူနာများအပြင် တစ်ခါတစ်ရံစာဖတ်သူ အချို့လည်း ရောက်ရှိလာလေ့ရှိသည်။
တစ်နေ့ ကျွန်တော့်ထံသို့ ရောက်ရှိလာသူမှာ မကွေးတိုင်းဒေသကြီးရှီ မြို့တစ်မြို့မှ မြို့နယ်ပညာ ရေးမှူးဆရာကြီးတစ်ဦးဖြစ်သည်။ သူက သူ့ကိုယ်သူ လေဖြတ်နိုင်ခြင်းရှိမရှိ စစ်လိုပါသည်ဟု ပြော သည်။
လေဖြတ်နိုင်သည်ရှေ့ပြေးလက္ခဏာများ
( ဥပမာ)- ပစ္စည်းကိုင်းလျှင် မကြာခန လွတ်ကျခြင်း၊ ခြေ လက်တို့တွင် ထုံကျင်ခြင်း၊ မကြာခန ဝမ်းချုပ်ပြီး ဗိုက်တွင် လေပွနေခြင်း၊ ဦးခေါင်းနောက်စေ့တွင် ခေါင်း ကိုက်ခြင်း၊ လမ်းသွားလျှင် ဖိနပ်ကျွတ်ကျန်ခဲ့ခြင်း၊ ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်း စသည်တို့ကို မေးမြန်း ပါသည်။ အားလုံးကင်းလွတ်ပါသည်။
သွေးပေါင်လည်း ချိန်ကြည့်ပါသည်။ ပုံမှန်နီးပါးကောင်းပါသည်။ သူ့ တွင် ကျွန်တော်၏ ပညာနှင့် စမ်းသပ်ရသလောက်တော့ လေဖြတ်မည့် ရှေ့ပြေးလက္ခဏာမရှိပါ။ ထို့ကြောင့် လတ်တလော အခြေအနေ စစ်ဆေးသုံးသပ်ချက်များ ကောင်းနေ၍ လေဖြတ်ခြင်း ရုက်တရက်တော့ မဖြစ် နိုင်ကြောင်း ပြောပြပါသည်။
ထိုကဲ့သို့ သုံးသပ်ချက် အဖြေကောင်းနေသည့် အကြောင်းပြောသော်လည်း ထိုဆရာကြီးမှာ ဘဝင် ကျသေးပုံမပေါ်ပဲ မေးခွန်းတစ်ခုထပ်မေးပါသည်။ ထိုမေးခွန်းမှာ လေဖြတ်တာ မျိုးရိုးလိုက်တတ်သလားဟု ဖြစ်ပါသည်။
အတော်ဖြေရကျပ်သော မေးခွန်းဖြစ်ပါသည်။ လေဖြတ်ခြင်းသည် မျိုးရိုးလိုက်ဖြစ်ကြသူများလည်း ရှိပါသည်။ သို့သော် တစ်ယောက်တလေသာ(အထူးသဖြင့် အရ.္က်မဆင်မခြင်သောက်၍) လေဖြတ်ပြီး ကျန် ညီအစ်ကိုမောင်နှမများ ဘာမှမဖြစ်သူများလည်း ရှိပါသည်။
သွေးတိုးနှင့် ဆီးချိုရောဂါ မျိုးရိုးလိုက်ရှိသူများ ပင် လူတိုင်းလေမဖြတ်ပါ။ အမှတ်တမဲ့ သွေးတိုး၊ ဆီးချိုတက်သွားခြင်းကြောင့် တစ်ဦးတစ်လေ လေဖြတ် သွားသော်လည်း အစားကိုပုံမှန်ဂရုတစိုက်စားသောက်ပြီး သွေးပေါင်ချိန်ကို အစဉ်ဂရုစိုက်နေသူများမှာသက် တမ်းစေ့နေပြီး လေမဖြတ်ပါ။ ထို့ကြောင့် မျိုးရိုးလိုက်သည်ဟူသော စကားသည် အမြဲတမ်းမမှန်ကန်ပါ။
ထိုဆရာကြီးက မျိုးရိုးလိုက်ခြင်းကို ဘာကြောင့်မေးသလဲ၊ သူဘာကို ကြောက်နေတာလဲဟု သွယ် ဝိုက်မေးမြန်းကြည့်မှ ---
သူ့မှာ အစ်ကိုတစ်ယောက်ရှိကြောင်း ယခုလေဖြတ်ထားပြီး သတိလစ်နေသည်မှာ တစ်လခွဲ နှစ်လခန့်ရှိပြီး ဆေးရုံပေါ်တွင်ပင် အသက်ဆက်ထားရကြောင်း COMA ရောဂါမျိုးဖြစ်နေကြောင်း ပြောပြပါသည်။
ဖြစ်ပုံမှာ သူ၏အစ်ကိုသည် သူကဲ့သို့ ပညာများစွာ မတက်သော်လည်း စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်သူဖြစ်သည်။ တစ်ဆင့်ထက် တစ်ဆင့်မြင့်လာရာ နိုင်ငံခြားကုမ္ပဏီကြီးတစ်ခု၏ မြန်မာနိုင်ငံဆိုင် ရာ ကိုယ်စားလှယ်တော်ကြီးအဆင့်အထိ အောင်မြင်ပြီး သူ၏ သားသမီးနှစ်ဦးမှာလည်း အမေရိကားတွင် တစ်ယောက်၊ အင်္ဂလန်နိုင်ငံတွင်တစ်ယောက် ပညာသင်ပို့လွှတ်နိုင်ခဲ့ပြီး ဒေါက်တာဘွဲ့များပင် ရရှိပြီးကြ လေပြီ။ အလွန်အမင်းချမ်းသာသူများပင် ဖြစ်သည်။ ညီဖြစ်သူဆရာကြီးမှာကား မြို့နယ်ပညာရေးမှူး ဘဝ ဝန်ထန်းထမ်းလစာဖြင့် ရိုးရိုးနေထိုင်သူ၊ အေးချမ်းစွာနေထိုင်သူ ဖြစ်လေသည်။
ဆရာကြီး၏ အစ်ကိုဖြစ်သူသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်အတူ အားလပ်ရက်၊ အားလပ် ချိန်များတွင် ဂေါက်သီး ရိုက်လေ့ရှိသည်။ ဂေါက်သီးရိုက်ခြင်းသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန် ပြီး လေကောင်းလေသန့်၊ ရှု့မျှော်ခင်း စိတ်ချမ်းသာမှုပေးနိုင်သည့် ကစားနည်းဖြစ်သည်။
အချို့ဂေါက်ကွင်းများတွင် စားသောက်ရန်၊ Restaurant Bar နှင့် ခေါင်းလျှော်ရင်းအနှိပ်ခံသည့် ဆိုင်များပါ ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်က မေလတွင် မိုးခေါင်ပြီး အပူလွန်ကဲချိန်
တွင် ဖြစ်သည်။ ဆရာကြီး၏ အစ်ကိုနှင့် မိတ်ဆွေတစ်စုသည် နေ့ ၂ နာရီခန့်တွင် အပူလွန်ကဲသည်ဟုဆိုကာ ဂေါက်ကွင်းထဲမဆင်းကြသေးဘဲ အချိန်စောင့်မည်ဆိုကာ အပန်းဖြေနားနေရာရှိ ခေါင်းလျှော်ဆိုင်သို့ အချိန်ဖြုန်းရန် ရောက်သွားကြသည်။
ခေါင်းလျှော်သူမိန်းကလေးများ၏ တာဝန်မှာ ခေါင်းလျှော်သူကို အိပ်ခိုင်းပြီး ခေါင်းကို ရှန်ပူများဖြင့် အကြိမ် ကြိမ်လျှော်သည့်အပြင် ဇက်၊ပုခုံးစသည်တို့ကို ပါနှိပ်ပြီး အကြောလျှော့ပေးတတ်ကြသည်။ ဂေါက်သီးကစား သူအားလုံး အချိန်ဖြုန်းရင်း နေပူလျှင် ခေါင်းလျှော်အနှိပ်ခံလေ့ရှိသည် ဆိုကြသော်လည်း ထိုဆရာကြီး၏ အစ်ကိုကတော့ ဒီတစ်ကြိမ်သာ ခေါင်းလျှော်စင်ပေါ်ရောက်ဖူးသည်။
သူသည် အသောက်အစားကင်းသူ လည်းဖြစ်သည်။ စီး.ကရက် တစ်နေ့တစ်ဘူးခန့် သောက်သည်ကလွဲ၍ အရ.္က်မသောက်တတ်ပါ။ ခေါင်း လျှော်စင်ပေါ်တွင် အိပ်လိုက်ပြီးနောက် ခေါင်းလျှော်ပေးမည့် မိန်းကလေးက သူ့လည်ပင်းကို ရေစိုခံသား ရေပတ်ဖြင့် ပတ်လိုက်သည်။ ထို့နောက် ဦးခေါင်းဆံပင်များကြားသို့ ရေပန်းဖြင့် ဖျန်းလိုက်သည်။
“အန်ကယ်အေးရင်ပြောနော်… ရရဲ့လား” ဟု မေးသည်။ ရုတ်တရက် နေပူထဲမျ လာသူဖြစ်သဖြင့် ခေါင်းထဲမှာတော့ အေးသွားသည်မှာ အမှန်ပင်။ သို့သော် “ရပါတယ်” ဟု ဖြေလိုက်ပြီး ငြိမ်ခံနေလိုက်ချိန် တွင် သူ့ခေါင်းပေါ်သို့ ရေအေးများဆက်တိုက်ကျလာပြီး ခေါင်းလျှော်ရည်များဖြင့် ပွတ်သပ်ပေးနေသည်ကို သိသည်။ ဆံပင်များကို ကုတ်လျှော်ပြီး နောက်တစ်ကြိမ်ရေအေးဖြင့် ဆေးကြောပြန်သည်။ သူ့ခေါင်းနောက် စေ့ထဲမှ ရုတ်တရက် ကျဉ်တက်သွားသလို ခံစားရသည်။ ထို့နောက် မိုက်ခနဲဖြစ်သွားသဖြင့် သူ့လက်ဖြင့် ခေါင်းကိုဆေနေသည့် ရေပိုက်ကို လှမ်းဖယ်လိုက်ရန် ကြိုးစားလိုက်စဉ်မှာပင် သူ့လက်ပြုတ်ကျသွားပြီး သတိလစ်သွားသည်။
(ထိုအဖြစ်အပျက်များ၏နောက်တွင် ------)
ဆရာကြီး၏ အစ်ကိုသည် ထိုနေ့မှာပင် ရန်ကုန်မြို့၏ နာမည်ကြီး အထူးကုဆေးရုံ ကြီးတစ်ခုသို့ ရောက်သွားသည်။ ဆေးရုံမှ ဓာတ်မှန်စစ်ဆေးချက်များအရ ဦးနှောက်သွေးကြောတစ်ခုပေါက် သွားကြောင်း တွေ့ရသည်။ သူ့တွင် ရန်ကုန်၌ ဆွေမျိုးသားချင်းမရှိ။ သူ့မိတ်ဆွေများကပင် ဆရာကြီးထံ အကြောင်းကြားသည်။ ဆရာကြီးရောက်သွားပြီးမှ အမေရိကားရှိ သူ့သမီးကြီးကို အကြောင်းကြားရသည်။ ရန်ကုန်မှ ဆရာဝန်ကြီးများ၏ စစ်ဆေးချက်အရ ဦးနှောက်ကို ခွဲစိတ်ကုသရမည်ဖြစ်သည်။
သားသမီးများ၏ ခွင့်ပြုချက်လိုသည်။ သားသမီးများကို ရန်ကုန်ကုမ္ပဏီရုံးချုပ်မှ လှမ်း၍ ခွင့်ပြုချက်တောင်းသည်။ သူ့တုိ့က ရန်ကုန်မှာ မခွဲစေချင်၍ ဘန်ကောက်ရှိ နာမည်ကြီးဆေးရုံတစ်ခုသို့ သယ်လာစေချင်သည်။ အမေရိကားမှ ဦးနှောက်ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးကို ဘန်ကောက်အထိပင့်လာပြီး ဘန်ကောက်တွင် ခွဲစိတ်မည်ဟုပြော သည်။
ချမ်းသာပြီး နိုင်ငံခြားကုမ္ပဏီ၏ ကိုယ်စားလှယ်လဲဖြစ်သဖြင့် လေယာဉ်ကို စင်းလုံးငှားဖို့ရန် စီစဉ်ကြ သည်။ လေယာဉ်စရိတ်မှာ သိန်းရာချီ၍ ပေးရသည်ဟု ပြောသည်။ ဘန်ကောက်တွင် ဦးခေါင်းခွဲစိတ်မှုပြု လုပ်ပြီး ဦးနှောက်ထဲမှ သွေးခဲများကို ဖယ်ရှားလိုက်ကြသည်။
သို့သော် သတိတော့ ပြန်လည်မလာပါ။ အချိန် ၆ နာရီခန့် နောက်ကျသွားသည်။ ဦးနှောက်အစိတ်အပိုင်းအချို့ သေသွားသည်။ ဆက်၍လည်း Coma ရသွားနိုင်သည်ဟု အမေရိကားမှ ပါရဂူကြီးက ပြောသည်။
လက်မလျော့သေးဘဲ တန်ဖိုးကြီးဆေ များသွင်းပြီး ကြိုးစားကြသေးသည်။
ထူးမလာ။ တစ်လကျော်ကြာပြီးနောက် လေယာဉ်စင်းလုံးငှားပြီး ရန်ကုန်သို့ ပြန်တင်လာကြသည်။ အသက်မဆုံးသတိလည်း ပြန်မရနှင့် ယခုအထိ ၂ လကျော်နေပြီ ဖြစ် ကြောင်း ဆရာကြီးက ပြောပြပါသည်။
ထိုအဖြစ်အပျက်သည်.....
Heat Stroke ခေါ် အပူလျှပ်၍ လေဖြတ်ခြင်းသည် ရုတ်တရက် နေပူထဲမှလာပြီး ခေါင်းကို ရေအေး ဖြင့် လျှော်ခြင်းကြောင့်ဖြစ်ပြီး လေဖြတ်သည့် မျိုးရိုးရှိခြင်းကြောင်းမဟုတ်ပါ။ အပူအအေးဆန့်ကျင် ဘက် တိုက်ပွဲကြောင့် ရတ်တရက်လေဖြတ်ရခြင်းဖြစ်သည်။
ထို့ကြောင့် ဆရာကြီးကိုလည်း ရှင်းပြနှစ်သိမ့်လိုက်ရပါသည်။ မိမိတို့ဆွေမျိုးညီအစ်ကိုမောင်နှမ အတွင်းတွင် တစ်ဦးတစ်ယောက်လေဖြတ်သည်နှင့် မျိုးရိုးလိုက်ပြီး ဖြတ်နိုင်သည်ဟု စိတ်အစွဲမထားရန်နှင့် လေ ဖြတ်သူ လုပ်ဆောင် ခဲ့သည်များကိုဆန်းစစ်ရမည်ဖြစ်ပါသည်။ ဤသင်ခန်းစာတွင် ခေါင်းလျှော်ဆိုင်သွား၍ ဘာမှ မဖြစ်နိုင်ပါ။ ခေါင်းလျှော်ခြင်း၊ အနှိပ်ခံခြင်းသည် ကောင်းသော၊ ကိုယ်လက်ပေါ့ပါး၍စိတ်ကြည်လင်စေသောကိစ္စဖြစ်ပါသည်။သို့သော် နေပူပြင်းလွန်းသောအချိန်တွင်ကားဦးနှောက်သွေးကြောပေါက်သည်အထိဖြစ်နိုင်ပေသည်။
လေဖြတ်လျှင် ငွေကြေးကုန်ကျအလွန်များပြီး ရာနှုန်းပြည့် ပြန်ကောင်းသူ အလွန်ရှားပါးပါသည်။ မိမိရှာဖွေထားသော စည်းစိမ်ဥစ္စာများမှာ လေဖြတ်ခြင်းကြောင့် ကုန်သွားနိုင်သည်။ လေဖြတ်ပြီး အသက် မဆံုးဘဲ ဆယ်နှစ်ကျော် အသက်ရှည်နေသူများကို တွေ့ဖူးပါသည်။ ကြာတော့ ပြုစုသူ သားသမီးများကပင် ငြိုငြင်လာကြပါသည်ကို တွေ့ရပါသည်။ ခေါင်းလျှော်ခြင်းကဲ့သို့ အသေးအဖွဲကိစ္စလေးကြောင့်ပင် လေဖြတ် ဦးနှောက်သွေးကြောပြတ်နိုင်သဖြင့် သတိပြု ဆင်ခြင်ကြဖို့ ရေးသားလိုက်ရပါသည်
တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
စာဖတ်သူမိဘပြည်သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေ

အရိုးကျီးပေါင်းအတွက် ပေါက်ပန်းဖြူ ================================ပေါက်ပန်းဖြူကို အင်္ဂလိပ်လို Sesbania Formosa လို့ ခေါ...
24/11/2022

အရိုးကျီးပေါင်းအတွက် ပေါက်ပန်းဖြူ
================================

ပေါက်ပန်းဖြူကို အင်္ဂလိပ်လို Sesbania Formosa လို့ ခေါ်ပါတယ်။ မြေပြန့်ဒေသနဲ့ ရေချောင်းနံဘေးတို့မှာ သဘာဝအလျောက် ပေါက်ရောက်ကြပါတယ်ပေါက်ပန်းဖြူရဲ့ အစေး၊ အပွင့်၊ အစေ့၊ အရွက်၊ အခေါက်၊ ဥ စသည့် အစိတ်အပိုင်းများ အားလုံးဟာ ဆေးဖက်၀င်ပါတယ်။

ကောင်းကျိုးများစွာနဲ့ ပေါက်ပန်းဖြူရဲ့အာနိသင်က....

(၁) ပေါက်ပန်းဖြူကို စားသုံးခြင်းဖြင့် ဝမ်းမီးကို တောက်စေသည်။ သုတ်ကို ပွားစေသည်။ ကျိုးသော အရိုးကို ဆက်စေသည်။ ဆီးရွှင်စေသည်။ လေကို ပွားစေသည်။ သည်းခြေနှင့် သလိပ်ကို နိုင်စေသည်။ ဆီးပူခြင်း၊ ဆီးအောင့်ခြင်းနှင့် နူနာရောဂါကို ပျောက်ကင်း စေသည်။
(၂) အနာ အဖု အပိမ့်များကို ပေါက်ပင်၏အစေးကို လိမ်းပေးလျှင် ပျောက်ကင်းသည်။(၃) စအိုဝနာခြင်း၊ ဆီးနှင့်ရော၍ သွေးပါခြင်း၊ နှာခေါင်းသွေး ယိုခြင်းတို့အတွက် ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံးစိမ်၍ နံနက်တွင် သကြားအနည်းငယ် ထည့်၍ သောက်လျှင် ပျောက်ကင်းစေသည်။

(၄) ဆီးချုပ်ခြင်း၊ ဆီးအိမ်ရောင်ခြင်းများဖြစ်လျှင် ပေါက်ပွင့်ကို ရေနှင့်ကျို၍ ခပ်နွေးနွေး ချက်တွင် အုံပေးလျှင် ပျောက်ကင်းသည်။(၅) ပေါက်ပွင့်ခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခပ်၍သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသားကို သန့်ရှင်းစေသည်။(၆) ပေါက်စေ့ကို သံပုရာရည်နှင့် ကြိတ်၍လိမ်းလျှင် ယားနာပွေးနာများ ပျောက်ကင်းသည်။

(၇) အစေ့ကို ရေတွင်စိမ်၍ အခွံနွှာပြီးလျှင် အတွင်းအဆန်ကို အခြောက်လှန်းကာ ကြိတ်၍ နံနက်၊ ည တစ်နေ့ ၂ ကြိမ်ဆက်စားပြီး (၄)ရက် မြောက်သောအခါ ဝမ်းနုတ်ဆေး (သို့) ဝမ်းပျော့ဆေးစားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်းလာမည်။(၈) ပေါက်ဥမှုန့်ကို ပျားရည်နှင့်တေ၍ စားသော် အားအင်ပြည့်ဖြိုး၍ အသက်ရှည်စေသည်။(၉) ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို မျက်စဉ်း ခတ်ပေးပါက မျက်စိမှုန်ခြင်းတို့ ကို သက်သာစေသည်။

(၁၀) အဆစ်ရောင်ရောဂါ ဝေဒနာ ခံစားရပါက ပေါက်ပန်းနီပွင့်၏ အမြစ်ကို ရေနှင့်သွေး၍ မီးဖြင့်နွေးအောင်ပြုပြီး ရောင်သော အဆစ်များကို လိမ်းပေးခြင်းဖြင့် သက်သာစေသည်။ (၁၁) အတက်ရောဂါ၊ ၀က်ရူးရောဂါ ခံစားနေရသူ များ ပေါက်ပန်းဖြူရွက်ကို ငရုတ်ကောင်းနှင့် ရောစပ်ကာ ကြိတ်ပြီး ရှူပေးခြင်းဖြင့် သက်သာစေသည်။(၁၂) ခေါင်းတစ်ခြမ်းကိုက်ပါက အပွင့်နှင့်အရွက်ကို အရည်ညှစ်ပြီး ရှူပေးပါက သက်သာစေသည်။(၁၃) အရိုးကျီးပေါင်း ရောဂါ၊ ကြက်မျက်သင့်ရောဂါဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကို ပြုတ်၍ စားပေးနိုင်သည်။

(၁၄) တုပ်ကွေးဖျား(သို့မဟုတ်) ရိုးရိုးဖျားခြင်းများဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနှင့် ကြော်စားနိုင်သည်။(၁၅) ဆီးနီ၊ ဆီးနည်းရောဂါများအတွက် ပေါက်ပန်းဖြူရွက်ကို ဟင်းချက်စား၍သော် လည်းကောင်း၊ အပွင့်ကို ကြော်ချက်စားခြင်းဖြင့်သော်လည်းကောင်း ဆီးရောဂါ သက်သာစေသည်။
(၁၆) အပူလောင်နာကို ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးပါက သက်သာစေသည်။

(၁၇) ထိခိုက်ဒဏ်ရာ ရလျှင် ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပေးပါက အနာမန်း၀င်ခြင်း ကို ကင်းဝေးစေသည်။ (၁၈) ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်တွင် ကျောက်ရှိ သူများ မကြာခဏပြုတ်တို့စားပေးရသည်။(၁၉) မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါဖြစ်လျှင် ပေါက်ပန်းဖြူပွင့်ကို သုပ်စားရသည်။

Respect & Credit original uploader

ဆားကြမ်းလေးနင်းတာပါပဲ...ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆိုတစ်လလောက် အသုံးပြုလို့ရပါတယ်....နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီ...
13/11/2022

ဆားကြမ်းလေးနင်းတာပါပဲ...
ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆို
တစ်လလောက် အသုံးပြုလို့ရပါတယ်....

နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။

ညဘက် နင်းပုံနင်းနည်းကတော့ ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ။
(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်ကချွေးများ ထွက်လာတာ တွေ့ရပါမယ်။
မိနစ် ၃၀ -၄၀ ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ
ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်။
အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ ဆံပင် မကျွတ်တော့ပဲ
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။

-mudra ပြောပြတဲ့
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး

(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။

(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။

(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။

(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။

(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။

(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။

(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။

(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။

(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။

ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။
ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပြီး အပူကင်းပါစေ...
credit

 #ကျီးပေါင်းရောဂါအတွက် ဆေးနည်း တစ်ဆင့်ပြန်လည်မျှဝေသည်🔹🔹🔹🔹🔹🔹🔹🔹🔹🔹ကျီးပေါင်းရောဂါအတွက် ဆေးနည်းတင်ပေဆေးနည်းများတောင်းဆိုလာကြ...
06/11/2022

#ကျီးပေါင်းရောဂါအတွက် ဆေးနည်း

တစ်ဆင့်ပြန်လည်မျှဝေသည်
🔹🔹🔹🔹🔹🔹🔹🔹🔹🔹

ကျီးပေါင်းရောဂါအတွက် ဆေးနည်းတင်ပေဆေးနည်းများတောင်းဆိုလာကြသေားပါရန် စောနွဲ့နေဆိုင်-ပူတာအိုသို့ မကြာခဏ ဝေဒနာရှင်များအတွက် လက်တွေ့ပျောက်ကင်းခဲ့သည့် ဆေးနည်းကို အများဖတ်ရှုနိုင်ရန် ရေးသားမျှဝေပေးလိုက်ပါသည်။

ဘယ်ဘက်လက် မလှုပ်နိုင်အေင် ခံစားလာရသဖြင့် ကိုယ်တစ်ခြမ်း လေဖြတ်သလိုဖြစ်လာသည့် ကိုအဏ္ဏဝါလိုင်းသည် ဆရာ၀န်နှင့်ကုသသော်လည်း မပျောက်သဖြင့် မြန်မာတိုင်းရင်းဆေးနည်းဖြင့် အနှိပ်ခံကြည့်ရာ ကျီးပေါင်းရောဂါဖြစ်နိုင်ကြောင်း၊ ဓါတ်မှန်ရိုက်ကြည့်ရန် အကြံပေးသဖြင့် ရိုက်ကြည့်ရာ လည်ဆစ်ရိုးတွင် ကျီးပေါင်းတက်နေကြောင်း တွေ့ရှိရသဖြင့် မိတ္ထီလာဆေးရုံသို့ တက်ရောက်ကုသခဲ့သည်။

အရိုးအဆစ်တို့တွင် ကျီးပေါင်းတက်လာသဖြင့် အာရုံကြောများကို ဖိထားကာ အာရုံကြောများ မလှုပ်ရှားနိုင်ပါက လေဖြတ်နိုင်သည့်အပြင် အချိန်မရွေး သေသွားနိုင်ကြောင်း သိရှိရသဖြင့် ဆေးရုံမှ ကုသနည်းအတိုင်း ကုသခဲ့သည်။ သက်သာ၍ ဆေးရုံကဆင်းပြီး မကြာခင်မှာပဲ ပြန်ဖြစ်လာ၍ မန္တလေးဆေးရုံကြီးသို့ ကုသခဲ့ပြန်သည်။ အနည်းငယ် သက်သာလာသော်လည်း မပျောက်ခဲ့ပါ။

သင်္ကြန်အတွင်း ပြင်ဦးလွင် ရွှေဟင်္သာကျောင်းတွင် မိတ်ဆွေများနှင့်အတူ သင်္ကန်း၀တ်ကြရာ ကျောင်းထိုင်ဆရာတော်မှ ကျီးပေါင်းဆေးနည်းကို ညွန်ပေးသဖြင့် ကုသခဲ့ရာ အံ့သြလောက်အောင်ပင် ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ သက်သာခဲ့ပြီး ဆက်တိုက်ပြုလုပ်ကြည့်ရာ လုံးဝပျောက်ကင်းခဲ့ပါသည်။

ဆေးနည်း

(၁) ဆေးဆိုင်များမှ ဆားခါး (Epsom Salt) ကို (၂၅) ကျပ်သားခန့် ၀ယ်ယူပါ။

(၂) ဆားခါးကို အ၀တ်သန့်သန့်ဖြင့် ကြပ်ထုပ် ထုပ်ထားပါ။

(၃) ရေနွေးပူပူတည်ထား၍ ဆားခါးအထုပ်ကို ရေနွေးအိုးအဖုံးပေါ်ကို တင်ထား၍ အပူပေးကာ ကျီးပေါင်းတက်နေသည့်နေရာကို မိမိခံနိုင်သလောက် ကြပ်ထုပ်ထိုးပေးပါ။

(၄) အထုပ် ၂ ထုပ် ပြုလုပ်ထားပြီး တစ်ထုတ်ထိုးနေချိန် ကျန်တစ်ထုပ်ကို အပူပေးထားပြီး တစ်လှည့်စီ အသုံးပြုနိုင်ပါသည်။

(၅) ကြပ်ထုပ်တစ်ခါထိုးလျှင် အနည်းဆုံး မိနစ်(20)ခန့်ကြာအောင် ထိုးပေးပါ။

(၆) ကြပ်ထုပ်ထိုးနေစဉ် အတက်စာများကိုမစားပဲ ရှောင်နိုင်လျှင် ပိုကောင်းမည်။

၄င်းဆေးနည်းအတိုင်း စိတ်ရှည်ရှည်ဖြင့် မကြာခဏ ပြုလုပ်ပေးပါက ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ ပျောက်ကင်းသွားပါမည်။

လူသားတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား - အဏ္ဏဝါလိုင်း

Credit...စောနွဲ့နေဆိုင် - ပူတာအို

5နှစ်ကျော်ခံစားလာတဲ့ကျီးပေါင်းဆေးခန်းတွေစုံနေပြီမသက်သာဘူးဆေးကပ်ခွာလေးသုံးပြီးမှသက်သာလာလို့အရမ်းကောင်းတာပါဝေဒနါတူရင်မျှဝေ...
06/11/2022

5နှစ်ကျော်ခံစားလာတဲ့ကျီးပေါင်းဆေးခန်းတွေစုံနေပြီမသက်သာဘူးဆေးကပ်ခွာလေးသုံးပြီးမှသက်သာလာလို့အရမ်းကောင်းတာပါဝေဒနါတူရင်မျှဝေပါတယ်ကိုယ်တိုင်သုံးနေတာပါဆိုပြီး
mydayမှာတောင်တင်ပြီးပြောတဲ့review

ဘယ်လောက်ဆိုးလဲဆိုဆိုင်ကယ်စီးလို့မောင်းလို့လည်းမရ လျှာတွေပါးစပ်တွေလေးတယ်
ဂုတ်ဆစ်ကအမြဲလိုလိုကျင်နေတာ

ဆေးကပ်ပြီးမှဆိုင်ကယ်လဲမောင်းတာအကြောင်းပေါင်းမနည်းတော့ဘူး

အရင်5နှစ်ကျော်ကဆိုကျီးပေါင်းကြောင့်အကြောတွေတင်းဆွဲနေလို့ တခါတခါပစ်ပါလဲမတက်အခုအရမ်းသက်သာသွားပါပြီ
တကယ်ကောင်းတာပါဝေဒနါတူရင်မျှဝေပါတယ်လို့ reviewလေးပါရေးသွားတယ်

ကျေးဇူးပါဟန်နုမာန်ရေကျီးပေါင်းသမားတွေအတွက်တကယ်အထောက်အကူပြုတဲ့တိုင်းရင်းဆေးလေးမို့ပါ.

09768970686

 #အရိုးကျီးပေါင်းဝေဒနာအကြောင်း▪️. အရိုးကျီးပေါင်းတွေထဲကမှ အဖြစ်အများဆုံးဖြစ်တဲ့ လည်ပင်းကျီး‌ပေါင်း နှင့် ဂုတ်ကျီးပေါင်းအ...
05/11/2022

#အရိုးကျီးပေါင်းဝေဒနာအကြောင်း
▪️. အရိုးကျီးပေါင်းတွေထဲကမှ အဖြစ်အများဆုံးဖြစ်တဲ့ လည်ပင်းကျီး‌ပေါင်း နှင့် ဂုတ်ကျီးပေါင်းအကြောင်းကို လေ့လာကြည့်ကြရအောင်ပါ။

▪️. လည်ပင်းကျီးပေါင်းရောဂါဆိုတာ ပုံမှန်ဆိုရင် အသက် ၆၀ကျော် လူကြီးများသာ အဖြစ်များတာဖြစ်ပါတယ်။

▪️. ဒါပေမယ့် ယနေ့ခေတ်မှာတော့ ဖုန်းအသုံးပြုများတာတွေ, ကွန်ပြူတာ အသုံးပြုများတာတွေ
ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ လည်ပင်းကျီးပေါင်းရောဂါကို ခံစားလာရကြပါတယ်။

▪️. လည်ပင်းကျီးပေါင်းရဲ့ ရောဂါလက္ခဏာ‌တွေကတော့ ဇက်ကြောတက်ခြင်း, ပခုံးနှင့် လည်ဂုတ်တစ်လျှောက် နာကျင်ခြင်းတို့ ဖြစ်ပါတယ်။
လည်ပင်းကျီးပေါင်းရောဂါကို အဆင့် (၃) ဆင့်ခွဲခြားနိုင်ပါတယ်။

▪️. အစပျိုးခြင်းအဆင့်
ဇက်ကြောတက်ခြင်း, ပခုံးနှင့် လည်ဂုတ်တဝိုက်နာကျင်ခြင်းတို့ ဖြြစ်ါမယ်။

▪️. အလယ်အလတ်အဆင့်
(အာရုံကြောဆိုင်ရာလက္ခဏာများ)
လည်ဂုတ်တဝိုက်ရှိ အာရုံကြောများနာကျင်ခြင်း။
လက်မောင်းနှင့်လက်ဖျံရိုးများအထိ နာကျင်လာခြင်း။

▪️. ပြင်းထန်အဆင့်
(ကျောရိုးဆစ်အားစတင်ထိခိုင်သည့်လက္ခဏာများ) ခြေ,လက်များ မလှုပ်နိုင်တော့ခြင်း၊
ထုံကျင်ခြင်း၊
ခန္ဓာကိုယ် ဟန်ချက်မညီဖြစ်ခြင်း၊
စသည်တို့ကို ခံစားရမှာဖြစ်ပါတယ်။

🔸. ဂုတ်ကျီးပေါင်းတက်ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်လာနိုင်သလဲ
- ချာချာလည်အောင်မူးပြီးအန်မယ်

🔸. ဘယ်လိုလူမျိုးတွေအဖြစ်များလဲ!
- အာရုံစူးစိုက်ရသည့် အလုပ်ကို လုပ်ကိုင်ရခြင်း
- ဂိမ်းကစားများခြင်း
- TV,ဖုန်းအကြည့်များခြင်း
- တနေကုန် စက်ထိုင်ချုပ်, ဇာထိုးပန်းထိုး အလုပ်ကို လုပ်ကိုင်ခြင်း

🔸. အိပ်ယာထတဲ့အချိန်မှာလည်း ချာချာလည်အောင်မူးတက်ပါတယ်။

ဂုတ်မှထွက်တဲ့ အာရုံကြောဟာ လက်ဖျားအထိသွားတာကြောင့် အဖိခံထားရတဲ့ အာရုံကြောတစ်လျောက် ထိလို့ထိမှန်းမသိခြင်း။

အာရုံကြော ဖိခံရပါများလာတာနဲ့အမျှ ကြွက်သားများပါအားနည်းလာကာ လက်မြောက်လက်ချလုပ်ရတဲ့လေ့ကျင့်ခန်းတွေမလုပ်နိုင်ဘဲ နှောင့်နှေးသွားတက်ပါတယ်။

🔸. နောက်တချက်အ‌နေဖြင့် ခါးကျီးပေါင်းဝေဒနာကိုပါ ဆက်စပ်ပြီး ဖြစ်လာတတ်ပါမယ်။

🔸. ဂုတ်ကျီးပေါင်းက ကျောရိုးတက်မ ခါးရိုးတက်မနှင့် ဆက်စပ်နေပြီး အရိုးသိပ်သည်းဆအားနည်းတဲ့ရောဂါဖြစ်တဲ့အတွက် ခါးမှာကျီးပေါင်းဖြစ်နေတာကိုလည်း ဆက်စပ်တွေ့ရှိရတတ်ပါတယ်။

🔸. သက်သာစေတဲ့နည်းလမ်းတွေကတော့!
အရိုးကျီးပေါင်းတက်တဲ့နေရာကို ဆားခါးကြပ်ထုပ် ထိုးပေးခြင်း

အရိုးကျီးပေါင်းတက်တဲ့နေရာကို ရေမချိုးခင်
မန်ကျည်းသီးမှည့်နဲ့ပွတ်ပြီး နာရီဝက်ခန့်ထားပြီးမှရေချိုးပေးပါ။

▪️. သဘာဝပစ္စည်းများဖြင့် ထိုင်းနိုင်ငံမှ ထုတ်လုပ်ထားသည့် ဟာန်နုမာန် တိုင်းရင်းဆေးကပ်ခွာ နှင့် လိမ်းဆေးအဆီ တွေကလည်း ဝေဒနာများ သက်သာစေရန် အလွယ်တကူ အသုံးပြုပေးလို့ရပါတယ်။

▪️. ဆေးကပ်ခွာထဲမှာပါဝင်တဲ့ ဆေးဖက်ဝင်အပင်တွေက အဆစ်အမြစ်ကိုက်ခဲတာ, ကြွက်သားယောင်ယမ်းနာကျင်တာတွေကို သက်သာစေတဲ့အပြင် ဘေးထွက်ဆိုးကျိုးမရှိတဲ့အတွက် 100%စိတ်ချအသုံးပြုပေးလို့ရပါတယ်။

▪️. ဆေးကပ်ခွာကို သုံးစွဲကြသည့် customer များရဲ့ review တွေရရှိထားတဲ့အတွက် စိတ်ချအသုံးပြုနိုင်ပါတယ်။

ရောဂါအနုအရင့်ပေါ်မူတည်ပြီး ဆေးသုံးစွဲမှု ကွာဟမှုရှိနိုင်ပါတယ်ရှင့်။

ဆေးကပ်ခွာ ၁ထုပ်မှာ ဆေးထုပ် ၁၀ချပ်အပြင် ခြေစိမ်ဆေးထုပ် ၁ထုပ်ကို အပိုထည့်သွင်းပေးထားပါတယ်။
၁ထုပ် 16500ကျပ်

၃လအထက် အရိုးကျီးပေါင်း‌‌ဝေဒနာအတွက် ၃ပတ်နဲ့အထက် ကပ်ပေးရပါမယ်။

ပိုမိုထိရောက်မှုအတွက် လိမ်းဆီနဲ့တွဲအသုံးပြုပေးလို့ရပါတယ်။

သဘာဝဆေးဘက်ဝင် ၁၃မျိုးဖြင့် ဖော်စပ်ထားတဲ့အတွက် သက်သာမှု ပိုမြန်‌စေဖို့ လိမ်းဆီကိုပါပူးတွဲအသုံးပြုသင့်ပါတယ်။

လိမ်းဆီထဲမှာဆိုရင်လည်း ကြွက်သားတင်းမာမှုကိုပြေလျော့စေတဲ့ အဖိုးတန်ဆေးဖက်ဝင်အပင်များရဲ့အဆီအနှစ်တွေအပြင် ပါဝင်ပစ္စည်း၁၃မျိုးအချိုးအစားကျကျ ဖော်စပ်ထားပါတယ်။

လိမ်းဆီ ၁ဘူး.16500ကျပ်
( ၃ပတ်အထက် အသုံးပြုပေးလို့ရပါတယ်)

သက်သာတဲ့ အတွဲလိုက်စျေးနှုန်းတွေလည်း ရှိပါတယ်။
ဒီလမှာယူမယ်ဆိုရင် အထူးသက်သာတဲ့ စျေးနှုန်းဖြင့် ရရှိမှာပါရှင့်။

မှာယူသုံးစွဲချင်တယ်ဆိုရင် page messenger &
ဖုန်းဆက်ပြီးမှာယူနိုင်ပါတယ်။

☎. 09768970686
ရောဂါအကြောင်း အခမဲ့ ဆွေးနွေးနိုင်ပါတယ်ရှင့်။

မြန်မာနိုင်ငံအနှံ့အိမ်အရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးနေပါပြီရှင့်။

ဟန်နုမာန်သဘာဝတိုင်းရင်းဆေးကပ်ခွာ

09768970686

 #လည်ပင်းကျီးပေါင်း လေ့ကျင့်ခန်း1- ခေါင်းကို အရှေ့အနောက်  ၁၀ ကြိမ်လုပ်ပါ။2- ခေါင်းကို ဘယ်ညာ ၁၀ ကြိမ်လုပ်ပါ။3- ခေါင်းကို ...
04/11/2022

#လည်ပင်းကျီးပေါင်း လေ့ကျင့်ခန်း

1- ခေါင်းကို အရှေ့အနောက် ၁၀ ကြိမ်လုပ်ပါ။
2- ခေါင်းကို ဘယ်ညာ ၁၀ ကြိမ်လုပ်ပါ။
3- ခေါင်းကို ဘယ်ညာ ဝိုက်၍ ၁၀ကြိမ်လုပ်ပါ။
4- ခေါင်းကို အရှေ့သို့ တိုးထုတ်ခြင်း ၁၀ ကြိမ်လုပ်ပါ။
5- ခေါင်းကို အရှေ့နှင့် အနောက်မှလက်ဖြင့်တကြိမ်စီဖိထား၍ ခေါင်းကို တောင့်ထားရပါမယ်။ ၁မှ ၁၀ မှတ်ပါ။
6- ခေါင်းကို ဘယ်နှင့်ညာဘက်မှလက်ဖြင့် တကြိမ်စီ ဖိထား၍ ခေါင်းကို တောင့်ထားရပါမယ်။ ၁မှ ၁၀ မှတ်ပါ။
7- ခေါင်းကို အနောက်မှ အရှေ့သို့ဆွဲချ၍ အကြောလျော့ပါ။ ၁ မှ ၁၀ မှတ်ပါ။
8- ခေါင်းကို ဘယ် နှင့် ညာ ဘက်သို့ဆွဲချ၍ အကြောလျော့ပါ။ ၁ မှ ၁၀ မှတ်ပါ။
9- ပုခုံးကို အပေါ်သို့ တွန်းတင် တွန်းချ ၁၀ ကြိမ်ပြုလုပ်ပါ။

#လေးစားစွာဖြင့်မူရင်းသို့credit

ကျီးပေါင်းဆိုတာကြီးကတသက်လုံးပြန်ပေါ်မလာဘဲအရှင်းပျောက်ကင်းမှာလား❓========================================================...
04/11/2022

ကျီးပေါင်းဆိုတာကြီးကတသက်လုံးပြန်ပေါ်မလာဘဲအရှင်းပျောက်ကင်းမှာလား❓
================================================================
လူတိုင်းအမေးများတဲ့မေးခွန်းတခု..
ကျီးပေါင်းရောဂါကိုအရှင်းပျောက်ကင်းအောင်ဘယ်ကုသနည်းနဲ့မှမကုသနိုင်ပါဘူး.......

ကျီးပေါင်းအတက်ကြောင့်ခွဲစိတ်ထားတဲ့လူနာတောင်ကျီးပေါင်းကထပ်ခါထပ်ခါပြန်ဖြစ်နိုင်ပါတယ်
ဒါဆိုလူတိုင်းဘာ့ကြောင့်မပျောက်နိုင်တာကြီးကိုကုသနေတာလဲ❓
ပိုပြီးမပြင်းထန်လာစေဖို့-လက်ရှိခံစားနေရတဲ့ဝေဒနါတွေဖြည်းးချင်းလျော့ပါပျောက်ကွယ်သွားဖို့ပါ

ကျီးပေါင်းသမားတွေအတွက်လိုက်နာရမဲ့နေထိုင်မှု့ပုံစံ အစားအသောက် လေ့ကျင့်ခန်းတွေကိုစနစ်တကျပြုလုပ်ပေးမယ်ဆို ကျီးပေါင်းဝေဒနါတွေထပ်မခံစားရနိုင်ပါဘူး

အနေအထိုင်အပြုအမူအစားအသောက်တွေမှားယွင်းစွာနေထိုင်စားသောက်မိမယ်ဆိုရင်တော့ကျီးပေါင်းထပ်ဖြစ်နိုင်ပါတယ်..

#ကျီးပေါင်းတွေထဲကမှအဖြစ်အများဆုံးလည်ပင်းနဲ့ဂုတ်ကျီးပေါင်းအကြောင်းလေ့လာကြည့်ကြရအောင်ပါ

#လည်ပင်းကျီးပေါင်းရောဂါဟာထင်ထားတာထက်ပိုကြောက်ဖို့ကောင်းပါတယ်။

လည်ပင်းကျီးပေါင်းရောဂါဆိုတာ ပုံမှန်ဆိုရင် အသက် ၆၀ ကျော်လူကြီးများသာအဖြစ်များတာဖြစ်ပါတယ်။

ဒါပေမယ့်ယနေ့ခေတ်မှာတော့ ဖုန်းတွေ၊ ကွန်ပြူတာတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ လည်ပင်းကျီးပေါင်းရောဂါကို ခံစားလာရကြပါတယ်။ လည်ပင်းကျီးပေါင်းရဲ့ ရောဂါလက္ခစာတွေကတော့ ဇက်ကြောတက်ခြင်း၊ ပခုံးနှင့် လည်ဂုတ်တစ်လျှောက်နာကျင်ခြင်းတို့ ဖြစ်ပါတယ်။

လည်ပင်းကျီးပေါင်းရောဂါကို အဆင့် (၃) ဆင့်ခွဲခြားနိုင်ပါတယ်။

#အစပျိုးခြင်းအဆင့် – ဇက်ကြောတက်ခြင်း၊ ပခုံးနှင့် လည်ဂုတ်တဝိုက်နာကျင်ခြင်း တို့ခံစားရပါမယ်

#အလယ်အလတ်အဆင့် – အာရုံကြောဆိုင်ရာလက္ခဏာများ (လည်ဂုတ်တဝိုက်ရှိ အာရုံကြောများနာကျင်ခြင်း၊ လက်မောင်းနှင့်လက်ဖျံရိုးများအထိ နာကျင်လာခြင်း

#ပြင်းထန်အဆင့် – ကျောရိုးဆစ်အားစတင်ထိခိုင်သည့်လက္ခဏာများ (ခြေ၊လက်များ မလှုပ်နိုင်တော့ခြင်း၊ ထုံကျင်ခြင်း၊ ခန္ဓာကိုယ် ဟန်ချက်မညီဖြစ်ခြင်း) တို့ခံစားရမှာဖြစ်ပါတယ်။

#ဂုတ်ကျီးပေါင်းတက်ရင်ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲဆိုရင်
ချာချာလည်အောင်မူးပြီးအန်မယ်

#ဘယ်လိုလူမျိုးတွေအဖြစ်များလဲဆိုရင်
-အလုပ်မှာအာရုံစူးစိုက်ရတဲ့သူတွေ
-ဂိမ်းကစားတဲ့သူတွေ
-TV-ဖုန်းကြည့်များတဲ့သူတွေ

-တနေကုန်စက်ထိုင်ချုပ်-ဇာထိုးပန်းထိုးလုပ်သူတွေမျာပိုပြိးမူးတက်ပါတယ်အိပ်ယာထတဲ့အချိန်မှာလည်းချာချာလည်အောင်မူးတက်ပါတယ်

ဂုတ်ကျီးပေါင်းကြာလာတာနဲ့အမျှ
လက်မောင်းအုံအတွင်းကိုက်ခဲပြီးလက်2ဖက်လုံး&ဘယ်1ဖက်ညာ1ဖက်လက်မြောင်ဖို့ခက်ခဲလာတက်ပါတယ်

လက်ဖျားတွေအပ်နဲ့ထိုးသလိုစူးတာထုံကျင်တာတွေရှိမယ်.
ဂုတ်မှထွက်တဲ့အာရုံကြောဟာလက်ဖျားအထိသွားတာကြောင့်အဖိခံထားရတဲ့အာရုံကြောတလျောက်ထိလို့ထိမှန်းမသိခြင်း

အာရုံကြောဖိခံရပါများလာတာနဲ့အမျှကြွက်သားများပါအားနည်းလာကာလက်မြောက်လက်ချလုပ်ရတဲ့လေ့ကျင့်ခန်းတွေမလုပ်နိုင်ဘဲနောင့်နှေးသွားတက်ပါတယ်

#နောက်တချက်ကခါးကျီးပေါင်းပါစပ်ဆက်ဖြစ်တက်လာမယ်
ဂုတ်ကျီးပေါင်းကကျောရိုးတက်မ ခါးရိုးတက်မနဲ့စပ်ဆက်နေပြီးအရိုးသိပ်သည်းဆအားနည်းတဲ့ရောဂါဖြစ်တဲ့အတွက်ခါးမှာကျီးပေါင်းဖြစ်နေတာကိုလည်းစပ်ဆက်တွေ့ရှိရတက်ပါတယ်.

သက်သာစေတဲ့နည်းလမ်းလေးတွေက
ဆားခါးကြပ်ထုပ်ကျီးပေါင်းတက်တဲ့နေရာထိုးပေးနိုင်သလို
ရေမချိုးခင်ကျီးပေါင်းတက်တဲ့နေရာမန်ကျည်းသီးမှည့်နဲ့ပွတ်ပြီးနာရီဝက်ခန့်ထားပြီးမှရေချိုးပေးပါ.

#တကယ်လို့ကိုယ်တိုင်လုပ်လို့အဆင်မပြေသူတွေအတွက်ဟန်နုမာန်သဘာဝတိုင်းရင်းဆေးကပ်ခွာနဲ့လိမ်းဆီလေးအသုံးပြုပေးလို့ရပါတယ်

ဆေးကပ်ခွာထဲမှာပါဝင်တဲ့ဆေးဖက်ဝင်အပင်တွေက အဆစ်အမြစ်ကိုက်ခဲတာ ကြွက်သားယောင်ယမ်းနာကျင်တာတွေကိုသက်သာစေတဲ့အပြင်ဘေးထွက်ဆိုးကျိုးမရှိလို့
100%စိတ်ချအသုံးပြုပေးလို့ရပါတယ်

သုံစွဲသူတိုင်းရဲ့သက်သာသွားတဲ့reviewပေါင်းများစွာနဲ့လက်ဆင့်ကမ်းမျှဝေကြလို့
အရမ်းနံမည်ကြီးတဲ့ထိုင်းတိုင်းရင်းဆေးကပ်ခွာလေးဆိုလည်းမမှားပါဘူးနော်

ဆေးကပ်ခွာတထုပ်မှာဆေးထုပ်10ချပ်အပြင်ခြေစိမ်ဆေးထုပ် 1ထုပ်အပိုထည့်သွင်းပေးထားပါတယ်.16500ကျပ်
3လအထက်ကျီးပေါင်းသမားများ3ပတ်နဲ့အထက်ကပ်ပေးရပါမယ်

ပိုမိုထိရောက်မှု့အတွက်လိမ်းဆီနဲ့တွဲအသုံးပြုပေးလို့ရပါတယ် -13မျိုးနဲ့ဖော်စပ်ထားတဲ့အတွက်ပိုမိုထိရောက်ဖို့သက်သာမှုပိုမြန်ပဖို့ဆို

လိမ်းဆီလေးပါပူးတွဲအသုံးပြုသင့်ပါတယ်လိမ်ဆီထဲမှာဆိုလည်းကြွက်သားတင်းမာမှု့ကိုပြေလျော့စေတဲ့အဖိုးတန်ဆေးဖက်ဝင်အပင်းရဲ့အဆီအနှစ်တွေအပြင်ပါဝင်ပစည်း13မျိုးအချိုးအစားကျကျဖော်စပ်ထားပါတယ်
လိမ်းဆီတဘူး.16500 3ပတ်အထက်အသုံးပြုပေးလို့ရပါတယ်

သက်သာတဲ့အတွဲလိုက်စျေလေးတွေလည်းရှိတာကြောင့်ဒီလမှာယူမယ်ဆို အထူးသက်သာတဲ့စျေးနဲ့ရမှာပါရှင့်

မှာယူသုံးစွဲချင်တယ်ဆိုpage messenger &
ဖုန်းဆက်ပြီးမှာယူနိုင်ပါတယ်
☎09768970686 #ရောဂါအကြောင်းအခမဲ့ဆွေးနွေးနိုင်ပါတယ်ရှင့်

မြန်မာနိုင်ငံအနှံ့အိမ်အရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးနေပါပြီရှင့်

#ဟန်နုမာန်သဘာဝတိုင်းရင်းဆေးကပ်ခွာ

09768970686

📌 သေရာပါဟုဆိုနိုင်သော အာရုံကြောအမည်တပ် ကျီးပေါင်းရောဂါ📌💁ကျီးပေါင်းကို ဘယ်လိုလက္ခဏာတွေကြောင့်သိရှိနိူင်မလဲ💁ကျီးပေါင်းဝေဒန...
02/11/2022

📌 သေရာပါဟုဆိုနိုင်သော အာရုံကြောအမည်တပ် ကျီးပေါင်းရောဂါ📌
💁ကျီးပေါင်းကို ဘယ်လိုလက္ခဏာတွေကြောင့်သိရှိနိူင်မလဲ
💁ကျီးပေါင်းဝေဒနာ သက်သာအောင် ဘယ်လိုလုပ်ရမလဲ?

ကျီးပေါင်းရောဂါများထဲမှလည်ပင်းအရိုး ကျီးပေါင်းတက် ရောဂါသည် အာရုံကြောနှင့်အများဆုံး သက်ဆိုင်သည့် ရောဂါ ဖြစ်သောကြောင့် အထူး ဂရုစိုက်၍ ကုသသင့်သည့် ဖြစ်ပါတယ်။

#လည်ပင်းကျီးပေါင်းရောဂါသည် လည်ပင်းအရိုးတစ်ခုနှင့်တစ်ခု အကြားတွင် ရှိသော intervertebral Disc များ တဖြည်းဖြည်းနှင့် ပါးလွှားလာပြီး ထို လည်ပင်း အရိုးလေးများပေါ်တွင် အရိုးအတတ် သေးသေးလေးများ ထွက်ပေါ်လာသော ရောဂါတစ်မျိုးဖစ်သည် ၊ ဇက်ကြောတက်ခြင်း၊ အာရုံကြောများကိုသွားဖိမိလျှင် နာကျင်ခြင်း စတဲ့ ဝေဒနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

#လည်ပင်အရိုးကျီးပေါင်း ဘယ်ချိန်ဖြစ်ပွားနိုင်ပါသလဲ

အသက်အရွယ် မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး အိုမင်းရင့်ရော် လာခြင်း။ ခံနိုင်ရည် ဝန်အားနှင့် မမျှတသော ဒဏ်ဖိအားများခြင်း။ အဆစ်အိမ် အတွင်းရှိ အရိုးနုများ၏ အာဟာရ ဖွဲ့စည်းပုံ နှင့် စွမ်းဆောင်ရည် တဖြည်းဖြည်း ကျဆင်းလာရာမှ အရိုးနုများ အလွှာလိုက် တစ်စတစ်စ ပျက်စီးလာပြီး ပုံသဏ္ဌာန် မမှန်သော အရိုးအတက်များ ထွက်လာခြင်း။ အဆစ်အိမ် နံရံ ရောင်ရမ်းခြင်း။ အကြောအဆစ်များ တောင့်တင်းခြင်းများ ဖြစ်ပွားနိူင်ပါတယ်

#လည်ပင်းကျီးပေါင်းမဖြစ်အောင်ရှောင်ကြဉ်နည်း

ပြင်းထန်းသော လှုပ်ရှားမှုများခြင်း- ကားမောင်းခြင်း။ တီဗွီကြည့်ခြင်း။ဖုန်း ကွန်ပျူတာများနှင့် အလုပ်များခြင်း။ သကြားလုံး၊ ချဉ်သောအစားအစာများ ၊ ငန်လွန်းသော အစားအစာများစားခြင်း။ရေအေးနှင့်ရေချိုးခြင်း၊ အအေးခံခြင်း။ စာရေးစာဖတ်ရာတွင် အနေအထားမမှန်ခြင်း ၊ ဆေးရွက်ကြီး ၊ စီးကရက် ၊ ဆေးလိပ်သောက်ခြင်း။

#စားသင့်သည့်အစားအစာများ

လတ်ဆတ်သော သစ်သီးဝလံများ ၊ ခရမ်းချဉ် ၊ ဆလတ် ၊ မုန်လာဥဖြူ ၊သခွာသီးအစရှိသည့် ဟင်းသီး ဟင်းရွက်များ။ ခါးသက်သော ဟင်းသီး ဟင်းရွက်များ ၊ ဥပမာ ဒန့်သလွန်ကြက်ဟင်းခါးသီး။ ကြက်သွန်ဖြူကို တစ်နေ့လျှင် ၂-၃မွှာစားခြင်း။

#နောက်ဆက်တွဲဆိုးကျိုးများ

ကျီးပေါင်းဟာ အာရုံကြောကို တိုက်ရိုက်ဖိအားပေးတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ၊ လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း ၊ ခန္ဓာကိုယ်ဟန်ချက်မညီခြင်း ဖြစ်စေပါတယ်။

အာရုံကြောကိုဖိမိ ထောက်မိတဲ့အတွက် ခါးအောက်ပိုင်းအားနဲတာ ဆီး ဝမ်းမမှန်တာတွေထိဖြစ်လာနိုင်ပါတယ်
ကျီးပေါင်းဝေဒနာသက်သာဖို့အတွက် သောက်ဆေးတွေနဲ့မရပါဘူး ကျီးပေါင်းကဘယ်ချိန်မှာသက်သာနိုင်သလဲဆိုရင် အကြောနဲ့ကြွက်သားတင်းမာမူ့ပြေလျော့ချိန်မှာ သက်သာပါမယ်

✔ပုံမှန်လေ့ကျင့်ခန်းလုပ်မယ်
✔ အနေအထိုင်အပြုအမူတွေကို ဆင်ခြင်မယ်
✔ ဓါတုဆေးဝါး မပါတဲ့ ဆေးတွေကို ရွေးချယ်အသုံးပြုမယ် ဒီ၃မျိုးကို သေချာလုပ်ပေးရင် ကျီးပေါင်းသက်သာပါလိမ့်မယ်

#ဆေးဆိုသည်မှာရေရှည်သုံးစွဲလာပါက ကိုယ်တွင်းကလီစာတွေကိုထိခိုက်စေသည့်အတွက် အကိုက်အခဲပျောက်ဆေးတွေ ရှောင်ချင်တဲ့သူတွေအနေနဲ့ Hanuman တိုင်းရင်းဆေးကပ်ခွါကို အသုံးပြုလို့ရပါတယ်

သူ့ရဲ့ပါဝင်ပစ္စည်း၅မျိုးက
✅ ကြက်သွန်နီ
✅ ပူစီနံရွက်
✅ သစ်ကြံပိုးခေါက်
✅ ဝါးမီးသွေး
✅ ကတ်စမူနာဂျင်း တို့ကို အချိုးကျကျ ပေါင်းစပ်ကာအမူန့် ပုံစံသစ်များဖြစ် အထုတ်ငယ် ပြောင်းကာ ထည့်သွင်းထားသောကြောင့်

အကြောနှင့်ကြွက်သားတင်းမာစေတာကို ပြေလျော့စေတာအပြင် ညဘက်အိပ်မပျော်သူတွေ

ခန္ဒာကိုယ်တွင်း အဆိပ်အတောက်တွေကို ချွေးဂလင်မှတစ်ဆင့်စုပ်ယူပေးတဲ့ သဘာဝပစ္စည်းတွေနဲ့ပဲထုတ်ထားတာမို့ ဘေးထွက်ဆိုးကျိုးမရှိလို့ ရေရှည်အတွက်လဲသုံးဖို့သင့်တော်ပါတယ်ရှင့်

#တစ်ထုပ်မှာ ဆေးကပ်ခွါ၁၀ခုခြေစိမ်ဆေး၁ ထုပ် ပါပါတယ်

ဈေးနှုန်းက ၁၆၅၀၀ကျပ်ပါ ဝေဒနာပေါ်မူတည်ပြီ ဆေးထုပ်ရေ သုံးစွဲမှု အနည်းငယ်ပြောင်းလဲနိုင်ပါတယ်

လိမ်းဆီ တစ်ဘူး ၁၆၅၀၀ကျပ်ပါ

Page cbကတစ်ဆင့်လဲဝယ်ယူနိုင်ပါတယ်နော်
မြန်မာနိူင်ငံအတွင်း ထိုင်းနိူင်ငံများ တွင်လည်း ကိုယ်စားလှယ် များမှတဆင့် ပို့ဆောင်ပေးပါတယ်

☎09768970686တွင် မှာယူနိူင်ပါတယ်


နောက်ကျောတက် ဇက်ကြောတက် လက်ပြင်ငုတ် အုံးလွဲနေသူများ အတွက် နာရီပိုင်းအတွင်း ပျောက်တဲ့ နည်းလေးပါ။အဆင့် (၁)ခြေစုံရပ် ခါးကို...
02/11/2022

နောက်ကျောတက် ဇက်ကြောတက် လက်ပြင်ငုတ် အုံးလွဲနေသူများ အတွက် နာရီပိုင်းအတွင်း ပျောက်တဲ့ နည်းလေးပါ။

အဆင့် (၁)

ခြေစုံရပ် ခါးကို မတ်မတ်ထား လက်နှစ်ဖက်ကို နဖူးပေါ်တင် ခေါင်းကို နောက်လှန်နိုင်သလောက် လှန်ဖိထားပါ။ ခါးမပါသွားပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၂)

ခြေစုံရပ် ခါးကို မတ်မတ်ထား လက်နှစ်ဖက်ကို နောက်စေ့မှာကပ်ပြီး ခေါင်းကို ရှေ့ဖိနိုင်သလောက် ဖိပါ။ ခါးကုန်းမသွားပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၃)

ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက်ကို ခါးထောက်ထားပြီး ညာဘက်လက်က ဦးခေါင်းကို အပေါ်ကနေ ညာဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၄)

ခြေစုံရပ် ခါးကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက်က ဦးခေါင်းကို အပေါ်ကနေ ဘယ်ဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၅)

ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက်ကိုခါးထောက်ထားပြီး ညာဘက်လက်က မေးစေ့ကို ဘယ်ဘက်ပုခုံးနဲ့ ထိနိုင်သလောက်ထိ တွန်းလှည့်ထားပါ။

ဘယ်ဘက်ပုခုံးက ရှေ့ကို တိုးမလာပါစေနဲ့ မေးစေ့ကပဲ ပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင် လှည့်တင်ထားပါ။ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၆)

ခြေစုံရပ် ခါးကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက်က မေးစေ့ကို ညာဘက်ပုခုံးနဲ့ ထိနိုင်သလောက်ထိ တွန်းလှည့်ထားပါ။

ညာဘက်ပုခုံးက ရှေ့ကို တိုးမလာပါစေနဲ့ မေးစေ့ကပဲ ပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင် လှည့်တင်ထားပါ။ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

ဒီနည်းအတိုင်း အကြိမ်ရေ အကန့်အသတ်မရှိ နားနားပြီး လုပ်ပေးပါ။ များများလုပ်ပေးနိုင်လေ မြန်မြန်ပျောက်ကင်းလေပါ။

ကိုယ်တိုင် လက်တွေ့ ပျောက်ကင်းသွားလို့ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

Credit: Taw Thu

Address

Mandalay
4802

Website

Alerts

Be the first to know and let us send you an email when Hanuman-Herbal Product posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hanuman-Herbal Product:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram