Zwe Htet Traditional Medicine Production

Zwe Htet Traditional Medicine Production 🍀သက်ရှည်ကျန်းမာစိတ်ချမ်းသာဖို့ဇွဲထက်တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ကြပါစို့🍀

🇨🇭 သွေးတွင်း Cholesterol ကျဆင်းရန် အကြံပြုချက် (၁၇) ချက်* * * * * * * * * * * * * * * * * * * * * * * *ပါမောက္ခဦးတင်လတ်...
25/12/2024

🇨🇭 သွေးတွင်း Cholesterol ကျဆင်းရန် အကြံပြုချက် (၁၇) ချက်
* * * * * * * * * * * * * * * * * * * * * * * *
ပါမောက္ခဦးတင်လတ်
(နှလုံးအထူးကုဆရာဝန်ကြီး)

သင့်တွင် သွေးတွင်းကိုလက်စထရောအဆီများနေပါက သင်၏ အစားအသောက်နှင့် လူနေမှုပုံစံကို ပြောင်းလဲခြင်းအားဖြင့် နှလုံးရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ပါသည်။ အကယ်၍ သင်၏ဆရာဝန်က ကိုလက်စထရောကျစေသောဆေးကို ပေးထားစေကာမူ သင်သည် အစားအသောက်နှင့် လူနေမှုပုံစံကို ပြောင်းလဲဖို့ လိုနေသေးပါသည်။

♥ အောက်ပါအကြံပြုချက်များသည် သင်၏သွေးတွင်းရှိ ကိုလက်စထရော ပမာဏကို ကျဆင်းစေရန် များစွာအထောက်အကူပြုနိုင်ပါသည်။

◾၁။ ကောင်းသောကိုလက်စထရောနှင့် မကောင်းသောကိုလက်စထရော ရွေးချယ်စားသောက်ပါ။

သင်၏ခန္ဓာကိုယ်သည် ပုံမှန် လည်ပတ်ရန်အတွက် အနည်း ငယ်သော ကိုလက်စထရော ပမာဏကို လိုအပ်ပေသည်။ သို့သော် အစားအစာများ အတွင်းမှပြည့်ဝဆီနှင့် ကိုလက် စထရောများကို လျှော့ချရန် လိုအပ်ပါသည်။ ပြည့်ဝဆီနှင့် အစားအသောက်တွင်ပါသော ကိုလက်စထရောသည် မကောင်းသော အဆီ (LDL) ကို တက်စေပါသည်။ LDL ကိုလက်စထရောသည် နှလုံးသွေးကြောထဲတွင် အဆီကို ပွားများစေ၍ နှလုံးသွေးကြောပိတ် ရောဂါကို ဖြစ်စေပါသည်။ ကောင်းသောအဆီ (HDL) သည် ခန္ဓာ ကိုယ်တွင်းရှိ ကိုလက်စထရောများကို အသည်းသို့ ပြန်၍ သယ်ဆောင် သွားပေးခြင်းအားဖြင့် ဖယ်ရှားပစ်ပါသည်။ သို့ဖြစ်၍ အစားအသောက် ကို ရွေးချယ်စားသောက်ပြီး မကောင်းသောအဆီကို ကျစေခြင်း၊ ကောင်းသောအဆီကို တက်စေခြင်းဖြင့် ဂရုစိုက်သင့်ပါသည်။

◾၂။ အစားအသောက်ကို ချင့်ချိန်၍ မျှမျှတတစားပါ။

ပုံမှန်အားဖြင့် ထမင်းတစ်ပန်းကန်ပြည့်ရုံခန့်သာ အစားအစာကို စားပါ။ ထမင်းပန်းကန်မောက်မောက် (သို့မဟုတ်) ထမင်းနှစ်ပန်းကန်၊ သုံးပန်းကန်စားသုံးခြင်းသည် ကိုယ်အလေးချိန်ကိုတက်စေပြီး ကိုလက် စထရောကိုလည်း မြင့်တက်စေပါသည်။ လက်တွေ့တွင် အောက်ပါ အတိုင်း ကျင့်သုံးပါ။
ပန်းကန်၏ လေးပုံတစ်ပုံသည် ထမင်း သို့မဟုတ် ပါစတာ သို့ မဟုတ် ဂျုံ၊ ကောက်ညှင်းဖြင့် ပြုလုပ် သော အစားအစာဖြစ်သင့်ပြီး ကျန် လေးပုံတစ်ပုံမှာ အသား၊ ငါး၊ ပဲ စသော ပရိုတင်းဓာတ်ပါသော အစား အစာ ဖြစ်သင့်ပါသည်။ ကျန်လေးပုံ တစ်ပုံသည် ဟင်းသီးဟင်းရွက်ဖြစ် သင့်ပြီး ကျန်လေးပုံတစ်ပုံသည် အသီး အနှံ ဖြစ်သင့်ပါသည်။

◾၃။ ဟင်းသီးဟင်းရွက်အသီးအနှံ များများစားပါ။

တစ်နေ့လျှင် စားနေကျအသီးအနှံနှင့် ဟင်းသီးဟင်းရွက် ၅ ခွက် စာမှ ၉ ခွက်စာ (5 to 9 servings) ကို စားသုံးပါ။ အသီးအနှံ တစ်ခွက်စာ (one serving) စားခြင်း တစ်ခုမှာ သင်၏လက်သီးလုံးခန့်အကြမ်း ဖျင်းအားဖြင့်ရှိပါသည်။ ချက်ပြုတ်ပြီး သား ဟင်းသီးဟင်းရွက် တစ်ခွက်စာ (one serving) စားခြင်းဆိုသည်မှာ သင်၏လက်ခုပ်ထဲတွင်ပါသော ပမာဏ ကို အကြမ်းဖျင်းဆိုလိုပါသည်။ ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများကို များများ စားခြင်းအားဖြင့် မကောင်းသောအဆီ (LDL) ကို ကျစေသည့်အပြင် ၄င်းတို့ထဲ တွင် Antioxidants အများအပြား ပါ၀င်သဖြင့် ခန္ဓာကိုယ်အတွက် အထူးကျေးဇူးရှိပါသည်။ ထို့အပြင် အသီးအနှံများများစားခြင်းသည် အဆီများကို လျှော့ချသကဲ့သို့ ဖြစ် ပါသည်။ ထို့အပြင် သွေးပေါင်ချိန်ကိုလည်းကျစေပြီး ကိုယ်အလေးချိန် ကိုလည်း ထိန်းသိမ်းပေးပါသည်။ ထို့အပြင် Plant sterol များပါသော အစားအစာများ၊ ဥပမာ - အချို၊ မာဂျရင်း၊ ဒိန်ချဉ်နှင့် အလားတူ အစားအသောက်များသည် မကောင်းသောအဆီ (LDL cholesterol) ကို ကျဆင်းစေပါသည်။

◾၄။ နှလုံးကျန်းမာစေရန် ပင်လယ်စာ စားပါ။

ငါးကို တစ်ပတ်နှစ်ကြိမ်စားပါ။ ငါးသည် ပြည့်ဝဆီနည်းပါးပြီး omega-3 fatty acid အများအပြားပါ၀င်သောကြောင့် ဖြစ်သည်။ Triglyceride ကို ကျဆင်းစေပြီး ကိုလက်စထရောကိုလည်း ကျ ဆင်းစေသည့်အတွက် နှလုံးသွေး ကြောပိတ်ခြင်းကိုလည်း တားဆီး စေပါသည်။ အဆီများသောငါး salmon ငါး၊ တူနာငါး၊ ငါး သေတ္တာငါးများကို ပိုမိုစားသုံးပါ။ သို့သော် ကြော်ပြီးမစားပါနှင့်။ ကျန်းမာစေသော အကျိုးကျေးဇူး များကို ဖျက်ဆီးပစ်သလို ဖြစ်သွား နိုင်ပါသည်။

