ဦးချစ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း

  • Home
  • Myanmar
  • Mandalay
  • ဦးချစ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း

ဦးချစ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း ညောင်းညာကိုက်ခဲကင်းဝေးအောင် ဦးချစ်

ဆောင်းတွင်းမို့ ရေသောက်နည်းလို့မရသလိုသောက်ရင်လည်း ပမာဏထက်ကျော်လွန်ပြီးမသောက်မိစေဖို့ မျှဝေပေးလိုက်ရပါတယ်..✨✨✨✨✨✨✨✨✨✨✨✨✨✨...
11/02/2022

ဆောင်းတွင်းမို့ ရေသောက်နည်းလို့မရသလို
သောက်ရင်လည်း ပမာဏထက်ကျော်လွန်ပြီး
မသောက်မိစေဖို့ မျှဝေပေးလိုက်ရပါတယ်..
✨✨✨✨✨✨✨✨✨✨✨✨✨✨✨

ရေသောက်နည်းမှန်ရင် တော်ရုံတန်ရုံ ရောဂါတွေဖြစ်ဖို့ မလွယ်တာကို သတိထားမိကြမှာပါ။

လူ့ကိုယ်ခန္ဓာရဲ့ ၇၂.၈% ဟာ ရေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ရေလုံလောက်အောင် သောက်ပေးဖို့လိုပါတယ်။ ပုံထဲမှာ မိမိကိုယ်ခန္ဓာ အလေးချိန်အလိုက် လိုအပ်တဲ့ရေပမာဏကို ဖေါ်ပြထားပါတယ်။

လိုတာထက် လျှော့မသောက်နဲ့ လိုတာထက် ပိုမသောက်နဲ့။ တန်ဆေးလွန်ဘေးပါ။ "ရေများများသောက်ရင် ဝိတ်ကျတယ်" ဆိုပြီး နင်းကန်မသောက်ပါနဲ့။ လိုအပ်တာထက်ပိုရင် ရေဆိပ်တက်တတ်ပါတယ်။ ...............

ရေကို လိုအပ်တာထက် ပိုသောက်လျှင်..

၁။ သွေးထဲမှာ ဆိုဒီယမ်ဓာတ်နည်းပြီး ပျို့အန်၊ နုံးချိ၊ ဆီးသွား၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

၂။ နှလုံးနှင့်သွေးကြောဖိအားများစေပြီး နှလုံးအလုပ်ပိစေပါတယ်။

၃။ ကျောက်ကပ်က စစ်ထုတ်နိုင်သော ပမာဏကျော်လွန်သွားတဲ့အတွက် မစစ်ထုတ်နိုင်တဲ့အခါ ကိုယ်တွင်းဆိုးရွားသော ကျန်းမာရေးအခြေအနေကို ရောက်ရှိစေနိုင်ပါတယ်။

၄။ ဆဲလ်များတွင်း ရေဓာတ်များဖောင်းပွကာ သွေးတွင်းဓာတ်များ မညီမျှမှုဖြစ်ပြီး ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။

၅။ သွေးကြောအတွင်း ရေများကာ သွေးကျဲစေတဲ့အတွက် သွေးရဲ့ အလုပ်လုပ်တဲ့ကဏ္ဍကို ထိခိုက်စေပါတယ်။

၆။ သွေးကြောမှရေများဟာ ဦးနှောက်ဆဲလ်များသို့ လျှံထွက်ပြီး ဦးနှောက်ဆဲလ်များဖောင်းခြင်း (brain edema) အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ပြင်းထန်ပါက ဦးနှောက်သေခြင်း၊ ဦးနှောက်ကျွံခြင်းနှင့် အသက်ရှူလမ်းကြောင်း ပြဿနာများ ရင်ဆိုင်ရနိုင်ပါတယ်။

၇။ ပိုတက်ဆီယမ်လျော့ပြီး ရင်ဘတ်အောင့်ခြင်းနှင့် ခြေသလုံးနာခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

၈။ ရေများပြီး အခြားအာဟာရဓာတ်‌ လျှော့နည်းကာ ဓာတ်များမညီမျှမှုကြောင့် အစာအိမ်ပြဿနာဖြစ်တတ်ပါတယ်။

၉။ * အချို့ရေများတွင် ထုံးဓာတ်များ ပါဝင်သောကြောင့် ကျောက်ကပ်ကျောက်တည်ခြင်း၊ သည်းခြေကျောက်တည်ခြင်းများ ဖြစ်စေနိုင်ပါတယ်။

၁၀။ ဆီးပိုသွားကာ ကိုယ်ခန္ဓာအတွက် လိုအပ်သော စုပ်ယူမူမရှိဘဲ စုပ်ယူမူဖြစ်စဉ် ပျက်စီးယိုယွင်းမှုဖြစ်စဉ်ကို ဖြစ်စေပါတယ်။.......
Crd. ဒေါက်တာ ပြည့်ရှင်း
Via; Anney Sullivan
#အောင်နိုင်ထွန်း_မြန်မာစာ
ပြန်လည်မျှဝေပါသည်။

 #တနေ့နေ့ 36နာရီ အစာဖြတ်မယ် #ခုတလော အရမ်းနာမည်ကြီးနေတဲ့၃၆နာရီအစာဖြတ်ခြင်း အကျိုးကျေးဇူးများ  # #လွန်ခဲ့သော နှစ်ပေါင်းခြေ...
06/02/2022

#တနေ့နေ့ 36နာရီ အစာဖြတ်မယ်
#ခုတလော အရမ်းနာမည်ကြီးနေတဲ့
၃၆နာရီအစာဖြတ်ခြင်း အကျိုးကျေးဇူးများ # #

လွန်ခဲ့သော နှစ်ပေါင်းခြောက်ထောင်လောက်က ကမ္ဘာပေါ်မှာ အသိပညာရှင်တွေ အများကြီးရှိခဲ့တဲ့သမိုင်းအထောက်အထားတွေရှိခဲ့ပါတယ်။အဲ့တုန်းက နာရီရှည်အစာဖြတ်တဲ့ လေ့ကျင့်ခန်းလုပ်ပြီးလူတွေ ကျန်းမာအသက်ရှည်ခဲ့ကြတယ်လို့ သိရပါတယ်။အခုလည်းအဲဒီနည်းကို ကျနော်တို့ လုပ်လို့ရပါတယ်။လုပ်သင့့်တဲ့၃၆နာရီfastingနည်းလမ်းကို ပြောပြသွားပါမယ်။လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ကြပါတယ်။

၃၆နာရီ fastingလုပ်ဖို့ ပိတ်ရက်တွေကိုရွေးချယ်တာ ကောင်းတယ်။ဒါကြောင့် သောကြာနေ့ညက စလိုက်မယ်။သောကြာနေ့ည၇နာရီမှာ ညစာစားပြီးတာနဲ့၃၆နာရီတိတိ ဘာအစာမှ မစားရဘဲ ရေတစ်မျိုးထဲသာ သောက်ဖို့ဖြစ်ပါတယ်။မည်သည့်ကယ်လိုရီမှ မထည့်ရတော့ပါဘူး။အချိုရည်တောင် မသောက်ရပါဘူး။ zero calorie အတိုင်း ထားရမှာဖြစ်ပါတယ်။သောကြာည၇နာရီမှစတင်ပြီး တနင်္ဂနွေ မနက်၇နာရီအထိ ဖြစ်ပါတယ်။ရေကိုကြိုက်သလောက် သောက်နိုင်တယ်။ကြိုက်သလောက် အိပ်နိုင်တယ်။

အဲဒီအစာဖြတ်လေ့ကျင့်ခန်းကနေ ရရှိလာမယ့်ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အများကြီးဖြစ်ပါတယ်။အစာဖြတ်လိုက်တော့Bodyကenergyရဖို့အတွက် ကိုယ်တွင်းမှာအာဟာရတွေကို လိုက်ရှာပါတယ်။အာဟာရကိုမတွေ့တော့ ကိုယ်တွင်းကအဆီတွေကို လိုက်စားပါတယ်။အဆီတွေထဲမှာ အောင်းနေတဲ့အဆိပ်တွေဟာ လောင်ကျွမ်းခံရတဲ့အတွက် အဆီလည်းကျပြီးအဆိပ်တွေလည်း ဖယ်ရှားခံရပါတယ်။အဲဒီအဆိပ်တွေကို ရေကbodyအပြင်ဘက်ကို စွန့်ထုတ်ပေးလိုက်ပါတယ်။

Body မှာ အလိုအလျောက် ပြုပြင်တဲ့စနစ်ဆိုတာရှိပါတယ်။အဲဒီစနစ်က အစာဖြတ်ပေးလိုက်တာနဲ့ပိုပြီး အလုပ်လုပ်လာနိုင်တယ်။ရောဂါတွေကို ဆေးသောက်စရာမလိုဘဲနဲ့ အလိုအလျောက်ပြုပြင်တဲ့ စနစ်ကautoကု ပေးသွားတာဖြစ်ပါတယ်။ရောဂါတွေသူ့ဟာသူ ပျောက်သွားပါတယ်။မကျန်းမာသူတွေတောင်မှ တဖြည်းဖြည်း ကျန်းမာလာကြပါတယ်။

Body က အင်နာဂျီလိုအပ်လို့ လိုက်ရှာရာမှာတစ်ကိုယ်လုံးက ကလာပ်စီးတွေဆီကိုလည်း ရောက်ပါတယ်။မကောင်းတဲ့cellအဟောင်းတွေနဲ့ ရောဂါဖြစ်နေတဲ့cellတွေကို ပါစားသွားပါတယ်။junk cellတွေကို ဖယ်ရှားပေးပါတယ်။ကင်ဆာcellတွေကိုပါ ရှင်းလင်းပေးသွားပါတယ်။

အစာဖြတ်လိုက်တဲ့အခါမှာ စိတ်ပါပြောင်းသွားပါတယ်။အူတွေမှာအစာမရှိတော့ စိတ်ကြည်လာတယ်။နေရထိုင်ရတာ ပေါ့ပါးလာတယ်။ဦးနှောက်က စိတ်ကူးစိတ်သန်းကောင်းတွေ ထွက်ပေါ်လာတယ်။ဆုံးဖြတ်ချက်ချတာတွေ သိပ်ကောင်းတယ်။တရားအားထုတ်လို့ ကောင်းတယ်။ဒါကြောင့်ဗုဒ္ဓက ညစာရှောင်ခိုင်းတာ ဖြစ်တယ်။

Fasting လုပ်ပေးလေ့ရှိသူတွေဟာ သွေးတိုးရောဂါပါ ပျောက်ကင်းသက်သာ လာကြပါတယ်။အရင်က200/125အထိတက်တဲ့သူဟာfastingပုံမှန် လုပ်ပေးလာရင်းနဲ့130/90 လောက် ပြန်ဖြစ်လာပါတယ်။

အစာဖြတ်လေ့ကျင့်ပေးရင် လူတွေက အားယုတ်တယ်လို့ ထင်နေကြလေ့ရှိပါတယ်။တကယ်ကအားမယုတ်တဲ့အပြင် အားပိုရှိသလိုတောင် ခံစားရပါတယ်။ဘာကြောင့်လဲဆိုတော့ ပေါ့ပါးလို့ပါ။ပေါ့ပါးတော့ သွက်လက်တယ်။

အခြားသော အကျိုးကျေးဇူးတွေလည်း တစ်ပုံကြီးရသေးတယ်ဗျ။အဲဒါတွေကတော့ -
ကိုယ်တွင်း ရောင်ကိုင်းမှုများကို လျှော့ချပေးခြင်း
အူလမ်းကြောင်း ကျန်းမာခြင်း
တစ်ကိုယ်လုံး ငြိမ်းအေးခြင်း
ဖြစ်ဆဲရောဂါများ တန့်သွားခြင်း
သွေးတွင်းအင်ဆူလင် ပုံမှန်ဖြစ်လာခြင်း
ဆီးချို သွေးချို ထိန်းလာနိုင်ခြင်း
အစာခြေစနစ် ကောင်းလာခြင်း
ကြွက်သားများ သန်မာလာခြင်း
လည်ချောင်း ချွဲသလိပ်ရှင်းခြင်း
အရိုး ကျစ်လျစ်ခြင်း
စိတ်ထား နူးညံ့လာခြင်း
အသားရေ လှပလာခြင်း
ကိုယ်လုံးကိုယ်ထည် အချိုးကျလာခြင်း
ခံတွင်း အနံ့အသက် ကင်းခြင်း အစရှိတဲ့ အကျိူးကျေးဇူးတွေ များစွာရရှိလာမှာ ဖြစ်ပါတယ်။၃၆နာရီလောက်Fastingလုပ်ရတာဟာ အခက်အခဲမရှိဘဲလူတိုင်းလိုလို လုပ်နိုင်ကြတဲ့အတွက် ကျန်းမာပြီးအသက်ရှည်ရှည်နေရဖို့ မကြာခဏလုပ်ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ချစ်ခင်လေးစားလျှက်..
PS : (ဆီးချိုကျရောဂါရှိသူများမလုပ်ရပါ)
Credit 🤓
Via - Si Thu Lwin Pyin

😊😊😊စာရေး‌ဆရာကြီး ရွှေဥဒေါင်းတို့...(ဆယ်ရက်) သို့မဟုတ်ရက်များစွာနဲ့ချီပြီး..အစာဖြတ်ပြစ်တဲ့အပြင်...ဝမ်းပါချူပစ်တာ...ရုပ်ပါနုပျိုလာလို့...မင်းကွန်းတိပိဋကဆရာတော်ကြီးကနှစ်ပေါင်းများစွာကွာဝေးခဲ့ပြီး..ပြန်တွေ့တဲ့အခါမှာ.."ဒကာကြီးအရင်တုန်းကလို နုပျိုနေတာပါလား"လို့..မိန့်တော်မူတာမှတ်သားဘူးတယ်...ဒီ Fasting ကို လက်ခံတယ်..ဒီ Fasting နဲ့ပတ်သက်ပြီး..ဆရာကြီးရွှေဥဒေါင်းအကျယ်‌ရေးသား‌တဲ့စာအုပ်ရှိပါတယ်..စာအုပ်တိုက်တွေမှာစုံစမ်းမေးဝယ်နိုင်ပါ..တယ်..ဆရာကြီးကတော့.ရက်ရှည် Fasting လုပ်ရင် အဟာရဆရာဝန်နဲ့ တိုင်ပင်ဘို့..အကြံပြုထားပါတယ်..😊😊😊
Original Writer

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား***************************************** ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြ...
03/02/2022

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား
*****************************************

ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြီးက ညဘက် ခြေအိတ်စွပ်မအိပ်နဲ့ မျက်စိထိခိုက်တတ်တယ်လို့ပြောပါတယ်။

အသက်ငယ်သေးလို့ အအေးဒါဏ် ခံနိုင်တာက တစ်ကြောင်း၊ ခြေအိတ်စွပ်လေ့မရှိတာက
တစ်ကြောင်း အထူးတလည်ရှောင်စရာ မရှိခဲ့ပါ။

ဒါပေမယ့် အေးတဲ့ဒေသမှာ ညဘက် ခြေအိတ် စွပ် မအိပ်ရဘူး ဆိုတဲ့သတိပေးစကားကို အမှတ် အသား ပြုလာခဲ့ပါတယ်။

အသက်ကြီးတဲ့ အခါကျတော့လည်း ခြေအိပ်စွပ်တတ်တဲ့ အလေ့အကျင့် မရှိတာကြောင့် ...

ဆောင်းရာသီ ရောက်လည်း အနွေးထည် ထူထူဝတ် စောင် လုံအောင်ခြုံ ဒီလိုနဲ့ပဲ ည အအေး ကို အံတုခဲ့တာကြာလှပါပြီ။

တစ်နေ့က အသက် ၈၅ နှစ် ရှိတဲ့လူနာ တစ်ယောက် ခြေကျင်းဝတ် ယားလွန်းလို့ ကပ်ကျေးနဲ့ ခြစ်ပစ်တာ အသားတွေ ပွန်းပဲ့ ရောင်ရမ်းကုန်လို့ ဆေးခန်း ရောက်လာပါတယ်။

လူနာက သူ့အနာ ဒါဏ်ရာတွေ ပြမယ်ဆိုပြီး ခြေထောက် ခုတင်ပေါ် တင်လိုက်တော့ ခြေအိတ်စွပ်ထားတာ သတိပြုမိတယ်။

ညအိပ်တဲ့အခါ ခြေအိတ် စွပ်အိတ်သလား မေးတဲ့အခါ စွပ်အိပ်တယ်တဲ့ -

ခြေအိတ် စွပ်ခြင်းနဲ့ ပတ်သက်တဲ့ ငယ်ငယ်က အသိက စိတ်ထဲမှာ ပြူထွက် လာတယ်။

အသက် ၈၅ နှစ် လူကြီး တစ်ယောက် အရွယ်နဲ့ မမျှ သန်သန် မာမာ ရှိနေတာကို သဘောကျ နေတာ ဆိုတော့..

ခြေအိတ် စွပ်အိပ်တဲ့ အလေ့အကျင့်ကြောင့် မျက်စိများ ထိခိုက်သွားခဲ့သော် ဆိုတဲ့ စိုးရိမ် ပူပန်မူက စိတ်ထဲရောက်လာပါတယ်။

ညဘက် ခြေအိတ် စွပ်အိပ်ခြင်းက အန္တရာယ် ကင်း မကင်းသိချင် လာပါတယ်။

အင်တာနက်က ကျန်းမာရေး ဆိုက်တွေထဲ လိုက်ရှာကြည့်
တော့ တွေ့ပါတယ်။

အပြစ်ရယ်လို ဖော်ပြတာ မတွေ့ရပဲ ကောင်းကျိုး တွေ ဖော်ပြတာပဲ တွေ့ရပါတယ်။

● မြန်မြန် အိပ်ပျော်စေတယ်

● လေ့လာမူများအရ ခြေအိတ်စွပ်လျှက် အိပ်ခြင်းက အိပ်ပျော်ဖို့ အထောက်အကူပြုတာ တွေ့ရပါတယ်။

●အိပ်ရာထဲ ခြေအိတ် စွပ်လျှက် အိပ်ရင် ပူလှောင် နေလိမ့်မည်ဟု ထင်စရာရှိပါသည်။

● အမှန်က ဒီလို ခြေအိတ် စွပ်ထားခြင်းက ကိုယ်တွင်း အပူချိန် ထိန်းသိမ်းမူကို အထောက်အကူ ပြုတာ တွေ့ရပါသည်။

●၂၀၀၇ ခုနှစ်က စမ်းသပ်မူ တစ်ခုက ရိုးရိုးခြေအိတ် စွပ်ထားသည် ဖြစ်ဖြစ် , အပူပေးထားတဲ့ခြေအိတ် စွပ်ထားသည်ဖြစ်စေ လျှင်မြန်စွာအိပ်ပျော်စေတာကိုတွေ့ရှိခဲ့ပါတယ်။

■ရှင်းပြချက် •••

●ကိုယ်တွင်း အပူ ဓာတ်က ညဖက်မှာ ကျဆင်းသွားပါတယ်
မနက် ၄ နာရီ လောက်မှာ အနိမ့်ဆုံးကို ရောက်ရှိပါတယ်။

●ပုံမှန် ကိုယ်အပူချိန်က 98.6F ဖာရင်ဟိုက် ဖြစ်ပါတယ်
၂၄ နာရီတလျှောက်မှာ ၁. ၂ ဒီဂရီ အပြောင်းအလဲရှိပါတယ်။

●ခြေအိတ်စွပ်ထားလို့ ခြေထောက် နွေးလာခြင်းက သွေးကြော များ ကျယ်လာစေပါတယ်။

သွေးကြောကျယ်လာပြီး အရေပြားမှတဆင့် အပူစွန့်ထုတ်ပါတယ် - အရေပြား ပူနွေး လာပါတယ်။

● ဒီနည်းနဲ့ ခန္ဓာကိုယ်တွင်း အပူချိန်..
core body temperature ကျဆင်းစေပါတယ်

●အပူချိန် ကျဆင်းခြင်းက ဦးနှောက်ကို ည အချိန်ရောက်ပြီလို့သတင်း ပို့ပါတယ်။
အရေပြား ပူနွေး လာခြင်းက မြန်မြန် အိပ်စေပါတယ်။

●လူ ခန္ဓာမှာ ဇီဝနာရီ biological clock ရှိပါတယ်

ကိုယ်တွင်း အပူချိန် core body temperature ကbiological clock နဲ့ ဆက်စပ်ပါတယ်။

၄င်းတို့ရဲ့ စည်းချက်ကျ လုပ်ဆောင်မူကို circadian rhythm လို့ခေါ်ပါတယ်။

circadian rhythm က အိပ်ချိန်ကို သတ်မှတ်ပါတယ်။
သူ့ကြောင့် လူဟာ ညရောက်လျှင် အိပ်ချင်ပြီး , မနက်ကျနိုးလာတာ ဖြစ်ပါတယ်။

● ကိုယ်အပူချိန်က မနက်ကစပြီး တဖြည့်ဖြည်းတက်လာတာနေ့လည် နောက်ပိုင်းအချိန်မှာ အမြင့်ဆုံး ရောက်လာပါတယ် -

ဒီ အချိန်တွေမှာ လူက နိုးကြားပြီး ဖျတ်လတ်နေပါတယ်။

● လူ အိပ်သွားပြီ ဆိုလျှင် ကိုယ်အပူချိန် ၁.၂ ဒီဂရီ လောက်ကျဆင်းသွားပါပြီ ..
ဒါဟာ ကိုယ်တွင်းအင်္ဂါတွေ အတွက် အပူကို ထိန်းသိမ်းထားလိုက်လို့ ဖြစ်ပါတယ်။

● ခြေအိတ်စွပ်ပြီး အိပ်တဲ့အခါ ဒီ အပူ ထိန်းခြင်းအတွက် အထောက်အကူ ဖြစ်စေပါတယ်။

■ ရေးနော့လက္ခဏာ လျော့ပါးစေတယ်
( Reducing Raynaud's Symptoms )

အလွန်အေးတဲ့အခါ အလွန်ဖိစီးနေတဲ့အခါ ခြေဖျားလက်ဖျားမှာ သွေးကြောတွေ ကျဉ်းကုန်ပြီး သွေးလျှောက် နည်းသွားလို့ ခြေ လက်တွေ ပြာလာပြီး ထုံ ကျဉ် လာတာကို ရေနောရောဂါ ရခြင်း လို့ခေါ်ပါတယ်။

ခြေအိတ် စွပ်အိပ်မယ်ဆိုရင် ဒီလို ရေနော လက္ခဏာ ခံစား ရမူ လျော့စေမှာ ဖြစ်ပါတယ်။

■ အပူပြန်ခြင်းကို ကာကွယ်ပါတယ်( Preventing hot flushes )

●သွေးဆုံးချိန်မှာအမျိုးသမီးများက ချွေးထွက်လွန်ခြင်း ရင်တုန်ခြင်းနဲ့အတူမျက်နှာမှာ အပူတွေထွက်နေတတ်ပါတယ် ၊ ခြေအိတ် စွပ်ပေးခြင်းက ကာကွယ်ပါတယ်။

● လိင်အတွက်ကောင်းတယ်
better s*x popular news story from 2005 အရ အိပ်ချိန်မှာ ခြေအိတ် စွပ်အိတ်တဲ့ စုံတွဲတွေမှာ လိင်ဆက်ဆံမူ ပိုမိုပြီးမြောက်စေကြောင်း တွေ့ခဲ့ရပါတယ်။

ခြေအိတ်စွပ် အိပ်ခြင်းကြောင့် ခြေဖနောင့်ကွဲတာကို သက်သာစေတယ် ။

• ခြေအိတ်က ချောင်ချောင်လည်လည် ဖြစ်ဖို့ လိုပါတယ်။
ချောင်လည်တာ ရွေးချယ် ဝယ်သင့်ပါတယ်။

ခြေအိတ်က တင်းကျပ်နေရင် သွေးလျောက်ခြင်းကိုအနှောက်အရှက် ဖြစ်စေပါတယ်
ထူထဲ နွေးထွေးတဲ့ ခြေအိတ်မှန်သမျှအသုံးပြုနိုင်ပါတယ်။

credit-​ဒေါက်တာမြင့်သိန်း

ဆောင်းတွင်းမှာတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတဲ့ နှာရည်ယို၊နှာပိတ်ခြင်းအကြောင်းကို ကူးယူမျှဝေပေးလိုက်ပါတယ်။"နှာရည်ယို၊ ...
30/12/2021

ဆောင်းတွင်းမှာတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတဲ့ နှာရည်ယို၊နှာပိတ်ခြင်းအကြောင်းကို ကူးယူမျှဝေပေးလိုက်ပါတယ်။

"နှာရည်ယို၊ နှာပိတ်ခြင်း - ​ဒေါက်တာစိမ့်"

ရာသီဥတုအေးတဲ့အခါဖြစ်​စေ၊ ရာသီအကူးအပြောင်းမှာဖြစ်​စေ၊ Covid19 အပါအဝင် တုပ်​ကွေးမိတဲ့အခါဖြစ်​စေ နှာပိတ်တဲ့ပြဿနာဟာ လူတိုင်းလိုလို ကြုံတွေ့နေရပါတယ်။ နှာပိတ်တာဟာ နှာခေါင်းတွင်းက တစ်ရှူးနဲ့ သွေးကြောတွေက အရည်တွေနဲ့ဖောင်းလာပြီး ပိတ်ဆို့လာတာပဲ ဖြစ်ပါတယ်။ နှာပိတ်တာဟာ တချို့တွေမှာလည်း နှာစေးတာ၊ နှာရည်ယိုတာနဲ့တွဲလေ့ရှိတယ်။ တချို့လည်း မဖြစ်ပါဘူး။ နှာပိတ်တာဟာ အသက်ရှူရခက်ခဲစေတဲ့အတွက် စိတ်အနှောင့်ယှက်ဖြစ်ရပါတယ်။ အထူးသဖြင့် အိပ်နေတုန်း အသက်ရှူပိတ်တဲ့အတွက် လန့်နိုးရတာဟာ ပိုဆိုးပါတယ်။ ကလေးငယ်လေးတွေမှာဆိုရင် အစာကျွေးရခက်ခဲနိုင်ပါတယ်။

🤔 ဘာ​ကြောင့် ဖြစ်ရတာလဲ ❓❓

နှာခေါင်းတွင်းတစ်ရှူးတွေကို ရောင်ရမ်းစေတဲ့၊ သွားဆွစေတဲ့အရာတွေကြောင့် နှာပိတ်နိုင်ပါတယ်။ အအေးမိတာ၊ တုပ်ကွေး၊ ဦးခေါင်းခွံအခန်းငယ်လေးတွေ ရောင်ရမ်းတာ၊ အလက်ဂျစ်ဖြစ်တာတွေကြောင့် နှာရည်ယို၊ နှာပိတ်စေပါတယ်။ တခါတလေလည်း ဆေးရွက်ကြီးအငွေ့တွေ၊ ကားမီးခိုးတွေ ရှူရှိုက်မိတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါကို non-allergic rhinitis or vasomotor rhinitis လို့ ခေါ်ပါတယ်။ ရှားရှားပါးပါး အလုံးအကျိတ်တွေကြောင့် နှာပိတ်တာလည်း ရှိပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့အကြောင်းတွေကတော့ -
အရိုးခေါင်းပွတွေရောင်ရမ်းတာ၊ အရက်၊ ဓာတ်မတည့်တာ၊ အအေးမိတာ၊ နှာပွင့်ဆေးတွေ အလွန်အကျွံသုံးတာ၊ နှာနုရိုးစောင်းတာ၊ လေအေးအေးရှူရတာ၊ အစပ်စားတာ၊ အရာဝတ္ထု၊ တုပ်ကွေးဖြစ်တာ၊ ကိုယ်ဝန်ဆောင် (ဟော်မုန်းအပြေင်းအလဲကြောင့်)၊ တချို့သွေးကျဆေးတွေ၊ စိတ်ကျဆေးတွေ၊ နှာခေါင်းတွင်းအလုံးကျိတ်တွေ၊ ပန်းနာရင်ကြပ်ဖြစ်တာ။

💊 ဘယ်လိုပျောက်ကင်းသက်သာနိုင်မလဲ ❓
နှာပွင့်ဆေးတွေက နှာခေါင်းတွင်းတစ်ရှူးတွေ ဖောင်းတင်းနေတာကို လျော့ပါးသက်သာစေပြီး နှာခေါင်းအရိုးခေါင်းပွအတွင်းက ဖိအားကိုကျစေပါတယ်။ naphazoline (Privine), oxymetazoline (Afrin, Dristan, Nostrilla, Vicks Sinus Nasal Spray), phenylephrine (Neo-Synephrine, Sinex, Rhinall) ဆိုပြီး နှာခေါင်းတွင်းဖြန်းတဲ့ စပရေးတွေအနေနဲ့ ထုတ်ထားတာရှိသလို သောက်ဆေးအနေနဲ့ phenylephrine (Sudafed PE, and others) and pseudoephedrine (Sudafed) ဆိုပြီးလည်း လာပါတယ်။

nasal spray ခေါ် နှာခေါင်းတွင်းဖြန်းဆေးတွေကို ၃ ပတ်ထက် ပိုမသုံးသင့်ပါဘူး။ ဒီဆေးတွေကို အသက် ၄ နှစ်အောက်ကလေးတွေမှာ မသုံးရပါဘူး။

ဓာတ်မတည့်တာကြောင့် နှာပိတ်တာဆိုရင်တော့ antihistamines ဆေးအမျိုးစားတွေက နှာချေတာ၊ နှာစေးတာ၊ နှာပိတ်တာတွေကို သက်သာစေပါတယ်။ ဒီဆေးတွေက နှာခေါင်းအရိုးတွင်း ဖိအားကိုကျစေ တဲ့အပြင် လူကို အိပ်စေတဲ့အာနိသင်ရှိတာကြောင့် အအေးမိတဲ့သူတွေကို ညဘက်ဆေးအဖြစ်နဲ့လည်း ပေးလေ့ရှိပါတယ်။

acetaminophen, ibuprofen, and naproxen လို အကိုက်ခဲပျောက်ဆေးတွေက နှာပိတ်တာကို လုံးဝ မပျောက်စေပေမယ့် အရိုးခေါင်းပွတွေ နာကျင်တာကို သက်သာစေပြီး ဖိအားကျစေပါတယ်။

🏨 ဘယ်အခါမှာ ဆေးခန်းပြဖို့လိုလဲ ❓

• နှာပိတ်တာတွေဟာ ၁၀ ရက်ကျော်လို့မှ မသက်သာရင်၊

• အဖျားအရမ်းကြီးရင်

• အစိမ်းရောင် (သို့) အဝါရောင် နှာရည်တွေကျနေရင် (အမြဲတော့မဟုတ်ပါ။ များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ပိုးတွေကို ခန္ဓာကိုယ်ခံအားစနစ်က တိုက်ထုတ်တဲ့အခါ ဆဲလ်သေတွေ၊ ပိုးမွှားအသေတွေ၊ တခြားအညစ်ကြေးတွေကြောင့် ဒီလိုအရောင်တွေ ဖြစ်ရတာပါ။ ဒီလို အစိမ်းရောင်နှပ်ရည်တွေကျတာအပြင် အအေးမိနှာစေးတာ ၁၀ ရက်ကျော်နေမှ ဆေးခန်းသွားပြဖို့လိုတာပါ။ ပုံမှန်အားဖြင့်တော့ အကြည်ရောင်နှာရည်က ကျန်းမာတဲ့လက္ခဏာပါ။ အဖြူရောင်နှပ်တွေကတော့ အအေးမိတာရဲ့လက္ခဏာ ဖြစ်ပါတယ်။)

• နှဖူးတွေ၊ နှာရိုးတွေပါ အရမ်းနာနေရင်

• ခေါင်းကိုခိုက်မိပြီးနောက် နှာရည်မှာ သွေးစတွေပါလာတာ ၊ ဒါမှမဟုတ် အရည်ကြည်ကြည်တွေကျဆင်းနေတာ

• ကလေးတွေမှာဆိုရင် အသက် ၂ လအောက်နဲ့ အဖျားရှိနေရင်၊

• ကလေးအသက်ရှူရခက်နေရင်

ကိုယ့်ဘာသာ ဆေးသောက်မနေနေတာ့ဘဲ ဆေးခန်းသွားပြီး သေချာကုသမှုခံယူဖို့လိုပါတယ်။

✅ နှာပိတ်တာဟာ လေအေးအေးခြောက်ခြောက်​တွေကို ရှူရတာကြောင့်လည်း ဖြစ်တတ်တာမို့ ဆေးဝါးတွေအပြင် အသက်ရှူလမ်းကြောင်းကို စိုစွတ်နေအောင် လုပ်ပေးရင်လည်း သက်သာစေပါတယ်။ နှာရည်ယို နှာပိတ်တာကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းစိုစွတ်နေစေတဲ့ အိမ်တွင်းနည်းလေးတွေကတော့ -
အခန်းတွင်း ရေနွေးငွေ့ပေးစက် (သို့) ရေငွေ့ပေးစက်တပ်ဆင်ပါ။ အသက်ရှူရတဲ့ လေထုကို ရေဓာတ်ဖြည့်ပေးတဲ့အတွက် နှာပိတ်တာသက်သာစေပါတယ်။

✅ ရေနွေးနွေးလေးနဲ့ ကြာကြာချိုးပါ။ 🚿🛁

✅ ရေများများသောက်ပါ။ ဒီလိုသောက်ပေးခြင်းက ပိတ်ဆို့နေတဲ့ နှာရည်ပျစ်ပျစ်တွေကို ကျဲစေပြီး နှာပိတ်တာ သက်သာစေပါတယ်။

✅ စလိုင်းရည်ကို နှာခေါင်းတွင်း အစက်ချပါ။

✅ ရေနွေးစိမ်ထားတဲ့ သဘက်နွေးနွေးကို ရေညှစ်ပြီး မျက်နှာတွင် အုပ်ထားပါ။

✅ ရေနွေးပူပူတည်ပြီး ထွက်လာတဲ့ ရေနွေးငွေ့တွေကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ရှူပေးပါ။ ပိတ်ဆို့နေတဲ့ နှပ်တွေအရည်ပျော်ပြီး အအေးမိတာကြောင့် နဖူး၊ နှာရိုးနာကျင်တာတွေပါ သက်သာစေပါတယ်။

✅ အိပ်စက်တဲ့အခါ ဦးခေါင်းပိုင်းကို ပိုမြင့်အောင်ထားပြီး အိပ်ပါ။ ခေါင်းအုံးထပ်ပြီး မြှင့်မယ်ဆိုရင် အသက်ရှူရတာ လည်း ပိုပြီးအဆင်ပြေစေပါတယ်။

🚫 ကလိုရင်းခပ်ထားတဲ့ရေကန်တွေမှာ မကူးပါနဲ့။ နှာခေါင်းတွင်းတစ်သျှူးတွေကို သွားဆွပေးသလိုဖြစ်စေပါတယ်။


#လေးစားစွာဖြင့်

Address

58 Street, Bet 104 St & 105 St, Chanmyatharzi Tsp
Mandalay
05041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959959888666

Website

Alerts

Be the first to know and let us send you an email when ဦးချစ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဦးချစ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

ဦးချစ်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း


  • မြန်မာ့တိုင်းရင်းဆေးစွမ်းများကို ကမ္ဘာကသိအောင် ဆောင်ရွက်ရန်။

  • နိုင်ငံတကာဆေးဝါးဈေးကွက်တွင် မြန့်မာ့တိုင်းရင်းဆေးဝါးများ ပွဲလယ်တင့်စေရန်။