◾၅။ ဂျုံကြမ်း၊ ဆန်ကြမ်း၊ အုတ်ဂျုံများကို ပိုမိုစားသုံးပါ။

ဂျုံကြမ်း၊ ဆန်ကြမ်းများတွင်ပါသော အမျှင်ဓာတ်နှင့် ကာဗိုဟိုက် ဒရိတ်ဓာတ်အစုံပါ၀င်သော အစားအစာသည် အဆာခံစေပြီး ပိုမို မစားသုံးမိရန် ကာကွယ်ပေး သလိုဖြစ်စေသည်။ မကောင်း သောအဆီ (LDL) ကိုလည်း ကျဆင်းစေသည့်အတွက် အလွန်အကျိုးရှိပါသည်။ ကိုယ်အလေးချိန်ကိုလည်း သွယ်ဝိုက်၍ ကျဆင်းစေပါ သည်။ ၄င်းအစားအစာများ မှာ ဆန်ကြမ်း၊ ဆန်လုံးညို၊ ပေါက်ပေါက်ဆုပ်၊ ဘာလီ၊ ဂျုံကြမ်းနှင့် ပြုလုပ်သော အစားအစာများ (ဥပမာ - ပေါင်မုန့်ညို နှင့် ကွေကာအုပ်) ဖြစ်ကြပါသည်။

◾၆။ အခွံမာသီး (Nuts) များကို များများစားပါ။

အကယ်၍ အဆာပြေစားသုံးလိုပါက လတ်လတ်ဆတ်ဆတ် အခွံမာသီးများသည် အာသာပြေစေ၍ ကိုလက်စထရော ကျစေနိုင်ပါ သည်။ အခွံမာသီးများသည် ဧကမပြည့်ဝဆီ (Monounsaturated fat) များဖြင့် ပြည့်ဝနေပြီး မကောင်းသောအဆီ (LDL) ကို ကျဆင်းစေ သည့် အပြင် ကောင်း သော အဆီ(HDL)ကို မကျဆင်းစေရန်ကာကွယ် ပေးပါသည်။ နေ့စဉ် စားသုံးပါက နှလုံးရောဂါ ဖြစ်နှုန်းကို ကျဆင်းစေ နိုင်သည်ဟုသိရှိရသည်။ ၄င်းတို့သည် အဆီနှင့် ကယ်လိုရီများသည့်အတွက် တစ်နေ့လျှင် လက်တစ်ဆုပ်ခန့်သာ စားသုံး ပါ။ သကြား သို့မဟုတ် ချောကလက်ဖုံးအုပ်ထားသော အခွံမာသီးများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ အခွံမာသီးများမှာ သစ်အယ်သီး၊ မြေပဲ၊ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ ဗာဒံစေ့၊ pistachios နှင့် Almonds သီး တို့ ဖြစ်ကြပါသည်။

◾ရ။ မပြည့်ဝဆီများသည် နှလုံးကို ကာကွယ်နိုင်သည်။

ကျွန်ုပ်တို့သည် တစ်နေ့လျှင် လိုအပ်သောကယ်လိုရီပမာဏ၏ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကို အဆီစားသုံးခြင်းမှ ရရှိသင့်သည်။ သို့သော် အဆီအမျိုးအစားအပေါ် မူတည်ပါသည်။ မပြည့်ဝသော အဆီများမှာ မုန်ညင်းဆီ၊ သံလွင်ဆီနှင့် နေကြာဆီတို့သည် မကောင်း သောအဆီ (LDL) ကို ကျဆင်းစေရုံသာမက ကောင်းသောအဆီ (HDL) ကို မြင့်တက်စေသည်။ ပြည့်ဝဆီများဖြစ်သည့် ထောပတ် နှင့် စားအုန်းဆီများသည် မကောင်းသောအဆီ (LDL) ကို မြင့်တက်စေသည်။ကောင်းသော အဆီများသည် ကယ်လိုရီများကို တန်းတူပေးနိုင်သည့်အတွက် အဆီမှန်သမျှကို သင့်တင့်ရုံသာ စားသုံးပါ။

◾၈။ ပဲများများစား၍ ထမင်းနည်းနည်းစားပါ။

လူတို့သည် ကာဗွန်ဟိုက်ဒရိတ်ဓာတ်ကို တစ်နေ့တာလှုပ်ရှားမှု အတွက် စွမ်းအားအဖြစ် လိုအပ်ပါသည်။ ဆန်ကြမ်း၊ ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော အစားအစာများ တွင် လည်းကောင်း၊ ပဲများတွင် လည်းကောင်း အမျှင်ဓာတ် (fibre) ပေါများစွာပါ၀င်သည့် အတွက် သွေးသကြားဓာတ်ကို အနည်းငယ်သာတက်စေပါသည်။ ၄င်းသည် ကိုလက်စထရောကို ကျစေပြီး အဆာပိုခံစေပါသည်။ အဖြူရောင်ပေါင်မုန့်၊ အာလူး၊ အဖြူရောင်ဆန်နှင့် လုပ်သောမုန့်များသည် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ အများအပြားတက်စေသည့်အတွက် မြန်မြန်ဆန်ဆန်ဆာပြီး များများစားချင်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်စေပါသည်။

◾၉။ သွက်လက်လှုပ်ရှားအားကစား လုပ်ပါ။

တစ်နေ့လျှင် နာရီဝက်ခန့်၊ တစ်ပတ်ကို ၅ ရက်ခန့် လေ့ကျင့်ခန်း လုပ်ပါ။ ပြင်းထန်သောလှုပ်ရှားမှု၊ ဥပမာ - အမြန်လမ်းလျှောက်ခြင်းကို တစ်နေ့ မိနစ် ၂၀၊ တစ်ပတ် ၃ ရက်ခန့်သာ ပြုလုပ်လျှင် လုံလောက်ပါ သည်။ ၄င်းတို့သည် မကောင်းသောအဆီ (LDL) ကို ကျဆင်းစေပြီး ကောင်းသော အဆီ (HDL) ကို မြင့်တက်စေပါသည်။ ကိုယ်လက် လေ့ကျင့်ခန်းကို ၄င်းထက် ပို၍ လုပ်နိုင်လျှင် ပို၍ကောင်းမည် ဖြစ်ပါသည်။ ကိုယ်လက်လေ့ကျင့် ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် ပုံမှန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင် ပြီး နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်နိုင်ပါသည်။ အကယ်၍ မိနစ် ၃၀ ခန့် ဆက်တိုက်မလှုပ်ရှားနိုင်လျှင် ၁၀ မိနစ်စီခွဲ၍ ပြုလုပ်နိုင် ပါသည်။

◾၁၀။ လမ်းလျှောက်ပါလေ။

အကယ်၍ သင်သည် ပြင်းထန်သောလှုပ်ရှားမှုကို မလုပ်ချင်လျှင် သို့မဟုတ် အားကစားခန်းမ (Gym) သို့သွားရန် ရွံမုန်းနေပါလျှင် လမ်းလျှောက်ခြင်းသာ ပြုလုပ်လိုက်ပါ။ ပို၍ကျန်းမာသန်စွမ်းစေ၍ လမ်းလျှောက်ခြင်းသည် သင့်ကျန်းမာရေးအတွက် ကောင်းသော ဖိနပ် တစ်စုံသာ ဖြစ်ပါသည်၊၊ ဒါမှမဟုတ် Aerobic Exercise ပြုလုပ် လျှင်လည်း ရပါသည်။ ၄င်းတို့သည် လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ကို လျော့နည်းစေပြီး ခန္ဓာကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေ၍ အရိုးကိုလည်း သန်မာစေသည်။ အကယ်၍ အခုမှစ လမ်းလျှောက်ရန် စဉ်းစားထားလျှင် အစဦးဆုံး ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ပြီး နောက်မှ တဖြည်းဖြည်းတိုး၍ လမ်းလျှောက်ပါ။

◾၁၁။ လုပ်ငန်းခွင်နှင့် အိမ်တွင် ပိုမိုလှုပ်ရှားပါ။

အကယ်၍ သင်သည် Gym လည်း မသွားလို၊ အမြန် လမ်း လျှောက်ခြင်းနှင့် ရိုးရိုးလမ်းလျှောက် ခြင်းလည်း မလုပ်လိုလျှင် သို့ မဟုတ် ပြုလုပ်ရန် အချိန်မရှိပါလျှင် နောက်တစ်နည်းရှိပါသည်။ ၄င်းမှာ သင်၏ နေ့စဉ်လှုပ်ရှားမှုကို သင်၏ တစ်နေ့တာ လုပ်ငန်းခွင်တွင် ထည့်သွင်းလိုက်ပါ။ ဥပမာ ပန်းပင်စိုက်ခြင်း၊ ကခြင်း၊ ဓာတ်လှေကား မစီးဘဲ လှေကားဖြင့် အပေါ်တက် - အောက်ဆင်း ပြုလုပ်ခြင်း၊ အိမ်မှု ကိစ္စများတွင်လည်း လျင်မြန်စွာ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ ပေါ့ပေါ့ပါးပါးဖုန်ခါခြင်းကို လေ့ကျင့်ခန်းပြုလုပ် သည်ဟု မမှတ်ယူပါနှင့်။

◾၁၂။ သင့်ကျန်းမာရေးကို သင်ကိုယ်တိုင် ဂရုစိုက်ပါ။

သင့်တွင် သွေးတွင်း ကိုလက် စထရောဓာတ် များနေပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်၍ နည်းလမ်း ပေါင်းစုံဖြင့် ကိုလက်စထရောကို ကျဆင်းစေရန် ပြုလုပ်ပါ။ အစား အသောက်ကို ထိန်းပါ။ ကိုယ် အလေး ချိန်ကို လျှော့ချပါ။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။ ဆေးမှန်မှန်သောက်ပါ။

◾၁၃။ ပြင်ပဆိုင်တွင် သတိထားဆင်ခြင်၍ စားသောက်ပါ။

စားသောက်ဆိုင်များတွင် ချက်ပြုတ်ကြော်လှော်သော အစား အသောက်များတွင် ပြည့်ဝဆီများ၊ ကယ်လိုရီများနှင့် ဆိုဒီယမ်များ လွန်ကျွံစွာ ပါတတ်ပါသည်။ စားသောက်ရာတွင် ကြော်သော အစား အစာများကိုရှောင်ပြီး ပြုတ်သော၊ ပေါင်းသော၊ ချက်သော အစားအစာ များကိုသာမှာ၍ စားသောက်ပါ။ တို့စရာများကို နည်းနည်းချင်းသာ စားသောက်ပါ။ ဟင်းမှာလျှင်လည်း ပွဲကြီးမမှာဘဲ ပွဲသေးသာမှာပါ။

◾၁၄။ လှည့်ကွက်ကလေးများကို သတိထားပါ။

အစားအသောက်များ၏ အထုပ်အပိုးတွင်ပါသော အာဟာရ တန်ဖိုးများကို ဖတ်ရှုရာတွင် သေချာစွာဖတ်ရှုပါ။ အာဟာရတန်ဖိုး များသည် တစ်ခွက်စာတွင်ပါ၀င်သော အာဟာရတန်ဖိုး ဟုတ်၊ မဟုတ် စစ်ဆေးပါ။ အချို့သော အာဟာရတန်ဖိုးများသည် နှစ်ခွက်စာတွင် ပါ၀င်သော အာဟာရတန်ဖိုးများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ဒုတိယအချက် whole grain ဆိုသော စကားလုံးပါသည်ကို ဟုတ်၊ မဟုတ် သေချာစွာကြည့်ပါ။ တတိယအချက်အနေဖြင့် 'zero cholesterol' ဟု ဖော်ပြထားသော်လည်း မကောင်းသော ကိုလက် စထရော (LDL) ကို မြင့်တက်စေနိုင်ပါသည်။ အကြောင်းမှာ ပြည့်၀ သောအဆီများကို ပါ၊ မပါ စစ်ဆေးကြည့်ပါက သိရှိနိုင်ပါသည်။

◾၁၅။ စိတ်ဖိစီးမှုကို လျှော့ပါ။

များသောအားဖြင့် စိတ်ဖိစီးမှု ရှိလျှင် သွေးတိုးရောဂါဖြစ်နိုင်သည်။ ၄င်းမှတစ်ဆင့် နှလုံးသွေးကြောပိတ် ရောဂါကို ဖြစ်စေနိုင်ပါသည်။ ထို့ အပြင် စိတ်ဖိစီးမှုကလည်း ကိုလက် စထရောပမာဏကို တက်စေနိုင် သည်ကို လက်ရှိစမ်းသပ်မှုများအရ တွေ့ရှိရပါသည်။ သို့ဖြစ်ရာ စိတ် ဖိစီးမှုပြေလျော့စေသော လေ့ကျင့်ခန်းများ၊ တရားထိုင်ခြင်းများ၊ Biofeedback များဖြင့် လျှော့ချသင့်သည်။ အလွယ်ကူဆုံးနည်းမှာ အသက်ပြင်းပြင်းရှူသွင်း၍ ပြင်းပြင်းရှူထုတ်သောလေ့ကျင့်ခန်း ဖြစ် ပါသည်။ ၄င်းကို မည်သည့်နေရာတွင်မဆို ပြုလုပ်၍ရပါသည်။

◾၁၆။ ကိုယ်အလေးချိန်ကို လျှော့ပါ။

ဆုံးရှုံးခြင်းသည် အောင်မြင်ခြင်း၏အစ ဖြစ်ပါသည်။ ကိုယ် အလေးချိန်ကို လျှော့ချခြင်းသည် နှလုံးရောဂါကိုတားဆီးရာတွင် အကောင်းဆုံးသောနည်းလမ်းတစ်ခု ဖြစ်ပါ သည်။ ၀ခြင်းသည် ကိုလက်စထရောကို မြင့်တက်စေရုံသာမက သွေးတိုးရောဂါနှင့် ဆီးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါသည်။ ၄င်းတို့အားလုံးသည် နှလုံးသွေးကြောကျဉ်း ရောဂါနှင့် သွေးကြောပိတ်ရောဂါကို ပိုမို၍ အားပေးကြသော အကြောင်းအရာ ဖြစ် သည်။ သို့ဖြစ်၍ ကိုယ်အလေးချိန်ကိုချလျှင် အထူးသဖြင့် ဗိုက်မှအဆီကိုချလျှင် ကောင်းသောအဆီကို မြင့်တက် စေပြီး မကောင်းသောအဆီကို ကျစေပါသည်။

◾၁၇။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။

ကိုလက်စထရောကို ထိန်းသိမ်းကာကွယ်ခြင်းသည် တစ်သက်လုံး ပြုစေအပ်သော တစ်သက်တာကိစ္စ ဖြစ်ပါသည်။ သို့ဖြစ်၍ သင်၏ ဆရာဝန်ကို မှန်မှန်တွေ့ပြီး သင်၏ကျန်းမာရေးကို စစ်ဆေးပါ။ သင့် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အစားအသောက်၊ ဆေးဝါးများကို မှန်မှန်သုံးဆောင်ပြီး လေ့ကျင့်ခန်းများကို မှန်မှန်လုပ်ဆောင်ပါ။ သို့ဖြစ်၍ သင်နှင့် သင်၏ဆရာဝန် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ကိုလက် စထရောကို ကျစေပြီး သင်၏နှလုံးကို အမြဲတမ်း ကျန်းမာသန်စွမ်း နေအောင် လုပ်ဆောင်ပေးနိုင်ပါမည်။

ပါမောက္ခဦးတင်လတ် (နှလုံးအထူးကုဆရာဝန်ကြီး)
Health Care
Saya Htay မှပြန်လည်မျှဝေပါသည်။
ကျန်းမာ ပျော်ရွှင်ကြပါစေ•🇨🇭

အာရုံကြောအသစ်ဖြစ်ထွန်းခြင်း Neurogenesisအသစ်တွေ့ရှိချက်များအရ အသက်ကြီးလာချိန်မှာလည်း အာရုံကြောအသစ်များ ဆက်လက်ဖြစ်ထွန်းမှ...
25/02/2024

အာရုံကြောအသစ်ဖြစ်ထွန်းခြင်း Neurogenesis


အသစ်တွေ့ရှိချက်များအရ အသက်ကြီးလာချိန်မှာလည်း အာရုံကြောအသစ်များ ဆက်လက်ဖြစ်ထွန်းမှုသည် ဖြစ်နိုင်ကြောင်းနှင့် အသက်ကြီးသဖြင့် အာရုံကြောဆဲလ်များ ဆုံးရှုံးရခြင်းကိုလည်း ရှောင်လွဲနိုင်ကြောင်း၊ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး၊ မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုကောင်းမွန်ရန် တိုးမြှင့်ပေးနိုင်ကြောင်း တွေ့လာရသည်။ အသက်အရွယ် မရွေး ဦးနှောက်ဆဲလ်အသစ်များ ပေါက်ပွားနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ ယခင်က ဆဲလ်များ ဆုံးရှုံးသွားသည်နှင့် ပြန်လည်ရှင်သန်ရန် မဖြစ်နိုင်ဟု ယူဆခဲ့ကြသည်။

အာရုံကြောအသစ်ဖြစ်ထွန်းခြင်း Neurogenesis ဆိုတာ ဘာလဲ -
ကျွန်ုပ်တို့၏ ဦးနှောက်သည် အစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းထားသည်။
Neurogenesis ဆိုသည်မှာ အာရုံကြောဆဲလ်အသစ်များ ဖြစ်ထွန်းမှုဖြစ်စဉ်ဖြစ်သည်။

သန္ဓေသားဘဝတွင် Neurogenesis သည် သွက်လက်မှုအရှိဆုံးဖြစ်သော်လည်း hippocampus နှင့် ဦးနှောက်၏ subventricular အစိတ်အပိုင်းများတွင် အရွယ်ရောက်ပြီးချိန်တွင်လည်း Neurogenesis ဆက်လက်ဖြစ်ပွားနိုင်သည်။
အာရုံကြောအသစ်ဖြစ်ထွန်းခြင်း Neurogenesis သည် စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းလက္ခဏာများကို လျော့ကျစေကြောင်း တွေ့ရှိခဲ့ပြီး အယ်လ်ဇိုင်းမားကုထုံးအတွက် အလားအလာရှိသော ရလဒ်များကို ပြသခဲ့သည်။

ထို့ပြင် ကျွန်ုပ်တို့အားလုံးသည် လေ့ကျင့်ခန်းနှင့် သင့်လျော်သော အစားအစာများကို စားသုံးခြင်းဖြင့် ကျွန်ုပ်တို့၏ သိမြင်နိုင်စွမ်းကို သဘာဝအတိုင်း မြှင့်တင်နိုင်ကြောင်း သိလာရသည်။

လေ့ကျင့်ခန်းလုပ်ခြင်းသည် အာရုံကြောဆဲလ်သစ်များဖြစ်ထွန်းမှုနှင့် တိုက်ရိုက်ဆက်စပ်နေပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ ခံစားမှုဆိုင်ရာကျန်းမာရေး နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတို့အပေါ် အကျိုးသက်ရောက်မှုရှိကြောင်း လေ့လာမှုများက ဖော်ပြသည်။

မှန်ကန်သော အစားအစာများကို စားသုံးခြင်းသည် ဦးနှောက်အတွက် ကောင်းမွန်ကြောင်း တွေ့ရသည်။

ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ရန် အရေးကြီးသော အစားအသောက် များမှာ
နနွင်း - နနွင်းတွင်ပါဝင်သော ကာကူမင်ဒြဗ်ပေါင်းသည် အာရုံကြောအတွက် အလွန်ကောင်းသည်။ နနွင်းများများ သုံးစွဲပါ။
ဘလူးဘယ်ရီသီး - flavonoids ကြွယ်ဝသည့်အတွက် ဘလူးဘယ်ရီသီးသည် အာရုံကြောအတွက်ကောင်းသည်။ ဘလူးဘယ်ရီသီး များများစားပါ။
omega-3 fatty acids - သည် Neurogenesis အတွက် အရေးပါသည်။ omega-3 fatty acids ကြွယ်ဝသောစားစရာများ စားပါ။
လက်ဖက်စိမ်း - Epigallocatechin-3-gallate (EGCG) ဟုခေါ်သောဒြပ်ပေါင်းသည် ဦးနှောက်ဆဲလ်အသစ်ကြီးထွားမှုနှင့် ဆက်စပ်နေသောကြောင့် လက်ဖက်ရည်ကြမ်းကို များများသောက်ပါ။
လေ့ကျင့်ခန်း - လေ့ကျင့်ခန်းလုပ်ခြင်းသည် အာရုံကြောဆဲလ်သစ်များဖြစ်ထွန်းမှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ လေ့ကျင့်ခန်းကို အရွယ်မရွေး လုပ်သင့်သည်။
အကြံပြုချက်အနေနဲ့က -
သကြားအလွန်အကျွံစားခြင်းမှ ရှောင်ကြဉ် ပါ

Htet Traditional Medicine Production🍀💊💊🫅
Crd to original uploader

ကိုက်လန် Kale ကို သတိထားပါကိုက်လန်သည် ဗီတာမင် A, K, B6, C, ကြေးနီ၊ မန်းဂနိစ်နှင့် ကယ်လ်စီယမ် စသည့် ဗီတာမင်နှင့် သတ္တုဓာတ...
03/02/2024

ကိုက်လန် Kale ကို သတိထားပါ


ကိုက်လန်သည် ဗီတာမင် A, K, B6, C, ကြေးနီ၊ မန်းဂနိစ်နှင့် ကယ်လ်စီယမ် စသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသော စူပါအစားအစာဖြစ်ပါသည်။

သို့သော် မကြာသေးမီက သုတေသနပြုမှုသည် ကိုက်လန်တွင် စိုးရိမ်စရာ အစိတ်အပိုင်းတစ်ခု ပါရှိတာ တွေ့ရပါသည်။

ကိုက်လန်တွင် အောက်ဇဲလစ်အက်ဆစ် oxalic acid ပါရှိပါသည်။ ၎င်း oxalic acid ကို အာဟာရဆန့်ကျင်ဓာတ် anti-nutrient ဟု ခေါ်ပါသည်။ ၎င်း ဓါတ်က အစာခြေခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်နှင့် အမျိုးသမီးများ၏ လိင်ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း တွေ့ရပါသည်။

ကိုက်လန်တွင် ပါရှိသည့် အာဟာရဆန့်ကျင်ဓာတ် Anti-nutrients ဖြစ်သည့် အောက်ဇဲလစ်အက်ဆစ် Oxalic acid သည် ခန္ဓာကိုယ်အတွင်းရှိ အာဟာရစုပ်ယူမှုကို ဟန့်တားသော အရာဖြစ်နေပါသည်။

* Oxalic acid သည် ကယ်လ်စီယမ်စုပ်ယူမှုကို အနှောင့်အယှက်ပေးသည်။ ခန္ဓာကိုယ်၏ အစိတ်အပိုင်းများတွင် ကယ်လ်စီယမ်များ စုပုံနေခြင်းသည် နှလုံး၊ အဆစ်များ၊ အရိုးများ၊ သွားများ၊ နှလုံး၊ အာရုံကြောများနှင့် ကြွက်သားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
* oxalates သည် သွေးထဲတွင် ကယ်လ်စီယမ်နှင့် ချိတ်ဆက်ပြီး သေးငယ်ပြီး ထက်မြက်သော oxalic acid ပုံဆောင်ခဲများကို ဖန်တီးသည်။ ဤကျောက်ခဲများသည် ကျောက်ကပ်ကဲ့သို့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းအမျိုးမျိုးတွင် ခိုအောင်းနေပြီး ကျောက်ကပ်ကျောက်တည်ခြင်းအန္တရာယ်ကို တိုးစေနိုင်သည်။
* Oxalates သည် အမျိုးသမီးများတွင် မအင်္ဂါတဝိုက် နာကျင်နေမှု vulvodynia နှင့်လည်း ဆက်စပ်နေသည်၊ အမျိုးသမီးများ၏ မအင်္ဂါနှုတ်ခမ်း l***a တွင် အောက်ဇဲလစ်အက်ဆစ် oxalic acid ပုံဆောင်ခဲများ စုပုံနေခြင်းကြောင့် အမျိုးသမီးများ လိင်ဆက်ဆံမှုပြုသည့်အခါ နာကျင်မှု ကြုံတွေ့စေသည်။
* Oxalates သည် ဝမ်းချုပ်ခြင်းကဲ့သို့သော အစာခြေကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်သည် oxalates ကို အပြည့်အဝ မချေဖျက်နိုင်သောကြောင့် ၎င်းတို့သည် စုပုံလာပြီး ပြဿနာများကို ဖြစ်စေသည်။

အံ့သြဖွယ်ရာ အာဟာရဓာတ်များ ကြွယ်ဝသော်လည်း ကိုက်လန်တွင် oxalates ကဲ့သို့ အာဟာရဆန့်ကျင်ဓာတ်များလည်း ပါရှိနေသည်။ ထို့ကြောင့် သတိထားပြီး စားသုံးဖို့ လိုပါသည်။အထူးသဖြင့် ကယ်လ်စီယမ်နှင့်ပတ်သက်သော ပြဿနာရှိသူများ အထူးသတိထားရမည်ဖြစ်ပါသည်။
ဟင်းချက်ခြင်း နှင့် ကိုက်လန်ကို ပြုတ်လိုက်ခြင်း သည် oxalate ပါဝင်မှုကို လျော့နည်းစေပါသည်။ ထို့ကြောင့် oxalic acid ပါဝင်မှုကို လျော့နည်းစေရန် ရေနွေးပြုတ်ခြင်း သို့မဟုတ် ချက်ပြုတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

Crd Dr Myint Thein
# Zwe Htet Traditional Medicine production 💊💊💊

ဒီမှာ ချာချာလည်၊ ကမ္ဘာကြီးချာချာလည်၊ အကုန်လုံးချာချာလည်......ဒီညနေ ဆေးခန်းကိုလာတဲ့လူနာတစ်ယောက်ကိုကုပေးရင်းနဲ့ ဒါလေးရေးဖိ...
15/01/2023

ဒီမှာ ချာချာလည်၊ ကမ္ဘာကြီးချာချာလည်၊ အကုန်လုံးချာချာလည်......

ဒီညနေ ဆေးခန်းကိုလာတဲ့လူနာတစ်ယောက်ကိုကုပေးရင်းနဲ့ ဒါလေးရေးဖို့ခေါင်းထဲပေါ်လာတာ။ လူနာက မကြာခဏချာချာလည်အောင်မူးနေတတ်တာ ပြီးခဲ့တဲ့ ၄ လပိုင်းလောက်ကတည်းကတဲ့။ ခုဆို သုံးလလောက်တောင်ကြာပြီပေါ့။

နေ့တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကိုနှစ်ကြိမ်လောက်မူးတယ်။ မူးရင်လည်း မြင်မြင်သမျှ ချာချာလည်နေအောင်ကိုမူးတယ်။ တခါတလေကျတော့ ငြိမ်လိုက်ရင်သက်သာသွားပေမယ့် တခါတခါဆိုရင်တော့ ထိုးအန်ထွက်တဲ့အထိကိုမူးတယ်။ နီးစပ်ရာဆေးခန်းကိုပြေးရတာ ခဏခဏပဲတဲ့။

ကြာလာတော့ လူကမူးမှာကြောက်လို့ ခေါင်းကိုမလှုပ်ရဲဘဲ တောင့်တောင့်ကြီးနေနေရတယ်။ ဘေးလူတွေကမြင်တော့ “ဟဲ့ ခေါင်းကြီးကတောင့်ပြီးမူးနေတာဆို ကျီးပေါင်းဖြစ်နိုင်တယ်” ဆိုပြီးဝိုင်းပြောကြတယ်တဲ့။

သူပြောတဲ့ History ကို ၃မိနစ်စာလောက်နားထောင်လိုက်ရုံနဲ့တင် သဲလွန်စရသွားတယ်။

“တဘက်ဘက်ကိုစောင်းအိပ်လိုက်ရင် ပိုမူးသလား” ဆိုတော့

“ဟုတ်တယ်၊ ဟုတ်တယ် ဆရာ။ ဘယ်ဘက်ကိုစောင်းလိုက်ရင်ပိုမူးတယ်”

“ဘယ်ဘက်နားထဲက တခုခုထူးခြားတာများသတိထားမိလား”

“ဟုတ်တယ်။ အဲ့ဒီလိုမူးရင် နားထဲက ကျလိကျလိဖြစ်လာသလိုပဲ”

ကျနော်လည်း ဆားပုလင်းနှင်းမောင်စတိုင်နဲ့ ဖျောက်ကနည်း ဟန်ပါပါလက်ဖျောက်တချက်တီးလိုက်တယ်။ ပြီးတော့ IPad ကိုကောက်ဖွင့်ပြီး သူတို့ရှေ့မှာပဲ YouTube ထဲကနေ ဗီဒီယိုဖိုင်တစ်ခုကိုရှာလိုက်တယ်။

“Epley Maneuver”

“အစ်မဖြစ်နေတဲ့ရောဂါအကြောင်း အေးအေးဆေးဆေးရှင်းပြမယ်နော်။

နားရဲ့ ဟိုးအတွင်းပိုင်းထဲမှာ လူ့ခန္ဓာကိုယ်ရဲ့ Balance ကိုထိန်းချုပ်ထားတဲ့ အရိုးနုကွင်းလေးတွေရှိတယ်။ အဲ့ဒီအရိုးနုကွင်းပြွန်လေးတွေထဲမှာ အရည်ကြည်လေးတွေရှိမယ်။ အဲ့ဒီအရည်ကြည်လေးတွေထဲမှာမှ Calcium Crystal အမှုန်လေးတွေရှိတယ်။

အဲ့ဒီအမှုန်လေးတွေဟာ တခါတရံမှာ အခန့်မသင့်ဘဲ သူတို့ရှိနေရမယ့်နေရာကနေ တခြားနေရာ၊ ပြွန်ခေါင်းလေးတွေထဲ လမ်းချော်ပြီးရောက်သွားတတ်တယ်။ အဲ့ဒီအခါမှာ လူကချာချာလည်အောင်မူးတော့တာပဲ။ အဲ့ဒီလိုချာချာလည်အောင်မူးတာကို Vertigo လို့ခေါ်တယ်။

အရှည်ခေါ်ရင်တော့ Benign paroxysmal positional vertigo BPPV ပေါ့။ ခန္ဓာကိုယ်လှုပ်ရှားမှုအပြောင်းအလဲပုံစံကြောင့် ချာချာလည်အောင်မူးခြင်းပေါ့”

“အဲ့ဒါဆို ကျမဖြစ်တာက ကျီးပေါင်းမဟုတ်ဘူးပေါ့နော်”

“ဟုတ်ကဲ့ ဆက်ပြောပြမယ်နော်။ အဲ့ဒီလို နားအရိုးကွင်းပြွန်လေးတွေထဲမှာ နေရာမှားပြီးရောက်နေတဲ့ Crystal အမှုန်လေးတွေကို သူတို့ရဲ့မူလနေရာကိုပြန်ရောက်အောင် ဦးခေါင်းကိုနည်းစနစ်တကျ လှည့်ပေးရတယ်။ အဲ့ဒီလိုလှည့်တဲ့နည်းကို Epley Maneuver လို့ခေါ်တယ်ဗျ။

ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရင် ရှင်းသွားလိမ့်မယ်နော်”

၂ မိနစ်စာလောက်ဗီဒီယိုဖိုင်လေးကို သုံးကြိမ်လောက်ပြန်ကြည့်လိုက်၊ ရှင်းပြလိုက်လုပ်တော့ သူဖြစ်နေတဲ့ရောဂါပြဿနာကို နားလည်သွားတယ်။

“ကဲ အဲဒါဆို ဒါမျိုးပုံစံလေးအတိုင်း စမ်းမလုပ်ကြည့်ချင်ဘူးလား”

“လုပ်ကြည့်မယ်လေ ဆရာ” တက်တက်ကြွကြွကို ပြန်ဖြေတယ်။

“တခုတော့ရှိတယ်နော်။ လုပ်နေစဉ်အချိန်အတွင်းမှာ ပိုမူးလိမ့်မယ်။ အဲ့ဒီလိုမူးတာဟာ နားအရိုးကွင်းထဲကအမှုန်လေးတွေ မူလလမ်းကြောင်းအတိုင်းပြန်ထွက်လာလို့မူးတာ။ မမူးရင် မထိရောက်ဘူး။ ပြီးတော့ တစ်ကြိမ်တည်းလုပ်ရုံနဲ့တော့ သက်သာချင်မှသက်သာမယ်။ အိမ်မှာ ကိုယ့်ဘာသာကိုယ်လည်း ဆက်လုပ်လို့ရတယ်။

ကျနော်ဒီနည်းနဲ့ကုတာ လူနာ ၅ ယောက်မှာ ၂ ယောက်က ချက်ချင်းပြန်ကောင်းတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ အိမ်မှာဒီဗီဒီယိုဖိုင်လေးကြည့်ပြီးကိုယ့်ဘာသာကိုယ်လုပ်တာ နောက်နှစ်ရက်အတွင်းမှာ သက်သာသွားတယ်”

သူ့ကိုကုတင်ပေါ်တက်လှဲခိုင်းပြီး ဗီဒီယိုဖိုင်ထဲကအတိုင်း လှည့်ခိုင်းတယ်။ လှည့်နေတုန်းတော့ မူးတယ်၊ မူးတယ်ဆိုပြီး အသားကုန်အော်တယ်။ လှည့်ပြီးလို့ပြန်ထတော့
“တော်တော်ကောင်းသွားပြီဆရာ။ သိသာတယ်”တဲ့။

“အိုကေ။ အရှင်းမသက်သာသေးရင် အိမ်ရောက်မှ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်လောက် ထပ်ကြိုးစားကြည့်။ ဗီဒီယိုဖိုင်ကလည်း YouTube ထဲမှာ Epley Maneuver လို့ရိုက်ရှာကြည့်လိုက်။ အေးဆေးပဲ”

လူနာလည်း ပျော်ပြီးပြန်ထွက်သွားတယ်။ အလာတုန်းကလို လှုပ်လီလှုပ်လဲ့မဟုတ်တော့ဘူး။ သွက်သွက်လက်လက်ကိုထပြီး ပြန်သွားတာ။..

ခုခေတ်ကြီးမှာ ဒီအင်တာနက်ပေါ်လာတာ၊ လူမှုကွန်ယက်တွေပေါ်လာတာ အရမ်းတန်ဖိုးရှိတယ်။ အရင်တုန်းကဆို ခုလို Epley Maneuver ကို လူနာကိုရှင်းပြဖို့နေနေသာသာ ကိုယ်တောင်စာအုပ်ထဲမှာမနည်းနားလည်အောင်ဖတ်ရတယ်။ လုပ်နည်းလုပ်ဟန်ကလည်း သိပ်မသေချာတော့ လူနာတွေကိုမလုပ်ခိုင်းဖြစ်ဘူး။ အမူးပြေဆေးလောက်ပဲပေးပြီး ပြန်လွှတ်တတ်တာ။
ခုနောက်ပိုင်းတော့ လာထားပဲ။

ကျနော်ကတော့ ခပ်တည်တည်ပဲ။ လူနာကုနေတုန်းမှာ ကိုယ်မသိတာ၊ နားမလည်တာ၊ မသေချာတာရှိရင် ချက်ချင်းဖုန်းထုတ်ပြီးကောက်ရှာလိုက်တာပဲ။ လိုအပ်ရင် သူတို့ကိုပါဖွင့်ပြရတယ်။

တခါတလေ သူတို့ပြတဲ့ဆေးတွေက ကိုယ်တခါမှမမြင်ဖူးတဲ့ဆေးတွေ ပါလာတတ်တယ်။ အထူးသဖြင့် နိုင်ငံခြားမှာဆေးကုပြီးပြန်လာတဲ့သူတွေ။ ကိုယ်က မသိတာကိုမသိဘူးမပြောဘဲ ရမ်းရွှီးလိုက်ရင်မကောင်းဘူး။ ခဏလေးနော်၊ ရှာကြည့်လိုက်မယ်ဆိုပြီး ချက်ချင်းဖုန်းထုတ်ပြီး ရှာလိုက်တာပဲ။ ကိုယ်လည်း ပညာရ။ လူနာလည်းအကျိုးရှိ။

ဆရာဝန်လည်း လူပဲလေ။ ကွန်ပျူတာမှမဟုတ်တာ။ အရာရာတော့ ဘယ်သိနိုင်ပါ့မလဲ။

Dr Okka Kyi Winn
Sanpya Online Clinic

ရင်သားကင်ဆာနှင့်ညဉ့်နက်စာအမျိုးသမီးများ ညစာကိုနောက်ကျစားခြင်းနဲ့ ညဉ့်နက်မှာသွားရည်စာစားခြင်းများက ရင်သားကင်ဆာဖြစ်ဖို့အခွ...
30/05/2022

ရင်သားကင်ဆာနှင့်ညဉ့်နက်စာ

အမျိုးသမီးများ ညစာကိုနောက်ကျစားခြင်းနဲ့ ညဉ့်နက်မှာ
သွားရည်စာစားခြင်းများက ရင်သားကင်ဆာဖြစ်ဖို့
အခွင့်အရေးအန္တရာယ်ကို လက်ယပ်ခေါ်နေတာနဲ့တူတယ်လို့
အမေရိကန်ရှိ San Diego School of Medicine မှလေ့လာသူ
Catherine Marinac ကဆိုထားပါတယ်။

၎င်းရဲ့တွေ့ရှိချက်က ညစာစားပြီးချိန်မှ နောက်တနေ့ နံနက်ခင်းစာစားချိန်အထိ အချိန်ကြာကြာ အစာမစားလေ ဂလူးကို့စ်သကြား
ကင်ဆာရောဂါကိုဖြစ်စေတဲ့သွေးထဲရှိဓါတ် ပမာဏလျော့ကျလေဆိုတာပါပဲ။

The longer the period they spent without food, the more stable their blood sugar.

ဒီလိုပြုမူနေထိုင်ခြင်းက အာဟာရ(သို့)ကယ်လိုရီကို ရှုပ်ထွေးနေ
အောင် တွက်ချက်စားသောက်နေရတာထက် လူထုကျန်းမာရေး
အတွက် ပိုမိုအကျိုးရှိတယ်လို့ဆိုတယ်။

အခြားအချိန်တွေမှာဘယ်လောက်စားစား ညစာစားပြီးနောက်အစာမစားချိန် ၃ နာရီတိုးတိုင်း သွေးထဲရှိဂလူးကို့စ်သကြားဓါတ် ၄%
လျော့ကျတယ်။

Each three-hour increase in night-time fasting was associated with a 4 per cent lower blood glucose level, regardless of how much the women ate at other times.

ကျွမ်းကျင်သူများရဲ့ယူဆချက်အရ သွေးထဲရှိသကြားဓါတ်တည်ငြိမ်မှုဟာရင်သားကင်ဖြစ်စေတတ်တဲ့ ဟော်မုန်းခွဲထွက်မှုအန္တရာယ်ကို
လျော့ပါးစေတယ်လို့ဆိုတယ်။

This may be because glucose provides fuel for rapidly dividing cancer cells. And insulin – the hormone that is pumped into the blood to remove excess glucose – is also thought to stimulate the growth of the disease.

အမျိုးသမီး ၂၂၁၂ ယောက်ကိုလေ့လာပြီးရေးသားတဲ့ဒီစာတန်းကို Philadelphia မှာပြုလုပ်တဲ့The American Associstion for Cancer Research's နှစ်ပါတ်လည်အ
စည်းအဝေးမှာတင်ပြခဲ့ပြီးThe journal Cancer Epidemiology မှာလည်းဖေါ်ပြခဲ့တယ်။
အမျိုးသမီးတိုင်း အောက်ပါအချက်အလက်များကို ကိုယ်တိုင်စစ်ဆေးသင့်တယ်။

-Monthly self-exams(ရင်သားကို လစဉ်ကိုယ်တိုင်လက်ဖြင့်ပွတ်သပ်စစ်ဆေးပါ)
-Attention to breastchanges(ရင်သားပုံစံပြောင်းလဲမှုကို ဂရုပြုမိပါစေ)
-Medical exam(ဆေးမှန်မှန်စစ်ပါ)
-Annual mammograms at age 40(အသက် ၄၀ ကျော်ရင် နှစ်စဉ် mammogram ရိုက်ပါ)

ရင်သားကင်ဆာအကြိတ်ဖုဟာ ယေဘူယျအားဖြင့်မာကြောခြင်း၊
နာကြင်မှုကင်းမဲ့ခြင်း၊ ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိပါတယ်။
Cancerous lumps are more likely to be hard, painless, and unmovable.
ရင်သားမှာအောက်ပါထူးခြားချက်များတွေ့ရှိလာပါက ဆရာဝန်ပြသစစ်ဆေးပါ။

Credit ပေးပါတယ်မူရင်းရေးသားသူအား

LI 11 threading HT3 Indication: Hemiplegia , opposite knee pain ( whole knee area )Source: Dr Sun Peirong 孙培荣 used this ...
07/03/2022

LI 11 threading HT3

Indication: Hemiplegia , opposite knee pain ( whole knee area )

Source: Dr Sun Peirong 孙培荣 used this threading for hemiplegia accompany with points of GB31 and GB30. first acupuncture opposite side by draining method,then acupuncture affected area by reinforcing technic ; Do not moxa on opposite side but moxa affected one.

For knee pain , threading opposite side and ask patient moving affected knee.

If upper limb disordered , threading acupuncture same side and if lower leg disordered , , threading opposite side .
# Crd Master Tung points

 #ကိုဗစ်ဖြစ်ထားပြီးသူတွေ                  (သို့မဟုတ်) #ရာသီတုပ်ကွေးဖြစ်ပြီးတဲ့သူတွေ အိပ်မပျော်ကြဘူးလို့ သိရ၍လွယ်လွယ်လေးပ...
26/02/2022

#ကိုဗစ်ဖြစ်ထားပြီးသူတွေ

(သို့မဟုတ်)

#ရာသီတုပ်ကွေးဖြစ်ပြီးတဲ့သူတွေ

အိပ်မပျော်ကြဘူးလို့ သိရ၍

လွယ်လွယ်လေးပါ။ မခက်ပါဘူး။

ပူစီနံ ခုနှစ်ရွက်လောက် ကို
သုံးမိနစ် ရေနွေးအိုးထဲ
ရေ နှစ်ခွက်စာ ထည့်ပြုတ်ပြီး
ညအိပ်ယာဝင်ကာနီး မှုတ်သောက်ပါ။

ကိုယ်အိပ်မပျော်တဲ့အပေါ်မူတည်ပြီး အရွက်ကိုပိုထည့်ပါ။

ဆင်အော်တောင်မနိုးဘူး

ချောင်းဆိုးလည်းသက်သာတယ်။

ဒီလို ည အိပ်မပျော်တာ..ကြာခဲ့ပြီဆိုရင်

နလန်ထ အားမွေးတာအတွက်ကတော့
မနက် ထမင်းရည်၊ နွားနို့တခွက်၊
(ချောင်းဆိုးလျှင် သကြားမထည့်ရပါ)

နေ့ ထမင်းစားပြီး
ငှက်ပျောသီးပြုတ်တလုံး၊

ကြားချိန် နဂါးမောက်သီး၊ နာနတ်သီး
နေ့စဉ်စားတယ်

ညနေစောထမင်းစားပြီး
ထိုနည်းလည်းကောင်း၊

ညနေစောင်းလောက်တော့
နွားနို့ကြိုက်ရင် နွားနို့သောက်၊

အိပ်ယာဝင်
ပူစီနံပြုတ်ရည်တခွက်ပြုတ်သောက်
ပူစီနံအရည်ကို သောက်ခြင်းဟာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့ .......

အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ
စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် လျော့ချနိင်ပါတယ်။

#ပူစီနံက
ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေ
ဖြစ်စေပါသလဲ........?

(၁) အစာကြေစေတယ်
- ခံတွင်းကိုလည်း ရှင်းစေတယ်၊

အစာကိုလည်း ကြေစေတယ်၊
အစာမာ စားတာ များရင်၊
ဒါမှမဟုတ်
အစာမကြေ ဖြစ်နေရင်
ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့
အစောကြေ အဆင်ပြေစေပါလိမ့်မယ်
(၂) အာရုံကြော အားကောင်းစေတယ်
ခေါင်းကိုက် ပျောက်ကင်းစေတယ်

- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက
အာရုံကြော အားကောင်းစေတာ
တွေ့ရသလို
ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ်ဆိုရင် ပူစီနံရဲ့အနံ့ကြောင့်
ခေါင်းကိုက်ပျေက်ကင်းစေတာ
တွေ့ရပါတယ်
(၃) ချွဲကျစေတယ်၊
ချောင်းဆိုးပျောက်စေတယ်

- ချောင်းဆိုးပျောက်ဆေး အများစုမှာ
ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း
ထုတ်လုပ်ထားတာ တွေ့နိုင်သလို
အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့်
ချွဲကျစေသလို ချောင်းဆိုလည်း
ပျောက်ကင်းစေတာ တွေ့ရပါတယ်။
(၄) ပန်းနာရင်ကျပ်လည်း
သက်သာစေနိုင်တယ်

- အများဆုံးသော

ပန်းနာရင်ကျပ် သမားတွေရဲ့
လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က
ပူစီနံပါ၊ လည်ချောင်းရှင်းပြီးအသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။
(၅) မိခင်များ နို့ထွက်ကောင်းစေတယ်

- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း
ပူစီနံ အနည်းငယ်
ပုံမှန်စားသုံးပေးသင့်ပါတယ်
နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။
(၆) အ၀လွန်ခြင်းကို
ကာကွယ်ပေးနိုင်တယ်

- ပူစီနံရွက်ထဲမှာပါရှိတဲ့ ပူရှိန်းတဲ့
ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို
ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို
ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၇) အသားရေစိုပြေစေတယ်

- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက
အရေပြားကို စိုစွတ် အေးမြစေတယ်၊
စိုပြေစေတယ်၊
နေပူဒဏ် ခံနိုင်စေတယ်၊
ပူစီနံနဲ့ ဖော်စပ်ထားတဲ့
အရေပြား လိမ်းဆေးတွေက
အရေပြားကူးစက်ရောဂါတွေကိုပါ
ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၈)သတိမေ့ခြင်းကိုသက်သာစေနိုင်တယ်
-အသက်အရွယ်
ကြီးမားလာခြင်းအတွက်ရော
စိတ်ဖိစီးမှု များခြင်းကြောင့်
သတိမေ့ခြင်းကို
ပူစီနံက ကာကွယ်ပေးနိုင်တာ၊
သက်သာစေနိုင်တာ တွေ့ရပါတယ်။
(၉) ကိုယ်အလေးချိန် မှန်စေတယ်

- အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို
ကိုယ်အလေးချိန် များနေသူတွေ၊
အ၀လွန်နေသူတွေကိုလည်း သွေးထဲက
အဆီတွေဖယ်ပေးနိုင်တာကြောင့်
ကိုယ်အလေးချိန် မှန်ပြီး
ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။
(၁၀) ကင်ဆာကိုလည်း
ကာကွယ်ပေးနိုင်တယ်

- အထိရောက်ဆုံး ကာကွယ်မှု
ပေးနိုင်တာ မဟုတ်ပေမယ့်
နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ
အရတော့ ကင်ဆာဖြစ်စေမယ့်ဆဲလ်တွေဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။
source:

မြန်မာ့တိုင်းရင်းဆေး

Crd

 ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩ...
19/02/2022

ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိ
လေးတွေ အစရွိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမထွက်
တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာဖြစ်တဲ့ နှာစေး၊ နှာခေါင်း
ပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာ
တတ်ကြတာ

အိုမီက အရင်Original Wuhanကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မေသမပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ် အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲက
ဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်း
ကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အ
တိုင်း ကိုဗစ္က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

#အသံအိုးပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့
တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့
ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ် အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberationတွေနဲ့ ပြောချင် တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီ
နေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာ
ပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်
အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက် ဖက္က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲ
ပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုးရောက်ချိန် ကာကွယ်
ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကိုဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ အားနည်းတာလောက် ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့

#ဘယ်လိုစစ်ရင်သိနိုင်မလဲဆိုတော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်ယူတော့မှ တွေ့ရတာတွေ ရွိတယ္လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်
လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံနာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ

#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်
ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်း နေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊
လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာ
နိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန္က ညွှန်းကြားပါလိမ့်မယ်၊ Cetrizeneတို့ Burmetonတို့ တျခားDecongestantလိုမျိုး
တွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

#ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ
သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကေတာ့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်
ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံ
ပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသြားမွာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ

ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံး
ကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည် ပြောနိုင်
ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

Dr. Hadee Maung (9.2.2022)

P.S. ဆေးခန်းပြဖို့အခက်အခဲရှိလို့ သဘာဝနည်းနဲ့ လည်ပင်းနာ အသံနာသက်သာချင်ရင်တော့ ရေနွေးနွေးကို ဆားနည်းနည်းခပ်၊ ဂျင်းအပြားပါးပါးလေး တစ်ပြားနှစ်ပြားထည့်ပြီး ပျားရည်နဲ့အတူ တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ် သောက်နိုင်ပါတယ်၊ ဆက်တိုက်အများကြီးတော့ မသောက်ကြပါနဲ့

Research paperတွေ စုပေးထားတဲ့ Articleပါ Not Ref
https://www.theguardian.com/world/2022/jan/02/new-studies-reinforce-belief-that-omicron-is-less-likely-to-damage-lungs

Address

73 B Road, Between 1st And 3rd Street, Aungmyaytharzan
Mandalay

Telephone

+959259045902

Website

Alerts

Be the first to know and let us send you an email when Zwe Htet Traditional Medicine Production posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Zwe Htet Traditional Medicine Production:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram